Monday, May 30, 2022

အမျိုး၊ ဘာသာ ရောနှောခြင်း


အမျိုး၊ ဘာသာ ရောနှောခြင်းနှင့် ရှေးဗမာတို့၏ အမြင်


"၁၇ ရာစု အစပိုင်းတွင် အိန္ဒိယ၌ အရွယ်ရောက် အိမ်ထောင်မပြုသေးသော ဗြိတိသျှလူပျိုများ ရောက်ရှိလာခြင်း တိုးလာသည်နှင့်အမျှ ဗြိတိသျှ နှင့် အိန္ဒိယ အမျိုးအနွယ်ဆင်း ရောနှောလူမျိုး လူဦးရေ တိုးပွားလာမှုမှာ အစ၌ အနည်းငယ်သာရှိ၍ နောက်ပိုင်းတွင် မြေကြီးလက်ခတ်မလွှဲ အလျင်အမြန် တိုးပွားလာခဲ့သည်။"

— C.J.Huwes, Poor Relations: The Making of a Eurasian Community in British India , 1773-1833 (1996)

ကမ္ဘာ့လူသားမျိုးနွယ်အားလုံးသည် ကပြားများသာဖြစ်ကြပေသည်။ လူသားဟူသည် မြေကြီးမှ သစ်ပင်၊ ဝါးပင်ကဲ့သို့ ပေါက်ပွားလာခြင်းမဟုတ်ဘဲ တစ်ယောက်နှင့်တစ်ယောက် အချင်းချင်း ပေါင်းသင်းခြင်းဖြင့် ကမ္ဘာ့လူသားမျိုးနွယ်စု ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ကမ္ဘာ့မည်သည့်လူသားသည် သွေးစစ်ဟူ၍ မရှိပေ။ သွေးနှောချည်းသာ ဖြစ်ပေသည်။

ဗမာပြည်တွင် နယ်ချဲ့ကိုလိုနီတို့၏ ခွဲခြားဖိနှိပ်မှုဂယက်ကြောင့် လူမျိုးရောနှောခြင်းအရေးကို အဆိုးမြင်အမြင်ကပ်လာခဲ့ကြသည်။ မတူကွဲပြားသော လူမျိုးမှ မွေးဖွားလာသော သားသမီးများကို ကပြားဟု အမည်တပ်ကာ ခွဲခြားနိမ့်ချလာခဲ့ကြသည်။ 

