Tuesday, February 14, 2017

ဖောကီရ် မော်လဝီ - ဘုန်းထူးဂုဏ်ထူးပုဂ္ဂိုလ်


ဖောကီရ် မော်လဝီဟု ယူဆရသောပုံ

ဖောကီရ် မော်လဝီ (၁၈၈၂ ခု - ၁၉၅၉ ခု)

ရေးသူ📜    လူထုဝဏ္ဏ

ဖောကီရ် မလဝီ၏ အမည်ရင်းမှာ အဗ္ဗဒူဂျော်ဘ္ဘာရ် ဖြစ်သည်။ ဖော်အီရ် မော်လိုအီ[ရမသွေ့]ဆာပ် အမည်ဖြင့် ကျော်ကြားသည်။ ဖခင်မှာ အလီအဟ်မတ်မျာဂျီဖြစ်ပြီး ၁၈၈၂ ခု/ ဟီဂျိရီ ၁၃၀၀ ခုနှစ်တွင် မောင်တောမြောက်ပိုင်းရှိ ဆားဒုလ္လာစ္စော်ရ် (ကြက်ကျိန်း) ရွာ၌ ဖွားမြင်သန့်စင်ခဲ့သည်။ သခင်၏ မျိုးရိုးမှာ ပညာကိုချစ်မြတ်နိုးကြသည်။ သခင်၏ မယ်တော်မှာ အလွန်သဘောထားရိုးပြီး ဘာသာတရားကိုင်းရှိုင်းသည်။ အလ္လာဟ်ရှင်၏ အမိန့်တော်အား ကြောက်ချစ်ခြင်း မာလနှင့် တင့်တယ်နေ၏။ တစ်ကိုယ်ကောင်းဆန်မှုနှင့် အခွင့်ကောင်း ရယူမှုကို ဝေးဝေး ရှောင်လေ့ရှိသည်။ သခင်သည် ငယ်စဉ်ကပင် စာတော်သည်။ ယဉ်ကျေး လိမ္မာသည်။ ပျံ့ပျူးနုညံ့မှု၊ မိမိကိုယ့်ကိုနိုမ့်ချမှု စသည့် ဂါရဝတရား၊ နိဝါတတရားတို့ဖြင့် ဝလီသူတော်စင်ဂုဏ်ပုဒ်သည် နဖူးပေါ် ထင်ဟပ်နေ၏။ ဒါရုလ်အူလုမ် မုဟ်ဆေနီယာကျောင်းတွင် အခြေခံပညာ သင်ယူပြီး အဆင့်မြင့် ပညာ သင်ယူရန် အိန္ဒိယနိုင်ငံသို့ ခရီးဆက်ခဲ့သည်။ 

ဘွဲ့နှင့် ဟေလာဖော့တ်

သခင်သည် အခြေခံပညာကို မြန်မာပြည်တွင်း၌ သင်ယူခဲ့ပြီး အိန္ဒိယနိုင်ငံ၊ ယူပီ၊ ဒီယောဗောန် အာရဗီတက္ကသိုလ်၌ အဆင့်မြင့်ပညာ တက်ရောက်သင်ယူသည်။ ယင်းကာလတွင် ဒီယောဗောန်၌ ရှေ့ခ်အုလ် ဟီးန္ဒ် (ရမသွေ့)၊ အလ္လာမာ အနိုဝါရ်ရှား ကခ်ျမီရီ (ရမသွေ)၊ မော်လာနာ ဆော်ယောတ်ဟူစိန်အဟ်မတ် မဒ်နီ (ရမသွေ့)၊ ရှေဘ္ဗီရ် အဟ်မတ် အုစ်မာနီ (ရမသွေ့)၊ အစ်ဂေါ်ရ် ဟူစိန် ဒီယောဗောန်ဒီ (ရမသွေ့) ကဲ့သို့ နေရောင် လရောင်ပမာ တောက်ပခဲ့သော သူတော်စင် ပညာရှိတို့၏ ခေတ်ကာလဖြစ်သည်။ 

သခင်သည် ၁၉၁၆ ခုခန့်တွင် ဖာဇေလ် ဘွဲ့ရပြီးနောက် ပီရ်ပညာကို သမိုင်းနှင့် ဟာဒီးစ် ပါမောက္ခ အစ်ဂေါ်ရ် ဟူစိန် ဒီယောဗောန်ဒီ (ရမသွေ)(ခေါ်) မီယာဆာပ်ထံမှ ဆက်လက် ချဉ်းကပ် ဆည်းပူးခဲ့သည်။ အစ်ဂေါ်ရ် ဟူစိန် သည် ရှားအဗ္ဗဒုလ္လာ(ခ) မီယာဂျီ မိုနာရှား (ရမသွေ)၏ တပည့်တော်တစ်ပါးဖြစ်သည်။ (မွတ်စလင် ပုဂ္ဂိုလ်ထူး ၄၀ ကျမ်း၊ အတွဲ ၁၊ စာမျက်နှာ ၁၄၄)

