Monday, September 30, 2019

Honesty Always Pays [ ရွဲကုန်သည်နှစ်ဦး ပုံပြင် ]



Honesty Always Pays 


There in a town lived two peddlers, both dealing in pearl trinkets. While one of them was honest, the other was a crook.

Once the two of them went to the neighbouring town to sell their goods. In that town there was a big building, once owned by a rich diamond merchant. After a sudden loss in the business many of the family members of that household had died. The sole survivors were a girl and her grandmother who did menial jobs to earn their living.

The greedy peddler came to the door of that house, crying, “Pearl trinkets for sale!”

The young girl heard his cry and begged her grandmother, “Please buy me a trinket, grandmother.”

The granny said, “We are very poor, dear. There is not enough grain at home to feed us, let alone money. How do I get you the pearl trinket?”

The girl suddenly remembered an old bowl. “Look! Grandma!” she cried, “Here is an old bowl. Let us try to trade it for something nice.”

The golden bowl belonged to the great merchant, her late great grandfather. After his death, it had been thrown amongst the old unused things. Since it hadn’t been used for a very long time, it looked totally black.

The old woman examined the bowl. Since it was black, she could not realize that it was made of gold. She felt that it may have some value.

She showed the bowl to the peddler, who took it in his hand. Suspecting its real value, he scratched its back with a needle. He assured himself that it was made of real gold, worth several thousand rupees.

He immediately started planning on how to cheat the old woman and the girl. So, pretending to be angry, he growled, “Why did you bring me this bowl? It isn’t worth half a penny!” Then, throwing the bowl onto the floor, he walked out of the house.

Soon, the honest peddler came into that same street. He appeared at the door of the same house, crying, “Beads for sale!”

Once again the young girl made the same request to her grandmother. The old  woman said, “My dear, the first peddler refused to take the bowl. What have we got now to offer?”

“Oh, but that trader was nasty, Grandmother. I think this man will take it.”

“All right, then. Call him in.”

When the peddler came into the house, they showed him the bowl. The peddler immediately recognized that the bowl was made of gold. He told the old woman, “Mother, this bowl is worth several thousands of rupees. I am sorry, I can’t take this in exchange to the beads I have. The whole of my stock will not equal the worth of this bowl.”

Stunned at this, the old woman said, “Sir, another peddler who came before you said that it is not even worth half a penny. He actually got angry, threw it on the floor, and went away! It must be your goodness that has made the bowl of gold. Please take it. Just give my granddaughter whatever she wants to have from your collection. We will be happy.”

The peddler gave whatever he had; five hundred rupees and another five hundred rupees worth of goods in return for the bowl, and left the place.

Just then, the greedy peddler returned to the house as if to accept their deal half heartedly. He asked the old woman to bring out their bowl, saying he would give them something or the other for it.

The old woman flared at him saying, “You cheat! You told us that our golden bowl was not worth even half a penny. And now, we feel good that we didn’t make the bargain with you. Another peddler came here. He told us the bowl’s real worth, and has indeed made the deal. We’re happy even if he gave us just whatever he had with him. You are too late!” When the peddler heard this, he was outraged, and hysterical. He cried, “Oh! I’m robbed of my golden bowl.” Then, throwing away all his goods, he tore off his shirt, and ran towards the river, into which he slipped and drowned. The honest trader returned home and spent his life in charity and other good works.


Moral: “Honesty is rewarded”

🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍏🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎




Sunday, September 29, 2019

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ

ရှေးသန်းခေါင်စာရင်းများထဲက အာရ်ကာန်မွတ်စလင် ခေါ် ရိုဟင်ဂျာများ


မြန်မာပြည်တွင် “ရိုဟင်ဂျာ မရှိ၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံသား မဟုတ်” စသည်ဖြင့် အမုန်းတိုက်နေစဉ် ပြည်သူအချို့ကလည်း  ဤအမုန်းတိုက်မှုကို ဘုမသိဘမသိ ထောက်ခံနေကြသည်။ မျက်စိပိတ် ထောက်ခံနေခြင်းသည် လူ့အကျင့်မဟုတ်ချေ။ လူသားသည် ဉာဏ်ရည် အမြင့်ဆုံးသတ္တဝါဖြစ်သည်။ အများတကာနောက်သို့ လိုက်ပါခြင်းမဟုတ်ဘဲ စဉ်းစားဆင်ခြင်၍ အမှန်တရား ဘက်တော်သို့သာ နောက်လိုက်ရပါမည်။ ထို့ကြောင့် စဉ်းစာတတ်သော ဉာဏ်ကြီးရှင်များအတွက် ရှေးကပင် ရိုဟင်ဂျာလူမျိုးရှိခဲ့ကြောင်း ရှေး သန်းခေါင်စာရင်းများထဲမှ  ခိုင်လုံသော အထောက်အထားများနှင့် တကွ ဤဆောင်းပါးကို တင်ပြခြင်းဖြစ်သည်။ 

လူဦးရေ သန်းခေါင်စာရင်းဆိုသည် သတ်မှတ်ထားသောအချိန် တစ်ချိန်တည်းတွင် နိုင်ငံတစ်နိုင်ငံ၏ လူဦးရေ အားလုံးဆိုင်ရာ လူမူရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု  အချက်အလက်များကို စုဆောင်းခြင်း၊ ပြုစုခြင်း၊ ဆန်းစစ်ခြင်း နှင့် လူဦးရေစာရင်း ကောက်ယူပြုစုရသော လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ ယင်းကို ဆယ်နှစ် တစ်ကြိမ်ကျ ပြုစုလေ့ရှိသည်။ 

ဗြိတိသျှတို့သည်  လူဦးရေ သန်းခေါင်စာရင်းကို ၁၈၀၀ ပြည့်နှစ်တွင်  စတင်ခဲ့သည်။ သို့သော် လက်အောက်ခံနိုင်ငံများ၏ လူဦးရေစာရင်းကိုမူ ထိုအချိန်တွင်  မသိနိုင်ခဲ့ချေ။ 

၁၈၇၂ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် အရေးပါသော သန်းခေါင်စာရင်းဟု မှတ်ယူနိုင်သည်။ ယင်းတွင် အချက် (မေးမြန်းခြင်း) ၁၇ ခု ပါရှိခဲ့သည်။ ထို သန်းခေါင်စာရင်းနှင့်  ဗြိတိသျှအစိုးရ သိမ်းပိုက်ထားသော ကိုလိုနီနယ်မြေ အားလုံးကို စာရင်း ကောက်ယူနိုင်ခြင်း မရှိခဲ့ပါ။ 

၁၈၈၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ခေတ်မီ သန်းခေါင်စာရင်းဖက်သို့ ကြီးမားသော ခြေလှမ်းတစ်ခုအဖြစ် လှမ်းခဲ့လေသည်။ ဤသန်းခေါင်စာရင်းတွင် ဗြိတိသျှကိုလိုနီ  ပိုင်နက်တစ်ခုလုံးကို စာရင်း ကောက်ယူနိုင်သည်သာ မဟုတ်ဘဲ လူဦးရေစာရင်း၊ စီးပွားရေးနှင့် လူမှုရေး ဆိုင်ရာ အင်္ဂါရပ်များကိုလည်း တစ်သီးတစ်ခြားစီ ကောက်ယူပြုစုနိုင်ခဲ့သည်။ ယင်းသန်းခေါင်စာရင်းကို ဗြိတိသျှအိန္ဒိယ တိုက်တစ်ခုလုံးမှ ကောက်ယူနိုင်ခဲ့သည်။  

၁၈၉၁ ခုနှစ်တွင် ကောက်ယူခဲ့သော သန်းခေါင်စာရင်းသည် ၁၈၈၁ ခုနှစ် သန်းခေါင်စာရင်း ချဉ်းကပ်မှု နှင့် အားထုတ်မှု တို့ကို အခြေခံသဖြင့် အထက်ဗမာပြည်၊ ကရှ်မီးယားဒေသနှင့် ဆိက္ခိမ်ဒေသ အပါအဝင် ကိုလိုနီပိုင် နယ်ပယ်ဒေသများကို ၁၀၀ ရာခိုင်နှုန်း ပြီးစီးနိုင်ခဲ့သည်။ ပထမ သန်းခေါင်စာရင်း မှ ခွဲခြားလာသည်က မိခင်ဘာသာစကားနေရာတွင်  မိဘဘာသာစကားဆိုင်ရာ အချက်အလက်များကို ရယူခဲ့သည်။ 

တတိယကြိမ်မြောက် သန်းခေါင်စာရင်းကို ၁၉၀၁ ခုနှစ်၊ မတ်လတွင် စတင်ခဲ့သည်။ အသေးစိတ် စာရင်းကောက်ယူရန် မဖြစ်နိုင်သည့် ဝေးလံသော ဒေသများတွင် လူဦးရေစာရင်းကို အိမ်ခြေများအပေါ် အခြေခံ၍ ခန့်မှန်းခဲ့သည်။ အဓိက အပြောင်းအလဲမှာ အိမ်ခြေစာရင်း၊ အခြားဒေသ ဘာသာရေးနာမည်ခံ မျိုးနွယ်စုများ သို့မဟုတ် လူမျိုးများအစား ဟိန္ဒူလူမျိုး၊ ဂျိန်းလူမျိုး မျိုးဇာတ်များကိုသာ ဖြည့်စွက်မှတ်တမ်းတင်ခြင်းဖြစ်သည်။  နိုင်ငံခြားဘာသာစကား ကိစ္စတစ်ခုလည်း မိတ်ဆက်လာခဲ့ပေသည်။ 

