Saturday, July 24, 2021

A VISIT TO MANERPLAW

 A VISIT TO MANERPLAW

(မာနယ္ပေလာ သို႔မဟုတ္ ေကာ့သူေလး)



Recently, a delegation from Arakan Rohingya Islamic Front (ARIF) led by its Chairman Br. Nurul Islam paid a visit to Manerplaw, the Headquaters of the Karen National Union ( KNU) at the invitation of the KNU. It is due to the political sagacity of the Karen leadership that today Headquaters of National Democratic Front (NDF), Democratic Alliance of Burma (DAB), National Coalition Government of the Union of Burma (NCGUB) and others are in establishment at KNU liberated zone of Manerplaw. Thus Manerplaw becomes the last refuge of the forces that are trying to bring about democratic change in the country.


The ARIF delegation was warmly welcome by the KNU. During their visit they had several rounds of talk on various issues of mutual interest with Karen leaders, including Gen. Saw Bo Mya, President of KNU and Chariman of DAB, KNU Vice-President Bado Than Aung and its General Secretary Bado Ba Thin. The delegation also visited the Headquaters of the NDF and DAB and conferred with the leaders on the latest situation of Burma and importance of coordination among the revolutionary organisations fighting against the present State Law and Order Restoration Council (SLORC) military regime.


Fruitful discussions were made also with the leaders of Kachin Independence Organisation ( KIO). Chin National Front (CNF). All Burma Muslim Union (ABMU), People's Patriotic Party (PPP), New Mon State Party (NMSP). The delegation also met with the leaders of Shan State Progressive Party (SSPP), Plaung State Liberation Party (PSLP). People's Liberation Front


Contd.........Page-3



Ref: ARAKAN Vol 1, Issue 4, June 1991 


Figure-  ARIF Chairman Nurul Islam ( 2nd from left) with KNU President Gen. Saw Bo Mya (Center) 


Credit: Internet

Friday, July 23, 2021

နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)

Figure: Boxer Win Maung

နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)


— December 17, 2013 | M-Media

(သီရိ)

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်”


Win Maung Boxer

ရန်ကုန်။ ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင် နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၄) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) အား M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။

မြန်မာ့လက်ဝှေ့ချန်ပီယံ ဦးဝင်းမောင် အား ၁၉၄၆ ခု ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖ ဦးမူဆာ၊ အမိ ဒေါ်ဆဖူရာဘီ(ခ) ဒေါ်စောရန် တို့မှ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်အနက် ၆ ယောက်မြောက်ဖြစ်ပါသည်။ ငယ်စဉ်အချိန်ကတည်းက ဖခင်ဆုံးပါးသွား၍ မိခင်နှင့်ပင် ကြီးပြင်းခဲ့ရသည်။ ဒေါ်နွဲ့လေးနှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ကြောင်းသိရပါတယ်။

M-Media ။ ။ ပထမဦးဆုံးနေနဲ့ အန်ကယ့်ရဲ့ ပညာအရည်းအချင်းကို သိချင်ပါတယ်

ဖြေ။ ။ ကျူလီယာမွတ်စလင် High School ကျောင်းမှာ သူငယ်တန်းကနေ ၆ တန်းထိ အတန်းပညာနှင့် ဘာသာရေးပညာကိုပါသင်ယူခဲ့တယ်၊ ပြီးတော့ ၇ တန်းကစပြီး ၁၀ တန်းအောင်မြင်သည်အထိ MM Randeria (ယခု အ.ထ.က ၂ ပန်းပဲတန်း) ကျောင်းတွင် ဆက်လက်ဆည်းပူးခဲ့တယ်။


M-Media။ ။ အန်ကယ် အားကစားလောကထဲကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။

ဖြေ။    ။ ကျောင်းမှာ ဟော်ကီကိုအပျော်ကစားရင်းနဲ့ ကျောင်းလက်ရွေးစင် ဖြစ်လာတယ် ပြိုင်ပွဲတွေကို ဆက်ကစားရင်းနဲ့ ဗမာ့ဟော်ကီလက်ရွေးစင် တစ်ယောက်ဖြစ်လာခဲ့တယ်။


M-Media။ ။ လက်ဝှေ့အားကစားကိုရော ဘယ်လိုကြောင့် ကစားဖြစ်ခဲ့တာပါလဲ။

ဖြေ။    ။ ကလေးဘ၀တုန်းကပေါ့ ကျောင်းပြန်ရင်အကိုနဲ့အတူ ဘောလုံးပွဲသွားကြည့်တယ် အဲဒီဘောလုံးကွင်းမှာ လက်ဝှေ့ ကလပ် တစ်ခုရှိတယ်။ သူများထိုးနေတာကိုခိုးကြည့်ပြီး နည်းပြဆရာက မင်းထိုးချင်လို့လား သတ္တိရှိလား လို့မေးတော့ မခံချင်စိတ်ပေါက်ပြီး ထိုးမယ်ဗျာ လို့ ပြောပြီး အဲဒီအချိန်ကတည်းကလက်ဝှေ့ကို စတင်ထိုးခဲ့တယ်။


M-Media။ ။ အန်ကယ်ရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများလဲ။

ဖြေ။    ။ လက်ဦးဆရာတွေကတော့ ဆရာဦးအောင်ငြိမ်း၊ ဆရာ အလက်ဇန်းဒါး၊ ဆရာကျားဘငြိမ်း၊ ဆရာ ဦးကျော်မြင့် တို့ဖြစ်တယ်။


M-Media။ ။ အန်ကယ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကရော ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ။

ဖြေ။       ။ အသက် ၁၅ မှာ ပထမဆုံးပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ pin weight (91 to 98 lb ) မှာ ၅ ပွဲထိုးပြီး ချန်ပီယံဆုကို ရခဲ့တယ်။ ၁၉၆၄ မှာ Light Fly Weight (98 to 105 lb) B class မှာပြိုင်ခဲ့တဲ့အခါမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အဲဒီနောက် မီးရထားကလပ်ကိုရောက်သွားတယ်၊ နောက်ပြီး Fly weight (105 to 112 lb) မှာ ရန်ကုန်တိုင်းလက်ရွေးစင်လူရွေးပွဲမှာ ချန်ပီယံဆုကိုရခဲ့တယ်။ ပြီးတော့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ရတယ်။ ၁၉၆၅ ခုနှစ်မှာ တိုင်းနယ်ပြည်နယ် ၁၄ ခု မှာပြိုင်ခဲ့ရာမှာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုရခဲ့တယ်။ ၁၉၆၆ မှာတော့ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်တဲ့ ၅ ကြိမ်မြောက် Asian Game မှာတော့ ကြေးတံဆိပ်ကိုရခဲ့တယ်။



၁၉၆၇ မှာ ထိုင်းနိုင်ငံကပဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လေးကြိမ်မြောက် Seap Game မှာ ငွေတံဆိပ်ဆုကိုရယူခဲ့တယ်။ နောက် ၁၉၆၇ မှာပဲ Asian Boxing Championship ကို သီဟိုဠ်မှာ သွားပြိုင်ခဲ့တာ ငွေတံဆိပ်ဆုကိုရခဲ့တယ်။

၁၉၆၈မှာ ဆိုဗီယက်ရုရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ဥရောပနိုင်ငံမှချန်ပီယံတစ်ယောက်ဖြစ်တဲ့ Boris Dicov ကိုနိုင်ခဲ့တယ်။ ၁၉၆၉ မှာမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူခဲ့တယ်။ ၁၉၇၀ ဧပြီမှာ ဖိလစ်ပိုင် မနီလာမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက် Asian Boxing ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၁၉၇၀ အောက်တိုဘာမှာ အနောက်ဂျာမနီမှာသင်တန်းတက်ခဲ့ပြီး အနှစ် ၅၀ မြောက် ဂျာမနီလက်ဝှေ့နိုင်ငံတကာအဖွဲ့ချုပ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ရတယ်။ ၁၉၇၀ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၆ ကြိမ်မြောက် Asian Game မှာ ငွေရခဲ့တယ်။ ၁၉၇၂ မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲ နှစ်ပွဲနဲ့ ရှုံးတယ်။ ၁၉၇၃ မှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Seap Game မှာ လဲ ငွေတံဆိပ်ဆုကိုရခဲ့တယ်။



M-Media။ ။ စုစုပေါင်း အန်ကယ် ရွှေဘယ်နှစ်ဆုရယူခဲ့လဲ။

ဖြေ။         ။ ပြည်တွင်းရွှေဆုက ၁၀ ဆု ပြည်ပကနေ ၅ ဆု စုစုပေါင်း ၁၅ ဆုရခဲ့တယ်။


M-Media။ ။ အန်ကယ် လက်ဝှေ့သက်တမ်းကဘယ်လောက်ကြာပြီး ဘယ်နှစ်ပွဲလောက်ထိုးခဲ့သလဲ။

ဖြေ။         ။ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်ထိ ထိုးခဲ့ပြီး ပွဲကတော့ ၇၉ ပွဲလောက်ထိုးခဲ့တယ်။


M-Media။ ။ လက်ဝှေ့ထိုးတာနားလိုက်တဲ့ချိန်ကစပြီး အခုချိန်ထိဘာတွေကိုလုပ်နေပါသလဲ။

ဖြေ။        ။ ကစားတာကိုနားပြီးကတည်းက အ.ထ.က ၂ ပန်းဘဲတန်းက ဘောက်စင်ကလပ်မှာ နည်းပြလုပ်ခဲ့တယ်၊ နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင် အဖြစ်လုပ်ဆောင်တယ်။ အခုတော့ ကိုယ်ပိုင် ကလပ်ကလေးတစ်ခု ထောင်ထားပြီး အားကစားသမားလေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။


M-Media။ ။ ယခု Sea Game ပွဲမှာရော မီးရှုးတိုင်ကို ဘယ်လိုကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။

ဖြေ။        ။ အဲဒါက ဥပဒေရှိတယ် မီးရှုးတိုင်းကိုင်ဆောင်ရတဲ့သူက ရွှေရတဲ့သူပဲဖြစ်ရမယ်၊ အားကစားမျိုးစုံပေါ့ စာရင်းလာကောက်တော့ ပေးလိုက်တယ် သူတို့ရွေးတဲ့ထဲမှာ ပါသွားတယ်၊ ရန်ကုန်ကနေ နေပြည်တော်ထိ လူ ၉၀ ကပေါ့ သယ်ဆောင်ရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။


ကွယ်လွန်

--------


တိုင်းပြည်အတွက် ရွေတံဆိပ် ၅ခု ဆွတ်ခူးပေးခဲ့တဲ့ အားကစားသမား၊ကျွန်းဆွယ်ပွဲမှာမီးရူးတိုင်သယ်ဆောင်ခွင့်ရခဲတဲ့ အားကစားသမား၊ နိုင်ငံ့ဂုဏ်ဆောင်လက်ဝှေ့သမား ဘောက်ဆာ ဝင်းမောင်သည် ၂၃-၇-၂၀၂၁ ခုတွင် အလ္လာဟ့်အမိန့်ခံသွာလေးသည်။ ဆရာ RC 2 မှာ ၁၉၈၃ တုန်းက လက်​ဝှေ့နည်းပြ လာလုပ်​ပေးဖူးသည်။ 


သူတို့စကား မှတ်မှတ်ရရ

ဘောက်ဆာ ဝင်းမောင်သည် စိတ်သဘောထား အလွန်ရိုးရှင်းသလောက် စကားပြောလျှင်လည်း အရွှမ်းဖောက်ပြီး​ပြောတတ်သည်မှာ ဝင်းမောင်၏ ချစ်စရာကောင်းသော ဝသီပါ။ အမြဲပြုံးရွှင်၍ နှုတ်ဆက်တတ်သည်။


ဝင်းမောင်ပြောပြတဲ့အမှတ်တရ

မြုးနစ်အိုလံပစ် ၁၉၇၂ ခု ဂျာမဏီသွားတုန်းက အိုလံပစ်ရွာမှာ ပါလက်စတိုင်း​သေနတ်သမားတွေ အစ္စရေးအားကစားသမားတွေကို စီးနင်းတိုက်ခိုက်တဲ့အခါ အကိုလည်း အဲဒီ တိုက်ခိုက်မူ အနားမှာရှိခဲ့တယ်။ အဆောင်ကလည်းနီးတော့ သေနတ်သံတွေနဲ့  ငါတို့မြန်မာ အားကစားသမားတွေ ဘာလုပ်ရဘာကိုင်ရမှန်း မသိဘူး။ မထူးဘူးကွာဆိုပြီး ငါနဲ့ ဘော်လုံးသမားအရူတ်နဲ့ ကုတင်အောက်မှာ ဝင်ပုန်းနေလိုက်တာ အသက်ဘေးကလွတ်သွားခဲ့တယ်။

✴ အိုလံပစ်ချန်ပီယံ ကျုးဘားက လက်ဝှေ့သမား အိုလန်ဒိုကို ပထမအချီမှာကြမ်းပြင်ကို ပို့လိုက်သေးတယ်။ ပြန်ထပြီး ၃.ချီအပြည့်ထိုးပြီး အကိုအမှတ်နဲ့ကပ် ရူံးသွားခဲ့တာ။

ပထမအချီမှာ  ငါပွဲပြီးပြီထင်လိုက်တာ။ တကယ် မာတဲ့ကောင်ကွာ။ ပြန်ထလာနိုင်တာ။ ငါအံ့သြသွားရော့။ ငါ့လက်စာမိရင် ပြန်ထနိူင်တာ ဒီကောင်ဘဲ ရှိတယ်ကွာ။


ဆင့်ပြန်- ဦးကျော်လှ

------------+-------------+-------------+---------------

Monday, July 19, 2021

Aung Aung Sittwe's Books


လူ႕အခြင့္အေရး တက္ႂကြလႈပ္ရွားသူ စာေရးဆရာ ေအာင္ေအာင္ (စစ္ေတြ) ရဲ႕ အဖိုးမျဖတ္ႏိုင္တဲ့ စာအုပ္ႏွင့္ သုေတသန စာတမ္း အခ်ဳိ႕


