Monday, November 30, 2015

ရခိုင်ဒုက္ခသည် နောက်ဆုံး အသုတ် နေရာချမည်

2015-11-29
အီးမေးလ်
မှတ်ချက်ပေးပါ
ရှယ်ပါ
rakhine-refugees-restlement-620.jpg
စစ်တွေမြို့၊ ဆတ်ရိုးကျချောင်း တစ်ဘက်ကမ်း စက်မှုဇုန်ရပ်ကွက်မှာ ဆောက်လုပ်ထားတဲ့ ရခိုင်ဒုက္ခသည်တွေအတွက် လုံးချင်းနေအိမ်များကို တွေ့ရစဉ်


ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် အမှတ် ၃ ဒုက္ခသည်စခန်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒုက္ခသည် အိမ်ထောင်စုပေါင်း ၁၇၀ ကျော်ကို မင်းဂံရပ်ကွက် အတွင်းမှာ လုံးချင်းနေအိမ်တွေဆောက်လုပ်ပြီး နေရာချထားပေးမယ် လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။
တန်ဖိုးအားဖြင့် ငွေကျပ် သိန်း ၂၀ ကျော်လောက်တန်ဖိုးရှိတဲ့ လုံးချင်းနေအိမ်တွေနဲ့ မကြာခင် နေရာချထားပေး ဖို့ ပြင်ဆင်နေတာလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
"စက်ရုံစု ၃ မှာရှိတဲ့ ဒုက္ခသည်အိမ်ထောင်စုတွေကို ကျနော်တို့ မင်းဂံဘက်နားလောက်မှာ နေရာလေးချ ပြီးဆောက်ပေးမယ့် အစီအစဉ်လေးတော့ရှိတယ်၊ အိမ်ထောင်စုပေါင်း ၂၂ လုံးရှိတယ်၊ အိမ်ထောင်စု ၁၆ဝ လောက်ရှိတယ်၊ ကျနော်တို့အရင်တုန်းက ဆောက်ခဲ့တုန်းက အိမ်တစ်လုံးကို ၄၅ သိန်း တန်လောက်ရှိတယ်၊ သိန်း ၅ဝ တန်လည်းရှိတယ်၊ ဒါပေမဲ့ သူတို့ဆောက်တာကတော့ ခန့်မှန်းခြေ ၂၄ သိန်းလောက်လို့တော့ ထင်ပါတယ်"
အဲဒီဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေကြောင့်  နေအိမ်တွေမီးလောင် ဆုံးရှုံးခဲ့ရတဲ့သူတွေ ဖြစ်ပြီး အဲဒီကတည်းက စက်ရုံစုရပ်ကွက် အမှတ် ၃ ကယ်ဆယ်ရေးစခန်းမှာ အစိုးရက ၈ ခန်းတွဲ တဲတန်းလျားတွေနဲ့ ယာယီနေရာချ ထားပေးခဲ့တာပါ။
၂၀၁၂ ခုနှစ် ပဋိပက္ခတွေနောက်ပိုင်း ရခိုင်တိုင်းရင်းသားဒုက္ခသည်တွေကို လုံးချင်း နေအိမ်တွေနဲ့ အစိုးရက ပြန်လည်နေရာချထားပေးခဲ့ရာမှာ အခု အိမ်ထောင် စုပေါင်း ၁၇၀ ကျော်ဟာ နောက်ဆုံး ကျန်ရှိနေခဲ့တဲ့ မိသားစုတွေဖြစ်ပါတယ်။
အဲဒီဒုက္ခသည်တွေကို လာမယ့် နှစ်ဆန်းပိုင်းမှာ အပြီးနေရာချထားပေးနိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်အတွင်းကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ မှီခိုနေထိုင်ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေ ကိုတော့ ပြန်လည်နေရာချထားခြင်းမပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက မြေပုံမြို့နယ်မှာ နိုင်ငံသားရရှိထားတဲ့ မွတ်စလင်တွေနဲ့ ကျောက်ဖြူမြို့က မွတ်ဆလင် ဒုက္ခသည်တွေကို အစိုးရက ပြန်လည်နေရာချထားပေးဖို့ ကြိုးပမ်းခဲ့ရာမှာ မွတ်စလင် တွေက သူတို့ရဲ့ မူလမြေနေရာတွေ မှာ ပြန်လည်နေရာ ချထားဖို့ တောင်းဆိုခဲ့ပြီး ရခိုင် တိုင်းရင်းသား တွေဘက်က ကန့်ကွက်မှုတွေ ရှိတာကြောင့် အဲဒီအစီ အစဉ်ကို ယာယီရပ်နားထားရတယ်လို့လည်း ဝန်ကြီး ဦးလှဟန်က ပြောပါတယ်။
#RFA news

The Stunning Home Of Sunil Shetty – 14 Photos Of Style And Personality! ဘော်လီဝုဒ် နာမည်ကျော် actoin မင်းသား sunil sheety ၏အိမ်ဗိမာန်

The Stunning Home Of Sunil Shetty – 14 Photos Of Style And Personality!

Sunil Shetty, among the most popular action heroes of his day is also a proud family man. In fact his gorgeous daughter Athiya Shetty recently made her first step towards stardom with her movie Hero. The man seems to be happy and content and has invited people for the first time to take a look at his stunning holiday home in Khandala, here are some of the amazing pictures of his house that will give you major goals in life!
 

