Friday, May 28, 2021

ရိုဟင်ဂျာ ကဗျာဆရာမ ရိုမရုန်(န) [၁၉၈၁-၂၀၂၀]

 




    ┄┅═❁❁═┅┄

ကဗျာဆရာမ ရိုမရုန်(န)ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အမည်ရင်းမှာ ရိုကိုင်ယ်ယာဟ် (ခေါ်) မလှလှဝင်း ဖြစ်ပါတယ်။ မိဘတို့မှာ ဖခင် ဦးဝလီအုလ္လာဟ် ခေါ် ဦးကျော်ဝင်း နှင့် မိခင် ဒေါ်ဆော်ဖူရာ တို့ဖြစ်ကြတယ်။ မိဘဇာတိမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မငါးခူရ ဖြစ်ပါတယ်။ 

အခြေခံပညာကို စစ်တွေမြို့တွင် သင်ယူပြီး အဆင့်မြင့်ပညာအဖြစ် ဓာတုဗေဒဘာသာရပ် အထူးပြုဖြင့် ဘီအက်စစီဘွဲ့ ရရှိခဲ့ပါတယ်။ အရွယ်ရောက်လာပြီး အသက် ၂၁ နှစ် အရွယ်တွင် ကြင်ရာစုံမက် ဆုံခဲ့တယ်။ အိုစမာ နာမည်နဲ့ သားရတနာတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ 

ဆရာမသည် စာဖတ်ခြင်းနှင့် စာရေးခြင်းကို အထူးဝါသနာပါတယ်။ "ကဗျာကတော့ ကျမစိတ်ထဲ တစ်ခုခုခံစားရတဲ့အခါမျိုးမှ ရေးဖြစ်တာပါ" လို့ အင်တာဗျူးတစ်ခုမှာ ကိုယ်တိုင်ဆိုဖူး ပါတယ်။ ဆရာမသည် Rohingya Today ၊ Arakan Pen ၊ The Art Garden Rohingya စတဲ့ အွန်လှိုင်းစာမျက်နှာတွေမှာ ကဗျာများစွာ ရေးဖွဲ့ဖော်ပြခဲ့ပါတယ်။ ဆရာမရဲ့ ထင်ရှားတဲ့ကဗျာတွေဟာ ကမ်းပျောက်ဘဝ၊ ချန်ရစ်ခဲ့တော့၊ ရော်ရွက်ဝါ၊ ပြုံးစမ်းပါ-မိရို့၊ မွေးရပ်မြေတမ်းချင်း စတာတွေ ဖြစ်တယ်။ 

ဆရာမက The Art Garden Rohingya မှာ ကဗျာတွေရေးဖွဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အယ်ဒီတာ ဖြစ်လာခဲ့တယ်။ အယ်ဒီတာအဖြစ် နောက်ဆုံးအချိန်ထိ စိတ်ကောင်းစေတနာနဲ့ ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့ပါတယ်။  ဆရာမ နောက်ဆုံး ရေးသားခဲ့တဲ့ ကဗျာမှာ "ချစ်သောမေမေ" ဖြစ်ပါတယ်။ ဆရာမက အကြည်တော်ရဲ့ ကဗျာအဖွဲ့တွေကို အင်မတန် နှစ်သက်ပါတယ်။ "သူရဲ့စာတွေဟာ စာဖတ်သူကို ရယ်မောခြင်းဖြင့် အပန်းပြေယုံမကဘဲ ရသမျိုးစုံပေးစွမ်းနိုင်လို့ပါ" လို့ ကဗျာတွေ နှစ်သက်ရခြင်း၏ အကြောင်းကို ပြောဖူးခဲ့ပါတယ်။ 

ဆရာမသည် ၂၀၁၉ ခုနှစ် အစောပိုင်းကပင် အဆုတ်ကင်ဆာ ခံစားနေရပြီး ပြည်တွင်းပြည်ပ ဆေးကုသမှုတွေကို  အဆမပြတ် ခံယူခဲ့ပါတယ်။ သေခြင်းတရားက ဘယ်သူ့ကိုမှ မလွှတ်ပေ။ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဉာဏ်ပညာ ကြီးသည်ဖြစ်စေ၊ ခွန်အားဗလသန်သည်ဖြစ်စေ အချိန်တန်ရင် သွားရမြဲက ဓမ္မတာပါပဲ။ သတ္တဝါတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မုချ မြည်းကြရပါမယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက် ညနေ ၄ နာရီချိန်တွင် မိမိ၏ ချစ်သောမေမေ၊ တစ်ဦးတည်းသော ချစ်သားတို့ကို ကျော့ခိုင်း နှုတ်ခွန်းဆက်ကာ အလ္လာဟ့်အမိန်တော် ခံယူခဲ့လေတယ်။ 

ဆရာမ ရိုမရုန်း ကွယ်လွန်ပြီးနောက် ဆရာမရဲ့အထိမ်းအမှတ်အဖြစ် " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" ကဗျာစုစည်းမှုစာအုပ်ကို ရိုဟင်ဂျာအနုပညာဥယျာဉ်မှ ထုတ်ဝေခဲ့တယ်။ 

အလ္လာဟ်အသျှင်မြတ်တော်သည် ဆရာမ ရိုမေရုန်(န)အား အအေးချမ်းဆုံး နေရာ ချီးမြှင့်တော်မူပါစေ။ အာမိန်း။ 🚷


ရေးသူ- ရိုဟင်းကိန်း

ကိုးကား- " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ"



ဆေးဘက်သိပ္ပံပညာရှင် Ibn Zuhr [၁၀၉၄-၁၁၆၂]




အိဗ်နု ဇူဟရ်သည် ခွဲစိတ်ကုသမှုနှင့် ဆေးပညာကို တိုးတက်စေခဲ့သည့် ထင်ရှားသော အာရပ် ဆေးဖက်သိပ္ပံပညာရှင်နှင့် ကဗျာဆရာ တစ်ဦးဖြစ်သည်။ ၁၀၉၄ ခုတွင် အလ်မိုရာဗစ် အင်ပါယာ အင်ဒိုလူစီးယားနိုင်ငံ (Andalusia)၊ စဗီးလ် (Seville, Almoravid empire) [ ယခု စဗီးလ် စီရင်စု၊ စပိန်]တွင် ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ အဘူမရ်ဝါန် အဗ္ဗဒူအလ်မာလိက် ဘင် ဇူဟရ် ဖြစ်သည်။ အနောက်တိုင်းသားများက လက်တင်မူ အဗင်ဇို(Avenzoar) အမည်နှင့် လူသိများကြသည်။ Averroes ၊ Ibn Tufail တို့နှင့် ခေတ်ပြိုင်တစ်ဦးဖြစ်ပြီး သူ့ခေတ်၌ အထင်ရှားဆုံးသော ဆေးသမားတော်ဖြစ်သည်။ သူသည် Iyad အာရပ်မျိုးနွယ်စုဝင် ဘနုဇုဟရ် မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်သည်။ ဘနုဇုဟရ် မျိုးနွယ်စုသည်  ၁၀ ရာစု အစောပိုင်းကစ၍ မျိုးဆက် ၆ ဆက်တိုင်တိုင် ဆရာဝန်များအပါအဝင် တရားသူကြီးများ၊ စာဆိုတော်များ၊ နန်းတွင်း အမှူးထမ်း အတွင်းဝန်များ၊ သူနာပြု ဆရာဝန်များတို့ မွေးထုတ်ပေးကာ အင်ဒိုလူစီးယား အုပ်ချုပ်ရေး အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။  

အိဗ်နု ဇုဟရ်သည် ပညာရေးကို အလယ်ခေတ် မွတ်စလင်လူမှုရေးထုံးတမ်းစဉ်လာအတိုင်း ဘာသာရေးစာပေများကို လေ့လာခြင်းဖြင့် စတင်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကတည်းကပင် ဖခင် Abu'l-Ala Zuhr (d.1131) နှင့်အတူ ဆေးပညာကို လေ့လာခဲ့သည်။ ဖခင်က သူ့ကို Galen နှင့် Hippocrates တို့၏ လက်ရာများနှင့် မိတ်ဆက်ပေးခဲ့ပြီး  Hippocratic နည်းနာကို လက်ခံ ကျင့်သုံးရန် တိုက်တွန်းခဲ့သည်။ 

အိဗ်နုဇူဟရ် သည် ဆေးကုသမှုခရီးကို အလ်မိုရာဗစ် အင်ပါယာ အတွင်းတော် သမားတော်အဖြစ် စတင်ခဲ့သည်။ နောက်ပိုင်းတွင် အကြောင်းတစ်ခုခုကြောင့် အလ်မိုရာဗစ် ဘုရင် အလီ ဘင် ယူဆူဖ် ဘင် တာရှူဖင်နှင့် မျက်နှာသာမရဖြစ်ကာ စဗီးလ်မှ ထွက်ပြေးခဲ့ရသည်။ ၁၁၄၀ ခုနှစ်၌ Marrakesh တွင် အဖမ်းခံရပြီး ထောင်ချခံခဲ့ရသည်။ ၁၁၄၇ နောက်ပိုင်းတွင် Almohad အင်ပါယာသည်  စဗီးလ်ကို သိမ်းပိုက်သည့်အခါ သူသည်ဆေးကုသမှုခံယူရန် ပြန်လာသည်။ သူသည် ၁၁၂၂ ခုနှစ် (အသက် ၆၈ နှစ်)တွင် စဗီးလ်၌ ကွယ်လွန်ခဲ့လေသည်။

အိဗ်နူဇူဟရ် သည် ပထမဆုံးစမ်းသပ်မှု လေပြွန်ခွဲစိတ်ကုသမှု (tracheotomy) ကို ဆိတ်နှင့် ပြုလုပ်ခဲ့သည်။ သူသည် bezoar ကျောက်များကို  ဆေးဖက်ဝင်အဖြစ် အစောဆုံး ဖော်ပြသည်ဟု ယူဆရသည်။

လီယို အာဖရိကစ်၏ အဆိုအရ Ibn Zuhr သည် Averroes ၏ ဟောပြောချက်ကို သဘောကျ၍ ဆေးပညာကို သင်ယူခဲ့သည်။ သူသည် Galen ကို အထင်ကြီးလေးစားသူဖြစ်ပြီး ရမ်းကု နှင့် နက္ခတ်ဗေဒင်ဆရာများ၏ အယူသီးကုစားမှုများကို ပြင်းပြင်းထန်ထန်ကန့်ကွက်သည်။ Ibn Zuhr သည် ပို၍ ယုတ္တိရှိသော၊ လက်တွေ့ကျသော ဆေးပညာ၏အခြေခံအပေါ် အထူး အလေးထား ခဲ့သည်။ သူ၏လက်ရာမွန်ဖြစ်သော Al-Taysīr fil-Mudāwāt wal-Tadbīr ("ကုထုံးနှင့် အစားအစာ ရိုးရှင်းလွယ်ကူစေခြင်း") ကျမ်းကို လက်တင်နှင့်ဟီဘရူး ဘာသာသို့ ပြန်ဆိုပြီး ခွဲစိတ်ကုသမှု၏တိုးတက်မှု၌ လွှမ်းမိုးခဲ့သည်။ သူသည် ရောဂါအမျိုးမျိုးနှင့် ကုထုံးများကို ဖော်ထုတ်ခြင်း ဖြင့် ခွဲစိတ်ကုသမှုနှင့်ဆေးဘက်ဆိုင်ရာ အသိပညာများကို ဖွံ့ဖြိုးစေခဲ့သည်။

သူ၏ ထင်ရှားသော လက်ရာများမှာ Kitab al-Iqtisad ၊ Kitab al-Aghdhiya ၊ Kitab al-Taysir ၊ Fi al-Zinah (ချမ်းသာသုခ)၊ Al-Tiryaq al-Sabini (ဖြေဆေးများ)၊ Fi Illat al-Kila (ကျောက်ကပ်ရောဂါများ)၊ Fi Illat al-Baras wa al-Bahaq (နူနာနှင့် Vitiligo)၊ Al-Tadhkirah (သတိရခြင်း) ကျမ်းတို့ဖြစ်ကြသည်။ 

Kitab al-Iqtisad ကျမ်းသည် အိဗ်နုဇုဟရ် အရွယ်နုချိန်တွင် Almoravid မင်းသား အီဗြာဟီ်းမ် ယူစုဖ်ဘင် တာခ်ျဖီးဏ် အတွက် ရေးသားခဲ့သော အထွေထွေကုထုံးဆိုင်ရာစာတမ်း ဖြစ်သည်။ အဆိုပါ စာအုပ်တွင် ရောဂါအမျိုးမျိုး၊ ကုထုံးနှင့် အထွေထွေ သန့်ရှင်းရေး အကျဉ်းချုပ်ကို ဖော်ပြထားသည်။ အလှပြင်ပစ္စည်းနှင့် ရုပ်ပိုင်းအလှအပဆိုင်ရာ အကြံဉာဏ်များကိုလည်း ရေးမှတ်ထား သည်။ နှာခေါင်းကြီးများ၊ နှုတ်ခမ်းထူ ကဲ့သို့ ပုံမမှန်သောအင်္ဂါများကိုလည်း ပြုပြင်ရန် ပလပ်စတစ် ခွဲစိတ်ကုသမှုကိုပင် အိဗ်နုဇုဟရ်က အကြံပြုခဲ့သည်။

Kitab al-Aghdhiya အစားအစာ ကျမ်းသည် ဘဝနှင့်ကျန်းမာရေး လမ်းညွှန်ချက်များ ပါဝင်သည့် ဘောဇဉ်လက်စွဲဖြစ်သည်။ အိဗ်နုဇူဟရ်သည် ထောင်မှထွက်လာပြီးနောက် သူ့သခင်  Almohad ခေါင်းဆောင် အဗ္ဗဒူလ် မုအ်မိန်း အတွက် ထိုစာအုပ်ကို ရေးသားခဲ့သည်။  သူသည် တိရိစ္ဆာန်အမျိုးမျိုး၏ အသားအရေ၊ အရသာ၊ အသုံးဝင်မှုနှင့် အစာချေနိုင်မှု အပေါ်အခြေခံ၍ အသားများကို ခွဲခြားပြသည်။ ရာသီလိုက် အစားအစာများကိုလည်း အကြံပြုသည်။ 

           Kitab al-Taysir  ကျမ်းသည် သူ့သူငယ်ချင်း Averroes ၏ တောင်းဆိုမှုဖြင့် သူ မကွယ်လွန်မီ နောက်ဆုံးရေးခဲ့သည့်ကျမ်းဖြစ်သည်။ ဆေးပညာ၏ အထွေထွေ အကြောင်းအရင်းများ အပေါ် ပိုမိုအာရုံစူးစိုက်စေသော ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းဖြစ်သည်။ နောက်ပိုင်းတွင် ဟိဗရူနှင့် လက်တင်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ၎င်းကျမ်းသည် ၁၈ ရာစု နှောင်းပိုင်းအထိ ကျော်ကြားခဲ့သည်။ အခန်းပေါင်း ၃၀ ပါဝင်သည့် အဆိုပါစာအုပ်တွင် ဦးခေါင်းမှစ၍ ရောဂါများ၊ လက်တွေ့ဖော်ပြချက်များ နှင့် ရောဂါရှာဖွေတွေ့ရှိချက်များကို ဖော်ပြထားသည်။ အိဗ်ဇုဟရ်သည် အစာပြွန်၊ အစာအိမ်၊ အလတ်တန်းစား ကင်ဆာများနှင့် အခြားတွေ့ရှိချက်များကိုလည်း တိကျသော ဖော်ပြချက်ပေးခဲ့သည်။ သူသည် otitis media နှင့် pericarditis ကဲ့သို့သော ရောင်ရမ်းခြင်းများ၏ ရောဂါဗေဒ ဖော်ပြချက်ကို ပထမဦးဆုံး ဖော်ပြခဲ့သည်။

အိဗ်နုဇူဟရ်သည် အဏုဇီဝဗေဒဆိုင်ရာ တိုးတက်မှုအတွက် အထောက်အကူပြုသော Scabies mite ၏ အထောက်အထားကိုလည်း အစောဆုံးမှတ်တမ်းတင်ခဲ့သည်။ သူသည် Kitab al-Taysir ကျမ်းတွင် "လက်၊ ခြေချင်းဝတ် နှင့် ခြေဖဝါးများ၏ အောက်တွင် သန်းသဖွယ် ပိုးကောင်များရှိသည်။ ခြေအောက်ပိုင်း၌ပိုးများက ထိုနေရာတစ်ဝိုက်ကို ထိခိုက်ပွန်းပဲ့စေသည်။ အကယ်၍ အရေပြားကိုဖယ်ရှားလျှင် မမြင်နိုင်လောက်အောင် သေးငယ်သော ပိုးကောင်တိရစ္ဆာန် တစ်မျိုးသည် အစိတ်အပိုင်းအနှံ့အပြားတွင် ပေါ်လာသည်။" ဟု ဖော်ပြထားသည်။ 

Ibn Zuhr ၏ ဆေးပညာဘက်တွင် အကြီးမားဆုံးဆောင်ရွက်မှုမှာ တိရိစ္ဆာန်နှင့် စမ်းသပ်သောနည်းကို မိတ်ဆက်ပေးခြင်းဖြစ်သည်။ သူသည် လူသားများအား ထိရောက်နိုင်မနိုင် သိရှိရန် တိရစ္ဆာန်များအပေါ် ကြိုတင်စမ်းသပ်သော ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများဖြင့် လူသိများသည်။ အထင်ရှားဆုံးမှာ ထိုအချိန်က အငြင်းပွားဖွယ်ရာဖြစ်သည့် Tracheotomy ခွဲစိတ်ကုသမှုအတွက် သူ၏ အတည်ပြုချက်ဖြစ်သည်။ အဆိုပါ အငြင်းပွားဖွယ်ရာကို ဖြေရှင်းရန် ကြိုးစားရာတွင် အိဗ်ဇုဟရ်သည် ဆိတ်နှင့်ပြုလုပ်ခဲ့သော စမ်းသပ်မှုကို အောက်ပါအတိုင်း ဖော်ပြခဲ့သည်။

"ကျွန်တော် ဒီအငြင်းပွားစရာများကို လေ့လာတဲ့အခါ ဆိတ်ရဲ့ အရေပြားနဲ့ အဖုံးကို လှီးဖြတ်ပြီးနောက် အဆုတ်ပိုက်ကိုဖြတ်တောက်လိုက်တယ်။ အဲဒီနောက် လူပင်စေ့၏ အရွယ်အစားထက်ငယ်တဲ့နေရာ အဲဒီပိုက်ရဲ့ ပစ္စည်းတွေကို လုံးဝဖြတ်လိုက်တယ်။ ပြီးတော့ အနာကို ပျောက်စေသည့်တိုင်အောင် ရေနှင့်ပျားရည်ဖြင့် ဆေးကြောပြီး အနာလုံးဝပျောက်ကင်း သွားတယ်။ အဲဒီ တိရိစ္ဆာန်ဟာ အချိန်ကြာမြင့်စွာ အသက်ရှင်ခဲ့တယ်။ "