သခင်သည် ဆရာတော် မီယာဆာပ် ထံမှ ပီရ်ပညာသင်ယူပြီး စလုခ် အဆင့်အရယူရန် အားထုတ်နေသည်။ ဆရာတော် ရဟမသွသည် သခင်၏ အနာဂတ်တွင် ဘုန်းကြွယ်တန်ခိုး ဣဒိပါဒ်ကြီးနိုင်မည့် စရိုက် လက္ခဏာကို မြင်ပြီး အချိန်တိုအတွင်း ဟောလာဖော်တ် တာဝန်ကို အပ်နှင်းလိုက်ပြီး ဗိုင်အီတ် လုပ်ရန် ခွင့်ပြုလိုက်သည်။ သခင်သည် ပညာသင်ယူပြီး အမိမြေသို့ ပြန်လှမ်းလာခဲ့သည်။ 

မိမိနေရပ်ဇာတိမြေသို့ရောက်ပြီး ဦးစွာ ဘဝဖော်ကြင်ရာအဖြစ် ဘထွေး၏ သမီးကို ရွေးချယ်ကာ လက်ထပ် ထိမ်းမြှားခဲ့သည်။ ထို့နောက် ယခင် အိန္ဒိယ အပိုင် ကောစ်ဘာဇား မြိုအနီး ကုရုခ်ျကူလ် ရွာ၌ ကျောင်း တစ်ကျောင်း တည်ထောင်ခဲ့သည်။ ထိုကျောင်းတွင် တစ်နှစ်တိုင်တိုင် ပညာသင်ပြပြီး ပန်းဝါမြို့၊ ဂေါဇ်ဇော်နီယားရွာ၌ နောက်ထပ်ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းတွင် နှစ်ပေါင်းများစွာ ပညာသင်ကြားရင်း သာသနာ့ တာဝန်ကျေပွန်ခဲ့သည်။ 

အဟ်မဒီယာ ကျောင်း၏ ဂိတ်မုခ်ဝ| ပုံ-မေယုအာလီ

အဟ်မဒီယာ ကျောင်း၏ ဟူဇူရ် ဟာနား အဆောက်အဦ| ပုံ- မေယုအာလီ

ထိုနောက် သခင်သည် ဗမာပြည်သို့ ပြန်ရောက်လာပြီ မိမိဇာတိမြေဖြစ်သော ဆာဒုလ္လာဆောရ် (ယခု ကြက်ကျိန်း)ရွာ၌ ၁၉၂၆ ခု တွင် အဟ်မဒီယာ အမည်ဖြင့် အာရဗီကျောင်းတစ်ကျောင်း ထပ်မံထူထောင်ခဲ့သည်။ ကျေးဇူးရှင်ဖခင် အလီအဟ်မတ်ကို အစွဲပြု၍ “အဟ်မဒီယာ”ဟု အမည်တွင်ခြင်းဖြစ်သည်။ ထိုကျောင်းသည် နောင် အာရကန်ပြည်၌ ကျော်ကြားသော တက္ကသိုလ်တစ်ခုဖြစ်လာပြီး သိန်းနဲ့ချီသော သာသနာ့ ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့သည်။ အဟ်မဒီယာကျောင်း ထူထောင်ခဲ့သော ခုနှစ်မှာ ၁၉၁၉ ခုဟုလည်း အဆိုခွဲ ရှိသည်။ ထိုကျောင်းကြီးနှင့် ပတ်သက်၍ “သစ်ကာရာ အေ အာရ်ကာန်" {အာရကန် စကားဝိုင်း} သမိုင်းစာအုပ်၊ စာမျက်နှာ ၁၅၅ တွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသည်။ ကျောင်း၏ အနီးတွင် သခင် တရားကျင့်သည့် ကျောင်းသင်္ခမ်း တစ်ခုလည်းရှိသည်။ သခင်သည် မိမိဘဝတစ်ခုလုံးတွင် ကျောင်းပေါင်း ၈ ကျောင်းကို တည်ထောင်ခဲ့သည်။