ေအာက္ပါလိင့္အသီးသီးမွ ေဒါင္းယူပါ⤵



1. Irrefutable Rohingya

https://u.pcloud.link/publink/show?code=XZmH9CXZUMGzAR7w6k0gqyqyISRcYhNDXJ3V



2. Myanmar Crimes Against Humanity

https://u.pcloud.link/publink/show?code=XZop9CXZpGAqCe95peyLKo27vuDdH7utEIs7


3. We Need Your Help To End Rohingya Genocide

https://u.pcloud.link/publink/show?code=XZbp9CXZsJDVEEkcyd5qMbDJU8p8FzSTJSUk


#AungAung_Sittwe

#RohingyaGenocide

Thursday, July 15, 2021

Two Rohingya Old Poetry


"Arakan Decór Musólman"


O khuda tui rahám goró tuáñr bonda ré

Bormár decór musólman bái oré


Zehón dase cúridilám khúdar gulami

Melitheri lorai lorai banar acámi

Keen goríya taikkúm añárá é zagar uore

Arakan decór musólmanór uore

O khuda tui rahám goró tuañr bonda ré

Arakan decór musólmanor uore


Dari ola manúic faile burot sek goré

Nizor hái nizor loi ham gorá fore (biyar)

Górot asé bibi bacca waaccá more

Keen goríya taikkúm añra é zagar uore

O khuda tui raham goro tuanr bonda ré

Arakan decór musólmanor uore


— Osin Cáyer


" Democracy Baala "


O desi Bormá wala 

nogoijjo bai nak-muk hala

Ek hale Bormá óibo baala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala


Mondu tún Busidóung zaite toukkenza lage

Ek boska soil faar goitte duuty mañge

Añraré sairo kultú diyé hana maala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala

- Osin Cáyer

(မြန်မာဘာသာပြန်)

ဒီမိုကရက်စီ အကောင်းဆုံး


အို တိုင်းရင်းဗမာပြည်သူရေ

မျက်နှာ မညှို့ပါစေနဲ့

တစ်ချိန်ကျတော့ ဗမာပြည်အေးချမ်းပါလိမ့်မယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်


မောင်တောကနေ ဘူးသီးတောင်သွားဖို့ ထောက်ခံစာလိုတယ်

ဆန်တစ်အိပ် သယ်သွားဖို့ ဆက်ကြေးပေးရတယ်

ငါတို့ကို အဖက်ဖက်က အုန်းမှုတ်ခွံနဲ့ မျက်စိပိတ်ထားတယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်

(မှတ်ချက်။    ။တစ်ချိန်က ဒုက္ခအတိမှ ရုန်းထွက်နိုင်ဖို့ ရိုဟင်ဂျာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ဒဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်အားကိုးခဲ့တယ်။ အဲဒီတုန်းက ဖွဲ့ဆိုခဲ့တဲ့ တေးတစ်ပုဒ်ဖြစ်ပါတယ်။)




Note: This video clip was recorded by an author  Kazi Fahmida from bangladesh Refugees Camp.

Tuesday, July 13, 2021

မစၥတာဂျင်းနားက မောင်တောဒေသကို တောင်းဆိုမည်မဟုတ်




 #unicode


မစၥတာဂျင်းနားက မောင်တောကို တောင်းဆိုမည်မဟုတ်

အောင်ဆန်းက လုံးဝကျေနပ်ကြောင်းပြေ


ကရာချီ၊ ဇန်နဝါရီ ၈ရက်။

မွတ်စလင်လိဂ်အဖွဲ့ကြီး၏ဥက္ကဌ မိုဟာမက်အလီဂျင်းနားက

ယနေ့ ဤမြို့တွင် သတင်းထုတ်ပြန်ရာ၌ "မွတ်စလင်လိဂ်အဖွဲ့ကြီးသည်ဗမာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို ပါကစ္စတန်နိုင်ငံအတွင်းသို့ ထည့်သွင်းရန် ကိစ္စနှင့်စပ်လျဥ်းပြီ းစဥ်းစားဆွေးနွေးရန် ရည်ရွယ်ချက်မရှိကြောင်း" ကြေညာသည်။

မောင်တောဒေသသည် မွတ်စလင်တို့နေထိုင်သည့် ဒေသဖြစ်သည့်အတွက် ၄င်းကိုပါကစ္စတန်ပိုင်နက်အဖြစ် မွတ်စလင်လိဂ်အဖွဲ့ကြီးကတောင်းဆိုသတ်မှတ်မည်ဟူသေ ာကောလာဟလများ ပေါ်ပေါက်နေခြင်းမှ ာမောင်တေ ာမွတ်စလင်များက မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းထည့်သွင်းပေးပါရန် တောင်းဆိုချက်ကို မြောက်ဘန်ဂေါလ် အစိုးရကစာနာစွာစဥ်းစားမည်ဟု ဘန်ဂေါလ်ပြည်နယ်မွတ်စလင်လိဂ် ဝန်ကြီးချုပ်ဟတ်ဆန်ဆူရာဝါဒီ၏ ပြောဆိုချက်အပေါ်မူတည်၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ကာလကတ္တားတွင် ခွဲစိတ်ကုသမှုခံယူရန်ရောက်ရှိနေသော ဗမာအစိုးရ အမှုဆောင်ကောင်စီအဖွဲ့ဝင် ဦးစောက မွတ်စလင်လိဂ်ခေါင်းဆောင်များ၏ မောင်တောနှင့်ပတ်သက်သည့် ရည်ရွယ်ချက်ကိုပြစ်တင်ဝေဖန်သည်။ ဗမာသတင်းစာများကလည်း ဤအဆိုပြုချက်ကို ရှုတ်ချကြသည်။

ယမန်နေ့ညက ကရာချိမြို့တွင် ဗမာအစိုးရအမှုဆောင်ကောင်စီ ဒုဥက္ကဌ ဦးအောင်ဆန်းနှင့်မစ္စတာဂျင်းနားတို့ဆွေးနွေးသည့်အကြောင်းအရာများတွင် မောင်တောကိစ္စလည်း ပါဝင်သည်။

ဦးအောင်ဆန်းက ယနေ့ထုတ်ပြန်ရာတွင်လည်း မောင်တောနှင့်ပတ်သက်၍ ဂျင်းနားကပေးသော အာမခံချက်ကို "လုံးဝကျေနပ်ကြောင်း" ဖော်ပြထားသည်။ ဦးအောင်ဆန်းနှင့် မစ္စတာဂျင်းနားတို့၏ ပြောဆိုချက်များကို ယနေ့မွန်းလွဲပိုင်းတွင် သတင်းစာများသို့ ထုတ်ပြန်ပေးသည်။

ဦးအောင်ဆန်း၏ ထုတ်ပြန်ချက်တွင် မောင်တောကို ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းမည်ဟူသော လူအချို့၏ ပြောဆိုနေမှုများနှင့်ပတ်သက်သည့် သတင်းစာပါသတင်းများကို မိမိသည် မစ္စတာဂျင်းနားနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ၄င်း၏ပြောဆိုချက်များကို မိမိလုံးဝကျေနပ်ကြောင်း၊ ဗမာပြည်သူများသည် ထိုသတင်းစာပါ သတင်းများကြောင့် စိတ်မသက်မသာဖြစ်ကြမည်မဟုတ်ဟု မျှော်လင့်ကြောင်း၊ ဗမာနှင့် မွတ်စလင်များအကြားတွင်၄င်း၊ ဗမာနှင့် အင်ဒီးယန်းများအကြားတွင်၄င် းရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးလျှင် အပြန်အလှန် ပူးပေါင်းဆောင်ရွက် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။

မစ္စတာဂျင်းနား၏ ထုတ်ပြန်ချက်တွင် "ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပြီး အိန္ဒိယနှင့် ဗမာနိုင်ငံရေးရာကိစ္စရပ်များအကြောင်း ပွင့်ပွင့်လင်းလင် းလွတ်လွတ်လပ်လပ် ဆွေးနွေးရသည်ကို နှစ်ထောင်းအားရရှိလှကြောင်း၊ ၄င်းအင်္ဂလန်သို့ သွားရောက်မည့် ရည်ရွယ်ချက်လည်းအောင်မြင်ပါစေရန် မိမိဆုတောင်းပါကြောင်း၊

"မွတ်စလင်လိဂ်အဖွဲ့ကြီး၏ မူဝါဒမှာ အလွန်ရှင်းလင်းကြောင်း၊ မိမိတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအရေးတွင်ပင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း၊ ဗြိတိသျှအိန္ဒိယအရေးကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မွတ်စလင်လိဂ်အဖွဲ့ကြီးသည် မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းသို့ သိမ်းသွင်းရန် ရည်ရွယ်ချက်မရှိကြောင်း ဗမာပြည်သူများကို မိမိအာမခံချက်ပေးကြောင်း မွတ်စလင်လိဂ်အဖွဲ့ကြီးသည် ထိုကဲ့သို့သော တောင်းဆိုချက်ကို မည်သည့်အခါကမျှမပြုလုပ်ခဲ့သလို နောင်တွင်လည်း ပြုလုပ်ရန် မရည်ရွယ်ကြောင်း၊

ဤကိစ္စသည် ဤတွင် အပြီးအပြတ်ဖြေရှင်းပြီး ဖြစ်ကြောင်း၊

မွတ်စလင်နှင့် ဗမာပြည်သူတို့၏ ပျော်ရွှင်ရင်းနှီးသော ဆက်ဆံရေးသည် မလျော့မပါး ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှုပြုကြရန် မိမိပန်ကြားကြောင်း" ပါရှိသည်။


— ဆြာသိန်


---------------------------------------------------------

#Zawgyi


မစၥတာဂ်င္းနားက ေမာင္ေတာကို ေတာင္းဆိုမည္မဟုတ္

ေအာင္ဆန္းက လံုးဝေက်နပ္ေၾကာင္းေျပာ


ကရာခ်ီ၊ ဇႏၷဝါရီ ၈ရက္။

မြတ္စလင္လိဂ္အဖြဲ႔ႀကီး၏ ဥကၠဌ မိုဟာမက္အလီဂ်င္းနားက

ယေန႔ ဤၿမိဳ႕တြင္ သတင္းထုတ္ျပန္ရာ၌ "မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ဗမာႏိုင္ငံ၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းေမာင္ေတာေဒသကို ပါကစၥတန္ႏိုင္ငံအတြင္းသို႔ ထည့္သြင္းရန္ကိစၥႏွင့္စပ္လ်ဥ္းၿပီး စဥ္းစားေဆြးေနြးရန္ ရည္ရြယ္ခ်က္မရိွေၾကာင္း" ေၾကညာသည္။

ေမာင္ေတာေဒသသည္ မြတ္စလင္တို႔ေနထိုင္သည့္ေဒသျဖစ္သည့္အတြက္ ၄င္းကိုပါကစၥတန္ပိုင္နက္အျဖစ္ မြတ္စလင္လိဂ္အဖြဲ႔ႀကီးက ေတာင္းဆိုသတ္မွတ္မည္ဟူေသာ ေကာလာဟလမ်ားေပၚေပါက္ေနျခင္းမွာ ေမာင္ေတာမြတ္စလင္မ်ားက ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံအတြင္း ထည့္သြင္းေပးပါရန္ ေတာင္းဆိုခ်က္ကို ေျမာက္ဘန္ေဂါလ္အစိုးရက စာနာစြာစဥ္းစားမည္ဟု ဘန္ေဂါလ္ျပည္နယ္ မြတ္စလင္လိဂ္ ဝန္ႀကီးခ်ဳပ္ ဟတ္ဆန္ဆူရာဝါဒီ၏ ေျပာဆိုခ်က္ အေပၚမူတည္၍ ေပၚေပါက္လာျခင္းျဖစ္သည္။

ကာလကတၲားတြင္ ခြဲစိတ္ကုသမႈခံယူရန္ ေရာက္ရိွေနေသာ ဗမာအစိုးရအမႈေဆာင္ေကာင္စီအဖြဲ႔ဝင္ၪီးေစာက မြတ္စလင္လိဂ္ေခါင္းေဆာင္မ်ား၏ ေမာင္ေတာႏွင့္ပတ္သက္သည့္ ရည္ရြယ္ခ်က္ကို ျပစ္တင္ေဝဖန္သည္။ဗမာသတင္းစာမ်ားကလည္း ဤအဆိုျပဳခ်က္ကို ရႈတ္ခ်ၾက​သည္။

ယမန္ေန့ညက ကရာခ်ိၿမိဳ႔တြင္ ဗမာအစိုးရအမႈေဆာင္ေကာင္စီဒုဥကၠဌ ၪီးေအာင္ဆန္းႏွင့္ မစၥတာဂ်င္းနားတို႔ေဆြးေနြးသည့္အေၾကာင္းအရာမ်ားတြင္ ေမာင္ေတာကိစၥလည္းပါဝင္သည္။

ၪီးေအာင္ဆန္းက ယေန့ထုတ္ျပန္ရာတြင္လည္း ေမာင္ေတာႏွင့္ပတ္သက္၍ ဂ်င္းနားကေပးေသာ အာမခံခ်က္ကို "လံုးဝေက်နပ္ေၾကာင္း"ေဖာ္ျပထားသည္။ ၪီးေအာင္ဆန္းႏွင့္မစၥတာ ဂ်င္းနားတို႔၏ေျပာဆိုခ်က္မ်ားကိုယေန့မြန္းလြဲပိုင္းတြင္ သတင္းစာမ်ားသို႔ ထုတ္ျပန္ေပးသည္။