1. Standing tall with wife Mana Shetty, against the entrance to their home that has a lovely green look

merepix-1
 

2. Another view of the façade of the house, you can see the lush green lawns leading up to it and also interesting elements such as the sculpture of a lion in the garden.merepix_The-backyard-1


3. Seems the actor and his family like the less tame variety of pets! Here seen at the entrance leading up to the house are two interesting sculptures of more lions.merepix_grand-entrance


4. The lovely home has a resort like look and feel, replete with a small artificial lake and farm animals too as can be seen in the background of this photograph.merepix_-geese


5. The home also has a vintage feel, complete with old garden accessories such as oriental artefacts and sculptures of Buddha skilfully showcased amidst moss-covered walls.merepix_Buddha-idols


6. The house makes good use of its stunning location to also include quaint outdoor space to get together and entertain. This setting seems ideal for evening tea and even a late evening party!

merepix_-private-gazebo


7. The sprawling home also has a little bridge built over quaint waterways and seems like the most romantic getaway home one could possibly ask for!

merepix_Natural--Beauty
 

8. The entrance of the house makes good use of the plenty natural light that is available and is decorated in a vintage and quaint manner that houses everything the family loves.merepix_Incredible-Interiors


9. Unique masks and artefacts from their years of travel adorn the walls…merepix_The-stairways


10. The charming route leading up to the backyard has wooden panels interspersed with a pebbled walkway, interesting sculptures and plenty of greenery.merepix_backyard


11. Outside the house there are plenty of walkways and a large swimming pool that convinces the onlooker that it is has to be a resort!

merepix-_A-View-To-Die-For
 

12. Seen here is Sunil Shetty along with his wife Mana Shetty with the gorgeous blue pool, more greenery and a large Buddha sculpture in the background. Also seen are the family’s adoring dogs.merepix


13. Seen facing the pool is the rising structure of the house that is built interestingly on multiple levels.

merepix_view-of-the-pool
 

14. A parting shot of the talented actor among his many other faces!

merepix_wall-of-masks
Overall, we think the family has done a fantastic job in creating a home that looks as unique as it looks stylish and luxurious. It can truly be called a dream home and we surely enjoyed this tour through his stunning home. Hope you did too!

Obama accepted $1.3mn in gifts from Saudis in 2014: Report

Sun Nov 29, 2015 3:22PM
Saudi King Abdullah bin Abdul Aziz al-Saud presents US President Barack Obama (L) with the King Abdul Aziz Order of Merit during a bilateral meeting at the king's ranch in al-Janadriya in the outskirts of Riyadh on June 3, 2009. (AFP photo)
Saudi King Abdullah bin Abdul Aziz al-Saud presents US President Barack Obama (L) with the King Abdul Aziz Order of Merit during a bilateral meeting at the king's ranch in al-Janadriya in the outskirts of Riyadh on June 3, 2009. (AFP photo)
The former Saudi Arabian King Abdullah bin Abdulaziz Al Saud and other top officials showered the Obama family with more than $1.3 million in gifts throughout 2014, according to the US State Department.
In its annual accounting report released this week, the State Department revealed that on January 14, 2014, the American president received a “gold and silver men’s wristwatch with leather band,” valued at $18,400.
The monarch gave Obama another “white gold men’s wristwatch with leather band,” in April with a price tag of $67,000.
The president received a “48-inch gold-plated brass replica of the Mecca Clock Tower on marble base” in March with an estimated price of $57,000 – roughly matching the annual income of a median American family.
On January 14, 2014, King Abdullah, who died earlier this year at the age of 90, gave Obama’s wife a “diamond and emerald jewelry set including necklace, earrings, ring and bracelet,” costing $560,000.
The first lady received another exquisite set of the same gifts which was worth a tad higher at around $570,000.
King Abdullah did not forget Obama’s daughters, sending them a “diamond and emerald jewelry set including earrings, necklace, ring, brooch, and wristwatch,” along with a “Diamond and ruby jewelry set including earrings, necklace, ring, brooch, and wristwatch,” priced $80,000.
US President Barack Obama and first lady Michelle Obama are greeted by Saudi Arabia's King Salman (R) as they arrive at King Khalid International Airport to participate in King Abdullah’s funeral in Riyadh, January 27, 2015. (Photo by Reuters)
In 2014, Obama received about 30 bottles of wine, a staple of presidential gifting, plus one cognac valued at $615.
Later in the year, Saudi Arabia’s minister of the National Guard, Prince Miteb bin Abdullah bin Abdulaziz Al-Saud, gave the first American family an expensive set of gifts, including a 10-inch model palm tree made of silver and gold, set on a green marble base, a number of robes and “two bottles of perfume named for the King of the Kingdom of Saudi Arabia,” collectively estimated by the State Department to be worth at $39,915.
The report also hints at expensive gifts given to Obama’s aides by Saudi officials, including a $5,370 “white gold wristwatch with link bracelet” for National Security Adviser Susan Rice and several $8,170 wristwatches for her male colleagues.
Under the heading “circumstances justifying acceptance,” the report stated that “nonacceptance would cause embarrassment to donor and US government.”
US law stipulates that the president must turn over everything he gets from another world leader to the National Archives or other institutions for the purposes of storage or display. However, if he wants to keep anything, he has to pay the fair market value for it and take it with him when he leaves office.
Obama enjoys a yearly salary of $400,000 and rakes in a lot more from his books sales and investments. 
Press Tv news

Facebook တွင် ပျံ့နှံ့နေသည့် အချုပ်သားများအား နှိပ်စက်နေသော မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ နာမည်များ တူညီနေခြင်းကြောင့် ခုံရုံးဖွဲ့ စစ်ဆေးနေ