ဂျုးသမားတော်-ဒဿနိကပညာရှင် Maimonides သည် Ibn Zuhr ကို“ သူသည် အသက်အရွယ်နှင့် မလိုက်အောင် ထူးခြားသည့် ပညာရှိများအနက် တစ်ပါးဖြစ်သည်” ဟု ချီးကျုးခဲ့သည်။ သူသည် သူ၏ဆေးဘက်ဆိုင်ရာကျမ်းစောင်များတွင် အိဗ်နုဇူဟ်ကို မကြာခဏ ကိုးကားခဲ့သည်။ Galen ပြီးလျှင် သူ့ကို အကြီးမားဆုံးသမားတော်အဖြစ် အေဗာရိုက ချီးကျုးခဲ့သည်။ သူ့သမီးနှင့် မြေးနှစ်ဦးစလုံးသည် သားဖွားမီးယပ်အထူးကု သမားတော်ကြီးဖြစ်လာသည်။ 🚑🚑🚑


Source : Internet

အခြားမွတ်စလင်ပညာရှင်ကြီးများအကြောင်းကို အောက်လိင့်တို့မှ ဖတ်ရှုပါ။ 

1. Ibn Sina

2. Abd al-Rahman Al-Sufi


Tuesday, May 25, 2021

နက္ခတ်တ္တဗေဒပညာရှင် Abd al-Rahman Al-Sufi

 


နက္ခတ်တ္တဗေဒပညာရှင် Abd al-Rahman Al-Sufi [အေဒီ ၉၀၃-၉၈၆]


Abd al-Rahman Al-Sufi သည် ပါရှန် နက္ခတ်တ္တဗေဒပညာရှင် တစ်ဦးဖြစ်သည်။ အေဒီ ၉၀၃ ခု ဒီဇင်ဘာလ ၇ ရက်တွင် ရဲမြို့၊ အီရန်တွင် ဖွားမြင်သည်။ 'Abd al-Rahman Abu al-Husayn ဟုလည်း သိကြသည်။ အနောက် တိုင်းမှာမူ Azophi နှင့် Azophi Arabus ဟူ၍ ထင်ရှားသည်။ 

Abd al-Rahman Al-Sufi သည် ကောင်းကင်ရှိ ကြယ်တာရာများအပေါ် ကျွန်ုပ်တို့ ကြည့်ရှုလေ့လာပုံ ရှုထောင့်ကို ထာဝရ ပြောင်းလဲစေခဲ့သည်။ ကမ္ဘာ့သြဇာအရှိဆုံး နက္ခတ္တဗေဒပညာရှင် တစ်ဦး အနေနှင့် သူသည် ကြယ်များ၊ ကြယ်စုများနှင့်ပတ်သက်၍ ကျွန်ုပ်တို့  အသိပညာ တိုးမြှင့်စေရန် သူ့ဘဝကို မြှုပ်နှံခဲ့သည်။ သူ့နာမည်ကို အစွဲပြု၍ လ၏ချိုင့်ကြီးကို "Azophi" ဟုလည်းကောင်း၊ အသေးအဖွဲ့ဂြိုဟ်ကို "12621 Alsufi" ဟုလည်းကောင်း အမည်ပေးခဲ့သည်။

Al-Sufi ၏ အကြီးမားဆုံးသော အလုပ်များတွင် ဂရိနက္ခတ္တဗေဒပညာရှင် Ptolemy ၏ "ကြယ်များ၏ တောက်ပမှုနှင့် အရွယ်အစားကို တိုင်းတာခဲ့သည့် "အချက်များကို စိစစ်ခြင်းလည်း အပါအဝင် ဖြစ်သည်။ အေဒီ ၉၆၄ တွင် Al-Sufi သည် သူ၏ တွေ့ရှိချက်များကို Kitab al-Kawatib al-Thabit al-Musawwar (သို့) The Book of Fixed Stars စာအုပ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ များစွာသော အမှုကိစ္စများတွင် သူသည် တိုလီမီ၏ ရှာဖွေတွေ့ရှိချက်များကို အတည်ပြုလက်ခံခဲ့သည်။ သို့သော် သူသည် ကြယ်စုများ သရုပ်ဖော်ခြင်းနှင့် ကြယ်တို့၏ အရောင်တောက်ပမှု နှင့်ပတ်သက်၍ တိုလမီ၏ လေ့လာတွေ့ရှိချက်အချို့ကို ပို၍တိကျမှန်ကန်အောင် ပြုပြင်ဖြည့်စွက်ခြင်းဖြင့် သူ၏ သုတေသနပြုမှုကို တိုးတက်စေခဲ့သည်။

Abd al-Sufi က ကောင်းကင်ရှိ ကြယ်များ ကြည့်ရှုလေ့လာပုံကို လုံးလုံးလျားလျား ပြောင်းလဲပစ်ခဲ့သည်။ ယနေ့ နှစ်ပေါင်းတစ်ထောင်ကျော် ကြာပြီး နောက်တွင်ပင် နက္ခတ္တဗေဒပညာရပ် အများစုသည် သူ၏ တွေ့ရှိချက်အပေါ် မှီငြင်းအခြေပြုထားပြီး ယင်းတွေ့ရှိမှုများ မပါဘဲ မဖြစ်နိုင်ချေ။

မေလ ၂၅ ရက်၊ ၉၈၆ ခုတွင် အဗ္ဗဒ အလ်-ရာဟမန် အလ်-ဆူဖီ (အဇိုဖီ) ကွယ်လွန်သွားလေသည်။


Source - Internet 


Monday, May 24, 2021

ရိုဟင်ဂျာစာပေအရေးအသားနှင့် အရှုပ်တော်ပုံ

 



ရိုဟင်ဂျာတို့သည် ဟိုးရှေးပဝေသဏီကပင် စာပေယဉ်ကျေးမှု ဓလေ့ထုံးစံနှင့် ပြည့်စုံကုံလုံသည့် လူမျိုးတစ်မျိုး ဖြစ်သည်။ ခေတ်အဆက်ဆက် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်အနုပညာ၊ ကိုယ်ပိုင်စာပေနှင့် ထည်ဝါခဲ့သည်။ သို့သော် မလိုမုန်းတီးမှုစက်ဝန်းထဲ တဝဲလည်လည် ပတ်ခဲ့ရသည့်အပြင် ပစ်မှတ်ထား ချေမုန်းခြင်းကိုလည်း စနစ်တကျ ခံခဲ့ရသဖြင့် မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်၊ ဘာသာစကား စာပေ တို့ကို ရည်ရွယ်ချက်ရှိရှိ တဖြေးဖြေး ပျက်စီးခြင်းခံရခဲ့သည်။ ပြန်မဆယ်နိုင်လောက်အောင် ဆုံးရှူံးပျက်စီးခြင်းကို ရက်ရက်စက်စက်ခံခဲ့ရသည်။ ယနေ့ဆိုလျှင် မြေမျိုလိုက်သည့်အပြင် လူကိုပင် မျိုလိုက်လေတော့သည်။ ဤဆောင်းပါးတွင် ရိုဟင်ဂျာစာပေ အရေးအသားစနစ်အကြောင်းကို ဗဟုသုတအနေနှင့် လက်လှမ်းမီသလောက် အကျဉ်းဖြင့် ဆွေးနွေးတင်ပြသွားပါမည်။ 

အရေးအသားအကြောင်းကို မဖော်ပြမီ ဘာသာစကားနှင့်အရေးအသားကို ခွဲခြားသိထားရမည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဘာသာစကားပေါင်း ၇၀၀၀ ကျော်ရှိသည့်အနက် အင်ဒို-အာရီယာန် မျိုးနွယ်ဝင်ဖြစ်သော ရိုဟင်ဂျာဘာသာစကားသည် လည်း တစ်မျိုးအပါအဝင် ဖြစ်ပေသည်။ ဘာသာစကားသည် လူသားတို့ အပြန်အလှန်ဆက်သွယ်ရန် အသုံးပြုသော ကြားခံနယ် တစ်ခုဖြစ်၍ အရေးအသားမှာ ယင်းဘာသာစကား၏ အသံများကို အမှတ်အသား သင်္ကေတများပြုကာ မှတ်တမ်းတင်သော စနစ် ဖြစ်သည်။ တိုင်းပြည်တစ်ခု၏ နိုင်ငံရေး၊ စီးပွားရေး၊ သာသနာနှင့် သံတမန်ဆက်သွယ်ရေးတို့သည် ထိုတိုင်းပြည်၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့အပေါ်အကျိုးသက်ရောက်မှုရှိသည်။ ရိုဟင်ဂျာစာပေအရေးအသားအကြောင်းကို "ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေး၊ သာသနာရေးနှင့် ဒေသန္တရအခြေအနေကြောင့် အရေးအသားစနစ်အမျိုးမျိုး သုံးနှုန်းလာခဲ့ပုံနှင့် လက်ရှိရင်ဆိုင်နေရသော ရှုပ်ထွေမှု ပြဿနာ"ဟူ၍ အပိုင်း(၂)ပိုင်းခွဲကာ ဆွေးနွေးတင်ပြပါမည်။ (ဆွေးနွေးတင်ပြချက်မှာ အနည်းငယ်ရှည်လျားသွားနိုင်သည်။ သည်းခံဖတ်ရှု ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။) 

အပိုင်း (က)

အာရ်ကန်ပြည်တွင် ရှေးပဝေသဏီကပင် ဗုဒ္ဓဘာသာဝင် အာရ်ကာနီစ် (ရခိုင်လူမျိုး)နှင့် အိစ္စလာမ်ဘာဘာဝင် အာရ်ကာနီစ် (ရိုဟင်ဂျာ)တို့သည် အတူတကွ ဒွန်တွဲနေထိုင်လာခဲ့ကြသည်။ တစ်ထီးတစ်မိုးအောက် သစ္စာခံသူများဖြစ်ကြသည်။ ထို့ကြောင့် ရှေးခေတ်က အရေးအသားစနစ် အသုံးပြုကြသူများမှာလည်း အာရကန်ပြည်ရှိလူမျိုးအားလုံး အကျုံးဝင်မည်မှာ ထင်ရှားသည်။ အာရကန်ပြည်တွင် ဒေဒီ ၅-၆ရာစုခန့်လောက်တွင် ဂုပ္ပတအက္ခရာနှင့်ရေးထိုးထားသည့် စာပေအရေးအသား တွေ့ရှိရသည်ဟု ပညာရှင်များကဆိုသည်။  အေဒီ ၈ ရာစု ဗေဆာလီခေတ်တွင် ရိုဟင်ဂျာဘာသာစကားဖြင့် ရေးထိုးထားသော အနန္ဒစန္ဒြာကျောက်စာ (အေဒီ-၇၂၉)ကို အခိုင်အမာတွေ့ရှိရသည်။ ယင်းကျောက်စာအရေးအသားအရ ရှေးအာရ်ကာနိစ်တို့သည် Hindus Valley မှ ဗြဟ္မီနာဂရီအက္ခရာကို အခြေခံကာ အရေးအသားစနစ် တီထွင်ခဲ့ကြောင်း ထင်ရှားစေသည်။ ဗေဆာလီဆောခေတ်တွင် အာရကန်ပြည်သို့ အာရပ်ကုန်သည်များ ရောက်ရှိလာ၍ အခြေချနေထိုင်လာခဲ့သောကြောင့် အာရဗီအက္ခရာကိုလည်း သုံးစွဲခဲ့သည်ဟု ယုံကြည်ရသော်လည်း ခိုင်လုံသော အထောက်အထား မထုတ်ဖော်နိုင်သေးချေ။ နောက်ပိုင်းတွင် အော်တိုမန်အင်ပါယာ၏ ဩဇာအရှိန်အဝါကြီးမားလာချိန်၌ အာရဗီ၊ ဖာရစီ အက္ခရာတို့ကို အခြေခံ၍ရေးသားခဲ့ကြောင်း ရှေးဟောင်း ကာဇီဖကီးရ် ကျောက်စာ(အေဒီ- ၁၄၉၅)စသော ဖာရစီကျောက်စာများ၊ အာရဗီကျောက်စာများ၊ ငွေဒင်္ဂါးများကိုလည်း အာရ်ကန်ပြည်အနှံအပြားတွင် တွေ့ရှိရသည်။  အာရ်ကန် နိုင်ငံရေးအခြေအနေ ပြောင်းလဲလာသည်နှင့်အမျှ စာပေယဉ်ကျေးမှု အပြောင်းအလဲလည်း တစ်ပြိုင်တည်း ဖြစ်လာခဲ့သည်။ မြေက်ဦးခေတ်တွင် ထင်ရှားသော ရိုဟင်ဂျာနန်းတွင်းစာဆိုများ ပေါ်ပေါက်ခဲ့သည်။ ထိုခေတ်တွင် အာရဗီအက္ခရာ၊ ပါရှင်အက္ခရာအပြင် ဘင်္ဂလီအက္ခရာလည်း အာရ်ကန်ပြည်သို့ စီးဝင်လာခဲ့သည်။ ပါရှင်စာပေသည် နန်းတွင်းစာပေအဖြစ် ဆယ်စု ၅-၆ ခု တိုင်အောင် အသုံးပြုခဲ့သည်။ ထိုအက္ခရာတို့ကို အခြေခံ၍ ထင်ရှားသော ရိုဟင်ဂျာဖူတီးလင်္ကာရှည် ကဗျာပုံစံများ တီထွင်ခဲ့သည်။ ဘင်္ဂါလီအက္ခရာများကို အခြေခံ၍ ရေးသားခဲ့သော ပဒုမ္မဝတီ(Padmavati) ကဗျာရှည်စသည့် ထင်ရှားသော ဖူတီးလင်္ကာရှည်များ မွေးထုတ်ပေးခဲ့သည်။ စာဆိုအာလာဝလ်သည်လည်း ဖာရစီအက္ခရာကို အခြေခံ၍ ကဗျာများ တေးသီချင်းများရေးသားခဲ့သည်။ [တွာဟီရ် ဘသာ (သမိုင်းသုတေသီ)] 

အာရ်ကန်ပြည်ကို ဗမာတို့ ကျုးကျော်သိမ်းပိုက်လိုက်သောအခါ အထက်ပါ အရေးအသားစနစ်များ တဖြေးဖြေး မှေးမှိန်လာခဲ့သည်။ ဗမာပြည် အင်းဝခေတ်ကပင် အာရ်ကန်၌ အထိအတွေ့ရှိခဲ့သော  မွန်မြန်မာအက္ခရာကို အခြေခံ၍ စာပေများ ရေးသားမူ အားကောင်းလာပြန်သည်။ ကိုလိုနီခေတ်တွင်  ရိုဟင်ဂျာအမျိုးသားများတွင်  လောကဓာတ်ပညာတတ်နှင့် လောကုတ္တရာပညာတတ်များ ယခင်ထက် တိုးပွားလာခဲ့သည်။ လောကဓာတ်သင် ပညာတတ်များသည် အင်္ဂလိပ်စာနှင့် မြန်မာစာ အရေးအသားကို အသုံးများလာပြီး သာသနာ့ပညာရှင်များသည် ခေတ်သစ် အူရ်ဒူ၊ ဖာရစီ အရေးအသားကို တွင်တွင်ကျယ်ကျယ် သုံးနှုန်းလာခဲ့သည်။ ကိုလိုနီခေတ်တွင် မိမိတို့ ဘိုးဘွားတို့က သုံးနှုန်းခဲ့သည့် ရှေးဟောင်း နာဂရီ၊ ဗြဟ္မီ၊ ဖာရေစီ၊ ဘင်္ဂလီ အခြေခံထားသော အရေးအသားစနစ်များမှာ အရေးအသားစနစ်သေ (Dead Writing System) ဖြစ်လာခဲ့သည်။ နယ်ချဲ့အစိုးရသည် ခွဲခြားအုပ်ချုပ်ရေး (Divide and Rule) ပေါ်လစီကို လွယ်ကူစွာ ကျင့်သုံးရန် ယဉ်ကျေးမှု စာပေ လုပ်ကြံမှုကို သော့ချက်အဖြစ် အသုံးပြုခဲ့သည်။ ကိုလိုနီအစိုးရသည် အနောက်တိုင်းသား ရိုးရာတို့ကို ရောနှောစပ်ယှပ်ပေးခဲ့သည်။ ပညာရေးကို မြင့်တင်ပေးသယောင်နှင့် ရိုဟင်ဂျာစာပေအရေးအသားကို ဖော်ထုတ်ဖို့ အားမပေးဘဲ အူရ်ဒူကျောင်းများ ဖွင့်လှစ်ပေးခဲ့သည်။ ဤသည်မှာလည်း လုပ်ကြံမှု တစ်ခုပင်ဖြစ်သည်။  ကိုလိုနီနောက်ပိုင်းတွင် ရိုဟင်ဂျာရှေးဟောင်းစာပေကို ဖတ်ရှုနိုင်သူမှာ တစ်ရာခိုင်နှုန်းလောက်သာ ရှိမည်ဟု ခန့်မှန်းနိုင်လောက်သည်။ ကိုလိုနီခေတ်တွင် အများဆုံး အသုံးပြုခဲ့သော အရေးအသားမှာ အင်္ဂလိပ်၊ အူရ်ဒူ၊ အာရဗီ စာပင်ဖြစ်သည်ဟု ဆိုနိုင်သည်။ 

ထို့နောက် ဖက်ဆစ်ဂျပန်ခေတ်တွင် အာရဗီအက္ခရာကို အခြေခံသော ရှေးရိုဟင်ဂျာ အရေးအသားစနစ်ကို ပြန်လည်အသက်သွင်းလာခဲ့သည်။ စာအုပ်စာပေ အချို့ကိုလည်း ရေးသားပြုစုခဲ့သည်။ ကျမ်းမြတ်တော် ကုရ်အာန်ကို လက်ရေးလှရေးသည့်အပြင် ရိုဘာသာစကားဖြင့် ဘာသာပြန်ရန်လည်း အားထုတ်ခဲ့သည်။  ထိုဘာသာပြန် စာမူရင်းမှာ ဖက်ဆစ်ဂျပန်အစိုးရက ဘာသာပြန်သူ၏ ရွာကို မီးရှို့ရာ ထိုစာမူများလည်း မီးထဲပါသွားကြောင်း ရိုဟင်ဂျာသုတေသီ ဆရာကြီးဘသာ၏ The Rohingya Fine Arts စာတမ်းတွင် ဖော်ပြထားသည်။  

