Thursday, November 26, 2015

ရခိုင်ကုလား သို.မဟုတ် ရိုးဝန်ညှာလူမျိုးများ" ဆောင်းပါးရှင်-မောင်သံလွင်

ရိုဟင်ဂျာ အကြောင်း ဗမာစစ်တပ်က ထုတ်ဝေသော မြ၀တီ မဂ္ဂဇင်းတွင် ပုံနှိပ်ဖော်ပြချက်(မြဝတီမဂ္ဂဇင်း ၁၉၆၀ ဇူလိုင် အတွဲ ၈၊အမှတ် ၉ စာမျက်နှာ ရ၁-ရ၄ မှကူးယူဖော်ပြပါသည်)။

" ရခိုင်ကုလား သို.မဟုတ် ရိုးဝန်ညှာလူမျိုးများ" ဆောင်းပါးရှင်-မောင်သံလွင်

ရခိုင်ရာဇဝင်ကိုလေ့လာလျှင်ဗုဒ္ဓဘာသာဝင်ရခိုင်ဘုရင်အချို့သည် မူစလင်ဘွဲ့အမည်များအသုံးပြု ကြောင်းတွေ့ရလေသည်မှာ အံ့သြရမလိုဖြစ်လေသည်။ သို့ရာတွင် ကုလားပြည်နှင့်နယ်ချင်းစပ်လျှက် ကူးလူးဆက်ဆံမှုထူပြောလှသည်ကိုထောက်လျှင်၊မဂိုဘုရင်တို.၏အာဏာစက်အောက်ရောက်ခဲ့ဘူး သည်ကိုထောက်လျှင်အံ့သြဘွယ်မလိုတော့ချေ။ သို.သော် ထိုသို.သော ကုလားရခိုင်.ဆက်ဆံမှုနှင့် ပက်သက်ပြီးနောက်ပေါ်ပေါက်လာရသော ဘာသာရေး၊နိုင်ငံရေး၊လူမျိုးရေးဆိုင်ရာတို့ကိုမူကား သဘောပေါက်ရုံမျှပင်ဖြစ်စေ သိရှိဖွယ်ကောင်းလှပေသည်။ အထူးသဖြင့်အဘယ်အကြောင်းကြောင့် မူစလင်ဘွဲ.အမည်ကိုခံယူကြ ကြောင်းနှင့်ရခိုင်ကုလားမျိုးပေါ်ထွန်း လာရပုံ အကြောင်းကား အမှန်သိကောင်းဘွယ်ပင်ဖြစ်တော့သည်။

ရခိုင်ပြည်တွင် နရမိတ်လှ ဘုရင်လက်ထက်မှစ၍ မူစလင်လူမျိုးများအား ဝန်ကြီးများရာထူးတွင်၎င်း၊စစ်တပ်နှင့်ရေတပ်ဗိုလ်မှုးများ ရာထူး၌၎င်း ခန်.အပ်ခြင်းပြုခဲ့၏။ ရခိုင်ပြည်မှ နာမည်ကျော်မူစလင်စာဆိုတော် ဆရက်ရှားအလာဝါလ်၏အဆိုအရ စန္ဒသုဓမ္မာ ဘုရင်၏နန်းရင်းဝန် မာဂန်မှာမူစလင်လူမျိုးပင်ဖြစ်သည်ဟု ဆိုလေသည်။ ၁ရ ရာစုနှစ်က ဆရက်မူဆာ၊ မူဂျာလစ်(စ)ဆူလေမန်တို.မှာ ရခိုင်နန်းတော်တွင်း၌ ဝန်ကြီး များဖြစ်ခဲ့ကြလျက် အရှရက်ခန်မှာ စန္ဒသုဓမ္မာဘုရင်၏စစ်သူကြီးဖြစ်ခဲ့ကြောင်းဖြင့် အမ်၊ကေ၊ရာမန်က ၎င်းရေးသားသော `ရခိုင်နှင့်မြန်မာပြည်ရှိ မူစလင်လူမျိုးများ ရာဇဝင်အကျဉ်းချုပ် ခေါ်စာအုပ်၌ ထည့် သွင်းေ ဖ်ာပြ ထားလေသည်။ ရခိုင်ဘုရင် သင်္ဂသူ ကွယ်လွန်ပြီးနောက် ခရစ် ၁၄၀၄ ခုနှစ်တွင် ရာဇသူ၏သား (သင်င်္ဂသူ၏တူ)နရမိတ်လှသည် လောင်းကြက်ထီးနန်းကို ဆက်ခံခဲ့သည်။၎င်းသည် ဒါးလက်မြို.