Facebook တွင် ပျံ့နှံ့နေသည့် အချုပ်သားများအား နှိပ်စက်နေသော မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ နာမည်များ တူညီနေခြင်းကြောင့် ခုံရုံးဖွဲ့ စစ်ဆေးနေ

ဖေ့စ်ဘုတ်တွင် ပျံ့နှံ့ခဲ့သော ဗီဒီယိုဖိုင်
Facebook စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် အချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်နှင့် မှတ်တမ်းများမှာ ကချင်ပြည်နယ် မိုးညှင်းအချုပ်ခန်းနှင့် ဆင်တူခြင်း၊ ပါဝင်သည့် နာမည်များ တူညီနေသည့်အတွက် ခုံရုံးဖွဲ့ပြီး စစ်ဆေးနေကြောင်း ပြည်နယ်ရဲမှူးကြီး ချစ်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ် ရဲမှူးကြီးချစ်ဦးက “အဲဒါနဲ့ ပတ်သက်ပြီး ပုံစံကြီး ၃၆ ဆိုပြီး ဖေ့စ်ဘွတ်မှာ ပလူပျံအောင် တက်လာတော့ ၀န်ကြီးချုပ်ရုံးကရော၊ ရဲချုပ်ရုံးကရော ဖြစ်စဉ်အမှန်ပေါ်ဖို့ စစ်ခိုင်းပါတယ်။ ဖားကန့်ရဲစခန်းကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အနေအထားနဲ့လည်း မတူဘူး။ တန်းစီးခင်ဇော် ဆိုတာလည်း မရှိခဲ့ဘူး။ မိုးညှင်း အချုပ်ခန်းမှာတော့ ခင်ဇော်ဆိုတဲ့ နာမည်နှင့် ရှိခဲ့တယ်။ သစ်သားအခင်းနှင့် ဗီဒီယိုဖိုင်မှာ ပါတဲ့ဟာနဲ့ ဆင်နေတယ်။ အမိုးနှင့် မဆင်ဘူး။ ထုံးအဖွေးလေးတွေလည်း ဆင်နေတယ်။ ရဲချုပ်ရုံးကတော့ ဒါနဲ့ပတ်သက်ပြီး စုံခုံဖွဲ့ပါလို့ ညွှန်ကြားလို့ မနေ့က ဖွဲ့လိုက်ပါပြီ။ မိုးကောင်းက ရဲမှူးခင်ဇော်က ဥက္ကဋ္ဌပေါ့။ ဒုရဲမှူးနှစ်ဦးနှင့် ဒီဇင်ဘာ ၄ ရက်အပြီး စစ်ဆေးဖို့ ညွှန်ကြားထားတယ်။ သူတို့ရဲ့ သုံးသပ်ချက်ပေါ် မူတည်ပြီး မှန်သည်၊ မှားသည်၊ ဆင်သည်ဆိုတာ ပေါ်လာမှာပေါ့။ ပုံစံ ၃၆ ဆိုတာ ရဲလောကမှာ မရှိပါဘူး။ ကင်မရာတွေ ဘယ်လိုရိုက်တာကအစ စိစစ်ရတော့မှာပေါ့။ တန်းစီးခင်ဇော်ကတော့ မြစ်ကြီးနား အကျဉ်းထောင်မှာ ငါးနှစ်ကျနေတယ်။ ဖားကန့်တို့ မိုးညှင်း အကျဉ်းထောင်တွေမှာက အနည်းဆုံး လူနှစ်ရာနှင့် သုံးရာကြားမှာ ရှိနေတာကိုး။ သူ့ကိုလည်း စစ်ရမှာပေါ့။ အရေးယူတဲ့ အပိုင်းမှာတော့ အများကြီးပါ။ ထမင်းချိုင့်ပို့တာ၊ သစ်သီးပို့တာတောင်မှပဲ ခွဲပြီးစစ်တာပဲ။ ဒါကို တမင်ရိုက်တဲ့ သဘောတောင် ရှိတယ်။ ဗြုန်းတာ၊ ဗြင်းတာတွေကို ရိုက်နေတာ။ အဲဒီအချိန်မှာ တာဝန်ကျသူတွေကို သေချာစွာ စစ်ဆေးရမှာပေါ့။ အားလုံးပေါ်မှ ရဲချုပ်ကို အရေးယူသင့်ကြောင်း တင်ရမှာပါ။ ဟိုးလေးတစ်ကြော်ဖြစ်တော့ အရေးယူမှုတော့ ခံရမှာပါ” ဟု ဆိုသည်။

ယင်းအချုပ်သားများကို ညှဉ်းပန်းနှိပ်စက်နေသော ဗီဒီယိုဖိုင်သည် Facebook စာမျက်နှာပေါ်၌ နိုဝင်ဘာ ၂၀ ရက်တွင် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ ယင်းဗီဒီယိုဖိုင်တွင် တန်းစီးဟု ယူဆရသူ သုံးဦးက အချုပ်သား သုံးဦးကို လက်နှစ်ဖက် ခေါင်းပေါ်တင်၊ ဒူးကွေး ဖ၀ါးထောက်ကာ ပုံစံကြီး ၃၆ ဟုဆိုပြီး အချုပ်သားများရှေ့တွင် လုပ်ခိုင်းနေခြင်း ဖြစ်သည်။ ယင်းပုံစံ မလုပ်နိုင်သည့် အချုပ်သား တစ်ဦးကိုလည်း ပါးရိုက် ထိုးကြိတ်ခြင်း၊ ခြေဖြင့် ကန်ခြင်းတို့ ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

ရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲဝန်ထမ်း တစ်ဦးက “ပုံစံ ဆိုတာကတော့ အချုပ်မှာ သုံးတယ်။ လူစစ်မယ် ခေါင်းငုံ့ပြီး ဆောင့်ကြောင့်ထိုင်ခိုင်းတယ်။ လက်ခေါင်းပေါ်တင်ပြီး ငုံ့နေရတယ်။ ၁၀ ယောက်တန်း၊ ငါးယောက်တန်း ထိုင်ရတယ်။ တန်းစီးဆိုတာ အချုပ်သား ခေါင်းဆောင်ပေါ့။ ထမင်းစား၊ သန့်ရှင်းရေး၊ အိမ်သာဆေး သူက ခိုင်းရတာပေါ့။ ဥပဒေအရ လုပ်တာ မဟုတ်ပါဘူး။ ဒီလို အဓမ္မ စစ်ဆေးတာတွေက ၂၀၀၂-၀၃ ကတည်းက မလုပ်ဖို့ ညွှန်ကြားထားတာပါ။ နောက်ပိုင်းမှာ သက်သေပဲရှာပြီး ဖော်ထုတ်ရတာပါ” ဟု ဆိုသည်။

ယင်းဗီဒီယိုဖိုင်အား အစပိုင်းတွင် ဖားကန့်ရဲစခန်းဟု Facebook စာမျက်နှာပေါ်တွင် ရေးသားခဲ့ကြသော်လည်း ဖားကန့်ရဲ စခန်းက ယင်းဖြစ်ရပ်မှာ ယင်းရဲစခန်းမှ လုံးဝမဟုတ်ကြောင်း သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
Writer: 
ထွန်းလင်းအောင် (မြစ်ကြီးနား)
Eleven Media Group news

UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု

UNECA တွင် အလံလွှင့်တင်ခြင်းဖြင့် ပါလက်စတိုင်းနိုင်ငံကို ကုလက ထပ်မံ အသိအမှတ်ပြု
နိုဝင်ဘာ ၂၉၊ ၂၀၁၅

အာဖရိကတွင် ကုလ၏ အကြီးဆုံး လက်ခွဲအဖွဲ့ဖြစ်သော အာဖရိကဆိုင်ရာ ကုလသမဂ္ဂ စီးပွားရေးကော်မရှင်အဖွဲ့ UNECA (United Nation Economic Commission for Africa: est-1958) တွင် သောကြာနေ့က ပါလက်စတိုင်းအလံကို ပထမဆုံး လွှင့်တင်ခဲ့သည်ဟု သိရသည်။
အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ် အာဘာဒါရှိ UNECA ၏ ရုံးချုပ်တွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများမှာ ကိုယ်ပိုင်နိုင်ငံ တည်ထောင်ခွင့်ရှိသည်ဆိုသော အကြောင်းအရင်းနှင့် 
ပတ်သက်၍ တစ်သားတည်းရှိကြောင်း ပြသလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါ အလံတင်အခမ်းအနားသို့ နိုင်ငံပေါင်းများစွာမှ သံတမန်များ၊ ကုလနှင့် အာဖရိကသမဂ္ဂမှ တာဝန်ရှိသူများ၊ အီသီယိုးပီးယားအစိုးရမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
“နိုင်ငံတကာ စည်းလုံးညီညွတ်ရေးနေ့ဖြစ်တဲ့ ဒီနေ့မှာ အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေ ထိုက်တန်တဲ့ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့ကို ယူဆောင်ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိက၀တ်ကို ထပ်မံ အတည်ပြုလိုက်ကြပါစို့” ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်မှ ပေးပို့သော သ၀ဏ်လွှာတွင် ဖော်ပြခဲ့သည်။

“ဒီနေ့မှာ နိုင်ငံပေါင်း ၁၃၆ နိုင်ငံစလုံးဟာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုလိုက်တဲ့နေ့ဖြစ်ပြီး သူ့ရဲ့အလံကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘေးနားမှာ လွှင့်တင်လိုက်တဲ့နေ့ပါပဲ။ ဒါပေမယ့် ဒီတိုးတက်မှုတွေကို ဂါဇာက ကလေးငယ်တွေ၊ နဘ်လုစ်၊ ဟီဘရွန်နဲ့ အရှေ့ဂျေရုစလင်က (ပါလက်စတိုင်း) ပြည်သူတွေတော့ မခံစားရဖူးပေါ့လေ”
ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ပြည်သူ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့သော ပဋိပက္ခများကို အဆုံးသတ်ရန်အတွက် အစ္စရေးနှင့် ပါလက်စတိုင်းအာဏာပိုင်များအနေဖြင့် လိုအပ်သော ညှိနှိုင်းဆွေးနွေးမှုများကို လုပ်ဆောင်သင့်သည်ဟု ဘန်က ထည့်သွင်း ပြောကြားခဲ့သည်။
အီသီယိုးပီးယားနှင့် အာဖရိကသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကလည်း အစ္စရေးစစ်တပ်က အတင်းအဓမ္မ မောင်းထုတ်မှုများ၊ ထောင်သွင်းအကျဉ်းချမှုများ စသည့် ပါလက်စတိုင်းပြည်သူများ၏ ထိခိုက်ခံစားနေရမှုများကို အဆုံးသတ်ရေး နိုင်ငံတကာအသိုင်းအ၀ိုင်းက ပုခုံးပြောင်းတာဝန်ယူရန် တိုက်တွန်းဆော်သြခဲ့သည်။
M-Media
Ref: IINA News

တ.က.သ၊ ဗ.က.သ ဥက္ကဌ ဦးရာရှစ် အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ် အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်

