Monday, April 15, 2019

တို့နာဇီရွာလေး




" တို့နာဇီရွာလေး "


မေ့ရခဲခက်​ နာဇီရွာ​က
လွတ်လပ်​​ပျော်​ရ အတိတ်​ကာလ
သတိတရ ငါလွမ်းရ။ 

ကြေကွဲခဲ့ဖူး ကြည်​နူးခဲ့ဖူး
ဝမ်းနည်းခဲ့ဖူး ​ပျော်​ရွှင်​ခဲ့ဖူး
အခု​တော့လည်း အရာရာဟာ 
အတိတ်​မှာကျန်​ လွမ်းစရာဖြစ်
အထီးကျန်​​​တဲ့ နာဇီရွာ​လေး
စက္ကန့်​မလပ်​ ငါလွမ်းရ။

နာဇီရွာက​လေးရယ်
လူယုတ်လက်ချက် အကြမ်းဖက်ကြောင့်
သင့်ရင်​ခွင်​ကို ​ကျောခိုင်းခဲ့ရ
ဦးတည်​ရာမဲ့ ​သက်​လု​ပြေးရလည်း
သံ​ယောဇဉ်နက်​ တွယ်​တာမှု​ကြောင့်
သင့်​ကို
မေ့မရ​အောင်​ လွမ်း​နေရလို့
မုန်းမရ​အောင်​ ချစ်​​နေရဆဲပါ။

ရေးဖွဲ့- ဇော်လွင်ထွန်း
(14-4-2019)

Ref: The Art Garden Rohingya

Thursday, April 4, 2019

ဆရာကြီး ဦးရာဇတ်၏ မင်္ဂလာ ရတုပိုဒ်စုံ



ဆရာကြီး ဦးရာဇတ် လက်ရာ ရတုပိုဒ်စုံ …


မင်္ဂလာရတုပိုဒ်စုံ



၁။ ငယ်ပေါင်း မိတ်ဆွေ၊ မန်း ရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဟု၊ ယခု ရေးစီ၊ စာပလီကို၊ နာရီဖင့်လျား၊ ခွင့်မအားလည်း၊ ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့်၊ တစ်ဆိတ်လောက်ပင်၊ ရှုစေချင်၏၊ ဟိုစဉ်ငယ်သော်၊ သက်ဆယ်ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ဝမ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ယခုတစ်ကြောင်း၊ တစ်ဇာတ်ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင်လတ်၏ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ်သည် ပျက်ပြယ်ထင်ရပြန်တော့သည်။

၂။ သွယ်ပြောင်းလှစ်ခြွေ၊ မှာလိုက်ပေ၏၊ ရက်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်မှား၊ ကြံစဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေးက၊ စာပေး လေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာ သင်္ဘောသည်၊ ဝဲသြဃစုတ်၊ နစ် ခါမြုပ်၍၊ ငုပ်လေသလော၊ ကြံ စိတ်စောလျက်၊ တွေးတောစဉ်တွင်၊ ယခင်မိတ်ဦး၊ သူတစ်ထူး၏၊ အိမ်မှူးထံမှောက်၊ ပို့ရောက်စေလာ၊ လတ်၏စာကို၊ သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညှိုးစိတ်ငယ်သည်၊ ရှက်ဖွယ်မြင်ရ ပြန်တော့သည်။


၃။ ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်စောင်းမို့မို့၊ မှိုင်းရည်ညို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြား၊ ပျိုနုထွားနှင့်၊ စုလျားပတ်ရစ်၊ လွတ် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစားတတ်ပေါင်၊ တို့မောင်မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း၊ မညှိုးမေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ ထုတ်ဖော်ရှုဖွယ်၊ စီကုံးခြယ်သည်၊ ဆက်သွယ်ခင်ရ ပြန်တော့သည်။


… ဟူ၍ဖြစ်ပါသည်။



အာဇာနည် ဦးရာဇာတ် ရေးဖွဲ့ခဲ့သည့် ကဗျာ သုတေသန မှတ်တမ်း


---------------------------------------------------------------------------------

အငြိမ်စား မြန်မာစာပါမောက္ခ ဒေါက်တာအောင်ဇော်က သူရေးသည့် တိုင်းရင်းမွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ(ဒုတိယတွဲ) စာအုပ်ကို စာရေးသူထံ လက်ဆောင် ပို့လိုက်ပါသည်။ ဆရာ့စာအုပ်ထဲတွင် အာဇာနည်တစ်ဦးဖြစ်သော ဆရာကြီး ဦးရာဇတ်၏အကြောင်းလည်း ပါသည်။ ဦးရာဇတ်ရေးသည့် ရတုပိုဒ်စုံကိုလည်း ဖော်ပြထားသည်။ ထိုရတုပိုဒ်စုံကို ဖတ်ရသော အခါ စာရေးသူထံတွင်ရှိသော ဒဂုံပ ဦးဘတင်၏ မှတ်စုမှ ဦးရာဇတ်၏ ရတုပိုဒ်စုံကို သွား၍သတိရသည်။

ဦးလေးတင် (ဒဂုံပ ဦးဘတင်)၏ မှတ်စုတွင် ဆရာကြီးဦးရာဇတ်၏ ရတုပိုဒ်စုံကို ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သော ဦးခင်မောင်လတ် (နောင် ပြန်ကြားရေး အတွင်းဝန် ဖြစ်ခဲ့သူ) ထံသို့ ရေးပို့ခဲ့သဖြင့် ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း၊ ရေးသားထားသည်ကို တွေ့ရပါသည်။

