Thursday, March 11, 2021

ရိုဟင်ဂျာမွတ်စလင်လူဦးရေ တိုးသလား (သို့) လျော့သွားသလား

 


ရိုဟင်ဂျာမွတ်စလင်လူဦးရေ တိုးသလား (သို့) လျော့သွားသလား

------------------------------------------------------------

"သားဆက်ခြား မယူလို့ လူဦးရေ အဆမတန် တိုးပွားလာတယ်" လို့ စွပ်စွဲပြောဆိုတာက အပေါ်ယံယူဆချက် သက်သက်ပါပဲ။ ယုတ္တိမရှိပါဘူး။


- မေယုခရိုင်တွင် လူဦးရေသိပ်သည်းမှုများလာတာက သားဆက်ခြား မယူတတ်လို့၊ ခိုးဝင်လာလို့ စွပ်စွဲတဲ့သူတွေက ရခိုင်ဒေသအခြေအနေ၊ သမိုင်းနောက်ခံကို ဂဃနဏ မသိတဲ့သူပဲ အတပ်ဖြစ်ရမယ်။ ဒါမှမဟုတ် မလိုမုန်းထား အမုန်းတရားပွားတဲ့ မျိုးချစ်အုပ်စုပဲ ဖြစ်နိုင်တယ်။ တကယ်တမ်းတော့ ဒီလိုလူဦးရေထူထပ်လာခြင်းက ခေတ်တလျှောက် ညှည်းပမ်းနှိပ်စက်မှုကြောင့်သာ ဖြစ်ပါတယ်။ ရခိုင်ပြည်တစ်ခုလုံးရဲ့ ရိုဟင်ဂျာမွတ်စလင် လူဦးရေအတိုင်းအတာကို လူဦးရေတိုးပွားမှုစံနှုန်းနဲ့ တွက်ကြည့်ရင် ရှိသင့်တာထက် ပို၍တောင် လျော့သွားနေကြောင်း၊ သုံးပုံနှစ်ပုံလောက် ပျောက်ကွယ်နေကြောင်း ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ ရိုးသားဖို့က အရေးကြီးတယ်။ "ကိုယ်နဲ့မတူ ကိုယ့်ရန်သူ" ဆိုပြီးတော့ အမြစ်ပြုတ်ချင်ရင်တော့ အမှန်တရား ဘယ်လို တွေ့ပါမလဲ။ 

- ဟိုး ၁၈၂၆ ခု ရခိုင်ပြည်ရဲ့လူဦးရေ (၁၀၀၀၀၀) ရှိရာ Mughs (၆၀%)၊ Mussal-man (၃၀%)နဲ့ Burmese (၁၀%)ရှိတတယ်လို့ ရခိုင်ပြည်အုပ်ချုပ်ရေးမှူး Mr.Charles Paton ရဲ့ (၉-၆-၁၈၂၆) ရက်စွဲပါ အစီရင်ခံစာ၊ အမှတ်(၁၀)၊ စာမျက်နှာ(၃၆)တွင် တိတိကျကျ ဖော်ပြထားတယ်။

အဲဒီအစီရင်ခံစာတွင် ရခိုင်ကို Mughs ဟု၎င်း၊ မွတ်ဆလင်တွေကို Arracan Mussalman (အာရကန်မွတ်စလင်) ဟု၎င်း တရားဝင် သီးသီးခြားခြား သုံးနှုန်းထားတာကို တွေ့ရမှာပါ။





- ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခများစုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာရဲ့ နောက်ဆက်တွဲဇယားမှာ ရခိုင်ပြည်နယ်ရဲ့ လူဦးရေကို (၃၃၃၈၆၆၉)ဦး ဟု ဖော်ပြပြီးတော့

- ဗုဒ္ဓဘာသာဝင် ၆၉.၉ ရာခိုင်နှုန်း (၂၃၃၃၆၇၀) ဦးနဲ့

- အစ္စလာမ်ဘာသာဝင် ၂၉ ရာခိုင်နှုန်း (၉၆၈၂၁၈) ဦး


ရှိတယ်လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

(ဇယားပူးတွဲတင်ပြထားပါတယ်။)

- ဒီတော့ ၁၈၂၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ နှစ်ပေါင်း(၁၈၆)နှစ်အတွင်း လူဦးရေကို Continuous Increasement Formula ကို အသုံးပြုပြီးတော့ တစ်နှစ်လူဦးရေတိုးနှုန်း ၂.၄% ဟု စံထားပြီး တွက်ချက်ကြည့်မယ်ဆိုရင်