ၪီးေအာင္ဆန္း၏ထုတ္ျပန္ခ်က္တြင္ ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံထဲထည့္သြင္းမည္ဟူေသာ လူအခ်ိဳ႕၏ေျပာဆိုေနမႈမ်ားႏွင့္ ပတ္သက္သည့္သတင္းစာပါသတင္းမ်ားကို မိမိသည္ မစၥတာဂ်င္းနားႏွင့္ ပြင့္ပြင့္လင္းလင္းေဆြးေနြးခဲ့ေၾကာင္း၊ ၄င္း၏ေျပာဆိုခ်က္မ်ားကို မိမိလံုးဝေက်နပ္ေၾကာင္း၊ ဗမာျပည္သူမ်ားသည္ ထိုသတင္းစာပါသတင္းမ်ားေၾကာင့္ စိတ္မသက္မသာျဖစ္ၾကမည္မဟုတ္ဟု ေမ်ွာ္လင့္ေၾကာင္း၊ ဗမာႏွင့္မြတ္စလင္မ်ားအၾကားတြင္၄င္း၊ ဗမာႏွင့္အင္ဒီးယန္းမ်ားအၾကားတြင္၄င္ းရင္းႏွီးေသာဆက္ဆံေရးကို ဆက္လက္ ထိန္းသိမ္းၿပီးလ်ွင္ အျပန္အလွန္ ပူးေပါင္းေဆာင္ရြက္ခ်စ္ၾကည္ရင္းႏွီးမႈကို ျမႇင့္တင္ႏိုင္မည္ဟု ေမ်ွာ္လင့္ေၾကာင္းပါရိွ

သည္။

မစၥတာဂ်င္းနား၏ထုတ္ျပန္ခ်က္တြင္ "ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္ေတြ့ဆံုၿပီး အိႏၵိယႏွင့္ဗမာႏိုင္ငံေရးရာကိစၥရပ္မ်ားအေၾကာင္း ပြင့္ပြင့္လင္းလင္း လြတ္လြတ္လပ္လပ္ေဆြးေနြးရသည္ကို ႏွစ္ေထာင္းအားရရိွလွေၾကာင္း၊ ၄င္းအဂၤလန္သို႔သြားေရာက္မည့္ ရည္ရြယ္ခ်က္လည္း ေအာင္ျမင္ပါေစရန္မိမိဆုေတာင္းပါေၾကာင္း၊

"မြတ္စလင္လိဂ္အဖြဲ႔ႀကီး၏ မူဝါဒမွာ အလြန္ရွင္းလင္းေၾကာင္း၊ မိမိတို႔သည္ အိႏၵိယႏိုင္ငံ၏ျပည္နယ္မ်ားအေရးတြင္ပင္ ဝင္ေရာက္စြက္ဖက္ရန္ဆႏၵမရိွေၾကာင္း၊ ၿဗိတိသ်ွအိႏၵိယအေရးကိုသာ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း၊ မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ ေမာင္ေတာကို ပါကစၥတန္ႏိုင္ငံအတြင္းသို႔ သိမ္းသြင္းရန္ရည္ရြယ္ခ်က္မရိွေၾကာင္ းဗမာျပည္သူမ်ားကို မိမိအာမခံခ်က္ေပးေၾကာင္း မြတ္စလင္လိဂ္အဖြဲ႔ႀကီးသည္ ထိုကဲ့သို႔ေသာ ေတာင္းဆိုခ်က္ကို မည္သည့္အခါကမ်ွ မျပဳလုပ္ခဲ့သလို ေနာင္တြင္လည္းျပဳလုပ္ရန္ မရည္ရြယ္ေၾကာင္း၊

ဤကိစၥသည္ ဤတြင္အၿပီးအျပတ္ ေျဖရွင္းၿပီးျဖစ္ေၾကာင္း၊

မြတ္စလင္ႏွင့္ ဗမာျပည္သူတို႔၏ ေပ်ာ္ရႊင္ရင္းႏွီးေသာ ဆက္ဆံေရးသည္မေလ်ာ့မပါး ဆက္လက္တည္ရိွေနမည္ျဖစ္ၿပီး အျပန္အလွန္ ကူညီမႈျပဳၾကရန္ မိမိပန္ၾကားေၾကာင္း" ပါရိွသည္။


— ၾဆာသိန္


Credit.

မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား


မြောက်ဦးသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော အိန္ဒိယမင်းသား

( ၆ မေ ၁၆၅၈ - ၁၆၉၂ ဖြဈရပ်)

၁၇ ရာစုက ဘင်္ဂလားနှင့် သြရိဿပြည်နယ်တို့၏ ဘုရင်ခံ ရှားရှူးဂှားမှာ မဂိုဘုရင် ရှားဂျဟန်နှင့် မိဖုရား မွန်တပ်ချ်မဟာတို့၏ ဒုတိယသား ဖြစ်သည်။ မဂိုတို့သည် အိန္ဒိယကျွန်းဆွယ် တစ်ခုလုံးနီးပါး ကျယ်ပြန့်လှသည့် အင်ပါယာကြီးကို စိုးမိုးအုပ်ချုပ်သူများ ဖြစ်ကြသည်။ မူလက အာရှအလယ်ပိုင်း၌ နေထိုင်ကြသူများ ဖြစ်ပြီး တမ်မာလိန်း (ဆာမာကန်ဒေသကို အုပ်စိုးခဲ့သည့် ကြီးကျယ်ထင်ရှားသော စစ်ဘုရင်)မှ ဆင်းသက်သည့် ဂျင်ဂျစ်ခန် စသော မွန်ဂိုမင်းဆက်အနွယ်များဟု ဆိုကြသည်။ ပထမဆုံး မဂိုဘုရင် အာသာက ၁၅၂၆ ခုနစ်တွင် ဒေလီကို သိမ်းပိုက်ခဲ့သည်။ ထိုမှတစ်ဆင့် အရှေ့ဘက်သို့ နယ်ပယ်ချဲ့ထွင်ရာ ဂင်္ဂါလွင်ပြင် တစ်ခုလုံးကို သိမ်းပိုက်အောင်နိုင်ခဲ့သည်။ ၁၆၁၂ ခုနစ်တွင် ကျန်ရှိနေသေးသော အာဖဂန်နှင့် ဟိန္ဒူများ ရှိရာ အရှေ့ပိုင်း ဘင်္ဂလားပြည်နယ်၏ ခုခံမှုများကို အပြီးသတ် ချေမှုန်းနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်စပ် ရွှံ့နွံတောကို ရောက်မှသာ စစ်ရပ်တော့သည်။ ဘင်္ဂလားစူလတန် မရှိတော့ဘဲ မဂိုပိုင် ဘင်္ဂလားနယ်သည် မြောက်ဦး၏ အိမ်နီးချင်းတိုင်းပြည် ဖြစ်လာသည်။

ရှာရှူးဂျားသည် ပထမတန်းစား စစ်သည်တစ်ဦး ဖြစ်သည်။ ငယ်စဉ်ကပင် စစ်ပွဲများစွာတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။ ဘုရင်ခံဘဝတွင် ဒေသအုပ်ချုပ်ရေးကို နှစ်ကြိမ်တိုင် စွန့်ခွာကာ အနောက်မြောက်ပိုင်းဒေသ၊ ခိုင်ဘာတောင်ကြားလမ်း တစ်လျှောက်ရှိ အာဖဂန်သူပုန်များကို ဦးဆောင်တိုက်ခိုက်ခဲ့သည်။ မဂိုမင်းမျိုးမင်းနွယ် ပီသစွာ ရှားရှူးဂျားသည် အတတ်ပညာ ကောင်းစွာ ကျွမ်းကျင်သူ ဖြစ်သည်။ အနုပညာကို တန်ဖိုးထားကာ ယဉ်ကျေးရည်မွန်သူလည်း ဖြစ်သည်။ သူ၏ နန်းတော်တွင် ထူးချွန်ပြောင်မြောက်သော ပါရှင်းကဗျာဆရာများ၊ စာပေကျမ်းတတ် ပညာရှင်များနှင့် ပြည့်စုံနေသည်။ မြောက်ပိုင်းမှ ကမ်မာဂူပနယ်နှင့် ကွတ်ချ်ဘီဟာနယ်၏ လက်အောက်ခံ ပြည်နယ်ငယ်တို့နှင့် ရံဖန်ရံခါ နယ်စပ်တိုက်ပွဲ အသေးအဖွဲလေးများ ဆင်နွှဲရသည်မှအပ ဘင်္ဂလားပြည်နယ်မှာ အများအားဖြင့် အေးချမ်းနေသည်။ ဒေသခံ နယ်ပယ်စားများကလည်း မဂိုဘုရင်မင်းမြတ်၏ မိသားစုဝင်တစ်ဦး ကိုယ်တိုင် သူတို့၏ အုပ်ချုပ်သူ ဖြစ်လာ၍ အရှိန်အဝါကို ရွံ့နေကြသည်။ ရှားရှူးဂျားသည် ဒက္ကား၌ ခမ်းနားသော အဆောက်အဦးများ ဆောက်လုပ်သည်။ ဘင်္ဂလားနယ်၏ ကြွယ်ဝမှုများကို ဝေစုရယူလိုကြသော အင်္ဂလိပ်နှင့် ဒတ်ချ်ကုန်သည်များကိုလည်း ဘုရင်ခံက ဖိတ်ခေါ်ကြိုဆိုခဲ့သည်။

၁၆၅၇ ခုနစ် ဆောင်းဦးပေါက်တွင် ရှားဂျဟန်ဘုရင်ကြီး မမာမကျန်း ဖြစ်သည်။ ဘုရင်ကြီး နတ်ရွာစံပြီ၊ သားတော်ကြီး ဒါရာရှိကိုးမင်းသားက မိမိ ထီးနန်းသိမ်းပိုက်နိုင်ရန် အချိန်ရရေး အတွက် ဤသတင်းကို လျှို့ဝှက်ထားသည်ဟူသော ကောလဟာလများ ထွက်ပေါ်လာသည်။ ထိုအခါ ရှားရှူးဂျား အပါအဝင် အခြားမင်းသား သုံးပါးက ဒေလီသို့ ချီတက်လာကြသည်။ သွေးထွက်သံယို စစ်ပွဲများစွာ ဖြစ်ပွားပြီးသောအခါ သြရန်ဇက်မင်းသားက အနိုင်ရသွားခဲ့သည်။ ဒါရာမင်းသား ကွပ်မျက်ခံရသည်။ ရှားရှူးဂျားမှာမူ သြရန်ဇက်၏ တပ်မှူးကြီး မားဂျမလား၏ လိုက်လံတိုက်ခိုက်မှုကြောင့် အရှေ့ဘက်သို့ ထွက်ပြေးရန် ဆုံးဖြတ်လိုက်သည်။

၁၆၅၈ ခုနစ် မေလ ၆ ရက်နေ့တွင် ရှားရှူးဂျားသည် ပေါ်တူဂီသင်္ဘောတစ်စီးကို စီးကာ ဒက္ကာမှ ရခိုင်သို့ ထွက်ခွာလာခဲ့သည်။ ၈ ရက်အကြာတွင် ရခိုင်ဘုရင်၏ ကိုယ်စားလှယ်များနှင့် အဆက်အသွယ် ရလေသည်။ မူလအကြံအစည်မှာ ရခိုင်၌ ခေတ္တခဏခိုပြီး ဒက္ကာသို့ ခရီးဆက်ကာ၊ ထိုမှ ပါရှား သို့မဟုတ် ကွန်စတန်တီနိုပယ်မြို့သို့ သွားရောက်ရန် ဖြစ်သည်။ သို့သော မုတ်သုံရာသီ ဝင်လာပြီ ဖြစ်၍ ပင်လယ်ပြင်တွင် လှိုင်းလေကြမ်းသောကြောင့် ရခိုင်ဘုရင်ထံ ခေတ္တခိုလှုံခွင့်နှင့် နောက်ပိုင်း အနောက်ဘက်သို့ ခရီးဆက်ရန် လိုအပ်သော အကူအညီပေးရန် တောင်းခံခဲ့သည်။

အစတွင် ရှားရှူးဂျားအား ရခိုင်ဘုရင်က လိုလိုလားလား လက်ခံခဲ့သည်။ ထိုစဉ်က ရခိုင်ဘုရင်မှာ စန္ဒသုဓမ္မ ဖြစ်သည်။ မြို့တော်၏ ဆင်ခြေဖုံးတွင် ဧည့်သည်တော်၏ အဆင့်အတန်းနှင့် ကိုက်ညီစေမည့် အိမ်တော်သစ် ဆောက်လုပ်ကာ နေရာချထားပေးသည်။ မြောက်ဦးမှာ အထွဋ်အထိပ်ရောက်နေချိန် ဖြစ်သည့်တိုင် ရှားရှူးဂျားကဲ့သို့သော ထိုကာလက ကမ္ဘာတွင် အကြီးကျယ်ဆုံးသော အင်ပါယာ၏ တော်ဝင်မိသားစုဝင် မဂိုမျိုးနွယ် မင်းသားတစ်ပါး အတွက်မူ ခေတ်နောက်ကျ မဖွံ့ဖြိုးသော တောကျကျ နေရာသာ ဖြစ်ဖွယ်ရာ ရှိသည်။ ထို့ကြောင့် သူက ရခိုင်နန်းတွင်းနှင့် အဆက်အဆံမလုပ်ဘဲ ကင်းကင်း နေသည်။ ထိုအခါ စန္ဒသုဓမ္မ အတွက် မနှစ်မြို့စရာ ဖြစ်လာသည်။ အတူပါလာသည့် များပြားလှစွာသော ရတနာပစ္စည်းများကိုလည်း စန္ဒသုဓမ္မက မျက်စိကျနေသည်။ ထိုအချိန်တွင် သြရန်ဇက်၏ သံအဖွဲ့ ရောက်ရှိလာကာ ဝရမ်းပြေးကို ပြန်အပ်ပါက ထို့ထက် များပြားသော ကျောက်မျက်ရတနာများကို လက်ဆောင်ပေးအပ်မည်ဟု ကမ်းလှမ်းလာသည်။ အချိန်ဆွဲရင်း တရွေ့ရွေ့နှင့် ရှစ်လတိုင်တိုင် ကြာမြင့်သွားလေသည်။ စန္ဒသုဓမ္မသည် ရှားရှူးဂျားကို မဂိုဘုရင် သြရန်ဇက်ထံ မအပ်နှံသော်လည်း မြောက်ဦးမှ ထွက်သွားခွင့်လည်း မပေးခဲ့။ ချစ်စိတ်မွှန်နေသော ရခိုင်ဘုရင်က ရှားရှူးဂျား၏ အကြီးဆုံး သမီးတော် အမီနာကို လက်ထပ်ခွင့် တောင်းလေသည်။

