Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 10, 2021

စစ်တွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်

 

E.K. Maracan, Akyab.

စဈတွေမြို့က အချမ်းသာဆုံး ပုဂ္ဂိုလ် သူဌေးကြီးမာရကန်

| (-လူထုဝဏ္ဏ)

ကိုလိုနီခေတ်တွင် စစ်တွေမြို့၏ အချမ်းသာဆုံး ပညာတတ် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ထင်ရှားခဲ့သူမှာ အခြားမဟုတ် သူဌေးကြီး မာရကန်ပင် ဖြစ်သည်။ မာရကန်သည် စစ်တွေမြို့ဇာတိဖြစ်သည်။ ဝတ်လုံတော်ရ ပည်ရွင်တစ်ဦးဖြစ်သည်။ နာမည်အပြည့်အစုံမှာ မစ္စတာ အီ၊ ကာဒေရ် မာရကန် ဖြဈသည်။

မစ္စတာ အီ၊ ကာဒေရ် မာရကန် သည် ၁၉၀၆ ခု ကတည်းကပင် စစ်တွေမြို့ မြူနီစီပယ် ကော်မရှနာ တစ်ဦးဖြစ်ပြီး အကျိုးတော်ဆောင် ရာဇဝတ်တရားသူကြီး တစ်ဦးလည်းဖြစ်သည်။ အာရကန် အင်ဂျူမာ အေ အိစ္စလာမီယား (Arakan Anjuman I Islamia)၏ ဒု-ဥက္ကဋ္ဌ တစ်ဦးအပြင် စစ်တွေ အစိုးရ အထက်တန်းကျောင်း စီမံအုပ်ချုပ်ရေး ဘုတ်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ((*အာရကန် အင်ဂျူမာန်အေ အီစ္စလာမီယာကို ၁၉၀၉ ခု တွင် ဆရာကြီး မီယျာ အဗ္ဗဒူလ် ဟာမီတ်က ထည်ထောင်ခဲ့သည်။ အဗ္ဗဒူလ် ဟာမိတ်မှာ ဥက္ကဋ္ဌ ဖြစ်ပြီး၊ ရခိုင်ပြည်၏ ပထမဆုံး သတင်းစာ The Arakan News အယ်ဒီတာချုပ် T.U Ahmed က အကျိုးဆောင် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။)) စစ်တွေမြို့ပေါ်တွင် အထက်တန်းစား စီးပွားရေးလုပ်ငန်းများဖြစ်သော ကုန်တင်ကုန်ချလုပ်ငန်း၊ အထွေထွေ ကုန်သွယ်ရေး၊ ကော်မရှင်အဖွဲ့ ကိုယ်စားလှယ် စသော ထိပ်တန်းလုပ်ငန်းများကို ချုပ်ကိုင်ထားသူဖြစ်သည်။ ထို့အပြင် သင်္ဘောကြီးတစ်စင်းနှင့် တန်ချိန် ၅၀ မှ ၆၀ ထိ တင်နိုင်သော ကုန်တင်သင်္ဘော ၁၅ စင်း ကို ပိုင်ဆိုင်သူဖြစ်သည်။ ဝန်ထမ်း တစ်ထောင်ကျော်သည် သူ့ကို အမှီသဟဲ ပြုနေသည်။ သူသည် Maracan E.K, Well st. Sub agent Burma Oil Co. ကုမ္ပဏီထူထောင်ကာ အစိုးရမှ အရေးပါသော ကျောက်မီးသွေးနှင့် ရေနံပို့ဆောင်ရေး ကန်ထရိုက် ယူပြီး ပြည်ပသို့ တင်ပို့ခဲ့သူဖြစ်သည်။ သူ၏ စီးပွားဖက် ကိုယ်စားလှယ်များမှာ Thomas Brock e Co., 29, Waterloo Street, Glasgow, နှင့် Mr. A. J. Ismay, Stoke Newington, London တို့ဖြစ်ကြသည်။ 

