မော်လနာ၏ အမည်ရင်းမှာ ဆွေဒူလ်အာမိန် ဖြစ်သည်။ ဖခင်မှာ ဦးရှားကဲရ်မိုဟာမတ် (ခ) လာလု ဖြစ်သည်။ မောင်းတောမြို့နယ်၊ မောဏ်ဒေါ့မ [ မောင်နှမ] ကျေးရွာ ဇာတိ ဖြစ်သည်။ [မောဏ်ဓော့မာ အမည်ရလာခြင်းမှာ ၎င်းရွာနားရှိ တောင်စွယ် နှစ်ခုကို အစွဲပြုခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ရိုဟင်ဂျာ သမိုင်း၊ ဒဏ္ဍာရီအရ ၎င်း တောင်ထိပ်တွင် ဟာနီဖာမင်း နှင့် ကာယာပူရီ ဘုရင်မ၏ ဂူရှိသည်ဟု ယုံကြယ်ကြသည်။ အင်္ဂလိပိလို ယင်းတောင်ထိပ်ကို Mount Tomb ဟု ခေါ်ရာမှ မောဏ်ဓော့မာ ဖြစ်လာခြင်းဖြစ်သည်။ ၁၉၆၀ နောက်ပိုင်း တွင် ဗမာနာမယ်ပြောင်းနေချိန်၌ ‘ မောင်နှမ’ ဖြစ်လာရသည်_ ရိုသုတ] မိုဟာဒ္ဒေစ်ဆာပ် သခင်သည် ၁၉၅၆ ခုနှစ်တွင် ဂျာမီယာ အာရ်ှရောဖီယာ၊ လာဟိုမြို့မှ ဖာဇေလ် ဘွဲ့ ရရှိခဲ့သည်။ ( ဂျာမီယာ အာရ်ှရောဖီယာ တက္ကသိုလ်ကို ဟဂျရသ် မော်လနာ မိုဟမ္မဒ် ဟူစိန် (ရဟ) ဟလီဖာ တာနဝီ ဆာပ် က ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။)
မိုဟဒ္ဒီးစ်ဘွဲ့ရရှိပြီးနောက် အမိမြေ အာရ်ကာန်သို့ ပြန်ရောက်လာလေသည်။ ၁၉၅၇ ခုနှစ်မှ စ၍ မဒ်ရာဆာ အာလီယာ ရှီလ်ဒါဖာရာ တွင် သင်ကြားပို့ချမှု စတင်ခဲ့သည်။ ၎င်းနောက် အခြားကျောင်း တစ်ကျောင်းတွင် ပြောင်းရွှေ့ ပညာပို့ချခဲ့သည်။ ၁၉၈၀ ပြည့်နှစ်ခန့်တွင် မိုဟဒ္ဒေစ်ဆာပ် သခင်သည် မင်္ဂလာကြီး (ဖေရင်ဖြူ) အာရဗီကျောင်း၏ ကျောင်းအုပ်နှင့် ရှေ့ခ်အုလ် ဟာဒီးစ် (Sheik ul Haddis) ဖြစ်လာခဲ့သည်။ ထို ရာထူးနှင့် ၁၉၈၅ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
မိုဟဒ္ဒေစ်ဆာပ်သခင်နှင့် ခေတ်ပြိုင် သာသနာ့ပညာရှင်များမှာ မော်လနာ အဘူလ်ဟူစိန် ၊ အာရောပ်ရှား ရွာ ဇာတိ (မဒ်ရဆာဟ် သရ်ဆိန္ဒာ ၊ ကရာချီ ဘွဲ့ရ)၊ မော်လနာ အဗ္ဗဒူလ် ဟာကိမ် ၊ ကူဝါလ်ဘီလ် ဇာတိ၊ မော်လနာ မိုဟာမ္မဒ် အာမိန်၊ ဆာလီပြင်ရင် ဇာတိ၊ မော်လနာ မူနီရ် ဆာပ် စသည်တို့ ဖြစ်ကြသည်။