၁၉၁၁ ခုနှစ် သန်းခေါင်စာရင်းသည် ဗြိတိသျှကိုလိုနီ ပြည်နယ် ၁၄ ခုနှင့် မူရင်းပြည်နယ် အားလုံးတွင် စတင်ခဲ့သည်။ အင်္ဂလိပ်ဘာသာ ဆိုင်ရာ  ဗဟုသုတ အပြင် အင်္ဂလိပ်စာပေဆိုင်ရာ အချက်အလက်များကိုလည်း စာရင်းကောက်ယူခဲ့သည်။ 

၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းသည် ပြည်တွင်း ဆူပူလှုပ်ရှားမှုတစ်ခုနှင့် တစ်ပြိုင်တည်း ပေါ်ပေါက်ခဲ့သည်။ ထို့ပြင် အလုပ်လုပ်ကိုင်သူ/မှီခို နှင့် မိခင်ဘာသာစကားဆိုင်ရာ မေးမြန်းခြင်းနှစ်ရပ် တိုးလာခဲ့သည်။  

နောက်ဆုံး သန်းခေါင်စာရင်းသည် လွတ်လပ်ရေးမတိုင်မီ ၁၉၄၁ ခုနှစ်တွင် စစ်ဘေးကျနေချိန်၌ ပြုလုပ်ခဲ့သည်။ ဤသန်းခေါင်စာရင်းတွင် အရေးကြီးသော ပြောင်းလဲမှုများကို အတည်ပြုခဲ့သည်။ အမျိုးမျိုးသော (ပုံမှန်မဟုတ်သော) နမူနာများကို အသုံးပြုခဲ့သည်။ ၅၀ မြောက်ဖြတ်ပိုင်းသည် သန်းခေါင်စာရင်းတွင်  တရားဝင်ဖြစ်သောနမူနာဟု အမှတ်အသားပေးခဲ့သည်။ မေးမြန်းခြင်း ပုံစံများကို အကျယ်ချဲ့ ဖြည့်စွက်ခဲ့သည်။ 

(၆) ကြိမ်မြောက် သန်းခေါင်စာရင်း မတိုင်မီ ၁၉၂၁ ခုတွင် လူဦးရေ၏ လူမျိုး အုပ်စုခွဲရန် ကြိုးပမ်းခဲ့သည်။ ယင်းအကြို ပြုလုပ်ခဲ့သော သန်းခေါင်စာရင်းများတွင် လူဦးရေများကို ကိုးကွယ်ရာ ဘာသာရေးအရ သာ အုပ်စုခွဲခြင်း ဖြစ်သည်။ 

ယင်းသန်းခေါင်စာရင်း၏ အခန်း (၁၁)၊ စာပိုဒ် ၁၅၇ တွင် “ အင်ပါယာ ဇယား ၁၃ တွင် အရေအတွက်များကို ဇယား သွင်းထားသည်ကား အင်ဒို-ဗမာ မျိုးနွယ်စု သုံးစု၊ ဇေဘာတီ လူမျိုး၊ အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် အာရ်ကာန် ကမန်လူမျိုး တို့ကို အဆင်ပြေစေရန် အုပ်စု “အက်စ်”တွင် ပေါင်းထည့်ထားသည်။” ဟူ၍ ရေးသား ဖော်ပြထားသည်။ 

စာပိုဒ် နံပါတ် ၁၅၉ တွင် အာရ်ကာန် မဟာမေဒင်လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ “ အာရ်ကာန် မဟာမေဒင်လူမျိုးသည် အထူးသဖြင့် စစ်တွေခရိုင် (Akyab)တွင် နေထိုင်သူများဖြစ်ပြီး စစ်တကောင်းသား မဟာမေဒင်နှင့် အာရ်ကာန်သူ တို့မှ ဆင်းသက်လာသူများဟု ယူဆကြသည်။ ယင်းသူတို့သည် အနေကြာသော စစ်တကောင်းသားများမှ ဆင်းသက်လာသည်ဟု ဆိုသော်လည်း ၎င်းတို့သည် စစ်တကောင်းသား အခေါ်ခံရခြင်းကို အမြဲငြင်းဆန်ခဲ့သူများ ဖြစ်ကြပေသည်။ အာရ်ကာန် မဟာမေဒင်အဖြစ်ခေါ်ဝေါ်ရန် လိုလားသူများလည်း ဖြစ်ကြသည်။ သို့ရာတွင် ရာသက်ပန် အခြေချနေထိုင်မှုသည် အာရ်ကာန်သူများနှင့် လက်ထပ်ခဲ့ခြင်းကို ပေါ်လွင်စေသည့်အပြင် အထက်ဖော်ပြချက်နှင့်လည်း ကိုက်ညီနေသည်။ စစ်တကောင်း မဟာမေဒင်နှင့် အာရ်ကာန် မဟာမေဒင်တို့သည် လူမျိုးအရ နီးစပ်မှုရှိသော်လည်း အာရ်ကာန် မဟာမေဒင်သည် သူတို့နှင့် ရောနှောပေါင်းဖက်ခြင်း မပြုခဲ့ဘဲ ကိုယ့်မျိုးထဲမှ လက်ထပ်ပေါင်းသင်းကာ သီးခြားလူမျိုးအဖြစ် ရပ်တည်နေသည်။ 

“စစ်တွေမှာရှိသည့် ဗုဒ္ဓဘာသာ ရခိုင်တို့က ရခိုင်ပြည် ကော်မိရှ်နားအား သန်းခေါင်စာရင်းတွင် ရခိုင်နှင့်အတူ အာရ်ကာန် မဟာမေဒင်ကို ပေါင်းမထည့်ရန်  တောင်းဆိုခဲ့သည်။ စာရင်းကောက်သူတို့အား အမိန့်စာ ထုတ်ခဲ့သည်မှာ အာရ်ကာန် မဟာမေဒင်သည် ဗမာပြည်ထဲတွင် အမြဲတမ်း အခြေစိုက် နေထိုင်သူဖြစ်ရမည်။ ထို့ပြင် ရခိုင်နှင့် အိန္ဒိယသားများ၏ အဝတ်အစားမျိုးကို ဝတ်ဆင်ခြင်းမပြုသည့်သူဖြစ်ရမည်။ 

“အာရ်ကာန် မဟာမေဒင် လူဦးရေသည် ၁၉၂၁ ခုနှစ်တွင် (၂၄၀၀၀) ယောက် စာရင်းသွင်းခံခဲ့ရသည်။ ရှေး သန်းခေါင်စာရင်းများ၏ အာရ်ကာန် မဟာမေဒင် အရေအတွက်များကို ဇယား ၈ တွင် ဖော်ပြထားသည်။ ဇယားတွင် ကွဲပြားသော ကိန်းဂဏန်းများသည် အာရ်အာန်မဟာမေဒင် အရေအတွက်ကို ညွှန်ပြသည်။ ၁၉၀၁ ခု သန်းခေါင်စာရင်း ဇယားတွင်မူ အာရ်ကာန်မဟာမေဒင် လူမျိုး စာရင်းကို ခွဲခြားရွေးထုတ်နိုင်ရန် ခဲယဉ်းလေသည်။ မဟာမေဒင်လူမျိုးသည် ရှေးသန်းခေါင်စာရင်း သုံးခုစလုံးတွင် ဖော်ပြခဲ့ကြောင်း ဖြစ်နိုင်ပါသည်။”

ဇယား နံပါတ် ၈ တွင် အာရ်ကာန် မဟာမေဒင် လူမျိုးနှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်သည်။ 

ခုနှစ်၊           ဦးရေပေါင်း၊           ကျား၊               မ

၁၉၂၁ ခု        ၂၃၇၇၅၊              ၁၂၇၄၀၊          ၁၁၀၃၅
၁၉၁၁ ခု        ၄၆၇၅၊                ၃၅၅၈၊             ၁၁၁၇
၁၉၀၁ ခု         ----                        ----                  ---
၁၈၉၁ ခု        ၄၆၆၊                  ၂၈၈၊               ၁၇၇