အီ၊ ကာဒေရ် မာရကန်၏ စီးပွားရေးလုပ်ငန်းကြီးကို မူလတည်ထောင်သူမှာ သူ၏ ဖခင်ဖြစ်သော သူဌေးကြီး မစ္စတာ အီ၊ အက်စ်၊ မာရကန် (E. S. Maracan) ဖြစ်သည်။ ကာရီကဲလ်၊ ပန္ဒီရှာရီ ဇာတိဖြစ်သည်။ စစ်တွေမြို့သို့ ၁၈၅၀ ကျော်ခန့်က တက်လာခြင်းဖြစ်သည်။ ဖခင် မာရကန်သည် အလှူဒါန အမျိုးမျိုးကို ရက်ရက်ရောရော လှူဒါန်းခဲ့သော ပေးကမ်းတတ်သူ တစ်ဦးဖြစ်သည်။ အထွေထွေ ဆေးရုံကြီး၏ ပင်မအဆောက်အအုံကို တိုးချဲ့ဆောက်လုပ်ခြင်းနှင့် အခြားအဆောက်အအုံများကို သူ၏ ပင်ကိုအသုံးစရိတ်ဖြင့် ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ သူသည် အလွန်တင့်တယ်ခမ်းနားသော ပလီ အဆောက်အဦတစ်ခုကိုလည်း ဆောက်လုပ်ပေးခဲ့သည်။ အင်္ဂလိပ်ကျောင်းတစ်ကျောင်းကိုလည်း ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ စစ်တွေမြို့ပေါ်အပြင် အခြားမြို့နယ်ဘက်မှာလည်း စာသင်ကျောင်းများ၊ ပလီအဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းပေးခဲ့သည်။ ထိုခေတ်က မွတ်စလင်အသိုင်းအဝိုင်း၏ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခံရသည်။ သက်တမ်းတစ်ခုအထိ မြူနီစီပယ် ကော်မရှနာ အဖြစ် တာဝန်ထမ်းဆောင်ကာ လူထုအကျိုးပြုခဲ့သည်။ ၁၉၆၀ ခုတွင် မစ္စတာ E.S. မာရကန် ကွယ်လွန်သွားရှာသည်။ 

ဖခင်ကွယ်လွန်ပြီးနောက် အီ၊ ကာဒီရ် မာရကန်သည် ထိုအမွေဥစ္စာ၏ စီမံအုပ်ချုပ်သူဖြစ်လာခဲ့သည်။ ဖခင်၏ အရိုက်အရာကို ဆက်ခံခဲ့သည်။ ဖခင်က ချန်ရစ်ခဲ့သော ဥစ္စာ၏ ထိုခေတ် ကာလတန်ဖိုးမှာ ရူပီ ၃ သိန်းကျော်ရှိသည်။ ဖခင်တည်ဆောက်ခဲ့သော စာသင်ကျောင်းကို မြူနီစီပယ် အဖွဲ့ထံ လွှဲအပ်ပေးခဲ့သည်။ နောင်တွင် မြူနယ်စီပယ်က ဒေသန္တရ အစိုးရအထက်တန်းကျောင်းနှင့် တွဲဖက်၍ စီမံအုပ်ချုပ်ကြီးကြပ်ခဲ့လေသည်။ ကျောင်းနာမည်ကို ထည်ထောင်သူ၏ နာမည်ကိုစွဲ၍ E. S. Maracanas Anglo-Vernacular School အဖြစ် ပြောင်းလဲခေါ်ဝေါ်ပေးခဲ့သည်။  

Maracan Residence at Akyab.


အီ၊ ကေ၊ မာရကန်မှ ထွန်းကားခဲ့သော သားသမီးများအနက် ဗမာ့နိုင်ငံရေးလောက၌ ကျော်ကြားခဲ့သော သား နှစ်ယောက်ရှိခဲ့သည်။ သားကြီး E.G.S Maracan [Esmail Ghani Shah Maracan] နှင့် E.D.S Maracan [Esmail Dawood Shah Maracan] တို့ဖြစ်ကြသည်။ E.G.S Maracan မှာ Gani Maracan (Gani Markin) ဟု ထင်ရှားသည်။ ဂနီမာရကန် သည် ၁၉၃၆ ခု တွင် စစ်တွေခရိုင် မြောက်ပိုင်းမှ တိုင်းပြုပြည်ပြုလွှတ်တော်အမတ်ဖြစ်လာခဲ့သည်။ မြင်းစီးဝါသနာထုံသူဖြစ်သည်။ မြင်းများ မွေးမြူပြီး မြင်းစီးပြိုင်ပွဲဝင်လေ့ရှိသည်။သူ၏ မြင်းစီးပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သူလည်းဖြစ်သည်။ E.D.S မာရကန် မှာ Dawood Shah Marakan ဖြစ်ပြီး Tanbi Saheb ဟု လူသိများသည်။ ၁၉၄၂ အဓိကရုဏ်းမီး ငြိမ်သတ်နိုင်အောင် လှုပ်ရှားခဲ့သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ သား ၂ ယောက်စလုံးသည် အဲလီဇဘက်ဘုရင်မ၏ ခမည်းတော် George the sixth ဆုတံဆိပ်ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ 

