Thursday, March 19, 2020

ဘေးကင်းပါစေ..



ဘေးကင်းပါစေ…



ကရိုနာရေ…
အရှင်လတ်လတ် သတ်ဖြတ်မီးရှို့ခဲ့တဲ့
တို့ရန်သူတွေကို သွားတိုက်ပါလို့
ဆုတောင်းစေချင်ပေမယ့်
စာနာတတ်တဲ့ ငါ့စိတ်က 
ခွင့်မပြုဘူး။


အပျိုသူ မိန်းကလေးတွေအား
တရိစ္ဆာန်လို မုဒိမ်းကျင့်သူတွေကို 
ကရိုနာပိုးကူးစက်ပါစေလို့
ဆုတောင်းချင်ပေမယ့်
ကြင်နာတတ်တဲ့ ငါ့စိတ်က
ခွင့်မပြုဘူး။


ရွာလုံးကျွတ် မီးရှို့ပျက်စီးခဲ့တဲ့
တိရစ္ဆာန်မျိုး ငရဲကောင်တွေ 
ကရိုနာကြောင့်သေပါစေလို့
ဆုတောင်းချင်ပေမယ့်
သူ့အသက်ရဲ့တန်ဖိုးသိတဲ့ ငါ့စိတ်က  
ခွင့်မပြုဘူး။


နောက်ဆုံးတော့
ကရိုနာရေ သွားတော့…သွားတော့
မြန်မာပြည်သူ ဘေးကင်းပါစေလို့
ဆုတောင်းလိုက်ရတဲ့လေး။

++++++++++++


ရေးဖွဲ့သူ- လူထုဝဏ္ဏ


No comments:

Post a Comment