ဆရာဒေါက်တာအောင်ဇော်၏ စာအုပ်တွင်လည်း…
`ဆရာကြီးသည် စကားပြေသာမက ရတုကဗျာ အရေးအသားလည်း ဝါသနာပါသည်။ သူငယ်ချင်းဖြစ်သူ ရေနံချောင်းတွင်းစားသူဌေးသား၊ ကုန်စည် ဖြန့်ဖြူးရေးမင်းကြီး ဦးခင်မောင်လတ်အတွက် မင်္ဂလာရတုပိုဒ်စုံ ရေးသားပေးပို့ခဲ့သည်။ ဦးခင်မောင်လတ်က မိမိမင်္ဂလာလက်ထပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရန် ဆရာကြီးကို ဖိတ်ကြားသည်။ ဆရာကြီးက မင်္ဂလာအခမ်းအနားသို့ မသွားနိုင်သည့်အတွက် မင်္ဂလာရတု ပိုဒ်စုံကို ဖွဲ့သီပို့လိုက်သည်။ ဤရတုပိုဒ်စုံကို ဦးခင်မောင်လတ်၏ မင်္ဂလာအခမ်းအနားတွင် ဖတ်ကြားပြသည့် အခါ ကြွရောက် လာကြသော မင်းပရိသတ်များက အထူးသဘောကျ ချီးကျူးသြဘာပေးကြသည်။ ကာယကံရှင်များကလည်း၊ ရတုပိုဒ်စုံကို ဆရာကြီး၏ မင်္ဂလာလက်ဖွဲ့အဖြစ် တမြတ်တနိုး သိမ်းဆည်းခဲ့ကြသည်´ဟု ရေးသား ဖော်ပြထားပါသည်။

ဤကိစ္စနှင့် ပတ်သက်ပြီး ဆရာ ဒေါက်တာအော်ဇော်ထံ ဖုန်းနှင့်ဆက်၍ ဤရတုပိုဒ်စုံကို ဆရာမည်သို့ရကြောင်း မေးရသည်။ ဆရာက မင်္ဂလာဆောင်များတွင် မင်္ဂလာ ရတုပိုဒ်စုံများလိုက်၍ ရွတ်ဖတ်လေ့ ရှိသောသူတစ်ယောက်အား ဆရာကြီး ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်က `မင်းတို့ ဆရာကြီးလည်း မင်္ဂလာ ရတုပိုဒ်စုံ ရေးစပ်ခဲ့ဖူးတယ်´ဟု ပြောပြီးပေးခဲ့သဖြင့်၊ ထိုသူထံမှ ဆရာဒေါက်တာအောင်ဇော် ရရှိခဲ့ကြောင်း ပြောပြပါသည်။

ဆရာဒေါက်တာအောင်ဇော်၏ စာတွင် ဆရာကြီး သင်္ခါက ၁၉၆၉ ခု၊ ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူနေ့စဉ်သတင်းစာတွင် ဤရတုပိုဒ်စုံ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးကြောင်း၊ `ကာရန် အစပ်အဟပ်နှင့် လေယူလေသိမ်း အဖွဲ့အနွဲ့ တို့ကား၊ သာမညပုဂ္ဂိုလ်တစ်ဦး၏ လက်ရာမဟုတ်ဘဲ၊ အတော်အတန် ကဗျာဉာဏ် ရသဂုဏ်နှင့် ပြည့်စုံအောင် နိုင်နိုင်နင်းနင်း ဖွဲ့နိုင်သူတစ်ဦး ဖြစ်ကြောင်းကိုမူ သုတေသီများ ခန့်မှန်းနိုင်လောက်ပေသည်´ဟု ဖော်ကျူးထားကြောင်း စသဖြင့် ဖော်ပြထားပါသည်။

၁၉၆၉ ခု ဇူလိုင်လ ၁၄ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာကို ရှာမရ၍ ဆရာကြီး သင်္ခါ၏ ဆောင်းပါးကို စာရေးသူ မဖတ်ရပါ။ သို့သော် ဆရာကြီး၏မြေးကလေး ဒေါက်တာမွန်မွန်အောင်သည် ထားဝယ် တက္ကသိုလ်မြန်မာစာ ဌာနသို့ ပြောင်းလာပါသည်။ `ဘမျိုးဘိုးတူ´ဆိုသကဲ့သို့ ဆရာမ မွန်မွန်အောင်ကလည်း `ပန်းနှင်း မွန်မွန်´ကလောင်အမည်ဖြင့် စာများရေးသည်။ (ယခု ရန်ကုန်သို့ ပြောင်းသွားပြီ) ဆရာမ ပေး၍ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလထုတ် မြ၀တီမဂ္ဂဇင်းမှ ဆရာကြီး သင်္ခါ၏ ဆောင်းပါးကို ဖတ်ရပါသည်။ ဆရာကြီး ဦးရာဇတ် ရေးသည့် ရတုပိုဒ်စုံ ၃ ပုဒ်အကြောင်းပင် ဖြစ်သည်။ ဆရာ ကြီးသင်္ခါ၏ ဆောင်းပါးတွင် `ဤရတုပိုဒ်စုံ ၃ ပုဒ်ကား၊ ဆရာကြီး ဦးရာဇတ်၏ လက်ရာအစစ်များသာတည်း။ ထိုရတုပိုဒ်စုံကို ဆရာကြီးသည် မကွယ်လွန်မီ လွန်ခဲ့သော ၁၀ နှစ်လောက်က ဆရာကြီး၏ ငယ်ပေါင်းမိတ်ဆွေ တစ်ဦးဖြစ်သူ ဦးခင်မောင်လတ် (ပြန်ကြားရေး အတွင်းဝန် ဦးခင် မောင်လတ်၊ ယခု ကွယ်လွန်ပြီ)ထံသို့ ရေးပို့ခဲ့သော ရတုပိုဒ်စုံများ ဖြစ်သည်ဆို၏။