၁၉၃၂ ခု သန်းခေါင်စာရင်း၏ အစီရင်ခံစာ၊ အတွဲ ၁၂၊ ဗမာပြည်  အပိုင်း ၁၊ စာပိုဒ် (၁၄၀) တွင်  “လွန်ခဲ့သော သန်းခေါင်စာရင်း လေးခုတွင် ပါဝင်ခဲ့သည် ကွဲပြားခြားနားသည့် လူမျိုးစုများ၏ လူဦးရေစာရင်းကို ဗြိတိသျှအင်ပါယာ ဇယား ၁၈ တွင် ထည့်သွင်းထားသည်။ ” ထိုဇယားတွင် ၁၉၀၁ ခုနှစ်မှ ၁၉၁၁ ခုနှစ်ထိကို အင်ပါယာ ဇယား ၁၃ မှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဇယားကို ထည့်သွင်းရာတွင် အချို့ အခက်အခဲများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ ၁၉၀၁ ခုနှစ် အင်ပါယာ ဇယား (၁၃) တွင် လူမျိုးများ၊ မျိုးနွယ်စုများ၊ အုပ်စုများ ထင်ရှားသော ဘာသာသာသနာအရ အမျိုးအစား ခွဲခြားခဲ့သည်။ သို့သော် ဇယားတွင်  မည်သည့် လူမျိုး၊ မျိုးနွယ်စု၊ အုပ်စု မဆို ဘာသာမျိုးစုံအတွက် ခြွင်းချက်ရှိခဲ့သည်။  အာရ်ကာန် မဟာမေဒင် လူမျိုးအဖြစ် အမျိုးသား အယောက် (၈၀၀၀)၊ အမျိုးသမီး အယောက် (၇၀၀၀) ခန့် ခန့်မှန်းနိုင်ခဲ့သည်။ ထိုသူတို့ကို အုပ်စု အက်စ် (အင်ဒို-ဗမာ လူမျိုး) တွင် စာရင်းသွင်းခဲ့သည်။ ၁၉၁၁ ခုနှစ် လူဦးရေ အရေအတွက်၌ မဟာမေဒင်လူမျိုးအဖြစ် အမျိုးသား အယောက် (၁၀၀၀၀)၊ အမျိုးသမီး အယောက် (၈၀၀၀) စာရင်းကောက်ယူရရှိခဲ့သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် ၁၄၁ တွင် “ အိန္ဒိယလူမျိုးများ၏ အရေအတွက်မှာ ၁၉၂၁ ခုတွင် (၈၈၁၃၅၇) ယောက် မှ ၁၉၃၁ ခုတွင် (၁၀၁၇၈၂၅) အထိ တိုးပွားလာခဲ့သည်။ (၁၃၆၄၆၈ ယောက် သို့မဟုတ် ၁၅.၅ ရာခိုင်နှုန်း) အခန်း (၁)၊ စာပိုဒ် (၁၆) တွင် ၁၉၂၁ ခုနှစ် သန်းခေါင်စာရင်းအရ အာရ်ကာန် မဟာမေဒင် အများအပြားသည် သူတို့ကိုယ်တိုင် အိန္ဒိယသားအဖြစ် မှားယွင်းစွာ ပြောင်းလဲခံယူခဲ့သည်ကို တွေ့ရသည်။ ထိုအရေအတွက်ကို အကြမ်းအားဖြင့် ခန့်မှန်းသော် အယောက် (၁၀၀၀၀) မှ အယောက် (၁၅၀၀၀) ကြား၌ ဖြစ်မည်။ ထို့ကြောင့် အိန္ဒယသား လူဦးရေတွင် ၁၇ ရာခိုင်နှုန်း ဝန်းကျင် တိုးပွားလာခြင်းဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

စာပိုဒ် (၁၄၃) တွင်လည်း “စစ်တွေခရိုင်တွင် အာရ်ကာန် မဟာမေဒင် အများအပြား တွေ့ရသည်။ အခြား ခရိုင်များဖြစ်သော ကျောက်ဖြူ တွင် (၁၅၉၇ ယောက်) နှင့် သံတွဲ တွင် (၁၆၅၈ ယောက်) တို့ကို သိသိသာသာ တွေ့ရပါသည်။ သူတို့သည် ရခိုင်အမျိုးသမီးများက စစ်တကောင်းသား တို့ကို လက်ထပ်ခြင်းမှ ဆင်းသက်လာသည့် မျိုးဆက်များဖြစ်ကြသည်။ ၎င်းတို့သည် ဒေသခံ သီခြားလူမျိုးအဖြစ် အသိအမှတ်ခံရပြီး ရခိုင်လူမျိုးများ၊   စစ်တကောင်းသားတို့နှင့်  မတူကွဲပြားသည့် အဝတ်အစားများကို ဝတ်ဆင်ကြသည်။ ၁၉၃၁ ခုနှစ်တွင် ဦးရေ ၅၁၆၁၅ ယောက်ကို မှတ်တမ်းတင်ထားသည်။ ယင်းသည် ၁၉၂၁ ခုနစ် အရေအတွက် (၂၃၇၇၅ ယောက်)၏ နှစ်ဆကျော် ဖြစ်သည်။ ” ဟူ၍ ဖော်ပြထားသည်။ 

“စစ်တွေခရိုင်နှင့် ကျောက်ဖြူခရိုင်ရှိ ကမန်လူမျိုးများသည် ၂၁၈၀ ယောက် မှ ၂၆၈၆ အထိ တိုးလာခဲ့သည်။”

၁၉၁၁ ခု သန်းခေါင်စာရင်၊ အစီရင်ခံစာ အတွဲ (၉) ၊ ဗမာ အပိုင်း၊ စာပိုဒ် (၂၆၄) တွင်  “မွတ်စလင်မျိုးနွယ်စု အများစုသည် စစ်တွေခရိုင်နှင့် ရန်ကုန်ခရိုင်တို့တွင် အများစုနေထိုင်ကြသည်။ မွတ်စလင် လူဦးရေ၏ ၅၆ ရာခိုင်နှုန်း ရှိသည်။ စစ်တွေခရိုင်ရှိ မွတ်စလင်များသည် တိုင်းရင်းသားမျိုးနွယ်စု ဖြစ်ပြီး အများအားဖြင့် လယ်ယာလုပ်ကိုင်ကြသည်။ ၁၉၀၁ ခုတွင် စစ်တွေခရိုင်ရှိ မွတ်စလင် လူဦးရေမှာ (၁၅၄၈၈၇) ရှိပြီး၊ ၁၉၁၁ ခုတွင် (၁၇၈၆၄၇) ယောက် ရှိခဲ့သည်။ 

သန်းခေါင်စာရင်းများ အစဉ်အဆက်အရ “အာရ်ကာန်ပြည်တွင် မွတ်စလင်လူမျိုး အသိုင်းအဝိုင်းရှိခဲ့သည်။ အထူးသဖြင့် စစ်တွေခရိုင်တွင် ရှိပြီး သူတို့သည် ပြောင်းရွေ့လာသူ စစ်တကောင်းသားများ၊ ဘင်္ဂါလီများနှင့် လုံးဝမတူကြချေ။ သူတို့သည် အာရ်ကာန်မွတ်စလင်များ ဖြစ်ကြသည်။” ၁၉၄၀ ခု ဘက္ကစတာ အစီရင်ခံစာ ၊ စာပိုဒ် (၇)  အရ “ဤ အာရ်ကာန် မွတ်စလင် အသိုင်းအဝိုင်းသည် စစ်တွေခရိုင်တွင် နေထိုင်လာသည်မှာ အလွန်ကြာညောင်းခဲ့ပြီ။ သူတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံအားလုံးသည် တိုင်းရင်းသား မျိုးနွယ်စုဖြစ်ကြောင်း ရည်ညွှန်းနေသည်။” ဟူ၍ ဖော်ပြထားသည်။ 

၁၈၂၅ ခုနှစ်တွင် အာရ်ကာန်ပြည်သည် လူဦးရေ တစ်သိန်းသာ (မဂ်လူမျိုး ၆၀၀၀၀၊ မွတ်စလင် ၃၀၀၀၀ နှင့် ဗမာ ၁၀၀၀၀) ရှိခဲ့သော ဗြိတိသျှအင်ပါယာ တစ်ခုဖြစ်လာခဲ့သည်။ ဆိုလိုသည်မှာ 

၁၈၂၅ ခုမှ ၁၉၃၁ ခုအထိ စုစုပေါင်း လူဦးရေမှာ  ၁၈၂၅ ခုတွင် ၁၀၀၀၀၀၊ ၁၉၃၁ ခုတွင် ၁၀၀၈၃၃၅ ယောက် (ဆယ်ဆကျော်) ဖြစ်၍ ရခိုင်လူမျိုး ၆၀၀၀၀ တွင် ၅၄၈၅၆၆ ယောက် (ဆယ်ဆခန့်) တိုးလာပြီး မွတ်စလင် လူမျိုးမှာမူ ၃၀၀၀၀ တွင် ၅၄၂၄၈ (နှစ်ဆခန့်) တိုးသည်တဲ့။ 

ရခိုင်ပြည်၏ လူဦးရေသည် ၁၉၂၅ ခုမှ ၁၉၃၁ ခုနှစ် နှစ်ပေါင်း ၁၀၆ နှစ် အတွင်း ဆယ်ဆ တိုးလာခဲ့သည်။ ထို့အတူ အဆိုပါ နှစ်များအတွင်း ရခိုင်လူမျိုး လူဦးရေသည်လည်း ဆယ်ဆခန့် တိုးပွားလာခဲ့သည်။ အဘယ်ကြောင့် မွတ်စလင် လူဦးရေသည် နှစ်ဆခန့် တိုးလာရသနည်း။ စောဒကတက်စရာပင် မဟုတ်လော။ စင်စစ်အားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ဓလေ့ထုံးစံအရ မွတ်စလင်နှင့် ဟိန္ဒူလူမျိုးများထက် မွေးဖွားနှုန်း နည်းပါးလှသည်။ ဤနေရာတွင် မွတ်စလင်သန်းခေါင်စာရင်း မှတ်တမ်းတင်မှု မှားယွင်းနိုင်ကြောင်း ဖြစ်နိုင်ခြေရှိသည်။ အာရ်ကာန် မဟာမေဒင် လူမျိုး၏ လူဦးရေမှာ (၅၁၆၁၅) ယောက် မဟုတ်ဘဲ အယောက် (၃၀၀၀၀၀)ခန့် ဖြစ်သင့်ပါသည်။  

ထို့ကြောင့် မြန်မာပြည်တွင် ရိုဟင်ဂျာလူမျိုး နေသည်မှာ ယုံမှားသံသယ ဖြစ်ဖွယ် မရှိပါ။ သမိုင်းမှတ်တမ်းအရ ရှိသင့်သည်ထက် ပိုမိုလျော့သွားခြင်းသာ ဖြစ်လေသည်။ 


🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍁🍁🍁🍁🍁🍁🍁🍁

ကိုးကား-

[ “Muslim of Arakan and Censuses of India” ဆောင်းပါးကို လူထုဝဏ္ဏက ပြန်ဆိုသည်။ ]

Tuesday, September 24, 2019

ရှေးစကား ရွှေအလား [၄] | ရိုအမျိုးသမီးနှင့် နေထိုင်မှုဓလေ့



ရေးသား - လူထုဝဏ္ဏ|




“Maiya Fuwain Fañs Gírar Bútoré Táke.” 