၂၀၁၂ ခုနှစ်တွင် ရှိရမယ့် မွတ်စလင်လူဦးရေမှာ

= ၃၀၀၀၀ (၁.၀၂၄)၁၈၆ နှစ်

(၁၈၆ ကို ထပ်ညွှန်းကိန်းအဖြစ် တွက်ချက်တယ်)

= ၂၄၇၁၂၃၀ ဦး ဖြစ်လာရမယ်။


- ၂၀၁၆ ခုနှစ်အထိ နှစ်ပေါင်း(၁၉၀)အကြာတွင် ၁၈၂၆ ခုနှစ် လူဦးရေ(၃၀၀၀၀)ရဲ့ အဆ(၉၀)နှင့်ညီမျှတဲ့ လူဦးရ စုစုပေါင်း(၂၇၀၀၀၀၀)ဦးထိ ရှိရမယ်ဖြစ်ပါတယ်။


- ဒါနဲ့ ရခိုင်စုံစမ်းမှုအစီရင်ခံစာပါ လူဦးရေစုစုပေါင်း ၃.၃သန်းမှာမွတ်စလင်လူဦးရေ ၂၉% လို့ဆိုရင် မွတ်စလင်လူဦးရေ(၁)သန်းခန့်သာ ပြည်တွင်း၌ရှိနေတာကြောင့် လျှာအရိုးမရှိတိုင်း မွတ်စလင် လူဦးရေပေါက်ဖွားနှုန်းများလွန်းတယ်လို့ နှုတ်ဖြင့်စွပ်စွဲတင်ပြနေခြင်းမှာ ခိုင်မာမှု လုံးဝမရှိပါ။

- ရခိုင်ပြည်နယ် လဝကဦးစီးဌာန၏ ၁၉၇၃/၇၄နှင့် ၁၉၈၃/၈၄

သန်းခေါင်စာရင်းအရ ၁၀နှစ်အတွင်း လူဦးရေတိုးနှုန်းမှာ ဘူးသီးတောင်တွင် ၁၃.၆ ရာခိုင်နှုန်းနဲ့ မောင်တောတွင် ၂၅.၁၇ ရာခိုင်နှုန်းရှိပေမဲ့ မွတ်စလင် ၃%သာရှိတဲ့မြေပုံမြို့တွင် ၃၁.၄၉% ၊

မွတ်စလင် ၁%သာရှိတဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၄၆.၀၈%တိုးပွားမှူရှိကြောင်း ပူးတွဲပါဇယားတွင် တွေ့ရှိရမှာဖြစ်တယ်။

ပြည်ပတွင်ရှိနေတဲ့မွတ်စလင်မှာ ပြည်ပရှိရခိုင်ဦးရေ၏ တစ်ဝက်ရှိနေဦးမည်ဖြစ်သည်။





- မယုခရိုင်တွင် လူဦးရေသိပ်သည်းခြင်းရဲ့ နောက်ကွယ်က လူသားမဆန်တဲ့ မဟာညှည်းပမ်းနှိပ်စက်မှုကသာ အကြောင်းရင်းဖြစ်တယ်။ ၁၉၃၆ ခု၊ ၁၉၄၂ ခု လူမျိုးရေးအဓိကရုဏ်းကြောင့် ရိုဟင်တို့ဂျာတွေ နေရပ်မှ အသက်လုထွက်ပြေးလာရာ အချို့မှာ အိန္ဒိယနိုင်ငံ ဒုက္ခသည်စခန်းသို့ ခိုလှုံ၍ အချို့မှာမူ မေယုဒေသသို့ ခေတ္တခိုလှုံရာမှ အကြောင်းအမျိုးမျိုးကြောင့် မူလနေရပ်မပြန်ဘဲ မေယုဒေသမှာပင် အခြေချနေထိုင်သွားတယ်။ တစ်ဖက်နိုင်ငံသို့ ခိုလှုံနေတဲ့ ဒုက္ခသည်အချို့တွေလဲ ပြန်လာကာ မေယုဒေသမှာပင် နေထိုင်ခဲ့တာရှိတယ်။