သမီးတော်ကို ဤတောသားတစ်ပိုင်း ခေါင်းဆောင်နှင့် လက်ထပ်ပေးရေးမှာ တွေးလေလေ ရှားရှူးဂျား အတွက် အမျက်ထွက်ရလေ ဖြစ်သည်။ ထွက်ပြေးရန်လည်း အခွင့်မသာနေချေ။ ထိုသို့ဖြင့် ကြံမိကြံရာ ရခိုင်ဘုရင်ကို အာဏာသိမ်းရန် ရှားရှူးဂျား ဆုံးဖြတ်ခဲ့သည်။ သူနှင့် အတူပါလာသော စစ်သည်ကောင်း ၂၀၀ အပြင် ဒေသခံ မူဆလင်အုပ်စုထဲက တချို့ကလည်း သူ့ဖက်မှ ပါဝင်နိုင်လောက်သည်။ အကြံအစည်ကို လျှို့ဝှက်ထားသော်လည်း ရခိုင်ဘုရင်က အချိန်မီ သိရှိသွားလေသည်။ ထိုအခါ ရှားရှူးဂျား၏ နောက်လိုက်များကို အလျင်အမြန် ဖမ်းဆီးခဲ့သည်။ နှစ်ဦးနှစ်ဖက် တိုက်ခိုက်မှု ရှိခဲ့ပြီး မြို့တော်၏ အချို့နေရာများတွင် မီးလောင်ခဲ့သော်လည်း စန္ဒသုဓမ္မက အလွယ်တကူပင် အသာရခဲ့သည်။ ရှားရှူးဂျားသည် လက်လွတ်ထွက်ပြေးကာ တောထဲတွင် ပုန်းအောင်းနေရသည်။ ရက်သတ္တပတ်များစွာ အကြာတွင် ဖမ်းဆီးရမိသွားပြီး ကွပ်မျက်ခံရသည်။ သူယူဆောင်ခဲ့သော ရွှေငွေပစ္စည်းများကို အရည်ကြိုပြီး နန်းတော်သို့ သယ်ဆောင်သွားခဲ့သည်။ အမီနာနှင့် အခြားမင်းသမီးများကို ရခိုင်ဘုရင်က သိမ်းပိုက်လိုက်သည်။ တစ်နှစ်အတွင်းပင် ပုန်ကုန်ရန် ကြံစည်သည်ဟု သံသယဖြင့် ကျန်ရှိသမျှ တော်ဝင်မိသားစုဝင် အားလုံးကို ကွပ်မျက်လိုက်သည်။ ကိုယ်ဝန်အရင့်အမာနှင့် အမီနာပင် အသတ်ခံရသည်။ ရှားရှူးဂျား၏ သားများမှာ ခေါင်းဖြတ်သတ်ခံရသည်။

ဤသတင်းကို ဒေလီမှ သိရသောအခါ မဂိုဘုရင် သြရန်ဇက် ကြီးစွာ အမျက်ထွက်တော့သည်။ ရှားရှူးဂျားနှင့် ကျန်သူများကို မိမိကိုယ်တိုင် သတ်လိုက သတ်မည်။ သို့သော် နိုင်ငံခြားတိုင်းပြည်မှ မင်းတစ်ပါးက မိမိသွေးသားကို ကွပ်မျက်သည်ကို သည်းမခံနိုင်။ ရခိုင်ဘုရင်ကို သင်ခန်းစာ ပေးရတော့မည်။ ရခိုင်၏ နာမည်ကြီးသည့် စစ်အင်အားကိုလည်း အကဲစမ်းလိုသည်။ သို့နှင့် ၁၆၆၅ ခုနစ်တွင် ရှာရစ္စတာခန် ဆိုသည့် မဂိုလူမျိုး ဘင်္ဂလားဘုရင်ခံသစ်က စစ်သင်္ဘော ၃၀၀၀ မျှ ပါဝင်သော ရေတပ်မကြီးကို ဦးဆောင်ကာ အရှေ့ဘက်ဆီ ရွက်လွှင့်လာတော့သည်။ သံဒွပ်ကျွန်းတွင် တပ်စွဲထားသော ရခိုင်တပ်များကို တိုက်ထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဘူဇာတ်ယူမစ်ခန်၏ အင်အား ၆၅၀၀ ရှိသော တပ်များကလည်း ကမ်းရိုးတန်းတစ်လျှောက် တိုက်ခိုက်လာခဲ့သည်။ စစ်တကောင်းကိုမူ တစ်နှစ်အကြာ ဝိုင်းရံလုပ်ကြံမှ မဂိုတို့ သိမ်းပိုက်နိုင်ခဲ့သည်။ ဤသို့ဖြင့် အရှေ့ဘင်္ဂလားကို ရခိုင်တို့ နှစ်ပေါင်းတစ်ရာခန့် အုပ်ချုပ်စိုးပိုင်ထားမှု အဆုံးသတ်သွားတော့သည်။ ရခိုင်သား ၂၀၀၀ ခန့်ကို ကျွန်ဈေးတွင် ရောင်းချကာ ရခိုင်သင်္ဘော တစ်ရာကျော်ကိုလည်း သိမ်းဆည်းသွားခဲ့သည်။ မြောက်ဦးတပ်မှ ကြေးစားပေါ်တူဂီစစ်သား များစွာပင် ဘက်ပြောင်းသွားကြလေသည်။ ထိုသူများကို မဂိုတို့က သူတို့ပိုင်နက်အတွင်း အခြေချနေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းတို့၏ အဆက်အနွယ်များသည် ယနေ့အထိ ဖာရင်ဂီဘဇား ဟူသည့် အရပ်တွင် နေထိုင်ကြဆဲ ဖြစ်သည်။ ထိုအရပ်သည် ဒက္ကာမြို့၏ တောင်ဘက် ၁၂ မိုင် အကွာတွင် တည်ရှိသည်။

ရှားရှူးဂျား၏ နောက်လိုက်နောက်ပါ အချို့မှာ အသက်မသေဘဲ ကျန်ရစ်ခဲ့သည်။ မအောင်မြင်သော အာဏာလုပွဲ အပြီးတွင် အသတ်မခံရသူများကို ထိန်းသိမ်းကာ ရခိုင်ဘုရင်က လေးသည်တော်များ အဖြစ် အထူးနန်းစောင့်တပ် ဖွဲ့သည်။ ထိုတပ်ဖွဲ့ အိန္ဒိယမှ အသစ်ဝင်ရောက်လာသူများဖြင့် တဖြည်းဖြည်း အင်အားတောင့်တင်းလာသည်။ ၁၆၉၂ ခုနစ်တွင် ထိုတပ်ဖွဲ့ကို အပြီးသတ် ဖျက်သိမ်းကာ ရမ်းဗြဲကျွန်းသို့ နယ်နှင်လိုက်သည်။ ၎င်းတို့၏ အဆက်အနွယ်များကို ယနေ့ခေတ်တွင် “ကမန်” ဟု သိကြသည်။ (ကမန် ဆိုသည်မှာ ပါရှားဘာသာဖြင့် လေး ဟု အဓိပ္ဗါယ်ရသည်။) ကမန်တို့သည် ရမ်းဗြဲကျွန်းတွင် သာမက ရခိုင်ပြည်နယ် အခြားဒေသများတွင်လည်း နေထိုင်ကြသည်။ ရခိုင်စကားကို ပြောလေ့ ရှိသော်လည်း သူတို့၏ ဘိုးဘေးဖြစ်သော အာဖဂန် သို့မဟုတ် ပါရှားတို့၏ သွင်ပြင်လက္ခဏာများလည်း ရှိနေသေးသည်။ (၎င်းတို့ကို မြန်မာနိုင်ငံရှိ တိုင်းရင်းသား မျိုးနွယ်စုဝင်များထဲမှ တစ်ခု အဖြစ် အသိအမှတ် ပြုထားသည်။ မြန်မာတိုင်းရင်းသားအုပ်စုများတွင် မဂိုအင်ပါယာမှ ထွက်ပြေးလာသော မင်းသားတစ်ပါး၏ စစ်သည်အနွယ်အဆက်များာ ပါဝင်သည်ဟု ဆိုနိုင်ပေသည်။)

မဂိုတပ်များ ကျူးကျော်ဖျက်ဆီးပြီးနောက်ပိုင်းတွင် ရခိုင်သည် ဘုရင်အုပ်ချုပ်သော နိုင်ငံတစ်ခု အဖြစ် ကောင်းစွာ မရပ်တည်နိုင်တော့ပေ။ ဘင်္ဂလားပြည်နယ်များကို ဝင်ရောက်စီးနင်းပြီး ကျွန်များ ဖမ်းယူနိုင်ချေလည်း မရှိတော့ပေ။ မဂိုတို့က ဒတ်ချ်သင်္ဘောများ ရခိုင်ကမ်းခြေသို့ မကပ်သာအောင် အသေအချာ စောင့်ကြပ်တားဆီးထားသည်။ ရခိုင်ပြည်နယ်၏ အခြားတစ်ဖက်တွင်လည်း ကာကွယ်ရေး အလုံအခြုံဖြင့် မြန်မာဘုရင်များ ရှိနေသည်။ ဒီဘရစ်တိုနှင့် အခြားသော စိန်ခေါ်မှုများကို ဖြေရှင်းဖယ်ရှားပြီး ဖြစ်ကာ ရခိုင်ကျူးကျော်မှု မရှိစေရန် အခိုင်အမာ ကာကွယ်ထားသည်။ ဤသို့ဖြင့် မြောက်ဦး၏ သြဇာအာဏာမှာ တဖြည်းဖြည်းချင်း ယုတ်လျော့သွားလေသည်။ ၁၈ ရာစု အစောပိုင်းတွင် ရခိုင်ကျေးလက်ဒေသများတွင် မင်းမဲ့ဝါဒနှင့် ပဋိပက္ခများစွာ ဖြစ်ပေါ်လျှက် ရှိသည်။ ဆယ်စုနှစ်များစွာ ပုံမှန် ငလျင်လှုပ်ခြင်းများလည်း ရှိနေသည်။ ကာလပျက်၏ အစဟု လူအများက အသိအမှတ် ပြုကြသည်။ ၁၇၆၁ ခုနစ်တွင် အကြီးအကျယ် ငလျင်လှုပ်ရာ ကမ်းရိုးတန်းတစ်ခုလုံး ငါးပေခန့် မြင့်တက်သွားခဲ့သည်။ ရခိုင်ထီးနန်း ပျက်စီးချိန် တန်လေပြီ။


..................................................................


The Indian Prince who fled to Mrauk-U

[6 May 1658 - 1692]


Shah Shuja, the Mughal viceroy of Bengal and Orissa in the middle years of the seventeenth century, was the second son of the emperor Shah Jehan and the empress Mumtaj Mahal. The Mughals were the new overlords of a vast Indian empire that stretched across nearly the entire subcontinent. Originally Central Asians, they claimed descent from Genghis Khan through Tamerlane, the great conquering warrior of Samarkand (and the Tamburlaine of Christopher Marlowe). The first Mughal emperor, Badur, had taken Delhi in 1526. From there he and his successors expanded east, soon establishing their authority over the entire Ganges Basin and by 1612 crushing the last remaining pockets of Afghan and Hindu resistance in eastern Bengal, stopping only at the swampy frontiers of Arakan. The Bengal sultanate was gone, and Mughal Bengal was Mrauk-U’s new neighbor.

Shah Shuja was a first-rate soldier. As a young prince he had taken part in many military campaigns, and even as viceroy he twice broke his tenure to travel to the northwest, where he led the fighting against Afghan rebels along the Khyber Pass. A typical Mughal aristocrat, Shah Shuja was also a man of considerable learning, cultured and polished, and his court was soon filled with appropriately refined Persian poets and scholars. There were minor border wars, against the kingdom of Kamarupa in the north and the small dependency of Cooch Behar, but otherwise Bengal was largely at peace, and the local zamindars seemed overawed by the presence of a member of the imperial family as their immediate overlord. Grand buildings were built at Dacca, and the English and Dutch traders eager for a share of Bengal’s riches were welcomed.

In the autumn of 1675 the emperor fell ill. Rumors spread that the emperor had in fact died but that his death was being kept secret by his eldest son, Prince Dara Shikoh, to give him time to secure his position on the throne. The other three senior princes – Shuja included – then began their march on Delhi. In the end, and after many bloody battles, it was Prince Aurangzeb who emerged victorius. Dara was captured and killed, and Shuja, pursued by an imperial army under Mir Jumla, decided to flee to the east.

On 6 May 1658 Shah Shuja boarded at Dacca a Portuguese ship headed for Arakan and eight days later made contact with representatives of the Arakanese king. His plan was to stay in Arakan for only a short while and then to proceed to Mecca and ultimately to Persia or Constantinople. But the monsoon rains were just beginning, and the seas were rough. He asked for asylum in Arakan and help in later making his way to the west.

Shah Shuja was at first warmly received by the king of Arakan, Sanda Thudamma, and a house was built for the princely guest on the outskirts of the city. Mrauk-U, even in its heyday, must have seemed like a provincial backwater to the scion of the one of the greatest imperial families in the world. He is said to have remained aloof from the Arakanese court, and this did little to enamor him to Sanda Thudamma, who presently cast an envious eye over the enormous treasure Shuja had brought with him. Even greater treasure was soon offered by Aurangzeb’s envoys for the new emperor’s fugitive brother. Weeks went by, and then months, eight months altogether. Sanda Thudamma did not hand over Shah Shuja to the Mughals. But neither did he allow him to leave. Instead the love-struck Arakanese monarch (even without advantage of a “damp cloth”) asked for the hand of Shah Shuja’s eldest daughter, the beautiful princess Ameena.