ဤအဆိုကို “Maiya fuwain fañs fordar bútoré táke.” ဟုလည်း အချို့က ဆိုကြသည်။ ရှေးကျသော ဆိုရိုးကတော့ “Maiya fuwain fañs gírar bútoré táke.”ဟု တွေ့ရှိရပါသည်။ အာရ်ကာန်ပြည်တွင် ဂျမာတ် ဘာသာရေး အားထုတ်မှု အားတင်းလာချိန်တွင် အချို့ရိုတို့က Girá အစား Parda ကို ရှာရိယတ် အူရ်ဒူအဖွင့်ကျမ်း အသုံးအနှုန်းနှင့် သုံးစွဲလာကြသည်ဟု ယူဆရပါသည်။ ဒီနေရာတွင် ပရ်ဒါ နဲ့ ဂီရာ ဆိုလိုရင်းတူပါတယ်။ အကာအကွယ်လို့ အနက်ရပါသည်။ 




“စကားထဲက ဇာတိပြ” ဆိုသကဲ့သို့ သည်ဆိုရိုးကလည်း ရိုဟင်ဂျာ အမျိုးသမီးများကို ဘေးအန္တရာယ် အသီးသီးမှ ဘာသာရေး အဆုံးအမနှင့်အညီ မိမိတို့ နည်းစနစ်ဖြင့် ကာကွယ်စောင့်ရှောက်သည့် ရိုဟင်ဂျာတို့၏ မွန်မြတ်သော စိတ်ဓာတ်ကို ဖော်ပြသည့်အပြင် ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှု ဓလေ့ထုံးစံနှင့် အဆင့်အတန်းကိုလည်း ပေါ်လွင်ပေးနေပါ သည်။ ဆိုရိုး၏ အဓိကအပိုင်းက Maiya Fuwain (အမျိုးသမီးများ) နှင့်  Fáñs Gíra (အကာအကွယ် ငါးမျိုး) ဆက်နွယ်မှုကို ဖော်ပြပေးခြင်းဖြစ်ပါသည်။ ဤ အမျိုးသမီးနှင့် အကာငါးမျိုးကား စကားတိုလွန်းသော်လည်း အဓိပ္ပာယ်နက်ရှိုင်းလှပါသည်။ 


ရိုဟင်ဂျာလူမျိုးတို့၏ နေထိုင်မှုဓလေ့သည် ယဉ်ကျေး သိမ်မွေ့လှကြောင်း ရှေ့ကဆောင်းပါးများတွင်လည်း အထောက်အထား သာဓကနှင့်တကွ  ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခု ဤ ရှေးစကားကလည်း ရိုဟင်ဂျာတို့သည် ယဉ်ကျေး သိမ်မွေ့သော လူမျိုးဖြစ်ကြောင်း ဖော်ပြသည့် အထောက်အထား တစ်ခုဖြစ်ပါသည်။ ရိုဟင်ဂျာတို့၏ နေအိမ်ဆောက်သည့် ပုံစံက မည်သည့်လူမျိုးနှင့် မတူဘဲ တစ်မူထူးခြားလှသည်။ မြင်မြင်ချင်း ရိုဟင်ဂျာလူမျိုး၏ အိမ်ခြံဖြစ်ကြောင်း သိနိုင်ပါလိမ့်မည်။ အာရ်ကာန်ပြည်တွင် လူမျိုးနှစ်မျိုး ဒွန်တွဲနေထိုင်သော်လည်း အချို့ဓလေ့ထုံးစံတို့မှာ နီးစပ်ဆက်နွယ်မှုရှိသော်လည်း၊ အချို့မှာမူ သိသိသာသာ ခွဲပြားခြားနားပါသည်။ 



ရိုဟင်ဂျာတို့သည် မိမိတို့နေထိုင်သောအိမ်ကို ယာယီတဲသဖွယ် စည်းမဲ့ကမ်းမဲ့ တည်ဆောက်သည် မဟုတ်၊ လူနေအိမ်ဟု ခေါ်လောက်သော အင်္ဂါရပ်ပြည့်စုံအောင် သေသေသပ်သပ် ဆောက်လုပ်ပြီး အိမ်ခြံကိုလည်း အမျိုးမျိုးသော အကာအကွယ်ဖြင့် ပတ်ပတ်လည် ဝန်းရံစည်းခတ်ကြသည်။ ထိုအကာအကွယ်တို့မှာ- 

(၁) Zóli ခေါ် အပြင်ခြံစည်းရိုး၊
(၂) Olíbólir gírá ခေါ် မုခ်တံခါးကာ (အိမ်ခြံတစ်ခုလုံး အတွင်းမှ ကာသည်မဟုတ်၊ အပြင်မှ ဝင်လာသော လူသည် ဝင်ဝင်ချင်း အတွင်း၌ ရှိသော လူကို တိုက်ရိုက် မမြင်ရအောင် မုခ်တံခါး (Gáñçá) နောက်မှာ အကာအကွယ် တစ်မျိုးဖြစ်သည်။)
(၃) Añttúa gíra (အမည်ကွဲရှိသည်) ခေါ် အိမ်နောက်ဖေးကို ကာရံထားသော အကာ ဖြစ်သည်။


ဤသို့ အင်္ဂါရပ် သုံးခုနှင့် ရိုဟင်ဂျာတို့၏ အိမ်ခြံများကို  စနစ်တကျ ခြံစည်းရိုးခတ်လေ့ရှိသည်။ Zoli အပြင်အကာမှာ ကျွဲ၊ နွား တိရစ္ဆာန်တို့၏ နှောက်ယှက်မှု၊ မကောင်းစိတ်ရှင်တို့၏ နှောက်ယှက်မှုမှ ကာကွယ်ရန်ဖြစ်သည်။ Olibolir Girá သည် အပြင်လူများ အိမ်ခြံထဲသို့ ဝင်သောအခါ ဝင်ဝင်ချင်း အထဲရှိလူများကို တိုက်ရိုက်မမြင်ရအောင် ဂိတ်ဝ နှင့် မနီးမဝေးတွင် ကန့်လန်ဖြတ် ကာထားသော အကာအပိုင်းအစဖြစ်သည်။ အိမ်နောက်ဖေးသည်  အိမ်တွင်းမှုကို အများအားဖြင့် လုပ်ကိုင်သည့် အမျိုးသမီးများ အလုပ်လုပ်ရာ နေရာဖြစ်သည်။ အိမ်ခြံအတွင်း မြေကွက်လပ်တွင် သီးနှံများစိုက်ပျိုးခြင်း၊ အဝတ်လျှော်ဖွတ်၊ ဆန်ထောင်း စသော အလုပ်များကို လုပ်ဆောင်လေ့ရှိသော နေရာဖြစ်ပေသည်။ ထို့ကြောင့် အမျိုးသမီးများအား အနှောင့်အယှက်ကင်း၍ လွှတ်လွှတ်လပ်လပ် လုပ်ဆောင်နိုင်ရန် ကာခြင်းဖြစ်ပေသည်။ အမျိုးသမီးများသည် ဤသို့သော် အကာအကွယ်အတွင်း နေထိုင်သည့်အပြင် အိမ်နံရံ နှင့် မိမိတို့၏ ယဉ်ကျေးသိမ့်မွေ့သော အဝတ်အစား အဆင်အယင် တန်ဆာ ကလည်း အကာအကွယ် တစ်ခုဖြစ်ပေသည်။ ဤသို့သော် အကာကွယ်နှင့် စောင့်ရှောက်ထားခြင်းကား ရိုတို့သည် အမျိုးသမီးများကို တန်းတူညီတူ ဆက်ဆံသည်သာ မဟုတ်ဘဲ အမျိုးသားများထက်ပင် ပို၍ အလေးထား ဂရုစိုက် အခွင့်အရေးပေးနေဟန် ထင်ရှားနေပေသည်။ အချုပ်အားဖြင့်  အဆို၌ပါရှိသော Fañs Gíra (အကာ ငါးခု) မှာ-

၁။ Zóli 
၂။ Olíbólir gírá 
၃။ Añttúa gíra 
၎။ Góror berá 
၅။ Gaar hoor တို့ဖြစ်ကြပါသည်။ 

[Read Also: ဘာသာတရားအသီးသီးမှ ဟိဂျာပ်အကြောင်း]