- ၁၉၆၂ ခု နောက်ပိုင်း ရောင်စုံ ညှည်းပမ်းမှုကို ခါးခါးသီးသီး ခံလာခဲ့တဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့ နေရပ်တွင် ငုတ်ခိုင်ခိုင် တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့ခြင်း မရှိခဲ့ချေ။ ကျောက်တော၊ မြေပုံ၊ သံတွဲ၊ မြောက်ဦး၊ စစ်တွေ၊ မင်းပြား စတဲ့ ရခိုင်ပြည်မက ရိုဟင်ဂျာတွေလည်း အာဏာရှင်၏ ရည်ရွယ်ချက်ရှိရှိ နှိပ်ကွက်ချေမှုန်းခြင်းက တစ်ကြောင်း၊ ဒေသခံ လူမျိုးခြားဘာသာခြားတွေရဲ့ မလိုမုန်းတီးမှု ရန်လိုမှုက တစ်ကြောင်း ညှည်းပမ်းရက်စက်မှုဒဏ်ကို ပို၍ပင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်။ အာဏာရှင်အစိုးရက လယ်မြေတွေ သိမ်းပိုက်မှု၊ မကြာခဏ အကွက်ဆင်၍ ပဋိပက္ခဖန်တီးမှု၊ လူသတ်မှု၊ လူပျောက်မှု စတဲ့ဟာတွေကို အမှူးပြု၍ ကျေးရွာများ အတင်းရွေ့ပြောင်းပေးတာ၊ ရပ်ရွာများကို ရည်ရွယ်ချက်ရှိရှိ မီးရှို့တာ၊ လူတွေကို အကြောင်းမဲ့ သတ်ဖြတ်ထောင်ချတာ၊ အမှုဆင်တာ၊ ဒေသခံလူမျိုးခြားအကြား ရန်တိုက်ပေးတာ စတဲ့ မကြာခဏ နှိပ်စက်မှုကြောင့် ရခိုင်ပြည်မမှ ရိုဟင်ဂျာတွေဟာ မြစ်ကမ်းပြိုသလို တစ်ကမ်းကဖြို တစ်ဘက်မှာပို့၍ မေယုဒေသမှာ သောင်းတင်လာခဲ့ခြင်း ဖြစ်တယ်ယ်။

- ဒါ့အပြင် ၁၉၇၈ နဂါးမင်းစစ်ဆင်ရေး၊ ၁၉၉၀-၉၂ ပြည်သာယာ စီမံချက်နဲ့ ရိုဟင်ဂျာတွေကို မောင်းထုတ်ရာ ပြည်မမှ ရိုဟင်ဂျာတွေလဲ မေယုဒေသသို့ ထွက်ပြေးရောက်လာခဲ့တယ်။ အများစုမှာ တစ်ဖက်နိုင်ငံသို့ ခိုလှုံခဲ့ပေမဲ့ တစ်ချို့က မယုဒေရှိ အဆွေအမျိုးတွေထံမှီ၍ နေထိုင်ခဲ့လေတယ်။ ဒုက္ခသည်တွေ ပြန်လက်ခံတဲ့ အချိန်မှာလဲ ဒုက္ခသည်အချို့မှာ မေယုဒေသ၌ ကျန်ရစ်ခဲ့လေတယ်။ 

- ဒီလိုနည်းအမျိုးမျိုးနဲ့ ရခိုင်ပြည်မမှ ရိုဟင်ဂျာလူဦးရေ တဖြေးဖြေးဆုတ်ယုတ်လာပြီး မွတ်စလင်များတဲ့ မေယုဒေသသို့ သက်ဆင်းအခြေချလာမှုကြောင့် ဤ ဒေသရဲ့လူဦးရေမှာ သိသိသာသာ ဖောင်းပွသွားခြင်းဖြစ်ပါတယ်။ 

- ၂၀၁၇ ခု အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နောက်ပိုင်းမှာ ပြည်တွင်း၌ ရိုဟင်ဂျာမွတ်စလင် ဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ရှိတော့တယ်။ ဘင်္ဂလား၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ မလေး၊ ဆော်ဒီ၊ ယူအေအီ၊ ဥရောပ၊ အမေရိက၊ ဩစတြေးလျား စတဲ့ နိုင်ငံအသီးသီးမှာ ထွက်ပြေး ခိုလှုံနေရရှာလေတယ်။ 


-လူထုဝဏ္ဏ


ကိုးကား-

Maung Maung FB အကောင်မှ ရိုဟင်ဂျာလူဦးရေ တွက်ချက်တင်ပြသည့် ပို့စ်