မြန်မာနိုင်ငံ ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ပြီးနောက် ရိုဟင်ဂျာတို့သည် နှစ်ကြာခံလာခဲ့သည် ကျွန်စီး ကျီးကန်းတောင်းမှောက်ဘဝမှ လွတ်လပ်သော အသက်ရှုခွင့်ရရှိခဲ့သည်။ မိမိတို့၏ စာပေယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖော်ထုတ် အားအင်တင်းစေရန် အခြားလူမျိုးစုနည်းတူ ကြိုးပမ်းလာခဲ့သည်။ မိမိတို့ လူမျိုး၏ စာပေ အရေးအသား စင်မြင့်ကို မြေတောင်မှောက်ပေးရမည်ဖြစ်ကြောင်း တွေ့မြင်ရသည့်အလျောက် မျိုးချစ်စိတ်ထက်သန်သော ရိုဟင်ဂျာတို့သည် မနားတမ်း ကြိုးပမ်းလာကြသည်။ ထိုပုဂ္ဂိုလ်များထဲတွင် လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ အတွင်းဝန်လည်းဖြစ်၊  သမိုင်းသုတေသီလည်း ဖြစ်သူ အမ်အေ-ဂါဖ္ဖား က အာရဗီအခြေခံ ရိုဟင်ဂျာစာပေ အရေးအသားစနစ်ကို ရှေးဆက်ငင်နိုင်ရန် ကြိုးစားခဲ့လေသည်။ ဘူးသီးတောင်ရှိ မိမိ၏ အိမ်ခြံတွင် ဆရာများငှားရမ်းကာ သင်ပြပေးခဲ့ရာ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရရှိခဲ့သည်။ နောက်ပိုင်းတွင် ထိုစနစ်လည်း အားပျော့လာခဲ့သည်။ ဤကြားကာလတွင် အခြားပညာရှင်များကလည်း အမျိုးမျိုးကြိုးပမ်းကြသည်ဟု ဆိုကြသည်။ သို့သော် ရိုဟင်ဂျာတို့သည် ပြန်တစ်ခါ နှိပ်စက်မှုကျော့ကွင်းထဲမိနေချိန်ဖြစ်သည်။ အဖက်ဖက်မှ ရိုဟင်ဂျာတို့ကို ပစ်မှတ်ထား မျိုးသုဉ်းပျက်စီးအောင် ကြံစည်နေသည့် တော်လှန်ရေးအစိုးရကာလဖြစ်သည်။ ရိုဟင်ဂျာတို့သည်ပြန်တစ်ခါ သူ့ခြေဖဝါး အောက် ကျီးကန်းတောင်းမှောက် ကျရောက်ခဲ့ရလေသည်။ 

ဤအကျပ်အတည်းဖိနှိပ်မှုကာလတွင် ဆရာ မီရ်အဟ်မတ် ဆိဒ္ဒီကီးနှင့် အဖွဲ့သည် အရဗီအက္ခရာ အရေးအသားစနစ်ကို ဆက်လက်ရှင်သန်လိုသည့် ရည်ရွယ်ချက်ဖြင့် စာအုပ်စာပေများ၊ ကဗျာလင်္ကာများ ရေးသားခဲ့သည်။ ယနေ့လည်း ဘာသာရေးပညာတတ် အသိုင်းအဝိုင်းအချို့သည် ထိုအက္ခရာ အရေးအသားစနစ်ကို လိုအပ်သလိုပြုပြင်မွမ်းမံ၍ ရေးသားနေဆဲဖြစ်သည်။ စာအုပ်စာပေလည်း ထုတ်ဝေနေဆဲဖြစ်သည်။  

၁၉၈၀ နောက်ပိုင်းတွင် ဆရာ မိုဟာမ္မဒ်ဟားနီဖ်နှင့်အဖွဲ့သည် ရိုဟင်ဂျာ အက္ခရာတစ်မျိုးကို ဆန်းသစ် တီထွင်ခဲ့လေသည်။ အာရဗီကဲ့သို့ လက်ယာဘက်မှ လက်ဝဲဘက်သို့ ရေးရသည့်စနစ်ဖြစ်သည်။ သူတီထွင်ခဲ့သည့် အက္ခရာသည် မည်သည့်အက္ခရာကိုမှ တိုက်ရိုက် အခြေခံခြင်းမဟုတ်ဘဲ အသစ်သက်သက်ပင်ဖြစ်သည်။ ထိုအက္ခရာကို ဟာနီဖီအက္ခရာ အမည်နှင့်လူသိများသည်။ သူ၏ အပတ်တကုတ် ကြိုးပမ်းမှုကြောင့် အတော်အတန်ပျံ့နှံ့ခဲ့သည်။ ထိုချိန် လူထုထောက်ခံမှုလည်း ရရှိခဲ့သည်။ သို့သော် အစိုးရ၏ နှိပ်ကွပ်မှုကြောင့် တိုးတက်နိုင်သလောက် မတိုးတက်ခဲ့ချေ။ နောက်ဆုံးတွင် ဟာနီဖ်နှင့်အဖွဲ့သည် အစိုးရ၏ ခြိမ်းခြောက်ဖိနှိပ်မှုကြောင့် အမိပြည်မှ ထွက်ပြေးခဲ့ရရှာသည်။ ဆယ်စုနှစ် နှစ်ခု ကျော်ကျော်တွင် ထိုအရေးအသားစနစ်သည် ပြည်တွင်း၌ ရာဇဝတ်မှုကဲ့သို့ မုန်းတီးသူ၏ နိမ်နှင်းခြင်းကို ခံရသဖြင့် ပြည်တွင်း၌ ပျောက်ကွယ်လုနီးပါး ဖြစ်လာခဲ့ရသည်။ မျိုးချစ်စိတ်တက်သန်သော လူငယ်အချို့က လျို့ဝှက်သင်ယူ သင်ပြ၍ ရေလောင်းခဲ့သည်။

ဆရာဟနီဖ်နှင့်အဖွဲ့သည် ရောက်လေရာအရပ်၌ ရေငုံတိတ်ဆိတ်မနေဘဲ အမျိုးမျိုးသော စာအုပ်စာပေများ ရေးသား ထုတ်ဝေခဲ့ခြင်းဖြင့် ထိုအရေးအသားစနစ်ကို ဆက်လက် ရှင်သန်စေခဲ့သည်။ နှစ်ပေါင်း ၂၅-၃၀ နှစ် ကြာပြီးနောက်တွင် IT ပညာတတ် လူငယ်တစ်ဦးက ထိုအက္ခရာကို ကွန်ပျူတာ၌ သုံးစွဲနိုင်အောင် ဒီဂျတယ် ပုံစံသွင်းပေးခဲ့သည်။ ကွန်ပျူတာတွင် ပထမဆုံး အသုံးပြုခဲ့သော ရိုဟင်ဂျာအက္ခရာ ဖြစ်လာခဲ့သည်။ တဖန် အက္ခရာကို ကုန္နာ ဟော့ရဖ် [ခရာထောင့်]နှင့် ဂူဝိုက်ယာ ဟော့ရဖ် [ခရာဝန်း] ဟူ၍ ပုံစံနှစ်မျိုး တိုးချဲ့ခဲ့သည်။ ၂၀၀၇ ခုတွင် ISO (International Organization for Standardization) နိုင်ငံတကာစံအရေးသားစနစ် အဖွဲ့အစည်းတွင် မှတ်ပုံတင်နိုင် ခဲ့သည်။  ၂၀၁၅ ခု နောက်ပိုင်းတွင် ရိုဟင်ဂျာသတင်းဌာနတစ်ခုမှ ဦးဆောင်၍ Ruwainga Zuban Academy ခေါင်းစဉ်အောက်တွင် ထိုဟနဖီအရေးအသားစနစ်ကို တိုးတက်အောင်ဆောင်ရွက်နေသည်မှာ ယနေ့အထိဖြစ်သည်။ ထိုသို့ ဟနဖီအက္ခရာကို အဆင့်မြင့်တိုးချဲ့ရာ ၂၀၁၇ ခုတွင် ကုသုဗီ အမည်ဖြင့် အက္ခရာပုံစံ နောက်တစ်မျိုး ဆင့်ပွားတိုးလာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် Unicode အက္ခရာကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။  ယနေ့ ဂိုးဂယ်လ်(Google)၏ အကူအညီဖြင့် အင်တာနက်အွန်းလိုင်းတွင် အသုံးပြုနိုင်အောင် အခြေခံအဆင့် အောင်မြင်ခဲ့ပြီဖြစ်သည်။ စမတ်ဖုန်းများတွင်လည်း သုံးနိုင်သည်အထိ တိုးတက်လာခဲ့သည်။ 

ကွန်ပျူတာနည်းပညာ တွင်ကျယ်လာသောအခါ အင်ဂျင်နီယာ မိုဟမ္မဒ်ဆီဒ္ဒီခ်သည် ကွန်ပျူတာ၌ ရိုဟင်ဂျာဘာသာစကားကို လွယ်လွယ်ကူကူ ရေးသား၍ အချင်းချင်း ဆက်သွယ်နိုင်အောင် လက်တင်အက္ခရာကို အခြေခံသော အရေးအသားစနစ် တစ်ခုကို ၂၀၀၄ ဝန်းကျင်တွင် မိတ်ဆက်ပေးခဲ့သည်။ ယင်းအက္ခရာကို ရိုဟင်ဂျာလိပ် [Rohingyalish] ဟု အမည်ပေးခဲ့သည်။ သုံးရလွယ်ကူသဖြင့် လူထုထောက်ခံမှုလည်းကို ရရှိခဲ့သည်။ နေရှိုက်ရှိုက်ပူနေသော နွေရာသီ မွန်းတည့်ချိန်၌ ရေငတ်သူသည် အေးမြသော စမ်းချောင်းတွေ့သကဲ့သို့ ရိုဟင်ဂျာလူငယ်တို့သည် အလုအယက် သုံးစွဲလာခဲ့ကြသည်။ ယနေ့တိုင် အင်တာနက်နှင့် ဆိုရှယ်မီဒီယာတို့တွင် အများဆုံးအသုံးပြုနေသည့် ရိုဟင်ဂျာ အရေးအသားစနစ် တစ်ခုဖြစ်လေသည်။ ဆရာကြီးနှင့် အပေါင်းအဖော်တို့သည် အွန်လိုင်း ဝက်ဆိုဒ်ပေါင်း ရာချီထူထောင်၍ ရိုဟင်ဂျာလူမျိုး၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ အနုပညာဆိုင်ရာ ဗဟုသုတများကို နေ့စဉ်နှင့်အမျှ မျှဝေနေကြသည်။ ခံစားချက်များ ဖွင့်ဟနေလျက်ရှိကြသည်။ ပျောက်လုဆဲဆဲ ဖြစ်နေသော ရိုဟင်ဂျာစာပေသည် အသက်တစ်ရှိုက် ရှုခွင့်ရရှိလေသည်။ တဖန် ၂၀၁၂ အလွန်တွင် အာရှဟီရိုဟု ကလောင်အမည်ခံယူထားသော ပုဂ္ဂိုလ်နှင့်အဖွဲ့က ထိုလက်တင်အခြေခံသောစနစ်ကိုပင် နောက်ထပ် အက္ခရာအချို့ လိုတိုးပိုလျှော့လုပ်ကာ ရေးသားသည့်စနစ်ခွဲတစ်ခု တိုးချဲ့ပေးခဲ့သည်။ 

ထို့အပြင် ၂၀၀၇ ခုခန့်တွင် လူသားချင်းစာနာထောက်ပံ့သော FAO အဖွဲ့အစည်းမှ ဦးဆောင်၍ မြန်မာအက္ခရာကို အခြေခံကာ ရိုဟင်ဂျာဘာသာစကားဖြင့် စိုက်ပျိုးရေး လက်ကမ်းစာအုပ်များကို ပုံနှိပ်ဖြန့်ဝေခဲ့သည်။ 

ဤသို့ဖြင့် ရိုဟင်ဂျာတို့သည် နိုင်ငံရေး၊ တိုင်းပြည်ရေး၊ လူမူရေး အခြေအနေဆိုးများကို ရင်ဆိုင်ခဲ့ရသည့် အားလျော်စွာ အမျိုးမျိုးသော အရေးအသားစနစ်ကို မှီတင်းပြုကာ အမျိုးသားစာပေကို ထိန်းသိမ်းရန် ကြိုးပမ်းခဲ့သည်။ ဤသည်မှာ ရိုဟင်ဂျာတို့က ခေတ်အဆက်ဆက် အကြောင်းအမျိုးမျိုး ပြောင်းလဲသုံးစွဲလာခဲ့သည့် အရေးအသားစနစ် သမိုင်းအကျဉ်းဖြစ်ပေသည်။ 

အပိုင်း (ခ)

ရိုဟင်ဂျာတို့သည် ယနေ့ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုကား "ရှေးခေတ်က ကမောက်ကမကြောင့် သုံး၊လေးမျိုးဖြစ်နေသော အရေးအသားစနစ်များမှ ထိရောလွယ်ကူသော ဘုံအရေးအသားစနစ်တစ်မျိုး ရရှိရေး"ဖြစ်သည်။ ယနေ့ ရှင်သန်နေသော ရိုဟင်ဂျာစာပေ အရေးအသားစနစ် သုံး၊လေးခုတောင် ရှိနေသေးသည်။ အာရဗီအခြေခံထားသော အက္ခရာတစ်မျိုး၊ ဟာနဖီ အက္ခရာတစ်မျိုး၊ လက်တင် အခြေခံထားသော အက္ခရာနှစ်မျိုး ဖြစ်သည်။ သုံးမျိုးစလုံးမှာ အနည်းနှင့်အများ လူထုထောက်ခံမှု ရှိသည်။ သို့သော် လက်တင်အခြေခံထားသော ရိုဟင်ဂျာလိပ်အက္ခရာနှင့် ဟာနဖီအက္ခရာတို့မှာ ထောက်ခံမှု အားကောင်းသည်။ ဟာနဖီ က ထောက်ခံမှုအများဆုံးဟု ခန့်မှန်းနိုင်သည်။ 

မည်သို့ပင်ဖြစ်စေ မျိုးစေ့သစ်တို့၏ မေးခွန်းတစ်ခုကား "ကျွန်ုပ်တို့ ဘယ်အက္ခရာနဲ့ ရှေ့ဆက်ရမှာလဲ"။ အချို့က "ရှေးဟောင်းကျောက်စာပါ အက္ခရာဖြစ်တဲ့ ဗြဟ္မီနာဂရီ အက္ခရာကို ပြန်လည်မွမ်းမံပြီးတော့ ဘုံအဖြစ်သုံးရင် မကောင်းဘူးလား" စသောမေးခွန်းဖြစ်သည်။ ဤမေးခွန်းများက တိုတောင်းသော်လည်း အဖြေက ရှုပ်ထွေလှသည်။ အငြင်းအခုံများလည်း သူသာငါသာ စသည်ဖြင့် ရှိနေဆဲ။ အာရဗီအုပ်စုက "ဒီအက္ခရာဟာ ရှေးခေတ်တွင်သုံးခဲ့တဲ့ သမိုင်းလဲရှိတယ်။ ကျနော်တို့ သာသနာ့ကျမ်းတော်မြတ် ကုရ်အာန်မှာလည်း ဒီအက္ခရာ သုံးနှုန်းထားတာကြောင့် ထူးမြတ်တယ်"ဟု ပြောဆိုကြတယ်။ ဟာနီဖီအုပ်စုက "ဒီအက္ခရာဟာ ဘယ်အက္ခရာကိုမှ အခြေခံထားတာ မဟုတ်ဘူး။ မိမိတို့ရိုဟင်ဂျာက ဆန်းသစ်ထီထွင်ထားတာမို့ ဒါဟာ တို့အတွက် အသင့်တော်ဆုံးဖြစ်တယ်" ဟု ဆိုကြသည်။ ရိုဟင်ဂျာလိပ်အုပ်စုက " ဒါက သုံးရလွယ်ကူတယ်။ ဘယ်နေရာမှာ မဆို အလွယ်တကူ ရေးသားနိုင်တယ်။ သင်ဖို့လဲ လွယ်တယ်။ ဒါကြောင့် ဒါအကောင်းဆုံးပဲ " ဟု အခိုင်အမာ ပြောဆိုကြသည်။ အသစ်တစ်မျိုး ပြန်လည်ပြုပြင်၍သုံးချင်သောအုပ်စုက "ယခု ရှိနေတဲ့ အက္ခရာစနစ်တွေဟာ သမိုင်းမလှဘူး။ စာပေသမိုင်းဦးက သုံးခဲ့တဲ့ အက္ခရာကို ပြုပြင်ပြီးတော့ သုံးမှ သင့်တော်မယ်"ဟု ပြောဆိုကြသည်။  သူ့အုပ်စုနဲ့သူ မလဲမယိုင် အခိုင်အမာ ရပ်တည်နေကြသည်။ ဤအငြင်းအခုံကို ဖြေရှင်းဖို့အတွက် ကမ္ဘာ့အခြားဒေသမှာ မိမိတို့ကဲ့သို့ အခက်အခဲများရှိခဲ့သလား။ ဘာသာစကားတစ်ခုကို အရေးအသားစနစ် တစ်ခုနှစ်ခု သို့မဟုတ် ရှေးတစ်မျိုးနောက်တစ်မျိုး ရေးခဲ့သည့်ဖြစ်ရပ် ရှိသလား။ အဖြေက "ဟုတ်တယ်"၊ "ရှိတယ်" ဟုထွက်ပါမည်။ ထို့ကြောင့် ပထမဦးဆုံး တခြားနိုင်ငံ၊ တခြားလူမျိုးစု၏ အရေးအသားစနစ်သမိုင်း အချို့ကို အနည်းငယ် လေ့လာကြည့်ရဦးမည်ဟု ထင်မိပါသည်။

သာမန်အားဖြင့် နိုင်ငံတစ်ခု၊ လူမျိုးတစ်စုတွင် ရုံးသုံးဘာသာစကားကို ရေးသားရာတွင် အရေးအသားစနစ် တစ်မျိုးတည်းကိုသာ ကျင့်သုံးကြသည်။ သို့သော် သမိုင်းကြောင်း ကမောက်ကမကြောင့် အက္ခရာ နှစ်မျိုး၊ သုံးမျိုးရှိတတ်သည်။ ဥပမာ- ဆားဗီးယား၊ ဘော့စနီးယားသားတို့သည် အက္ခရာတစ်မျိုးမက သုံးနေကြသည်။ ဆားဗီးယားသည် လက်တင်အခြေခံသော အက္ခရာနှင့် ဘိုင်ဇင်တိုင်ခရစ်ယာန်ဘုန်းကြီးများထီထွင်ခဲ့သည့် ဆီးရိလိပ် (Cyrillic) အခြေခံသော အက္ခရာ နှစ်မျိုးကို ရုံးသုံးအဖြစ် သုံးနေကြသည်မှာ အထင်အရှားတွေ့ရပါသည်။ ထိုနည်းတူ ကဇာကစ္စတန် (Kazakhstan)၊ ဥဇဘေကိစ္စတန်(Uzbekistan) သားတို့မှာလည်း လက်တင်နှင့် ဆီးရိလိပ် နှစ်မျိုးရှိခဲ့ရာ အားကောင်းနေသည် ဆီးရိလိခ်ဘက်နှင့် ရေးနေသည်ကို တွေ့ရသည်။ သူတို့က ၁၉ ရာစုတွင် အာရဗီအက္ခရာကိုလည်း သုံးစွဲခဲ့ကြသည်။ ထို့အပြင် ဂျပန်နိုင်ငံမှာလည်း Katakana နှင့် Hiragana ဟူ၍ လက်ရှိသုံးနေသော အရေးအသားနှစ်မျိုး ရှိနေသည်။ 

