Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, November 19, 2019

သောကခရီးဝယ် ဒုက္ခသယ်




သောကခရီးဝယ် ဒုက္ခသယ်



ရေးဖွဲ့- လူထုဝဏ္ဏ


(၁)

တို့ဖွားမြင်တဲ့ မြန်ပြည်သာမှာ

လူဦးရေမှန်း ခြောက်သန်းခန့်ရှိတယ်။

သူတချို့က တိုက်တွေမှာနေ၊ 

လူတစ်ချို့က တွင်းထဲအောင်းရတယ်။

တို့အဖို့တော့ ခုချိန်ထိ

 နေရာတကွက်လောက် မရှိပါလား၊ 

အို အဆွေ!


(၂)

ဟိုးတစ်ချိန်က တို့တွေမှာလည်း

 ပြည်တိုင်းမြေသာ ရှိခဲ့တယ်။ 

တရားမျှတ လွတ်လပ်ကလို့ 

သမိုင်းသက်သေ ပြောင်ခဲ့တယ်။

ကမ္ဘာမြေပုံမှာ ရှာကြည့်မယ်ဆို၊

တို့ပြည်ရွှေသာ တွေ့မှာမုချ။

သို့ပေမဲ့ ခုတို့တွေက နေခွင့်ရှိဘူးတဲ့၊ 

အိုအဆွေ! 


(၃)

ငါ့ရွာဟောင်းရဲ့ ဝတ်ပြုကျောင်းမှာ 

ခရေပင်အို တစ်ပင်ရှိခဲ့တယ်။

နွေဦးချိန်တိုင်း ပွင့်သစ်ခိုင်းတွေနဲ့

 ဝေဆာနေပါတယ်။

တို့ရာဇဝင်အိုက  အဲ့လိုပွင့်သစ် 

မလန်းနိုင်ဘူးတဲ့၊ အိုအဆွေ!


(၄)

အာဏာရှင်က စားပွဲခုံကို 

ထုပြီးတော့ ရမ်းပြောတယ်

တကယ်လို့ မင်းတို့ ဘင်္ဂလီမခံရင် 

မင်းတို့ တရားဝင် သေပြီတဲ့။

သို့ပေမဲ့ တို့က ရှင်သန်နေဆဲပါပဲ။ 


(၅)

ကော်မရှင်ဆီသွား ခွင့်ရေးတောင်းတော့

ထိုင်ခုံပေးကာ သိမ်မွေ့စွာ 

ဘင်္ဂလီခံမှပြန် ပြောဖန်ဖန်။

သို့ပေမဲ့ တို့ဒီနေ့ ဘယ်ကိုသွားမတုံး၊ 

အိုအဆွေ!


(၆)

ရပ်သားသွေးခြား စည်းဝေးကာ

နာယက က  မိန့်ခွန်းမြွက် 

“သူတို့ကို ဝင်ခွင့်ပေးမယ်ဆို

ငါတို့ဝမ်းစာ ခိုးစားမယ်”တဲ့။

အိမ်ရှင်ဖြစ်တဲ့ ငါနဲ့မင်းကို 

သူတို့က သခိုးယိုးစွပ်နေတာပါ၊ 

အိုအဆွေ!


(၇)

ကောင်းကင်ယံပေါ် မိုးခြိမ်းသံများ 

ကြားရသလို ငါထင်မိတယ်။

အဲ့ဒါက တို့ဌာနေပေါ် ဖေါက်ကွဲနေတဲ့ 

ဝရဇိန်တွေပါ။ 

“ကုလားတွေ စင်အောင်သတ်”လို့ 

တကျယ်ကျယ်အော်သံပါ။

ငါတို့ကို ချေမှုန်းလိုက်ပြီ။ အိုအဆွေ! 


(၈)

ဂျာကင်ဝတ်တဲ့ ခွေးရိုင်းတကောင်က 

ကြောင်တကောင်အား

ဖွင့်ဟနေတဲ့တံခါးတစ်ခုမှ

 ဝင်ခွင့်ပေးတာကို မြင်တယ်။ 

သို့သော် သူတို့က ရိုမဟုတ်ကြောင့်သာတဲ့။ 

အိုအဆွေ! 


(၉)

ဆိပ်ကမ်းနားသို့ သွားပြီးတော့

 လှေဆိပ်ပေါ် ရပ်ကြည့်တဲ့ခါ 

ငါးကလေးတွေက လွှတ်လပ်လပ်

 ရေကူးနေကြတယ်။ 

သို့ပေမဲ့ တို့ကတော့ခါ ဆယ်ပေလောက်ပဲ 

သွားလာနိုင်တာကိုး၊ အိုအဆွေ!


(၁၀)

တောမှတခေါက် လျှောက်သွားတဲ့ခါ 

သစ်ပင်တွေပေါ် ငှက်ဖော်စုံတွေကို မြင်ရ၏။ 

သူတို့မှာ နိုင်ငံရေးသမား မရှိဘူး။ 

သူ့စိတ်သက်သာရာ သီချင်းတွေကို 

သီဆိုနိုင်ကြတယ်။ 

သူတို့ လူထက်တောင် သာနေတယ်၊ အိုအဆွေ!


(၁၁)

အိပ်မက်ထဲတွင် အထပ်တစ်ထောင်၊

 ပြူးတင်းပေါက် တစ်ထောင်နှင့် 

တံခါးတထောင်ရှိတဲ့ အိမ်ကိုမက်ခဲ့၏။ 

သို့ပေမဲ့ တံခါးတစ်ပေါက်ရှိတဲ့ 

တို့အိမ်ကိုတောင် မျိုးချစ်မောင်တို့က

 ကြေမွေလိုက်တယ်လေ။ 

အိပ်မက်ထဲမှ တစ်ခုမျှလောက်

ကျနော်တို့ မပိုင်ခဲ့ပါလား။ အိုအဆွေ!


(၁၂)

မိုးပြင်းနေတဲ့ လွင်ပြင်တစ်ခုမှာ

ရပ်၍ခဏ စောင့်ကြည့်ခဲ့၏။ 

လက်နက်ကိုင်ရှင် သန်းလောက်ထင် 

သွားလိုက်လာလိုက် ကင်းလှည့်နေတယ်။ 

မင်းနဲ့ငါ့ကို ရှာနေတာတဲ့။ အိုအဆွေ!


စကတင်ဘာလ ၁၇၊ ၂၀၁၉။( ၈: ၃၆ )






No comments:

Post a Comment