၁၉၈၅ ခုနှစ်တွင် မိုဟဒ္ဒေစ်ဆာပ်သခင်သည် မိမိ၏ ဇာတိမောင်နှမကျေးရွာ၌ မဒ်ရာဆာ သောဝ်ဟီးဒီယား အမည်ဖြင့် အာရဗီကျောင်း တစ်ကျောင်း ထူထောင်ခဲ့လေသည်။ ၎င်း ကျောင်းတွင် ဒိုရာအေ ဟာဒီးစ်တန်း အထိ သင်ကြားပို့ချသည်။ မိုဟဒ္ဒေစ်ဆာပ်သခင်၏ သားသမီးများမှာ ဆရာ ဒိန်းမိုဟမ္မဒ် (လောကဓာတ် ပညာသင်)၊ မော်လနာ နူရ်မိုဟမ္မဒ်၊ အဲရ်ဖာန် (စိတ္တဇဝေဒနာရှင်) နှင့် သမက်တော် ရှော်ဟီးဒ် မော်လနာ ဟူစိန်းအဟ်မဒ် (ဘ) မော်လနာ မဂ်ဘူလ်အဟ်မဒ် (ရေတွင်းပြင်ဇာတိ၊ နယ်မြေ (၅) ငါးခူးရ စခန်း၌ စွပ်စွဲခံ အကျယ်ချုပ် ဖမ်းဆီးထားစဉ် ကွပ်မျက်ခံရခြင်း(ရှဟီးဒ်) ဖြစ်သည်) တို့ဖြစ်ကြသည်။
ဆရာကြီးမြတ်သခင်တို့ နှုတ်ပါးစပ်မှ မိုဟဒ္ဒေစ်ဆာပ်သခင်၏ ချီးမွမ်းစကား
ဟဇရသ် မဒ်နီ သခင်၏ တပည့်တော် ဒါရုလ်အူလုမ် တက္ကသိုလ်၊ ကရာချီမြို့ ၏ ဟဒီးစ်ပြဆရာ မော်လနာ ဂူလာမ် မိုဟမ္မဒ် ဆာပ် သခင်သည် ၁၉၈၉ ခုနှစ်တွင် စာသင်ခန်းတွင် စာပြနေချိန်၌ မိန့်ဆိုသည်မှာ “ အို…ဗမာနိုင်ငံက ကျောင်းသားတွေ၊ အသင်တို့ သည်မှာ အဘယ်ကြောင့် ရောက်လာရသလဲ! ခပ်သိမ်းသော ပညာကို ဆွေဒူလ်အာမိန်က ယူဆောင်သွားခဲ့ပြီ။” တဆက်တည်း မိန့်တော်မူသည်မှာ-
“ဒါရုလ်အူလုမ် အာရဗီ တက္ကသိုလ်မှ ဘွဲ့ရရှိပြီး ကျွန်ုပ်အား ဂျာမီယာ အရ်ှရောဖီယား ၌ ဂျလာလိုင်န်ကျမ်း၊ ဟေဒါယာကျမ်း စသည့် တို့ကို ပို့ချရန် ခန့်အပ်လေသည်။
စာသင်ခန်းတွင် ဗမာပြည်မှ ကျောင်းသားတစ်ဦးကို မြင်တွေ့ရ၏။ ၎င်းမှာ အရပ်အမင်း သိပ်မမြင့်လှချေ။ ဒါပေမဲ့ သူ့ ဉာဏ်ရည်ကား မိုးထိအောင် ပါရမီရှင် တစ်ပါးတည်း။ သူ့၏ ဥာဏ်ကောင်း မြင့်မြတ်မှု၊ ကြိုးစားအားထုတ်မှုကို ငါ ကိုယ်တိုင်ပင် အံ့ဩမိသည်။ သူကား အခြားမဟုတ်၊ မင်းတို့ပြည်မှ ဆွေဒူလ်အာမိန် ပင်ဖြစ်သည်။ ဆွေဒူလ်အမိန်သည် ဒိုရာဟာဒီးစ်တန်းကို ဂျာမီယာ အရ်ှရဖီယား၌ သင်ယူခဲ့သည်။ နှစ်ဆုံး စာမေးပွဲတွင် အဆင့်(၁) ဖြင့် အောင်မြင်သဖြင့်ေ7ရွှတံဆိပ် ချီးမြှင့်ခြင်းခံရသည်။ အစိုးရထံမှလည်း ဗမာပြည်အပြန် ရထား လက်မှတ်နှင့် ခရီးစရိတ်ကို ဆုနှင်း ဂုဏ်ပြုခဲ့သည်။”
ဆက်လက်ပြီး ပြောပြခဲ့သည်မှာ “ဒါရူလ်အုလုမ် ကရာချီ၏ လက်ရှိ နာဇေမ် (ညွှန်ကြားရေးမှူး)၊ ဟာဒီးစ် ကျမ်းပြဆရာကြီး မော်လနာ ရှောမ်ရှူဟောခ် ဂျော်လာလ် အာဘာဒီနှင့် ဆွေဒူလ်အာမိန်တို့မှာ အတန်းဖော် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြပါတယ်။ သူတို့သည် ငါထံမှ ဂျလာလိုင်န်ကျမ်းနှင့် ဟေဒါယာကျမ်း တို့ကို သင်ယူခဲ့တယ်။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ် အရှင်တော်မြတ်က ကျွန်တော်ကို “အို… ဂူလာမ် မိုဟမ္မဒ်၊ သင် ဘာတွေယူဆောင်လာသလဲ” ဟု မေးမြန်းတော်မူခဲ့လျှင် ငါသည် ဆွေဒူလ်အာမိန်နှင့် ရှောမ်ရှူဟောခ် တို့ကို ပြသတော်မူမည်။”