စားဘုရင်ခံ အနန္ဒသိန်၏နှမတော် ရုပ်ရည်ချောမောလှပ၍မြောက်သားကြင်ဘက်ရှိ သူစောပုညိုအား ၎င်း၏ကြင် ဘက်တော်ကို အတင်းအဓ္ဓမ ကွာခိုင်းလျက်သီမ်းပိုက်လက်ထက်ယူခဲ့လေသည်။ ထိုအခါ နန္ဒသိန်သည် များစွာအမျက်ထွက်၍ နရမိတ်လှ အားပုန်ကန်ခြားနားကာအင်းဝဘုရင်မင်းဆွေ(မင်းခေါင်)ထံ၌ အကူအညီသွားရောက်တောင်းခံလေရာ သားတော် မင်းရဲကျော်စွာအားစေလွတ် ကူညီတိုက်ခိုက်စေသည် တွင် နရမိတ်လှ သည်ထီးနန်းကိုစွန်.၍ ဘင်္ဂလားပြည်သို.တိမ်းရှောင်ထွက်ပြေးကာဂေါဘုရင်အာမက်ရှား ထံ၌ခိုလှုံနေထိုင်ခဲ့လေသည်။ဤသို.ခိုလှုံနေထိုင်လျက်ရှိစဉ်ဘင်္ဂလားပြည်အားဂျန်ပူဘုရင် စူရတန်အီဘရာဟင်က လာရောက်တိုက်ခိုက်သည်တွင် နရမိတ်လှသည် အစွမ်းကုန်ကာကွယ်ခုခံ၍ပြန်လည်တိုက်ခိုက်နှိမ်နှင်းနိုင်ခဲ့လေသည်။ထိုကြောင့် အာမက်ရှားကများစွာနှစ်သက်အားရလှသဖြင့်ရခိုင်ပြည်ရှိထီးနန်းကိုပြန်လည်တိုက်ခိုက်သိမ်းယူပေးမည်ဟုနရမိတ်လှအားကတိပြုခဲ့လေသည်။၁၄၂၆ ခုနှစ်တွင်အာမက်ရှား၏ထီးနန်းကိုဆက်ခံသည့်သားဖြစ်သူ နဇီရှားက နရနမိတ်လှအားအကူအညီပေးရန်အတွက်အချက် ၆ ချက်ပါရှိကတိပြုချက်ကိုတောင်းဆိုသောကြောင့်သဘောတူကတိပေးခဲ့လေသည်။၎င်းအချက် ၆ ချက်အနက်မိမိတို.နာမည်များနှင့်တွဲဘက်၍မူစလင်ဘွဲ.ထူးဂုဏ်ထူးများကိုပါထည့်သွင်းခေါ်ဆိုပါမည်ဆိုသောအချက်တရပ်လည်းပါရှိခဲ့လေသည်။၁၄၃၀ ခုနှစ်တွင်နရမိတ်လှသည် ဘင်္ဂလားပြည်၏အကူအညီဖြင့်ထီးနန်းကိုပြန်လည်သိမ်းပိုက်ယူနိုင်လျက်မဟာမေဒင်(မူစလင်)ဘုရင်၏လက်အောက်ခံအဖြစ်နေထိုင်ခဲ့လေသည်။၎င်းသည်မြို.ဟောင်းကိုထီးနန်းစိုက်ရာမြို.တော်အဖြစ်ဖြင့် တည်ထောင်ခဲ့၍၎င်း၏နောက်ပါမဟာမေဒင်လူမျိုးများကထိုမြို.