အံ့ဖွယ်ကောင်းသည့်အချက်က အရေးအသားစနစ်ကို ကမ္ဘာဦး ထီထွင်ခဲ့သော အီဂျစ်သားတို့သည် ယနေ့ဆိုလျှင် သူတို့၏ ရှေးဟောင်းအက္ခရာများကို ဆုံးရှုံးခဲ့ရသည်။ သုံးစွဲရေးသားခြင်းလုံးဝမရှိချေ။ သူတို့လည်း အာရဗီအက္ခရာနှင့် ရောမအက္ခရာတို့ကို မွေးစားသုံးစွဲနေရလေသည်။ စင်စစ်မှာ Sumerian ၊ Hieroglypics တို့သည် အီဂျစ်သားများထီထွင်ခဲ့သော ကမ္ဘာ့ရှေးအကျဆုံး အရေးအသားစနစ်ဖြစ်ပေမဲ့ ယနေ့ အခြားအက္ခရာများကို သုံးစွဲနေသည်မှာ ခေတ်တလျှောက် အပြောင်းအလဲကြောင့်ဟု ယုံကြည်ရသည်။ 

မလေး၊ အင်ဒို၊ ဘရူနိုင်း၊ စင်္ကာပူ တို့က အရေးအသားစနစ်ကို ရှေး တစ်မျိုး ခုတစ်မျိုး ပြောင်းသုံးနေကြသည်ကို တွေ့ရပါသည်။ ရှေးခေတ်တွင် မလေးတွေက သက္ကတဗြဟ္မအခြေခံဖြစ်သော ပါလ္လာဝီ (Pallavi)၊ ကီဝီ (Kiwi) အက္ခရာများကို သုံးစွဲကြပြီး အိစ္စလာမ်သာသနာ အားကောင်းလာသည့်အခါ အရဗီအခြေခံဖြစ်သော ဂျာဝီ (Jawi) အက္ခရာကို သုံးစွဲလာသည်။ ထို့အပြင် သူတို့ ထီတွင်ထားသော Recong အက္ခရာကိုလည်း အချိန်ကာလတစ်ခုအထိ သုံးစွဲခဲ့သည်။  နောက်ပိုင်း  ဥရောကိုနီလက်အောက် ကျရောက်၍ ရောမအက္ခရာအခြေခံသည့် အရေးအသားစနစ်ကို သုံးစွဲလာသည်မှာ ယနေ့အထိပင်ဖြစ်သည်။ တူရကီနိုင်ငံဆိုလျှင်လည်း ယခင်က အရဗီအက္ခရာ အရေးအသားစနစ်ကို ရုံးသုံးအဖြစ်ကျင့်သုံးခဲ့သည်။ ကြားကာလတွင် Cyrillic အက္ခရာကို သုံးစွဲသည်။ သို့သော် ယခု ရောမအက္ခရာကို အခြေခံသော အရေးအသားစနစ်ကို ရုံးသုံးအဖြစ်ကျင့်သုံးလာလေသည်။ ပါကစ္စတန်ကလည်း အလွန်ရှေးကျသော ဗြဟ္မီအက္ခရာကို စွန့်လွှတ်၍ မဂိုတို့နှင့်အတူပါလာသော အာရဗီအခြေခံအက္ခရာကို ရုံးသုံးအဖြစ် သုံးနေကြသည်။ ဤသို့သော အရေးအသား ရှုပ်ထွေမှုများသည် နောက်လည်း အများအပြား ရှိနေသေးသည်။ အသေးစိတ်ဖော်ပြလိုပါက စာအုပ်တစ်အုပ် ရေးသား၍ ဖော်ပြရမည်။

အထက်ဖော်ပြပါ အခြားနိုင်ငံများ၏ အရေးအသားစနစ်အကြောင်းမှ ထင်ရှားလာသည်က ဘာသာစကားတစ်ခုကို မည်သည့်အက္ခရာနှင့် ရေးသည်ဖြစ်စေ ထိုဘာသာစကား၏စာပေသာ ဖြစ်ပေလိမ့်မည်။ ရေးသားသည့်အက္ခရာသင်္ကေတပုံစံကို အလေးမထားဘဲ ရေးသားသည့်စကားကိုသာ အခရာထားသည်။ ရေးသားသည့်အက္ခရာကား ပြောင်းလဲကောင်းပြောင်းလဲနိုင်သည်။ အများပြည်သူ လက်ခံလာမှုသာ အဓိကဖြစ်ကြောင်း တွေ့ရပါသည်။ 

မည်သည့်အက္ခရာနှင့်မဆို မိမိတို့၏ ဘာသာစကားကို ရေးသားလျှင် မိမိတို့ စာပေသာ ဖြစ်သွားပါလိမ့်မည်။ ထိုအက္ခရာ သုံးသင့်သည်။ ဒီအက္ခရာ မသုံးသင့်။ ထိုအက္ခရာကို ထိုသူက တီထွင်သည်။ ထိုအက္ခရာကို ထိုအက္ခရာမှ မွေးစားထားသည်။ ထိုအက္ခရာသည် ရှေးမကျ၊ သမိုင်းမလှ။ ဤအက္ခရာသည် မည်သို့ ဂုဏ်ထူးမရှိ စသည်ဖြင့် အငြင်းပွားနေလျှင် ခေတ်နောက်ကျနေသော ရိုဟင်ဂျာစာပေသည် ပို၍ပင် အလှမ်းဝေးသွားပါမည် မဟုတ်လော။ အချင်းချင်း ဂိုဏ်းဃနတိုးပွားလာမှုသည် စာပေဖွံ့ဖြိုးမှုကို အဟန့်အထားပြုလိမ့်မည်။ ဘာသာစကားကိုသာ ထိန်းသိမ်းဖို့ အရေးကြီးပါသည်။ ခေတ်အလျောက် ပြောင်းလဲနေသော ဘာသာစကား ဝေါဟာရများ၊ အသုံးအနှုန်းများကို မှတ်တမ်းတင်မှုမရှိပါက သမိုင်းလည်းပျောက်၊ စကားလည်းပျောက် တစ်နေ့ ကြက်တူရွေး လူမျိုးဟု အခေါ်ခံရလိမ့်မည်။ ဘာသာစကား၏ ရင်းမြစ်၊ ပြောင်းလဲပုံ၊ ဒေသိယကွဲပြားပုံ စသည်တို့ကို ဖော်ထုတ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် စာပေကို မြင့်တင်စေရန် အရှိန်မြင့် ရေးသားမှုသည် မဖြစ်မနေ လိုအပ်ပေသည်။  

ညီညွတ်သော ဘုံအရေးအသားစနစ်တစ်ခုသည် တစ်ဦးယောက်၊ တစ်စုတစ်ဖွဲ့၏ တိုက်တွန်းချက်ဖြင့် ဖြစ်လာသည် မဟုတ်ပေ။ ကလောင်ရှင်တို့၏ စေတနာနှင့် မဆုတ်မနစ် အားထုတ်မှုကသာ ဖော်ဆောင်ပေးနိုင်သည်။ မတူကွဲပြားသော ဒေသ၊ အဖွဲ့အစည်း၊ တို့၌ အမြင်၊ သဘောတရား၊ ခံယူချက် စသည်တို့လည်းတူမည် မဟုတ်ချေ။ ကွဲပြားမှုကို ညီညွှတ်လာသည့်အချိန်အထိ စောင့်ဆိုင်းနေ၍ ကလောင်ကို မင်ဆီတောင်ခန့်ခြောက်သွားအောင် ဘေးဖယ်ထားမည်ဆိုလျှင် မည်သည့်အခါမှ မျှော်လင့်နေသည့် အောင်မြင်မှု ရလိမ့်မည်မဟုတ်ချေ။ အကြောင်းမှာ  အရေးအသားစနစ်သည် အသုံးများလေ၊ အတွင်ကျယ်လေ၊ လူတို့လက်ခံလာလေ သဘောဖြင့်သွားသည်။ ရေးလွယ်ဖတ်လွယ်သော အရေးအသားစနစ်သည် အသုံးများလာသည်။ လူတို့ လက်ခံလာတတ်ကြသည်။ အနည်းချက်များ၊ ချွတ်ယွင်းချက်များကိုလည်း  တပြေးညီပြင်ဆင်လာကြမည် ဖြစ်သည်။ ပို၍ စိတ်ဝင်စားလာကြမည်။ အရေးအသားတစ်မျိုးကို လူတို့ လက်ခံလာသည်နှင့်အတူ အခြားမျိုးများမှာ တဖြေးဖြေးနှင့် အားပျော့လာကာ ပျောက်ကွယ်သွား၍ ဘုံစနစ်တစ်မျိုး ပေါ်ထွန်းလာနိုင်ပါသည်။ 

နိုင်ငံတစ်နိုင်ငံ၏ ရုံးသုံးအရေးအသားစနစ်မှာမူ နိုင်ငံတော်၏ အခြေခံဖွဲ့စည်းပုံကထိန်းသိမ်းသည့်အပြင် သတ်မှတ်ထားသော သက်ဆိုင်ရာ အဖွဲ့အစည်းက ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ နိုင်ငံတော်မှ ဘာသာဗေဒဆိုင်ရာ ပညာရှင်များ၊ သမိုင်းပညာရှင်များ၊ သုတေသီတို့နှင့် ဖွဲ့စည်းပေးသော အဖွဲ့အစည်းက သတ်မှတ်ပေးကြသည်။ အချုပ်အချာအဏာနှင့် ပြဌာန်းသဖြင့် ဂိုဏ်းဃန ခွဲလျှင်လည်း အမိန့်တော်ကို လိုက်နာရသည်။  ထိုအဖွဲ့အစည်းသည် တစ်နိုင်ငံလုံးအတွက် ဘာသာစာပေ ဖွံ့ဖြိုးတိုးတက်မည့် လမ်းစဉ်ချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်သွားလေ့ရှိသည်။ လိုအပ်လာလျှင် ယခင်က နိုင်ငံတော်အရေးအသား အဖြစ်သုံးခဲ့သော စနစ်ကိုပင် အပြောင်းအလဲ လုပ်ပိုင်ခွင့်ရှိသည်။ 

သို့ဖြစ်ပါ၍ မိမိတို့သည် အလွန်ထိရှလွယ်သော အချိန်ကာလတစ်ခု၌ ကျရောက်နေခြင်းဖြစ်သည်။ အဖက်ဖက်မှ ဘေးဒုက္ခများသည် ဝန်းရံလျက်ရှိသည်။ ဤသို့သော်အချိန်တွင် အချင်းချင်း အငြင်းအခုံပြု၍ အချိန်ဖြုန်းစေသော ကာလမဟုတ်ပေ။ အရေးကြီးနေသည့်ကိစ္စကို ဦးစားပေးလုပ်ဆောင်ရပါမည်။ မိမိတို့သည် ကိုယ်ပိုင်ရာ၊ နိုင်ရာ၊ ကျွမ်းကျင်ရာ အက္ခရာများနှင့် ရေးသားကာ ပျက်စီးဆုံးရှုံးနေသော ဘာသာစကား စာပေတို့ကို မှတ်တမ်းတင်ရမည့်တာဝန်မှာ အလွန်အရေးကြီးနေသည်ဟု ထင်မိပါသည်။ မိမိတို့၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာစကားများကို ကမ္ဘာသိအောင် ဖော်ထုတ်သင့်သည်။ ပျောက်ကွယ်နေသော စာပေယဉ်ကျေးမှု အနုပညာတို့ကို ဖော်ထုတ်၍ မျိုးစေ့သစ်များအား လက်ဆင့်ကမ်းသင့်သည်။ နောင်အခါ ထိုစာပေများကို အများလက်ခံလာသော အက္ခရာ အရေးအသားစနစ်သို့ အလွယ်တကူ ပြောင်းလဲရေးသားနိုင်မည် ဖြစ်သည်။ 

ငါမှန်သည်၊ သူမှားသည်၊ မည်သည်က ကောင်းသည်၊ မည်သည်က မကောင်း၊ ငါတို့ဒေသနှင့် အခြားဒေသနှင့်မတူ စသည်ဖြင့် ငြင်းခုံနေခြင်းထက် မိမိတတ်ကျွမ်းရာဖက်နှင့် အဆင်ပြေအောင် ရေးသားခြင်းမှာ အလိမ္မာဆုံးနှင့် အကျိုးအရှိဆုံး ဖြစ်လိမ့်မည်ဟု သုံးသပ်တင်ပြအပ်ပါသည်။ ရိုဟင်ဂျာစာပေ ကမ္ဘာတည်သရွေ့ တည်မြဲပါစေ။ ©®


လူထုဝဏ္ဏ

၁၈ - ၅ - ၂၀၂၁



Tuesday, May 18, 2021

ရိုဟင်ဂျာမိခင်ဘာသာစကားနှင့် ပျက်စီးမှုအန္တရာယ်






ကမ္ဘာပေါ်တွင် ဘာသာစကားမရှိတဲ့ လူမျိုးဟူ၍ မရှိပေ။ ဘာသာစကားဟာ အချင်းချင်း ဆက်သွယ်ရေးအတွက် ကြားခံနယ်ဖြစ်တယ်။ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခွဲခြားသတ်မှတ်ရာတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ဟာ ပင်မတိုင်တွေဖြစ်တယ်။ ဘာသာစကားဟာ လူမျိုးတစ်မျိုး ရေရှည်တည်တံနိုင်ရေးအတွက် အသက်သွေးဖြစ်တယ်။ ကမ္ဘာဦး လူသားကစ၍ ယနေ့အထိ လူတို့သည် ဘာသာစကားများကို ပတ်ဝန်ကျင်းနဲ့လျော်စွာ ဖန်တီးပြောဆိုကြတယ်။ ရှေးဦး ဘာသာစကားတွေဟာ အချိန်ကာလကြာညောင်းမှု၊ ထိန်းသိမ်းမှု အားလျော့မှုကြောင့် ပျောက်ကွယ်ခံရလေ့ရှိတတ်တယ်။ အဲ့ဒီလို ပျောက်ကွယ်ခံရတဲ့ ဘာသာစကားပေါင်းများစွာရှိတယ်။ သမိုင်းမှတ်တမ်းတင်နိုင်ခဲ့တဲ့ ဘာသာစကားတွေရှိသလို သမိုင်းမှတ်တမ်း မတင်နိုင်ခဲ့တဲ့ ဘာသာစကားလဲရှိနိုင်တယ်။ အများသိတဲ့ သာဓကပြရမယ်ဆိုရင် ပါဠိဘာသာစကားဖြစ်တယ်။ ဗုဒ္ဓသာသနာရဲ့ စာပေကျမ်းဂန်တွေကို ရေးသားခဲ့တဲ့ ပါဠိဘာသာစကားဟာ တစ်ချိန်က အတော်ကိုခေတ်စားထင်ရှားခဲ့တဲ့ ဘာသာစကားဖြစ်တယ်။ အိန္ဒိယနယ်တစ်ဝိုက် ပါဠိဘာသာစကားမှ တခြားဘာသာစကားသို့ တိုက်ရိုက် ဒါမှမဟုတ် အသွင်ကူးပြောင်းလာတဲ့ စကားလုံးတွေ ယနေ့ထက်ထိ ပုံလိုက်အုပ်လိုက်ရှိနေဆဲ။ ဒါပေမဲ့ ကံမကောင်းအားလျော်စွာ ပါဠိဘာသာစကားဟာ ဘာသာစကားသေအဖြစ် သတ်မှတ်ခြင်းခံရတယ်။ ဗုဒ္ဓသာသနာ့စာပေ လေ့လာမှုမှအပ တခြား ဘယ်နေရာမှသုံးနှုန်းပြောဆိုခြင်း မပြုကြတော့ပေ။ ပြောဆိုသူမရှိတော့ချေ။ ဝမ်းနည်းစရာ။ ဘယ်လိုပင် အားကောင်း ခေတ်စားခဲ့တဲ့ ဘာသာစကားပင်ဖြစ်စေ၊ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်မှုမပြုပါက ပျောက်ကွယ်သွားလေ့ရှိတတ်တယ်။ တချို့ဘာသာဆို စာပေတောင် မရှိတော့ဘူး။ တူးဖော်ရရှိတဲ့ ကျောက်စာ၊ အုတ်ခွက်စာ တွေ တစ်ချက်နှစ်ချက်လောက်သာ ရှိတော့တယ်။ ရေကန်တစ်ကန်ဟာ ဘယ်လောက်ပင် ကြီးတာဖြစ်စေ ထိန်းသိမ်းစောင့်ရှောက်မှုမရှိရင် တနေ့နေ့ တိမ်ကောသွားမှာပဲ။ မုချ။ 

ဘာသာစကားဟာ အစက တစ်ပုံစံတည်းပဲ ဦးခေါင်းထောင်လာတာဖြစ်တယ်။ နောက်ပိုင်းကာလကြာလာတော့ ထွန်းကားတဲ့ လမ်းနှစ်သွယ် ဖြစ်လာတော့တယ်။ ပြောစကားနဲ့ စာပေအရေးအသား ပေါ့။ တစ်ပုံစံတည်းရှိခဲ့တဲ့စကားဟာ ဒီလိုဘာကြောင့် ဖြစ်သွားရသလဲ။ အဖြေက နှုတ်ပြောစကားကြောင့်ပါ။ ပြောစကားဟာ အပြောင်းအလဲမြန်တယ်။ ဒေသတစ်ခုနဲ့ တစ်ခု၊ အချိန်ကာလတစ်ခုနဲ့တစ်ခု နဲနဲခြားရင်တောင် ဘာသာစကား ကွဲပြားသွားတတ်တယ်။ အချိန်ကာလကြာလေ ဘာသာစကားက ပြောင်းလဲလာလေ။ ဒီလိုနဲ့ အသွင်သစ်တစ်ခုကို ပိုင်ဆိုင်လာတတ်တယ်။ အရေးအသားဟာ မပြောင်းလဲတာတော့ မဟုတ်ဘူး။ အပြောင်းအလဲ သိပ်ကိုနှေးကွေးတာပဲ ဖြစ်တယ်။ စာပေ ခိုင်မာလို့ ပြောဆိုသူအင်အားကောင်းတဲ့ ဘာသာစကားဟာ ရေရှည်တည်တံ့ဖို့ အလားအလာ ရာခိုင်နှုန်းများတယ်။ ဒီတော့ တသမတ် ထိန်းသိမ်းဖို့ အင်မတန် ခက်တဲ့ အပြောစကားကို စာပေနဲ့ အကွပ်ရိုက် ထိန်းရတယ်။ ဘာသာစကားတစ်ခုရဲ့ ကျောရိုးဟာ စာပေလို့ မှတ်ယူနိုင်တယ်။ 

ဘာသာစကားတစ်ခု ပျောက်ကွယ်သွားနိုင်တဲ့အန္တရာယ်တွေက ဘာလဲ။ ဘာသာဗေဒပညာရှင်တွေရဲ့ လေ့လာချက်အရ သက်ဆိုင်ရာလူမျိုးများ ပြောင်းရွှေ့နေထိုင်ခြင်း ဒါမှမဟုတ် တခြားလူမျိုးများ အဲ့ဒီလူမျိုးထံ ပြောင်းရွှေ့လာခြင်း၊ စာပေအားနည်းခြင်း၊ ပတ်ဝန်းကျင်မှ တခြားဘာသာစကားများ အတားအဆီးမရှိ စီးဝင်လာခြင်း၊ ပြောဆိုရ အဆင်မပြေခြင်း၊ အဲ့ဒီစကားပြောဆိုတဲ့လူမျိုး လုံးဝပျက်သုဉ်းသွားခြင်း စတဲ့ အကြောင်းအရင်းတွကြောင့် ဖြစ်ပါတယ်။ ဒါနဲ့ "ရိုဟင်ဂျာ ဘာသာစကားနဲ့ ပျောက်ကွယ်မှုအန္တရာယ်"ကို လေ့လာကြရအောင်။ 