EDS Maracan


မာရကန် မိသားစုသည် အလှူအတန်းပြုရာ၌ အလွန်လက်လွန်သည်။ စိတ်အားထက်သန်သည်။  ဥတ္တမပန်းခြံမြေနေရာသည်လည်း မာရကန်မိသားစုမှ လှူဒါန်းခဲ့သော မြေနေရာဟု သိရသည်။ စစ်တွေအပြင် ဗမာပြည်အခြားမြို့များတွင်လည်း သူတို့၏ အလှူဒါနများ၊ ပိုင်ဆိုင်မှုများ ရှိခဲ့သည်။ 


ကိုးကား-

၁။ Twentieth century impressions of Burma : its history, people, commerce, industries, and resources Page 398

၂။ The Anglo-Burmese Library 

၃။ အဆွေအမျိုးများ၏ ထွက်ဆိုချက်များ


စစ္ေတြၿမိဳ႕က အခ်မ္းသာဆံုးပုဂၢိဳလ္ သူေဌးႀကီးမာရကန္ 

|(-လူထုဝဏၰ)


ကိုလိုနီေခတ္တြင္ စစ္ေတြၿမိဳ႕၏ အခ်မ္းသာဆံုး ပညာတတ္ ပုဂၢိဳလ္တစ္ဦးအျဖစ္ ထင္ရွားခဲ့သူမွာ အျခားမဟုတ္ သူေဌးႀကီး မာရကန္ပင္ ျဖစ္သည္။ မာရကန္သည္ စစ္ေတြၿမိဳ႕ဇာတိျဖစ္သည္။ ႏိုင္ငံျခားမွ ဝတ္လံုေတာ္ရ တစ္ဦးျဖစ္သည္။

မစၥတာ အီ၊ ကာေဒရ္ မာရကန္ သည္ ၁၉၀၆ ခု ကတည္းကပင္ စစ္ေတြၿမိဳ႕ ျမဴနီစီပယ္ ေကာ္မရွနာ တစ္ဦးျဖစ္ၿပီး အက်ဳိးေတာ္ေဆာင္ ရာဇဝတ္တရားသူႀကီး တစ္ဦးလည္းျဖစ္သည္။ အာရကန္ အင္ဂ်ဴမာ ေအ အိစၥလာမီယား (Arakan Anjuman I Islamia) ၏ ဒု-ဥကၠ႒ တစ္ဦးအျပင္ စစ္ေတြ အစိုးရ အထက္တန္းေက်ာင္း စီမံအုပ္ခ်ဳပ္ေရး ဘုတ္အဖြဲ႕၏ အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္သည္။ ((*အာရကန္ အင္ဂ်ဴမာန္ေအ အီစၥလာမီယာကို ၁၉၀၉ ခု တြင္ ဆရာႀကီး မီယ်ာ အဗၺဒူလ္ ဟာမီတ္က ထည္ေထာင္ခဲ့သည္။ အဗၺဒူလ္ ဟာမိတ္မွာ ဥကၠ႒ ျဖစ္ၿပီး၊ ရခိုင္ျပည္၏ ပထမဆံုး သတင္းစာ The Arakan News အယ္ဒီတာခ်ဳပ္ T.U Ahmed က အက်ဳိးေဆာင္ အတြင္းေရးမႉးအျဖစ္ တာဝန္ယူခဲ့သည္။)) စစ္ေတြၿမိဳ႕ေပၚတြင္ အထက္တန္းစား စီးပြားေရးလုပ္ငန္းမ်ားျဖစ္ေသာ ကုန္တင္ကုန္ခ်လုပ္ငန္း၊ အေထြေထြ ကုန္သြယ္ေရး၊ ေကာ္မရွင္အဖြဲ႕ ကိုယ္စားလွယ္ စေသာ ထိပ္တန္းလုပ္ငန္းမ်ားကို ခ်ဳပ္ကိုင္ထားသူျဖစ္သည္။ ထို႔အျပင္ သေဘၤာႀကီးတစ္စင္းႏွင့္ တန္ခ်ိန္ ၅၀ မွ ၆၀ ထိ တင္ႏိုင္ေသာ ကုန္တင္သေဘၤာ ၁၅ စင္း ကို ပိုင္ဆိုင္သူျဖစ္သည္။ ဝန္ထမ္း တစ္ေထာင္ေက်ာ္သည္ သူ႕ကို အမီွသဟဲ ျပဳေနသည္။ သူသည္ Maracan E.K, Well st. Sub agent Burma Oil Co. ကုမၸဏီထူေထာင္ကာ အစိုးရမွ အေရးပါေသာ ေက်ာက္မီးေသြးႏွင့္ ေရနံပို႔ေဆာင္ေရး ကန္ထ႐ိုက္ ယူၿပီး ျပည္ပသို႔ တင္ပို႔ခဲ့သူျဖစ္သည္။ သူ၏ စီးပြားဖက္ ကိုယ္စားလွယ္မ်ားမွာ Thomas Brock e Co., 29, Waterloo Street, Glasgow, ႏွင့္ Mr. A. J. Ismay, Stoke Newington, London တို႔ျဖစ္ၾကသည္။ 


