“ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး”
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~
ဓာတ်ပုံ KhinZaw(ကသာ)
@
https://www.facebook.com/permalink.php?story_fbid=2073155399672068&id=100009328856634
@
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အနော်ရထာမင်း (AD 1002 - 1035) နတ်ရွာစံတော့ သားတော်ကြီး စောလူးမင်း (AD 1035 - 1061) နန်းတက်ပြီး ညီတော်ဖြစ်တဲ့ ကျန်စစ်သားကို အိမ်ရှေ့စံပေး စစ်သူကြီး ခန့်လိုက်တယ်။
နောင်တော့ ကျန်စစ်သားဟာ ဦးစောက်ပန်း မိဖုရားနှင့် နန်းတော်ရှေ့မှာ ရယ်ရယ်မောမော စကားပြောနေတာ တွေ့တော့ ပန်းလှိုင်အရပ် စစ်ကိုင်းနားက ပရိမ္မအရပ်ကို စောလူးမင်းက နယ်နှင်လိုက်တယ်။
မကြာပါဘူး စောလူးမင်းဟာ ငယ်ငယ်က နို့ဆို့ဖက်ဖြစ်တဲ့ ငရမာန်ကားနှင့် ကြွေအံ့ ကစားရင်း ကြွေအံ့ရှုံးတဲ့ စောလူးမင်း ကဒေါသ ထွက်ပြီး ~
" ငရမာန်ကန်း ရယ် … မင်းက ကြွေအံ့သား ကစားတတ်တာပါ၊ စစ်ကစား မတတ်ပါဘူး " လို့ ချိုးနှိမ်လိုက်တယ်။
ငရမာန်ကန်းလည်း ရှက်ရှက်နဲ့ ဥဿာ (ပဲခူး) ပြန်ပြီး ပဲခူး စစ်တပ်ကြီးနှင့် စစ်ချီလာပြီး စောလူမင်းနှင့် စစ်ခင်း တော့တယ်။
နောက်ဆုံး စောလူးမင်း (AD 1035 - 1061) ကို ဖမ်းမိပြီး သတ်ပစ်လိုက်တယ်
ပေါက္ကန် ထီးနန်း ငရမာန်းလက် အပ်ဖို့ တောင်းဆိုတော့
အမတ်ကြီးတွေက ဥပါယ်တမျှင်နဲ့ အိမ်ရှေ့စံလည်းဖြစ် စစ်သူကြီးလည်းဖြစ်တဲ့ " ပရိမ္မအရပ်က ကျန်စစ်သားကို စီးချင်းထိုးပါအုံး၊ အနိုင်ယူပါအုံး၊ နိုင်ခဲ့သော် ပေါက္ကန် ထီးနန်း ပေါက္ကန်တိုင်းပြည် အပ်ပါမယ် "လို့ ပြောလိုက် တော့
စစ်ကိုင်းနားက ပရိမ္မအရပ်မှာ ကျန်စစ်သားနဲ့ ပထမအကြိမ် ငရမာန်ကန်း စီးချင်းထိုးတယ်။ ကျန်စစ်သား ရှုံးပြီး ပန်းလှိုင်အရပ်ကို ထွက်ပြေးရတယ်။
ပန်းလှိုင်အရပ်မှာ ဒုတိယအကြိမ် စီးချင်းထိုးတော့လည်း ကျန်စစ်သား ရှုံးပြန်တယ်။ တကောင်းအရပ်ကို ထွက်ပြေးရတယ်။
တကောင်းအရပ်မှာ မွတ်စလင်ကြီး ဗျတ်ဝိ၊ ဗျတ်တ မျိုးဆက်ဖြစ်တဲ့ မုဆိုးကြီး ငစဉ့် (ခ) မွတ်ဆလင်ကြီး ငစဉ့်နဲ့ တွေ့တယ်။
ငစဉ့်ဟာ ဗျတ်ဝိ ဗျတ်တရဲ့ တူတော်မောင် တော်ပြီး ဥတည်ဘွား လည်ပင်းကို ထုံး ၃ ချက် တားခဲ့တဲ့ ရွှေဖျင်းကြီး ရွှေဖျင်းလေး (ခေါ်) မင်းကြီး မင်းလေးနဲ့
ညီအစ်ကို ဝမ်းကွဲ တော်စပ်တယ်။
အကြောင်းစုံပြောပြပြီး ကျန်စစ်သားက အကူအညီတောင်းတော့
