Monday, July 27, 2020

သနားဖို့ကောင်းတဲ႔ ကုဋေရှစ်ဆယ်သူဌေးသား



 'ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ''

မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့်

ကျွန်တော်သိတယ်...


''နင်ကဘာသနားတာလဲ''


''နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်

သူက ဘာမဟုတ်တာလုပ်လို့လဲ''


ဆရာမ မျက်လုံးပြူးပြီးကြည့်တယ်

ဘာမှမပြောသေးဘူး


''သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်

လူတွေကကျေးဇူးတရားနားမလည်ကြဘူးနော်''


''သူကပညာမှမတတ်တာ''


''ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ

သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး

မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း 

သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ''


''အဲ့ဒါ''


''သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ

အမြင်ကတ်တာ...

သူတို့လည်းပညာမဲ့လောက်တယ် . .

ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်''


'ဘာ''


''သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို

အကောင်းပြောတာလား မကောင်းပြောတာလား''


''ဟို...မကောင်းပြောတာလေသားရဲ့''


''ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့''


''ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ''


''နှလုံးသားမဲ့တာကျတော့ရော...

စာနာစိတ်မဲ့တာကျတော့ရော...

မြေနိမ့်ရာလှံစိုက်တာကျတော့ရော...

ကူညီရကောင်းမှန်းမသိတာကျတော့ရော....''


''ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား''


''ဆရာမ ဒီမှာကြည့်''


''နင် နင် ရိုင်းလှချည်လား''


''သားဘာရိုင်းလို့လဲ''


''နင်ငါ့ကို ဘာလို့လက်ခလယ်ထောင်ပြတာလဲ''


''လက်ခလယ်က ဘာဖြစ်လို့လဲ''


'နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပို့မယ်''


''သားပေးချင်တဲ့ ဥပမာက အဲ့ဒါ . .!

သားဘယ်လိုရှင်းပြရှင်းပြဆရာမ လက်ခံမှာ 

မဟုတ်တော့ဘူး

သားလက်ခလယ်မှာမှဲ့ပါတယ်...

ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်

တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်... 

ဒါပေမယ့်ပြသူမှာပိုတာဝန်ရှိတယ်... 

ဒီကဗျာလည်းဒီလိုပဲ''


''ဘာဆိုင်လို့လဲ''


''ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေး

ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင်

တင်မထားဘူး... ဆရာမဘယ်လိုမြင်လဲမသိဘူး...

သားကတော့ ဒီလိုပဲမြင်တယ်''


''သားထပ်မေးမယ်

ပညာမဲ့တာနဲ့

စာနာစိတ်မဲ့တာ

ဘယ်ဟာပိုဆိုးလဲ''


 #Credit - တာရာမင်းဝေ

Sunday, July 19, 2020

သေကျိုးမနပ်



သေကျိုးမနပ်


ရေးဖွဲ့သူ- လူထုဝဏ္ဏ

တိုင်းပြည်အကျိုး သူ့အကျိုးဖို့
သူရဲသူကောင်း ကျေးဇူးရှင်တို့က
အသက်ဇီဝန် စတေးလျက်
သူ့ကျွန်ဘဝမှ လွတ်လပ်ရေးသို့
စွမ်းစွမ်းတမံ ပို့ဆောင်ခဲ့၏။

အာဏာရူးရှင် သူတစ်စုသည်
တရားမသိ သမာဓိမရှိ
လက်နက်ကိုကိုး ကိုယ့်ကျိုးဖို့
မျိုးချစ်ကင်ပွန်း ခံယူ၏။

တိုင်းပြည်ကိုဖျက် ပြည်သူကိုရက်စက်
မျိုးခြားကိုသတ် သူ့ဘဏ္ဍာဝှက်
မုဒိမ်း၊ မီးရှို့ ဒုစရိုက်နဲ့ ဒိုင်းကာလို့
ခုခံသူကို အကြမ်းဖက်သမုတ်ကာ
အရပ်တကာ တိုက်ပွဲနှင့်သာ
ငြိမ်းချမ်းရေးက ညှိုးမှိန်သွား။ 

အနာဂတ်သာ ပြည်မြန်မာ
အေးချမ်းငြိမ်းဝပ် ထွန်းပြောင်စေဖို့ 
ပေးဆပ်ခဲ့တဲ့ အာဇာနည်တို့
အသက်မြတ်လဲ အချည်းနှီးဖြစ်ကာ
သေရကျိုးမနပ်ဖြစ်ရရှာ။ 

(၁၉ ဇူလိုင်၊ ၂၀၂၀)


Tuesday, July 14, 2020

စာရေးဆရာကြီး ရူဟုလ်အာမိန် (၁၉၄၆- )