မိုဟဒ္ဒေစ်ဆာပ် သခင်သည် စိတ်ပညာနှင့် ဒဿနိကဗေဒတွင် အလွန်ပင် ကျွမ်းကျင်နားလည်သူ ဖြစ်သည်။ သခင်သည် " سبحانه مااعظم شانه" နှင့် ပတ်သက်၍ နှစ်ဝက်တိုင်တိုင် ရှင်းပြကောင်း ရှင်းပြနိုင်သူဖြစ် သည်။ သမုဒ္ဒရာသဖွယ် ပညာ စီးဆင်းသော၊ ရွှေတိုက်တော်ကြီးသဖွယ် သိုလှောင်ထားသော ပညာရှင် တစ်ပါးဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဟဒ္ဒေစ်ဆာပ် သခင်ထက် ကျော်ကြားသော ဒဿနိ ကဗေဒ ပညာရှင် ရှိမည်ဟု မထင်မိပါ။
ဘုန်းတော်များ
သခင်သည် တစ်ခါက စာသင်ခန်း၌ စာပို့ချနေချိန်တွင် တပည့်တို့အား ပြောကြားသည်မှာ- “အလ္လာဟ်ရှင်တော်မြတ်က ငါ့အား အရာ သုံးခုကို ချီးမြှင့်တော်မူသည်။ ယင်းမှာ (၁) မိုနာဇရာ ခေါ် ထိပ်တိုက် စကားထိုး ပညာရည်လု ပြိုင်ပွဲ (Educational Debate) ဖြစ်သည်။ ပညာရည်လု စကားထိုး ပြိုင်ပွဲတွင် တစ်ဖက်သား ပြိုင်ဖက်ကို ရှုံးနိမ့်စေရန် ငါ့ရဲ့ လက်ဝဲဘက် အလုပ်တစ်ခုသာ။ (၂) အသံကျယ်လောင်စွာဖြင့် သင်ပြ ပို့ချနိုင်ခြင်း။ အသံချဲ့စက်ပမာ သံကျယ်ကျယ် ပို့ချနိုင်သည်။ (၃) လျင်မြန်စွာ လမ်းလျှောက်နိုင်စွမ်း၊ တစ်ချိန်က ရှိခ်ဒါရ်ပါရာ၌ စာသင်ပြနေချိန်တွင် မောင်နှမကျေးရွာမှ ကညင်းတန်းကျေးရွာ (၁၁မိုင်)ကို ခြေလျင် သွား၍ စာသင်ပြသည်။” ဟု ကိုယ့်ကိုယ်ကို ချီးမွှမ်းပြောဆိုခဲ့သည်။
မိုဟဒ္ဒေစ်ဆာပ် သခင်မှာ ရုက္ခဗေဒလဲ အသိကဲလွန်လှသည်။ တောတောင်၌ ပေါက်သည့် မြောက်မြားစွာသော သစ်ပင်ပန်းပင်များ၏ အသီးအပန်းများ အမျိုးအစားကို လည်းကောင်း၊ အသုံးဝင်ပုံကို လည်းကောင်း အထွေထွေ အသိပညာများနှင့် ကျွမ်းဝင်သိရှိသည်။ တစ်ခါက မိုဟဒ္ဒေစ်ဆာပ် သခင်၏ သမီးတော်ကို ဟူစိန်အဟ်မဒ်အား လက်ထပ်ပေးလိုသောအခါ သခင်သည် ဟူစိန်အဟ်မတ်၏ ဖခင်နှင့် တွေ့ဆုံရာ ပြုံးရွှင် ဟာသနောက်ပြောတတ်သဖြင့် စကားပြောရင်း “အဆွေ၊ အသင်က ကျွန်ုပ်နှင့် စာပေဘက်တွင် ပြိုင်ဝံ့မည် မဟုတ်၊ ဒါကြောင့် ဒေသိယ အသိပညာဖြင့် ပြိုင်ကြစို့" ဟုနောက်ပြောင်ခဲ့ဖူးသည်ကို ထိုအနားတွင်ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ပြောပြခဲ့သည်။