အာရဗီ-အာရီယန်မှ အာသံမျိုးရိုးဝင်ဖြစ်တဲ့ ရိုဟင်ဂျာဘာသာစကားဟာ ၇ ရာစု အစကတည်းက အထင်အရှား ပြောဆိုသုံးနှုန်းလာခဲ့တာ သမိုင်းသက်သေ ထင်ထင်ရှားရှား ရှိနေပါတယ်။ အနန္ဒစန္ဒြာကျောက်စာပေါ့။ စာပေအရေးအသားမှာလည်း ထိုခေတ်ကပင် တောက်တောက်ပြောင် ကောင်းမွန်ခဲ့ကြောင်း ကျောက်စာတွေကို လေ့လာခြင်းဖြင့် သိနိုင်ပါတယ်။ ယုံမှားစရာ လုံးဝမဟုတ်ပါ။ ဘာသာစကားတစ်ခုရဲ့ အင်္ဂါရပ်အားလုံးလဲ ကြွယ်ကြွယ်ဝဝ ခန့်ခန့်ညားညား ပြည့်စုံခဲ့ပါတယ်။  အဲ့လို ခိုင်မာခဲ့တာမို့ ဟိုးပဝေသဏီကပင် ကျနော်တို့အထိ လက်ဆင့်ကမ်း ရောက်လာခဲ့ခြင်းဖြစ်တယ်။ ဒီဘာသာစကားဟာ အာသံနဲ့ စစ်တကောင်း ဘာသာစကားနဲ့ အနီးစပ်ဆုံးဖြစ်တယ်။ ဒါပေမဲ့ ဒီသာသာစကား မကျွမ်းကျင်သူတွေက အပေါ်ယံကြားရုံနဲ့ တစ်ပုံစံတည်း၊ တစ်မျိုးတည်း ထင်ရရင်လဲ သေသေချာ လေ့လာမယ်ဆို ခြားနားတာတော့ အများကြီး တွေ့ရမှာဖြစ်တယ်။ အူရ်ဒူနဲ့ ဟိန္ဒီ၊ တရုတ်နဲ့ ကိုရိယား ဘာသာစကားတွေ ခြားနားသလိုပေါ့။ 

နှစ်ပေါင်း ၁၀၀၀ ကျော် ခရီးနှင်လာခဲ့တဲ့ ရိုဟင်ဂျာဘာသာစကားဟာ တိုက်စားမှု များစွာခံခဲ့ရတယ်။ တို့ဘာသာစကား တိုးတက်မှုရဲ့ ဂရပ်ဆွဲပြမယ်ဆိုရင် "ဂငယ်" ပုံစံရလာမယ်။ တဖြေးဖြေးအားကောင်းလာခဲ့တဲ့ ဘာသာစကားဟာ အချိန်ကာလတစ်ခုမှာ အထွတ်အထိပ်ရောက်ခဲ့တယ်။ ပြီးတော့ တစ်လှည့်ပြန် ဆုတ်ယုတ်လာတာ တွေ့ရပါမယ်။ ဒီလိုဆုံးရှုံးခံရခြင်းရဲ့ အကြောင်းရင်းတွေက အမျိုးမျိုးရှိတယ်။ အဲ့ဒီထဲက အဓိက ပြဿနာတစ်ခုက ဒေသိယအခြေအနေပဲလို့ ဝမ်းနည်းစွာ ပြောရပါမယ်။ ကိုလိုနီဦးခေတ်မှ ယနေ့အထိ ပဋိပက္ခနဲ့ မကင်းတဲ့ ရခိုင်ပြည်နယ်မှာ အတိနာခဲ့တာက ရိုဟင်ဂျာ ဘာသာစကားပဲဖြစ်တယ်။ စာပေလည်း ဆုံးရှုံးခံလိုက်ရတယ်။ ဘာသာစကားလည်း ရောနှောသမခံခဲ့ရလေတယ်။ ကိုလိုနီဗြိတိသျှရဲ့ ခွဲခြားရေးမူဝါဒနဲ့ အုပ်ချုပ်ရေး သားကောင် ဖြစ်ခဲ့ရာမှ စာပေမှာ ထိပ်ကနေပြေးခဲ့တဲ့ ရိုဟင်ဂျာတွေဟာ နောက်ဆုံး ကလောင်မဲ့ဘဝထိတောင် ရောက်ခဲ့ဖူးလေတယ်။ အင်မတန် ယူကျုံးမရတဲ့ဖြစ်အင်ပါပဲ။ 

ရှေးကနေ ဒေသအလိုက်၊ အချိန်အကာလအလိုက် ရိုဟင်ဂျာဘာသာစကားဟာ ပြောင်းလဲလာခဲ့တာတော့ ရှိတယ်။ ခေတ်တစ်ခုနဲ့တစ်ခု အသုံးအနှုန်းခြားနားတာလဲ ရှိတယ်။ ယနေ့ဆို ရိုစကားရဲ့ ဒေသိယစကားမူခွဲ ၁၀ မျိုးဝန်းကျင်းကွဲနေတယ်။ ဒါက ဖြစ်ရိုးမြဲသဘာဝတစ်ခုပါပဲ။ ဒါပေမဲ့ အဆမတန် ပျက်စီးလာခဲ့တာက ကိုလိုနီခေတ်ကနေ စခဲ့တယ်လို့ ဆိုရပါမယ်။ ဒီလိုဖြစ်ရခြင်းက မကြာခဏ ပြောင်းရွေ့နေထိုင်ခြင်း၊ မိမိတို့ရဲ့ စာပေဘာသာစကား ယဉ်ကျေးမှုထက် နယ်ချဲ့တို့နဲ့ ပါလာတဲ့ စာပေယဉ်ကျေးမှုတွေကို ဂုဏ်ထူးဂုဏ်မြတ်ယူဆကာ ဦးစားပေးလာခြင်းဖြစ်တယ်။ အပြောအဆိုကအစ အနေအထိုင်၊ ဝတ်စားဆင်ယင်မှုအထိ နယ်ချဲ့တို့ကို အတုယူလာခဲ့ကြကုန်တယ်။ အားကျလာကြကုန်တယ်။ အင်္ဂလိပ် ဘာသာစကားမှ ဝေါဟာရတွေ တဆိတ်ဆိတ်နဲ့ စီးဝင်လာခဲ့တယ်။ တစ်ဖက်က ခေတ်မီလိုတဲ့ဇောနဲ့ နယ်ချဲ့တွေကို အတုခိုးကြ၊ နောက်တစ်ဖက်က မိမိတို့ရဲ့ အမြူတေရတနာဖြစ်တဲ့ ဘာသာစာပေ၊ ယဉ်ကျေးမှုတွေ ဖြေးဖြေးနဲ့ တိုက်စားသွားလေတော့တယ်။ 

ရိုဟင်ဂျာတွေဟာ နယ်ချဲ့ဗမာခေတ်မှစလို့ မကြာခဏ စစ်ရေးမက်ရေးနဲ့ မနားနိုင်အောင် ကြုံခဲ့ရတာကြောင့် အသက်ဘေးကို ကာကွယ်ရင်း တခြားအရာတွေကို စိုက်စိုက်မတ်မတ် အချိန်ပေးနိုင်ခြင်းမရှိပေ။ ကိုလိုနီခေတ်မှာဆို ပိုဆိုးဝါးလာတယ်။ ကမ္ဘာစစ်ကြီးများ၊ တော်လှန်ရေးတိုက်ပွဲများ၊ လူမျိုးရေးပဋိပက္ခများ တစ်ခုပြီးတစ်ခု ထိပ်တိုက်ရင်ဆိုင်လာရတဲ့ လူမျိုးတွေမှာ အဖက်ဖက်က မှေးမှိန်ခဲ့ရတာတော့ စောဒကတက်စရာမလိုပေ။

နောက်တစ်ချပ်က ယနေ့အထိ ကြုံလာနေတဲ့  ဒုက္ခသည်ပြဿနာ ဖြစ်တယ်။ ပဋိပက္ခ ခေါင်းထောင်လာလေ၊ ပြောင်းရွေ့နေထိုင်ရမှု ပြဿနာက ပေါ်လာလေ။ ရိုဟင်ဂျာတွေဟာ စက်ရေးမက်ရေး ပဋိပက္ခကြောင့် တခြားဒေသ ဒါမှမဟုတ် ဒေသတွင်းပြောင်းရွေ့နေထိုင်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရတယ်။ ဒါ့အပြင် ကိုလိုနီခေတ်နောက်ပိုင်းတွင် ၁၉၄၂ ခုနှစ် လူမျိုးရေးပဋ္ဋိပက္ခကြောင့် တဖက်အိမ်နီးချင်း အိန္ဒိယနိုင်ငံသို့ ခိုလှုံခဲ့ရတယ်။ အဲ့ဒီ ဒုက္ခသည်တွေဟာ အမိမြေသို့ ပြန်လာခဲ့တာ ဆယ်စုနှစ် တစ်ခုလောက်ကြာခဲ့တယ်။ အဲ့လိုပြန်လာတဲ့အခါမှာလည်း တစ်ချို့က ရောက်တဲ့နေရာမှာ နေသာကျသွားလို့ ပြန်မလာတော့ဘူး။ ရောက်လာတဲ့သူတွေနဲ့အတူလဲ အဲဒီနိုင်ငံဖက်က ဘာသာစကား၊ အယူအဆ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု အချို့လည်း မသိမသာ ကပ်ပါလာခဲ့တယ်။ တစ်ခါပြန် ၁၉၇၈ ခု လူမဆန်တဲ့ နဂါးမင်းစစ်ဆင်ရေးကြောင့် ထွက်ပြေးရပြန်တယ်။ ဒီတစ်ခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပေါ်လာပြီ။ အဲ့ဒီနိုင်ငံသို့ သွားခိုလှုံရတယ်။ ဗမာပြည်က ပြန်ခေါ်လာတာမှာလည်း ၃-၄ နှစ်ကြာသွားတယ်။ သူတို့နဲ့အတူ အဲ့ဒီဒေသက ဘာသာစကား ဝေါဟာရတွေ၊ ဓလေ့ထုံးစံတွေ ပါလာခဲ့တယ်။ ဒီတော့ ရှေးက "သက္ကတ၊ အာရဗီ၊ ပါရှင်" လွှမ်းမိုးထားတဲ့ ရိုဟင်ဂျာဘာသာစကားဟာ "ဘင်္ဂါလီ၊ အူရ်ဒူ၊ အင်္ဂလိပ်" လွမ်းမိုးမှု အားသန်လာတော့ တယ်။ စစ်တကောင်သား လေယူလေသိမ်းတွေ နေရာယူလာခဲ့တယ်။ ပြီးတော့ ဘင်္ဂါလီစကား အသုံးအနှုန်းတွေလည်း ရောနှောလာခဲ့တယ်။ ဒီလိုနဲ့ ရိုဟင်ဂျာဘာသာစကားဟာ ယခင်ထက်ပို၍ ပျော့ပျက်လာလေတယ်။ 

ဒါနဲ့မပြီးသေး။ ၁၉၉၂ ခုမှာ အာဏာရှင် နဝတအစိုးရကြောင့် ပြန်တစ်ခါ ထွက်ပြေးရတယ်။ တစ်ဝက်လောက် ပြန်ခေါ်တာမှာ ၃ နှစ်လောက်ကြာသွားတယ်။ ကျန်တစ်ဝက် ယနေ့ထက်ထိ ဒုက္ခသည်အဖြစ် ဘင်္ဂလားဒေ့ရှ်မှာ ရှိနေဆဲ။ ကြားကာလမှာ ကမ္ဘာတစ်ဝန်းထွက်ပြေး ခိုလှုံကြတာတော့ ဒုနဲ့ဒေးနဲ့ပဲ။ ပြန်တစ်တခါ ၂၀၁၂ မှာ ရခိုင်ပြည်တောင်ပိုင်းရှိ ရိုဟင်ဂျာတွေကို ရှင်းလင်းသုတ်သင်ပစ်ရန် အကွက်ဆင် ပြဿနာဖန်တီးပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် ကိုးရာမဲ့ရိုဟင်ဂျာတွေဟာ ရရာလမ်းကြောင်းမှ အသက်ကယ်ထွက်ပြေးရပြန်တယ်။ ယနေ့ အဲ့ဒီဖက်မှာ ရိုဟင်ဂျာရွာတွေ မရှိသလောက် ရှင်းလင်းလိုက်ပြီ။ တဖန် ၂၀၁၆-၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်းကို ရှင်းလင်းနှင်ထုတ်လိုက်လေတယ်။ ယနေ့ လူပေါင်း ၁၀ သိန်း ၁၂ သိန်းလောက် ပြည်ပဒုက္ခသည်ဘဝ ရောက်နေတယ်။ ပြည်တွင်းမှာလည်း ၅ သိန်းလောက် ဒုက္ခသည်ဘဝကနေ မလွှတ်နိုင်သေးဘူး။ 

လူပေါင်း ၁၀ သိန်းကျော် ဘင်္ဂါလားမှာ ခိုလှုံနေရတာ ယနေ့ဆို သုံးနှစ်ကျော်နေပါပြီ။ တစ်နှစ်မှာ မွေးဖွားနှုန်း ၁ သိန်းနှုန်းနဲ့ ဆိုရင် ၃ သိန်းလောက် တိုးပွားလာတာ ရှိနိုင်တယ်။ ပြီးတော့ အရင်က ကျန်သေးတဲ့ ဒုက္ခသည်တွေ စုစုပေါင်းရင် ၁၅ သိန်းလောက် ဖြစ်မှာပေါ့။ ဒါ့အပြင် တခြားနိုင်ငံတွေမှာ အသက်ကယ်ခိုလှုံနေတဲ့ ရိုဟင်ဂျာလည်း ၁၀ သိန်းနီးပါးရှိမယ်။ ဒီနေရာမှာ အဲ့ဒီလူတွေရဲ့ စားဝတ်နေရေး အခက်အခဲတွေအပ တခြားအရေးကြီးတဲ့ ပြဿနာတစ်ခုက မိခင်ဘာသာစကားထိပါးခြင်းပါပဲ။ ဘင်္ဂလားမှာဆိုရင် ဘင်္ဂလီလူမျိုး အသိုင်းအဝိုင်းနဲ့ ၃-၄ နှစ် လုံးလုံး ရောနှော နေထိုင်လာရတဲ့အခါ ယခင်ကပင် အားပျော့နေတဲ့ ဘာသာစကားဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားနိုင်တယ်။ ဘာသာစကားပပျောက်သွားမယ်ဆိုရင် လူမျိုးရေရှည်တည်တံ့ဖို့ မလွယ်ဘူး။ ကျနော်တို့ ပြည်တွင်းမှာလဲ မိခင်ဘာသာစကားကို လက်လွတ်ဆုံးရှုံးလို့ တစ်ဖက်သား ဘာသာစကားကို မွေးစားလက်ခံထားရတဲ့ လူမျိုးတွေရှိတယ်။ ဘာသာစကားပြောင်းလေတော့ လူမျိုးလဲပြောင်းလေတော့တယ်။ လူမျိုးပြောင်းတော့ ယဉ်ကျေးမှု ဓလေ့ ထုံးစံတွေလည်း ဆုံးရှုံးရတယ်။ ရာဇဝင်သမိုင်းကြောင်းအရ တစ်မျိုးတည်းဖြစ်ပါလျက် "ငါတို့နဲ့ မင်းတို့နဲ့ မတူဘူး"လို့ ပြောနေရသေးတယ်။ (အဲ့ဒီလူမျိုးတွေရဲ့ နာမည်တော့ မပြောတော့ဘူး။ ကိုယ့်ဘာသာကိုယ် လေ့လာကြည့်ပါ။ တွေ့သွားလိမ့်မယ်။) ဒီလိုမျိုးအခြေအနေ မရောက်အောင် မိခင်ဘာသာစကားကို ကြိုတင်ကာကွယ်ထိန်းသိမ်းရမယ်။ ရိုဟင်ဂျာ မိခင်ဘာသာစကားဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခြင်းမှ ထိန်းသိမ်းရမယ့် အချိန်လွန်နေပါပြီ။ ဖြေးဖြေးနဲ့ လျှောက်သွားနေလို့မရတော့ဘူး။ လေယာဉ်ပျံအလျင်နဲ့ သွားမှဖြစ်မယ်။ တဖက်က ပုဇွန်ဦးနှောက်နဲ့ မိစ္ဆာရန်သူတွေက ကျွန်ုပ်တို့ရဲ့ အားနည်းချက်တွေကို အလိုက်ချောင် အပိုင်ထိုးနေတဲ့ချိန်မှာ ဒီဘာသာစကားပြဿနာက ရေနစ်သူကို ဝါးကူထိုးသလို ကျလိမ့်မယ်။ အချိန်မီကာကွယ်သင့်တယ်။ 

ဒုက္ခသည်တွေရဲ့ အခြေအနေကို စောင့်ဆိုင်းလေ့လာနေတဲ့ သူတွေရဲ့ အဆိုအရ "ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့ရဲ့ မိခင် ဘာသာစကား ဆုံးရှုံးမှုကပ်နဲ့ ကြုံနေပြီ"လို့ သုံးသပ်နေကြတယ်။ The Financial Express ရဲ့ အယ်ဒီတာ Parvez Uddin Chowdhury ကလည်း Rohingya refugees losing originality of their dialect (ရိုဟင်ဂျာတွေဟာ မူရင်းဘာသာစကားကို ဆုံးရှုံးနေတယ်) လို့ ခေါင်းစဉ်နဲ့ ဧပြီ ၁၃ ရက်၊ ၂၀၂၁ ခုတွင် သုံးသပ်တင်ပြခဲ့တာ ဖတ်ဖူးမှာပါ။ ဆိုရှယ်မီဒီယာပေါ်မှာလည်း ဒုက္ခသည်တွေရဲ့ အပြောအဆိုအသုံးအနှုန်းတွေဟာ ဘင်္ဂလီစကား အားသန်နေတာ၊ ဝတ်စားဆင်ယင်မှုမှအစ အဆိုအက၊ အတီးအမှုတ်တွေမှာလည်း ဘင်္ဂါလီယဉ်ကျေးမှု ဒလဟောစီးဝင်နေရာယူနေတာကို တွေ့နေရပါတယ်။ ဒါက ရိုဟင်ဂျာတွေအတွက် မဟာဆုံးရှုံးမှုလို့ ဆိုရပါမယ်။ ကျနော်တို့ ရိုဟင်ဂျာတွေဟာ တစ်ဖက်နိုင်ငံတွေမှာ နောက်ထပ် ဆယ်စုနှစ်တစ်ခုနှစ်ခုလောက် ဒုက္ခသည်အဖြစ်နေရရင် မိမိတို့ဘိုးဘွားဘီဘင်ကနေ လက်ဆင့်ကမ်းရထားတဲ့ မိခင်ဘာသာစကားကို  လုံးဝပပျောက်ဆုံးရှုံးသွားနိုင်တယ်။ အင်မတန် ဝမ်းနည်းစရာပင်။ လူမျိုးတုံးသတ်ဖြတ်မှုခံခဲ့ရပြီး လက်တစ်ဆုပ်စာလောက် ကျန်နေတဲ့ ရိုဟင်ဂျာလူမျိုးဟာ ပြည်တွင်းထက် ပြည်ပမှာ ၆-၇ ဆလောက် ပိုရောက်သွားတယ်။ ပြည်ပမှာ ရှိနေတဲ့ အများစုက မိခင်ဘာသာစကားကို ပျက်စီးလိုက်မယ်ဆိုရင် ပြည်တွင်းမှာရှိနေတဲ့ အနည်းစု ကာကွယ်နိုင်မှာမဟုတ်ဘူး။ မိခင်ဘာသာစကားလည်း ဆုံးရှုံးသွားမယ်ဆိုရင် ဘာတစ်ခုမှ ကျန်တော့မှာ မဟုတ်ဘူး။ 