အဟ်မဒီယာ ကျောင်း၏ ကန်တော်ကြီး မြောက်ဘက်ပိုင်း| ပုံ-မေယုအာလီ

အဟ်မဒီယာ ကျောင်း၏ ကန်တော်ကြီး တောင်ဘက်ပိုင်း| ပုံ-မေယုအာလီ


ယဉ်ကျေးသော လူ့ဘောင်ဖန်တီးရေး အားထုတ်မှု  

သခင်သည် မိမိသက်တော်အတွင်း မိမိ အမျိုးသည် သာသနာ့ဘောင်အတွင်း ယဉ်ကျေးသိမ့်မွှေသော လူ့ဘောင်အဖွဲ့အစည်း ဖြစ်လာအောင် ဦးဆောင်လှုပ်ရှားခဲ့သူ တစ်ဦးလည်းဖြစ်သည်။  

(က) အာရကန်ပြည်တွင် ယခင်က ပါန်ဂျောခါနာ (ဂျုမာဟ်နုမာဇ် ဝတ်မပြုသော ဝတ်ပြုကျောင်းငယ်)များ နေရာတိုင်းတွေ့ရသည်။ သို့သော် ထို ပန်ဂျာခါနာတို့တွင် ဂျူမား နုမာဇ် ဝတ်ပြုခြင်း ဓလေ့မရှိကြချေ။ ပါန်ဂျာခါနာများစွာတွင် ဂျာမာအာတ်နှင့်အတူ နုမာဇ် ဝတ်ပြုခြင်းလည်းမရှိချေ။ အများအားဖြင့် ကိုယ်စီကိုယ်စီ နုမာဇ်ဝတ်ပြုကြသည်။ သခင်သည် ရှေးအယူအဆကို ပယ်ပျက်ပြီး အစ္စလာမ် ထုံးနည်းဓလေ့နှင့်အညီ  ပါန်ဂျာခါနာတိုင်းတွင် ဂျမာအာတ်နဲ့အတူ နုမာဇ်ဝတ်ပြုရန် တိုက်တွန်းနိုးဆော်ခဲ့သည်။

(ခ) ဗလီတိုင်းတွင် အပေါ့အလေးသန့်စင်ခန်းများ ပြုလုပ်စေခဲ့သည်။ အင်္ဂလိပ်တို့၏ ယဉ်ကျေးမှုခေတ်စားနေသောအချိန်တွင် တမန်တော်မြတ်၏ စွနွတ်တော်များဖြစ်သည့် ဒေ့လာ (အပေါ့အလေးတွင် အသုံးပြုသော မြေစိုင်ခဲ) နှင့် မျက်နှာသစ်ရာတွင် တံပူး (မစ္စဝါက်)သုံး၍ သွားတိုက် သန့်စင်သော ဓလေ့ကို ကျင့်စေခဲ့သည်။ 

(ဂ) ထိုခေတ်တွင် အလွန်အကြူးပျော်ပွဲရွှင်ပွဲ လိုက်စားခြင်း ခေတ်စားခဲ့သည်။ ဆံပင်ရှည်ထားခြင်း၊ လသာသောညတွင် မြေဝိုင်းပျော်ဖြေပွဲများ ကျင်းပခြင်းသည်လည်း နေ့စဉ်ဝတ္တရားပမာ ဖြစ်လာခဲ့သည်။ ထိုပျော်ပါးလွင့်စားမှုကြောင့် နုမာဇ်ဝတ်ပြုခြင်းကို ဝန်လေးခြင်း၊ သာသနာ့ဝတ္တရားများကို မေ့လျော့နေခြင်း စသည်တို့မှာ အချိန်နှင့် တစ်ပြေးညီး  အများအပြားပျံ့နှံ့လာခဲ့သည်။ သခင်သည် ဈေး၌ လူသူရှေ့ ဆံပင်ရှည်ထားသော လူပျိုတို့ကို ကိုယ်တိုင် ကတ်ကြေးဖြင့် အတင်း ဆံပင်ညှပ်ပေးခြင်း၊ ညအချိန် ကခုန်ပျော်ပွဲရှိရာသို့ သွား၍ ရုတ်သိမ်းခိုင်းခြင်းများ၊ အလ္လာဟ်အရှင်မြတ်အား ကြောက်ချစ်ခြင်း အဆုံးအမများကို အနယ်နယ်အရပ်ရပ်လည်၍ ပြုလုပ်ခဲ့သည်။ ထိုသို့ ဟောပြောဆုံးမသည့်အခါ  မည်သူတစ်ဦးယောက် ကမှ သခင်ကို မျက်စိပြူးကြည့်ရန်တောင် မဝံ့ကြခဲ့ချေ။ 