ကပြားလူဦးရေ အလျင်အမြန်တိုးလာခြင်းက ကိုလိုနီနယ်ချဲ့အုပ်ချုပ်ရေး၏ မလွဲမဖယ်နိုင်သော ရလဒ်တစ်ခု ဖြစ်လာသည်။ ကိုလိုနီလက်အောက်ရောက်နေချိန်တွင် သူတို့လက်အောက်ခံ နိုင်ငံများတွင် ကူးလူးသွားခြင်းကား အကန့်အသတ်မရှိခဲ့ချေ။ ထို့ကြောင့် တခြားနိုင်ငံသားများ    ဝင်ရောက်လာမှု များပြားခဲ့သည်။ ဗမာပြည်တွင် နိုင်ငံခြားသားများနှင့် ဗမာမိန်းကလေးတို့ ချစ်သံယောဇဉ်က ရှိမြဲရှိနေသည်။ ဗြိသျှအင်ပါယာ လူမျိုးခွဲခြားအုပ်ချုပ်ရေး ပေါ်လစီမူဝါဒ ရှိစေကာမူ ၂၀ ရာစု အစပိုင်း ဆယ်စုနှစ် အချို့အတွင်း ကပြား လူဦးရေ အကျယ်တဝင့် ပျံနှံလာခဲ့သည်။ တချိန်တည်းမှာ ဥရောပ-အာရှ ပြည်ပြေးသားများ လူမူအသိုင်းအဝိုင်းနှင့် မျိုရောနှောခြင်း၊ မျိုးမတူဘာသာမတူ လက်ထပ်ပေါင်းသင်းခြင်းကို ပြည်တွင်းအတော်များများက အထင်သေးမှု တိုးလာခဲ့သည်။ ဗြိတိသျှအုပ်ချုပ်ရေး တင်ထားသော  ၁၉၃၈ ပဋိပက္ခအရေးအခင်း မှတ်တမ်းအရ " ပြည်သူများ၏ စိတ်၌ အရင်းခံထားသော အဓိက သောက တစ်ခုက သူတို့၏ မိန်းကလေးများက ယေဘုယျအားဖြင့် နိုင်ငံခြားသားများ၊ အထူးသဖြင့် အိန္ဒိယကုလားများနှင့် လက်ထပ်ပေါင်းသင်းခြင်းက မေးခွန်းတစ်ခုဖြစ်လာခဲ့သည်။" ၎င်းနှစ်တွင် ဆိုရှယ်လစ်ဝါဒီတို့က မကြာမီ ကြီးပွားရေး ပုံနှိပ်လုပ်ငန်း ထူထောင်ခဲ့သည်။ ၎င်းသည် မျိုးမတူ ဘာသာမတူ လက်ထပ်ခြင်း၊ မျိုးရောနှောခြင်းကို ဗမာစာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင် တိုက်ခိုက်ဝေဖန်ခဲ့သည်။ ဦးဖိုးကလေး ရေးထားသော "ကပြား ပြဿနာ" အမည်ရှိ စာမျက်နှာ ၃၅၀ ရှိသောစာအုပ်၌ ဗမာအမျိုးသမီးများနှင့် အိန္ဒိယကုလားများ လက်ထပ်ပြီး ကပြားသားသမီးများရလာသည့် ပေါင်းစည်းမှုသည် ဗမာလူမျိုးစု၊ ယဉ်ကျေးမှု၊ လူ့အဖွဲ့အစည်းကို ထိုးဖောက်ပျက်စီးရေး၏ ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်ဟု အခိုင်အမာဖော်ပြထားသည်။ ဥရောပ ခရီးသွားများနှင့် သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြချက်အရ တိုင်းပြည်တွင်း မျိုးခြားလက်ထပ်ခြင်းကို သည်းခံသူများနှင့် အားပေးထောက်ခံသူများရှိသည်ဟု တွေ့ရှိရသည်။ ဦးဖိုးကလေး၏ ကပြားပြဿနာ စာအုပ်သည် ဖောက်ပြန်မှုတစ်ခုလို တွေ့ရသည်။ သူ့၏ မျိုးခြားပေါင်းသင်းမှု ဆန့်ကျင်ဝေဖန်ခြင်းက ၁၉၂၀-၁၉၃၀ အတွင်း ဗမာပြည်ရဲ့ လူမူယဉ်ကျေးမှု အသိုင်းအဝိုင်းကို ထင်ဟပ်နေသည်။ ထိုခေတ်တွင်  ဗမာမိန်းကလေးများသည် ဗုဒ္ဓဘာသာဝင်မဟုတ်သော၊ ဗမာလူမျိုးမဟုတ်သော နိုင်ခြားသားများနှင့် ရင်းနီးပေါင်းသင်းသောအခါ လူထု ဒေါသပွားပြောဆိုမှုများ၊ မကြာခဏ စွပ်စွဲရှုတ်ချမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအငြင်းအခုံ၌ မတူခွဲပြားသော ပေါင်းစည်းမှု နှစ်ခုမှာ (၁) အင်ဂလို-ဗမာ (ဥရောပသား ယောက်ျား+ဗမာမိန်းမ) နှင့် (၂) အင်ဒို-ဗမာ (အိန္ဒိယသား ယောက်ျား+ဗမာမိန်းမ) တို့ဖြစ်သည်။ ပထမအမျိုးအစားမှာ ဗမာအမျိုးသမီးကို ဗိုလ်ကတော် ဟု ရည်ညွှန်းခေါ်ဆိုကြသည်။ ဗိုလ် သည် ကိုလိုနီခေတ် စစ်သားဗိုလ်ဖြစ်သည်။ ကတော် သည် ‘ဇနီး၊မယား’ ဟု အဓိပ္ပာယ်ရသည်။ ရာထူးအဆင့်မြင့်မားသူ၏ မယားများကို အထူးသဖြင့် လေးလေးစားစား ခေါ်ဝေါသုံးစွဲသည်။ မင်းကတော်။ ဗိုလ်ကတော်သည် ကိုလိုနီ အရေးပိုင်ဗိုလ်၏ မယားဟု ဘွဲ့ဂုဏ်မြှင့် ခေါ်ဆိုခြင်းဖြစ်သည်။ အထက်ဖော်ပြချက်အရ ဗိုလ်သည် ဥရောပတိုက်သား ဖြစ်ပြီး ဗိုလ်ကတော်မှာ ဥရောပတိုက်သား၏ ကြင်ယာဖြစ်သည်။ ၎င်းအခေါ်ကို ‘ကုလားဖြူ အမျိုးသမီး' ဟု  ရှုတ်ချကဲ့ရဲ့ရန်အတွက်လည်း အသုံးပြုကြသည်။ ဤစကားလုံးသည်  မသိမသာ နှစ်မျိုး ကွဲပြားပုံဖော်နေသည်က ဥရောပတိုက်သားနှင့် ဗမာအမျိုးသမီး လက်ထပ်ခြင်းက တစ်ချိန်တည်းမှာ ဂုဏ်သိက္ခာကြီးမှုနှင့် သိက္ခာမဲ့မှု ဒွန်တွဲနေသည်။ သူ၏ မကောင်းသတင်း ရင်းမြစ်နဲ့ တစ်ပြိုင်နက် ဂုဏ်သိက္ခာကြီးသော ရင်းမြစ်လည်းဖြစ်သည်။ ကုလားနှင့် လက်ထပ်သော ဗမာအမျိုးသမီးများအတွက် စကားလုံးအထူးတလည် မတွင်ခဲ့ချေ။ ယေဘုယျအားဖြင့် ကုလားယူထားသော ဗမာအမျိုးသမီးကို ကုလားမ ဟုသာ နိမ့်ချခေါ်ခဲ့ကြသည်။  ဗိုလ်ကတော်နှင့် ကုလားကတော် ညီမျှမှုသည် အဘယ်အခါမှ သိသိသာသာ တိုးတက်မလာခဲ့ချေ။ ဂျပန်က ဗမာပြည်ကိုသိမ်းပိုက်လိုက်သော ကာလအတိုအတွင်းမှာပင် ဂျပန်ယူထားသော ဗမာအမျိုးသမီးကို ဂျပန်ကတော်ဟု ရည်ညွှန်းကြသည်။ ဤခြားနားချက်က ဖြစ်နိုင်ခြေအဖြေမှာ ဗိုလ်ကတော်က အမျိုးအဆင့်အတန်း၊ ယဉ်ကျေးမှု မြင့်မားစေသည့်အတွက် မြတ်သော လက်ထပ်ခြင်း ဖြစ်သည်ဟုပုံဖော်သည်။ ကုလား လက်ထပ်သူကို နှိမ့်သောလက်ထပ်ခြင်းဟု ပုံဖော်သည်။ သူတို့နှစ်မျိုးစလုံးက နိုင်ငံခြားသားများကိုပဲ လက်ထပ်ခြင်းဖြစ်သည်။ မွေးဖွားလာသည့် သားသမီးက ကပြားဖြစ်သည့်အတွက်ကြောင့် မကြာမီ တိုးတက်လာသည့်ပြဿနာ၌ ငြင်းခုံလာခဲ့ကြသည်။ ဤအချက်များသည် ကပြားပြဿနာနှင့် လွန်စွာ ပတ်သက်လာလေသည်။