ယခုဆိုလျှင် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ရာ၊ စာဟောင်း တစ်ပုဒ်ပင်ဟူ၍ ဆိုရပေမည်။ ဆရာကြီး၏ ကဗျာအရ ဦးခင်မောင်လတ်မှာ ရေနံချောင်း ဇာတိဖြစ်ဟန်တူကာ၊ ရေနံမြေသူတစ်ဦးနှင့် အိမ်ထောင်ကျရာမှ ထိုစဉ်အခါက မကွေးမြို့တွင် နေထိုင် ဟန်တူ၏။ ထိုရတုပိုဒ်စုံ ၃ ပုဒ်ကို ဤစာရေးသူသည် ဒီးဒုတ်ဂျာနယ် အယ်ဒီတာ ဦးစန်းမောင်(သန်လျင် ငဇင်ကာနှင့် ပေါ်တူဂီရာဇ၀င်ကျမ်းပြု၊ စာရေးဆရာသီဟ၊ ယခုကွယ်လွန်)ထံမှ ကူးယူရရှိခဲ့ ခြင်းဖြစ်သည်။

ဦးစန်းမောင်မှာ ထိုစဉ်က ဒီးဒုတ်ဆရာချို မကွယ်လွန်မီ နိုင်ငံရေးများကြောင့် အလွန် အလုပ်များနေသော ဆရာ့အား တပည့်ရင်း တစ်ဦးအနေဖြင့် ကူညီကာ ဒီးဒုတ်ဂျာနယ်တွင် အယ်ဒီတာအဖြစ် ဝင်ရောက်လုပ်ကိုင်နေစဉ်ဖြစ်၏။ စာရေးသူတို့ကလည်း သူ့ထံသို့ ရောင်းရင်း ရေးဖော်ရေးဖက် မိတ်ဆွေများဖြစ်၍ မကြာမကြာ ရောက်ခဲ့၏။

သို့နှင့် ၁၉ ဇူလိုင်တွင် လူသတ်သမားများ လက်ချက်နှင့် ဗိုလ်ချုပ်နှင့်တကွ ခေါင်းဆောင်ကြီးများ ကျဆုံး ကွယ်လွန်သည့် အခါတွင်လည်း ဆရာချို့အကြောင်းများနှင့် သူ့ထံသို့ ရောက်သွားရာမှ ကျဆုံးလေသော ခေါင်းဆောင်ကြီးများ၏ အကြောင်းများနှင့် စကားစပ်မိရာ၊ ယခုဦးရာဇတ် (ထိုစဉ်က ၀န်ကြီး) အကြောင်းသို့ ရောက်သွားခြင်းဖြစ်၏။

ဦးစန်းမောင်(သီဟ)က ဆရာကြီး ဆေးပေါ့လိပ် အလွန် ကြိုက်တတ်ပုံကလေးများနှင့်တကွ ယခုကဲ့သို့ မကွယ်လွန်မီ အချိန် ကလေးတွင် ဘုရင်ခံ၏အမှုဆောင် အစိုးရ၀န်ကြီး အဖွဲ့ဝင်များနှင့် သူသွားရောက် တွေ့ဆုံ သတင်းထောက်ခဲ့စဉ် ဆရာကြီး ဦးရာဇတ် ရေးခဲ့သည်ဆိုသည့် ရတုကဗျာ သုံးပုဒ်ကို ရရှိခဲ့ကြောင်း စကားစပ်မိ ပြောဆိုပါ၏။

ဤတွင် စာရေးသူမှာ စာသမားတစ်ယောက်ဖြစ်သည့်အတိုင်း ဦးစန်းမောင်ထံမှ ထို ကဗျာကို မရအရ တောင်းပန်တိုးလျှိုး ကြည့်ရှုခွင့်တောင်းပြီးနောက်၊ ကူးယူခဲ့ခြင်းဖြစ်ပေသည်ဟု ရေးသားဖော်ပြထားပါသည်။
သို့ဖြစ်ရကား ဆရာကြီး သင်္ခါက ဆရာကြီး ဦးရာဇတ်က သူ၏ငယ်ပေါင်း မိတ်ဆွေ ဦးခင်မောင်လတ်ထံ ရေးပို့ခဲ့သော ရတုပိုဒ်စုံ သုံးပုဒ်ကို ဦးစန်းမောင် (စာရေးဆရာ သီဟ)ထံမှ ရရှိကြောင်း ဖော်ပြခဲ့သည်။