တ.က.သ၊ ဗ.က.သ ဥက္ကဌ ဦးရာရှစ် အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်
အတ္ထုပ္ပတ္တိ (၁၉၁၂ – ၁၉၇၈) ခုနှစ်

တ.က.သ၊ဗ.က.သ ဥက္ကဌ ဦးရာရှစ်(၁၉၁၂ – ၁၉၇၈) ခုနှစ်

အဖိုးဖြစ်သူ မစ္စတာ အဗ္ဗဒူဂဖူးရ်သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အန္ဒိယနိုင်ငံ၊ အေလာဟာဘတ် မြို့မှ ရောက်ရှိလာခဲ့သည်။ ၁၈၉၅ ခုနှစ်ခန့်တွင် သားဖြစ်သူ မစ္စတာ အမ်အေရှကူးရ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။ (၁၈၉၈-၉၉) ခုနှစ်ခန့်တွင် အဟ်မဒ်ဘေဂမ်ဆိုသူနှင့် အိန္ဒိယတွင် အိမ်ထောင်ပြုခဲ့ သည်။ မိဘများသည် ဗြိတိသျှအင်ပါယာအတွင်းတွင် ထိုစဉ်က အိန္ဒိယရော မြန်မာပါဝင် နေသောကြောင့်၊ အိန္ဒိယနှင့် မြန်မာ ကုန်ကူးသွားလာ နေထိုင်ခဲ့သည်။ သားကြီး အမ်အေရအူးရ်ဖ်ကို မြန်မာ ပြည်သို့ ပြန်ရောက် စဉ် ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရာရှစ်ကို ၁၉၁၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အေလာ ဟာဘတ်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မောင်ရာရှစ်ကလေးသည် ရန်ကုန် မြို့သို့ အသက် (၂)နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်။ သူ၏ဖခင်သည် ဒါဟိုဇီလမ်း (ယခု မဟာဗန္ဓုလ လမ်း) တွင် ဆိုင်ဖွင့်ခဲ့သည်။ မြန်မာပြည်သို့ ဓါတ်စက် ပထမဦးဆုံး တင်သွင်းရောင်းချခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲသော ကော်မတီတွင် ကိုရာရှစ် ပါဝင်ပြီး၊ သမဂ္ဂဖွဲ့စည်းပုံကို အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်သမဂ္ဂများ၏ ဖွဲ့စည်းပုံကို အခြေခံ၍ ရေးဆွဲခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖြစ် ကိုကျော်ခင်၊ ဒုဥက္ကဌအဖြစ် ကိုဖိုးကူးနှင့် အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ် ကျောင်းသား သမဂ္ဂတွင် ကိုနု ဥက္ကဌ၊ ကိုရာရှစ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ရွေးချယ်ခဲ့သော ကျောင်းသားသမဂ္ဂတွင် ဥက္ကဌအဖြစ် ကိုရာရှစ်၊ အတွင်းရေးမှူး ကိုအောင်ဆန်း တို့ကို ရွေးချယ်ခဲ့သည်။ တဆက်တည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှာလည်း ဥက္ကဌ အဖြစ် ကိုရာရှစ်ကို တင်မြောက်ခဲ့သည်။ တက္ကသိုလ်ကောင်စီတွင်လည်း ပထမဆုံးသော ကျောင်းသား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ညီလာခံတွင် ကိုရာရှစ်ကို ဥက္ကဌ အဖြစ်လည်းကောင်း၊ ကိုဘရှင် (နောင်ဗိုလ်မှူးဗရှင်)ကို အတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ရှေ့နေ အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ (၁၉၅၂-၅၄) ခုနှစ်များတွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူးထောင်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၄-၅၆) ခုနှစ်များတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၆-၅၈) ခုနှစ်များတွင် သတ္တုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စီမံကိန်း ၀န်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
၁၉၆၀ ခုနှစ်မှစ၍ ၁၉၇၄ ခုနှစ်အထိ ဗမာမွတ်စလင်မ်အဖွဲ့ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ခုနှစ်များတွင် ဦးနုသည် ဦးအာရှစ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် စေလွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း ဦးရာရှစ်က ငြင်းပယ်ခဲ့သည်။ ဦးသန့်ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသည့် အိုင်အယ်လ်အို ညီလာခံကြီးတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ (၆)နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ် (၁၈)လကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်မ် အဖွဲ့ချုပ်၏ မွတ်စလင်မ် လူနည်းစု ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် သောကြာနေ့တွင် ဆီးကြိတ်ကင်ဆာရောဂါဖြင့် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကွယ်လွန်ခဲ့သည်။ အုတ်ဂူတွင် ‘Raschid of Burma’ ဟု ဖေါ်ပြထားပါသည်။

ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) တင်ပြသည်။

ဒေါက်တာ အေးချမ်းဆိုသူ ဖက်ဆစ်တစ်ဦး ဖတ်ရန် နိုဘယ်လ်ဆုရှင် အမာတ္တယာဆဲန်ကို ထမင်းငတ်သူလို့ ရခိုင်တွေ အရင်စွပ်စွဲပြပါ