The thought of his daughter marrying this half-barbarian chief drove the hapless prince over the top. He couldn’t escape, and in his desperation Shah Shuja decided to try to seize power. He had two hundred good men with him and the support of at least some of the local Muslim community. But the plot could not be kept secret, and the king heard of it in time. Shuja’s followers were quickly rounded up. There was fighting, and parts of the city were set on fire, but Sanda Thudamma’s position was never in peril. Shuja managed to escape to the interior, hiding in the jungle for weeks before he was found and executed. The great treasure he had brought was melted down and brought into the palace. Ameena and the other princesses were taken into the king’s harem. Within a year the king suspected a plot against him and killed all the surviving members of the imperial family, including Ameena, who was said to be in an advanced stage of pregnancy. Her brothers were beheaded.

When the news reached Delhi, Aurangzeb was incensed. He would have killed Shuja and the rest himself, but he couldn’t tolerate the idea of some distant foreign monarch’s spilling the blood of his kinsmen. He also wanted to teach the Arakanese a more general lesson and check their still formidable military power. In 1665, Shayista Khan, the new Mughal viceroy of Bengal, sailed east at the head of a huge fleet of nearly three hundred warships, driving the Arakanese out of their fortress on Sandwip Island, while another force of sixty-five hundred under Buzurg Umid Khan hacked its way down the coast. The following year, after a long siege, Chittagong fell to the Mughals, marking the end of Arakan’s century-long hold over eastern Bengal. Two thousand Arakanese were sold into slavery, and over a hundred ships were taken. Many of the Portuguese mercenaries at Mrauk-U had changed sides and were permitted to settle in Mughal territory; their descendants still live at a place called Feringhi Bazaar, twelve miles south of Dacca.

Some of Shah Shuja’s followers also survived. After his abortive takeover attempt, those who were not killed were retained by the Arakanese king as archers and formed a special palace guard, eventually growing in strength and helped by fresh arrivals from Indian lands. They were officially disbanded in 1692 and then deported to the island of Ramree. Their descendants are known to this day as Kaman (the Persian word for “bow”) and live both in Ramree and elsewhere in Arakan. They speak Arakanese but often retain the Afghan or Persian features of their forebears. The previous military government has categorized them as a distinct ethnic group and one of the 135 nationalities of the Union of Myanmar, surely the only one able to claim descent from the fleeing soldiers of an imperial prince.

Arakan as a kingdom did not fare very well after this onslaught of Mughal power. There was now no longer any possibility of raiding Bengal for slaves, and the Mughals made sure that Dutch ships steered clear of Arakanese ports. And on the kingdom’s other side more secure Burmese kings, rid of de Brito and other challenges, prevented any Arakanese aggression. The authority of Mrauk-U gradually shrunk, and by the early eighteenth century much of the countryside had lapsed into anarchy and conflict. Earthquakes regularly shook the land for decades, confirming in people’s minds the onset of bad times. And in 1761 an enormous earthquake raised the entire coastline by five feet. The end of the kingdom was near.

..................................................................

Ref: Lost Footsteps

(Credit - Kharo-Ma Facebook Page)




Friday, July 9, 2021

တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ


ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။

၂။ လည်ချောင်းအနည်းငယ်နာသည်။

၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။

၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။

၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။

၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။

သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။

ခေါင်းအနည်းငယ်ကိုက်မည်။

၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့

အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။

၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။

၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။

၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။

၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း

နာကျင်နေမည်။

၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။

၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။

၆။ ခြေချောင်းများ နာကျင်လာမည်။

၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။

၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ

ထွက်နေမည်။

၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျ င်နေမည်။

၄။ အပြင်းအထန် ဝမ်းလျှောမည်။

၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး

အပြင်းအထန်ဖျားလာမည်။

၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။

၃။ ချောင်းအဆက်မပြတ်ဆိုးမည်။

၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ

နာကျင်မည်။

၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး

ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။

၂။ အပြင်းအထန် အဖျားတက်လာမည်။

၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။

၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်

ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့

ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။


ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ

*********

၁။ Mask မတ်(စ်)တပ်ပါ။

၂။ လက်ကို ဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့် (၂၀) ဆေးပါ။

၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ။

၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ။

၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြဥ်ပါ။

၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ။


ကြိုတင်ပြင်ဆင်မှုများ

************

၁။ ကိုယ်ခံအားကောင်းစေမည့် အစားအသောက်ကိုစားပါ။

၂။ အိပ်ရေးဝဝအိပ်ပါ။

၃။ Vit.C ကြွယ်ဝသော အစားအစာ စားပါ။ (သို့) Vit.C 100mg တနေ့တလုံးသောက်ပါ။

၄။ Zinc ပါသောအားဆေး မှီဝဲပါ။

၅။ မိမိအိမ်တွင်း ကိုယ်လက်လှုပ်ရှား အားကစား တနေ့အနည်းဆုံး မိနစ် ၂၀ ခန့်ပြုလုပ်ပါ။

၆။ အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပါ။ ပြုလုပ်နည်းကို Google တွင်ရှာပါ။

၇။ စိတ်ဓာတ်မြှင့်တင်ရေးနဲ့ပတ်သက်သော မိမိကြိုက်နှစ်သက်သည့် စာဖတ်ပါ။ (သို့) တရားထိုင်ပါ။

———————————————————


# Covid အတွက် ဆောင်ထားရမည့်ဆေးများကို ဤ post တွင် တစုတစည်းတည်းရှိနေစေရန် အောက်ပါစာများအား Hello Dr. မှကူးယူဖော်ပြပါသည်။


Covid အတွက် ဘာဆေးတွေ ဆောင် ထားမလဲ။


▶ ဖျားလျှင်

Paracetamol 500mg [မနက် နေ့ ည]

▶ ကိုယ်လက် ကိုက်ခဲလျှင်

Paracetamol 500mg [မနက် နေ့ ည]

သို႔မဟုတ္

Aclofenac 100mg [မနက် ည (အစာစားပြီး သောက်ပါ)]

▶ နှာရည် ယိုလျှင်

Cetrizine [မနက် ည]

▶ ချောင်းဆိုးလျှင်

Presco [မနက် နေ့ ည]

▶ သလိပ်ရလျှင် ၊ လည်ချောင်းနာလျှင်

Amoxicillun 500mg ၂ ကတ် [မနက် နေ့ ည ၇ ရက်]

သို႔မဟုတ္

Azithromycin 250 mg [မနက် ည ၃ရက်]

နှင့်

Strepsil or Degirol or Mybacin ငုံဆေးပြား[မနက် နေ့ ည]

▶ ဝမ်းလျှောလျှင်

ဓာတ်ဆား တိုက်ပါ။

▶ အန်လျှင်

Dimperidone 10mg [မနက် နေ့ ည

အစာမစားမီ နာရီဝက် ခန့် ကြို သောက်ပါ]


Cevit ၁၀လုံး [မနက် ည]

(တတ်နိုင်လျှင် Vitacee or Enervon C တရက် တလုံးသောက်ပါ)

အားဆေး တရက် တလုံး

Supravit, Zincovit, Becozinc, Nutrivita

Revicon max

(ကို​ယ်တတ်နိုင်တာ တစ်မျိုး သောက်ပါ)


အစားအကုန်စားပါ။ 

ဝအောင်အိပ်ပါ။

စိတ်ကို ကြံ့ခိုင်အောင်ထား။

Mask တပ်ပါ။

မလိုအပ်ပဲ အိမ်ပြင် မထွက်ပါနဲ့။


#Credit_to_owner

Tuesday, July 6, 2021

ၿဗိတိသွ်ေခတ္က The Arakan News သတင္းစာ

 

Pic: 19-1-1924 (sat) issued The Arakan News


ဗြိတိသျှခေတ်က The Arakan News သတင်းစာ


The Arakan News သတင်းစာသည် အာရကန်ျပည်၏ ပထမဆုံး အင်္ဂလိပ္ဘာသာစကျားဖင့် ထုတ်ဝေခဲ့သည့် သတင်းဈာဖစ်သည်။ Akyab မြို့သည် ဒေသခံသတင်းစာ The Arakan News ၏ မူလထုတ်ဝေရာမြိျု့ဖစ်သည်။ အက္ကီယာပ် (စစ်တြေ) တြင် Akyab Weekly News Press မွ ပုံနွိပ္ထုတ်ဝေခဲ့သည်။ 

ပထမဆုံး အေစာင္ကို ၁၈၅၃ ခုနွစ္တြင် The Akyab Commercial Advertiser (အက္ကီယာပ် ကူးသန်းရောင်းဝယ်ရေးကြော်ျငာရွင်) ခေါင်းစဉ်အောက္တြင် ထုတ်ဝေသည်။ သို့သော် နွစ်အနည်းငယ်အကြာတြင် ပုံနွိပ္ထုတ်ဝေမှုလုပ်ငန်းကို မစ္စတာ အိပ္ခ်ဟေး (Mr. H Hey) က ဝယ်ယူခဲ့ပြီး The Arakan News အမည်ျေပာင်းလဲကာ ဆက္လက် ထုတ်ဝေခဲ့သည်။ ၁၈၆၈ ခုနွစ္ခန့္တငြ် ထိုပုံနွိပ္လုပ်ငန်းကို လေလံတင်ရောင်းခ်ခဲ့ပြီး Mr. Hla Paw The နွင့် သူ့သား ဦးက်င္ခိုင် တို့က ဝယ်ယူကာ နွစ်ပေါင်း ၄၀ ခန့် ပိုင်ရွင်အျဖစ် ပိုင္ဆိုင္ထားနိုင္ခဲ့သည်။ 

The Arakan News သတင်းစာ၏ အယ္ဒီတာခ်ုပ္မွာ Mr. Tu Ahmed မူစလင္တစ်ဦျးဖစ်သည်။ ဆရာ အဟ္မတ်သည် ကာလကတ္တားရွိ St. Xavieras ကောလိပ္မွ ပညာသင်ယူခဲ့သည်။ Akyab Government High School တြင် လေးနွစ္လုံးလုံး ကေ်ာင်းဆရာအျဖစ် တာဝန္ထမ်းဆောင္ခဲ့သည်။ ဆရာ သုအဟ္မတ်သည် St. Johnas ကောလိပ္ကိုတည်ထောင္ခဲ့ပြီး သုံးနွစ္တာ ဆက္လက် လုပ်ဆောင္ခဲ့ပြီးနောက် Malabar Agency ကုမ္ပဏီလီမိတက်၊ Messrs နွင့် Bulloch Bros တို့တြင္လည်း တာဝန်အဆင့်ဆင့် ထမ်းဆောင္ခဲ့သည်။ တခ်ို့ ကိုးကားခ်က်အရ ဆရာ အဟ္မတ်သည် ၁၉၀၀ျပည့်နွစ္မွစ၍ The Arakan News စာတည်း အယ္ဒီတာခ်ုပ်ျဖစ္လာခဲ့သည်ဟု ဆိုသည်။ 

The Arakan News သတင်းစာကို တစ္ပတ္လ်ွင် နွစ်ကြိမ် ဗုဒ္ဓဟူးနေ့နွင့် စေနေန့တိုင်းတြင် ထုတ်ဝေသည်။ တစ်ကြိမ္လ်ွင် စောင်ရေ ၁၅၀ ထုတ်ဝေသည်။ သတင်းစာမ်က်နွာဖုံး ထိပ္တြင် ဗြိတိသ်ွကိုလိုနီ အစိုးရ၏ တံဆိပ္ပါရွိသည်။ တန်ဖိုးမှာ တစ်စောင် လေး ပဲ နှုန်းနှင့် ရောင်းချခဲ့သည်။ 


(လူထုဝဏ္ဏ)


#Zawgyi

 ၿဗိတိသွ်ေခတ္က The Arakan News သတင္းစာ


The Arakan News သတင္းစာသည္ အာရကန္ျပည္၏ ပထမဆံုး အဂၤလိပ္ဘာသာစကားျဖင့္ ထုတ္ေဝခဲ့သည့္ သတင္းစာ ျဖစ္သည္။ Akyab ၿမိဳ႕သည္ ေဒသခံသတင္းစာ The Arakan News ၏ မူလထုတ္ေဝရာၿမိဳ႕ ျဖစ္သည္။ အကၠီယာပ္ (စစ္ေတြ) တြင္ Akyab Weekly News Press မွ ပံုႏိွပ္ထုတ္ေဝခဲ့သည္။ 

ပထမဆံုး အေစာင္ကို ၁၈၅၃ ခုႏွစ္တြင္ The Akyab Commercial Advertiser (အကၠီယာပ္ ကူးသန္းေရာင္းဝယ္ေရးေၾကာ္ျငာရွင္) ေခါင္းစဥ္ေအာက္တြင္ ထုတ္ေဝသည္။ သို႔ေသာ္ ႏွစ္အနည္းငယ္အၾကာတြင္ ပံုႏိွပ္ထုတ္ေဝမႈလုပ္ငန္းကို မစၥတာ အိပ္ခ်္ေဟး (Mr. H Hey) က ဝယ္ယူခဲ့ၿပီး The Arakan News အမည္ေျပာင္းလဲကာ ဆက္လက္ ထုတ္ေဝခဲ့သည္။ ၁၈၆၈ ခုႏွစ္ခန႔္တြင္ ထိုပံုႏိွပ္လုပ္ငန္းကို ေလလံတင္ေရာင္းခ်ခဲ့ၿပီး Mr. Hla Paw The ႏွင့္ သူ႕သား ဦးက်င္ခိုင္ တို႔က ဝယ္ယူကာ ႏွစ္ေပါင္း ၄၀ ခန္႔ ပိုင္ရွင္အျဖစ္ ပိုင္ဆိုင္ထားႏိုင္ခဲ့သည္။ 