၌ဗလီဝတ်ကျောင်းတော်တခုတည် ဆောက်ခဲ့ကြလေသည်။ထိုအချိန်မှစ၍ရခိုင်ဘုရင်မားသည်ဗုဒ္ဓဘာသာဝင်များပင်ဖြစ်လင့်ကစား၊ ၎င်းတို.၏နာမည်များနှင့်တွဲဘက်၍မဟာမေဒင်ဘွဲ.ထူးဂုဏ်ထူးများကိုအသုံးပြုခဲ့ကြလေသည်။ ရခိုင်ပြည်သို.မဟာမေဒင်(သို.)မွတ်စလင်လူမျိုးများစတင်ရောက်လာခဲ့ပုံမှာလည်းစိတ်ဝင်စားဘွယ် ပင်ဖြစ်သည် ။ ပထမ မူစလင်လူမျိုးများသည်ရခိုင်ပြည်တွင်းသို.ပင်လယ်ကမ်းခြေဘက်မှ၎င်း၊တောင်ကြားလမ်းမှ၎င်းဝင်ရောက်လာခဲ့ကြသည်။၎င်းတို.အားလုံးပင် အာရေဗျနှင့်အိန္ဒိယပြည်များမှစစ်မှုရေးရာကျွမ်းကျင်သောလူမျိုးများသာဖြစ်ကြလေသည်။၎င်းတို.သည် ကုန်ကူးသန်းရောင်းဝယ်သူများ၊သာသနာပြုဆရာများ၊စစ်တိုက်ခိုက်သူများနှင့်စစ်ပြေးဒုက္ခသည်များအ ဖြစ်ဖြင့်ရခိုင်ပြည်တွင်းသို.ဝင်ရောက်လာကြခြင်းဖြစ်၏။၎င်းတို.သည်ရိုးသားဖြောင့်မှန်ခြင်း၊သစ္စာရှိခြင်း၊ရဲရင့်ခြင်းနှင့်ကောင်းမွန်စွာအမှုထမ်းရွက်တက်ကြခြင်းများကြောင့်ရခိုင်ဘုရင်များကနှစ်သက်သဘောကျကြသဖြင့်လက်ခံကြိုဆိုကာကောင်းစွာပြုစုစောင့်ရှောက်ထားခဲ့ကြလေသည်။အာရပ်လူမျိုးများသည်အနောက်တိုင်းပင်လယ်များ၍၎င်း၊အရှေ.တိုင်းပင်လယ်များကို၎င်းကျွမ်းကျင်စွာသွားလာနိုင်ကြသူများ ဖြစ်၍ရခိုင်ပြည်အားအဖက်ဖက်၌ပင်သင့်လျော်သောဒေသဖြစ်ကြောင်းတွေ.ရှိခဲ့ကြလေသည်။ရခိုင်ပြည်သည်စီးပွါးရေးအားဖြင့်တိုးတက်မှုရှိနေသည့်အတိုင်းအာရပ်ကုန်သည်များနှင့်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများကိုထိရောက်စွာဆက်သွယ်လုပ်ကိုင်လာခဲ့ကြလေသည်။ဤအချက်ကိုထင်ရှားစေသောဘဒါမာကန်ခေါ်ရာဇဝင်ဆိုင်ရာအဆောက်အဦးများမှာယခုတိုင်အောင်ပင်တည်ရှိနေသည်ကိုတွေ.နိုင်လေသည်။ရခိုင်ပြည်အားနိုင်ငံခြားသားများက အာရကန်(Arakan) ဟုခေါ်ရာ၊၎င်းမှာအာရေဗျဘာသာ အဲလ်ရီကွန် (Alrecon) (စည်းကမ်းသေဝပ်ခြင်း)ဆိုသောစကားမှဆင်းသက်လာသည်ဟုအဆိုရှိလေသည်။အာရေဗျပြည်၏စတုတ္တမြောက်ဘာသာရေးခေါင်းဆောင်ဂိုဏ်းချုပ်ကြီး ဟာဇရက်အလီကွယ်လွန်ပြီးနောက်၎င်း၏သား အီမာန်ဟူဆိန်နှင့်ဟာဇရက်မာဘီယာ၏သား ယာဇစ်တို.