Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 2, 2020

ကမ္ဘာ့ဘာသာကြီးများက ရုပ်တုကိုးကွယ်မှုကို ဆန့်ကျင်

 


ကမ္ဘာ့ဘာသာကြီးများက ရုပ်တုကိုးကွယ်မှုကို ဆန့်ကျင်


ကမ္ဘာ့ဘာသာကြီးများ၏ ကျမ်းစားအသီးသီးကို လေ့လာကြည့်ရာမှာ အောက်ပါအတိုင်း ရုပ်တုကိုးကွယ်မှုကိုဆန့်ကျင်ကန့်ကွက်ထားကြောင်း တွေ့ရှိရပါသည်။


ကမ္ဘာပေါ်တွင် လူအများဆုံးကိုးကွယ်သော ခရစ်ယာန်ဘာသာနှင့် ဂျူးဘာသာတို့၏ကျမ်းကြီးများတွင်

"ရုပ်တုဆင်းတုကိုလည်း မချဉ်းမကပ်ရ။ ကိုယ်အဘို့သွန်းသော ဘုရားတို့ကို မလုပ်ရ။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။"

(သမ္မာကျမ်းစာ၊ ဝတ်ပြုရာကျမ်း ၁၉း၄)


"အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ် မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသော အရာနှင့်ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။"

(သမ္မာကျမ်းစာ၊ ထွက်မြောက်ရာကျမ်း။ ၂၀း၄-၅)


"ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။"

(သမ္မာကျမ်းစာ၊ ရှင်ယောဟန်​‌ဩဝါဒစာ​ပဌမစောင် ၅း၂၁)


''ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်းရှိသောအရာနှင့် ပုံသဏ္ဍာန်တူအောင်၊ ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်။ မင်း သူတို့ကို ဦးမချ၀တ်မပြုနှင့်။'' 

(သမ္မာကျမ်းစာ၊ လွတ်မြောက်ရာကျမ်း ၂၀း၃-၅)

 

အထက်ဖော်ပြပါဖော်ပြချက်နှင့် ဆင်တူသောသတိပေး လမ်းညွှန်ချက်ကို တရားဟောရာကျမ်း (Deuteronomy) တွင်ထပ်မံ၍ မိန့်ဆိုထားကြောင်းတွေ့ရသည်။

''ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက် ရေထဲ၌လည်းကောင်း၊ ရှိသောအရာနှင့် ပုံပန်းသဏ္ဍာန်တူအောင်ရုပ်တုကို ကိုယ့်အဖို့မလုပ်နှင့်။ ဦးမချ၊ ၀တ်မပြုပါနှင့်။ ''

(သမ္မာကျမ်းစာ၊ တရားဟောကျမ်း ၅း၇-၉)

 

ဟိန္ဒူဘာသာကျမ်းစာများတွင်ပါရှိသည့် ကိုးကွယ်ရာအရှင်နှင့် ရုပ်တုကိုးကွယ်မှုအကြောင်း

လူသားအနေနှင့် ကိုးကွယ်ရာအရှင်ကို တိကျသောပုံပန်း သဏ္ဌာန်တစ်ခုနှင့် တွေးမြင်မှန်းဆနိုင်စွမ်းမရှိကြောင်းကို ဥပနိသျှဒ်ကျမ်းမှအောက်ဖော်ပြပါစာပိုဒ်များအရ သိရှိနိုင်ပေသည်။

"ထိုအရှင်၏ ပုံပန်းသဏ္ဍာန်တော်ကို မြင်နိုင်စွမ်းမရှိပါ။ ထိုအရှင်ကို မည်သူမျှမျက်လုံးများဖြင့် မြင်ဘူးခြင်း မရှိပါ။ စိတ်နှလုံးများနှင့် ခံစားနားလည်နိုင်စွမ်းရှိသောသူများသည်သာ သူ့ကို သိမြင်နိုင်ပြီး၊ ထိုကဲ့သို့ သော လူသား၏နှလုံးသားများတွင်သာ ကိန်း၀ပ်စံပယ်တော်မူသော အစဉ်ထာ၀ရ တည်ရှိတော်မူသောအရှင်ဖြစ်သည်။"