ဤသို့အကာအကွယ် ငါးခုထဲတွင် နေသည့် အဖိုးတန်ဆုံး မွန်မြတ်သော ရိုအမျိုးသမီးများ၏ နေထိုင်မှုစနစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ရင်းနှီးမှုမရှိသော အချို့လူတို့က အထင်မှား၍ “အလို! ရိုအမျိုးသမီးများကို အကာငါးခု ခတ်၍ သိမ်းထားခံရ သည်။ အိမ်တွင်းပုန်းသည်၊ အမျိုးသမီး အခွင့်အရေးကို  ပိတ်ပင်သည် စသည်ဖြင့် ကိုယ်တွေးထင်ရာ ဝေဖန်ကြလေ သည်။  စင်စစ်သော်ကား အကာ ငါးခုကို အထစ်ထစ် ပတ်ပတ်လည် စည်းခတ်သည့်မဟုတ်ပါ။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ခြံစည်းရိုးတစ်ခုတည်းထဲတွင် အင်္ဂါရပ် သုံးခု ပါဝင်ခြင်းသာဖြစ်သည်။ ထိုခြံစည်းရိုးရှိ အိမ်ထဲတွင် မိသားစုဝင် အမျိုးသားများလည်း နေထိုင်ကြသည် မဟုတ်ပါလော။ ဤခြံစည်းရိုးသည် ရိုတို့၏ အိမ်ဝင်းခတ်သည် ပုံစံတစ်ခုသာဖြစ်သည်။  အမျိုးသမီးများကို အိမ်အပြင်ထွက်ခြင်း ပိတ်ပင်သည်လည်း အလျှင်းမဟုတ်ပါ။ အခွင့်အရေးများ ပိတ်ပင်တားဆီးသည်လည်း  မဟုတ်ချေ။  အိမ်အပြင် ထွက်လိုကား ထွက်နိုင်ပါသည်။ အလုပ်အကိုင် လုပ်လိုကား လုပ်နိုင်သည်။ သို့သော် အမျိုးသမီးအိနြေ္ဒတန်ဆာဖြစ်သော ပါရ်ဒါဟ် အကာအကွယ်နှင့် အပြင်ထွက်ရန်သာ ဖြစ်သည်။ အခြားယောက်ျားများက ဆွဲဆောင်ဖွယ်ဖြစ်သော အဝတ်အစား ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ရန်သာဖြစ်သည်။ ရိုဟင်ဂျာ အမျိုးသမီးများသည် အမျိုးသားများနှင့် အတူ လယ်လုပ်၊ ယာခုတ်၊ ဆန်စပါး ထောင်း၊ ဗိုင်းငင် စသည့် အလုပ်အနုကြမ်းများမှာပင် တန်းတူညီတူ အလုပ်ခွင်သို့ ပါဝင်ကူညီကြသည်ကို အာရ်ကာရ်ပြည်တစ်ခွင်တွင် တွေ့မြင်ရမည်ဖြစ်သည်။ အကယ်၍ အမျိုးသမီးများကို အပြင်ထွက်ခြင်းပိတ်ပင်သော် ဤအလုပ်မျိုးကို မည်သို့ လုပ်နေသနည်း။ စဉ်းစားကြည့်ပါလော။ 



ကာမအာရုံသည် မနုဿနှင့် မကင်းဖြစ်သည်။ ထိုကာမအာရုံသည် ကျူးလွန်ခြင်းသည် ပျက်စီးရာ ပျက်စီးကြောင်း ဖြစ်သည်။ ကာမအာရုံကို လှုံ့ဆော်ပေးသော အမြင်၊ အသံ၊ အနံ့၊ အတွေ့၊ အရသာ တို့ကို အိနြေ္ဒရှိရှိ စောင့်ထိန်းရပါမည်။ ဤပဉ္စအိနြေ္ဒကို စောင့်ထိန်းခြင်းသည် ကျက်သရေဆောင် အမျိုးသမီး၏ တာဝန်ဖြစ်ပေသည်။ ဘာသာတရား တိုင်းတွင်လည်း အမျိုးသမီးများကို ထိုသို့ အိနြေ္ဒရှိစွာ သွားလာနေထိုင်ရန် ဆုံးမထားသည်ကို တွေ့ရှိနိုင်သည်။ 



ထို့ကြောင့်သာ ရိုအမျိုးသမီးများ အပြင်ထွက်သောအခါ ဘိုရ်ခါ ဝတ်ရုံခြုံကာ မျက်လွှာ အောက်ချ သွားကြပါသည်။  ပြင်းပြသော မွှေးနံ့သာ လိမ်းခြင်း၊ ပါးလွှာသော အဝတ်အထည် ဝတ်ဆင်ခြင်း၊ အမျိုးသားများနှင့် ရောနှောနေထိုင်ခြင်း၊ အမျိုးသားများနှင့် မလိုအပ်ဘဲ နောက်တီးနောက်တောက် စကားပြောဆိုခြင်းတို့မှ ရှောင်ကြဉ်ကြသည်။ ရိုယဉ်ကျေးမှုအရ ဘာသာရေးလမ်းညွှန်ချက်နှင့်အညီ နေထိုင်ခြင်းဖြစ်ပေသည်။ အိမ်တွင်းအများအားဖြင့် နေထိုင်ရခြင်းသည်လည်း ရိုဟင်ဂျာ လူမျိုးသည် Male Dominion အိမ်ထောင်ရေးကို ကျင့်သုံးပါသည်။ မြန်မာလူမျိုးတွင် Female Dominion အိမ်ထောင်ရေး ဖြစ်၍ အမျိုးသမီးများက အိမ်ထောင်ရေးကို ကြီးကြပ်ကြသည်။ သို့ဖြစ်ပါ၍ ရိုဟင်ဂျာ အမျိုးသမီးများသည် အိမ်တွင်းရေး တာဝန်များကို ကြီးကြပ်ရပြီး အမျိုးသားများမှာ အပြင်လောက လုပ်ငန်းများကို တာဝန်ယူရသည်။ ရုံးအလုပ်ကို တာဝန်ယူရသည့်လူသည် အများအားဖြင့် ရုံးထဲတွင် နေရမည်ဖြစ်ပါသည်။ ထိုနည်းတူ အိမ်တွင်းမှုကို ကြီးကြပ်ရသည့် သူသည် အိမ်တွင်း၌ အချိန်အများအပြား ကုန်ဆုံးမည်မှာ ထူးခြားစရာ မဟုတ်ပါ။ 



 ဤသို့ အိနြေ္ဒရှိရှိ ဝတ်ဆင်ခြင်းသည် မိမိကို အခြားတစ်စုံတစ်ယောက်၏ အန္တရာယ်ပြုခြင်းမှ ကာကွယ်သည့် အပြင် အခြားယောက်ျား တစ်စုံတစ်ယာက်ကိုလည်း ကာမအာရုံ လှုံဆော်ပေး၍ မကောင်းမှုဖြစ်စေခြင်းမှ  ကယ်ဆယ်လိုက်ခြင်းပင် ဖြစ်လေသည်။ မည်သည့် ဘာဘာဖြစ်စေ၊ မည်သည့် လူမျိုးဖြစ်စေ  သည်ကာမဂုဏ် ငါးရပ်ကို ထိထိရောက်ရောက် မထိန်းစောင့်လျှင် ယနေ့ကမ္ဘာတွင် ဖြစ်ပျက်လျက်ရှိသော မုဒိမ်းမှု၊ လိင်လုပ်ငန်း၊ အမျိုးသမီးဘဝများကို ဖျက်ဆီးမှု၊ အိမ်ထောင်ရေး မတည်ငြိမ်မှု စသော လူမူအသိုင်းအဝိုင်းများ ပျက်စီးစေတတ်သော ဒုစရိုက်များကို တားဆီးနိုင်မည်မဟုတ်ပါ။ ယဉ်ကျေး လိမ္မာသော လူသားသည် တိရစ္ဆာန်ထက်တောင် ရိုင်းစိုင်းသွားပါလိမ့်မည်။ 


ဤသို့လျှင် အမျိုးဂုဏ် ကျက်သရေဆောင်သော ရိုအမျိုးသမီးများ၏ နေထိုင်မှု ဓလေ့ထုံးစံသည် လူ့အခွင့်အရေးကို ပိတ်ပင်သည်မဟုတ်ဘဲ ယဉ်ကျေးသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်နေခြင်းပင် ဖြစ်ပေသတည်း။ 



Wednesday, September 18, 2019

Rohingyár Boson Ókkol (ရိုဟင်ဂျာ ဆိုရိုးစကားပုံများ)




Boson Ókkol (ဆိုရိုးစကားပုံ)



-A-


1. Ada suronir monot gutgoti.
(ချင်းသူခိုး စိတ်ဒုန်ဒုန်)
2. Am gasót zam nodóre.
(သရက်ပင်မှာ သပြေမသီးဘူး)
3. Aarolloi bazí firolloi mockari.
4. Abastá buzí, bebastá goró.
5. Acá tailé rasta niyole. 
(လိုလျှင် ကြံဆနည်းလမ်းရ)
6. Acár fól mirá bicí.
7. Áf maillé kessuá uré.
8. Age kéc, fisé dorvec.
9. Age za, age há, agor loot kiyé nofa.
(အဦးသွား အဦးစား၊ အဦးနောက်ကို ဘယ်သူ့လိုက်မီ)
10. Agor ál zikká fisór ál íkka.
( ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွား၊ နောက်နွားစဉ်စိုက်၊ ဖြောင့်ဖြောင့်လိုက်။)
11. Agor loot fisé nofa.
12. Ahol oré icára, Biyakkol oré técará.
13. Ahol oré ahol dilé, aró ahol baré,
 Beyakkhol oré ahol dilé nezottú how tore.
14. Akyab pya ré fanir donk e nofucá.
15. Andayattú nái bútor dhor. 
(မျက်ကန်း တစ္ဆေမကြောက်)
16. Andayár decót hana Raza.
(မျက်မြင်ပြည်မှာ မျက်ကန်း မင်းထလုပ်)
17. Arí yó sún, dari yó sún.
(ဖွတ်မရ ဓားမဆုံး)
18. Áñti zurai faille yó, hañsi zurai no faré. 
19. Ári nofaillé bañdir foddóré.
20. Átthá maitte fuçí más more.