အဲ့ဒါကြောင့် မိခင်ဘာသာစကားကို စောင့်ရှောက်ဖို့က လူမျိုးတစ်စုလုံးရဲ့တာဝန်ဖြစ်တယ်။ လူတစ်ဦးချင်း မသေမီအချိန်ကာလအတွင်း မဖြစ်မနေ သယ်ပို့ရမယ့်တာဝန်ဖြစ်တယ်။ "သင်သေသွားသော်၊ သင်၏မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏" လို့ ဆရာဇော်ဂျီက ကဗျာအဖွဲ့နဲ့  လမ်းညွှန်ဆုံးမခဲ့တာကို နှလုံးသွင်း၍ အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းကြပါ။။ အထူးသဖြင့် ပြည်ပတွင် အကြောင်းအမျိုးမျိုးကြောင့် ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေဟာ မိမိတို့မိခင်ဘာသာစကားကို ဂုဏ်ယူစွာ ပြောဆိုကြပါ။ မျိုးဆက်သစ်တွေကိုလည်း တခြားဘာသာစကား သင်စေမယ့်အရင် မိခင်ဘာသာစကားကို ပီပီသသ သင်ပေးကြပါ။ မိမိ မိခင်ဘာသာစကားရဲ့ ဂုဏ်မြင့်ပုံကို နားချပါ။ မိမိ ရောက်ရှိရာဒေသရဲ့ ဘာသာစကားကို အကြောင်းအားလျော်စွာ သင်ယူရရင်လဲ မိမိတို့ရဲ့ မိခင်ဘာသာစကားကို မမေ့ပစ်ပါနဲ့။ တခြားဘာသာစကားနဲ့ ရောနှောပြောဆိုခြင်းကို ရှောင်ရှားပါ။ စာပေအရေးအသားဖက်ကို အရေးတယူကိုင်တွယ်ဆောင်ရွက်ကြပါ။ ရှေးဟောင်းစာပေတွေကို တတ်နိုင်သလောက် ဖော်ထုတ်ကြပါ။ ဤနည်းဖြင့် အမိဘာသာစကားကို ဝိုင်းဝန်း စောင့်ရှောက်ထိန်းသိမ်းကာကွယ်ကြပါစို့။ ကမ္ဘာတည်သရွေ့ ရိုဟင်ဂျာလူမျိုးနဲ့ ရိုဟင်ဂျာဘာသာစကား တည်တံ့ပါစေ။ ©


လူထုဝဏ္ဏ

၁၈ - ၅ - ၂၀၂၁  


❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

Friday, May 14, 2021

Cántir Zobanár Eid Forok



 Cántir zobanár Eid Forok


Eid or maaní oildé "kúci". Tamaam musólman okkolor lá Allah ta'ala ye bokcíc goijjé dé doñr din ókkol ór bútortún ekkán din. Ziyan oré romzanor san fúrai foila dinot lootfaza. Eidór mubarek dinor loi bazái Ruwaiñgá okkól e maic yían oré "Eidór San" boli dake. 

Arobi maic caawal (Ro- Eidor San)or ek taríká kulle musólman ókkole Eid or din yian bana. Din yian Islam dórmor ekkán doñr din. Mogor ek zaga loi ar ek zaga, ek zati loi ar ek zati dórmor gírar butóre táki yian oré goredé tour-torika beec-khom asé. Nizor nizor bab dadar rosóm rewaj mozin elaka loi hárai oré kucír din yian haça. 

Añára Arakan or bácínda Ruwaiñgá zati oulé yó nizor rosom rewaj mozin kúcir sáñté Eid yián goré. Kúci-hañcí musom oré Ruwaingá é "Forok" boli ho. Eid yian goredé añárár rosómi tour-toriká ré átai saitó moné hoilé, ho ekkán híssá íkká díyan diyaforibó. Eid-ór toyari, Eid-gáhr Caan, Eid-ór fiçá-hóla, Eid-ór kúci-háñci, endila, endilla…


Eid-ór Toyari

Eid-ór hóbor diki romzanor san ulede yaalotí mancór dillot sor boi aiyé. Fuwain okkole ruza baade Eid-ór kúci aibo dé yianór acá monot fúçe. Acá yían loi nanan doilla bafá okkól mone-mone gune. "Ar ho-din asé Eid aité", Ruza ré goni-goni kúcir acá baçá. Dil mon cántir sáñté ruza rakí fisó háptát mazé kúcir cúru óu. Yían oildé Eid-ór bazar. 

Eid-ór bazar deki kúci ókkolór bútoré foilár cúrur doñr ekkán kúci. Eid-ór bazar oré "Forikka bazar" boli hoi dake. Manúic ókkolé nizor hásti mozin foicá-horí zoma goijjede iin nizor gór oula okkólor lá kúcir sáñté hossá goré. Fuwain súwain hátot loi bazarot za. Hour-suwor, hána-fina kine. Besoya ar kinoya dui ní zat kúci óu. Forikka bazar sille sira noza. Cáyer e zuraiyé, 

" Eidór kúci boyarot miyáiyé, duré-dáre kúcbo fooñsé, nati foran hátot dóri, forikka bazarottún aiyér buska bóri."

Akhéri Ruzar háñzinná san saar mouka aiyé. Doñr mancór túaró gura fuwainórtú dile no-mane. Assan sáf gorí daházade usol zaga ekkan ót manúic zoma ó. Gura fuwaindór señmu yé kúcir maahoul bana. Zehón assanot noiya san mubarek daháza, gura fuwaindé uzor goré. É uzore farar fura mancé ótfá de san uillé boli zé. Aró nanan doilla giit ókkol gaa. Zeen, 

" San uillé san uillé, doin mikká hait oiyé, bodda lá bou aner dé bicí rait óiye."
Aró, 

" Ajja ruza, hailla Eid , Tor maa hañder fiñt fiñt"
éndilla, éndilla...

Cáyer é Eid-ór moukat nizor hañsé nái dé adorbon ókkolór lá Maar feth furani zahér gorí giit zurai diyé. Aró farat Cíyáñ mata. Tak baijja. Dúl máre, taaké hailla Eid-ór hóbor faijja thíya zane. 

Farar Eid-ór sólla mocuwara ré Ecár-ór nomaz baade cómaiz e taain goré (tik goré). Hailla keen keen hotuunót Eid gorí bóu. Cómaz ór mocuwara mozin Eid-ór nomas foríbar wokto ar zaga tikgoré. 

Eid-ór nomas foredé zaga ziyian oré "Eid-gáh" boli ho. Yian Eid ór kúcir hoilla. Farar fuwaindé Eid-gáh banai bollá comazór mocuwara loi fara baaror kúla moidanot ekraitta lóti ham cúru goré. Cíyañ baañc, roñggin habos, keñsa fúl iin loi Eid-gáh ré bana. Fuwainde Eid-gáh banat kúci táke. Gore-gore maa-boin ókkolé haillar lá fiçá hóla banar toyari goré. Najjol kurba, guri dhubya notákilé guri dhufe. Gura fuwainde mazé mazé tin-gulá dé. Juwan miyala fuwaindé moodí lagat forí táke. Eené-teené rait fúra. Biinná óilé abbar duwadi. 

Eid-ór gusól goríbollá duwadi o. Ek-zonor age ek-zon duñre. Farar fōir, dhii, hál arde sórat mazé gaa-dúwar zibbat diyéfán óu. Osin cáyer e zuradde…

"Fini kúwar barizat mazé, cít goré kiyá hoi nofaré, noroinná noroinná gura fuwain hafilé yó háñcat táke, gaa-duité ek-zonor age ek-zon záb dé."
Ciít khálor musomót Eid-ór gusól gorár nozara ré cáyer é een gorí zaher goijjé. Baade forikká bazarottún ziin kini ainníl, íin finí oré háñzé. Kúcbo ator, cúrma lagai maa-boin é gura fuwaindóre toyar goré. Baade bab-fut beggún mili óre noiya dhulár dikká Eid-gáht zaa cúru goré. Gale gale takbir foré.


Eid-gáhr caan

Ebela, Eid-gáhr manzor muúntú aiyé. Eid-gáh tú bare-bare cíyáñ matai farailla ókkol óre húñciyari dé. Maaní Eid-ór nomas ór wakto hañsé aiyer tora tori ai zogoi. Maik neillé dé zobanat mazé maik loi elan gorí dake. Eid-ór tarana ókkol, naatiya okkol foré. Een é farailla ókkol Eid-gáht mazé age fisé házer ou. Een cúndor góri házaiye dé Eid-gáh ré sailé Eid-ór ekdók kúci fura oizagói. Foran cánti ou. Eid-gáhr sairó dákottú duwan ókkol boiyé. Nabalek Fuwaindé sairo dákortún Eid-gáh ré gíri doré. Eid gáht mazé nomas foríbollá toyari goré. Imam sab e muuntú Eid-ór boçayi, Allahr cúkuria, farailla lá nosiyot okkól boyan goré. Yiañt mazé ar ekkán ham deki zehón manúic fura ó, cómazor icára loi farar Imam sab ókkolor lá hádiya yó tulé. Akherí cíyáñ matai Eid-ór dui rakat nomas cúru gorí foré. Een sóllukir ekkán caan dé zedeké te foorái no-faré. Gair koum e ammúk há. Eid-ór khutbahr baade akheri munajat goré. Munajat ot Allah cúkuriya adagoré, gunáttún maf saa, fara arde fura musólman ókkolórláh solamotir duwa gorí Eidór nomaz hótom goré. 

Eid-gáht tún wafesir age ar ekkán cúndor monzor dahá za. Ziyan oildé, bái ye bai ye azazi goré. Anbond manúic okkól e ek-zon ottún ar ek-zon e maf saa. Golat dóri handa-randá goré. 

Yáar baade, Eid-gáht tún nizor fuwain-súwain loi wafes ói khoborostan ót ziyarot goitto za. Khoborot mazé giyoi dé nizor adorbon ókkolor lá cúkfari handa-randa goré. Allahr tún tarár mogferotór dua magé. Tarbaade wafes górot aai maa-bab, murobobbi, bái boin okkól oré sálam goré. (Age foot dóri sálam goréde rewaj accíl. Mogor Islam dormot maná dé yian zani óré aste-aste foot dórá cómazottún háñzi giyói.) E woktó yiánot fuwaindór kúci ar ekkán daháza. Ziyían Eidii. Nizor cóñro bái-boin, bána-bani okkól oré Eid-ór hádiya dede ciz oré "Eidii" boli hou. Gura fuwaindé doñr okkól oré salam diyar zur bará. Taaké taráttún Eidii loi faribóllá. Mogor, ze salam node, te Eidii tún maarúm oizaiboi. Hoitó sailé, fuwaindór hamanir ekkán kúcir monzor. Cáyer é zuradde,

"Tok tok salam didi, Eidii loiyum zeb bóri. Sémai haibár mon no-uoza, Eidii failé dil zura."

Cáyer e Eid-ór dín gura fuwaindór dilor hálot oré zahér goijjé dé fot. 


Eid-ór fiçá-hóla

Manúic ókkol e giñyat gucthí, fúwaijja-ajjá, hátillá, murobbi okkolór górot mazé muulot óibolla zaa. Ek gór baade ek gór zai-zai muulot goré. Eid-ót honó górot zaité daawot diya no-foré. Ókkol zonollá góror duwar kúla také. Zati ouk yá bezati. Ham yian oré "bera" boli hodé éri. E októt ar ekkán monzor muúntú aiyé. Górot aiyédé gorba okkól oré kessú no-hái zaito node. Fiçá-hóla yó hába, gurá fuwain óilé Eidii yó de. Éen oilé, ruwaiñggá ókkóle Eid-ór fiçá-hóla ki goré. Eid-ór hána haasgorí mirá jinís bana. Mocúr oildé, "Álluá-Luri". Álluá-Luri hodé, háluwa arde Luri fiçá. Iin oilde addada-babdadar silsilá. Mogor Bitíc ór zobanar akhérit mazé Indiattún Sémai hoi nasta foida goijjé. Fisé-fisé Ruwaiñgá ókkole yó Álluá-Luri -r zagat Sémai re estemal gorí accé. Ajó baas zagat mazé Alluá-Luri bana. Sémai yó randé. Luri fiçá loi gusto diyó há.

"Luri firá Alluá berái feth bórai ká hailí, Añár fiçá tita miçá hoi no-faillí."
hoi mocuur cáyer or fot zuraiyé dé asé.

Eene farar záñlá, tin mua, sommonit yá Eid-gáh hañsé toitta duwan ókkol táke. Ére fuwain ókkolé kúci háñci goré. Kéla-dúla goré. Ek zagattún ar ek zagat gúra-firá gorí bera. Beil no-gólibár age-age eidii tuillá ófan duwadi goré. Ené téné Eid-ór din kúci yé fúra. 

Cántir zobanat mazé Eid-ór nomasóttún fárek oi baade Dorvecí naas loi máhfel goríbá córo accíl. Yátou raitta goríto. "Dorveci Máhfel" hodé manúic okkól (10-15 zon) gulhái tíyai ekku fúáñti gaa ré gúlhai fakkára, muummikká haiñ mari, hát lari, kéne boi nasá goittó. Gale duwa durut zikír ókkol ó goittó. Mazé yó fúl-túl loi háñzaiya kessú táito. Dákóttun Dab ó bazaitó. Arakonor bazu elakat mazé dorveci máhfél oré oinno nam loi yó dhake. E máhfel ibá Maarfótor zikír goredé éntun boni accé dé bicí furana ek kisímma torika. Cúde Eid forokot goríto dé nou, oinno-oino doñr din, kúcir din ókkolót ó goríto. Dorveci naas loi máfel goitó de iin agor mancé súwabor niyote goríto. Tará súwab boli buzíto. Mogor, iin bedaat dé yían hoifári baade aste-aste cómaz e eri difeillé. Ajó óddó, Arakanor kessú zagat mazé goré dé asé. 

Toilé, Agor zobanat lotí ehón fojjonto Ruwaingá musólmán ókkolé Mubarek Eid ór kúci ré een góri haçaitó. Eid ór kúci, fiçá-holár khúcbo fara aga-gurá sáizagoi. Buod-din fán e kúcir dhóñk mancór dilot táki zagoi. Aiyéddé bosórór Eid-ór acá monot gañritó... 



RohangKing

(14-May-2021)

**************


Wednesday, May 12, 2021

ရှေးစကား ရွှေအလား [၅]| ကျီးကန်းတောင်းမှောက် နေရဆဲ


ရှေးစကား ရွှေအလား (၅)


“Théñgór Konkuru, Bitíc ór Foilá gáñti Toung Bru.”

(ထဲ့ငေါ်ရ် ကောင်ကူရူ၊ ဗီတီသှ်ျ ဩရ် ဖိုအီလာ ဂါးဌီ တောင်ဗ)

ဤ ဆိုရိုးလင်္ကာသည် ကိုလိုနီဆိုး ကျွန်ဘဝကို  ရက်ရက်စက်စက်ခံခဲ့ရတဲ့ မြန်မာပြည်သူပြည်သားတို့၏ ဘဝကို  သရုပ်ဖော်ပြနေခြင်းဖြစ်သည်။ ကိုလိုနီခေတ်အစောပိုင်းတွင် စပ်ဆိုခဲ့သော လင်္ကာဟု ခန့်မှန်းရသည်။

ဆိုရိုး၏ တိုက်ရိုက်အဓိပ္ပာယ်မှာ-
“ဗြိတိသျှကိုလိုနီ နယ်ချဲ့အစိုးသည် တောင်ပြို၌ စတင် ခြေကုပ်စခန်းချသည် အချိန်မှစ၍ မြန်မာပြည်သူပြည်သားတို့၏ လွတ်လပ်သော ဘဝသည် ခြေချင်းတပ်ခြင်းခံခဲ့ရလေသည်။” ဟူ၍ ဖြစ်သည်။ 

နယ်ချဲ့ကိုလိုနီတို့သည် ရခိုင်ပြည်နယ် နယ်စပ်တောင်ပြိုကို လက်ဦးသိမ်းပိုက်ခဲ့ချိန်မှ စ၍ ကျွန်စနစ်ကို ရက်ရက်စက်စက်ခံခဲ့ရကာ ကျွန်ဘဝသို့ ဒိုးဒိုးဒေါက်ဒေါက် ရောက်သွားခဲ့ရလေသည်။ 

၁၈၂၄ ခုနှစ် ပထမ အင်္ဂလိပ်မြန်မာ ကျုးကျော်စစ်ပြီးနောက် ရခိုင်နှင့် တနင်္သာရီတို့သည် ကိုလိုနီ လက်အောက်ကျရောက်ခဲ့ရ၏။ ရခိုင်မှ တောင်ပြိုနှင့် မောင်တောတို့သည် ဗြိတိသျှတို့၏ လက်အောက်သို့ အဦးဆုံးကျခဲ့သည်။ ထိုစဉ် ကိုယ့်ပြည်ကိုယ့်မြေနှင့် လွတ်လွတ်လပ်လပ် နေထိုင်လာခဲ့သော တိုင်းရင်းသား ရိုဟင်ဂျာတို့သည် နယ်ချဲ့ကိုလိုနီတို့၏ ဖိနှိပ်ချုပ်ချယ်မှုကို အစောဆုံးနှင့် အခါးသီးဆုံး ခံခဲ့ရလေသည်။

ရိုဟင်ဂျာလူမျိုးစုသည် ဗမာပြည်တွင် တိုင်းရင်းသားလူမျိုးစု အားလုံးထက် အစောဆုံး ကျီးကန်းတောင်းမှောက် နေခဲ့ရသည့်အပြင် ကံအားလျော်စွာ ယနေ့အချိန်အထိ နှိပ်စက်မှု တွင်းနက်ထဲမှာပင် ကျန်ရှိနေဆဲဖြစ်လေသည်။ 

ထိုဘဝမှောင်ကို မှတ်တမ်းတင်သည့်အနေနှင့် ရိုဟင်ဂျာစာဆိုသည် ဤလင်္ကာဖြင့် မှတ်တမ်း ညည်းညူခဲ့လေသည်။ 

လူထုဝဏ္ဏ(ရိုဟင်လေး)
19-10-19


Ref. ဆင့်ပြန်သူ- Mayyu Ali

ဝေါဟာရအဖွင့်

Théñgór    = ခြေထောက်၏
Konkuru    = ခြေချင်း
Bitíc ór       = ဗြိတိသျှတို့ရဲ့
Foilá gáñti = ပထမဦးဆုံး စခန်း
Toung Bru  = တောင်ပြို


Monday, May 10, 2021

ရှေးစကား ရွှေအလား (၇)


 ရှေးစကား ရွှေအလား (၇)


"Againna ka guijja 

darram ka zat toul no gorjja

Cángbeñgya la cóñggi khattai

Avaya ré di córai."