ဒေါက်တာ အေးချမ်းဆိုသူ ဖက်ဆစ်တစ်ဦး ဖတ်ရန် နိုဘယ်လ်ဆုရှင် အမာတ္တယာဆဲန်ကို ထမင်းငတ်သူလို့ ရခိုင်တွေ အရင်စွပ်စွဲပြပါ
=====================================================
ဗုဒ္ဓဘာသာဝင်စစ်စစ် မျိုးနွယ်ကနေ ပေါက်ဖွားလာသူ၊ အမေရိကန် ပီအိပ်ခ်ျဒီ ဒေါက်တြာ ဖစ်တဲ့မန္တလေးသား ဒေါက်တာဇာနည်ကို တစ်နေရာမယ် ရခိုင်သားတစ်ယောက်က " ဒေါက်တာဇာနည် ခင်ဗျားစားရေးသောက်ရေးအတွက် ရိုဟင်ဂျာကိစ္စပြောဆိုနေတာ ရပ် လိုက်ပါ " ဆိုတဲ့ သဘော မျိုး လာပြောတာကို ခုနလေးတင် တွေ့လိုက်မိလို့ ဒါလေး ရေး တင်မိတာပါ။
ဒေါက်တာဇာနည်ဟာ ငတ်ပြတ်နေသူလို့ထင်ပြီး မိမိကြီးပြင်းခဲ့ရာ ၀န်းကျင်နဲ့ တိုင်းထွာပြီး ဒါမျိုးစော်ကားလာသူ ကိုရွှေရခိုင်ကို ပြောချင်တာက ဒီလိုပါခင်ဗျာ။ ရိုဟင်ဂျာတွေရဲ့ သ မိုင်း ဖြစ်ရပ်မှန်တွေကို အမှန်အတိုင်းပြောခဲ့ဆိုခဲ့လို့ ဗုဒ္ဓဘာသာသစ္စာဖောက်အဖြစ်၊ ထမင်း ငတ်နေသူ အဖြစ် ဒေါက်တာဇာနည်ဆိုသူကို ပုံဖော်ဖို့ ကြိုးစားမယ်ဆိုရင် ခင်ဗျားလိုလူ စားတွေကို တစ်ခု ထောက်ပြပါရစေခင်ဗျာ။
ဒေါက်တာဇာနည်ထက် ပိုလူသိများတဲ့ နောက် ထပ် ဗုဒ္ဓဘာသာဝင် တစ်ဦးကို ထမင်းငတ် နေသူအဖြစ်ဒါမျိုး စွပ်စွဲပြော ဆိုရဲတဲ့ သတ္တိ ခင်ဗျားတို့မှာ ရှိပါသလား။ ဘာလဲ ကိုယ့် နိုင်ငံသားအချင်းချင်းမို့သာ ပြောရဲပြီး ကမ္ဘာကို ထွက်မပြော ရဲတာပါလား။ ဖြေကြည့် ပါ။ ခင်ဗျားတို့မှာ ဒီလို ထွက်ပြီး စွပ်စွဲရဲတဲ့ သတ္တိ နဲ့ ပညာရှိနေပြီဆိုရင် အဲ့ဒီ ဗုဒ္ဓဘာသာဝင် ကို သစ္စာဖောက်လို့ ကမ္ဘာသိအောင် ထွက်ပြီး စွပ်စွဲပြကြပါလို့ ပြောချင်တယ်။ ဒါကတော့ ကမ္ဘာက လေးစားရတဲ့ နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာတ္တယာဆဲန်(Amartya Sen)ပါ ပဲ။ ခင်ဗျားတို့ စွပ်စွဲ ပြောဆိုတာပြီးရင် သူကလည်း ခင်ဗျားတို့ ကို တစ်ခုခုတော့ တုန့်ပြန် မှာပါ။
ဒေါက်တာ အမာတ္တယာဆဲန် ဆိုတာဟာ ၁၉၉၈ ခုနှစ်အတွက် ဘောဂဗေဒပညာရပ်အ တွက် နိုဘယ်လ်ဆုကို ဆွတ်ခူးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ အိန္ဒိယ ရဲ့ အမြင့်ဆုံး ဆုတံဆိပ်တစ်ခုဖြစ်တဲ့ " Bharat Ratna ( ဘာရတ် ရတနာ) ခေါ် "အိန္ဒိယနိုင် ငံရဲ့ ရတနာ တစ်ပါး " ဆိုတဲ့ဆုကိုလည်း ရရှိပြီး အသိအမှတ်ပြုခဲ့ရသူတစ်ဦးပါပဲ။ သူဟာ ခင်ဗျားတို့ နှိမ်ခေါ်နေကြတဲ့ ဘင်္ဂလီလူမျိုးပါပဲ။ သို့သော် ခင်ဗျားတို့ ရခိုင်လူမျိုး များ တစ်ခါ မှတောင် အိပ်မက်မမက်နိုင်သေးတဲ့ ပညာရပ်ဆိုင်ရာ ကမ္ဘာ့အဆင့် နိုဘယ်လ်ဆု တစ်ခု ကို အဆင့်အတန်းမီမီအရယူပြနိုင်ခဲ့တဲ့ ကမ္ဘာက လေးစားရတဲ့ ပညာရှင်ကြီး တစ်ဦးပါ။ သို့ပေမဲ့ သူဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးလည်း ဖြစ်တာ အမှန်ပါပဲ။ သူဟာ ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တာမို့ သူဟာ ဘယ်သို့ မြင့်မြတ်လှသူဖြစ်ကြောင်း မြန်မာမာစာနယ်ဇင်းတွေ အဲ့ ဒီအချိန်တုန်းက ၀ိုင်းဝန်းမြှောက်ပင့်ရေးသားခဲ့ကြတာကို ခုထိမှတ်မိနေပါသေးတယ်။