အီ၊ ကာေဒရ္ မာရကန္၏ စီးပြားေရးလုပ္ငန္းႀကီးကို မူလတည္ေထာင္သူမွာ သူ၏ ဖခင္ျဖစ္ေသာ သူေဌးႀကီး မစၥတာ အီ၊ အက္စ္၊ မာရကန္ (E. S. Maracan) ျဖစ္သည္။ ကာရီကဲလ္၊ ပႏၵီရွာရီ ဇာတိျဖစ္သည္။ စစ္ေတြၿမိဳ႕သို႔ ၁၈၅၀ ေက်ာ္ခန္႔က တက္လာျခင္းျဖစ္သည္။ ဖခင္ မာရကန္သည္ အလႉဒါန အမ်ဳိးမ်ဳိးကို ရက္ရက္ေရာေရာ လႉဒါန္းခဲ့ေသာ ေပးကမ္းတတ္သူ တစ္ဦးျဖစ္သည္။ အေထြေထြ ေဆး႐ံုႀကီး၏ ပင္မအေဆာက္အအံုကို တိုးခ်ဲ႕ေဆာက္လုပ္ျခင္းႏွင့္ အျခားအေဆာက္အအံုမ်ားကို သူ၏ ပင္ကိုအသံုးစရိတ္ျဖင့္ ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ သူသည္ အလြန္တင့္တယ္ခမ္းနားေသာ ပလီ အေဆာက္အဦတစ္ခုကိုလည္း ေဆာက္လုပ္ေပးခဲ့သည္။ အဂၤလိပ္ေက်ာင္းတစ္ေက်ာင္းကိုလည္း ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ စစ္ေတြၿမိဳ႕ေပၚအျပင္ အျခားၿမိဳ႕နယ္ဘက္မွာလည္း စာသင္ေက်ာင္းမ်ား၊ ပလီအေဆာက္အအံုမ်ားကို ေဆာက္လုပ္လႉဒါန္းေပးခဲ့သည္။ ထိုေခတ္က မြတ္စလင္အသိုင္းအဝိုင္း၏ ေခါင္းေဆာင္တစ္ဦးအျဖစ္ သတ္မွတ္ခံရသည္။ သက္တမ္းတစ္ခုအထိ ျမဴနီစီပယ္ ေကာ္မရွနာ အျဖစ္ တာဝန္ထမ္းေဆာင္ကာ လူထုအက်ဳိးျပဳခဲ့သည္။ ၁၉၆၀ ခုတြင္ မစၥတာ E.S. မာရကန္ ကြယ္လြန္သြားရွာသည္။ 