နိုင်ငံခြားသားများ၏ မယား၊ အမျိုးသမီးနှင့် ကပြား သားသမီးများ အဘယ့်ကြောင့် ပြဿနာတစ်ခု ဖြစ်လာသနည်း။ အထက်ပါမေးခွန်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် ကိုလိုနီဗမာပြည်တွင် မျိုးမတူဘာသာမတူ လက်ထပ်ခြင်းကို ရှင်းလင်းပေးသော  ကွဲလွဲပြောင်းလွဲသော သဘောထား အကြောင်းအရင်းများစွာကို စဉ်းစားမိသည်။ အမျိုးသားရေး ပြင်းထန်သူများသည် မိမိတို့၏ အမျိုးသမီးများကို မေတ္တာရပ်ခံသည်မှာ ဓလေ့ထုံးစံ အစဉ်အလာကို စောင့်ထိန်းကြ၊ ဗမာလူမျိုး၊ ယဉ်ကျေးမှုကို ကာကွယ်ကြ၊ ခွဲခြားဆက်ဆံမှု  ခိုင်မာစွာ အမြစ်တွယ်မှု၊ အကြွေးတင်မှု တိုးမြှင့်နေခြင်း၊ ဆင်းရဲခြင်းတို့သည် ၁၉၃၀ စီးပွားရေးကြပ်တည်းမှုမှ ရောနှောထားသော ပြည်ထောင်စု၏ ပြစ်တင်ဝေဖန်မှုများကို ဦးဆောင်နေသည်။ မျိုးမတူ ဘာသာခြားရောနှော လက်ထပ်ခြင်းကို အကျယ်တဝင့် ပြောကြောင်းရင်းမှာ ကိုလိုနီအုပ်ချုပ်ရေး၏ ကျားမသဘာဝမှာလည်း ရိုးတံရှည်ခြင်းလည်းဖြစ်သည်။ 

လူထုဝဏ္ဏ

Saturday, May 28, 2022

အာရကန် ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ


 သမိုင်းအထွာထွာ

၁၈၅၂ ခုနှစ် ထုတ် An Account of Burma Empire သမိုင်းစာအုပ် စာမျက်နာ ၆၆ က ပြောပြနေတဲ့ ရိုဟင်ဂျာ

The mohamedans who have been long settled in the country, called themselves Rooinga or natives of Arracan.

[မိုဟာမေဒတွေဟာ တိုင်းပြည်ထဲမှာ ရှေးပဝေသဏီကပင် နေထိုင်လာခဲ့သူတွေ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ ရိုဝန်ဂါ လို့ ခေါ်ပြီးတော့ အာရကန်ပြည်ရဲ့ မူလနေထိုင်သူလို့ ဆိုကြတယ်။]

စာချောချောနဲ့ ပြန်မယ်ဆိုရင်-

ရှေးပဝေသဏီကပင် မွတ်စလင်တွေဟာ အာရကန်ပြည်မှာ နေထိုင်လာခဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်ပြီး အာရကန်ပြည်ရဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။


မှတ်ရန်-

အဲ့ဒီတုန်းက OIC တို့ ဘာတို့ မရှိဘူးနော်။ ဒေါ်လာနဲ့ ရေးခိုင်းတဲ့ သမိုင်းလဲမဖြစ်နိုင်ပါဘူး။ ဒေါက်တာအေးချမ်းပြောသလို ရခိုင်လူမျိုးကိုလည်း ရည်ညွှန်းတာ မဖြစ်နိုင်ပါဘူး။ ဒီတော့ ၁၉၅၀ လောက်က လုပ်ကြံဖန်တီးထားတဲ့ လူမျိုးဆိုတာ ယုတ္တိရှိပါသလား။ ဂျင်းခါးခါး သက်သက်ပါပဲ။ 

လူထုဝဏ္ဏ

Photo credit - Thay Lwin Oo


Wednesday, May 25, 2022

မြန်မာ့ဟာဂ်ျ ကြိုးပမ်းမှုသမိုင်း တစိတ်တပိုင်း

မြန်မာ့ဟာဂ်ျ ကြိုးပမ်းမှုသမိုင်း တစိတ်တပိုင်း (၁၉၆၁-၂၀၂၂) 


မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့သည် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်သို့ သာသနာ့ ဟာဂ်ျပြုရန် မိမိတို့အစီအစဥ်ဖြင့် သွားရောက်ခဲ့သည်မှာ သမိုင်းတလျှောက် ထင်ထင်ရှားရှားတွေ့ရသည်။ ရှေးအခါက မြန်မာဟာဂျီများသည် ရေကြောင်းခရီးဖြင့်လည်းကောင်း၊ ကုန်ကြောင်းခရီးဖြင့်လည်းကောင်း မက္ကာမြို့သို့ ဟဂျ်ဘုရားဖူးသွားလေ့ရှိခဲ့သည်။ ရေကြောင်းခရီးဖြင့် တစ်လခွဲ၊ နှစ်လနီးပါးလောကကြာမြင့်၏။ ကုန်းကြောင်းခရီးဖြင့် ၆ လတောင် ကြာမြှင့်သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဗြိတိသျှအိန္ဒိယ၊ ထိုမှတဆင့် ဆော်ဒီအရေးဗီးယားသို့ ရေကြောင်းနှင့်သွားရသည်။ မြန်မာမင်းများက ဟဂျ်ခရီးစဥ်ကို အားပေးသည့်အနေဖြင့် ငွေကြေးထောက်ပံ့ခြင်း၊ မက္ကမြို့၌ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။

မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ ဟာဂ်ျတာဝန်ပြုမူရန်သွားခဲ့ရာ သီးခြားအစီအစဉ်နှင့်သာဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် နိုင်ငံတော်အစိုးရမှ စီစဉ်ပေးသောခေတ်များမှ ဦးနုအစိုးရ တိုင်အောင် အဆက်မပြတ်ရှိခဲ့လေသည်။

အာရကန်ပြည်(ယနေ့ ရခိုင်ပြည်)သို့ ခိုလှုံလာခဲ့သော မဂိုမင်းသား ရှားရှူဂျား(သက်သုဇာ)သည် အာရကန်မှတဆင့် အာရေဗျသို့ ဟဂျ်ဘုရားဖူးသွားရန် စီစဥ်ခဲ့ဖူးသည်။[၂]

ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှ ဦးအိုးသည် တမန်တော်မိုဟာမွတ် ပွင့်တော်မူရာ အာရေဗျပြည်၊ မက္ကာဟ်မြို့သို့ ဘုရားဖူးသွားခဲ့ကြောင်း မှတ်တမ်းရှိသည်။

မင်းတုန်းမင်းတရားကြီးလက်တွင် ဟာဂျီများအတွက် မက္ကာဟ်မြို့၌ နှစ်ထပ်အုတ်ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း မဟာရာဇဝင်ကြီးတွင် ဖော်ပြထားသည်။

၁၉၅၀ ပြည့်လွန်နှစ်များမှ ဦးနုအစိုးရ ခေတ်များတိုင်အောင် နိုင်ငံတော်အစိုးရ၏ အစီအစဥ်ဖြင့် မြန်မာပြည်အစ္စလာမ်ဘာသာဝင်များ ဟဂျ်ခရီးတော် သွားခွင့်အဆက်မပြတ် ရရှိခဲ့လေသည်။

-၁၉၆၁ တွင် မြန်မာဟာဂျီ ၄၉၄ ဦးကို ဦးနုအစိုးရက ဟာဂ်ျပြုခွင့်ပေးခဲ့၏

- ၁၉၆၂ တွင် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံခြားငွေနည်းပါးသည်ကို အကြောင်းပြ၍ ၁၀၂ ဦးသို့လျော့ချခဲ့၏

-၁၉၆၃ တွင် ဦးနေဝင်းအစိုးရက ဟာဂ်ျပြုခွင့် လုံးဝပိတ်ပင်ခဲ့၏

-၁၉၆၈ တွင် တော်လှန်ရေးအစိုးရမှ ဖမ်းဆီးထိမ်းသိမ်းထားသောဝန်ကြီးဟောင်း ဦးရာရှစ်ပြန်လည်လွတ်မြောက်လာပြီး BMOအဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူ၍ ဦးနေဝင်းအစိုးရသို့ ဟာဂ်ျအတွက် မြန်မာပြည်မွစ်စလင်တို့အားခွင့်ပြုပေးပါရန် တောင်းဆိုခဲ့၏

-၁၉၇၈ တွင် မွဖ်သီချုပ်မာမွတ်ဒါဝတ်ယူစွပ်သည် အင်္ဂလန်နိုင်ငံလန်ဒန်အခြေစိုက် Islamic Council of Europe (ICE) ညီလာခံသို့တက်ခွင့်ရခဲ့ရာ ဟာဂ်ျမသွားရခြင်းသည် မြန်မာအစိုးရ၏ နိုင်ငံခြားငွေအခက်အခဲကြောင့်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့၏

- ၁၉၈၀ မလေးရှားတွင်ကျင်းပသော အစ္စလာမ်မစ်ဒအိဝဟ်ကွန်ဖရင့် သို့ ဆရာကြီးဃာဇီ မိုဟာမက်ဟာရှင် ဆရာချယ် ပျဉ်းမနားဒေါ်ပုတို့သည် မြန်မာကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ပြီး ဟာဂ်ျကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ အခက်အခဲနှင့်မကြာမီ ပြန်ဖွင့်ပါလိမ့်မည်ဟုပြောကြားခဲ့၏

-၁၉၈၀ တွင် မဆလ အစိုးရမှလူပုဂ္ဂိုလ် ၁၅၀ အားဟာဂ်ျပြုရန်ခွင့်ပေးခဲ့ရာ မော်လနာဆရာဦးခင်ရွှေ ဦးစီးလျှက်နှစ်ပေါင်း၁၇ နှစ်အကြာတွင်ပြန်လည် သွားခွင့်ရခဲ့၏

-၁၉၉၂ ခုတွင် မြန်မာစစ်အစိုးရ(နဝတ)က မြန်မာဟာဂျီဦးရေ(၂၀၀)အထိ တိုး၍ သွားခွင့်ပေးခဲ့၏

-၂၀၀၀ ခုနှစ်တွင် မြန်မာဟာဂျီများ ဘန်ကောက်တွင်ဗီဇာပြသာနာကြုံခဲ့ရ၏

-၂၀၀၃ ခုတွင် မြန်မာဟာဂျီများဟဂ်ျပြုရန် သွားရာ ဗန်ကောက်တွင် VISAကိစ္စ ပြသာနာပေါ်ခဲ့၏

-၂၀၀၄ တွင်မြန်မာဟာဂျီများ ထိုင်းနိုင်ငံတွင် VISA ကိစ္စထပ်မံ၍ ပြသာနာပေါ်ပေါက်ခဲ့ပြန်သည်

-၂၀၀၅တွင် မြန်မာစစ်အစိုးရ(နအဖ)က မြန်မာဟာဂျီဦးရေ(၃၅၀)အထိတိုးမြင့်၍ ဟာဂ်ျသွားခွင့်ပြုခဲ့၏

-၂၀၀၆တွင် မြန်မာပြည်တွင်ဆော်ဒီသံရုံးမှ တိုက်ရိုက် visa ပေးမည်ဟုကြေငြာခဲ့ရာ မွစ်စလင်များဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရ၏

-၂၀၀၈ တွင် ထိုင်းဆန္ဒပြသူများက ဗန်ကောက်သုဝဏဘူမိလေယာဉ်ကွင်းအားပိတ်ဆို့ထားခဲ့ရာ မြန်မာဟာဂျီများသည် ထိုင်းစစ်တပ်ပိုင်လေယာဉ်ကွင်းငယ်လေးမှတဆင့် ဆော်ဒီသို့သွားခဲ့ရ၏