မှာခေါင်းဆောင်ရာထူးအတွက်အလုအယက်ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့ကြလေသည်။ဤယှဉ်ပြိုင်မှု၌ယာဇစ်ကအနိုင်ရရှိသွားလျက်အီမာန်ဟူစိန်၏အကိုအီမာန်ဟာဆန်အားအဆိပ်ခပ်၍သတ်ပြီးနောက် ခရစ် ၆၈၀ တွင်ကာဘလာအရပ်၌ဖြစ်ပွါးခဲ့သောစစ်အပွဲ၌အီမာန်ဟူဆိန်အားကွပ်မျက်၍အဆုံးစီရင်ခဲ့လေသည်။ဤသတင်းကိုဟာဇရက်အလီ၏အခြားဇနီးတဦးမှသားဖြစ်သူမိုဟာမက်ဟာနစ်မှကြားသိရသည်တွင် ယာဇစ်အားစစ်ကြေငြာ၍တိုက်ခိုက်လေသည်။သို.သော်ဟာနစ်ပင်စစ်ရှုံးခဲ့ရသဖြင့်မိမိနောက်ပါများနှင့်အတူအရှေ.တိုင်းများသို.ထွက်ထွက်ခွာလာခဲ့သည်။နောက်ဆုံးတွင်ဟာနစ်သည်ရခိုင်ပြည်သို.ရောက်ရှိလာလျက်မြို.တော်ဖြစ်သောဝေသာလီမြို.တွင်ခိုလှုံနေထိုင်လာခဲ့လေသည်။နောင်တွင်ဟာနစ်သည် တောတောင်ထူထပ်သောဒေသများ၌နေထိုင်ကြသည့်လူသားစားလူမျိုးမျာ၏ဘုရင်မ ကိုယာပူရီ နှင့်ရခိုင်မြောက်ပိုင်းမောင်းတောအရပ်၌စစ်ပွဲများပြင်းထန်စွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ရလေသည်။အချိန်အတန်ကြာသောအခါတွင်ဘုရင်မနှင့်တကွ ၎င်း၏နောက်လိုက်လူမျိုးများပါ ဟာနစ်၏လက်အောက်ခံဖြစ်လာကြလျက်၎င်းတို.အားအစ္စလာမ်ဘာသာသို.သွတ်သွင်းခဲ့ပြီးနောက် ဟာနစ်သည် ဘုရင်မနှင့်လက်ထက်ကာမောင်းတောနှင့်ဗူးသီးတောင်နယ်ခြားရှိ မေယုတောင်တန်းတွင်အသက်ထက်ဆုံးနေထိုင်သွားသည်ဟု အဆိုရှိလေသည်။ဗြိတိသျှဘားမားဂေဇက်တီးယား အတွဲ-၂နှင့် ဘားမားဂေဇက်တီးယား၊ရခိုင်တိုင်းအတွဲ (က)များတွင် ခရစ်နှစ် ရ၈၈ တွင်ဝေသာလီပြည်၌မဟာတိုင်းချန္ဒရာဘုရင်နန်းတက်၍ယခင်ရာမာဝတီမြို.ဟောင်းနေရာ၌မြို.တော်သစ်ကိုတည်ထောင်ပြီးနောက် ၂၂ နှစ်တိုင်စိုးစံပြီးမှကွယ်လွန်သည်။၎င်းစိုးစံချိန်အတွင်းရမ်းဗြဲကျွန်းတွင်ကုန်သင်္ဘောပေါင်းများစွာပျက်စီးခဲ့ရဘူးလျက် အာရပ်(သို.)