အဲ့ဒီ ဒေါက်တာ အမာတ္တယာဆဲန်ကပဲ အမေရိကန်နိုင်ငံက ကမ္ဘာသိ ဟားဗတ်တက္ကသိုလ် မှာ ပြုလုပ်တဲ့ ညီလာခံကြီး တစ်ခုမှာ ပြောသွားခဲ့ဘူးတဲ့ စကားတွေ ရှိပါတယ်။ အဲ့ဒါတွေကို လူကြီးမင်းတို့ သိကြပါသလား။ သူကိုယ်တိုင် ဘင်္ဂလီ လူမျိုးဖြစ်တဲ့ အမာတ္တယာဆဲန်က က ပြောသွားခဲ့တဲ့ ထင်ရှားတဲ့စကားတွေထဲမှာ ယနေ့ထိ မှတ်မှတ်ထင်ထင်ရှိနေတဲ့ စကား ထဲက က တချို့ကတော့ ..............
၁။ခင်ဗျားတို့ အခုစွပ်စွဲနေကြသလို မြန်မာနိုင်ငံက ရိုဟင်ဂျာလူမျိုးတွေဟာ သူ့လူမျိုးဖြစ်တဲ့ ဘင်္ဂါလီတွေ မဟုတ်ဘူးလို့ ပြောထားခဲ့ပါတယ်။
၂၊ ရိုဟင်ဂျာလူမျိုးတွေဟာ ယနေ့မြန်မာပြည်ဆိုတဲ့ တိုင်းပြည်ကို သူတို့ဖာသာ သွားခဲ့ကြ တာမဟုတ်ဘဲ သူတို့ရှိနေခဲ့ တဲ့ လွတ်လပ်တဲ့ ရခိုင်ပြည်က မေယုဒေသ တို့ မြောက်ဦးေ ဒသတို့ ကို ဗမာတွေကသာ အရောက် လာခဲ့ကြ တာ ဖြစ် ကြောင်း တရားဝင်ပြောကြားခဲ့ ပါတယ်။
( ရခိုင်ပြည်ရဲ့ တိုင်းရင်းသားတွေအဖြစ် အစဉ်အဆက်တည်ရှိခဲ့တဲ့ မေယုဒေသသား ရိုဟင် ဂျာတွေ အပါအ၀င် အားလုံးနေထိုင်နေတဲ့ ရခိုင်ပြည်ကို ခရစ်သက္ကရစ် ၁၇၈၅ ခုနှစ်၊ ဇန်န၀ါ ရီလ ၂ရက်နေ့မှာ့ ကုန်းဘောင် မင်းဆက် စတင်ထူထောင်ခဲ့သူ အလောင်းဘုရား ရဲ့ လေးယောက်မြောက်သားတော် နဲ့ ရွှေဘိုကုန်းဘောင်မင်းဆက်ရဲ့ စတုတ္ထမြောက်ဘုရင် ဘိုးတော်ဦးဝိုင်း လက်ထက်မှာ ဘိုးတော်ဦးဝိုင်းရဲ့ သားတော်ကြီး သတိုးမင်းစော ( နောင် ဘကြီးတော်ဘု ရားဟု အမည်တွင်သူက စစ်သူကြီးပြုပြီး ) က တရားဝင်သိမ်းပိုက်ခဲ့တဲ့ သမိုင်းဖြစ်ရပ်ကို ကိုးကားပြီး ဒေါက်တာ အမာတ္တယာဆဲန် က ပြောသွားခဲ့တာဖြစ်ပါတယ်။)
၃။ ရိုဟင်ဂျာလူမျိုးတွေဟာ အခုသူတို့နေနေတဲ့ နေရာမှာပဲ ရာစုနှစ်ပေါင်းများစွာနေထိုင်လာ ခဲ့သူတွေဖြစ်ကြောင်းနဲ့ ဘင်္ဂလီတွေ မဟုတ်ကြောင်း ကမ္ဘာသိ နိုဘယ်လ်ဆုရှင် ဘင်္ဂါလီ လူမျိုး ဗုဒ္ဓဘာသာဝင်လည်းဖြစ်သူ ဒေါက်တာအမာတ္တယာဆဲန်က ကမ္ဘာသိပြောကြားခဲ့ပါ တယ်။ မည်သည့် နိုဘယ်လ်ဆုရှင်များကမျှ စောဒနာမ၀င်သလို ဒေါက်တာအေးချမ်းဆို သူ ကဲ့သို့ မထင်မရှားမည်သည့်သမိုင်းပညာရှင်ဆိုသူကမျှလည်း စောကြောခဲ့ခြင်းမရှိခဲ့ကြောင်း မှတ်သား မိခဲ့ပါသည်။ ယနေ့ ဒေါက်တာအေးချမ်းဆိုသူပြောနေသလို မည်သည့် ဘင်္ဂါလီဘ ယာကြော် ကုလားက ရေးခဲ့မှန်းမသိသည့် မည်သူကမှလည်း မသိသည့် စာအုပ်အပေါ် ကိုး ကားပြောဆိုနေခြင်းလည်း မဟုတ်ကြောင်း သိစေအပ်ပါသည်။
ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင် ကမ္ဘာသိပညာရှင်စစ်စစ်ဖြစ်တဲ့ နိုဘယ်လ်ဆုရှင် ဒေါက်တာ အမာ တ္တယာဆဲန် ရဲ့ ပြောကြားချက်တွေကိုပဲ အရင်ချေဖျက်ကြည့်ပါဦး မြန်မာပြည်မှ ဖက်ဆစ် သမိုင်းဆရာဆိုသူ လူ့ကောက်ကျစ်များခင်ဗျာ။
မန္တလေးသား ဒေါက်တာဇာနည် ကို နောက် မှ အပုပ်ချကြတာပေါ့။ လောလောဆည် ခင်ဗျားတို့ မုန်းတဲ့ ဘင်္ဂါလီလည်းဖြစ်၊ ခင်ဗျားတို့ ချစ်တဲ့ ဗုဒ္ဓဘာသာစစ်စစ်လည်း ဖြစ်၊ ရိုဟင်ဂျာဟာ ခင်ဗျားတို့ စွပ်စွဲနေသလို ဘင်္ဂါလီလူမျိုး လည်း လုံးဝမဟုတ်ပါဘူးလို့ ကမ္ဘာသိ ထပ်ကာထပ်ကာပြောကြားထားတဲ့ နိုဘယ်လ် ဆုရှင် ဒေါက်တာအမာတ္တယာဆဲန် ကို ထမင်းငတ်လို့ ပြောနေတယ် ဘာညာနဲ့ အရင် ရှုတ်ချတာတွေ ဘာတွေကို မြင်ချင်ပါတယ်။
ဘောရှိရင် လုပ်ပြပါခင်ဗျာ။ ကျေးဇူးတင်ပါ တယ်။