- Old Rohingya Poetry/ Osin Cáyer


ဒီရှေးလင်္ကာဟာ ရိုဟင်ဂျာ့ရိုးရာပုံပြင် တစ်ပုဒ်တွင် တွေ့ရှိရတာဖြစ်ပါတယ်။ သက်ကြီးတစ်ဦးက ပြောပြရာမှ ရေးမှတ်ထားတာဖြစ်တယ်။ ဒီလင်္ကာကို တချို့သက်ကြီးတွေက ပယောဂဆရာတွေ နတ်ကပွဲမှာ သုံးလေ့ရှိတဲ့ ဂါထာတစ်ပုဒ် ဖြစ်တယ်လို့လဲ ဆိုပါတယ်။ လင်္ကာအသုံးအနှုန်းက ခေတ်တစ်ခုနှစ်ခုလောက် အရင်က အသုံးအနှုန်းလို့ ခန့်မှန်းရတယ်။ ယခုခေတ် ရိုစကားနဲ့ နဲနဲ ကွာခြားနေတော့ ဘာသာပြန်ရရှုပ်ပွေသွားတယ်။ ဖတ်ရုံကြားရုံနဲ့ နားမလည်နိုင်ဘူး။ 

ဒါပေမဲ့ ဒီလင်္ကာကို သေသေချာချာ မချွတ်မယွင်း စေ့စပ်စိစစ်ဖတ်ကြည့်မယ်ဆိုရင် သမိုင်းဖြစ်ရပ်မှန်တစ်ခု ကင်းအောင်းနေကြောင့် တွေ့ရမှာ ဖြစ်တယ်။ သမိုင်းဖြစ်ရပ်တစ်ခု ပုံပြင်ထဲ ဘယ်ပုံဘယ်နည်း ရောက်လာသလဲ မေးခွန်းကို ဖြေဖို့တော့ ခက်ပါတယ်။ တေးသီချင်း အပိုင်းအစ တစ်ခုကို ပုံပြင်ဆရာက ကောက်နုတ်ထည့်သွင်းထားတာလို့ မှန်းဆနိုင်ပါတယ်။ 

ယခုလင်္ကာရဲ့ အဓိပ္ပာယ်က "အညာနှင့် အရင်း၊ လူမျိုးနှင့် ဘာသာ မချိန်တွယ်ဘဲ၊ ချင်းပြန် နှင့် လက်တွဲညီညွတ်ကာ

အင်းဝသားတွေကို နှင်ထုတ်ကြမယ်။ " ဟု အားပေးတိုက်တွန်းနေပုံ ဖွဲ့ဆိုထားပါတယ်။ ပုဒ်ချင်း အဓိပ္ပာယ်ကို လေ့လာကြည့်တဲ့ခါ "Againna" ဆိုတာ aga အညာ ဒါမှမဟုတ် ထိပ်ဖျားလို့ အဓိပ္ပာယ်ရတယ်။  "Guijja" ကျတော့ အရင်း ဒါမှမဟုတ် ပင်စည် လို့ အဓိပ္ပာယ်ရတယ်။ ပုဒ်နှစ်ခု ကြားက ka ဆိုတဲ့အသုံးက ယနေ့ခေတ်မှာ ရှားပါးတယ်။ ယနေ့ခေတ် ဝေါဟာရနဲ့ အစားထိုး ပြောရရင် arde / ar. နှင့် အဓိပ္ပာယ်ထွက်တဲ့ အမေးသဘောဆောင် စကားဆက်ဖြစ်တယ်။ "Darram" ကျတော့ dórmo ဘာသာ၊ zat လူမျိုး၊ အမျိုးအစား လို့ ဆိုလိုတယ်။ toul ကျတော့ အလေးချိန်တွယ်သည်။ no gorjja က no gorí ဖြစ်တယ်။ toul ကြိယာကို အငြင်းသဘောဆောင်ဖို့ သုံးနှုန်းထားတာဖြစ်တယ်။ ဒါဆို မချိန်တွယ်ဘဲ ပေါ့။ ဒီအပိုဒ်ရဲ့ ဆိုလိုရင်းက အရင်း၊ အဖျား ဆိုတာက "အညာနှင့် မြို့၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ (မချိန်တွယ်ဘဲ)" လို့ ဖြစ်တယ်။ 

"Cángbeñgya" ဆိုတာ လူနာမည် ဒါမှမဟုတ် နေရာဒေသတစ်ခုတွင် နေထိုင်သူ ဖြစ်တယ်။ ဘာကြောင့်ဆိုတော့ ရိုဘာသာစကားမှာ ya ပစ္စည်းဟာ လူနာမည်ရဲ့ နောက်မှာ ရင်းနှီးတဲ့သဘောနဲ့ ထည့်ခေါ်လေ့ရှိတယ်။ ဥပမာ- Maung Phyu ကို Maung Phyujjya ၊ halu ကို halaya စသည်ဖြင့် သုံးနှုန်းလေ့ရှိတာပေါ့။  ဒါ့အပြင် နေရာဒေသ တစ်ခုခုတွင်နေထိုင်သူကိုလည်း  ya (-သား) လို့ သုံးကြတယ်။ ဥပမာ- သံတွဲကို Sanda ၊ သံတွဲသားကို Sandaya လို့ ခေါ်ကြတယ်။ နောက်က အပိုဒ်ကို ဖတ်ကြည့်တဲ့ခါ ဒီပုဒ်ဟာ လူ တစ်ဦးတစ်ယောက်ရဲ့ နာမည်ဖြစ်ကြောင်း သိသာတယ်။ la က loi အတူ၊ Cóñggi khattai က စည်းလုံးညီညွှတ်ခြင်း လို့ အဓိပ္ပာယ်ထွက်တဲ့ ပေါရဏာစကားလုံးဖြစ်တယ်။ coñggi နဲ့ khattai အဓိပ္ပာယ်ချင်းတူပါတယ်။ ပုဒ်ကွဲ အနက်တူပေါ့။ စည်းလုံးမယ်၊ ပေါင်းမယ်၊ သွေးစည်းမယ် ဆိုတာက လူနဲ့ပဲ ဖြစ်မယ်လေ။ ဒါဆို ချင်းဘန် ဒါမှမဟုတ် ချင်းပြန် ဆိုတဲ့ လူတစ်ဦးတစ်ယောက်ရဲ့ နာမည်ဖြစ်ကြောင်း ထင်ရှားစေတယ်။ ဒီကြောင်းမှာ ဆိုလိုတာက "ချင်းပြန် ဆိုတဲ့ ခေါင်းဆောင်နဲ့ လက်တွဲ သွေးစည်း ပြီးတော့"လို့ ဖြစ်တယ်။ 

နောက်ဆုံးအပိုဒ်က လင်္ကာတစ်ပိုဒ်လုံးရဲ့ အသက်ပဲ။ Avaya ဆိုတာ Ava ဆိုတဲ့ဒေသမှာ နေထိုင်သူ ဖြစ်တယ်။ Ava က အင်းဝမြို့ကို ခေါ်ဝေါ်ခဲ့တဲ့ နာမည်ဖြစ်တယ်။ avaya ဆိုတော့ အင်းဝသား ပေါ့။ ဒါပေမဲ့ ဒီနေရာမှာ အင်းဝမြို့မှာ နေထိုင်တဲ့သူ သက်သက်ကို ဆိုလိုတာမဟုတ်ဘူး။ ရှေးအခါက ဗမာလူမျိုးတွေကို ရိုဟင်ဂျာတွေက avaya လို့ ခေါ်တာဖြစ်တယ်။ ဒီအသုံးအနှုန်းဟာ ကိုလိုနီခေတ်ရောက်တော့ တဖြေးဖြေး ပျောက်ကွယ်သွားပြီး ဗောရ်မာယာလို့ အစားထိုး ခေါ်ဝေါ်လာတာဖြစ်ပါတယ်။  ré ကျတော့ ဝိဘတ် 'ကို' ဖြစ်တယ်။  "di córai" က córai di ဖြစ်တယ်။ နှင်ထုတ်ကြမယ်/စို့ လို့ အနက်ထွက်ပါတယ်။ ဒါဆို ဒီတစ်ကြောင်းလုံးရဲ့အနက်က "ဗမာတွေကို နှင်ထုတ်မယ်/စို့" လို့ ဆိုလိုတာဖြစ်တယ်။ 

ဒီတော့ တစ်ခုလုံးရဲ့အနက်ကတော့ " အညာသား၊ မြို့သား၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ ချင်းပြန် နဲ့ ပူးပေါင်းသွေးစည်းကာ ဗမာတွေကို နှင်ထုတ်ကြမယ်" လို့ ဆိုလိုတာပါ။ 

ဒီလင်္ကာဟာ ချင်းပြန်ဆိုတဲ့ သူက ဗမာတွေကို နှင်ထုတ်ဖို့ ရုန်းနေတဲ့ခေတ်မှာ ပေါ်ပေါက်ခဲ့ကြောင်း ဒွိဟသံသယမရှိ ထင်ရှားစေပါတယ်။ ဒီနေရာမှာ ချင်းပြန် ဆိုတာ ဘယ်သူလဲ ဘယ်ကလဲ။ ဗမာတွေကို ဘယ်ကနေ နှင်ထုတ်ဖို့ ကြိုးစားခဲ့တာလဲ။ ဒီလိုဖြစ်ရပ် တကယ့် ဖြစ်ခဲ့ဖူးတာလား။ ဒါမှမဟုတ် ပုံပြင်တဲ့လား။ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ခရီးစခဲ့တော့ မိမိနဲ့ အနီးအနားမှာ လက်လှမ်းမီတဲ့ ပုဂ္ဂိုလ်တွေဆီ  စုံစမ်းကြည့်တယ်။ အကြီးတန်းစား သမိုင်းဆရာကြီးတွေတော့ မဟုတ်ဘူးနော်။ ရာဇဝင်သမိုင်းသိ လေးစားရတဲ့ ဝါရင့်ပုဂ္ဂိုလ်တွေပါ။ သူတို့နဲ့ ချင်းပြန် အကြောင်း မေးကြည့်တော့ "ဟုတ်တယ်… အာရ်ကန်ပြည်ကို ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက ၁၇၈၄ ခုတွင် ကျူးကျော်သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း ချင်းပြန် (ချင်းပျံ) နာမည်နဲ့ ရဲစွမ်းရဲခေါင် တော်လှန်ရေးသမား တစ်ယောက် ပေါ်ပေါက်ခဲ့တယ်။ သူဟာ မယူဒေသကနေ လက်နက်စွဲကိုင်ပြီးတော့ နယ်ချဲ့ဗမာတပ်တွေကို တော်လှန်ခဲ့တာဖြစ်တယ်။ အိန္ဒိယဖက် (ယနေ့ ဘင်္ဂလားဒေ့ရှ်) မှာလည်း ခိုလှုံခဲ့တယ်။ ကုမ္ပဏီက သူ့ကို ထောက်ခံပြီးတော့ အကူညီတွေလည်း ပေးခဲ့တယ်လို့ ဆိုတယ်။" စသည်ဖြင့် ပြောပြတာကို ကြားရတော့ ဝမ်းသာမဆုံးဖြစ်ရခဲ့တယ်။ ဗိုလ်ချင်းပြန်အကြောင်းနဲ့ လင်္ကာတစ်ခုလုံးရဲ့ ဆိုလိုရင်း၊ ကာလဒေသနောက်ခံတွေကို ကွက်ကွက်ကွင်းကွင်း ပေါ်လွင်သွားပြီ။ ဒီလင်္ကာဟာ ပုံပြင်ထဲက လွမ်းခန်း ညည်းနေတဲ့ လင်္ကာမဟုတ်ဘူး။ တကယ့်ဖြစ်ရပ်မှန် သမိုင်းတစ်ခုကို မှတ်တမ်းတင် ဖွဲ့ထားကြောင်း သေချာသွားလေတယ်။ 

ဒီတော့ အာရ်ကန်ပြည်ကို ဘိုးတော်ဘုရင်က ကျူးကျော်သိမ်းပိုက်ပြီးနောက် အာရ်ကန်ပြည်သူပြည်သားတွေကလည်း သူ့ကျွန်မခံလိုတဲ့ စိတ်ဓာတ်နဲ့ နယ်ချဲ့ကို လက်နက်စွဲကို တော်လှန်ခဲ့ကြတယ်။ အဲ့ဒီလို တော်လှန်ခဲ့ကြတဲ့ခါ ရိုဟင်ဂျာတွေလည်း မိမိတို့ ထီး၊ စည်၊ နန်း ဆုံးရှူံးခံရတာကို လက်ပိတ်ကြည့်မနေဘဲ ရခိုင်ညီနောင်တွေနဲ့ အတူတကွ ရွပ်ရွပ်ချွံချွံ ပါဝင်ခဲ့ကြောင်း ဒီလင်္ကာက သက်သေခံနေပါတယ်။ 

ရိုတွေက ဘယ်အတိုင်းအတာအထိ ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာလဲ။ ရိုတွေဖက်က ဦးဆောင်ခဲ့သူက ဘယ်သူလဲ။ စတဲ့ဟာတွေ တိတိကျကျ အခိုင်အမာ ပြောဆိုဖို့ ခက်ပါတယ်။ ကျောသား၊ ရင်သားမခွဲခြားဘဲ အဟုတ်သည်အဟုတ်၊ အမှန်သည်အမှန် ရှိရမယ်လို့ စိတ်ဓာတ်ဖြူစင်စွာ ထားရှိပြီး သုတေသန ပြုဖို့လိုအပ်ပါမယ်။ ဒါမှသာလျှင် သမိုင်းမှန် ဖော်ထုတ်ဖြစ်မှာပါ။ ဒီနေရာမှာ ကျနော်ရှင်းလင်းတင်ပြခဲ့တာက ရှေးခေတ်တေးလင်္ကာတစ်ပိုဒ်ရဲ့ ဖွင့်ဆိုချက်သက်သက်ဖြစ်ပါတယ်။ ရိုစာပေ သုတေသန အသေးအမွှားသာ ဖြစ်ပါတယ်။ ရာဇဝင်သမိုင်းကို သုတေသနပြုခြင်းမဟုတ်ကြောင်း သိစေအပ်ပါတယ်။ 

(ရိုဟင်လေး)

April 26, 2019.


Ref:  ဆင့်ပြန်သူ- Ayub Alom (62)

Grat chang


Friday, May 7, 2021

ရိုဟင်ဂျာ ဘယ်ကစလဲ၊ မြန်မာနိုင်ငံဘယ်လိုစသလဲ?


ရိုဟင်ဂျာ ဘယ်ကစလဲ၊ မြန်မာနိုင်ငံဘယ်လိုစသလဲ?

— အန်ကယ် Patrick Tan

            အင်္ဂလိပ်တွေက အဲ့ဒီဒေသမှာ သူ့ထက်အရင် အခြေလာချတဲ့ အာရဗ်တွေက အကျပ်တောင်ကို အစွဲပြုလို့ အက္ကယဗ် Akyab လို့ ခေါ်ဆိုခဲ့တဲ့မြို့ကို သူတို့ကလည်း အက္ကယဗ်လို့ ဆက်ခေါ်လေတော့ နံမည်အမှန်က ငါတို့ရခိုင်ဘာသာစကားအရ စိုက်တွေ ကွ… စိုက်တွေ… စိုက်တွေ လို့ခေါ် ဆိုပြီး တောင်းဆိုလို့ Sittwe စစ်တွေလို့ ပြင်ပေးခဲ့ရတယ်။

အာရဗ်တွေက အဲ့ဒီဒေသခံတွေကို အာရကန် (စစ်ဘီလူး)လို့ မှည့်ခဲ့ရာဘီလူးဆိုတဲ့အနွတ်သညာကိုမကြိုက်သလို အာရဗျီစကား အာယက် (သေရည်) ဒါကြောင့် အရကန်ကို Ambiguity သဘောနဲ့ (ရ-R) သံအစား (ယ-Y) သံ သုံးပြီး အာရကန်လို့မခေါ်ဘဲ အာယကန် အရက်သမားလို့ နှိမ့်ချခေါ်ဆိုတာမကြိုက်တာကြောင့် ငါတို့ အာရကန်မဟုတ်ဘူး။။ ရခိုင် Rakhine ကွလို့ ပြင်ပေးခိုင်းတော့လည်း ပြင်ခေါ်ပေးခဲ့ကြရတာပဲ။

အင်္ဂလိပ်က မော်လ်မိန်း လို့ခေါ်တွင်ခဲ့တဲ့မြို့ကို မော်လမြိုင်၊ ပရုမ်း Prome လို့ခေါ်တဲ့မြို့ကို ပြည် (ပြေ) လို့ မွန်အသံထွက်အမှန်အတိုင်းပြင်ပေးခဲ့ရသလို၊ အာရဗ်တွေအမည်မှည့်ခဲ့တဲ့ မာသားဘဲန်(မာတာဘန်)ကို မုတ္တမ၊ ဆီရီယမ်ကို သံလျှင်၊ မားကွီးကို မြိတ်(ဘိတ်)၊ဘာဆီးန် Bassein ကို ပုသိမ်လို့ မွန်အသံထွက်အမှန်အတိုင်း ပြင်ပေးခဲ့ရတယ်။

ဒါကြောင့် အင်္ဂလိပ်က အာရကန်မူစလင်မ်လို့ မှတ်တမ်း အသွင်းခံရသူ မေယုဒေသသားတွေက (အစ္စလမ်ဘာသာဝင်တိုင်းဟာ သူတို့ကိုမူစလင် မွတ်စ်လင်မ်လို့ အနွတ်သညာ ခေါ်ဆိုမှုတိုင်းအား ကြည်ဖြူစွာ လက္ခံကြပါတယ်)

ငါတို့ ဘာသာစကား အသံထွက်အမှန်အရ "ရိုဟင်ဂျာ" လို့ခေါ်ဆိုတယ် ဆိုတာကျတော့မှ ဘယ့်နှယ် လက်မခံ။ ဟင့်အင်း… ဟင့်အင်း ဘင်္ဂါလီပါပဲလို့ အကြောက်အကန်ဖျင်ကုန်းငြင်းပြီး ရိုင်းစိုင်းတဲ့စိတ်ဓာတ်တွေပြကြတာတုန်း။

ဥပမာ မြန်မာနိုင်ငံက ချင်းတွေ ပထမဆုံးအလုံးအရင်းနဲ့ မြန်မာနိုင်ငံဆိုတာ မကြားဖူးတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အခြေချခဲ့ကြတယ်။ သူတို့က သူတို့ရွှေ့ပြောင်းလာတဲ့မူလဒေသ မြန်မာမြေပုံကို လက်ထောက်ပြထားခဲ့တယ်။