မူး လူမျိုးများဆိုသောသင်္ဘောသားများအားဝေသာလီပြည်ဖြစ်သည့်ရခိုင်ပြည်မသို.ပို.ဆောင်ပေးခဲ့လေ သည်။ရခိုင်ဘုရင်သည်၎င်းတို.အားအဘက်ဘက်၌ပင်ကြည့်ရှုစောင့်ရှောက်၍ထားခဲ့၏။၎င်းတို.သည် ကူးသန်းရောင်းဝယ်ရေး၌ကျွမ်းကျင်သူများဖြစ်ကြလျက်သာမန်လှေကလေးများနှင့်ပင်တနေရာမှတနေရာသို.လွယ်လင့်တကူ ကူးသန်းသွားလာနိုင်ကြသည်။ရခိုင်ပြည်သည်မြေသြဇာကောင်းမွန်သောလယ်ယာစိုက်ပျိုးရေးတိုင်းပြည်ဖြစ်သည့်အတိုင်း၎င်းတို.၏နေရင်းဒေသ အာရေဗျ သို.မပြန်တော့ပဲကျေးရွာများ၌ပင်လုပ်ကိုင်စားသောက်နေထိုင်လာကြလေသည်။၎င်းတို.သည်တိုင်းရင်းသူများနှင့်လက်ထက်ပေါင်းသင်းကြလျက်၎င်းတိုင်းရင်းသူများမှာမွတ်စလင်ဘာသာသို.ကူးပြောင်းဝင်ရောက်လာကြလေသည်။၎င်းတို.ကိုယ်တိုင်မှာလည်းဇနီးသည်များ၏ရိုးရာလူမျိုးအဖြစ်ကိုရယူကာမိမိတို.ပိုင်ပစ္စည်းအရပ်ရပ်အားဇနီးသည်များကိုလွဲပြောင်းပေးအပ်ကြလေသည်။ပင်လယ်ခရီးသွားလာရေးလုပ်ငန်းကိုစွန်.လွှတ်လိုက်ကြလျက် လယ်ယာစိုက်ပျိုးရေးကိုကူးပြောင်းလုပ်ကိုင်စားသောက်ခဲ့ကြ၏။၎င်းတို.၏ဗလီဝတ်ကျောင်းများကိုတည်ဆောက်ကြလျက်သာသနာပြုလုပ်ငန်းများကိုစတင်လုပ်ကိုင်ခဲ့ကြသည်။ထိုအချိန်မှစ၍အစ္စလာမ်ဘာသာမှာရခိုင်ပြည်၌အခြေစိုက်ကာထွန်းကားလာခဲ့လေသည်။မြန်မာပြည်တွင်၎င်းအာရပ်လူမျိုးများထက်ရှေးကျသောမူစလင်များနေထိုင်ရာဒေသဟူ၍မတွေ.နိုင်တော့ချေ။အာရပ်လူမျိုးများမှဆင်းသက်လာသည့်၎င်းရခိုင်မွတ်စလင်များအား ရိုးဝန်းညှာ ဟုခေါ်ရာ၎င်းမှာ အခွင့်အရေးပေးခြင်း(သို.)သနားသက်ညှာခြင်းဟူ၍အဓိပ္ပါယ်ရပါသည်။ရခိုင်ပြည်တွင်မူစလင်များသြဇာညောင်းလာသည်နှင့်အမျှအစ္စလာမ်ဘာသာလည်းထွန်းကားလာခဲ့လေသည်။ရခိုင်အမျိုးသမီးများမှာ ပါရ်ဒါ ခေါ်အီမ်တွင်းပုန်းခြင်းဓလေ့ကိုလိုက်နာခဲ့ကြလျက်၊ဒင်္ဂါးများနှင့်တံဆိပ်လည်ဆွဲများတွင် ပါရှင်းဘာသာစာတမ်းများထည့်သွင်းထုတ်ဝေခဲ့လေသည်။ရခိုင်ဘုရင်များသည်၎င်းတို.အမည်များနှင့်တွဲဘက်၍ မူစလင်ဘွဲ.ထူး ဂုဏ်ထူးများကိုပါပူးတွဲဖော်ပြကြလျက် ရခိုင်ဘုရင့်နန်းတော်တွင်း၌အိန္ဒိယမွတ်စလင်အခေါ်အဝေါ်များကိုထည့်သွင်းသုံးစွဲလာခဲ့ကြလေသည်။