 ဦးလေးတင် (ဒဂုံပ ဦးဘတင်) မှတ်စုတွင် ထိုရတုပိုဒ်စုံ သုံးပုဒ်ကို ဦးခင်မောင်လတ်ထံမှ ရရှိခဲ့ကြောင်း ရေးထားသည်။ ဆရာဒေါက်တာအောင်ဇော်ကမူ ဆရာကြီး ဦးရာဇတ်၏ဇနီး ဒေါ်ခင်ခင်ကိုယ်တိုင်က သူ၏ခင်ပွန်း ရေးသားခဲ့သည့် ရတုပိုဒ်စုံ သုံးပုဒ်ကိုပေးခဲ့၍ ရရှိခဲ့သူထံမှတစ်ဆင့် ရခဲ့ပါသည်ဟု ဆိုထားသည်။ သို့ဖြစ်၍ ဤရတုပိုဒ်စုံ သုံးပုဒ်ကား ဆရာကြီး ဦးရာဇတ် ရေးခဲ့သည်ဆိုသည်မှာ အငြင်းပွားစရာ မရှိခဲ့ပေ။

ဆရာကြီး ဦးရာဇတ် လက်ရာ ရတုပိုဒ်စုံကို ဖော်ပြရလျှင်…

၁။ ငယ်ပေါင်း မိတ်ဆွေ၊ မန်း ရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဟု၊ ယခု ရေးစီ၊ စာပလီကို၊ နာရီဖင့်လျား၊ ခွင့်မအားလည်း၊ ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့်၊ တစ်ဆိတ်လောက်ပင်၊ ရှုစေချင်၏၊ ဟိုစဉ်ငယ်သော်၊ သက်ဆယ်ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသကွာဝေး၊ ရှိလေသေးလည်း၊ အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ဝမ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ယခုတစ်ကြောင်း၊ တစ်ဇာတ်ပြောင်း၍၊ ငယ်ပေါင်းမျိုးမြတ်၊ ခင်မောင်လတ်၏ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ်သည် ပျက်ပြယ်ထင်ရပြန်တော့သည်။

၂။ သွယ်ပြောင်းလှစ်ခြွေ၊ မှာလိုက်ပေ၏၊ ရက်ရေမကွာ၊ ထိုစဉ်ခါက၊ စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ငုံသေချာ၊ မသိပါငဲ့၊ ထင်ရာထင်မှား၊ ကြံစဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေးက၊ စာပေး လေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာ သင်္ဘောသည်၊ ဝဲသြဃစုတ်၊ နစ် ခါမြုပ်၍၊ ငုပ်လေသလော၊ ကြံ စိတ်စောလျက်၊ တွေးတောစဉ်တွင်၊ ယခင်မိတ်ဦး၊ သူတစ်ထူး၏၊ အိမ်မှူးထံမှောက်၊ ပို့ရောက်စေလာ၊ လတ်၏စာကို၊ သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညှိုးစိတ်ငယ်သည်၊ ရှက်ဖွယ်မြင်ရ ပြန်တော့သည်။


၃။ ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏၊ ရွှေငွေစုပေါင်း၊ ရေနံချောင်းဟု၊ မြစ်စောင်းမို့မို့၊ မှိုင်းရည်ညို့တဲ့၊ မြို့နဂရာတွင်၊ သပြာ စန်းငွေ၊ သန်းကုဋေဖြိုး၊ မှန်းခြေတိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြား၊ ပျိုနုထွားနှင့်၊ စုလျားပတ်ရစ်၊ လွတ် ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစားတတ်ပေါင်၊ တို့မောင်မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှရွေ့လျက်၊ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း၊ မညှိုးမေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ ထုတ်ဖော်ရှုဖွယ်၊ စီကုံးခြယ်သည်၊ ဆက်သွယ်ခင်ရ ပြန်တော့သည်။… ဟူ၍ဖြစ်ပါသည်။

ဆရာကြီးဦးရာဇတ်၏ ရတုပိုဒ်စုံနှင့် ပတ်သက်၍ ဆရာ ဒေါက်တာအောင်ဇော်က သူ၏စာအုပ်တွင်…
`အချီညီ အချညီ ရတုဖြစ်ပါသည်။ ချီးကျူးဖွယ် ဖြစ်ပါသည်။ ဆရာကြီး၏ ရတုတတိယပိုဒ်လာ လိပ်မေ့ဖွတ်မေ့၊ ပတတ်မေ့နှင့်၊ မေ့ အမျိုးမျိုး၊ မေ့ပင်ပျိုးလည်း၊ မညှိုး မေတ္တာ၊ ရှိလျက်ပါ´ ဟူသော ဆရာကြီး၏ ကဗျာဉာဏ် ကွန့်မြူးချက်သည် မနောခွေ့၊ သဘောတွေ့ဖွယ် ကောင်းပါသည်။

`နာရီဖင့်လျား၊ ချစ်ကြိုးနွယ်၊ သွယ်ပြောင်းလှစ်ခြွေ၊ ကြံသစိတ်စော၊ အိမ်မှူးထံမှောက်၊ မှိုင်းရည်ညို့တဲ့၊ သပြေစန်းငွေ၊ သန်းကုဋေ ဖြိုး´စသည့် ကျစ်လျစ်သော အသုံးကောင်းများသည် စာဆို၏ ဂန္ထဝင် ထဲထဲဝင်ဝင်ရှိမှု ပေါ်လွင်ပါသည်´ဟု ရေးသားထားပေရာ မြန်မာစာပါမောက္ခ တစ်ယောက်၏ ဝေဖန်ချီးကျူး ရေးသားထားချက် ရှိပြီးဖြစ်သဖြင့် စာရေးသူတို့အနေနှင့် မည်သို့မျှ အချိုပေါ် သကာလောင်း၍ မရနိုင်တော့ချေ။

