Tuesday, November 15, 2022

ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း

 


ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း



ရန်ကုန် ဇန်နဝါရီလ ၉၊

ပြည်ထောင်စု မြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသား ညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က ပြည်ထောင်စုသား အချင်းချင်း သွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရေး၊  ဘာသာပေါင်းစုံပေါင်းသင်းဆက်ဆံ နေထိုင်ရေး၊ လူမျိုး ပေါင်းစုံ ချစ်ကြည်ရေး၊ တဦးနှင့်တဦး နားလည်ချစ်ခင်မှုရရှိရေးနှင့် ပြည်ထောင်စုကြီး၏အကျိုးကို သစ္စာရှိစွာဖြင့် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပြည်ထောင်စု တခုလုံး၏ အကျိုးကို မျှော်ကိုးကာ ယခု ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသဘင်ကြီးသို့ အခြား လူမျိုးစုများနည်းတူ ရိုဟင်ဂျာလူမျိုးစုမှလည်း ကိုယ်စားလှယ် (၁၀) ဦးခန့် ဖိတ်ခေါ်ေစလိုကြောင်း။ 

မေယုခရိုင်မှ ကိုယ်စားလှယ် (၁၀) ဦးကို ဖိတ်ခေါ်ရန် မတတ်နိုင်ပါက မိမိတို့ ဌာနချုပ်မှတဆင့် ရန်ကုန်မြို့မှ ကိုယ်စားလှယ် (၅) ဦးကို ဖိတ်ခေါပြီး ကျန် (၅) ဦးကို မေ ယုခရိုင်မှ ဖိတ်ခေါ်စေလိုကြောင်း၊ ရန်ကုန်မြို့မှ တက် ရောက် ပါဝင်မည့် ကိုယ်စားလှယ်(၅) ဦး၏ အသုံးစရိတ် များကို ဤဌာနချုပ်မှ တာဝန်ယူမည်ဖြစ်ကြောင်းဖြင့် ယ နေ့ပြည်ထောင်စုမြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောမြင့်ထံသို့ ယနေ့ ပန်ကြားလွှာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ၏။

(မူရင်းသတင်းစာအတိုင်း ကူးယူဖော်ပြထားသည်။)


ကိုးကား-

တော်လှန်ရေးကောင်စီခေတ်၊ လုပ်သားသတင်းစာ (၁၀-၁-၁၉၆၄)မှ မန္တလေးမြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့သို့ ရိုဟင်ဂျာကိုယ်စားလှယ် တက်ခွင့်တောင်းဆိုသည့်သတင်း။ 


No comments:

Post a Comment