ရှေးခေတ်မြန်မာပြည် ခေါ်စာအုပ်၌ဦးမျိုးမင်းကဖော်ပြထားရာတွင်ရခိုင်ဘုရင်များသည်ဘွဲ.ထူး-ဂုဏ်ထူးများ၌သာလျှင်မဂိုဘုရင်တို.ကိုတုပကာအိန္ဒိယဘွဲ.အမည်များကိုခေါ်ဝေါ်သုံးစွဲခဲ့သည်မဟုတ်သေး၊နန်းတွင်းဆိုင်ရာပွဲလမ်းသဘင်အခမ်းအနားများ၌လည်း မဂိုဘုရင်များ၏ဟန်အမူအရာအတိုင်း တုပ ပြုလုပ်ခဲ့ကြလျက်နန်းတွင်းဆိုင်ရာအခေါ်အဝေါ်များကိုပါအိန္ဒိယပုံစံအတိုင်းသတ်မှတ်ခေါ်ဆိုခဲ့ကြသည်ဟု ဟုဖော်ပြထားပါသည်။၁၄၀၄ ခုနှစ်မှ ၁၆၃ရ ခုနှစ်အတွင်းမူစလင်ဘွဲ.ထူးဂုဏ်ထူးများဖြင့်တွဲဘက်ခေါ်ဆိုခဲ့ကြသောရခိုင်ဘုရင်အချို.မှာအောက်ပါအတိုင်းဖြစ်လေသည်။(ကွင်းပိတ်ဘော်ပြထားသည်မှာမူစလင်ဘွဲ.ထူးအမည်ပင်ဖြစ်သည်)။
၁။နရမိတ်လှ(ဆမွန်း)၊၂။နရနု(အလီခန်)၊၃။ဘစောဖြူ(ကလီမာရှား)၊၄။မင်းဘင်ခေါ်မင်းပါကြီး (ဇဘက်ရှား-စူရတန်)၊၅။မင်းပလောင်း(စီကန္ဒာရှား)၊၆။မင်းရာဇာကြီး(ဆလင်းရှား)၊ရ။မင်းခမောင်း(ဟူစိန်ရှား)၊၈။သီရိသုဓမ္မ(ဆလင်းရှား-၂)တို.ပင်ဖြစ်ပါသည်။၁၅ရ၆ ခုနှစ်-ဇူလိုင်လ ၁၀ ရက်နေ.တွင်ဘင်္ဂလားပြည်၏နောက်ဆုံးဘုရင်ဖြစ်သူ ဒေါ့(ဒါအုဒ်)အား မဂိုဘုရင်အက္ကဘား၏စစ်သူကြီး ခန်ဂျာဟန်းက ဖမ်းဆီးကာဦးခေါင်းကိုဖြတ်၍ကွက်မျက်လိုက်ချိန်တွင်ပထန်လူမျိုးအမြောက်အများပင်ရခိုင်ပြည်တွင်းသို.ထွက်ပြေးဝင်ရောက်ခိုလှုံနေခဲ့ကြလေသည်။ရာဇဝင်ဆရာ ဂျဒူနတ်ဆားရ်ကား ကလည်းရခိုင်ပြည်၌နေထိုင်ခဲ့ကြသော မဂိုနှင့်ပထန်လူမျိုးပေါင်းများစွာတို.သည် ရှားရှူဂျာဘုရင်ကို လိုလားကြသည်ဟုဘော်ပြထားခဲ့၏။ရခိုင်ဘုရင်များသည်ဘင်္ဂလားပြည်မှမြို.ပေါင်း ၁၂ မြို.ကိုနှစ်ပေါင်းများစွာသီမ်းပိုက်ထားခဲ့လျက်၎င်းတို.