Ruhul Amin, Author of Rohingya Revolutionary movement 1947-2014



စာရေးဆရာကြီး ရူဟုလ်အာမိန် ဘင် အဗ္ဗဒူလ်အာဇီးဇ်




ရိုဟင်ဂျာတော်လှန်ရေးသမိုင်း (၁၉၄၇ မှ ၂၀၁၄ အထိ) သမိုင်းစာအုပ် ရေးသားခဲ့သူ စာရေးဆရာကြီး ရူဟုလ်အာမိန်သည် ရှေးဟောင်း ရခိုင်ပြည်၏ နေပြည်တော်ဖြစ်ခဲ့သော မြောက်ဦးမြို့၏ တောင်ဘက် ၁၅ မိုင်ခန့်ကွာဝေးသော ဂျဇ်ချားရွာတွင် ၁၉၄၆ ခု ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖွားမြင်ခဲ့သည်။ ဖခင်မှာ အဗ္ဗဒူလ်အာဇီးဇ် (ဘ) အာမီရ်အာလီသည် မဇ္ဈိပြည် ဂျာမိယာ ဟူစိုင်နီးယာ၊ ဂျိလ္လာဆောရတ်မြို့မှ ပညာဆည်းပူးခဲ့သူဖြစ်သည်။ (ထိုရွာတွင် ၁၈၂၆ ခုနှစ်တွင် တည်ဆောက်ခဲ့မဒ်ရဆာ နူရုလ်အိစ္စလာမ်၏  တိုးတက်ရေးအပိုင်းတွင် အဗ္ဗဒူလ်အာဇီးဇ်၏  အားထုတ်မှုအများအပြားပါဝင်သည်။ယင်းမဒ်ရဆာသည် ယနေ့တိုင် တည်ရှိနေသည်) စာရေးဆရာသည် ၁၉၇၂ ခုနှစ်တွင် မိမိကျေးရွာမှ နာဇရာယေ ကုရ်အာန် (ကုရ်အာန်အရွတ်အဖတ်)နှင့် အာရဗီ တတိယတန်းအထိ သင်ယူခဲ့ပြီးနောက် ရွာနီးနားရှိ အစိုးရအမကကျောင်းတွင် စတုတ္ထတန်းအထိ ပညာဆည်းပူးခဲ့သည်။ ထို့ပြင် ထိုရွာမှ ၅ မိုင်ခန့် ကွာဝေးသော အစိုးရအထက်တန်းကျောင်းတွင် ဆက်လက်ပညာသင်ယူခဲ့သည်။ နဝမတန်းတွင် မိမိ၏ အတန်းဖော်အတန်းဖက် ရခိုင်သား သူငယ်ချင်းများနှင့် ခိုက်ရန်ဖြစ်ဖွား၍ ကျောင်းမှ ထုတ်ပယ်ခြင်းခံရသည်။ 

၁၉၈၃ ခုတွင် စစ်တွေမြို့ပေါ် မှောင်ခိုဈေးတွင် ဆိုင်ခန်းဖွင့်လှစ်ခဲ့သည်။ ထိုဈေးတွင် မွတ်စလင်မုန်းတီးရေးနှင့် ခွဲခြားဆက်ဆံမှုကို အတိခံစားခဲ့ရသည်။ နောက်ဆုံးတွင် သည်းခံနိုင်စွမ်း ကုန်ခန်း၍ မိမိ၏ ဆိုင်ခန်းကို အပြီးသတ်ရောင်းချကာ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့လေသည်။ ၁၉၈၄ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်သို့ ရောက်ရှိပြီး မိမိ၏ ဦးလေးရင်း မုစ်တဖာကာမာလ်၏ နေအိမ်တွင် တည်းခိုခဲ့သည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ကို သတင်းမပို့ဟု စွပ်စွဲကာ ဖမ်းဆီးခြင်းခံရသည်။ ဦးလေး၏ အချိန်မီ အာမခံနှင့် လွှတ်ခဲ့သည်။ သို့သော် တစ်ပတ်ကြာပြီးနောက် တရားရုံးသို့ စစ်ဆေးခံရသည်။ တရားသူကြီးသည် ငွေဒဏ် ၅၀ သို့မဟုတ် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့သည်။ ဆရာကြီးသည် ငွေဒဏ် ၅၀ ကျပ် ပေးဆောင်ကာ လွှတ်လာခဲ့သည်။ 

ဤသို့ ဗမာအစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှု အမျိုးမျိုးကို မခံနိုင်သည့်အဆုံး မိမိ၏ ချစ်မြတ်နိုးသော တိုင်းပြည်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့လေသည်။ 

ရန်ကုန်တွင် ၆ လကြာကြာ နေထိုင်ခဲ့ပြီးနောက် စစ်တွေမြို့သို့ ပြန်လည်ရောက်လာခဲ့သည်။ ၁၉၈၅ ခုနှစ် ဇန္နဝါရလ ၁၁ ရက်တွင် ပါကိစ္စတန်နိုင်ငံသို့ သွားရောက်ခိုလှုံခဲ့လေသည်။ ထိုနိုင်ငံတွင် စားဝတ်နေရေးအတွက် ငွေကြေးရှာဖွေမည့်အစား တော်လှန်ရေးအဖွဲ့များကို စုံစမ်းရှာဖွေခဲ့သည်။ ဆိုက်ဖုလ္လာခါလေတ်ဆာပ် ခေါင်းဆောင်သော ရိုဟင်ဂျာတော်လှန်ရေးအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။  တဖန် ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရာက်လာခဲ့သည်။ ထိုနိုင်ငံမှနေ၍  မိမိဉာဏ်စွမ်း၊ ကိုယ်စွမ်း ရှိသလောက် မိမိအမျိုး၏ ကောင်းကျိုးကို ဆောင်ရွက်သယ်ပိုးခဲ့သည်။

(#လူထုဝဏ္ဏ ရေးသည်)