-B-


1. Baac ó no-báñguok, boñrá yo no-moruok.
2. Baf sá fut sá, maa sá zíi sá.
3. Baiggo dorílé ziyor nati yó baf dake. 
4. Báiggo dorílé darit mazé modur bahá bane. 
5. Baái hotá hoi sai, sita gorí laf nái.
6. Bainnali bainnali, surali agori.
(ပန်းထိမ် မတတ်ခင်၊ ရွှေခိုးသင်)
7. Bañdur zetóu burá óu, Étou gas becí baá.
8. Bañlor feçot gii hozóm noó.
9. Bánga theñg gañtot
(အနာပေါ် တုတ်ကျ)
10. Bari fisór hák hoñsu tuwailé fa, feçor fut-zii matailé fa. 
11. Bát balá khúda hó, foñt bála behañ zo.
12. Beec bírile siré, beec hoñc oilé bertáke.
(တင်းလွန်းလျှင်ပြတ်၊ လျော့လွန်းလျှင်ပတ်)
13. Beec lalsi goillé aiñtar loot nofa.
(အလိုကြီး အရနည်း)
14. Beçir baiggór dón, Berar baiggót zon.
15. Bekub suwar oilé, hana dhula loi baiyon tulé .
(အိတ်ပေါက်နှင့် ဖားကောက်)
16. Betor dhore bañdor nase.
17. Bo óre kil, Soñir óre gil.
18. Bóine musa bañdé, báiyé uñsa sañsé.
19. Boin lagilé bailoi biro.
(နှမလိုလျှင် မောင်ကိုပေါင်း)
20. Bole zare, buddi tare.
21. Bon or bagé no háite monor bagé há.
22. Boráiyár fun, só ráiya za.
23. Borat or baare hórat nái, Thuna tulár gun nái.
24. Borór bát hái morór muic sorar.
25. Buiggáttú mone sa, gan gai ballá.
(အသောသူက တေးဆိုချင်။ )
26. Buot kucít buot zala, olfo kucít moronai bala.
27. Burá áger moitto, fuwa áger toitto.
28. Burá burír hotá ekkán óilé fúna fore.
(သက်ကြီးစကား၊ သက်ငယ်ကြား)
29. Burá córme háñce, fuwa córme hande.
(ကလေးရှက်တော့ ငို၊ လုကြီးရှက်တော့ ရယ်။)
30. Burár hotá kurár gú.
31. Buth bañgizái, zoloi feñrai laf nái
32. Buzílé túra, no buzilé náittóngór murá.


-C-


1. Cara náidé bera mazorttún nere.
2. Cíyalór dhore kurá nofali bó né?
3. Códor gíri utton giri.
4. Coit biraimmia no base.
5. Com e sinai cuddor bái, ocom e fouri háñre bol buddi hárai.
6. Cótur e Sotur Goré.
7. Cúk bat é duk laittá.
8. Cuná rufa túk, manúic sina duk.
(ငွေကဲရွှေကဲထက်၊ လူကဲခက်)
9. Cuornír Háñt só, Baánnír Ek só.”


-D-

1. Dágoidé mas dhoñr.
(လွှတ်တဲ့ငါး ကြီးသည်)
2. Dáñc oré tába, muic oré náfa.
3. Decci gorom noité dánná gorom. 
(အိုးကမပူ၊ စလောင်းကပူ)
4. Decór bola fiçót nase.
(တိုင်းပြည့်ဘေး၊ ကျောကုန်းနှင့်သယ်)
5. Decór bolat fir no base.
6. Decór sinta gadá yé no goré.
7. Deikká góror bañdi, Adeikká góror bibi. 
8. Dhuwañ dorí guli mare. 
9. Dhúlor bari hoorot cóm noó.
(ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍ မလုံနိုင်)
10. Docor larí ekor fuzá.
11. Dón takíte kure kure, dón furailé duré duré. 
(ဥစ္စာမရှိ လူမခင်၊ ဥစ္စာရှိ သူ့သခင်။) 
12. Dori síra goru ye, thiyañra báñge.
13. Dóroné hailé, forane base.
14. Duk sára cúk nái.
(အနာခံမှ အသာစံရမည်။)
15. Duurí berçár suk fool, bazá beçí fuwain fool.


-E-

1. Ehélá beçír hotá nái.
2. Ek bar e zodi hó, cót bar sou.
3. Ek beçillá moré, ek meçillá more.
4. Ek decór buli, ar ek decór gali.
5. Ek dhul tulá, oinot dilé ek muth nofa.
(ဝူာကွမ်း တစ်လှည်းစာ၊ မီးဖုတ်၍ တစ်ဆုပ်မရ။)
6. Elóm burá nái.
(ပညာလို အိုသည်မရှိ)
7. Ek háte tali no fúre.
(လက်ခုပ်တစ်ဖက်တီး၍ မမြည်)
8. Ek sulát tin rañdóni, furi moure fén gáloni.
8. Ek zonor daara doc zon more.
10. Eñraiya kela miçá nái.




-F-


1. Fani haçi lé dui bák nou. Bái boin honó síra nou.
2. Faníyó búl noó, mas ó doijjá o.
3. Faraillattú dóun ouk, Ótin óttu fut ouk.
4. Feth obuzá, Kanunor dára.
5. Feçe nosiné bāi horhora.
6. Foir nosiní tuwa sálam gore.
7. Fouktow foñsí toktó no siné.
(ပေါက်တောရောက်၍ ပေါက်တောမသိ)
8. Fool kuñir or din ek duñijjá.
(ခွေးရူးကောင်းစား တစ်မွန်းတည့်)
9. Forík ót takóyá, fattór loi no kélá.
10. Forullá re zaga dilé ad-khorá khó.
11. Foror fiçá mukót miçá. 
12. Fororlá gañt kurilé, zar gañrát te fore.
13. Foror súta ek maic, Muk or súta ek rait. 
(သူများပြောတစ်လ၊ မယားပြောတစ်လ)
14. Fuiñc fóri kuçoil báñgé.
15. Funot nái thena, miçádí bát haná.
16. Fuadór ek fúça, afuwadór guñra.


-G-



1. Gággua dé kuñir e no hoñre.
(ဟောင်လွန်းသည့်ခွေး လူမလေး)
2. Gaite gaite gain, baité baité cain.
3. Gal gune beñg more.
(အသံကြောင့် ဖားသေ)
4. Gal táite Nakot bát.
5. Gañtot foille maa maa goré.
(ခလုတ်ထိမှ အမိတ)
6. Gas e gular bór coo, gula ye gasór bór nocoo.
7. Gas sine bahole, Manúic sine ahole.
8. Gasór bahol, Mancór Ahol, Rosóm zator.
9. Gorib moille fúne, dóni foille fúne.
10. Goróyar sou gún, dahoyár doc gun.  
11. Gór lifi duarot asár há.
12. Góror cundór nari(zii), matá cúndor foori.
13. Góror goru gáñçár ker no há.
(ရွာနားက မြက်၊ ရွာနွားမစား)
14. Górór mela fore hār, Hassonya hodda loi) (fara) berar.
15. Górot nái morisor guri, báaré dahár zutar mothmori.
16. Goroyár córom no, dekóyar córom.
(ယိုသူမရှက်၊ မြင်သူရှက်)
17. Gura hale kul soré, doñr oré hátot dóre.
(ငယ်လျှင်ချီ၊ ကြီးလျှင်မှီ)
18. Gúwar log gúwot kúchi.
(ချေူခါထဲက လောက် ချေူထဲပျော်သည်။)



-H-


1. Hái no-zainlé moribá, boi no-zainlé loribá.
2. Hál buzílé retí táke.
(မြစ်ပျောက်သော် သဲပြင် ကျန်စေတယ်။)
3. Háli gorá mate bicí.
(မပြည့်သည့်အိုး ဘောင်ဘင်ခတ်)
4. Hale ori hale bou.
5. Hál háçi kúñir gólai yé. 
6. Ham no tákile biyar zon bála.
7. Háñcor andha kurár um, foriyar fua loi na túñg túñg.
8. Háiñsá féçáñnír fúwá dulot soré, hon hon dec fusár góré.
9. Hái nozain lé kuwalor duch.
(လူမတန် ကံချ)
10. Hañsé taile fore mon, dure gilé thon thon.
(Out of sight, out of mind)
11. Haito dile neitto sa, ador goile mattat boi uin sa.
12. Háñt Doroní Fua Mare.
(လက်သည်များ သားသေ)
13. Háñti lera oilé yó, doccúa goru fán také.
(ဆင်ပိန်လျှင် ကျွဲလောက် ကျန်သေးသည်)
14. Háñti zurai fare, hañsí zurai no faré.
(ဆင်ဖိုးထက်၊ ချွန်းဖိုးကကြီး)
15. Hárí faillé surí, Hárí no faillé mockarí.
16. Háñziya gom oiléyó, bair moza horé.
17. Háñzile finilé beri, lefilé fusilé meri.
18. Hátillá fuzá bór oilé yó luwa fore.
19. Hawaye hatthól háiyé, bogar fuñdot añçá bajjé.
20. Hírar kimot Murung e no buzé.
(ငွေအကဲ ပန်းပဲမသိ)
21. Hók hotá bafor kulot bōi ho.
22. Hoinjjar tunnur tannur bainar ek bari.
23. Hol bak, kholot fore.
24. Hombolor baaré théñg no thané.
25. Hoossá keñlá miçá nái. 
26. Hormo zodi bála óu, din duniyai foór ló.
27. Hounnór duwa ye, Goru no more.
28. Hóuñttu forí jumar gusól gore.
29. Hórati goru galsiri saá.
(အလကားရသည့်နွား သွားဖြဲကြည့်)
30. Horí yó sún, dari yó sun. 
31. Horé fúra fóil, Horé amor boil.
32. Horkot gorilé borkot aiyé.
33. Hóriyé báñgílé tára bone, bou é báñgílé biddánac goré.
34. Hótur e Sotur goré.