မိုဟာဒ္ဒေစ်ဆာပ် သခင်သည် ဟာဖေဇ် အေ ကုရ်အာန်တစ်ဦး မဟုတ်ပေ။ သို့သော် ဟာဖဲဇ် ကုရ်အာန် တစ်ဦးကဲ့သို့ ကုရ်အာန်ကျမ်းကို နှုတ်ကျက်ရသည်။ မဒ်ရာဆာ မူဟမ္မဒီယား ကျောင်း၌ ပီရ် မော်လနာ မူဟမ္မဒ် ယူဆုဖ် က သရာဝီ ရှေ့ဆောင်ဝတ်ပြုနေစဉ် ဆာပ်၏ သား နိုရ်မိုဟမ္မဒ် က ကြားနားနေစဉ် တစ်နေရာ၌ မှားနေကြောင်း ထင်၍ လုက်မာ ဖြည့်စွက်ပေးခဲ့သည်။ သို့သော် နောက်တွင် စုံစမ်းခဲ့သောအခါ ငါသာ မှားကြောင်း၊ စာသားတူ အာယာတ်တော်ဖြစ်ကြောင်း တွေ့ရသောအခါ ပြန်လည် ရှေ့ဆောင်အား ပြောပြခဲ့သည်ဟု သခင်ကိုယ်တိုင်က တပည့်များကို စာပို့ချနေစဉ် ဝန်ခံပြောပြခဲ့ဖူးသည်။ သခင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ကြောင်း မိမိပင် မှားသည်ဖြစ်စေ ဝန်ခံရာတွင် ဝန်မလေးကြောင်း ပေါ်လွင်နေပါသည်။
သခင်၏ တပည့်တော် နှစ်ပါး
သခင်၏ တသက်တာ စာပေပို့ချမှုမှ မရေမတွက်နိုင်သော တပည့်တော် အာလင်မ် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။ ယင်းထဲမှ အာရ်ကာန်ပြည်၌ နေလိုလလို တောက်ပခဲ့သည့် တပည့်တော် နှစ်ပါးမှာ-
၁) မော်လနာ ဟူစိန်အဟ်မတ်
၂) မော်လနာ အေခ်ဘာလ် ဟူဆောင်း တို့ဖြစ်သည်။
မော်လနာ ဟူစိန်အဟ်မတ်သည် သခင်၏ သမက်တော် ဖြစ်သည်ကို ရှေးက ဖော်ပြ ပြီးပါပြီ။ ကူဝါရ်ဘီလ် ခေတ်သစ် အာရဗီကျောင်း၏ အမှုဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
မော်လနာ အေခ်ဘာလ် ဟူဆောင်း မှာ ငါးခူးရ ဇာတိဖြစ်ပြီး ကျော်ကြားထင်ရှားသော မုဖ်သီ ဓမ္မသတ် ပညာရှင်တစ်ပါးဖြစ်ပါသည်။
နိုင်ငံ့တာဝန် သယ်ပိုးခြင်း
မိုဟဒ္ဒေစ် ဆာပ်သခင်သည် မောင်တောခရိုင် အိုလမာ အဖွဲ့ချုပ် အတွင်းရေးမှူး၊ ခရိုင် ဓမ္မသတ်ချုပ် အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ သာသနာ့ အမှုပေါင်းများစွာကို စီရင်ဆောင်ရွက်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ၏ ကတိသစ္စာပြုသည် အချက်များကို ယုံကြည်ကာ မောင်းတော-ဘူးသီးတောင် မဲဆန္ဒနယ်များ၌ ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ခဲ့သည်။ ဆုံးရှူံးခဲ့ရသော အခွင့်အရေး ရပိုင်ခွင့်များကို ပေးဆပ်မည်ဟု ကန့်လန်ကတိပြုလာသဖြင့် “လှမ်းသည့်ကြိုးကို မြဲမြံစွာကိုင်၍ မဆုတ်မနစ် မိမိတို့ အခွင့်အရေးများကို ရယူကြစို့” ခေါင်းစဉ်ဖြင့် လူထုဟောပြောကာ မဲဆွယ်ခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးသည် အဏာရလာသောအခါ ကတိပေးခဲ့သည့်အတိုင်း မဆောင်ရွက်ပဲ နောက်နည်းခဲ့သည်။ ၂၀၁၂ တွင် အဓိကရုဏ်းပေါ်လာပြီး အာဏာရအစိုးရက ကတိအားလုံး ပျက်ခဲ့သည်။ သခင်က အလွန် ဝမ်းနည်းမဆုံးဖြစ်၍ ငါသည်သာ ကိုယ့်လူမျိုးနဲ့ သစ္စာဖောက်ခဲ့သလော့ ဟု ယူကျုံးမရ ဖြစ်ခဲ့သည်။ ထို စိတ်ဝေဒနာသည် ကျန်းမာရေး ထိခိုက်လာကာ နေဝင်လေသည်။
၂၀၁၂ အဓိကရုဏ်းကြောင့် စိတ်ဝမ်းကွဲသွားသည့် လူမျိုးစုကို သဟဇာတ ဖြစ်လာစေရန် ဘာသာပေါင်းစုံ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း မိမိနောက်ဆုံး ထွက်သက်တိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
ဒွိနီယာလောက နှုတ်ခွန်းဆက်သ
မိုဟဒ္ဒေစ် ဆာပ်သခင်သည် နိုင်ငံ့တာဝန်၊ သာသနာ့တာဝန်၊ အမျိုးတာဝန် အသီးသီးကို ကြည်ဖြူစွာ ထမ်းဆောင်ရင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ တနင်္ဂနွေနေ့ ညနေ ၄း၃၀ တွင် မိမိနေအိမ် ကျီးကန်ပြင်အုပ်စု၊ မောင်ဓော့မ (မောင်နှမ) ကျေးရွာ၌ အလ္လာဟ်အမိန့် ခံယူသွားလေသတည်း။
[အိန္နာ့ လိလ္လာဟိ ဝအိန္နာ အီလိုင်ဟိ ရာဂျီအုန်း]
သခင်၏ ဂျနဇာ၌ အနယ်နယ်အရပ်ရပ်မှ လူပေါင်း တစ်သိန်း နီးပါး တက်ရောက်ခဲ့သည်။ သခင်အား နောက်ဆုံး ကြည့်ရှုနှုတ်ခွန်းဆက်သရန် လာကြသော လူအပေါင်းတို့ သွားလာရေး လွယ်ကူစေရန် ဘူးသီးတောင်-မောင်တော-ကြိမ်ချောင်း လမ်းမရှိ အဝင်အထွက်စစ်ဆေးဂိတ်များကိုပင် အာဏာပိုင်များက တစ်နေ့လုံး ဖွင့်ပေးခဲ့သည်။ အစစ်အဆေးမခံပဲ လူသူသွားလာနိုင်ခဲ့ကြသည်။ သခင်ကို ရိုဟင်ဂျာလူထု သာမက ဘာသာခြားလူမျိုးခြား၊ အာဏာပိုင်များကပင် လေးစားကြည်ညိုကြောင်း သက်သေပြခဲ့လေသည်။
မိုဟဒ္ဒေစ် ဆာပ်သခင် ကွယ်လွန်ပြီးနောက် အာရ်ကာန်ပြည်၏ အောက်မေ့သတိရဖွယ် လွမ်းချင်း၊ ညည်းချင်း အမျိုးမျိုးကို သီဆိုခဲ့ကြသည်။ အောက်တွင် ဖော်ပြထားသည့် ညည်းချင်း (ဇာရီ) ကို နူရ်ဟူစိန်း ကာဝါလ် သီဆိုခဲ့ခြင်းဖြစ်ပါသည်။ ဖတ်ရှူခံစားကြည့်ပါ…
💥 Dinor Sarag Luwai giyé 💥
Singer: Noor Hussein Kawal
Zat: Kawali, Zari
Har hañsé zai buzaitám moi aññárar sintar kahání,
Muhaddes sab moron baáde notun furani,
dinor sarag gelgói hore aiyer hañdani.
Moñgdómár bilot accíl gór, fúno o bái sintar hóbor.
Natton séle Dizemborot fundóro tarík rowani,
Muhaddes sab moron baáde notun furani…
Forát accíl dini elóm, zaga zaga maijjíl kodom,
Íbar dikka tuwai sailé kul Arakanot faibaní,
Muhaddes sab moron baáde notun furani…
Elóm ór dorot accíl, dini hekmot gorát accíl,
Hádis forat linot fura zibon diló kurbani,
Muhaddes sab moron baáde notun furani…
Zar hátere batti zoillé, házar házar alem neollé,
Fura decót lagi bainyain sarag aiccíl nurani,
Muhaddes sab moron baáde notun furani…
Accíl kibír-borai sára, cágirít neollé fara fara,
Adob, lehas, usul, torika, gorat acíl zubani,
Muhaddes sab moron baáde notun furani…
Becá barik forá forí, Tirmizi Muslim Bukhári,
Fura zibon diyat accíl Hádis óro boiyani,
Muhaddes sab moron baáde notun furani…
Alem, mufti, muhaddes bánai, nobir foóri diyé berái,
Matár uoré bicí asé, zibar diya nicáni,
Muhaddes sab moron baáde notun furani…
Arakane haner guzóri, muhaddes sab ór nam dóri,
Loo zaiya loo aiya furaizar surgór faní,
Muhaddes sab moron baáde notun furani…
Foitto hamot óito zabin, muhaddes sab Sayedul Amin,
Farar halot ki oibode Allah tuáñr mehérbani,
Muhaddes sab moron baáde notun furani…
Luwai giyé nuror bátti, duwa aiyér kolób ottí,
Dinor usila yé Allah kobor goric nurani,
Muhaddes sab moron baáde notun furani…
dinor sarag gelgói horé aiyér hañdani.
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ဆက်လက် တည်းဖြတ်ဖော်ပြပေးပါမည်။



No comments:
Post a Comment