ဆရာကြီး ဦးရာဇတ် ကျဆုံးစဉ်က စာရေးသူမှာ ၆ နှစ်သား အရွယ်သာရှိသေးရာ၊ ဆရာကြီးအား မမြင်ဖူးလိုက်ပါ။ ဆရာကြီး၏ နာမည်နှင့် ရုပ်လက္ခဏာ၊ အဝတ်အစား၊ အဆင်အပြင်တို့ကိုသာ ဓာတ်ပုံများတွင် သာမန်တွေ့ မြင်ရသူတစ်ဦးအနေဖြင့်ကား၊ ထိုကဗျာသည် ဆရာကြီး၏ လက်ရာဖြစ်သည်ဟုဆိုလျှင် အမှန်သံသယစိတ်ဓာတ်ဖြင့် အံ့သြသွားရပါသည်။

အခြားသူများလည်း စာရေးသူကဲ့သို့ပင် မှတ်ချဖြစ်မည်။ ဆရာကြီးသည် တိုက်ပိုင် အင်စပက်တော် မစ္စတာရှိတ် (ခ) အဗ္ဗဒူလ်ရဟ်မန်နှင့် ဒေါ်ပလုတ်(ခ) ဒေါ်ငြိမ်းလှတို့မှ မွေးဖွားလာသော အစ္စလာမ် ဘာသာဝင် တစ်ယောက်ဖြစ်သော်လည်း ဆရာကြီး၌ ငယ်မည် `မောင်မောင်ကြီး´ဟူသော မြန်မာအမည်ရင်း ရှိခြင်း၊ ၁၀ တန်းက တည်းက ပါဠိဘာသာကို ယူခဲ့ခြင်း၊ အိုင်အေအထက်တန်းတက်ချိန် အင်္ဂလိပ်စာ စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ရာ ပထမဆုရရှိခြင်း၊ အိန္ဒိယနိုင်ငံထုတ် New Time မဂ္ဂဇင်းတွင် ရှမ်းပြည်နယ်မှ ၃၆ ကောင်ထီအကြောင်း ဆောင်းပါးရေးသားပေးပို့ခဲ့ရာ ပထမတန်း ဆောင်းပါးဆု ရရှိခြင်း၊ ၁၉၂၁ ခုနှစ်တွင် မန္တလေး ဗဟိုအမျိုးသားကျောင်း၌ အင်္ဂလိပ်စာနှင့် ပါဠိဘာသာ သင်ကြားပို့ချသော ဆရာတာဝန် ထမ်းဆောင်ခဲ့ခြင်း၊ မန္တလေး နန်းထိပ်ရှိ မဟာဝိသုတာရာမ ကျောင်းတိုက် အတွင်းရှိ ဓမ္မာရုံ၏ စာကြည့်တိုက်အသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ခြင်း၊ ဆရာကြီးသည် ရဟန်းရှင်လူများနှင့် ခင်မင်ရင်းနှီးပေါင်းသင်းဆက်ဆံလေ့ရှိခြင်း၊ ဗုဒ္ဓအယူဝါဒကို အထူးလေးစားသော မန္တလေးကဲ့သို့ မြို့ကြီးတစ်မြို့ရှိ အမျိုးသားအထက်တန်း ကျောင်းတွင် ကျောင်းအုပ်အဖြစ် ဆောင် ရွက်ခဲ့ခြင်း၊ အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ဝန်ကြီး ဖြစ်လာသောအခါ ၁၉၄၇ ခုနှစ်၊ ဧပြီလတွင် မန္တလေး ဥပစာကောလိပ်ကို အမြန်ဆုံး ဖွင့်လှစ်စေခဲ့ခြင်း၊ မန္တလေးတက္ကသိုလ်ကြီးဖြစ်ပေါ်လာအောင် ဦးကိုလေးနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း၊ မန္တလေးတက္ကသိုလ် တည်ထောင်ပြီးလျှင် ပါဠိတက္ကသိုလ်ကြီး တစ်ခု တည်ထောင်ရန် ကြိုးပမ်းခဲ့ခြင်း (ယနေ့ မြင်တွေ့ကြရ သော နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်၊ မန္တလေး၏ ရှေ့ပြေးဟု ခေါ်ဆိုနိုင်သည်) ရဟန်း သံဃာ ဆရာတော်ကြီးများ၏ လေးစား ချစ်ခင်ခြင်းကို ခံယူခဲ့ရခြင်း၊ ရွှေနန်းတွင်း အတ္ထုပ္ပတ္တိခေါ် လက်ထက်တော်တွင်း အဖြစ်အပျက် စာတမ်း အမည်ဖြင့် မန္တလေး သူရိယတိုက်မှ ၁၉၃၆ ခုတွင် ရေးသားထုတ်ဝေခဲ့ခြင်း၊ မန္တလေး သူရိယသတင်းစာ တတိယအကြိမ် နှစ်လည်အထူးထုတ် စာစောင်တွင် ကမ္ဘာ့သေမင်း၏ ဝါဏိဇ္ဇ ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားခဲ့ခြင်း စသည့် အချက်များကို ဆရာကြီး၏ အတ္ထုပ္ပတ္တိ တွင် ဖတ်ရသောအခါ အထက်ပါရတု ပိုဒ်စုံကို ဆရာကြီး ရေးသားခဲ့သည်ဟုဆိုသည်ကို မအံ့သြတော့ပါ။ သို့ကြောင့် အာဇာနည် ဆရာကြီး ဦးရာဇတ်၏ လက်ရာရတု ပိုဒ်စုံကို စာဖတ်ပရိသတ်များ အံ့သြကြရလေအောင် မျှဝေခံစား လိုက်ရပါတယ်။
____________________________________________

