ဖရန့်စစ် ဘူချာနန့် မှတ်တမ်းထဲက ရိုဟင်ဂျာ ရှေးဟောင်းစကားလုံးအချို့
ဖရန့်စစ် ဘူချာနန် (၁၇၉၅) က သူရဲ့ စာအုပ် A comparative vocabulary of some of the languages spoken in the Burma empire မှာ ရိုဟင်ဂျာ ရှေးဟောင်း စကားလုံးအချို့ မှတ်တမ်းတင်ထားပါတယ်။
သူရဲ့ မှတ်တမ်းမှာ အာရကန်ပြည်ရဲ့ အဓိက လူမျိုး ၃ မျိုး အကြောင်းနှင့် စကားအသုံးအနှုန်းကို အလေးထားဖော်ပြထားတယ်။ ရခိုင် (မဂ်)၊ ရိုဝန်ဂျာ (မိုဟာမေဒင်)နှင့် ရူစ္စဝန် (ဟိန္ဒူ) တို့ ဖြစ်တယ်။ ရခိုင်နဲ့ ဗမာ စကားကို တနေရာတည်း နှိုင်းယှဥ် ဖော်ပြထားပြီ မပြောပလောက်သာ လေသံမျှ ကွဲပြားကြောင်း တွေ့ရတယ်။ ရိုဝန်ဂါ(ရိုဟင်ဂျာ)နဲ့ ရူစ္စဝန် ကို နှိုင်းယှဥ်ဖော်ပြထားတယ်။
ရိုဝန်ဂါ - ရူစ္စဝန် - ဘင်္ဂါလာ
၁) Bel - Sooja - Bayliee - နေ
၂) Sawn - Sundsa - Satkan - လ
၃) Tara - Nokyoto - Tara - ကြယ်
၄) kool - Murtika - Matee - မြေကမ္ဘာ
၅) Pannæ - Dsol - Pannæ - ရေ
၆) Auin - Aaganee - Zee - မီး
၇) Sheel - Sheel - Heel - ကျောက်တုံး
၈) Bau - Pawun - Bo - လေ
၉) Jorail - Bistee - Boun - မိုး
၁၀) Manush - Moanusa - Manoo - လူသား
၁၁) Meealaw - Stree - Zaylan - အမျိုးသမီး
၁၂) Gourapa - Balouk - Sogwo - ကလေး
၁၃) Mata - Mustok - Teekgo - ဦးခေါင်း
၁၄) Gall - Bodon - Totohan - ပါးစပ်
၁၅) Bahara - Baho - Pæpoung - လက်မောင်း
၁၆) Hat - Osto - Hatkan - လက်
၁၇) Ban - Podo - Torooa - ခြေ
၁၈) Pau - pata - Zankan - ခြေဖဝါ
၁၉) --- Zoomtroo - Sasee Sangee - တိရိစ္ဆာန်
၂၀) Paik - Pookyee - Pakyaa - ငှက်
၂၁) Maws - Mootsæ - Mas - ငါး
၂၂) Goom - Gam - Hoba - ကောင်းသော
၂၃) Goom nay - Gumnay - Hoba nay- မကောင်းသော
၂၄) Boddau - Dangor - Domorgo - ကြီးကျယ်သော
၂၅) Thuddee - Tsooto - Hooroogo - သေးငယ်သော
၂၆) Botdean - Deengol - Deengul - ရှည်လျားသော
၂၇) Banick - Batee - Batee - တိုသော
၂၈) Awg - Aik - Ak - တစ်
၂၉) Doo - Doo- De -နှစ်
၃၀) Teen - Teen - Teen - သုံး
၃၁) Tchai - Tsar - Saree -လေး
၃၂ ) Pansoee - Paus - Pas - ငါး
၃၃) Saw - Tso - Tsæ - ခြောက်
၃၄) Sat - Sat - Hat - ခုနစ်
၃၅) Awtoa - Asto - Awt - ရှစ်
၃၆) Nonaw - No - No - ကိုး
၃၇) Dussoa - Dos - Dos - တစ်ဆယ်
၃၈) Kau - Kawai - Kæk - စားသည်
၃၉) Karin - Kawo - Peek - သောက်သည်
၄၀) Layrow - Needsara - Hooleek - အိပ်သည်
၄၁) Pawkay - Bayra - O-teea Ootea - လမ်းလျှောက်သည်
၄၂) Boihow - Boesho - Bo - ထိုင်သည်
၄၃) Teheilayto - Karao - Oot - ထသည်
၄၄) Marim - Maro - Mar - သတ်သည်
၄၅) Hoi - Oir - Oo - ဟုတ်သည်
၄၆) Etibar - Noay - Naway - မဟုတ်
၄၇) Hayray - Etay - Eranf - သည်မှာ
၄၈) Horay - Horay - Orung - ထိုမှာ
၄၉) Ouchalo - Ooper - Gos - အပေါ်မှာ
၅၀) Ayray - Hayray - Tol - အောက်မှာ
ဘူချာနန့် မှတ်တမ်းတွင် အာရကန်ပြည်ထဲ လူမျိုးစု ၃ စု အကြောင်းကို ဖော်ပြထားတာကို အချို့ မျိုးချစ်ဝါဒီတွေက သမိုင်း လိမ်လည်ဖော်ပြဖို့ ကြိုးစားနေကြတာ မကြာခဏ တွေ့ရပါတယ်။ ဘူချာနန့်ရဲ့ မူရင်းမှတ်တမ်းမှ ရူစ္စဝန်လူမျိုးစု စာပိုဒ်တစ်ခုကို ရိုဝန်ဂါ (ရိုဟင်ဂျာ) လူမျိုးစုအကြောင်းနှင့် ယုံမှားအောင် မက်လုံးပေးဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ အသိဉာဏ်ပညာရှိတဲ့ စာဖတ်သူတွေကိုတော့ အဲဒီ ငလိမ်တွေရဲ့ လည်ကွက်ထဲ မသွင်းနိုင်လောက်ဘူး။
တကယ်တော့ ရိုဝန်ဂါ လူမျိုးစုအကြောင်းကို ဖော်ပြရုံမက သူတို့ သုံးနှုန်းပြောဆိုလေ့ရှိတဲ့ စကားကိုပါ အခြားလူမျိုးစု စကားအသုံးနှုန်းတွေနဲ့ ယှဥ်တွဲဖော်ပြထားတာကို လေ့လာကြည့်ရင် ဆင်သွားလမ်းဖြစ်သလို ထင်ရှားပေါ်လွင်ပါတယ်။ ဒါကို စောဒကတက်သူတွေဟာ အသိဉာဏ်ခေါင်ပါးသူတွေသာ ဖြစ်ပါလိမ့်မယ်။
လူထုဝဏ္ဏ
မူရင်းကိုးကား








No comments:
Post a Comment