အမ်းမြို့နယ် ရူးစံပြကျေးရွာတွင် ရှေးဟောင်းကျောက်စာတစ်ချပ် တွေ့ရှိ
အာရကန်ပြည်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာရှိ သိမ်းတောင်ဘုရားအနီး မြေတွင်းတူးရာမှ ရှေးဟောင်းကျောက်စာတစ်ချပ်ကို ဇန်နဝါရီ ၁၄ ရက်က တွေ့ ရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါကျောက်စာ၏ မျက်နှာပြင် တစ်ဖက်စီတွင် အေဒီ ၉ ရာစုခန့်က အာရဗီအက္ခရာဟု ယူဆရသည့် စာကြောင်းနှစ်ကြောင်းစီ ပါရှိပြီး ကျောက်ထွင်းပုံစံဖြင့် ရေးထိုးထားသည်။ စာကြောင်းများကို ညာဘက်မှ ဘယ်ဘက်ရစ်စနစ်ဖြင့် ရေးထိုးထားသည်။ စာသားများမှာ ရှင်းလင်းပီပြင်မှုမရှိိသောကြောင့် တိတိကျကျ အဓိပ္ပါယ််ဖော်ရန် ခက်ခဲလှသည်။ အချို့အက္ခရာများမှာမူ ယနေ့ခေတ် အာရဗီအက္ခရာများနှင့် နှိုင်းယှဥ်၍ ခန့်မှန်းနိုင်သည်။
အမ်းမြို့နယ် ရူးစံပြကျေးရွာမှာရှိတဲ့ သိမ်းတောင်ဘုရားအနီးမှာ ဦးပဉ္စင်းတစ်ပါးက မြေတွင်းတူးရာကနေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ကျောက်စာပါ အရေးအသားမှာ ရှေးခေတ် အာရဗီအရေးအသားဖြစ်ကြောင်း ကျောက်စာပညာရှင် ဦးဌေးလွင်ဦးက ဆိုသည်။
ကျောက်စာသည် အကျယ် ၂ ပေခွဲနှင့် အမြင့် ၁ ပေခွဲခန့်ရှိ ကြောင်း သိရသည်။ အာရကန်ပြည်ရှိ မြို့နယ်အသီးသီးတွင် ရှေးဟောင်း အာရဗီကျောက်စာများကို မြေကြီးထဲမှ မကြာခဏ တွေ့ရှိနေသည်။
ဤကျောက်စာသည် လက်ယာ-လက်ဝဲ ရစ် ရေးထိုးထား၍ အာရဗီအက္ခရာများကို ထင်ထင်ရှားရှားတွေ့ရှိရသည့် အာရဗီကျောက်စာတစ်ချပ်ဖြစ်ကြောင်း ယုံမှားစရာမလိုပေမယ့် အချို့ ရခိုင်စာရေးစာရာများကမူ ရခိုင်စာဖြင့် ရေးထိုးထားသည့် ကျောက်စာဖြစ်ကြောင်း မဟုတ်မမှန် တဇွတ်ထိုး ပြောဆိုနေသံများကို အွန်းလိုင်းပေါ်တွင် ကြားနေရသည်။ ဤသို့ စွပ်စွဲချက်များသည် အာရကန်နိစ်မွတ်ဆလင် (ရိုဟင်ဂျာ) များ၏ သမိုင်းမှန်ကို ဖုံးဖိလိုသော မသာမာမှုသက်သက်သာဖြစ်သည်။
No comments:
Post a Comment