စာကိုး
~~~~
(၁) မောင်သန်းဆွေ(ထားဝယ်)
(၂) မြတ်လေးငုံ
_______
Win Oo
[ပညာမွတ်သိပ်သူများ FB Group ]
____________________________________________


Tuesday, April 2, 2019

My Last Shelter [The Art Garden's Poem]


My Last Shelter

By Rohang King 

In the hatred evolving environment, 
I have to live rotary. 
Among the swelling odor of enmity,
Where my mental picture can't breath free.

Surrounded me ghostly discriminators,
Oppressed me deeper and higher 
Elsewhere like cemetery, 
Open expand and silence destructed aviary.

My weaken sight can't dare
Even for a look, eyes flow nonstop tears 
Nature does not sing as before,
My verses look for a rhyme but tore.

Imagination is dizzying within restricted barrier,
Just want to escape to outside but not easier.

The power of thinking is lost her way,
I alone, now gradually losing ability to compose (by) astray.
That is my last shelter to be headway! 

[02-04-2019]

#TheArtGardenRohingya

My First Day in School [The Art Garden's Poem]


My First Day in School 

By Thida Shania 

In that morning, 
 I was so exciting. 
 Too early I went to school, 
 To find a seat in front.

My heart was filled with joy, 
 When I found the first seat in classroom 
 “This is not for kalar" Sayama told me.
She sent me back and I was shedding.

That day, she taught me something (discrimination) 
Not from curriculum but from her ill heart 
Me who went to school smiling, 
 And came back home crying.

[21/03/2019 ]

Poetess’s note : Sayama is for school madam in Burmese. 
                              Kalar is a racial slur for Rohingya used by Myanmar Buddhists.

Tell Me What My Fault Is [The Art Garden's Poem]



Tell Me What My Fault Is!

By FaISaL

For them (Burmese government),
I am a target of their bullets.
I am a Bengali or a Kalar. 
Sometimes, I am a terrorist.

My house, my mosque,
My school, my village; 
Remained no longer mine fully
All were snatched gradually.

But why? 
I am a human being too, 
With a heart that can feel,
Love, peace ever!

I have my own name 
What my parents call me affectionately.

I have a state too,
It is Arakan. 
In my beloved Myanmar 
Ancestrally, I belong it. 

So, why am I a victim of their racial slurs? 
Why am I an illegal immigrant at my homeland?
Why am I a Refugee? 
Why am I discriminated in my own country? 

O’ Dear world! 
 Tell me what my fault is, 
Is it just for being a Rohingya? 
Or because of my Religion? 

[23-03-2019]

Do I Deserve No Rights? [The Art Garden's Poem]


Do I Deserve No Rights?

By Myo Myint @ Ro Pacifist

Even a bird,
He amuses for his own.
He lives life doing as he wishes.

Even an insect,
He has own freedom inside the cave.
He lives life without cruelty.

And you, an independent person
You are fortunate and graceful
And celebrate the life as the seventh heaven.

But me, a Rohingya,
Nothing I can belong just like an alien.
And spend life as a life-time prisoner.

Was not I born on this earth?
Am I not a human being?
Do I deserve no rights in this world?

[29-03-2019]

Come Back Home [The Art Garden's Poem]


Come Back Home

By Maung Min (Maungdaw)

Oh my unquiet mind
Come back home,
The place of frostiness

Why do you wander
From one cumulus to another
In such a dour light
You have become tired and lost

Why do you saunter
 From one street to another
In such a dark night
You have become a wanderer night

A hundred wounds
Spread all over your body
Every deed of yours
Has left your clothes dirty

Oh my innocent soul
I have just this small request
Don't challenge with atrocities anymore
Please come back home...

[16-2-2018]

We Are Seeds [The Art Garden's Poem]


WE ARE SEEDS