-၂၀၁၀ တွင် မြန်မာဟာဂျီများထိုင်းနိုင်ငံတွင်ဆော်ဒီVISAအတွက်ခက်ခဲကြန့်ကြာခဲ့ကြရသည်

-၂၀၁၁ တွင် ဟာဂ်ျဗီဇာမှာ မြန်မာရှိဆော်ဒီသံရုံးတွင်တိုက်ရိုက်VISAစနစ်ဖြစ်လာသော်လည်း ဟာဂ်ျအေးဂျင့်များက VISAများကို အဆမတန်ဈေးဖြင့်ရောင်းချခဲ့ကြသည်

-၂၀၁၂ တွင် များပြားစွာသော မြန်မာဟာဂျီလောင်းများ ဟာဂ်ျအေးဂျင့်အချို့၏ လိမ်လည်မူကြောင့်မသွားကြရပဲ ဆော်ဒီသံရုံးနှင့်သာသနာရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြမူများပေါ်ပေါက်ခဲ့၏

-၂၀၁၇ တွင် ဟာဂ်ျပြုသူဦးရေမှာ ၇၀၀၀ ကျော်အထိရှိပြီးအေးဂျင့်ပေါင်း ၅၀ ကျော် ဆော်ဒီသံရုံးမှခွင့်ပြုခဲ့၏

-၂၀၁၈ ခုတွင် ဟာဂ်ျအေးဂျင့်များက အဆမတန်ငွေကြေးတောင်းခံခြင်း၊ ကောင်းမွန်စွာ ဝန်ဆောင်မူမပေးဘဲ ရှောင်တိမ်းပျက်ကွက်ခြင်းများပြုလုပ်ခဲ့ရာ ဟာဂ်ျကူညီရေးအဖွဲ့(ဟာဂ်ျမစ်ရှင်)မှ ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့သည်။ နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်ကော်မတီတစ်ရပ် ပေါ်ပေါက်ဖို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုနမြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ အစ္စလာမ်ဘာသာဝင်အချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။[၄]

-၂၀၂၀/၂၁ တွင် ကိုဗစ်ရောဂါကပ်ဘေးကြောင့်  ဆော်ဒီအစိုးရမှ ကမ္ဘာလုံးဆိုင်ရာ ဟာဂ်ျခွဲတမ်းများလျော့ချခဲ့ရာ မြန်မာနိုင်ငံလည်း ခွဲတမ်းလျော့ချဖြတ်တောက်ခြင်းခံခဲ့ရ၏

- ၂၀၂၂ တွင် ဆော်ဒီသံရုံးမှ ဟာဂ်ျဗီဇာကို အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်လျောက်ခြင်းကို အတည်ပြုခဲ့ပြီး မြန်မာအတွက်ခွဲတမ်း ၂၀၁၀ ဦးကိုအတည်ပြုကြောင်း ကြေငြာခဲ့ပြီး သာသနာရေးဝန်ကြီးဌာနသို့လည်း အကြောင်းကြားခဲ့ရာ ယခုနှစ် ၂၀၂၂ အတွက် မြန်မာဟာဂျီ (၂၁၀၀) ဦးရေစေလွှတ်ရန် သဘောတူကြောင်း ညွန်ကြားရေးမှုးချုပ်(ပြန့်/တည်)မှ ပြန်လည်အကြောင်းကြားခဲ့၏

ကိုးကား--

Historical Facts of Muslim in Myanmar

(Timeline 1909-2019)

Kyaw Nay Min( Myo Pya)

 

မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် မက္ကာမြို့တော်ရှိ ရိုဘသ်ခေါ် ဒေါင်းဇရပ်ကြီး 

(မှတ်ချက်)

(၁)

မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာမွစ်စလင်များ ဆော်ဒီအာရေဗျသို့ ဟာဂ်ျပြုမူများရှိခဲ့ရာ မင်းတုန်းမင်းနှင့် မြန်မာပြည်သူများစုပေါင်းလှူဒါန်းထားခဲ့သော ဘရာမာရိုဘတ် ခေါ် ဒေါင်းဇရပ်ကြီး သည်ထင်ရှားလှစွာသောအထိမ်းအမှတ်တခုဖြစ်ခဲ့၏။ ထိုနေရာ ပြန်လည်ရရှိရေးကို ခေတ်အဆက်ဆက်ခေါင်းဆောင်တို့ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင်အဖြေမရှိသေးချေ

(၂)

မြန်မာမွစ်စလင်တို့၏ ဟာဂ်ျပြန်လည်သွားခွင့်ရရေးအတွက် လူအင်အား ဥစ္စာဓန နှင့် ကိုယ်ရောစိတ်ပါကြိုးပမ်းခဲ့သည့် မမေ့အပ်သော ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကား စိန်ကုန်သည် #ဟာဂျီမပျဉ်းမနားဒေါ်ပု ပင်တည်း ဒေါ်ပု၏ဦးနေဝင်းထံတိုက်ရိုက်တောင်းဆိုမှုသည် အလွန်ပင်အရေးပါခဲ့လေသည်

(၃)

၁၉၄၉ တွင် ဘားမားမွစ်စလင်လိခ်အဖွဲ့မှ မက္ကာဟ်မြို့ရှိ ဗိုင်တွလ်မာဟ် အဆောက်အအုံအတွက် ငွေကြေးလှူဒါန်းကျပါရန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ ဗမက (ဗမာမွစ်စလင်ကွန်ဂရက်)မှ အမျိုးသမီးခေါင်းဆောင် ဝဏ္ဏကျော်ထင်ဒေါ်စောရွှေက မြန်မာ့ငွေကြေးကိုတိုင်းတပါးတွင် မသုံးဖြုန်းသင့်ဟု ကန့်ကွက်ခဲ့ရာ မွစ်စလင်လောကတွင် ပွက်လောရိုက်ခဲ့ကြသည် ယခု စကစ လက်ထက် ၂၀၂၂ ဟာဂ်ျကိုလည်း ငွေးကြေးပြသာနာကြောင့် ဆိုင်းငံပါရန် ဦးဌေးအောင် (orchid) မှ သာသနာရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာကို မေ၂၀နေ့က လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့ရာ မြန်မာပြည်အစ္စလာမ်ဘာသာဝင်တို့အကြားတွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြန်သည်