(ဃ) အာရ်ကန်ပြည်တွင် အိမ်တိုင်းအိမ်တိုင်း ရေရရှိမှု နည်းပါးသည်။ ယနေ့ခေတ်ကဲ့သို့ အဝီစိတွင်းများ၊ ရေတွင်းရေကန်များ နေရာတကာတွင် မရှိကြချေ။ နွေနှင့် ဆောင်းရာသီ ညနေချမ်းတွင် မိန်းကလေးများ ရေခပ်ဆင်းကြသည့် ထုံးစံရှိခဲ့သည်။  နေဝင်ချိန် မဂ်ရိပ်အချိန်တွင် ရေခပ်ဆင်းလျှင် နုမာဇ်လွဲတတ်သည်။ ထို့ကြောင့် မဂ်ရိပ်ချိန်တွင် ရေခပ်ဆင်းသူမယ်များကို သခင်က သွားသွားတားမြစ်ခြင်း၊ ရေအိုးကွဲပေးခြင်း၊ အချိန်မီ နုမာဇ်ဝတ်ပြုမှုအရေးပါခြင်း ဆုံးမခြင်းဖြင့်ကို တဖြေးဖြေး နည်းလျော့လာခဲ့သည်။ 

ဗျာဒိပ်တော် ကိရာမတ်များ

ဝလီသူတော်စင်တို့သည် မိမိ၏ဘုန်းတန်ခိုးကြောင့် ကိရာမတ်များ ပြသသည်ကို ငြင်းခုံစရာမလိုပါ။ မော်လနာ အဗ္ဗဒူလ် အဇီးဇ် ဖော်ရ်ဟာရီသခင်က “ထို့ပြင် ဝလီသူတော်စင်များ၏ ကိရာမတ် အံ့ဖွယ်ရာများ ဖြစ်ပေါ်ပြသခြင်းမှာ မှန်ကန် တရားဝင်၏။ ထိုကိရာမတ်နှင့် စပ်လျဉ်း၍ မြောက်များစွာသော ဆဟာဗာဟ် သာဝကကြီးများနှင့် တာဗေအိန်းများ၏ အံ့ဖွယ်ဖြစ်ရပ်များ ဆင့်ပြန်လာခဲ့သည်မှာ အစဉ်မပြတ်သော အထောက်အထားများနှင့် ပြည့်နှက်လျက်ရှိသည်ကို ပယ်ချမျက်ကွယ် မပြုနိုင်ပေ။ သာဓကအားဖြင့် အဓွန့်ရှည်ခရီးကို အချိန်တိုအတော်အတွင်း၌ ရောက်နိုင်ခြင်း၊ ရေပြင်၌လမ်းလျှောက်ပြသနိုင်ခြင်းနှင့် လေထဲ၌ ပျံသန်းနိုင်ခြင်း စသည်တို့ဖြစ်ကြပါသည်။ [နီဗရာစ်ကျမ်း ၊စာ-၂၉၅]” ဟု မိမိ၏စာအုပ်တွင် ဖော်ပြထားသည်။ သခင်သည်လည်း မြောက်များစွာသော ဗျာဒိပ်တော်များကို ပြသခဲ့သည်။ ဥဒဟရုဏ် အဖြစ် အချို့ကိုအောက်တွင် ဖော်ပြသွားမည်။