-K-

1. Keñra di tulé, keñra ré.
(one throne drives away another)
2. Kiyór kála, kiyór zala.
3. Kúch haal zivon, dukkó moron.
(ပျော်ပျော်နေ သေခဲ)
4. Kudal e vuk thane.
5. Kuilár bóda hawwar uum, forok só lói na túñg-túñg.
6. Kuroil maillé foot fore.
7. Kuwal baiggó hone zane.
8. Kuwal no bodolilé, Urán bodola fore.
(တရွာမပြောင်း သူကောင်းမဖြစ်)
9. Kúñrar bole sool nase.
10. Kuu hotá boyaror age.

-L-


1. Lac mari kúnít bazé.
2. Lal Kutta cíyalor Bai.
3. Lal samrar buddi, Nizor khó gúci gúci. 
4. Lalsír matát cóbo moré.
5. Latí haiya hattol lati no hailé nofage.
6. Laçí yó no bañgé, áf o no moré.
(မြွေမသေ၊ တုတ်မကျိုး)
7. Lori-sori baró, górot bōi teró.
8. Luta kuíñre gú béci há.
9. Luwá ré luwadí hara fore. Hañti ré hañti di dórá fore.


-M-


1. Maa dileyó baf nafa. 
2. Maar gun oré, sam hó goillé yó no-fúzé.
3. Mélat zon agé, hoilot zon fisé.
4. Meittheillá ar Meittheilla hoil bazílé, Giróror ail usol gorê.
(မြေတူးသမားချင်း ခိုက်ရန်ဖွား၊ မြေရှင်အမြတ်သာ။)
5. Misá hotá hanor mozá, miçá miçá fún.
(မုသားမပါ လင်္ကာမချော)
6. Missirír bañga gór, holibar fara hor, boiddor górot nitti zoor. 
7. Mizzir górot muk dhain, háde gorót fuwain dhain.
8. Modu haité fukor hoñrani cúwa fore.
9. Mokkar manúic hójot loot nofa. 
10. Moniccór mon jin e yó bórai nofaré.
(လူအလို နတ်မလိုက်နိုင်)
11. Muicór laçáit loçí sára, háñt tiyañra fara.
(မရဲဘဲ ကျွေးပြဲစီးချင်)



-N-


1. Nasi Nojanilé uçán beñha.
2. Nathá manúic age mate, nathá zobin age fáre.
3. Natir lá háñti more.
4. Nelezza tore, lazulla more.
5. Nidan bine foth nomile.
(ဆရာမပြ နည်းမကျ)
6. Nir hákim e foran hó, nir buddí yé docá óu. 
7. Nim fúl matát de lai, nin gastala boi handa fore.
8. Noháilé toré, No sinílé moré.
(မရှိသူထက် မသိသူခက်)
9. Nohande de fuwa ye dut no-fa.
(ငိုတတ်သည့်ကလေး နို့စို့ရ)
10. Notakattún aró no zaná dúk.
(မရှိတာတက် မသိတာခက်)


-O-


1. Obággittár zaan or uorttú za, Bággíttár maalor uottún za.
2. Ocút out oíte farat gócilé, Ohotá hotá oíte luke gócilé.

3. Ókkol kuñír mokka gilé, decór g** hone háibou.
4. Omancór fouri no bóiyó, Bálá mancór zuta bóiyó.
5. Omancór soori goillé nofá meerbáni, baramas dúile nofa foon fani.
6. Óñttu fori, jumar gusól goré. 
7. Ori ré maari Bou óre cíka.
8. Órib ninnam gorib.
9. Óriyé maijjé gutá, Buo yé faiyé súta.
10. Oti hammuar bát nái, Oti cúndorír nek nái.
11. Ottór soil dola no goitte ruzar soil dola goror.
12. Oun or rátá, sāiyor thale.
(မီးခဲပြာဖုံး)
13. Ou dikkós, bou no dikós.


-R-


1. Raak e more, tandor tore.
2. Raçór bát feçot táke, nidanor hotá monot táke.
3. Raza ré rajjo ye nokula, Maa-baf oré fut-ziyan dé nokula.
4. Razar foran háñt biyán, fanír foran ek madán.
(မင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက်)
5. Rata náide decót kuñrí kurá bak de.
6. Riit buzí giit gaa.
7. Rot taite añro, combotti taite baço.
8. Rotór kurun foñtór bai, rot fúrailé kiyé nái.
9. Ruwáñgór hotti, ronge chúde ginní.


-S-


1. Sába ré hat laille, Sába yo hát lare.
2. Sáf miça hái hóndhár bari haile yó gomlage.
3. Sandar muic o muic, foktor muic o muic, follannyar goyal búc.
4. Sép cíçilé gaat fore, kuróil máilléyó foot fore.
5. Sikkáttu aró viddá bicí.
6. Sile mancór gusto há, silor gusto kiyé nohá. 
7. Sinóya kuri há, Osinóya diyáiñ zá.
(သိသူဖော်စား၊ မသိသူကျော်သွား)
8. Suk hana goillé yó, dec hana no goijjó.
9. Suk tai añdá, Hát tai bena.
10. Sólluk ór no faar ottú sole, osólluk ór no doriyat dhufé. 
11. Sool mutité dorá fore.
12. Sur dai buddi baré.
(ရန်သူပြေးမှ ဒူးလေးပြင်)
13. Suror gola dhoñr.
14. Suror háñt rait, Girósór ek rait. 
15. Suror sur Kuwal, Giróssor bor kuwal.


-T-


1. Táka yo duk, No tá yó duk.
(မရှိဒုက္ခ၊ ရှိဒုက္ခ)
2. Telir matát tel,  ateilla matá gel.
3. Téñg sossorailé ek hát, gal sossorailé thard or sórat. 
4. Tik hotá tuittir mukót.
5. Tin gun berái lé dori, thañg thang mate hotti.
(သုံးလွန်းတင်မှ ကြိုး၊ ဒေါင်ဒေါင်မြည်မှ အိုး)
6. Tuiñc hañri soil nofa.
(ဖွဲ့ကိုထောင်း၍ ဆန်ကောင်းမရ)


-U-


1. Ulda sure kutuwal baá.
(သူခိုးက လူလူဟစ်သည်။ သူခိုးက လူပြန်ဟစ်သည်။)
2. Ūñ hotá mon bór, Bezainnà hotá han bór.
3. Una bátor duna bol, feth bóri háilé fuícca ból.
4. Undujjallá undurní, razallá rani, baccárlá madobi.
5. Uñre date hoñr há. 
(လင်နှင့်မယား၊ လျှာနှင့်သွား။) 
6. Uñth haça háñcer fán lage. 
7. Uzar báñga gor, boiddo górot nitti zor.
8. Uzu oñllot gii no uré. 
9. Uzu gas baa duk, uzu hotá fúna duk. 


-W-

1. Waa giile assan súñwe.
2. Waccá gal e, horhora no mane.

3. Waccá fere niriccá no siné.
4. Wakiya fúní badcá nobone.


-Z-

1. Zaibo bandiri, aibó cúndorí.
(အဆိုးသွားလျှင် အကောင်းလာ။)
2. Zaillar háñt zu, áillár ek zu.
3. Zák sirílé bagé há. 
(နွားကွဲ ကျားဆွဲ)
4. Zar Baforé Kuiñre hàiye te Deñ dekíle dhora. 
5. Zar bazu dúf, tar hotá kuroilór kuf. 
6. Zar goru fúñçót báijjé , tartún lesot aagae dóráfóré
7. Zar goruré te meitta teil di randi ha.
8. Zar bafe gúra nó-soré, te gúra dorí bobbo goré.
9. Zar hame taré cáñze, ofir hame lori sañsé.
10. Zamai háram, bilai háram.
11. Zar nun, tar f**. 
12. Zar sugót ál fore, te no deké nize.
13. Zat e zat kiyañrár gañt.
( သူတော်ချင်းချင်း၊ သီတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့)
14. Ze decór é bou, Zuiñr funot di nou bou.
15. Ze kuñiror les beñha suñwat boillé yó é beñha
(ခွေးမြီးကောက် ကျည်တောက်စွပ်)
16. Ze ailot há é ailot cíñg dará.
17. Ze meçit asár há, é meçit bordí urá fore.
18. Ze soun ót há, e soun hana goré.
19. Zeror keti goru ye há, zeror fuwa fore so. 
(ကောက်နှောင်းလျှင် ဆင်စာ၊ သားနှောင်းလျှင် ကျွန်ရာ)
20. Zeen or heen.
21. Zeén galor eén suwar.
(ကျားကြီး ခြေရာကြီး)
22. Zeén muic or eén Goddona.
23. Ziit or bát kuiñr e há.
(Perversity brings losses.)
24. Ziiyór nati alok sáti, futor nati zivon ziyoñti.
25. Zodi fore khoor, tóu no sairjjó coór.
26. Ze zeddur lame, éddur bíze.
(ရေမြင့်လျှင်၊ ကြာမြင့်။)
27. Zór zikká zuñir íkká.
(မိုးရွာသည့်ဘက် ခမောက်ဆောင်း)
28. Zotton e rotton.
29. Zuo háilé há, hímmót no háraic.
30. Zuu hale khó nái, moron hale uddár nái.