[ကျော်နေမင်း (မြို့ပြ) ၏ ဆောင်းပါးကို တည်းဖြတ်ဖြည့်စွက်]


Tuesday, May 24, 2022

၁၇ ရာစု အာရကန်ပြည်ရဲ့ ရုံးတံဆိပ်

 ၁၇ ရာစု အာရကန်ပြည်ရဲ့ ရုံးတံဆိပ်


၁၇ ရာစုနှစ်တွင် အာရကန်ပြည်နှင့် ကိုရိုမန်ဒန်လ်ကမ်းရိုးတန်းဒေသ (အိန္ဒိယနိုင်ငံ အရှေ့ဖက်ကမ်းခြေတစ်လျှောက္မှမြို့များ) နှင့် ကုန်သွယ်ခဲ့သည်႕အထောက်အထား ဖြစ်သည်။ အာရကန်ဘုရင် (King Chandrawizaya Raja) ထံမှ ပါရှန်းနယ်ထဲတွင် ပါဝင်တဲ့ Chennai မြို့ရှိ အာမေးနီးယန်းကုန်သည်ကြီး Khwajeh George ထံသို့ အေဒီ ၁၇၂၈ ခုနှစ်တွင် ပေးပို့သောစာဖြစ်သည်။ အာရကန်ပြည်ရဲ့မူလစာအိတ်နှင့် အာရကန်ပြည့်ရုံးတံဆိပ်ကို တွေ့နိုင်သည်။ ရုံးတံဆိပ်တွင် “ ရာဇဒိပတိ ရွှေနန်းသခင်” လို့ရေးထားသည်။


Written reminders of 7th century trade between Arakan and the Coromandel coast:

A letter from King Chandrawizaya Raja to the Armenian merchant Khwajeh George in Chennai in Persian with its original envelope and seal in Arakanese, dated AD 1679. The seal reads: ‘Raja Dhippati Rhwenan Sakhan’, or ‘Supreme Lord, Master of the Golden Palace’.













"တူလာတူလီ (မင်းကြီးရွာ) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု"


 "တူလာတူလီ (မင်းကြီးရွာ) အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု"


၂၀၁၇ ခု၊ သြဂုတ်လ ၃၀ ရက်နေ့ ညသန်းခေါင် အချိန်တွင် မြန်မာ့စစ်တပ်က မောင်တောမြို့နယ် တူလာတူလီ ရိုဟင်ဂျာ ကျေးရွာသို့ စီးနင်းဝင်ရောက်ပြီး ကလေးသူငယ်အပါအဝင် အပြစ်မဲ့ရွာသားအားလုံးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခဲ့ကြောင်း "တူလာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု" မှ လွှတ်မြောက်လာသည့် မျက်မြင် သက်သေ ဦးမောင်ဘ အပါအဝင် အခြားမျက်မြင် သက်သေတွေမှ ထုတ်ဖော်ပြောဆိုခဲ့တယ်။ 

မည်သို့ပင် ကလိမ်စေ့ ငြမ်းစင် လိမ်ကြစေကာမူ အမှန်တရားက အနှေးနှင့် အမြန်ဆိုသလို ပေါ်ပေါက်လာစမြဲပါ။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးကထဲက စစ်တပ် လိမ်လည်သမျှ မပေါ်ခဲ့တာလည်း မရှိသလို ယခု ရခိုင်ဒေသက လုပ်ကြံမှုတွေအားလုံး နည်းပညာ အကူအညီကြောင့် ယခင်တုန်းကလို မကြန့်ကြာတော့ပဲ လျင်မြန်စွာ အလိမ်ပေါ်ခဲ့ရပြီး ကမ္ဘ္ဘာကြီး တခုလုံးသို့လည်း အချိန်နှင့် တပြေးညီ သတင်းတွေ စီးဆင်းသွားခဲ့ပါတယ်။ သိရှိကြရပါတယ်၊ ကြေကွဲကြရပါတယ်။

တူလာတူလီ ဟာ ရိုဟင်ဂျာနှင့် အခြားလူမျိုးစုတွေ အစဉ်အဆက် ရောနှောနေထိုင်လာခဲ့တဲ့ ရွာတစ်ရွာဖြစ်တယ်။ ဟိုးအရင်ကဆိုရင် ရိုဟင်ဂျာရွာသက်သက်ဖြစ်ပါတယ်။ အခြားလူမျိုးစု မရှိခဲ့ပါဘူး။  ၁၉၇၀ နောက်ပိုင်း နတလ (နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစု) ကျေးရွာတွေကို မဆလအစိုးရက တည်ပေးလိုက်ခြင်းဖြင့် အခြားလူမျိုးစုလည်း ရောလာတာဖြစ်တယ်။ ပြီးတော့ ရိုဟင်ဂျာတွေရဲ့ လယ်မြေသိမ်းပြီးတော့ စစ်တပ်က ဘုရားပုထိုး တည်ပေးခဲ့တယ်။ ဝက်ကျိန်းဘုရားလို့ နာမည်ပေးခဲ့တယ်။ အခုဆို သမိုင်းဝင် ဝက်ကျိန်းဘုရားတဲ့။ 

တူလာတူလီ ရိုဟင်ဂျာ ကျေးရွာဟာ တစ်ဖက်က ပြူးမချောင်း၊ တစ်ဖက်က တောင်ကုန်း၊ တစ်ဖက်က မင်းကြီး နတလရွာဟောင်းနဲ့ တောင်ကျော်တစ်ဖက်ကမ်းမှာ တရိန်းနတလရွာ တို့နဲ့ ဝန်းရံနေတဲ့ ရွာတစ်ရွာဖြစ်တယ်။ ပြူးမချောင်းတစ်ဖက်ကမ်းမှာ ဆာဒူလ္လာဆောရ်နဲ့ ဒီဝါလ်တောလီ ရွာတည်ရှိတယ်။ သို့ပေမဲ့ ပြူးမချောင်းက ကန့်လန့်ကားထားပါတယ်။ လွတ်မြောက်ဖို့ ဆိုလို့ ချောင်းကူးနိုင်မှ အဆင်ပြေမှာပါ။ 

တူလာတူလီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို (၂၁) ရာစု၏ အဆိုးဝါးဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းလို့လည်း ပြောစမှတ်ပြု စုတ်တသတ်သတ် ရှိကုန်ကြပါတယ်။

ဟိန္ဒူတွေကို ရခိုင် အစွန်းရောက်တွေနှင့်ပေါင်းပြီး တပ်က နှုတ်ပိတ် သတ်ဖြတ်မှုတွေ၊ တူလာတူလီ (ခ) မင်းကြီးရွာက မွတ်စလင်တွေကို ရွာလုံးကျွတ် သတ်ဖြတ်ကျူးလွန်ခဲ့တာတွေလည်း မကြာမီ ပေါ်ပေါက်လာမှာ အမှန်ပါ။

'တူလာတူလီ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း (Tula Toli Massacre)' လို့ ကမ္ဘ္ဘာ့က ဒီကိစ္စကို မှတ်တမ်းတင်ထားရှိပါတယ်။ မွတ်စလင် (၅၀၀) ကျော်နှင့် ၎င်းတို့၏ ကလေးသူငယ် (၃၀၀) ကျော်၊ ရွာလုံးကျွတ်နီးပါး အသတ်ခံခဲ့ရတဲ့ ဒီရွာကလေးဟာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် လွန်စွာ နီးကပ်စွာရှိတဲ့ ရွာလေးတရွာ ဖြစ်ပါတယ်။

ထိုရွာကနေ လှမ်းမြင်နေရတဲ့ 'Dual Toli' ရွာကို ဗမာ စစ်သားတွေက အရင်ဝင်တိုက်ပြီး ရှိသမျှ ရွာသားတွေကိုသတ်ကာ တရွာလုံးကို မီးလောင်တိုက် သွင်းလိုက်ပါတယ်။ 'Dual Toli' မြစ်ကို ကူးပြီး အသက်ဘေးလွတ်အောင် ရေကူးပြေးနေတဲ့ သူတွေကိုလည်း အလွတ်မပေး သတ်ဖြတ်ခြင်းခံရသလို အဆက်မပြတ် ပစ်ခတ်နေတဲ့ ကျည်ဆံအောက်မှာ ခေါင်းမဖော်နိုင်အောင် ရေကူးနေရတာမို့ ရေနှစ်ပြီး သေဆုံးသူ (၁၀) ဦးထက်မနည်း ရှိခဲ့တယ်လို့ မှတ်တမ်းက ဆိုပါတယ်။

တူလာတူလီရွာမှာတော့ မသတ်ခင် တစ်ရက်အလိုမှာ ရွာထဲရှိ မွတ်စလင်အားလုံး ရွာပြင်ထွက် ငါးဖမ်းခြင်း၊ စိုက်ပျိုးခြင်း မပြုရဟု အမိန့်အရင်ထုတ်ကာ ၎င်းတို့ပိုင် တန်ဘိုး ရှိသမျှ ပစ္စည်း၊ ချွန်ချွန်ဟူသမျှ အားလုံးကြက်သွန်လှီးဓားပါအကုန် တစ်အိမ်တက်ဆင်း လုယက် ယူငင်ပြီးမှ ရွာရဲ့ ထွက်ပေါက်မှန်သမျှ လေးဘက်လေးတန်ကို ပိတ်ဆီးထားလိုက်ပါတယ်။ စစ်တပ်က အိမ်တွေကိုပဲ မီးတိုက်ရှို့မှာ တခြား ဘာအန္တရာယ်မှပြုမှာမဟုတ်ဘူး လို့ ရခိုင်ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာသားတွေကို လာရောက်အသိပေးတယ်။ တခြား လုံခြုံနေရာတစ်နေရာမှာ စုဝေးနေဖို့လဲ ပြောသွားတယ်။

နံဘေးပတ်လည် မြစ်ရေတွေ တသွင်သွင်စီးဆင်း ဖြတ်သန်းနေပြီး လရောင်အောက်မှာ ကျီးလန့်စာစား သေမိန့်ကျနေတဲ့ ရွာကလေးကို ဗမာ စစ်သားတွေက ဩဂုတ်လ (၃၀) ရက်နေ့ ညသန်းကောင် အချိန်မှာ ဘီလူးဆိုင်းတီးပြီး စတင် တိုက်ခိုက်ကာမဲမဲ မြင်သမျှ အကုန် ပစ်သတ်ပါတော့တယ်။

နံနက်စောင်းချိန်လောက်တွင် ရွာတစ်ခုလုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးလိုက်လေတယ်။ နတလ အိမ်တွေကျတော့ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူး။ နဂိုအတိုင်း ကောင်းကောင်းမွန်မွန်ပဲ။

အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေကို စုဝေးနေတဲ့ လူအုပ်ထဲကနေ ဦးစွာ ခွဲထုတ်လိုက်ခဲ့တယ်။ ချောင်းကမ်းပါးမှာ အမျိုးသမီးတွေကို တန်းစီပြီးတော့ ထိုင်စေတယ်။ အချိန်အနည်းငယ်ကြာပြီးတော့ ထ၊ ထိုင်လုပ်ခိုင်းတယ်။ တစ်ခါထ၊ ပြန်ထိုင်ပေါ့။ နောက်ဆုံးတွင် အမျိုးသမီးတွေကို ထ… ပြေး ဆိုလို့ ဟစ်အော် အမိန့်ပေးလိုက်တယ်။ သူတို့လည်း တကြောက်တလန့် ထပြေးတော့ နောက်ကနေ ဘီးလူးစစ်တပ်တွေက ဒိုင်းဒိုင်း သေနတ်ပစ် သတ်လိုက်ကြတယ်။ တစ်ချို့ အမျိုးသမီးတွေဟာ ရမ်းရမ်းကားကား သေနတ်ပစ်ကွင်းနေ လွတ်မြောက်ကာ ချောင်းထဲ ခုန်ဆင်းခဲ့ပေမဲ့ အသက်မကယ်နိုင်ခဲ့ချေ။ ဒီရေတက်နေတဲ့ ရေစီးအလျင်မှာ ရေနစ်သေသူသေ၊ ပြန်ပေါ်လာသူကို သေနတ်ပစ်လို့ သတ်ဖြတ်လိုက်လေတယ်။ ကလေးနဲ့ လူငယ်တွေကို ချောင်းထဲ ဝေးပစ်ကာ သေစေတယ်။ မသေမချင်း စောင့်ကြည့်တယ်။ မသေရင် ကျည်ဆံပေါက် သတ်တယ်။ 