(က) မောင်တောမြို့တွင် အဗ္ဗဒုလ် မူနာဖ်အမည်ဖြင့် ပုဂ္ဂိုလ် တစ်ဦးရှိခဲ့သည်။ သူသည် အလွန်တရာ ဆင်းရဲပြီ မွဲပြကျသူဖြစ်သည်။ ထမင်းတစ်နပ်ကိုပင် ရှာဖွေစားသောက်နိုင်ရန် လောကလောကွက် အရေးတို့နှင့် ရုန်းကန်နေရသည်။ အဗ္ဗဒုလ် မူနာဖ်၏ ဇာတိမှာ နောလ်ဘိုအိန္နာ (ပန်းတောပြင်) ရွာဖြစ်သည်။ တစ်နေ့တွင် သူသည် မမျော်လင့်ဘဲ ဖော်အီရ် မလဝီ ဆာပ် သခင်နှင့် တွေ့ဆုံခဲ့လေသည်။ သခင်အား မိမိစည်းစိမ် ချမ်းသာအတွက် ဆုမွန်ကောင်းတောင်းပေးရန် ဆင်းရဲထု၏ အခက်အခဲကို ဝမ်းနည်းစွာ အကြောင်းပြလျက် လျှောက်တင် ခဲ့သည်။ သခင်သည်လည်း အဗ္ဗဒုလ် မူနာဖ်အတွက် စားဝတ်နေရေး အခြေအနေ ဝပြောလာအောင် အလ္လာဟ်ရှင်ထံမှ ဒိုအာတောင်းခဲ့သည်။ ဒိုအာ၏ အကျိုးဆက်က  အဗ္ဗဒုလ် မူနာဖ်သည် တဖြည်းဖြည်းနှင့် စီးပွားရေး ချောင်လည်လာကာ ထင်ရှားသော သူဌေးကြီး ဖြစ်လာခဲ့သည်။ မောင်တောမြို့ ဗဟိုဂျာမေပလီ၏ အနောက်ဖက်တွင် အလွန်ခမ်းနားကြီးကျယ်သော အဆောက်အဦဆောက်ခဲ့သည်။ ဘီဒီ (ဆေးပေါ့လိပ်) စက်ရုံတည်ဆောက်ခဲ့သည်။ ထိုဆေးလိပ်စက်ရုံမှ ထုတ်လုပ်သော ဘီဒီအမည်မှာ “ကာမာလ် ဘီရီ” ဖြစ်သည်။ သားကြီး ကာမာလ်၏ အမည်ကို အစွဲပြု၍ နာမယ်တပ်ထားခြင်းဖြစ်သည်။ ယခု ၎င်းသည် အဗ္ဗဒုလ် မူနာဖ် အစား အဗ္ဗဒုလ် မူနာဖ် ကုမ္ပဏီ ဖြင့် ကျော်ကြားနေသည်။ 

သမိုင်းဆရာ မူဟမတ်ဆီဒ္ဒီခ် အာရကာနီက ၁၉၈၆ ခုနှင့် ၁၉၈၇ ခု နှစ်နှစ်ဆက်တိုက် မောင်တောမြို့ ဗဟိုဂျာမေပလီတွင် သာရာဝီ ရှေ့ဆောင်ဝတ်ပြုခဲ့သည်။ အစားအသောက်နှင့် နေရေးထိုင်ရေးကို အဗ္ဗဒုလ် မူနာဖ်၏ သား အာဏုဝါရ်၏ အိမ်၌ စီစဉ်ပေးခဲ့သည်။  ယင်းတွင်နေရင်း စက်ရုံ၌ (၂၅)နှစ် ကျော်ကျော် အလုပ်လုပ်လာခဲ့သည့် ဝန်ထမ်းတစ်ဦးနှင့် တွေ့ဆုံခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်က ဤ အဖြစ်အပျက်ကို ပြောပြခဲ့ခြင်းဖြစ်သည်။ 

(ခ) မောင်တောမြောက်ပိုင်းတွင် အောင်သပြေမှ နတ်မြစ်တွင်းစီးဆင်းသော ချောင်းတစ်ချောင်းရှိသည်။ ဖူရ်မာ ဟာလ် (ဖြူးမချောင်း) အမည်ဖြင့် ကျော်ကြားသည်။ ထိုချောင်း၏ ရေစီးအဟုန်မှာ တစ္ဆေဝင်ပူးနေအောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ နှစ်စဉ် ကမ်းပြိုကျမှုကြောင့် အိမ်ပေါင်းများစွာ ရွေ့ပြောင်း ဒုက္ခခံနေရသည်။ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်အရ မိုးရာသီတွင် ရေစီးပြင်းနေချိန်၌ သခင်သည် ထိုချောင်းကို လမ်းလျှောက်၍ ဖြတ်ကူးလေ့ရှိ၏။ လှေသမ္ပန်များပင် ချောင်းထဲဆင်းရန် မဝံ့ကြသည့်အချိန်၌ သခင်သည် ခြေလျင် ကူးဖြတ်လေ့ရှိသည်။ 

(ဂ) သခင်၏ ကြီးကြပ်မှုအောက်တွင် မဒ်ရာဆာနှင့် မက်တောပ်မူကြိုကျောင်း ရှစ်ခုကိုးခုလောက်ရှိခဲ့သည်။ ထိုကျောင်းရှိ ဆရာများနှင့် အကူဝန်ထမ်းများ၏ လစာအပြင် ကျောင်းများ၏ အသုံးစရိတ်ကို သခင်က တာဝန်ယူ စီစဉ်ပေးရသည်။ သို့သော် သခင်သည် ကျောင်း၏ ရံပုံငွေအတွက် မည်သူတစ်ဦး တစ်ယောက်ထံမှ အလှူခံခဲ့သည်မရှိခဲ့ပါ။ မိမိအိတ်မှ စိုက်ပေးနိုင်လောက်အောင် ချမ်းသာသူလည်းမဟုတ်ပါ။ ဤမျှကြီးမားသောငွေပမာဏကို သခင်က အဘယ်မှ စီစဉ်ပေးသည်ဆိုသည်မှာ စဉ်းစားစရာဖြစ်သည်။ သည်ကလည်း အခြားမဟုတ် သခင်၏ ကေရာမတ်အစွမ်းတစ်ခုသာ ဖြစ်ချေမည်။ 

