Saturday, January 19, 2019

ဘာသာတရား အသီးသီးမှ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု (ဟီဂျာပ်) အကြောင်း




ဘာသာအသီးသီးမှ အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှု (ဟီဂျာပ်) အကြောင်း 


[Modesty in Different Religious Teachings ]
------------------------------------------------------------------

အမျိုးသမီးနှင့် အရှက်အကြောက်တရားသည် ဒွန်တွဲနေသည်။ အရှက်အကြောက်ရှိရှိ ယဉ်ယဉ်ကျေးကျေး လုံလုံခြုံခြုံ ဝတ်ဆင် နေထိုင်မှုသည် သူတို့၏ ဂုဏ်ကျက်သရေ အဆင့်အတန်းကို မြင့်မားစေသည်။ 
မလုံမခြုံ ၀တ်စားဆင်ယင်မှုက အမျိုးသမီးများရဲ့ဘဝ ပျက်စီးခြင်းရဲ့ အစပါပါပဲ။ ကိုယ်လုံးမပေါ်အောင် လုံလုံဝတ်ခြင်းသည် အောက်တန်းကျစရာမဟုတ်၊ ဂုဏ်မြင့်စရာပင် ဖြစ်လေသည်။ ဘာသာတရားတိုင်းသည် အမျိုးသမီးများ လုံလုံခြုံခြုံ ဝတ်ဆင်နေထိုင်မှုကို သွန်သင်ပေးသည်။ ဆန့်ကျင်ဖက် သူတို့၏ ကာမစိတ်ဆန္ဒကို နိုးဆွခြင်း၊ ရူပအရုံ ဆွဲဆောင်စေခြင်းကို ရှောင်ရှားရန် ပြင်းပြင်းထန်ထန် တားမြစ်ထားသည်ကို အောက်ပါ အကိုးအကားများအား လေ့လာသုံးသပ်ခြင်းဖြင့် ပိုမိုထင်ရှားစေပါမည်။ 

၁။ ဗုဒ္ဓဘာသာ 




ရှင်စောပု မိဖုရားကြီးက ဘုန်းကြီးကျောင်းသွားခါနီး သူ့အခြွေအရံများကို ပြောနေသည်မှာ –

((( ထိပ်ထား တစ်ခု သတိပေးချင်သေးတယ်။ သမီးတော်တို့ရော သေသေချာချာ နားထောင်ကြနော်။
ယခု မယ်မယ်တို့ သွားရမှာက ရဟန်းတော်တွေ သီတင်းသုံးတဲ့နေရာ၊ မယ်မယ်တို့ ချယ်သထားတာက တကယ့်ပွဲလမ်းသဘင် သွားမယ့်အတိုင်းပဲ။ မိန်းမတစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ အမူအရာတွေ ဟာ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပုရိသတွေကို ဆွဲဆောင်နိုင်စွမ်း ရှိတယ်။ အဆန်းတကြယ် ပြင်ဆင်မွမ်းမံမှုက ညှို့ယူလိုက်တဲ့အတွက် သူတို့မှာ ပူလောင်တဲ့ဆန္ဒ ဖြစ်လာနိုင်တယ်လေ။

ဒီလို သူ့စိတ်ကို အမှောင်ရိပ် လွှမ်းသွားတာနဲ့တပြိုင်နက် သူ့မှာ အပြစ်ဖြစ်ရသလို သူ့ကို ပူလောင်အောင် ၀တ်ဆင်ထားတဲ့ မိန်းမမှာလည်း တန်းတူ အပြစ်ဖြစ်ရတယ်။ ဒီတော့ ကိုယ့်ရဲ့ အနေအထိုင်ကြောင့်
တစ်ပါးသူတစ်ဦးကို ဘယ်တော့မှ အမှောင် မလွှမ်းသွားပါစေနဲ့။ သမီးတော်တို့ . . . ရဟန်းတော်တွေဆိုတာကလည်း အာသဝေါ ကုန်းခမ်းကြသေးတာ မဟုတ်ဘူး။ ပုထုဇဉ်တွေပဲဖြစ်လို့ ပြာဖုံးနေတဲ့ မီးခဲတွေပါပဲ။ ဒီမီးခဲတွေကို သမီးတော်တို့ရဲ့ တပ်မက်စရာ ရူပါရုံဆိုတဲ့ လေပြေတစ်ချက်မွေ့ လိုက်ရင် . . . ထိပ်ထား မဆက်ပါရစေနဲ့တော့ကွယ် .။

ဒါကြောင့် သင့်တင့်ရုံပဲ ပြင်ဆင်ကြ၊ ခေါင်းက ပန်းတွေဖြုတ်​လိုက်။ မှုံနံ့သာတွေ ကိုလည်း ဖျက်လိုက်ကြပါဦး။ လုံလုံခြုံခြုံဝတ်ဆင်ပြီး မြင်ရသူစိတ်ထဲမှာ နှမငယ် သမီးငယ်တစ်ယောက်လို ကရုဏာပွားလာအောင် ပြောဆို ဆက်ဆံ ကြပါကွယ်။))) 