The Arakan News သတင္းစာ၏ အယ္ဒီတာခ်ဳပ္မွာ Mr. Tu Ahmed မူစလင္တစ္ဦးျဖစ္သည္။ ဆရာ အဟ္မတ္သည္ ကာလကတၲားရိွ St. Xavieras ေကာလိပ္မွ ပညာသင္ယူခဲ့သည္။ Akyab Government High School တြင္ ေလးႏွစ္လံုးလံုး ေက်ာင္းဆရာအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သည္။ ဆရာ သုအဟ္မတ္သည္ St. Johnas ေကာလိပ္ကိုတည္ေထာင္ခဲ့ၿပီး သံုးႏွစ္တာ ဆက္လက္ လုပ္ေဆာင္ခဲ့ၿပီးေနာက္ Malabar Agency ကုမၸဏီလီမိတက္၊ Messrs ႏွင့္ Bulloch Bros တို႔တြင္လည္း တာ၀န္အဆင့္ဆင့္ ထမ္းေဆာင္ခဲ့သည္။ တခ်ဳိ႕ ကိုးကားခ်က္အရ ဆရာ အဟ္မတ္သည္ ၁၉၀၀ ျပၫ့္ႏွစ္မွစ၍ The Arakan News စာတည္း အယ္ဒီတာခ်ဳပ္ျဖစ္လာခဲ့သည္ဟု ဆိုသည္။ 

The Arakan News သတင္းစာကို တစ္ပတ္လွ်င္ ႏွစ္ႀကိမ္ ဗုဒၶဟူးေန႔ႏွင့္ စေနေန႔တိုင္းတြင္ ထုတ္ေဝသည္။ တစ္ႀကိမ္လွ်င္ ေစာင္ေရ ၁၅၀ ထုတ္ေဝသည္။ သတင္းစာမ်က္ႏွာဖံုး ထိပ္တြင္ ၿဗိတိသွ်ကိုလိုနီ အစိုးရ၏ တံဆိပ္ပါရိွသည္။ တန္ဖိုးမွာ တစ္ေစာင္ ေလး ပဲ ႏႈန္းႏွင့္ ေရာင္းခ်ခဲ့သည္။


(လူထုဝဏၰ)


ကိုးကား။

Twentieth century impressions of Burma : its history, people, commerce, industries, and resources, By  Wright,  Arnold.   Page 136


Monday, July 5, 2021

လြတ္လပ္ေရးေခတ္က ႐ိုဟင္ဂ်ာနွင့္ ရခိုင္ ခ်စ္ၾကည္ေရး


 ဘူးသီးေတာင္မွ ဖဆပလ ဥကၠဌ ၪီးစံထြန္းေအာင္သည္ မူဂ်ာဟစ္လား။


၁။  24-11-1955 ရက္စြဲျဖင့္ ထုတ္ေဝသည့္ အပတ္စဥ္ထုတ္ "ရခိုင္အသံ"သတင္းစာ မ်က္ႏွာဖံုးတြင္

"ဘူးသီးေတာင္ၿမိဳ႔နယ္ ဖဆပလဥကၠဌ ၪီးစံထြန္းေအာင္သည္ ရခိုင့္အသံကို တရားစြဲရန္ႀကံစည္ေသာ္လည္း အထမေျမာက္သျဖင့္ မဟာအရွက္ေတာ္ရရိွသြားသည္ဆိုျခင္း" ေခါင္းစီးျဖင့္ ေဖာ္ျပထားေသာ သတင္းတစ္ပုဒ္ကို ဖတ္ရႈရသည္။


၂။ ထိုသတင္းတြင္ စစ္ေတြခရိုင္ ဗ တ လ စ ဥကၠဌအျဖစ္မွ ထုတ္ပယ္ခံရသူ ၪီးစံထြန္းေအာင္သည္ ကုလားႏွင့္ရခိုင္ ဖ ဆ ပ လ အဖြဲ႕ဝင္ ၅၀ ၪီးခန္႔ကို ဖိတ္ၾကားၿပီး ရခိုင္တြင္ ေစာင္ေရအမ်ားဆံုးထုတ္သည့္ ရခိုင့္အသံ သတင္းစာကို မဖတ္သင့္ေၾကာင္း၊ မၾကည့္သင့္ေၾကာင္း၊ ဘူးသီးေတာင္မွ အေရာင္းကိုယ္စားလွယ္ကိုလည္း ဘူးသီးေတာင္တြင္ မေရာင္းရန္တားျမစ္ၿပီးျဖစ္ေၾကာင္း၊ ေျပာၾကားသည္ဟုလည္းေကာင္း၊


၃။ ရခိုင့္အသံစာေစာင္တြင္ မူဂ်ာဟစ္တို႔ကို မေကာင္းေရးသျဖင့္ကုလားရခိုင္ေသြးကြဲရန္ရိွေၾကာင္း၊ မူဂ်ာဟစ္အေၾကာင္းကို သူတို႔သာ အသိဆံုးျဖစ္ေၾကာင္းေျပာၿပီး

ေနာက္က္္ိုယ္ရည္ ေသြးသည့္စကားမ်ားကိုေျပာသည္ဟုလည္းေကာင္း၊


၄။ ထို႔ေနာက္ ရခိုင့္အသံကို တရားစြဲရန္တင္ျပရာ ေထာက္ခံသူမရိွ

သျဖင့္ ၄င္း၏အဆိုကို ရုပ္သိမ္းခဲ့ရေၾကာင္းႏွင့္

မူဂ်ာဟစ္အေၾကာင္းကို ကြၽန္ပ္ေရးမည္ဟု အရွက္ေျပေျပာဆိုသည္ဟုလည္းေကာင္း၊


၅။  သူသည္ မူဂ်ာဟစ္လား၊ မူဂ်ာဟစ္ကို မ်က္ႏွာခ်ိဳေသြးျခင္းပင္လား ေဝဖန္သံၾကားေနရသည္ဟုလည္းေကာင္း၊


၆။ မူဂ်ာဟစ္အေၾကာင္း မေကာင္းေရး႐ံုျဖင့္ ကုလားရခိုင္ ေသြးကြဲရန္အေၾကာင္းမရိွဟုလည္းေကာင္း၊


၇။ ရခိုင္အသံကို ဆက္လက္ဖတ္ရႈၾကမည္ဟု ကုလားေခါင္းေဆာင္ အခ်ိဳ႕ေျပာေနၾကသည္ဟုလည္းေကာင္း ထည့္သြင္းေဖာ္ျပထားသည္။


၈။ ရခိုင္သမိုင္းမိတ္ဆက္စာအုပ္တြင္ စာေရးဆရာ ေဒါက္တာေအးခ်မ္း၏ ကိုယ္ေရးအက်ဥ္း၌ ဘူးသီးေတာင္မွ

ၪီးစံထြန္းေအာင္တြင္ သက္ရိွသားသမီး ၁၀ၪီး ထြန္းကားခဲ့ရာ ၄င္းမွာ ပဥၥမေျမာက္သားျဖစ္ေၾကာင္း ေရးထားသည္ကို ေတြ႕ရသည္။


-သမိုင္းသုေတသီ ေမာင္ေမာင္



ကိုးကား။ ၁၉၅၅ ခု ႏိုဝင္ဘာလ ၂၄ ရက္ေန႔ထုတ္ "ရခိုင့္အသံ" အပတ္စဥ္ထုတ္ သတင္းစာ။ 

မူရင္းလိင့္

https://m.facebook.com/story.php?story_fbid=1299011217194733&id=100012576017385



Sunday, July 4, 2021

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ

 
Photo©UNHCR

ရိုဟင်ဂျာနဲ့ လူနည်းစုက မြန်မာ့အပြောင်းအလဲအတွက် အရေးပါ


လင်းငယ်

18 March 2021

(၁) ဒီရက်ပိုင်းတွေမှာ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ လုပ်ငန်းစဉ်တွေကို စိတ်ပါဝင်စားစွာ စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့် ကြည့်ပုံကြည့်နည်းကတော့ မတူပါဘူး။ လွန်ခဲတဲ့ နှစ်နှစ်သုံးနှစ်ကို ပြန်ကြည့်ရင်တော့ တော်တော်ကလေးကို ပြောင်းပြန်ဖြစ်နေတာကို တွေ့ရပါမယ်။ အရင်က ဆန့်ကျင် မလိုလားမှုကဲခဲ့ပြီး အခုချိန်မှာတော့ မျှော်လင့်ချက် အားကိုးမှုတို့ ဖြစ်လာခဲ့ပါတယ်။

၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေအပေါ်မှာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှု၊ နောက်ဆုံး နိုင်ငံတကာ တရားရုံး (ICC) အထိပါ တရားစွဲဆိုခံခဲ့ရပါတယ်။ တချို့ စွပ်စွဲပြစ်တင်မှုတွေက အဓိက လက်သည်တွေ ဖြစ်တဲ့ စစ်တပ် အကြီးအကဲတွေကို ဖြစ်ပေမယ့် အရပ်ဘက် ခေါင်းဆောင်တွေ အပါအဝင် သာမန်မြန်မာပြည်သူတွေလည်း မလွတ်ကင်းခဲ့ပါဘူး။

အထူးသဖြင့် ရိုဟင်ဂျာ လူနည်းစုအပေါ် သဘောထားနဲ့ ပတ်သက်ပြီး အဝေဖန်ခံရတာပါ။ မြန်မာနိုင်ငံသားမဟုတ်ဘူး၊ တိုင်းရင်းသား မဟုတ်ဘူး၊ ခိုးဝင်လာသူတွေ ဆိုတဲ့ အမြင်က လူကြိုက်များနေဆဲပါ။

ထို့အတူ တည်ဆဲ ဥပဒေတွေအရ ဆောင်ရွက်ဖို့၊ မိမိတို့ ပြည်တွင်းရေးကို မိမိတို့ ကိုယ်တိုင် ဖြေရှင်းဖို့ဆိုတဲ့ ရပ်တည်ချက်လည်း ရှိခဲ့ကြပါတယ်။ ဒီအတွက် နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် နယ်သာလန်နိုင်ငံ သဟိဟ်မြို့မှာ သွားရောက် တရားရင်ဆိုင်တာကို မြန်မာပြည်သူတွေက တခဲနက် ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပြောခဲ့တာက မြန်မာပြည်မှာ တာဝန်ယူမှုအတွက် ယန္တယားတွေ ရှိနေပြီး လုပ်ဆောင် အရေးယူမှာ ဖြစ်ကြောင်း၊ အများပြောတဲ့ ဂျီနီုဆိုဒ်အဆင့် မရောက်ဘူးဆိုတာသာ ဖြစ်တယ်ဆိုတာကို အများပြည်သူ နားလည်ခဲ့သလား ဆိုတာကတော့ သံသယ ဖြစ်စရာ ကောင်းပါတယ်။ ဒီအတွက် အများပြည်သူ လက်လွှတ်သွားခဲ့တာ အမြင်လျှံသွားခဲ့တာတွေတော့ ရှိပါတယ်။

ဒါတွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ ချဲ့ကားမှု သက်သက်မဟုတ်ဘူး။ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေသာ ဖြစ်တယ်။ ဖြစ်ပျက်မှု အတိုင်းအတာ ပမာဏနဲ့ အရေးယူမှုပုံစံကိုသာ သဘောထား ကွဲလွဲနေကြတာ ဖြစ်တယ်။ နိုင်ငံတကာကတော့ စံနှုန်းပြည့် ယန္တယားတွေနဲ့ အဓိက တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ ပြောဆိုပြီး မြန်မာပြည်ကတော့ ဒါဟာ တိုင်းပြည်အတွင်းက စုံစမ်းရေးနည်းလမ်း တရားရေးနည်းလမ်းတွေနဲ့ လုပ်ဆောင်မယ်လို့ အဓိက ရပ်တည် ပြောခဲ့တယ်။

ဆိုလိုတာက လူပေါင်းများစွာကို သေကြေစေပြီး နေအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ အဖြစ်အပျက်မှာ တာဝန်ရှိခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အရေးယူမယ်လို့ ပြောတာပါ။ ဒီအချက်ကိုပဲ နိုင်ငံတကာ အသိုက်အဝန်းက မယုံကြည်တာ ဖြစ်ပါတယ်။ ဘာကြောင့် မယုံကြည်သလဲ ဆိုတာကတော့ အခုချိန်မှာ ရှင်းပြစရာတောင် လိုမယ် မထင်တော့ပါဘူး။ သောင်းကြမ်းနေတဲ့ ကျားကို ဖမ်းဆီးပြီး ထည့်ထားနိုင်တဲ့ လှောင်အိမ်က မြန်မာပြည်မှာ ရှိမနေသေးပါဘူး။

(၂) စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ လူနည်းစု တိုင်းရင်းသားတွေဘက်က ချက်ချင်းလက်ငင်း ပါဝင်ဖို့အတွက် တုံ့ဆိုင်းနေတာ ရှိခဲ့တယ် ဆိုတာ အားလုံးအသိပါ။ အခုအချိန်အထိလည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အချို့သော နေရာတွေမှာ မလှုပ်မရှား ရှိနေဆဲပါ။ စစ်အာဏာသိမ်းခြင်းဟာ တတိုင်းပြည်လုံး ကိစ္စလို့ ယုံကြည်ကြသူ အများစုက အားမလိုအားမရ ဖြစ်ပြီး ဝေဖန်ပြစ်တင်သံကြပါတယ်။

