ရှားပ်ဖောရ် ဖိုဣရ် (မဟာဗန္ဒုလ ရေကန်)
----------------------------------------------------------
အောက်ပုံတို့မှာ ၂၀၁၅ ခုနှစ် မေလတွင် ရိုက်ကူးခဲ့သော ရှားပ်ဖော်ရ် ဖိုဣရ်၌ ရိုဟင်ဂျာကလေးများ ရွှံ့လူး မြူ ထူးနေပုံဖြစ်ပါတယ်။ (#ရိုကျောင်းသားများ_အင်အားစု ဖစ်ဘုတ် စာမျက်နှာမှ ကူးယူဖော်ပြခြင်းဖြစ်သည်။)
အာရ်ကန်ပြည်ရဲ့ မြို့ဟောင်းတစ်ခုဖြစ်သော ဘောလီဘာဇား (ခ) ကြိမ်ချောင်းသည် သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ခဲ့သည့်အလျှောက် သမိုင်းဝင် အမွေအနှစ်များနှင့်လည်း ကြွယ်ဝပါတယ်။ အဲ့ထဲမှ တစ်ခုက ရှားပ်ဖော်ရ် ဖိုဣိရ် [Shaab or Foir] ခေါ် မဟာဗန္ဓူလရေကန်ဖြစ်တယ်။ Shaab မှာ ဗိုလ် ဟု အဓိပ္ပာယ်ရပြီး Foir မှာ ရေကန် ဖြစ်တယ်။
မောင်းတောမြောက်ပိုင်း၊ ဘော်လီဘာဇား (ယခု ကြိမ်ချောင်း) ကျေးရွာအုပ်စုရှိ မြောက်ရွာ၊ မောင်းတော-အောင်သပြေလမ်း၏ အရှေ့ဘက် မနီးမဝေးတွင် တည်ရှိသည်။ ရေကန်ဧရိယာသည် ၁-ဧက ခန့်ရှိပြီး ရေပြင်တွင် ပဒုမ္မကြာပန်းနှင့် ဗေဒါပင်များ လွှမ်းခြုံနေသည်။ ရေကန်ကို ဘော်လီမျိုးနွယ်စုမှ ပိုင်ဆိုင်ကြသည်။ မဆလခေတ်တွင် ဌာနေစစ်တပ် စခန်းမှ သိမ်းယူခဲ့သည်။ နစက -ေ ခေတ်တွင် အနီးရှိ ရခိုင်-နတလရွာမှ ခေါင်းကြီးလူ အချို့က ထိုရေကန်ကို အဓမ္မ သိမ်းယူခဲ့သည်။ ယနေ့ ရခိုင်-နတလတို့က ငါးမွေးမြူပြီး စီးပွားရှာကြသည်။
ဒီနေရာဟာ ၁၈၂၄ ခု မေလတွင် စစ်သူကြီး မဟာဗန္ဓုလသည် ဗြိတိသျှကို အောင်အောင်မြင်မြင် ခုခံတိုက်ခိုက်ခဲ့သော ပန်းဝါတိုက်ပွဲ [ရာမူး] အသွားအပြန်၌ အဆိုပါနေရာတွင် စခန်းချခဲ့ခြင်းဖြစ်တယ်။ ဒီနေရာတွင် တိုက်ပွဲတစ်ခုလည်း ပြင်းပြင်းထန်ထန် ဖြစ်ခဲ့ဖူးတယ်ဟု ရာဇဝင်ရှိတယ်။ ပန်းဝါတိုက်ပွဲတွင် စစ်သူကြီး မဟာဗန္ဓုလသည် တပ်အင်အားကို ပိုမိုတောင့်တင်းစေရန် မောင်းတောဒေသမှ ရဲမက်တွေနဲ့ ခြေချင်းတပ်များဖြင့် ပြန်လည်အားဖြည့်ခဲ့ကြောင်း ရှေး ရိုဟင်ဂျာတေးချင်းများအရ သိရတယ်။ ထို့ကြောင့်သာ မဟာဗန္ဓု၏ စစ်ကြောင်းတွင် အင်အား ၄၀၀၀ ခန့် ရှိမည်ဟု ဗြိတိသျှတို့က ခန့်မှန်းထားသော်လည်း နောက်ပိုင်းတွင် အင်အား သောင်းကျော်အထိ သိသိသာသာ တိုးလာကြောင်း သမိုင်းတွင်တွေ့ရသည်။ တိုက်ပွဲ၌ ပြိုင်ဖက် နှစ်ဖက်စလုံး၌ ဗုဒ္ဓဘာသာဝင်နှင့် အိစ္စလာမ်ဘာသာဝင် အာရ်ကန်ပြည်သားများ ရှိနေကြောင်းကို စောဒကတက်ရန်တောင် မလိုတော့ပါ။ ဤဒေသမှ ရှေးလူကြီးတို့၏ ပါးစပ်ရာဇဝင်အရလည်း မောင်းတောဒေသမှ တပ်သားများပါဝင်ခဲ့ကြောင်း အတပ်ပြောကြတယ်။ ပန်းဝါတိုက်ပွဲတွင် ကျဆုံးသူတို့မှာ ဘောလီဘာဇားသားများလည်း ပါဝင်ကြသည်ဟု ဤကျေးရွာသားတို့ ယုံကြည်ကြသည်။
ရေကန်၏ အနောက်ဖက်တွင် ကုန်းမော့ မြေမလွတ်တစ်ခုရှိတယ်။ အဲ့နေရာဟာ တိုက်ပွဲ၌ ကျဆုံးသူတွေကို မြုပ်နှံခဲ့သော နေရာဖြစ်တယ်။ အဲ့ဒီနေရာမှာ စစ်သူကြီးမဟာဗန္ဒုလနဲ့ တိုက်ပွဲတစ်ခု ဖြစ်ခဲ့တယ်ဟု ယူဆတယ်။ ဘယ်လို တိုက်ပွဲတော့ အထောက်အထားနဲ့ ပြောဖို့ ခဲယဉ်းလှတယ်။
ဒေသခံလူကြီးတွေရဲ့ ယူဆချက် နောက်တစ်ခု ရှိတယ်- (ပန်းဝါတိုက်ပွဲအပြီး ရန်ကုန်သို့ တပ်ပြန်ခေါ်သွားရာ အင်္ဂလိပ်တို့၏ လုပ်ကြံမှုဖြင့် စစ်သူကြီး မဟာဗန္ဓုလသည် ဤနေရာ၌ပင် ကျဆုံးခဲ့တယ်တဲ့။) ဖြူးမချောင်း ကမ်းပြို၍ အိုးအိမ် ပျက်စီးသွားသည့် သူတို့ကို ဒီနေရာအနီးပတ်ဝန်ကျင်၌ နေရာချပေးခဲ့သည်။ ထို့မှ ရေကန်အနီး ဆော်ရ်ဖာရာ (မြောက်ရွာ) ဆိုပြီး ရွာတစ်ရွာတည်လာသည်။ ရွာမတည်ခင် ထိုနေရာသည် တောချုံ ထူထပ်သော နေရာတစ်ခု ဖြစ်သည်။ ရွာတည်ပြီး ရွာသားများက ရေကန်အနောက်ဘက်ရှိ ကုန်းမော့နေရာ၌ အိမ်ဆောက်ရန် မြေတူးခဲ့သောအခါ လူ့အရိုးစုများကို တွေ့ရှိရသည်။ ထိုနေ့မှ ယင်းနေရာသည် တိုက်ပွဲကျဆုံးသူများကို မြှပ်နှံခဲ့သည့် သင်္ချိုင်းဖြစ်သည်ဟု ရှေးလူကြီးတို့၏ စကားကို နှိုင်းယှဉ်ကာ ယုံကြည်ကြသည်။ ယနေ့တိုင် ထိုနေရာတိုတွင် အိမ်အဆောက်အအုံများ မဆောက်ကြပေ။ မြေနက်နက် တူးလျှင် အရိုးစုများသာ ပေါ်သည်။ လွတ်လပ်ရေးရပြီးခေတ်တွင် သက်ဆိုင်ရာမှ သမိုင်းကို လေ့လာကာ အနောက်ဖက် ကန်ပေါင်ပေါ်၌ မဟာဗန္ဓုလရေကန်ဟု ကျောက်တိုင်တစ်ခု စိုက်တူးပေးခဲ့သည်။
အာရ်ကန်မြေကြီး တစ်ဝန်း၌ ရိုဟင်ဂျာသမိုင်းများ မှိုလိုပေါက် ရှိနေသော်လည်း မသာမာသူတို့၏ လက်ချက်ကြောင့် ကိုယ့်ဖက်သာ ဆွဲကောက်နေတဲ့အတွက် တန်ဖိုးမဖြတ်နိုင်သော ရိုဟင်ဂျာသမိုင်း မြန်မာပြည်သူအားလုံးထိ မရောက်ခြင်းသာဖြစ်သည်။
#(လူထုဝဏ္ဏ ရေးသားသည်။)