(Svetasavatara Upanishad 4:20)

 

ယာဂျူးဝေဒကျမ်းများမှ အောက်ဖော်ပြပါစာပိုဒ်ကို စဉ်းစားသုံးသပ် ဆင်ခြင်ကြည့်ပါ။


"ထိုအရှင်မှာ ပုံသဏ္ဍာန်မရှိပါ။" 

(ယာဂျူးဝေဒကျမ်း ၃၂:၃)

 

"သဘာ၀တရားတွင်ရှိသော အရာ၀တ္ထုများ ဥပမာ-လေ၊ ရေ၊ မီး စသည်တို့ကို ကိုးကွယ်ဆည်းကပ်ကြသူတို့သည် အမှောင်ထုအတွင်းသို့ ၀င်ကြလေသည်။ ဆမ္ဗုတိကို ကိုးကွယ်ဆည်းကပ်ကြသူများသည် အမှောင်ထု အတွင်း နက်ရှိုင်းစွာ နစ်မွန်းကြလေသည်။

ဆမ္ဗုတိ ဟူသည်မှာ အဖန်ဆင်းခံအရာများ (ဥပမာ-စားပွဲ၊ ထိုင်ခုံ၊ ရုပ်ထုများ စသည်)ကို ဆိုလိုသည်။"

(ယာဂျူးဝေဒကျမ်း ၄၀:၉)


အစ္စလာမ်သာသနာတို့၏ ကုရ်အာန်ကျမ်းတွင်

"ထို့ပြင် အရှင်မြတ်သည် တရားသဖြင့် စီရင်ဆုံးဖြတ်‌တော်မူမည်။ ထို့ပြင် အရှင်မြတ်အား စွန့်ပြီး သူတို့ ဟစ်‌ခေါ်ခဲ့ကြ‌သော ကိုးကွယ်ရာရုပ်တုများသည် မည်သည့်အရာတစ်ခုမျှ စီရင်ဆုံးဖြတ်နိုင်ကြမည် မဟုတ်‌ပေ။

အမှန်စင်စစ် အရှင်မြတ်သည်ပင် အကြွင်းမဲ့ကြား‌တော်မူ‌သောအရှင်၊ အကြွင်းမဲ့မြင်‌တော်မူ‌သောအရှင် ဖြစ်‌တော်မူသည်။ "

(ကုရ်အာန်ကျမ်း ၄၀း၂၀)


ဗုဒ္ဓဘာသာသည်လည်း ရုပ်တုဆင်းတုတော်များ ဆည်းကပ်ကိုးကွယ်သည့် ဘာသာမဟုတ်ချေ။ ဗုဒ္ဓဘာသာတွင် မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း ၄၀၀ ကြာပြီးနောက် ရုပ်တုကိုးကွယ်မှု သက်ဝင်လာခဲ့သည်။ 

"မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓဓါတ်တော်များကို စေတီတည်ထိုက်ကြောင်း၊ ဘုရားဖွားရာ၊ ဘုရားပွင့်ရာနှင့် ပရိနိဗ္ဗာန်ပြုရာဌာနများသို့ ဘုရားဖူးသွားသောသူတို့သည် နတ်ပြည်သို့ရောက်မည်ဖြစ်ကြောင်း ဖော်ပြထား၏။ ဤစကားမှာ မိမိအား ပုဂ္ဂိုလ်စွဲ ကြည်ညိုမှုကို ဆန့်ကျင်သော ဗုဒ္ဓ၏စကား သို့မဟုတ် သင်္ဂါယာနတင် ရဟန်းသင်္ဃာတို့၏ စကားမဖြစ်နိုင်ချေ။ ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုပြီးနောက် နှစ်ပေါင်း ၂၀၀ ကျော်လောက်မှ သုတ္တန်ပိဋိကတ်ကို ပြင်ဆင်တည်းဖြတ်သောဆရာတို့၏ စကားဖြစ်ရပေမည်။"

(ဗုဒ္ဓနှင့် ဗုဒ္ဓဝါဒ-   ၃၃၄)



Ref: Known Islam


No comments:

Post a Comment