By Eden Hussein

Born the same,
Naked and Unnamed
On the same earth

Breathe the same air of the sky
And exhale the same

Yet you seek for differences
To prove us immigrants
To leave us behind
To push us to the hell

You find happiness
In our desperation
In our sufferings
In our failures
In our struggles for survival

We tell you,
We are fighters.
We always overcome.
Be noted, we don't surrender
And never give up!

We are seeds.
If you bury us,
We will come out as Trees.

(29-03-2019)

Note - "You" refers to Burmese Government.
"We" refers to Rohingyas.

Broken Mirror [The Art Garden's Poem]


Broken Mirror

By Ro Mehrooz

Early or late,
Whenever I wake up
I look at the mirror and speak to

There I see
My look and fate

There I see
The tragedies on my back
The scare of bullet hitting

This morning I woke up,
But I couldn’t dare to look at the mirror
To look at my back
Because when I see the scare
I see on the mirror, the scenarios I have suffered

I felt a bullet was flying to hit to my head
Suddenly I looked down and avoided
And I ran out

Now the bullet hit the mirror
And the mirror was broken to pieces
The shreds were diffused on the floor

Now I see the mirror
In the taxi,
In a barber shop

----------------------------------------------------------
[27-03-2019]
----------------------------------------------------------

My Golden Homeland [The Art Garden's Poem]



My Golden Homeland

By Mirza

O’ My dearest homeland!
You’re my golden garden!
I shall sacrifice my heart for you.
You are my desire.
You are my honor.
You are my life-blood.

I shall salute the winds
That flies through your foothills
I shall kiss those lips
Which take your name
The dawn you produce is pleasant and calm
And the evening so colourful
I shall sacrifice my heart for you.

Sometimes you cling to my chest as my mother’s heart,
Sometimes I remember you as my little daughter
The more I remember you,
The more you torment me
I shall sacrifice my heart for you.

Having left your land,
I have arrived somewhere far from your bosom
Swearing by every particle of your essence,
I still harbor the desire,
To take my last breath where I was born
I shall sacrifice my heart for you.

O’ My dearest homeland!
You’re my golden garden!
I shall sacrifice my heart for you.

[23-03-2019]


Don’t Send Me to the Island [The Art Garden's Poem]


Don’t Send Me to the Island 

By Mohammed Rezuwan 

I’m a human being 
Not born to die before the death 
Neither in fire nor in water

I’m a human being 
No one can send me to the exposure
Neither in a place of danger nor risk 

I’m a human being 
No one can force me to go to the floating island 
Not with bullets nor by hidden policies 

I’m a human being 
I deserve all human rights 
Being a refugee and as well, a Rohingya. 

[21.3.2019]

Behind My Life [The Art Garden's Poem]


Behind My Life

By Ro BM Hairu 

When I was in Myanmar,
I couldn't travel from one place to another 
There is movement restriction on us. 

When I was in Myanmar,
I couldn't worship going to the mosque 
There is curfew order for us. 

When I was in Myanmar,
I couldn't study freely in Burmese school 
There is discrimination for us. 

When I was in Myanmar,
I couldn't play freely on ground 
 There is marching of Burmese soldiers. 

When I was in Myanmar, 
I couldn't sleep at night
There is non-stopped firing. 

When I was in Myanmar, 
I couldn't sow my farmland 
 They grab our land and give it to Natala 

When I was in Myanmar,
I couldn't sell shop in market 
 There is often looting. 

[23-03-2019]

Poet’s Note: Natala is modern Buddhist people brought from upper Myanmar to settle on Rohingya belonged land in Northern Rakhine State, Myanmar.



