Tuesday, December 13, 2016

ဖုန်းနံပါတ် ဟက်နည်း

📱ဖုန်းနံပါတ် ဟက်နည်း📱


ကောင်မလေးတွေရဲ့ ဖုန်းနံပါတ်တွေကို လိုချင်ကြတယ်မဟုတ်လား။ နည်းမျိုးစုံ ကြိုးပမ်းခဲ့တာလည်း ရှိချင်ရှိမယ်။ ပိုက်ဆံလည်း အကုန်အကျခံခဲ့တာ ရှိမယ်နော်။ မပူကြပါနဲ့။ 

လွယ်လွယ်လေးနဲ့ ဖုန်းနံပါတ် Hack နည်း သင်ပေးပါမယ်။ သင်္ချာ ပရိယာယ်သုံးတာနော်။ ဦးနှောက်ခြောက်လိုက်တာနော်။  ဂဏာန်းပေါင်းစက် (Calculator) တစ်လုံးဆိုရင်တော်ပြီ။ သီခြားဝယ်စရာ မလိုဘူး၊ ဖုန်းမှာ အသင့်ရှိပြီးသာ မဟုတ်လား။ ကဲ… လိုချင်တဲ့ ဖုန်းနံပါတ်ပိုင်ရှင်ကို ပြောလိုက်။ “မင်းမွေးသက္ကရာဇ်ကို ငါတွက်ပြနိုင်တယ်" လို့ပြော။

သူသဘောတူရင် အောက်ဖော်ပြတဲ့ အဆင့် တွေကို လုပ်တော့။ ဦးစွာ သူ့ကို ဖုန်းထဲကနေ ပေါင်းစက်ဖွင့်ပေးပြီး ဖုန်းပေးလိုက်။ သင်တစ်ဖက်ကိုလှည့်နေ။ ပြောသည့်အတိုင်း လိုက်လုပ်လို့ ပြောလိုက်။ ပြီးတော့… အဆင့်တွေကို လုပ်ခိုင်း။
အဆင့် (၁) ☞ ဖုန်းနံပါတ်က တိုင်းပြည်ကုဒ် ၂လုံး (09*********) ‘၀၉’ ကို ပယ်ပြီး အစ       4လုံး ရေးခိုင်းပါ။ 

အဆင့် (၂) ☞ တစ်ဆက်တည်း  နောက်ဆုံးတွင် သုည ၁ လုံး ကပ်ရေး။

အဆင့် (၃) ☞ ဖြစ်လာတဲ့ ဂဏန်းကို ၈၀ နဲ့ မြောက်ပါ။

အဆင့် (၄) ☞ ရလာတဲ့အဖြေမှာ ၁ ကိုပေါင်းပါ။

အဆင့် (၅) ☞ ပြီးတော့ 250 နဲ့မြှောက်ပါ။

အဆင့် (၆) ☞ နောက်ဆုံး ဖုန်းနံပါတ် 5 လုံးကို ထည့် ပေါင်းပါ။ (ဥပမာ- *******64321)

အဆင့် (၇) ☞ အဆင့် ၆ ကို တစ်ခါထပ်ပေါင်းပါ။

အဆင့် (၈) ☞ ရလာတဲ့ အဖြေမှ ၂၅၀ ကိုနုတ်ပါ။

အဆင့် (၉) ☞ ရလဒ်ကို ၂ နဲ့ စားပါ။

ပြီးရင် ရလဒ်အဖြေကို သင့်ဖုန်းမှာ မှတ်ပါ။ ဒါလောက်ဆို သူ့နံပါတ်ရသွားပါပြီ။ 
📌 [{(***0×80)+1}250+(*****+*****)-250}÷2]= ဖုန်းနံပါတ်
 မှတ်ချက်  ✒ ကြယ်ပွင့် (*) ဟာ ဖုန်းနံပါတ်မှ ရှေ့နောက် ဂဏန်းတွေ ဖြစ်ပါတယ်။

သူ့ကို မွေးသက္ကရာဇ် ရှင်းပြလိုက်ပါ။ သူက လက်ခံမှာ မဟုတ်ဘူး။ မှားတယ်ဆိုပြီး သူငြင်းမယ်။ လိမ်နေတာကိုး ဆိုပြီး မင်းလဲ ငြင်းလိုက်ပေါ့။ အဲဒါ မွေးသက္ကရာဇ် မဟုတ်တာ မင်းသိပြီးသာ၊ ဖုန်းနံပါတ်လေ…ဟား…ဟား။ 

လုပ်ကြည့်လိုက်၊ အဆင်ပြေမှာပါ။ 

No comments:

Post a Comment