Collected by RohangKing

















Sunday, September 15, 2019

ဒု-ရဲမှူးကြီး ဦးကျော်ဇောအောင်

ပုံ- ဒုရဲမှူးကြီး ဦးကျော်ဇောအောင် 

ဒု-ရဲမှူးကြီး ဦးကျော်ဇောအောင်


|စုစည်းတင်ပြ- လူထုဝဏ္ဏ|


ရိုဟင်ဂျာလူမျိုးတစ်ဦးဖြစ်သူ ဦးကျော်ဇောအောင် (ခ) ဦးဘော်နီအာမီးန် သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုတိယရဲမှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုခေတ်က ရဲမင်းကြီး ဦးကျော်ဇောအောင်ဟု ကျော်ကြားခဲ့သူဖြစ်သည်။ ရိုဟင်ဂျာလူမျိုးထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အမြင့်ဆုံးရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

 ဦးကျော်ဇောအောင် သည် ဘူးသီးတောင်မြို့နယ်မှ မြို့နယ်သမ၀ါယမဦးစီးမှူး ဦးထွန်းစိန် (ကွယ်လွန်) ၏ ညီအရင်းဖြစ်ပြီး၊ Rohingya Blogger/Rohingya Today တည်ထောင်သူ ဦးဘစိန်၏ ဦးလေးအရင်း ဖြစ်သည်။ ရိုနေဆန်းလွင်နှင့် ကိုဇေအဏ္ဏ၀ါတို့၏ အဖိုးလည်းဖြစ်သည်။  

 ၎င်းသည် မောင်တောမြို့နယ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ဝင်၊ အထူးသတင်းတပ်ဖွဲ့၊ ၀န်ကြီးများရုံး၊ ကျိုင်းတုံ၊ မန္တလေး၊ ကျောက်ဖြူ၊ မြောင်းမြ၊ ပခုက္ကူ၊ မကွေး စသည့်မြို့များတွင် ရာထူးအဆင့်ဆင့်ဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ 

 မြန်မာနိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး၊ ရန်ကုန်မြို့ အင်းစိန် စီအိုင်ဒီ (CID) ထောက်လှမ်းရေး ဌာနချုပ်တွင်လည်း ဒုတိယရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

 ဒုတိယရဲမှူးကြီး ဦးကျော်ဇောအောင်ကို ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူအပါအ၀င် အခြားနိုင်ငံများစွာသို့ လေ့လာရေးခရီးများအဖြစ် နိုင်ငံတော်က စေလွှတ်ခဲ့သည်။ 

 ၎င်းသည် ဒုတိယလုံခြုံရေးမှူး၊ လုံခြုံရေးမှူး၊ အမှုစစ်အရာရှိ၊ ဒုတိယကြီးကြပ်ရေးမှူး၊ ၀န်ထောက်၊ တိုင်းရဲတပ်ဖွဲ့ ရုံးအဖွဲ့မှူး၊ သင်တန်းမှူး စသည့် အဆင့်ဆင့် ရာထူး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ 

 ဦးကျော်ဇောအောင်သည် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း မိမိလူမျိုး၏ အမျိုးသားရေးတာဝန် အမျိုးမျိုးကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းနှင့်အတူ ဦးလှမောင်၊ ဦးချစ်လွင်၊ ဦးဘထွန်း၊ ဦးဘမြိုင် စသည်ပုဂ္ဂုလ်ထူးတို့က အမျိုးသားရေးကို လက်တွဲဆောင်ရွက်ခဲ့ကြသည်။ 

 ရိုဟင်ဂျာကျောင်းသား/သူများအတွက် စကောလာရှစ် (ပညာသင်ထောက်ပံ့ကြေး) အစီအစဉ်ကို စတင်ခဲ့သူများတွင် ဦးကျော်ဇောအောင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ 

 မန္တလေးရဲသိပ္ပံတွင် ဒုတိယကျောင်းအုပ်ကြီး ရာထူးဖြင့် ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို မန္တလေးမြို့ရှိ အုတ်ရှစ်ကုန်း သင်္ချိုင်းတွင် မြေမြှုပ်သဂြိုဟ်ထားသည်။ 

ကွယ်လွန်ချိန်တွင် သမီး (၃) ယောက်နှင့် သား (၂) ယောက် တို့ ချန်ရစ်ခဲ့လေသည်။


ဒု-ရဲမှူးကြီး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်ထူးဂုဏ်မြတ်ကြောင်းကို ရိုဟင်ဂျာ ပုဂ္ဂိုလ်ထူးများက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။


(က)

“He was my political mentor. From 1967 to 1971, I was as a family member of him. At that time he was at the Insein CID HQ as at second in change. The first men was U Shwe Thaing who is also a Muslim Kaman from Kyauk Pyu. As friend of my father, I also visited frequently U Shwe Thaing House also. From U Kyaw Zaw Aung I had able to learn many things about Burmese political set up and administration set up and from U Shwe Thaing I had able to learn about history, leader ships and activities of Rakhine armed groups. I was lucky enough to get both of them. I will never forget both of them.”

                   -Aman Ullah (သမိုင်းသုတေသီ)


(ခ)

“I heard about him since my young age. He may be my father's jr. officer as Imam Hussain (USA). But his wife was my school mate at Buthidaung State High School. All are my relatives. I love and respect all of them. I called Mr.Yusuf Sab as Dada as my dad regarded him as his uncle. U Shwe Bin (Ali Johar) was also his relative.”

                  -Saya Gyi Abul Foyas (AFK. Jilani)


(ဂ)

“He is boni Amin.
သူရဲ ကဗာရ်က အုတ်ရှစ်ကုန် ကဘာရ်စတန် တွင် ယနေ့တိုင်ရှိနေသည်။”

                  -ခိုဖြူရှင် ဓားသမား


(ဃ)

“ကျွန်တော့်မှာ ရေးစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဆောင်းပါးရှည်ရေးဖို့ ဒေတာတွေ စုနေပါတယ်။ ရိုဟင်ဂျာကျောင်းသားတွေကို စကောလာရှစ် စတာမှာ ဖိုးလေး ဦးကျော်ဇောအောင်လည်း ပါခဲ့တယ်။”

                   -ရိုနေဆန်းလွန် (Rohingya Blogger)


(င)

“ဦးကျော်ဇော်အောင်သည် အမျိုးသားရေးကိုလည်း တဖက်တလမ်းမှ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်၊ သူနဲ့လက်တွဲဆောင်ရွက်ခဲ့သူများမှာ တက္ကသိုလ်ဖက်မှ ဦးလှမောင်၊ ဦးချစ်လွင်၊ ဦးဘထွန်း၊ ဦးဘမြိုင်တို့ကို မှတ်မိသည်။”

                    -ရဲလွင်


(စ)

“ကျနော့် ဒါဒါ(အဘိုး)အရင်း ... ဦးကျော်ဇောအောင် ... သူ့ခေတ်သူ့အခါမှာ တော်တော် လေးစားဖို့ကောင်းတဲ့ ရဲတပ်ဖွဲ့ဝင် ... လာဘ်လုံးဝမစားဘူး ... လက်ရှိ ရဲတပ်ဖွဲ့ဝင် အရာရှိအတော်များများ ကျနော့်အဘိုး တပည့်တွေများပါတယ် ... အဲဒီခေတ်မှာ သူ့အဆင့်က ရဲ ဒုတိုင်းမှူး နဲ့ အဆင့်တူပါပဲ။”

                 -စိုင်းဇေယျအောင်


အထက်တွင် ဒု-ရဲမှူးကြီး၏ ဂုဏ်သတင်းအချို့ကိုသာ စာဖတ်ပရိတ်သတ်တို့ ဖတ်ရှုနိုင်အောင် ဖော်ပြပေးခြင်းဖြစ်သည်။  နိုင်ငံနှင့် လူမျိုးအတွက် လူအား၊ ဉာဏ်အားနှင့် စွန့်စားခဲ့သော ဒု-ရဲမှူးကြီး၏  စေတနာသည် အစားမထိုးနိုင်လောက်အောင်  ကြီးမားလွန်းလှပေသည်။


--------------------------------------------------


ကိုးကား-


ရိုနေဆန်းလွင်- FB post

May 15, 2016

https://mobile.facebook.com/photo.php?fbid=1346809115335661&id=100000197551298&set=a.793018904048021&source=48