Reference : The Art Garden Rohingya FB Page

Top-10 ကဗျာ ဆယ်ပုဒ် [The Art Garden Rohingya]

Readers Choice's Poems of March, 2019 


Editor Choice Poems of March, 2019 



“The Art Garden Rohingya မှ၂၀၁၉ ခုနှစ် မတ်လ အတွက် Top 10 ကဗျာ (၁၀)ပုဒ် ထုတ်ပြန်လိုက်ပြီ "


ကျွန်ုပ်တို့ "The Art Garden Rohingya အဖွဲ့" က ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ (ကမ္ဘာ့ကဗျာနေ့) မှစ၍ ကဗျာစာမူများ ဖိတ်ခေါ်ခဲ့ရာ ကဗျာအများအပြားကို ဂုဏ်ယူဖွယ်ရာ လက်ခံရရှိခဲ့ပါသည်။ ယင်းကဗျာများအနက် မြန်မာဘာသာဖြင့်ရေးဖွဲ့သည့် ကဗျာ (၉) ပုဒ်၊ အင်္ဂလိပ်ဘာသာဖြင့်ရေးဖွဲ့သည့် ကဗျာ (၃၁) ပုဒ်၊ စုစုပေါင်း ကဗျာ (၄၀) ပုဒ်တို့သည် အယ်ဒီတာအဖွဲ့၏ ရွေးချယ်တည်းဖြတ်ခြင်းခံခဲ့ရ၍ Page ၌ တင်ပေးခဲ့ပါသည်။

ကျွန်ုပ်တို့ The Art Garden Rohingya Page ကို ဖန်တီးရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကဗျာစာပေ စိတ်ဝင်စားသည့် ရိုဟင်ဂျာလူငယ် ကလောင်ရှင်များကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းအားပေး အားမြှောက်ပြုလို၍ပင် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကလောင်ရှင်များက မတ်လအတွင်း ပို့ပေးလာသည့် ကဗျာများထဲက အယ်ဒီတာအဖွဲ့၏ နှစ်သက်တည်းဖြတ်ခြင်းခံရ၍ Page ပေါ်တင်ပေးခြင်းခံရသည့် ကဗျာ (၄၀) ပုဒ်အနက် "စာဖတ်ပရိသတ်အကြိုက် အကောင်းဆုံးကဗျာငါးပုဒ်" နှင့် "အယ်ဒီတာ့အကြိုက် အကောင်းဆုံးကဗျာငါးပုဒ်" တို့ကို စနစ်တကျ ရွေးချယ်၍ ကလောင်ရှင်များကို ဂုဏ်ပြုသွားရန် အယ်ဒီအဖွဲ့က ဆုံးဖြတ်ထားခြင်း ဖြစ်ပါသည်။


အယ်ဒီတာ့အကြိုက် အကောင်းဆုံးကဗျာ (၅) ပုဒ်
=================================

၁။ Broken Mirror 
ရေးဖွဲ့သူ - Ro Mehrooz 

၂။ Come Back Home 
 ရေးဖွဲ့သူ - Maung Min (Maungdaw) 

၃။ My Golden Homeland 
ရေးဖွဲ့သူ - Mirza 

၎။ Do I Deserve No Rights? 
ရေးဖွဲ့သူ - Myo Myint @ Ro Pacifist 

၅။ We Are Seeds  
ရေးဖွဲ့သူ - Eden Hussein


စာဖတ်ပရိသတ်အကြိုက် အကောင်းဆုံးကဗျာ (၅) ပုဒ်
====================================

၁။ ရိုဟင်ဂျာ့ဖြစ်အင် 
ရေးဖွဲ့သူ - Ro Anamul Hasan 

၂။ Behind My Life 
ရေးဖွဲ့သူ - Ro BM Hairo 

၃။ Don't Send Me to the Island 
ရေးဖွဲ့သူ - Mohammed Rezuwan 

၎။ My First Day in School 
ရေးဖွဲ့သူ - Thida Shania 

၅။ Tell Me What My Fault Is 
ရေးဖွဲ့သူ - Fai SaL 
___________________*****_____________________


နောက်လတွင် ကလောင်ရှင်များကို တမူထူးခြားသော အစီအစဉ်ဖြင့် ဂုဏ်ပြုသွားရန် စီစဉ်ထားကြောင်းကိုလည်း ကြိုတင်အသိပေးအပ်ပါသည်။ အဆိုပါ အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို အယ်ဒီတာအဖွဲ့က အချိန်အခါအားလျော်စွာ ထုတ်ပြန်ကြေညာ အသိပေးသွားမည် ဖြစ်ပါသည်။

မတ်လအတွင်း ကဗျာပို့ပေးလာသူများအားလုံး၊ စိတ်ဝင်တစား ဖတ်ရှုအားပေးခဲ့ကြသည့် စာဖတ်ပရိသတ် အားလုံးကို ကျေးဇူးတင်ရှိပါသည်။

အကောင်းဆုံးကဗျာအဖြစ် ရွေးချယ်ခံရသည့် ကလောင်ရှင်များကို အထူးဂုဏ်ပြုပါသည်။
မိမိ၏ ရင်တွင်းဖြစ်ကဗျာများကို ဆက်လက်၍ ပို့ပေးကြပါရန်လည်း အလေးအနက် တိုက်တွန်းတောင်းဆိုလိုပါသည်။

"ကျွန်ုပ်တို့ရိုဟင်ဂျာများသည် စာပေအနုပညာ၌ နောက်ကျကျန်ရစ်နေသူများမဟုတ်ကြောင်း ကမ္ဘာကြီးကို လက်တွေ့ ပြကြပါစို့"။

အယ်ဒီတာ့အဖွဲ့
၂၀၁၉ ခုနှစ် ဧပြီလ (၁) ရက်

မှတ်ချက်။ The Art garden FB page မှ ကူးယူတင်ပေးသည်။ 


ရိုဟင်ဂျာ့ ဖြစ်အင် (The Art Garden ကဗျာ)


ရိုဟင်ဂျာ့ ဖြစ်အင်


ရေးဖွဲ့သူ - Ro Anamul Hasan

အစာရေစာ ဝအောင်ကျွေးလည်း
ပြင်ပလေပြည် ရှူခွင့်မဲ့သည့်
လှောင်ချိုင့်ထဲက ငှက်လေးပမာ
သက်ရှင်ရသည့် ရိုဟင်ဂျာ။

ခုန်လွှားမြူးလျက် ကျက်စားနိုင်လည်း
သည်ဝန်းကျင်ကား ကျဉ်းမြောင်းလှ၍
ရေတွင်းထဲက ဖားသူငယ်လို
သက်ရှင်ရသည့် ရိုဟင်ဂျာ။

နေ့ရက်လများ ရေမဆုံး၍
စိတ်ဖိအားများ လေးလံလွန်းသော
မိုးပွင့်ထောင်က အကျဉ်းသားလို
သက်ရှင်ရသည့် ရိုဟင်ဂျာ။

သည်ကမောင်းထုတ် ဟိုဘက်ပြေးရ
ဟိုဘက်မောင်းထုတ် သည်ဘက်ပြေးရ
အိုးအိမ်အရပ် တည်မြဲခြင်းမဲ့
သောကပေါင်းနှင့် ရူးသွပ်သူနှယ်
သက်ရှင်ရသည့် ရိုဟင်ဂျာ။

ရောက်ရာအရပ် မြေခင်းကြမ်းပေါ်
တဲဆောက်ပြီးသာ နားခိုနေရ
အညတရ ခရီးသွားလို
သက်ရှင်ရသည့် ရိုဟင်ဂျာ။

----------------------------------------------
[၂၄-၀၃-၂၀၁၉]
----------------------------------------------

The Art Garden Rohingya ၏ မတ်လ Poem of the month ကဗျာအဖြစ်