ဧရာဝတီမြစ်ကို မုဆိုးငစဉ့် ကူးသွားတဲ့ အရပ်ကို ငစဉ့်ကူး
ငရမာန်ကန်းကို မုဆိုးငစဉ့် ဒူးလေးနဲ့ ပစ်သတ်တဲ့ အရပ်ကို ငစဉ့်ကိုင် လို့ ကျန်စစ်သား မင်းကြီးက အမည်မှည့်ပေး ရွာတည်ပေးလိုက်တယ်။
မှတ်ချက်။ ။ အခု ကာလမှာတော့ စဉ့်ကူးမြို့ ~ စဉ့်ကိုင်မြို့ ဆိုပြီး မန္တလေးတိုင်း အနီးမှာ ထင်ရှားစွာ တည်ရှိနေ ပါတယ်။
ကျန်စစ်မင်းကြီး (AD 1061 - 1088) ထီးနန်းရတော့ ပေါက္ကန်ပြည်ကြီးမှာ စစ်သူကြီး လုပ်ဘို့
မုဆိုးကြီး ငစဉ့် ကို မြို့စားမင်း နယ်စားမင်း ခန့်တယ်
အနော်ရထာ မင်းကြီးလက်ထက် အတိုင်း ဗျတ်ဝိ ဗျတ်တ လို ရွှေဖျဉ်းကြီး ရွှေဖျဉ်းလေး အတိုင်း
နယ်စားမင်း မြိ့စားမင်း ပေးတာကို မယူ
" ကွမ်းတစ်ယာနှင့် ရေတစ်မှုတ် " တောင်း သောက်ပြီး မုဆိုးကြီး ငစဉ့် တကောင်းကို ပြန်သွားတယ်။ တကောင်းမှာဘဲ အသက်ကြီးလာတော့သေသွားတယ်။
ဦးကိုနီလည်း ၂၀၀၈ ဖွဲစည်းပုံကြောင့် အမေစု သမ္မတ မဖြစ်ရလည်း သမ္မတအောက် ငယ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူးကို ဆွဲထုတ် ယူပေးသွားတယ်။
အမေစု ကလည်း ဦးကိုနီ ကို ဥပဒေအတွင်းဝန် ခန့်တာကို လက်မခံ မယူဘဲ နဂိုလ်ရှိမြဲ NLD ဥပဒေ အကြံပေးလုပ်ရင် မသမာသူ လက်ချက်နဲ့ သေပွဲဝင်သွားရတယ်။
သမိုင်းဆိုတာ မင်းဆိုးမင်းညစ် ခေတ်မှာ ခဏတာ မှေးမိန်နေပေမဲ့ တစ်စုံ တစ်ဦးက ရေးသားလိုက်ရင်
ပုလဲ စစ် ပုလဲမှန်ဆိုတာ " ပုလဲအရောင် မမှိန်ပါဘူး "
နွံနစ်လို့ ကျွန်ဖြစ်မဲ့ အချိန် လူမျိး မတူ ဘာသာကွဲ အစ္စလာမ်ရဲ့ သားတော်တွေ မွတ်စလင်ရဲ့ သူရဲကောင်းတွေ
ပေါ်ထွက်လာရတာ ဓမ္မတာပါ
ပတ္တမြားမှန်လျင် နွံနစ်သော်လည်း နွံမညစ်ပါဘူးနွံနစ်ပေမဲ့ ကျွန်မဖြစ်အောင် ကယ်တင်တဲ့တာ ပတ္တမြားစစ်စစ်
ပြည်တန်တဲ့ ပတ္တမြားသာလောကမှာ ရှိပါတယ်
@
ရခိုင်ပြည်နယ်၊ မောင်တော(စာစစ်)မှ ထူးထူးချွန်ချွန်အောင်မြင်ကြတဲ့ မွတ်စလင်ခလေးငယ်များ၊ အခက်အခဲ အကြပ်အတည်းများကြားမှ ယခုလို အောင်မြင်ထူးချွန်သည့်အတွက် ဂုဏ်ယူဝမ်းသာပါသည်။
~~~~~~~~~~~~~~
Video ရခိုင်ပြည်မှ ရှိုက်ငိုသံ
~~~~~~~~~~~~~~
ပတ္တမြား စစ်စစ် ပုလဲ အရောင် မမှိန်ပါဘူး
နွံနစ်ပေမဲ့ ကျွန်ဖြစ်မခံတာ အစ္စလာမ် သာသနာ
( အရှင် ပညာ လင်္ကာရ )
2-6-2018~~~~~~~~~~
ဓာတ်ပုံ KhinZaw(ကသာ)
@
https://www.facebook.com/permalink.php?story_fbid=2073155399672068&id=100009328856634
@
No comments:
Post a Comment