အချို့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကတော့ ကိုယ်ကျိုးစီးပွားတွေ ရှိနေနိုင်ပေမယ့် သာမာန် ရပ်သူရွာသား လူနည်းစု တိုင်းရင်းသားတွေဘက်က အဓိက တုံ့ပြန်ချက် တခုကတော့ နားလည်ဖို့ အရေးကြီးပါတယ်။ ယခုအချိန် မြန်မာနိုင်ငံ တနံတလျားမှာ လုံခြုံရေးတပ်ဖွဲ့တွေက လူတွေကို စိတ်မထင်ရင် မထင်သလို ဖမ်းဆီး၊ အကြမ်းဖက်နေတာတွေကို လူနည်းစု တိုင်းရင်းသားတွေ နှစ်ပေါင်းများစွာ ကြုံခဲ့ပြီးရပြီ။ သူတို့အတွက်ကတော့ သန်းခေါင်ထက် ညဉ့်မနက်တော့ဘူး ဆိုတဲ့ သတင်းစကားပါ။

ပြီးတော့ အခုချိန်မှာ ဆိုးရွားတဲ့ စစ်ပွဲတွေကို သူတို့ ဒေသတွေမှာ ပြန်မြင်ချင်မှာ မဟုတ်ပါ။ နှစ်ပေါင်းများစွာက ကိစ္စတွေကို သတင်းမီဒီယာ အားမကောင်းတဲ့ခေတ်၊ အစိုးရက အရာရာကို ကန့်သတ်ထားတဲ့ ခေတ်၊ လမ်းပန်းဆက်သွယ်ရေးကြောင့် အနေဝေးကြတဲ့ ခေတ်မို့ မမြင်နိုင်ခဲ့ကြတာကို အပြစ်မဆိုချင်ပါ။ သို့သော်လည်း လွန်ခဲ့တဲ့ နှစ်အနည်းက ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က ကိစ္စတွေကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။

ဗစ်တာဖရန်ကယ် ဆိုတဲ့ စိတ်ပညာရှင် တစ်ယောက်က ပြောဖူးပါတယ်။ “facts will be significant only as far as they are part of a man’s experiences.” အချက်အလက်တွေ ဆိုတာ ကိုယ့်အတွေ့အကြုံရဲ့ အစိတ်အပိုင်း ဖြစ်လာမှ ထင်ရှားသိသာလာတာတဲ့။ ဆိုလိုချင်တာက လူဆိုတာ ကိုယ်ကြုံဖူးမှ ယုံတတ်တာမျိုး။ ရခိုင်ပြည်နယ်မှာ လူဘယ်နှစ်ယောက် မတရားဖမ်းဆီးခံရတာ၊ ကချင်ပြည်နယ်မှာ လက်နက်ကြီးကျလို့ လူဘယ်နှစ်ယောက် အသက်ဆုံးရှုံးသွားတာ၊ ကယားပြည်နယ်မှာ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွင်းပြီး လူဘယ်နှစ်ယောက် အဖမ်းခံရတာတွေဟာ ကိုယ့်အိမ်ဘေးနား ရောက်လာတဲ့အခါမှ မြင်သာထင်ရှား နားလည်လာပါတော့တယ်။

မျက်လုံးပေါင်း များစွာ စောင့်ကြည့်နေတဲ့ အချိန်၊ ကင်မရာပေါင်းစုံက မှတ်တမ်းတင်ဖို့ အသင့် ဖြစ်နေချိန်၊ လူမြင်ကွင်းမှာတောင် ဒါမျိုး အဖြစ်အပျက်တွေ ဖြစ်နေသေးရင် လူသူနည်းတဲ့ တောအရပ်နယ်တွေမှာ ဘာတွေ ဘယ်လို ပြုမှုခဲ့မလဲ စဉ်းစားကြည့်နိုင်ပါတယ်။ ပြောပုံပြောနည်းကြောင့် ကြားရခက်ကောင်း ခက်တာ၊ စိတ်ခံစားမှုကြောင့် ဒေါသသံတွေ ပါတာ ရှိနိုင်ပေမယ့် အဓိကကတော့ ဒီသတင်းစကားပါပဲ။

(၃) တဖန် နိုင်ငံတကာ ရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာ လူအများစု ဖြစ်မှ ဂရုစိုက်ရတာ မဟုတ်ဘဲ လူနည်းစု ချိုးဖောက်ခံရရင်လည်း အရေးတယူပြုရမယ့် အရာဖြစ်တယ်။

ဒီမိုကရေစီရဲ့ အနှစ်သာရက လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေး အလေးထားခြင်းပါ။ တရားဝင် နိုင်ငံသား ဖြစ်ခြင်း၊ မဖြစ်သေးခြင်းကြောင့်၊ လူဦးရေနည်းခြင်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံတာဟာ သည်းခံစရာ မဟုတ်ပါဘူး။ အရင်တုန်းက လူနည်းစု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုထုတ်ဖော်ပြောခဲ့သလို အခုချိန် လူအများစု လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကိုလည်း ထုတ်ဖော် ပြောဆိုနေကြပါတယ်။ (လက်တွေ့ ထိရောက်တဲ့ အကူအညီ ပေးမပေးကတော့ နောက်တစ်ပိုင်းပါ) ဒါဟာ နိုင်ငံတကာက အများစု လက်ခံကျင့်သုံးတဲ့ အခြေခံမှုတစ်ရပ် ဖြစ်ပါတယ်။

ဒါကြောင့်ပါပဲ နိုင်ငံအသီးသီးက လက်ရှိ အဖြစ်အပျက်များနှင့် ပတ်သက်ပြီး သူတို့ရပ်တည်ချက်တွေ ထုတ်ဖော်ပြောဆိုရာမှာ ရိုဟင်ဂျာနဲ့ ထိခိုက်လွယ်သူတွေဆိုပြီး မကြာခဏ ထည့်သွင်းပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒါကို တချို့တွေ အနေနဲ့ ဒုက္ခတွေ ရောက်နေတာ ငါတို့၊ သူတို့က မဆိုင်သူတွေကိုပါ ထည့်ပြောတယ်လို့ မြင်ချင် မြင်နိုင်ပါတယ်။

သူတို့အတွက်တော့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဟာ မြန်မာပြည်မှာ နေထိုင်တဲ့ လူအားလုံး ပါဝင်ပြီး အားလုံးအတွက် အကျိုးကျေးဇူး ရှိရမှာ ဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေ ဖြစ်လာရင် လူနည်းစုတွေ၊ ထိခိုက်ခံစားလွယ်သူတွေက ဆိုးကျိုးကို ပိုမိုခံစားတတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် လူနည်းစု တိုင်းရင်းသားတွေရဲ့ အသံတွေနဲ့ လူနည်းစုတွေကို ဘယ်လို ဆက်ဆံသလဲ ဆိုတာ သူတို့ စစ်တဲ့ စာမေးပွဲတခုလည်း ဖြစ်ပါတယ်။

(၄) မြန်မာပြည်သူတွေဟာ သူရဲဘော ကြောင်သူတွေ မဟုတ်တာကို လက်နက် အပြည့်အစုံ တပ်ဆင်ထားတဲ့ လုံခြုံရေး ယန္တယားကြီးကို အကြမ်းမဖက် အန်တုပြခဲ့တာမှာတင်ထင်ရှားနေပါပြီ။ ဒီထက် ပိုပြီး ရဲရင့်သူတွေကတော့ သူတို့ရဲ့ ဆန္ဒထုတ်ဖော်မှုတွေထဲမှာ လူနည်းစုအပေါ် မှားခဲ့တဲ့ အမြင်၊ လစ်လျူရှုမိခဲ့တာတွေအတွက် တောင်းပန်တဲ့စာမျိုးတွေ အထိ ထည့်သွင်းခဲ့ကြပါတယ်။

ဒါဟာ ကြိုဆိုထိုက်တဲ့ အပြုအမှုများ ဖြစ်ပါတယ်။ ဒါဟာ အရင်က မှားခဲ့တာကို ပြန်ပြင်တယ် ဆိုတာကို ပြတာဖြစ်ပါတယ်။ ဒါဟာ မလိုသူအတွက် တမျိုး၊ ကိုယ့်အတွက် တမျိုးဆိုပြီး စံနှုန်းနှစ်မျိုး မလုပ်ဘူးလို့ ပြောတာ ဖြစ်ပါတယ်။ ဒါဟာ စုံလင်ကွဲပြားတဲ့ မြန်မာပြည်မှာ ရှိနေဆဲ ဖြစ်တဲ့ အကွဲအပြဲတွေကို ရင်ကြားစေ့လိုက်ခြင်း ဖြစ်ပါတယ်။ မြန်မာပြည်ဟာ သဘောထားကြီးသူတွေ နေထိုင်တာ ဖြစ်ကြောင်း သက်သေထူတာပဲ ဖြစ်ပါတယ်။

ဒါကိုတောင်မှ ဒီမကောင်းမှုတွေကို ကျူးလွန်သူတွေဟာ ငါတို့မဟုတ်ဘူး၊ အခု ငါတို့ ဆန့်ကျင်နေတဲ့ စစ်အာဏာ ကိုင်ထားသူတွေသာ ဖြစ်တယ်၊ ငါတို့ တောင်းပန်စရာ မလိုဘူးလို့ ဆင်ခြေကာချင်သူတွေ ရှိနေဦးမှာပါ။ ဒီအမြင်တွေကတော့ လူနည်းစုခံစားခဲ့ရတဲ့ ဒဏ်ရာတွေကို မစာနာရာ ရောက်ပါတယ်။ ရိုးရိုးလေး တွေးကြည့်ရင် အခုချိန်မှာ အများပြည်သူနဲ့အတူ CDM လှုပ်ရှားမှုတွေမှာ မပါဝင်ဘဲ လက်ပိုက်ကြည့်နေသူကို ကျွန်တော်တို့ ဘယ်လို မြင်မလဲ။ ဘယ်လို တုံ့ပြန်နေသလဲ တွေးကြည့်နိုင်ပါတယ်။

အရေးတော်ပုံတွေ၊ လူထုလှုပ်ရှားမှုတွေ မအောင်မြင်ခဲ့ရတဲ့ အကြောင်းရင်း တစ်ခုက လူများစုနဲ့ လူနည်းစု တိုင်းရင်းသားတွေကြား ခိုင်မာတဲ့ ပူးပေါင်းမှု မရှိခဲ့ခြင်းကြောင့်လို့ ဆိုပါတယ်။ ခိုင်မာအားကောင်းတဲ့ ပူးပေါင်းပါဝင်မှုမျိုးနဲ့သာ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ဒီ အတိတ် သင်ခန်းစာကို နှလုံးသွင်းပြီး ဆင်ခြင်မိတယ်ဆိုရင် ဘာကြောင့် မပူးပေါင်းနိုင်ခဲ့တာလဲကို စဉ်းစားဖြစ်လာမှာ ဖြစ်ပါတယ်။ အဓိက မပူးပေါင်းနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုကတော့ အထက်က ပြောခဲ့တဲ့ ဖြတ်သန်းမှု မတူတာကြောင့် ခံစားချက်အမြင်တွေ မတူညီတာတွေကို ပေါင်းကူးမရခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ဒီအချက်ကို ကောင်းကောင်းနားလည်တဲ့ စစ်အာဏာရှင်တွေဟာ လူနည်းစု တိုင်းရင်းသားတွေကို စည်းရုံးသိမ်းသွင်းတဲ့ အကွက်တွေ ရွေ့ထားတာကိုလည်း မြင်ကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ပြည်သူတွေဟာ မ အ ကြတော့ပါဘူး။ စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ တိုင်းရင်းသား အဖွဲ့အစည်း တချို့ဟာဆိုရင်လည်း သူတို့ တိုင်းရင်းသားတွေရဲ့ အပြစ်တင် ဆန့်ကျင်ခြင်းကိုပါ ခံနေရပါတယ်။

အခုဆိုရင် ပြည်နယ် ဒေသမှာလည်း စစ်အာဏာသိမ်းသူတွေကို တခဲနက် ဆန့်ကျင် ကန့်ကွက်နေကြတာကို မြင်နေနိုင်ပါပြီ။ ဒီနေရာမှာ ပါဝင်နေကြတဲ့ လူနည်းစုရဲ့ ခွန်အားနဲ့ သတ္တိကိုလည်း လေးစား အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကြိုဆိုရမှာ ဖြစ်ပါတယ်။ မြန်မာပြည် အနှံ့အပြားမှာ ရှိတဲ့ သာမာန် အရပ်သားပြည်သူတွေက စစ်အာဏာရှင်ကို အလိုမရှိကြောင်း၊ လူနည်းစုတွေကိုလည်း စာနာကြောင်း ပြောဆိုချက်တွေဟာလည်း လူနည်းစု တိုင်းရင်းသားတွေရဲ့ သံသယကို လျော့ပါးစေမှာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တန်းတူညီမျှတဲ့ ဖက်ဒရယ်စနစ်ရှိမှာသာ ရေရှည်ခိုင်မြဲပြီး အေးချမ်းတဲ့ ပြည်ထောင်စု ဖြစ်မှာကိုလည်း အလေးအနက် ထားကြရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ဆန့်ကျင်တာဟာ ကိုယ်အာဏာရှင် ဖြစ်ဖို့ မဟုတ်ဘဲ အာဏာရှင်ရဲ့ တရားကိုယ်သဘော ဖြစ်တဲ့ လူကို လူလို မဆက်ဆံတာ၊ မထင်ရင် မထင်သလို ဥပဒေတွေ အသုံးပြု ဖိနှိပ်တာ၊ လူတစ်စု ကိုယ်ကျိုးစီးပွားကို ဦးစားပေးတာတွေကိုဆန့်ကျင်ခြင်းပဲ ဖြစ်သင့်ပါတယ်။ တနည်း တိုင်းပြည်အာဏာကို အဓမ္မရယူတဲ့ မတရားမှုကို ဆန့်ကျင်တာ ဖြစ်ပါတယ်။