(ဃ) ထိုခေတ်တွင် မြန်မာနိုင်ငံမှ ဆော်ဒီအာရပ် နိုင်ငံသို့ ဟဂ်ျခရီးသွားခြင်းမှာ လွယ်ကူလှသည်မဟုတ်ချေ။ အကုန်အကျ စရိတ်လည်း အဆမတန်များ၏။ ရေကြောင်းခရီးလည်း ဝေးလံပင်ပန်းလှ၏။ တစ်ကြိမ် ဟဂ်ျပြုခဲ့သူမှာ ပြန်တစ်ကြိမ်ပြုရန် အဆင်ပြေမည်ဟု မထင်ပါ။ သို့သော် သခင်သည် မိမိဘဝတွင် ဟဂ်ျ (၅)ကြိမ်တောင် ပြုနိုင်ခဲ့သည်။

အချို့ လူတို့က သခင်သည် ဝိညာဉ်တော်ဆောင်ကာ ဟဂ်ျ အကြိမ် (၄၀) ပြုခဲ့သည်ဟု ဆိုကြသည်။ သခင်သည် ဟဂ်ျကာလတွင် မိမိ၏ နေရပ်၌ရှိနေသော်လည်း အချို့ ဟာဂျီတို့က သခင်ကို မက္ကာဟ်မြို့နှင့် မဒီနာမြို့၌ ကိုယ်တွေ့ တွေ့ဆုံစကားပြောခဲ့သည်ဟု ထွက်ဆိုကြသည်။ 
က်။ 

ဥဒဟရုဏ်တစ်ခုက-
သခင်သည် ဇာတိမြေ၌ မဂ်ျဟူးလ် (ဇီကီးရ်ရဲ့ အစွမ်းကြောင့် မိမိကိုယ်ကို မထိန်နိုင်ခြင်း)ဖြစ်နေချိန်ဖြစ်သည်။ ဘော်လီမျိုးနွယ်စုမှ အဖွဲ့တစ်ဖွဲ့သည် ဟဂ်ျပြုရန် ရေကြောင်းဖြင့် အိန္ဒိယသမုဒ္ဒရာကိုဖြတ်၍ ဆော်ဒီ အာရေဗီနိုင်ငံသို့ ခရီးစတင်လေသည်။ လ၊ ရက်ပေါင်းများစွာ ကြာညောင်းပြီ ဆော်ဒီအာရပ်သို့ ရောက်ရှိ ခဲ့သည်။ ဟဂ်ျအဖွဲ့သည် ဟဂ်ျ၏ ဝတ္တရားများကို ကျင့်နေစဉ် ရုတ်တရက် ဖောအီရ်မလဝီ ဆာပ်က တွာဖ် လည်ပတ်နေသည်ကို တွေ့မြင်ပြီး အဖွဲ့က ကိုယ့်ကိုယ်ကို မယုံလောက်အောင်ဖြစ်ရလေသည်။ ထို့နောက် သခင် တွာဖ် လည်ပတ်ပြီးအောင် သူတို့က စောင့်ကာ တွေ့ဆုံနှုတ်ဆက်ခဲ့သည်။ မိမိတို့တဲထိုးထားသော နေရာသို့ခေါ်ယူသွားပြီး အဖွဲ့နှင့်အတူ နေစေခဲ့သည်။ အဖွဲ့တွင် ဪလီမျာ (သူဌေးကြီး အဗ္ဗဒူလိုက်မျာ၏ ဖခင်) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးရှိသည်။ သူသည် စာမတတ်၊ အရဗီစာကို  ပီပီသသ မရွတ်ဆိုနိုင်ချေ။ သခင်က သူ၏ “အလ္လာဟုမ္မာဟ် လောဘ်ဘိုက်ခ် လားရှော်ရီကာလုဟူ လောဘ်ဘိုက်ခ်” ရွတ်ဆိုသံမှာ မှားယွင်းနေသဖြင့် မှန်မှန်ကန်ကန်ရွတ်ရန် ကြိမ်းမောင်းသင်ပေးခဲ့သည်။ ဟဂ်ျအပြီးတွင် သခင်ကိုရှာမတွေ့ဘဲ အမိပြည်သို့ ပြန်ခဲ့ရသည်။ သို့သော် သခင်သည် သူတို့ နေရပ်သို့မရောက်မီ ရှိနေကြောင်း ကြားလျက် အံ့မဆုံး ပြောမဆုံးဖြစ်ကာ အကြောင်းစုံကို ပြောပြခဲ့သည်။ 


