Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, November 12, 2017

ဆွလာသ် [RK ကဗျာ]


ဆွလာသ် [နမားဇ်]

❇❇❇❇❇❇❇❇❇❇

ဖရောစ်တာဝန် ဆွလာသ်
ဝတ်ပုံဝတ်နည်း နှလုံးသွင်းလော့။ 

ဖြူစင် နိယာသ်၊ ဆန္ဒပြု။
သဟ်ရီမာ သဂ်ဘီရ် အစဦး
သာဝူဇ်၊ သဆ်မီယာ၊ ဌာန်မှန်စွာ။
ဖာသိဟ စနာ၊ ရွတ်ဖတ်ကာ၊
စူရာဟ် တစ်ပုဒ်၊ နောက်လိုက်ပါ။

ရူကုဟ် ပြုစဉ်၊ အနေမှန်ရင်း
ဆူဘာဟာနာဟ် ရဗ္ဗီအုလ် အဇီးမ်။
ရူကူဟ် ပြန်ထ၊ ရဗ္ဗာနာဟ် 
လကောလ် ဟမ်ဒူ၊ ချီးမွမ်းကြ။ 

စဂျီဒါဟ် ဦးချ၊၊ စုံ တစ်တွဲ
ဆူဘာဟာနာဟ်၊ ရဗ္ဗီအုလ် အာလာနဲ့လေ။
ရပ်ထိုင်ဦးချ၊ စဉ်တိုင်းဝယ်
အလ္လာဟု အက္ကဘရ် ဆိုပါလေ။

နောက်ဆုံး အထိုင်၊ သခ်ျဟူးဒ်
ရွတ်ဆို ဒူအာနှင့် ဒူရုဒ် 
ညာဘယ် နှစ်ဘက်၊ စလာမ်လှည့်၊
လိုရာ တောင်းရင်း၊ အဆုံးသတ်လေ။

တစ်နေ့ ငါးကြိမ်၊ ဝတ်ချိန်မှန်
နိဗ္ဗာန် စံရာ၊ ရွှေသော့တံ 
စံမှန်နည်းမှန် သင်ယူလေ
သားတို့သမီးတို့ လိမ္မာရေး။          ။
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴

ရိုဟင်လေး
[ နိုဝင်ဘာ ၁၀ ရက်၊ ၂၀၁၇၊ ၅း၂၇]



No comments:

Post a Comment