မသန်းသန်း(မန်းတက္ကသိုလ်)၏ ရှင်စောပုအမည်ရှိ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

၂။ အိစၥလာမ္ဘာသာ 



အိစ္စလာမ် ဘာသာကလဲ အမျိုးသမီးများ အပြင်ထွက်တဲ့အခါ မျက်နှာ၊ ခြေ၊ လက် တို့မှအပ ကျန်တဲ့ဟာကို လုံခြုံအောင် မဖြစ်မနေ ဝတ်ဆင်ရမယ်။ တက်မက်မှုအရုံကို နိုးဆွပေးနိုင်သော အမွှေးနံ့သာ တတို့ကို မသုံးဆောင်ရ။ မျက်စိမြင်လွာကို အောက်ဘက် ချထားရမယ် လို့ လမ်းညွန်ထားတာပဲ။



“အို တမန်တော်၊ အသင်၏ ဇနီးကြင်ရာတော်၊ သမီးတော်များနှင့် မုအ်မန် အမျိုးသမီးတို့ကို ပြောကြားပါလေ။ သူတို့ (အပြင်ထွက်သော်) ကိုယ်ခန္ဓာကို ဝတ်ရုံနှင့် ဖုံးလွှမ်းလော့။ ယင်းသည်  သူတို့ကို မှတ်နိုင်ရန်နှင့် စိတ်အနှောင့်အချက် မဖြစ်မိစေရန်  သာ၍ကောင်းသော အရာဖြစ်လိမ့်မည်။ အလ္လာဟ်အသျှင်မြတ်သည် အစဉ်ခွင့်လွတ်တော်မူသောအရှင် နှင့် မဟာကရုဏာတော်ရှင်ဖြစ်သည်။ ”

[စူရာဟ် အဟ်ဇာဗ် ၃၃:၅၉]

၃။ ခရစ်ယာန်ဘာသာ 



ခရစ်ယာန်ဘာသာကလဲ ခြေ၊ လက်၊ မျက်နှာမှ အပ ကျန်တာ အကုန်လုံအောင် ဝတ်ဆင်ရမယ်။ ဆံပင်တစ်ပင်တောင် တခြား ယောက်ျား တစ်ယောက်မှ မြင်သော် ဆံပင်ရိတ် ခေါင်းတုံးသော ပြစ်ဒဏ်ပေးခံရမယ်။ 

“အကြင်အမျိုးသမီးသည် ဝတ်ပြုရာတွင် လည်းကောင်း၊ ဟောပြောရာတွင် လည်းကောင်း သူမ၏ ခေါင်းကို ဝတ်လစ်စားလစ် ထားသော် သူ၏ ခေါင်း အသရေကို ကျဆင်းစေခြင်းပင်ဖြစ်သည်။ ယင်းသည် သူ၏ ခေါင်းကို တုံးလိုက်ခြင်းနှင့် တူသည်။ ”

[ ကိုရိန်သီယာမ်  ၁၁: ၅ ]

၃။ ဟိန္ဒူဘာသာ 

ဟိန္ဒူဘာသာမှာလဲ အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ရုံသာမက ခေါင်းခြုံ ပုဝါကို မျက်နှာအောက် ခါးထိ ချထားရမယ်။ ကိုယ်လုံး မပေါ်အောင် ဝတ်စားဆင်ယင်ရမယ် လို့ ဆုံးမထားတာပဲ။ 

၎။ ဂျူးဘာသာ 



ဂျူးဘာသာမှာလဲ အမျိုးသမီးတွေဟာ အပြင်ထွက်ရင် ခေါင်းဝတ်လစ် မထွက်ရဘူး။ ပုဝါခြုံမယ်။ 


“အကယ်၍ အကြင် အမျိုးသမီးသည် ခေါင်းတွင် ပုဝါ မလွှမ်းဘဲ အပြင်ထွက်သည်ဆိုလျှင် ဂျူးဘာသာ ဥပဒေသကို ချိုးဖောက်ခြင်းဖြစ်သည်။”

[မိခ်ျနာဟ်ကေတုဘိုသ် ၇:၆]


ဒါကြောင့် ဘာသာတရား အသီးသီး၌ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုသည်  (ဟိဂျာပ်)ဟာ သိပ်တော့ မခြားလှပါဘူး။ ဘာသာတိုင်းဟာ အဝတ်အစားကို လုံ့လုံ့ခြုံခြုံ ဝတ်ဆင်အောင် သွန်သင် ဆုံးမ လမ်းညွန်တာချည်းပဲ။ 

ဣနြေ္ဒရရ ဟိရိသြတ္တပ္ပ အရှက်အကြောက်ရှိရှိ ကြည်ညိုဖွယ်ရာ တင့်တယ်သော  အမျိုးသမီး ဣနြေ္ဒရှင် ပီပီသသ အောင် အဝတ်အစားကို ဂရုတစိုက် သိက္ခာရှိရှိ ဝတ်ဆင်ကြပါစို့။  

-----------------------
(နတ်မျက်စိရေးသည်။)


No comments:

Post a Comment