မိမိ၏ဆန္ဒအမှန် (သူရဦးရွှေမန်း)

သူရဦးရွှေမန်းက မကြာသေးမီအချိန်ပိုင်းကပင် သူ၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် “မိမိ၏ဆန္ဒအမှန်”ဟုခေါင်းစဉ်တပ်ကာ ပြည်သူများကို တိုင်တည်၍ စာပိုဒ် ၇ပိုဒ်ပါ ထုတ်ပြန်ချက်တစ်စောင် တင်ခဲ့သည်။
ထိုထုတ်ပြန်ချက်တွင် လွှတ်တော်ကို ဒီမိုကရေစီနှင့်အညီ အသက်ဝင်အောင် ဆောင်ရွက်ခဲ့ချိန်မှစ၍အခက်အခဲများကြုံတွေ့ခဲ့ပြီး နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်ဟု ရေးသားထားသည်။
ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြည်သူအတွက် ဘဝပေး၍ ဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ၎င်းကြောင့် ပြည်သူများ ဒုက္ခ၊အခက်အခဲ မတွေ့စေရန်နှင့် ပြသနာများမဖြစ်စေရန် သတိနှင့် ယှဉ်ကာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုအချက်ကို သစ္စာပြုထားကြောင်းဖော်ပြထားသည်။
သူရဦးရွှေမန်း၏ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook
မိမိ၏ဆန္ဒအမှန်
------------------
❖ နိုင်ငံနှင့် နိုင်ငံသားများ အကျိုးစီးပွားဖြစ်ထွန်းရေးသာ အဓိကဦးတည်ဆောင်ရွက်ရန်မှာ မိမိ၏ဆန္ဒအမှန် ဖြစ်သည်။
❖ နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ။
❖ ထိုစိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်ရာတွင် အခက်အခဲ၊ အကျပ်အတည်း၊ အတားအဆီးများစွာ ရှိနိုင်သည်ကို မိမိသိရှိထားပါသည်။
❖ မိမိအနေဖြင့်လည်း အသက်အရွယ်ရရှိလာပြီဖြစ်၍ လုပ်ဆောင်ရန် အချိန်များစွာ မကျန်တော့ပါ။ ကံအားလျော်စွာ ပြည်သူ့ကိုယ်စားလှယ်၊ လွှတ်တော်ဥက္ကဌအဖြစ် ရောက်ရှိလာချိန်တွင် ပြည်သူအတွက် လုပ်ဆောင်ရန် အခွင့်အလမ်း ပိုမိုရရှိခဲ့ပါသည်။
❖ လက်ညှိုးထောင်ခေါင်းညိတ် (မည်ကာမတ္တ လွှတ်တော်မျိုး)ကိုသာ တစ်ချို့က ဖြစ်စေလိုချိန်တွင် မိမိတို့က လွှတ်တော်သည် နိုင်ငံ၏ အသက်ဝိညာဉ်၊ အသက်သွေးကြောဖြစ်ကာ "လွှတ်တော်မရှိ ဒီမိုကရေစီ မရှိ၊ လွှတ်တော်ရှိမှ ဒီမိုကရေစီရှိသည်" ဟုခံယူပြီး ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ အခက်အခဲများစွာ ကြုံတွေ့လာရပါသည်။
❖ နောင်တွင် အခက်အခဲထက် အန္တရာယ်များစွာ ကျရောက်လာအောင် ဖန်တီးလုပ်ဆောင်မှုများ ပေါ်ပေါက်လာနိုင်မည်ဟုလည်း ကြိုတင်သုံးသပ်မိခဲ့ပါသည်။
❖ ပြည်သူ့ကိုယ်စားလှယ်အဖြစ် တာဝန်ရှိလာသည့် (၅)နှစ်တာကာလအတွင်း ပြည်သူ့အတွက် ဘ၀ပေး၍ လုပ်ဆောင်သွားမည်ဟုလည်း အကြိမ်ကြိမ် မိမိကိုယ်မိမိ ကတိသစ္စာပြုကာ အားပေးခဲ့ပါသည်။
❖ ထိုသို့ဆောင်ရွက်ရာတွင် မိမိကြောင့် အများပြည်သူများ ဒုက္ခမတွေ့စေရ၊ အခက်အခဲမတွေ့စေရ၊ ပြသနာများမဖြစ်စေရအောင် သတိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ( "ပြည်သူအားလုံး" ဆိုသည်မှာ "အားလုံးသောနိုင်ငံသားများ" ကို သစ္စာပြုထားခြင်း ဖြစ်ပါသည်။)
အများအကျိုးဆောင်ရွက်နိုင်ကြပါစေ..။
သူရဦးရွှေမန်း