အာရကန်ပြည် မြို့ဟောင်းရှိ သိန်းကြီးတောင်ဘုရား ပရဝုဏ်တွင် တူးဖော်တွေ့ရှိခဲ့သော အာရဗီကျောက်စာ တစ်ချပ်ဖြစ်သည်။ မြောက်ဦးခေတ်က ဘာသာရေးအဆောက်အဦး၏ ကျောက်စာအပိုင်းအစ တစ်ခုဖြစ်ကြောင်း သိရှိရသည်။ ကျောက်စာတွင် ကျမ်းစာ စာသားများကို တစ်ကြောင်းတည်းနှင့် ရေးထိုးထားသည်။ ဘေးပတ်လည်တွင် ပန်းပုလက်ရာများဖြင့် ဘောင်ခတ်ထားသည်။ အလ္လာဟ် ဟူသော အာရဗီစကားလုံးကို ထင်ရှားစွာ တွေ့ရသည်။
ဤကျောက်စာကို ယနေ့ မြောက်ဦးယဥ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။