ဖခင္ကြယ္လြန္ၿပီးေနာက္ အီ၊ ကာဒီရ္ မာရကန္သည္ ထိုအေမြဥစၥာ၏ စီမံအုပ္ခ်ဳပ္သူျဖစ္လာခဲ့သည္။ ဖခင္၏ အ႐ိုက္အရာကို ဆက္ခံခဲ့သည္။ ဖခင္က ခ်န္ရစ္ခဲ့ေသာ ဥစၥာ၏ ထိုေခတ္ ကာလတန္ဖိုးမွာ ႐ူပီ ၃ သိန္းေက်ာ္ရိွသည္။ ဖခင္တည္ေဆာက္ခဲ့ေသာ စာသင္ေက်ာင္းကို ျမဴနီစီပယ္ အဖြဲ႕ထံ လႊဲအပ္ေပးခဲ့သည္။ ေနာင္တြင္ ျမဴနယ္စီပယ္က ေဒသႏၲရ အစိုးရအထက္တန္းေက်ာင္းႏွင့္ တြဲဖက္၍ စီမံအုပ္ခ်ဳပ္ႀကီးၾကပ္ခဲ့ေလသည္။ ေက်ာင္းနာမည္ကို ထည္ေထာင္သူ၏ နာမည္ကိုစြဲ၍ E. S. Maracanas Anglo-Vernacular School အျဖစ္ ေျပာင္းလဲေခၚေဝၚေပးခဲ့သည္။  

အီ၊ ေက၊ မာရကန္မွ ထြန္းကားခဲ့ေသာ သားသမီးမ်ားအနက္ ဗမာ့ႏိုင္ငံေရးေလာက၌ ေက်ာ္ၾကားခဲ့ေသာ သား ႏွစ္ေယာက္ရိွခဲ့သည္။ သားႀကီး E.G.S Maracan ႏွင့္ E.D.S Maracan တို႔ျဖစ္ၾကသည္။ E.G.S Maracan မွာ Gani Maracan (Gani Markin) ဟု ထင္ရွားသည္။ ဂနီမာရကန္ သည္ ၁၉၃၆ ခု တြင္ စစ္ေတြခ႐ိုင္ ေျမာက္ပိုင္းမွ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္အမတ္ျဖစ္လာခဲ့သည္။ ျမင္းစီးဝါသနာထံုသူျဖစ္သည္။ ျမင္းမ်ား ေမြးျမဴျပီး ျမင္းစီးၿပိဳင္ပြဲဝင္ေလ့ရိွသည္။သူ၏ ျမင္းစီးၿပိဳင္ပြဲ၌ ဗိုလ္စြဲခဲ့သူလည္းျဖစ္သည္။ E.D.S မာရကန္ မွ Dawood Shah Maracan ျဖစ္ၿပီး Tanbi Saheb ဟု လူသိမ်ားသည္။ ၁၉၄၂ အဓိက႐ုဏ္းမီး ၿငိမ္သတ္ႏိုင္ေအာင္ လႈပ္ရွားခဲ့ေသာ ေခါင္းေဆာင္တစ္ဦးျဖစ္သည္။ သား ၂ ေယာက္စလံုးသည္ အဲလီဇဘက္ဘုရင္မ၏ ခမည္းေတာ္ George the sixth ဆုတံဆိပ္ ခ်ီးျမႇင့္ျခင္းခံခဲ့ရသည္။ 

မာရကန္ မိသားစုသည္ အလႉအတန္းျပဳရာ၌ အလြန္လက္လြန္သည္။ စိတ္အားထက္သန္သည္။  ဥတၱမပန္းၿခံေျမေနရာသည္လည္း မာရကန္မိသားစုမွ လႉဒါန္းခဲ့ေသာ ေျမေနရာဟု သိရသည္။ စစ္ေတြအျပင္ ဗမာျပည္အျခားၿမိဳ႕မ်ားတြင္လည္း သူတို႔၏ အလႉဒါနမ်ား၊ ပိုင္ဆိုင္မႈမ်ား ရိွခဲ့သည္။ 


ကိုးကား-

၁။ Twentieth century impressions of Burma : its history, people, commerce, industries, and resources Page 398

၂။ The Anglo-Burmese Library 

၃။ အေဆြအမ်ဳိးမ်ား၏ ထြက္ဆိုခ်က္မ်ား


(ဆက္လက္ ျဖည့္စြက္ ေဖာ္ျပပါမည္။)

No comments:

Post a Comment