(င) တစ်ချိန်က သခင်သည် မဂ်ျဟူလ်ဖြစ်နေချိန်တွင် အဝတ်လစ် သွားနေကြသည်။ လူတစ်ဦးကမြင်၍ သခင်၊ အဘယ်ကြောင့် ဝတ်လစ်သွားနေရသနည်း ဟု မေးခဲ့သည်။ သခင်က တိရစ္ဆာန်တို့၏ရှေ့၌ ဝတ်လစ် သွားလျှင် ဘာမှ မထူးပါဘူး။ လူက သခင်၊ ဒီမှာ အားလုံး လူသားတွေပါလို့ ဖြေကြားခဲ့သည်။ ထိုအခါ သခင်က လုလင်ကို အနားသို့ခေါ်ပြီး မိမိလက်ဝါးတော်ကို အပေါ်သို့ မြင့်တင်ကာ“ဟဲ့ ဒီလက်အောက်မှ ကြည့်စမ်း” ဟု မိန့်ခဲ့သည်။ ထိုသို့ကြည့်သည့်အခါ သတ္တဝါများသာမြင်ရတော့သည်။

(စ) သခင်သည် ဂေါဇ်နီယာ၌ မဒရဆာ ဖွင့်လှစ်ခဲ့သည့်ခေတ်တွင် ဘူးသီးတောင်မြို့နယ် တာမီရွာနေ အေရ်ရှာတ်အုလ္လာ ၏သား မော်လနာ မူဇာဖ္ဖောရ် အဟ်မတ်သည်လည်း ထိုကျောင်းတွင် ပညာသင်ယူနေ လျက်ရှိခဲ့သည်။ တစ်နေ့တွင် မူဇာဖ္ဖောရ် သည် ပြင်းပြင်းထန်ထန် ရောဂါခံစားနေမှုကြောင့် စကားမပြောနိုင် ဘဲ ဆွံ့အသူဖြစ်လာရသည်။ ကျောင်းသားများက ထိုအကြောင်းကို သခင်အား ပြောပြခဲ့သည်။ သခင်က ထိုကျောင်းသားကို အာဆွရ်နုမာဇ်ဖတ်ပြီး လာတွေ့ရန် မှာကြားခဲ့သည်။ အာယာတ်အချို့ကို ရွတ်ပြသည်။ ထိုအာယာတ်ကိုပြန် ရွတ်ဆိုခိုင်းသည်။

ဆွံ့အနေသူကျောင်းသားက အနည်းငယ်မျှ မပီတပီ အလျင်းမရှိဘဲ သူ့၏ပကတိအသံဖြင့် ဆိုပြသည့်အတိုင်း ပီပြင်စွာ ရွတ်ဆိုနိုင်ခဲ့သည်။ ဤ အဖြစ်အပျက်ကို မဒ်ရာဆာ အဟ်မဒီယာ၏ အမှုဆောင် မော်လနာ မုဖ်တီ မီရ်အဟ်မတ်၏ ရှေ့မှောက်၌ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။

(ဆ) သခင်၏တပည့်တော်များအနက် ဆိုဖီ မခ်ျတော်ရ် မူဇာဖ္ဖောရ် အဟ်မတ်သည် အလွန်တရာ စိတ် သဘောထား ဖြူစင်သူဖြစ်သည်။ သူသည် သခင်နှင့်အတူ အချိန်များစွာကုန်ဆုံး ခဲ့သူဖြစ်သည်။ တစ်နေ့တွင် လူထုရှေ့မှောက်၌ ဆရာ မူဇာဖ္ဖောရ်ကိုခေါ်၍ မည်သည် စူရာဟ်မှ မည်သည် အာယာတ်တော်ကိုရွတ်ပါဟု ကုရ်အာန်ကျမ်းမှ စူရာဟ်အမည်နှင့် အာယာတ်နံပါတ်ကို ပြောပေးလိုက်သည်။ သူသည် ရွတ်ရန် ကြိုးစားခဲ့သောအခါ အလိုလို သူ့ပါးစပ်မှ အာယာတ်တော် ထွက်လာခဲ့သည်။ သူကိုယ်တိုင်ပင် အံ့ဩ သွားခဲ့သည်။ ဟာဖီဇ် မဟုတ်မှန်လျက် ကုရ်အာန်ကျမ်းမြတ်ကို အာဂုံမဆောင်ဘဲ သခင်၏ ကြိမ်းမောင်းပြောဆိုမှုကြောင့် နှုတ်မှ အာဂုံဆောင်ထားသကဲ့သို့ ရွတ်နိုင်ခြင်းမှာ သမန်ဂုဏ်ငယ်နဲ့ မဟုတ်နိုင်ပါ၊ သခင်၏ ဘုန်းတန်ခိုးကြောင့် အလ္လာဟ်ထံမှ ကေရာမတ် ချီးမြင့်လိုက်ခြင်း ဖြစ်ပေသည်။