ဒီတော့ ထိုအစိုးရက အဲ့ဒီနိုင်ငံလာတဲ့လူမှန်သမျှ "ချင်း" တွေ ဖြစ်တယ်လို့ ယူဆထားမယ်။

ခင်ဗျားတို့ ပြည်မက ဗမာလူမျိုးအချို့ကလည်း ထိုနိုင်ငံမှာ အနေအစားချောင်လို့ ပြေးဝင်ခိုလှုံကြစဉ် ထိုအစိုးရက ဟေ့ မင်းဟာ အဲ့ဒီတိုင်းပြည်ကလာရင် သောက်စကားမများနဲ့ ဗမာတွေ မြန်မာတွေလာမလုပ်နဲ့ ချင်းလူမျိုးပဲ လို့သာဆိုရင် ခင်ဗျားတို့ ဘယ်လိုခံစားရမလဲ။

ပြောကြစမ်းဗျာ။ ဒါ ကျနော် ခြုံယူဆင်ချင်သဘောတရားအရ စဉ်းစားကြည့်တာပါ။ ဥပမာ ပြောတာပါ။ ဘာဗဟုသုတမျှမရှိတဲ့ နွားခြေရာခွက်ထဲကဖားသူငယ် ဗမာလူမျိုး နလဗိန်းတွေ လူ့အဆင့်မီမီနဲ့ တွေးကြည့်စမ်းပါဗျာ။

ထပ်ပြောပါဦးမယ်။

လူတစ်ဦး သူ့ရဲ့အသိမ်းခံရသောမြေကို ပြန်တောင်းမယ်ဆိုလျှင် မြေပုံနှင့်တကွ သူ့ရဲ့ပိုင်နက်မြေကိုအတိအကျ တောင်းဆို ရယူနိုင်ရမယ်။

မြန်မာပဒေသရာဇ်နောက်ဆုံးမင်းဆက် ကုန်းဘောင်ရွာသားတွေမှာမြန်မာပြည်ဆိုတဲ့မြေပုံ ရှိကို မရှိခဲ့သလို သူတို့ပိုင်နက် ဘယ်ကနေဘယ်အထိ၊ ဘယ်လောက်အတိုင်းအတာ ကျယ်ဝန်း ပိုင်ဆိုင်မှန်းကို မသိခဲ့တာပါ။

အလွန်ခေတ်မီခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ ဘိတ်အရှေ့ (The second last)ဘုရင် မင်းတုန်းမင်းတောင် သူတည်တဲ့ မန္တလေးမြေပုံပဲရှိခဲ့တယ်၊ ဒါပေမယ့် Original မှတ်တမ်း ထိမ်းသိမ်းမထားခဲ့ဘူး။ ဧရာဝတီမြစ်တောင် ဘယ်နားက စ မှန်းမသိခဲ့ကြတဲ့ လူမျိုးတွေပါ။

နေမဝင်ပြည့်ရှင်အင်္ဂလိပ်တို့ အိန္ဒိယအင်ပါယာကိုသိမ်းပြီးနောက်ယင်းနှင့် ထိစပ်နေသော မြန်မာပြည်ကို သုံးကြိမ်စစ်ခင်းလို့ သိမ်းပိုက်ခဲ့တယ်။ ၁၈၂၄-၂၆၊ ၁၈၅၂-၅၃၊ ၁၈၈၅ အပြီးမှာ မြန်မာတစ်နိုင်လုံးကိုသိမ်းပြီး အိန္ဒိယအင်ပါယာအောက်ထည့်သွင်းကာ အိန္ဒိယဘုရင်ခံချုပ်က အိန္ဒိယအင်ပါယာရဲ့ပြည်နယ်တစ်ခုအဖြစ် မြန်မာဝန်ရှင်တော်မင်းခန့်ကာ အုပ်ချုပ်ခဲ့တယ်။ အိန္ဒိယငွေကြေးသုံးစွဲခဲ့တယ်။ (ရူပီး သုံးရပါတယ်) အိန္ဒိယဥပဒေလိုက်နာရပါတယ်။ တက္ကသိုလ်တောင် အိန္ဒိယ အနောက်ဘင်္ဂလားပြည်နယ် ကာလကတ်တား တက်ကသိုလျ သွားတက်ရပါတယ်။

၁၉၁၇ မွန်တေဂူး ချမ်းစဖို့ဒ် ကော်မရှင်ရဲ့ အစီရင်ခံစာအရ အိန္ဒိယအင်ပိုင်ယာ မြန်မာပြည်နယ်ကို မြန်မာနိုင်ငံအဖြစ်သီးသန့်ခွဲထုတ်ဖို့ မြန်မာမြေပုံကို မွန်တေဂူး နဲ့ ချမ်းစဖို့ဒ် တို့ဦးစီးတဲ့ ကော်မရှင်က ရေးဆွဲပါတယ်။

ဗမာဘုရင်မသိခဲ့တဲ့ရဝမ်ဒေသကို မြန်မာပြည်ထဲအများစုထည့်ကာ ကချင်လို့ သတ်မှတ်ပါတယ်။

ရဝမ်ဒေသအနည်းငယ် တရုတ်ပြည်ထဲကျန်ခဲ့ပါတယ်။ တရုတ်နိုင်ငံက သူ့နိုင်ငံသားများအဖြစ် နိုင်ငံသားအခွင့်အရေး တန်းတူပေးထားပါတယ်။

ဗမာဘုရင်မကြားဘူးတဲ့မီဇိုရမ်ဒေသကို မြန်မာပြည်ထဲ တစ်ဝက်ထည့်ကာ ချင်းလို့သတ်မှတ်ပါတယ်၊ ကျန်တစ်ဝက်ကို အိန္ဒိယမြေပုံထဲထည့်ပါတယ်။ အိန္ဒိယက မီဇိုရမ်းပြည်နယ်ကို သူ့ပိုင်နက်အဖြစ် ဖက်ဒရယ်ဥပဒေအရ ပြည်နယ်အခွင့်အရေး အပြည့်အဝပေးထားပါတယ်။

ဗမာဘုရင် မသိခဲ့တဲ့ ကော်သူလေးဒေသကို ကရင်ဟုဆိုကာ မြန်မာမြေပုံထဲထည့်ပါတယ်။

ဗမာဘုရင် မကြားဘူးခဲ့သော ကရင်နီဒေသကို ကယားဟုဆိုကာ မြန်မာပြည်ထဲ ထည့်ပါတယ်။

ဗမာဘုရင်ရဲ့စစ်မက်ဖက်ပြိုင် အာရကန်ကမ်းမြောင်ကို (အာရက္ခ = စစ်ဘီလူးများ) မြန်မာမြေပုံထဲ အပြီးတွဲကာ ရခိုင်ဟုသတ်မှတ်ပါတယ်။အဲ့ဒီမှာ ပြသနာက လာပါပြီ။

အာရကန်ဒေသကို မြန်မာမြေပုံထဲထည့်သောအခါ အာရကန်နဲ့ မီဇိုရမ်အကြားရှိ အာရကန်ဘုရင့်လက်အောက်ကျလိုက်၊ အိန္ဒိယလက်အောက်ခံ အာသံဘုရင့်လက်အောက်ကျလိုက်၊ ဘယ်သူပိုင်မှန်းမသိ၊ အင်္ဂလိပ်အစိုးရမင်းအုပ်ချုပ်နေသော ဗမာရှင်ဘုရင် မမြင်ဘူး မကြားဘူးသော ရေမြေအလွန်ကောင်းသော မေယုဒေသကို အာရကန်မြေပုံထဲ ထည့်ထားပါတယ်။

ဗြိတိသျှအစိုးရက အိန္ဒိယအင်ပိုင်ယာ မြန်မာပြည်နယ်မှာ ၁၉၂၀ ခွဲရေးတွဲရေး ဆန္ဒခံယူပြီး ခွဲရေးပဲနိုင်နိုင် တွဲရေးပဲနိုင်နိုင် ငါသာသခင် ငါခွဲတယ်ကွာဟုဆိုကာ၊ မွန်တေဂူး ချမ်းစဖို့ဒ် ရေးဆွဲခဲ့သော မြေပုံအတိုင်း မြန်မာပြည်အဖြစ်ပြဌာန်းကာ သီသန့်ငွေကြေး (ကျပ်၊ မူး၊ မတ်၊ ပဲ၊ ပြား) ဖွဲ့စည်းအုပ်ချုပ်ပုံသီးသန့်ဥပဒေနဲ့ (ရာဇဝတ်နဲ့ တရားမ ဥပဒေတို့ကတော့ အိန္ဒိယအတိုင်းပါပဲ) ရန်ကုန်ကို မြို့တော်အဖြစ်သတ်မှတ်ကာ မြန်မာပြည်အဖြစ်အုပ်ချုပ်ပါတယ်။

ဗြိတိသျှအစိုးရရဲ့ ဒေသဆိုင်ရာအရာရှိများ မြို့တော်ရန်ကုန်ရှိ ရုံးချုပ်များသို့ ကူးလူးဆက်သွယ်နိုင်ရေးအတွက် လမ်းပန်း ကြေးနန်း ဆက်သွယ်ရေးများ ဆောင်ရွက်ပေးသဖြင့် ဒေသအသီးက ဪ ငါတို့ဟာဒမြန်မာပြည်ထဲမှာ၊ မြို့တော်ကတော့ ရန်ကုန်၊ မြန်မာပြည်သားအဖြစ် မြန်ပြည်တလွှားလွတ်လပ်စွာ နေထိုင်သွားလာ ရောင်းဝယ်ဖောက်ကားခွင့်ရှိသည်လို့ လက္ခံယုံကြည်ထားလိုက်ကြတယ်။

၁၉၄၇ သခင်အောင်ဆန်းက တစ်နှစ်အတွင်းလွတ်လပ်ရေးပေးဟုကြွေးကျော်ကာ ဗြိတိသျှအစိုးရထံမှ အရေးဆိုသောအခါ ဗြိတိသျှနန်းရင်းဝန်အက်တလီက ထိုဒေသ ထိုဒေသတို့သည် ငါတို့ဖာသာ သိမ်းယူခဲ့သော ဒေသများသာဖြစ်သည်၊ ဗမာဘုရင်မပိုင်ခဲ့၊ ဗမာဘုရင်ကိုအနိုင်ရလို့ သိမ်းပိုက်ထားသောဒေသတွေမဟုတ်၊ ထိုမြေပုံအတိုင်းလွတ်လပ်ရေးလိုချင်လျှင် ထိုဒေသများခေါင်းဆောင်များရဲ့ သဘောတူညီချက်ပါမှ Union of Burma မြန်မာ(ပြည်ထောင်စု)အဖြစ်လွတ်လပ်ရေးပေးနိုင်မည်ဆိုလေသည်။

သို့ဖြင့် သခင်အောင်ဆန်းက ပြည်ထောင်စုဖြစ်ရေး စည်းရုံးခဲ့ရာအသွားအလာအဆက်အသွယ်ကလည်း အဆင်ပြေသည့်အတွက် ရန်ကုန်တွင်အခြေတကျဖြစ်ကာ ဗမာအလားဖြစ်ကာ ဗမာများနှင့် ထိုးအတူပေါင်ဖက် အင်္ဂလိပ်ကိုတော်လှန်နေကြသော အာရကန် ခေါင်းဆောင်များ၊ မွန်ခေါင်းဆောင်များက စည်းရုံးရမခက်ဘဲ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်၊း ရှမ်းများက ပြည်မနှင့်ပူးပေါင်းရန် အကြောက်အကန်ငြင်းဆန်ကြလေ၏။

ထို အာရကန်ခေါင်းဆောင်များထဲတွင် အင်္ဂလိပ်က အာရကန်မူစလင်မ်ဟု စာရင်းသွင်းထားသော မေယုဒေသခေါင်းဆောင်များလည်း ပါခဲ့ကြသည်။

ထိုသို့ ဗမာကိုမယုံကြည်ကြသော တိုင်းရင်းသားများကို (တိုင်းဒေသ မူရင်း ဒေသသားများကို သံခိပ်လုပ်လိုက်ရာမှ တိုင်းရင်းသား ဆိုသောစကား ဖြစ်ပေါ်လာသည်) စည်းရုံးရန်လက်လျှော့ပြီဖြစ်သော သခင်အောင်ဆန်းက ရသမျှမြေနှင့် လွတ်လပ်ရေးရယူရန် ဆုံးဖြတ်သော်လည်း သခင်အောင်ဆန်း၏နိုင်ငံရေးအကြံပေး ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ လုပ်ဖော်ကိုင်ဖက် မူစလင်ကယ်လားကြီးဦးဖေခင်က သူကြိုးစားဖြောင့်ဖြကြည့်ဦးမည်ဆိုကာ မအိပ်မနေ ဆွေးနွေးရင်း အောင်မြင်သွားသည့်အတွက် ထိုခေါင်းဆောင်များလက်ခံသည့် ဖက်ဒရယ်မူကို ရေးဆွဲနိုင်ခဲ့ကာ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ မှာ ပင်လုံစာချုပ်ကို အောင်အောင်မြင်မြင် ချုပ်ဆိုနိုင်ခဲ့ကြလေသည်။

ထို့နောက် ယခုလက်ခံထားသည့် မြန်မာ့မြေပုံဒေသအသီးသီးမှ (မူလမြေပုံကနေ တရုတ်ကိုပေးလိုက်ရတဲ့ ဒေသလေးတော့ အခု မရှိလေတော့ပြီ၊ သိလိုလျှင် ကျနော့ Post အဟောင်း ပြန်ရှာဖတ်ပါလေ)

လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ခေါ်ယူကာ တိုင်းကျိုးပြည်ပြုလွှတ်တော်ကျင်းပပြီး တိုင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲခဲ့ကြလေ၏။ (၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ)

ထို သခင်အောင်ဆန်း သဘာပတိလုပ်တဲ့ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်များထဲ မေယုခရိုင်မှ အာရကန်မူစလင်အမတ်များ မြန်မာပြည်မမှ မြန်မာမူစလင်အမတ်များ မည်မျှပါဝင်ခဲ့သည်ကိုသိလိုလျှင် ဗြိတိသျှတော်ဝင်စာကြည့်တိုက်မှ သမိုင်းမှန်မှတ်တမ်းများကို Online မှ ရှာဖွေကြည့်လေကုန်။

နေဝင်းသမိုင်းလိမ်နှင့်ငြားကြသူများ၊ သိန်းစိန်သမိုင်းလိမ်နှင့် ဘမ်းဗူးအထည့်ခံရသူများ သို့မှသာ အမှန်သိကြပေမည်။

ထို အာရကန်မူစလင်များ၏မြေကိုတော့ မြန်မာ့မြေလုပ်ပြီး ထို "တိုင်း"ဒေသ မူ"ရင်း" ဒေသ"သား" အာရကန်မူစလင်မ်များကိုတော့ မင်းတို့ဟာ မြန်မာမဟုတ်ဘူး၊ ခိုးဝင်ဘင်္ဂါလီကွဆိုပြီး သူတို့ပိုင်ဒေသကနေ မောင်းထုတ်၊ ရှင်းပြစ် သတ်ပြစ်တာ လူကျင့်လူကြံကော ဟုတ်ပါရဲ့လား။

သူတို့ကို အင်္ဂလိပ်က အာရကန်မူစလင်လို့ မှတ်တမ်းထားပေမယ့် သူတို့ကိုသူတို့ သူတို့ဘာသာစကားအရ "ရိုဟင်ဂျာ" လို့ ခေါ်ဝေါ်တယ်ဆိုတာ လူမှန်ရင် လက်ခံပေးရမယ်လေ။ မုန်းဝန်းတရုတ်ကို မုန်းဝန်းဗမာလို့တောင်လက်ခံထားတာပဲ။

ကမ္ဘာ့ထင်ရှားတဲ့ ဥပမာပြရရင် ဂျာမဏီနဲ့ ပြင်သစ်နယ်စပ်မှာ အဲ့ဒီအချိန်က ကမ္ဘာမှာအရေးအကြီးဆုံးစွမ်းအင်ဖြစ်တဲ့ ကျောက်မီးသွေးပေါကြွယ်ဝချမ်းသာသော ဇားလန်း ဆိုတဲ့ ပရူးရှား(ဂျာမန်)ပိုင် ဒေသသေးသေးလေးရှိတယ်။ ပြင်သစ်တွေကော ဂျာမန်တွေကော သူတို့စကားသူတို့ပြောပြီး အတူနေထိုင်တယ်။

ပြင်သစ်ကလည်း သူပိုင်တယ်ဆိုပြီးသိမ်းတယ်။ အဲ့ဒီသေမှာရှိသမျှ လူသားအားလုံးကို ပြင်သစ်နိုင်ငံသားအဖြစ် အသိအမှတ်ပြုတယ်။

ဂျာမဏီက ငါပိုင်တဲ့မြေဆိုပြီး ပြန်တောင်းတော့ ကမ္ဘာ့တရားရုံးတွေရောက် တရားတပေါင်တွေဖြစ်နဲ့ နောက်ကျတော့ ပြင်သစ်က စာချုပ်စာတန်းနဲ့ ဂျာမဏီကို အပြီးပြန်ပေးခဲ့ရတယ်။

ဂျာမဏီနိုင်ငံက အဲ့ဒီဒေသတွင်းရှိပြည်သူအားလုံးကို ဂျာမန်နိုင်ငံသားအဖြစ်ပြန်လည် အသိအမှတ်ပြုခဲ့တယ်။ အချို့တွေ နှစ်နိုင်ငံသားခံယူကာ Passport နှစ်ခုကိုင်ထားကြတာမျိုးဆက် သုံးဆက်ရှိကြပြီ။

အဲ့ဒီဒေသသွားရင် ပြင်သစ်စကားတတ်ရင် ပိုအဆင်ပြေတယ်။ အချို့အဖိုးကြီးအဖွားကြီးတွေ ပြင်သစ်ပိုင်ခေတ်က ပြင်သစ်ကျောင်းတက်ရတော့ ပြင်သစ်စာ ပြင်သစ်စကားပဲ ရေးကြ ပြောကြတုန်း။ ဂျာမဏီ ကမ္ဘာမကြေဆိုတတ်လား သွားမေးရင် ပါးကြီးတောင်အရိုက်ခံရဦးမှာ။

သိန်းစိန်လက်ထက် တရုတ်လက်ကိုင်ဖုန်းပေါ် ငါးထောင်တန် SIM Card နဲ့ Facebook Account ဖွင့် ဗမာ့သွေး မေမေ့သား ဒီမိုချစ်သူ တို့လို့ Username တွေသုံးပြီး စစ်ခွေးတွေဝါဒဖြန့်တဲ့ ရိုဟင်ဂျာဆိုတာ ခိုးဝင်ဘင်္ဂါလီဆိုတဲ့ သမိုင်းလိမ်တွေဖတ်ကာ အမျိုးဘာသာ သာသနာအော်ကြသူ ဒီမိုအော်ကြသူအပေါင်း သေချာဖတ်ကြ။

ပြီးရင် အခု တိုင်းပြည် ဘယ်ဘဝရောက်သွားပြီလဲဆိုတာ အနုလုံပတိလုံစဉ်းစားကြ။


— အန်ကယ် Patrick Tan

(8 May, 2021)