ဒါတွေဟာ တကယ်တော့ အစ ရောင်နီပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မလျော့သော ဇွဲနဲ့ ဆက်လျောက်ရဦးမှာ ဖြစ်ပါတယ်။ နောက်ထပ် ဆက်လက်တည်ဆောက်ရမယ့် နိုင်ငံတော်အတွက် ခြေလှမ်းတွေ မှန်နေဖို့ လိုပါတယ်။ လူတွေအားလုံး စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အခိုက်အတန့်မှာ မတူညီမှုတွေ ကွဲပြားမှုတွေ အကြောင်း ပြောတာက အားလျော့စရာလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ထပ်ပြီး လစ်လျူရှုဖို့ မသင့်တာတွေ ဖြစ်မှာကိုတော့ စိုးရိမ်ရမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေ ပြောခြင်းဟာ စိတ်ဝမ်းကွဲဖို့မဟုတ်ဘဲ ပိုမိုပေါင်းစည်းတဲ့ အနာဂတ်အတွက် ဖြစ်ပါတယ်။ ဒီအတွက် လူနည်းစုတွေအပေါ် မြန်မာပြည်သူ အများစုရဲ့ သဘောထားကို အခြေခံကျကျ ပြောင်းဖို့လိုနေပြီလို့ ဆိုချင်ပါတယ်။ ပြောင်းလဲမှုတွေလည်း စတင်‌တွေ့နေရပြီလို့ ဆိုချင်ပါတယ်။

သို့သော် စစ်အာဏာ တည်မြဲသွားရင်တော့ ရရှိထားတဲ့ တစွန်းတစ နားလည်မှုကလေးဟာ စနစ်တကျ ခွဲခြားဆက်ဆံ အုပ်ချုပ်မှု (divide and rule) အောက်မှာ တစစီ ပြိုကွဲသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်ပဲ လူနည်းစု တိုင်းရင်းသားတွေဖြစ်စေ၊ လူများစု ဖြစ်စေ မြန်မာပြည်မှာ နေထိုင်တဲ့ ပြည်သူမှန်သမျှကတော့ တိုင်းပြည်အာဏာကို ပြည်သူ မထောက်ခံတဲ့ နည်းနဲ့ ရယူတဲ့ စနစ်၊ ပြည်သူကို နိုင်လိုမင်းထက် လုပ်တဲ့စနစ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်သွားရမှာပဲ ဖြစ်ပါတယ်။


(လင်းငယ်သည် မြန်မာ ဆရာဝန်တဦး ဖြစ်သည်။ နိုင်ငံတကာ ဖွံ့ဖြိုးရေးဘာသာရပ်ဖြင့် မဟာဘွဲ့ယူထားပြီး ငြိမ်းချမ်းရေးနှင် ပဋိပက္ခဆိုင်ရာများ၊ မျက်မှောက်ရေးရာများ သုံးသပ်ရေးသားနေသူ တဦးဖြစ်သည်။)


(ကူးယူေဖာ္ျပသည္။)

Saturday, July 3, 2021

အဂၤလိပ္ သန္းေခါင္စာရင္းမွတ္တမ္းမွာ ႐ိုဟင္ဂ်ာ ဆိုတ့ဲနာမည္ ဘယ္လို ေပ်ာက္ေနသလဲ


အဂၤလိပ္သန္းေခါင္စာရင္းမွတ္တမ္းမွာ ႐ိုဟင္ဂ်ာ ဆိုတ့ဲနာမည္ ဘယ္လို ေပ်ာက္ေနသလဲ


အဂၤလိပ္ကိုလိုနီေခတ္မွာ အဲ့ဒီ -နာမည္ ဘာေၾကာင့္ ေပ်ာက္ကြယ္ေနခဲ့သလဲ။ ၁၇၉၉ က မွတ္တမ္းေတြမွာေတာင္ ႐ိုဟင္ဂ်ာဆိုတဲ့ နာမည္ရိွေနတယ္။ ကိုလိုနီေနာက္ပိုင္း မွတ္တမ္းေတြမွာလည္း ႐ိုဟင္ဂ်ာ ဆိုတဲ့ နာမည္ရိွေနတယ္။ ၿဗိတိသွ်သန္းေခါင္းစာရင္းမွာက်ေတာ့ ဘယ္လို ေပ်ာက္ေနသလဲ။

ဒီေမးခြန္းရဲ႕ အေျဖက သမိုင္းေလ့လာသူတိုင္း အတပ္သိၾကတယ္။ ဒီလိုျဖစ္ရျခင္းရဲ႕ ေနာက္ကြယ္က အေျခအေန ႏွစ္ရပ္ရိွတယ္။ ပထမတစ္ခ်က္ကေတာ့ အေနာက္တိုင္းယဥ္ေက်းမႈနဲ႔ အဂၤလိပ္ဘာသာစကား ပ်ံ႕ႏွံ႔ေအာင္ ေဆာင္ရြက္ခဲ့တဲ့ ၿဗိတိသွ်တို႔ရဲ႕ ေပၚလစီ ျဖစ္တယ္။ ၿဗိတိသွ်ေတြဟာ နယ္ေျမေတြ က်ဴးေက်ာ္သိမ္းပိုက္တာနဲ႔ တစ္ၿပိဳင္တည္း သူတို႔ရဲ႕ စာေပယဥ္ေက်းမႈ၊ ဘာသာစကားေတြကိုပါ ပ်ံ႕ႏွံ႔ေအာင္ ဒြန္တြဲေဆာင္ရြက္ခဲ့တယ္။ လက္ေအာက္ခံသိမ္းထားတဲ့ ႏိုင္ငံေတြရဲ႕ ႐ံုးသံုးစကားေတြ၊ ေနရာေဒရဲ႕ နာမည္ေတြ ေျပာင္းေပးလိုက္ၾကတယ္။ 

ဒါနဲ႔ ဗမာျပည္မွာလဲ လူမ်ဳိး အမ်ားစုရဲ႕ နာမည္၊ ေဒသနာမည္၊ လမ္းပန္းနာမည္ေတြကို အဂၤလိပ္ဟန္နဲ႔ ေခၚခဲ့ၾကတာ အလံုးအသိပါပဲ။ ဒီအတိုင္းပဲ ႐ိုဟင္ဂ်ာ ဆိုတဲ့နာမည္ကလဲ အဲ့ဒီကိုလိုနီေပၚလစီရဲ႕ ဓားစားခံျဖစ္သြားခဲ့တာပဲ။ ဒါက ဒီနာမယ္ တစ္ခုတည္း မဟုတ္ဘူး။ သူတို႔လက္ေအာင္ေရာက္ေနတဲ့ ကိုလိုနီနယ္ေျမ တိုင္းမွာ က်င့္သုံးခဲ့တဲ့မူ တစ္ခုျဖစ္တယ္။ ျမန္မာျပည္မွာလည္း  အမ်ားႀကီးေျပာင္းလဲခဲ့တာ ရိွတယ္။ အဲဒီတုန္းက ရခိုင္ျပည္ရဲ႕နာမည္ကို အေနာက္ႏိုင္ငံသားေတြက အာရကန္နဲ႔ပဲ သိတာမ်ားတယ္။ အဂၤလိပ္တို႔ကလည္း အာရကန္ လို႔ပဲ ေခၚၾကတာကိုး။ ဒီေတာ့ အာရကန္ျပည္သူေတြကို အာရကာနိစ္ လို႔ သူတို႔ဟန္နဲ႔ သံုးႏႈန္းခဲ့တယ္။ အင္းဝသားေတြကိုလည္း ဗားမစ္လို႔ သံုးၾကတယ္မဟုတ္လား။ အိႏၵိယက ျပည္သူေတြကိုလည္း "ဘားရတီ၊ ဟင္ဒိုစ္တာနီ" လို႔မသံုးဘဲ အိႏၵိယန္လို႔ အဂၤလိပ္မူနဲ႔ သံုးၾကတာပါ။ အာရကန္မွာလည္း ဒီမူကို သံုးခဲ့တာေပါ့။ ၿပီးေတာ့ အာရကန္ျပည္ရိွ မြတ္စလင္ႏွင့္ ဗုဒၶဘာသာဝင္ေတြကို ခြဲျခား ေဖာ္ျပဖို႔အတြက္ အိစၥလာမ္ဘာသာကို မိုဟာေမဒင္၊ မြတ္စလင္ ဟုလည္းေကာင္း၊ ဗုဒၶဘာသာဝင္ေတြကို ဗုဒိစ္ ဟုလည္းေကာင္း ခြဲျခားသံုးႏႈန္းၾကတာ ျဖစ္တယ္။ 

ဒုတိယအခ်က္ကေတာ့ ကိုလိုနီအစိုးရက မဟာဗ်ဴဟာအျဖစ္သံုးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင္းျပည္တစ္ျပည္ရဲ႕အင္အားျဖစ္တဲ့ ျပည္သူ႕စည္းလံုးညီၫႊတ္မႈကို ပ်က္ျပားသြားေအာင္ ႀကံစည္ၿပီးေတာ့ အုပ္ခ်ဳပ္တဲ့စနစ္တစ္ခုေပါ့။ ဒါမွသာလွ်င္ သူတို႔ရဲ႕ မတရားအုပ္ခ်ဳပ္ေရးဟာ အသက္ရွည္ေတာ့တာ။ ဒီေပၚလစီကို မသိတသိ ထည့္သြင္းလိုက္လို႔ စာေပ၊ ယဥ္ေက်းမႈ၊ ဓေလ့ထံုးစံ ႏွင့္ အိုင္ဒန္တီတီ ကိုပါ အစိတ္စိတ္အႁမႊာႁမႊာ ျဖစ္သြားေအာင္ မြဲေႏွာက္လိုက္တာပါပဲ။ အရာကိစၥတိုင္းမွာ အဂၤလိပ္မူ၊ အဂၤလိပ္ဟန္ေတြကို ထိုးသြင္းေပးလိုက္တာပါပဲ။ ႏိုင္ငံသားေတြရဲ႕ နာမည္ေတြ၊ တိုင္းျပည္ေတြရဲ႕ အမည္နာမေတြကို သူတို႔အလိုအတိုင္း မွည့္ေခၚခဲ့တယ္။ 

အဲ့လို စနစ္ဆိုးေတြရဲ႕ ၾကားညႇပ္ခံရေသာ ႐ိုဟင္ဂ်ာတို႔လည္း နစ္နာခဲ့တာခ်ည္းပဲ။ သူတို႔ ေခၚေနက် နာမည္ကို မေခၚဘဲ အဂၤလိပ္ဟန္နဲ႔ အာရ္ကာနိစ္လို႔ ျပင္လိုက္တယ္။ အဲ့မွာတစ္ခါ ထပ္ၿပီး ခြဲျခားလာေအာင္ အာရ္ကာနိစ္ မိုဟာေမဒင္၊ မူစလင္၊  အာရ္ကာနိစ္ ဗုဒီၶစ္၊ ေမာ့ဂ္ တို႔ ေခၚေဝၚ ကြဲျပားလာတယ္။ ဒီေလာက္နဲ႔ မဝေသးဘူး။ ျပန္တစ္ခါ ထပ္ခြဲတယ္။ အိႏၵီယန္တို႔၊ စစ္တေကာင္နီယန္တို႔၊ ပါထန္၊ ဘီဟာရီတို႔ စသည္ျဖင့္ အာရ္ကန္ျပည္ရဲ႕ စည္းလံုးညီညြတ္မႈတည္းဟူေသာ အားအင္ကို စနစ္တက် ႐ိုက္ခ်ဳိးခဲ့တယ္။ 

ဒီလိုနဲ႔ ႐ိုဟင္ဂ်ာ ဆိုတဲ့ နာမည္ဟာ အဲ့ဒီေခတ္က အဂၤလိပ္မွတ္တမ္းမွာပဲ ေပ်ာက္ေနတာ ျဖစ္တယ္။ အဲ့ေခတ္မွာ ေဒသခံေတြက ေရးသားခဲ့တဲ့ တျခား စာအုပ္စာေပေတြ၊ ကဗ်ာ၊ ေတးသီခ်င္းေတြမွာကား ရိွေနေသးတယ္။ အူရ္ဒူစာနဲ႔ ေရးထားတဲ့ သမိုင္းေတြမွတ္တမ္းေတြရိွတယ္။ အဲ့ဒီမွာၾကည့္ပါ။ ႐ိုဟင္ဂ်ာနာမည္ဟာ ထင္ထင္ရွားရွား ေတြ႕ရပါလိမ့္မယ္။ အထူးအဆန္းလို႔ ထင္ေနတဲ့ ဒီနာမည္က ေဒသခံေတြ ေခတ္အဆက္ဆက္ သံုးလာခဲ့တဲ့ နာမည္တစ္ခု ျဖစ္တယ္။ ၿပီးေတာ့ ရြာနာမည္၊ ေဒသနာမည္ ေတြလဲ ယေန႔ထက္ထိ ရိွေနတယ္။ 

႐ိုဟင္ဂ်ာ မရိွဘူးလို႔ စြပ္စြဲေနတဲ့ သူတခ်ဳိ႕က အထက္ေဖာ္ျပပါ အခ်က္အလက္ေတြကိုလည္း မစဥ္းစားသင့္ဘူးလား။ ၿဗိတိသွ် သန္းေခါင္စာရင္းမွာ မပါလို႔ ႐ိုဟင္ဂ်ာမရိွဘူး မ်က္စိပိတ္ယံုလိုက္ရင္ သမိုင္းမသိသူ ဒါမွမဟုတ္ မသိခ်င္သူ ဒါမွမဟုတ္ သိလ်က္နဲ႔ ဖံုးကြယ္ထားသူသာ ျဖစ္သြားလိမ့္မယ္။ အမွန္တရားကို ျမတ္ႏိုးရင္ေတာ့ နက္နက္နဲနဲ စူးစမ္းေလ့လာၾကည့္ၿပီးေတာ့မွ မွတ္ခ်က္ေပးသင့္တယ္။

—©RK


#Unicode

အင်္ဂလိပ်သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ က မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်းစာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့အောင် ဒွန်တွဲဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေရဲ့ နာမည်တွေ ပြောင်းပေးလိုက်ကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ သူတို့ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးကြတာပါ။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြား ဖော်ပြဖို့အတွက် အိစ္စလာမ်ဘာသာကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရ်ကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြား စာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။

—©RK