သခင်သည် လူမျိုးဘာသာမခွဲခြားဘဲ လူပေါင်းများစွာ၏ နာတာရှည်ရောဂါကို ပျောက်ကင်းနိုင်စေခဲ့သည်။ မိမိ၏အနီးအနားမှာရှိသော ပစ္စည်းကို မှန်းမှုတ်ပေးခြင်းဖြင့် ရောဂါဘယပျောက်ကင်းစေသည်။ ထိုအဖြစ်အပျက်များကို တစ်ခုချင်းဖော်ပြလျှင် စာအုပ်တစ်အုပ်တောင် ပြုစုနိုင်မည်ဖြစ်သည်။

အိမ်ထောင်ရေးနှင့် နောက်ဆုံးခရီး

သခင်သည် လမ်းလွှဲနေသည့် သူများအတွက် အလ္လာဟ်ရှင်မြတ်ထံမှ ကရုဏာတော်အဖြစ် စေလွတ်ခြင်းဖြစ်သည်မှာ သူ့ဘုန်းတန်ခိုးကြောင့် ထင်ရှားနေသည်။  ထောင်သောင်းချီသော အားနည်းသူများ၏ ဘဝတွင် တိုးတက်ပြောင်းလဲလာစေခဲ့သည်။ သခင်သည် ဘထွေး၏သမီးနှင့် လက်ထပ်ခဲ့သည်။ သားသမီး မထွန်းကားခဲ့ချေ။ ဒုတိယဇနီးတော်မှာ ဘော်လီမျိုးနွယ်စုမှ အဗ္ဗဒူလ် ဇော်လီလ်၏ သမီး ဒေါ်မော်ရီယာမ်နှင့် လက်ထပ်ခဲ့ပြန်သည်။ သူ့မှလည်း သားသမီးမထွန်းကားခဲ့ချေ။  နောက်ဆုံးတွင် ဘဝခရီးဖြတ်သန်းပြီး သခင်မြတ် ၁၉၅၉ ခု ဟီဂျရီ ၁၃၈၀ ပြည့်နှစ် သက်တော် (၇၇)တွင် မိမိအားဖန်ဆင်ခဲ့သည် အရှင်မြတ်၏ အမိန့်တော်ခံသွားလေသည်။ “လူသေသော်လည်း နာမည်မသေ” ဆိုရိုးရှိသကဲ့သို့ ခေတ်ကာလများ ကြာမြင့်သော်လည်း သခင်၏ နာမည်သည် အရှိန်မည်းမှိန်းခြင်းမရှိဘဲ နေရောင်ကဲ့သို့ ဝင်းပထောက်ပ လျက်ရှိနေ၏။ သခင်ထူထောင်ခဲ့သည် မဒ်ရာဆာသည်လည်း ရခိုင်ပြည်နယ်၏ ထင်ရှားသော အာရဗီတက္ကသိုလ် တစ်ခုအဖြစ် အသိအမှတ်ပြုခံရသည်။ သခင်၏ ဂူသချိုင်းကို မဒရာဆာအနီး ဖြူးမချောင်း၏ ကမ်းတစ်ဖက် တောင်ပေါ်တွင်တွေ့ရှိနိုင်သည်။   နှစ်စဉ် သိန်းနှင့်ချီသော လူများက သခင်အိပ်စက်တော် မူနေသော သချိုင်းကို ဇီယာရတ် ဖူးမျှော်ရန်သွားကြသည်။ 

✨✨✨✨✨✨✨✨✨✨✨✨✨✨✨
Ref: ဆရာကြီး မိုဟာမ္မဒ် ဆီဒ္ဒီးခ် ၏ “အာကာဘေရ် အေ အာရ်ကာန်”


No comments:

Post a Comment