ကိုယ်တိုင်မှာလည်းမူစလင်ဂေါ ဘုရင်များလက်အောက်၌နှစ်ပေါင်းတရာကျော်မျှနေထိုင်ခဲ့ကြလေသည်။စစ်တကောင်းပြည်နယ်အား ၁၄၅၉ ခုမှ ၁၆၆၆ အထိနှစ်ပေါင်း ၂၀ရ နှစ်တိုင်တိုင်ရခိုင်ဘုရင်များကအုပ်စိုးခဲ့သည်။ထိုအချိန်ပိုင်းတလျှောက်တွင်နှစ်ပြည်ထောင်မှလူများသည်အပြန်အလှန်ကူးသန်းသွားလာခဲ့ကြလျက်အထူးသဖြင့်ရခိုင်လူမျိုးများနှင့်ရင်းနှီးခင်မင်ကြသောမူစလင်လူမျိုးများက ရခိုင်ပြည်တွင်းသို.ကူးပြောင်းဝင်ရောက်နေထိုင်လာခဲ့ကြလေသည်။၁၆၆၆ ခုနှစ်တွင်ဘင်္ဂလားပြည်ဘုရင်ခံချုပ် ရှေးစတားခန်၏စစ်သူကြီး အူမိဒ်ခန်သည် စစ်တကောင်းကိုဝင်ရောက်တိုက်ခိုက်၍ ရာမူးပန်းဝါကိုသိမ်းယူလိုက်သည်တွင် ရခိုင်လူမျိုးများသည်မြောံဘက်မှတောင်ဘက်သို.ရွေ.ပြောင်းထွက်ပြေးခဲ့ကြ၏။ထိုအချိန်မှစ၍ရခိုင်ပြည်မြောက်ပိုင်းသို.မူစလင်လူမျိုးအမြောက်အများဝင်ရောက်နေထိုင်လာခဲ့ကြသည်။၁၆၆၆ ခုနှစ် ရခိုင်မဂိုစစ်ပွဲကြောင့် ရခိုင်ပြည်မြောက်ပိုင်းတွင်လူဦးရေယုတ်လျော့ရသည်ဟု အဆိုရှိခဲ့သည်။ပထန်လူမျိုးများနှင့်ဘင်္ဂလားပြည်မှဝင်ရောက်လာသူများမှာ အာရပ်အနွယ်ဖြစ်သော ရိုးဝန်ညှာ လူမျိုးများနှင့်ပေါင်းသင်းနေထိုင်ခဲ့ကြသည်တွင် ရိုးဝန်ဂျာ ခေါ်လူမျိုးများဖြစ်ပေါ်လာခဲ့လေသည်။နှစ်ပေါင်းကြာရှည်လာသောအခါအာရပ်အနွယ်များမှာ ရိုးဝန်ဂျာများနှင့်ခွဲခြား၍မရလောက်အောင်ရောနှောသွားခဲ့လေသည်။ရိုးဝန်ဂျာ ဆိုသောအမည်မှာ ရခိုင်စကားရင်းဖြစ်ရာ ရွာဟောင်းကကျား ဟုအဓိပ္ပါယ်ရလေသည်။၎င်းမှာ သတ္တိရှိသည်၊ရဲရင့်သည်ဟုဆိုလိုသည်ဖြစ်ရာ အကြောင်းရင်းမှာ ရခိုင်လူမျိုးများက တိုက်၍မနိုင်သောတလိုင်းလူမျိုးများကို ပထန်လူမျိုးများကတိုက်ထုတ်ပစ်နိုင်ကြသောကြောင့်ပင်ဖြစ်သည်ဟုဆိုကြောင်း။။။။။။။
ဆောင်းပါးရှင် မောင်သံလွင်
မြဝတီမဂ္ဂဇင်း ၁၉၆၀ ဇူလိုင် အတွဲ ၈၊အမှတ် ၉ စာမျက်နှာ ရ၁-ရ၄ မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment