Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, July 22, 2018

တို့ရွာဘော်လီ ဓလေ့



တို့ရွာဘော်လီ ဓလေ့

🎑🎑🎑🎑🎑🎑🎑🎑


လဝါဆိုလဲ ရောက်လာလေပြီ
မိုးစက်မိုးပန်း တဖွဲ့ဖွဲ့နဲ့
တို့ရွာရှေ့ဘက် မျှော်ကြည့်လတ်သော်
စိမ်းလန်းစိုမြိုင် မေယုဂနိုင်မှ
သဘာဝအလှ သာယာအေးက
သူ့ရင်ခွင်သို့ သွားရောက်လည်ဖို့
ပြုံးမာယာနဲ့ ဆီးကြိုနေ၏။ 

တောင်ကျစမ်းရေ သွင်သွင်စီးကြည်
ကမ်းတလျှောက်တည် ကျောက်ခင်းပုလဲ
သက်ဝင်လှုပ်ရှား ပန်းချီကားပမာ
ရင်မွေ့လျော်ဖွယ် ရှုစဖွယ်တည်း။ 

ဒီချိန်ရောက်ခါ ရွှေကာလသား
ပျိုကောင်းလူမောင် အိုမကျန်ဆောင်
ထို…ထိုနေရာ ရှုခင်းသာကို
ရင်ဝယ်ခံစား လန်းဆန်းစေသား
အဖျော်ယမကာ တေးဂီတာနဲ့
မြူထူးရွှင်ပါး ပျော်ပွဲထွက်စားကြသည်မှာ
တို့ရွာဘော်လီ ဓလေ့သာတည်း။ 


[ကျော်မင်းထွန်း ၏ ကုန်ကြမ်းမှ]

တည်းဖြတ် သီကုံး-     ရိုသားချေ
ဓာတ်ပုံ-              ကျော်မင်းထွန်း


No comments:

Post a Comment