Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 15, 2020

ဖရန့်စစ် ဘူချာနန့် မှတ်တမ်းထဲက ရိုဟင်ဂျာ ​ရှေး​ဟောင်းစကားလုံးအချို့



ဖရန့်စစ် ဘူချာနန့် မှတ်တမ်းထဲက ရိုဟင်ဂျာ ​ရှေး​ဟောင်းစကားလုံးအချို့

ဖရန့်စစ် ဘူချာနန် (၁၇၉၅) က သူရဲ့ စာအုပ် A comparative vocabulary of some of the languages spoken in the Burma empire မှာ ရိုဟင်ဂျာ ​ရှေး​ဟောင်း စကားလုံးအချို့ မှတ်တမ်းတင်ထားပါတယ်။ 


သူရဲ့ မှတ်တမ်းမှာ အာရကန်ပြည်ရဲ့ အဓိက လူမျိုး ၃ မျိုး အ​ကြောင်းနှင့် စကားအသုံးအနှုန်းကို အ​လေးထား​ဖော်ပြထားတယ်။ ရခိုင် (မဂ်)၊ ရိုဝန်ဂျာ (မိုဟာ​မေဒင်)နှင့် ရူစ္စဝန် (ဟိန္ဒူ) တို့ ဖြစ်တယ်။ ရခိုင်နဲ့ ဗမာ စကားကို တ​နေရာတည်း နှိုင်းယှဥ် ​ဖော်ပြထားပြီ မ​ပြောပ​လောက်သာ ​လေသံမျှ ကွဲပြား​ကြောင်း ​တွေ့ရတယ်။ ရိုဝန်ဂါ(ရိုဟင်ဂျာ)နဲ့ ရူစ္စဝန် ကို နှိုင်းယှဥ်​ဖော်ပြထားတယ်။

ရိုဝန်ဂါ - ရူစ္စဝန် - ဘင်္ဂါလာ
၁) Bel - Sooja - Bayliee - ​နေ
၂) Sawn - Sundsa - Satkan - လ
၃) Tara - Nokyoto - Tara - ကြယ်
၄) kool - Murtika - Matee - ​မြေကမ္ဘာ
၅) Pannæ - Dsol - Pannæ - ​ရေ
၆) Auin - Aaganee - Zee - မီး
၇) Sheel - Sheel - Heel - ​ကျောက်တုံး
၈) Bau - Pawun - Bo -​ လေ
၉) Jorail - Bistee - Boun - မိုး
၁၀) Manush - Moanusa - Manoo - လူသား
၁၁) Meealaw - Stree - Zaylan - အမျိုးသမီး
၁၂) Gourapa - Balouk - Sogwo - က​လေး
၁၃) Mata - Mustok - Teekgo - ​ဦးခေါင်း
၁၄) Gall - Bodon - Totohan - ပါးစပ်
၁၅) Bahara - Baho - Pæpoung - လက်​မောင်း
၁၆) Hat - Osto - Hatkan - လက်
၁၇) Ban - Podo - Torooa - ​ခြေ
၁၈) Pau - pata - Zankan - ​ခြေဖဝါ
၁၉) --- Zoomtroo - Sasee Sangee - တိရိစ္ဆာန်
၂၀) Paik - Pookyee - Pakyaa - ငှက်
၂၁) Maws - Mootsæ - Mas - ငါး
၂၂) Goom - Gam - Hoba - ​ကောင်း​သော
၂၃) Goom nay - Gumnay - Hoba nay- မ​ကောင်း​သော
၂၄) Boddau - Dangor - Domorgo - ကြီးကျယ်​သော
၂၅) Thuddee - Tsooto - Hooroogo - ​သေးငယ်​သော
၂၆) Botdean - Deengol - Deengul - ရှည်လျား​သော
၂၇) Banick - Batee - Batee - တို​သော
၂၈) Awg - Aik - Ak - တစ်
၂၉) Doo - Doo- De -နှစ်
၃၀) Teen - Teen - Teen - သုံး
၃၁) Tchai - Tsar - Saree -​လေး
၃၂ ) Pansoee - Paus - Pas - ငါး
၃၃) Saw - Tso - Tsæ - ​ခြောက်
၃၄) Sat - Sat - Hat - ခုနစ်
၃၅) Awtoa - Asto - Awt - ရှစ်
၃၆) Nonaw - No - No - ကိုး
၃၇) Dussoa - Dos - Dos - တစ်ဆယ်
၃၈) Kau - Kawai - Kæk - စားသည်
၃၉) Karin - Kawo - Peek - ​သောက်သည်
၄၀) Layrow - Needsara - Hooleek - အိပ်သည်
၄၁) Pawkay - Bayra - O-teea Ootea - လမ်း​လျှောက်သည်
၄၂) Boihow - Boesho - Bo - ထိုင်သည်
၄၃) Teheilayto - Karao - Oot - ထသည်
၄၄) Marim - Maro - Mar - သတ်သည်
၄၅) Hoi - Oir - Oo - ဟုတ်သည်
၄၆) Etibar - Noay - Naway - မဟုတ်
၄၇) Hayray - Etay - Eranf - သည်မှာ
၄၈) Horay - Horay - Orung - ထိုမှာ
၄၉) Ouchalo - Ooper - Gos - အ​ပေါ်မှာ
၅၀) Ayray - Hayray - Tol - ​အောက်မှာ


ဘူချာနန့် မှတ်တမ်းတွင် အာရကန်ပြည်ထဲ လူမျိုးစု ၃ စု အ​ကြောင်းကို ​ဖော်ပြထားတာကို အချို့ မျိုးချစ်ဝါဒီ​​တွေက သမိုင်း လိမ်လည်​ဖော်ပြဖို့ ကြိုးစား​နေကြတာ ​မကြာခဏ ​တွေ့ရပါတယ်။ ဘူချာနန့်ရဲ့ မူရင်းမှတ်တမ်းမှ ရူစ္စဝန်လူမျိုးစု စာပိုဒ်တစ်ခုကို ရိုဝန်ဂါ (ရိုဟင်ဂျာ) လူမျိုးစုအ​ကြောင်းနှင့် ယုံမှား​အောင် မက်လုံး​ပေးဖို့ ကြိုးစားကြတယ်။ ဒါ​ပေမဲ့ အသိဉာဏ်ပညာရှိတဲ့ စာဖတ်သူ​တွေကို​တော့ အဲဒီ ငလိမ်​တွေရဲ့ လည်ကွက်ထဲ မသွင်းနိုင်​လောက်ဘူး။

တကယ်​တော့ ရိုဝန်ဂါ လူမျိုးစုအ​ကြောင်းကို ​ဖော်ပြရုံမက သူတို့ သုံးနှုန်း​ပြောဆို​လေ့ရှိတဲ့ စကားကိုပါ အခြားလူမျိုးစု စကားအသုံးနှုန်း​တွေနဲ့ ယှဥ်တွဲ​ဖော်ပြထားတာကို ​လေ့လာကြည့်ရင် ဆင်သွားလမ်းဖြစ်သလို ထင်ရှား​ပေါ်လွင်ပါတယ်။ ဒါကို ​စောဒကတက်သူ​တွေဟာ အသိဉာဏ်​ခေါင်ပါးသူ​တွေသာ ဖြစ်ပါလိမ့်မယ်။

လူထုဝဏ္ဏ

မူရင်းကိုးကား













 

No comments:

Post a Comment