လွတ်မြောက်လာသူတွေရဲ့ သက်သေခံချက်အရ အမျိုးသားတွေကို ချောင်းကမ်းပါးတစ်လျှောက် ဒူးတောက်တန်းစီစေတယ်။ နောက်ကနေ အောတိုရိုက်ဖယ်နဲ့ တန်း ပစ်သတ်ခဲ့တယ်။ အချို့ကို လည်ပင်းလှီး သတ်တယ်။ အချို့ကို မော်တာတွေနဲ့ ချိန်းကာ ပစ်သတ်တယ်။ အချို့ကို အိမ်ထဲ အရှင် ကြိုးတုပ် ချည်နှောင်ထားကာ အိမ်ကိုပါ မီးရှို့ကာ အရှင်လတ်လတ် မီးရှို့သတ်တယ်။ 

လူအစုတစ်စုကို ပစ်သတ်ပြီးရင် စစ်တပ်တွေက အတန်ငယ် စောင့်ကြည့်တယ်။ ပိုပြီးသေချာအောင် အလောင်းတွေကို ပြန်သေနတ်ပစ်တယ်။ 

အလောင်းတွေကို ချောင်းကမ်းပါးအနီမှာ တွင်းကျင်းတူးကာ တွင်းထဲပုံချတယ်။ ပြီးတော့ သက်သေခံအထောက်အထား ဖျောက်အောင် မီးရှို့ဖျက်ဆီးပစ်တယ်။ 

တစ်ရွာလုံး တစ်ယောက်မှ မကျန်တော့ဘူးဆိုတာ သေချာမှ သတ်ဖြတ်ခြင်းကို ရပ်စဲလိုက်ကြပြီး တစ်ရွာလုံးကို မီးတင်ရှို့လိုက်ကြပါတော့တယ်။ ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမှာ ဒေသခံ ရခိုင်၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တွေလည်း ပူးပေါင်းပါရှိတယ်လို့ ဂါးဒီးယန်း သတင်းမှတ်တမ်းမှာ ဖော်ပြပါရှိပါတယ်။

ဂါးဒီးယန်း သတင်းစာက ဒီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ၂၀၁၇ ခု၊ စက်တင်ဘာလ (၇) ရက်မှာ Massacre at Tula Toli: Rohingya recall horror of Myanmar army attack သတင်းဆောင်းပါး ခေါင်းစဉ်ဖြင့် ကမ္ဘ္ဘာကို တင်ပြခဲ့ပါတယ်။

'လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Amnesty International) ကလည်း ထိုသတ်ဖြတ်မှုကြီးကို အတည်ပြုသလို 'ဂြိုဟ်တု (Satellite)'က ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေနဲ့ (satellite imagery confirms Rohingya village of Tula Toli razed) ကမ္ဘ္ဘာကို တင်ပြခဲ့ပါတယ်။

https://www.theguardian.com/world/2017/sep/19/myanmar-satellite-imagery-confirms-rohingya-village-of-tula-toli-razed

'Dhaka Tribune' အင်္ဂလိပ်သတင်းစာကလည်း (၉) ရက်၊ စက်တင်ဘာမှာ ‘There is no Rohingya left in Tulatoli’ ခေါင်းစဉ်ဖြင့် ဒီ တူလာတူလီအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အတည်ပြု ရေးသားထားသလို အမေရိကန် သတင်းစာ အချို့ကလည်း (၁၈) ရက်၊ စက်တင်ဘာမှာ အတည်ပြုရေးသားပါတယ်။

CNN က Friends turn on friends ခေါင်းစဉ်အောက်မှာ

"စစ်တပ်ရဲ့ စစ်ရဟတ်ယာဉ်တွေ တူလာတူလီကို ဆင်းပြီးတော့ လက်နက်ခဲယဉ်းတွေ ဝေတာကို ကျနော်မြင်တယ်။ သူတို့ဟာ မဂ်၊ ဟိန္ဒူ၊ မြို နဲ့ အခြား ဗုဒ္ဓဘာသာဝင်တွေ အားလုံးကို လက်နက်ခဲယဉ်း ပေးတယ်။ ချက်ချင်းပဲဆိုသလို သူတို့ဟာ စစ်သားဝတ်စုံ၊ ဓား၊ တုတ်၊ လက်နက်တွေနဲ့ ထွက်လာကြတယ်။ ကျနော်ရဲ့ ဘာသာခြား သူငယ်ချင်းတွေကို စစ်သားဝတ်စုံနဲ့ လက်နက်တွေ ကိုင်စွဲလျက် မြင်ခဲ့တယ်။ သူတို့ဟာ ကျနော်ရဲ့ ငယ်ဘဝဖော် အတူတူ ကစားခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။" လို့ လွတ်မြောက်ခဲ့သူ အူမောရ်အာလီက ဆိုတယ်လို့ မျက်မြင်သက်သေတွေရဲ ထွက်ဆိုချက်တွေ ရေးသားတင်ပြခဲ့တယ်။ 

https://indiatribune.com/adults-were-shot-babies-thrown-into-water-rohingya-refugees-recall-horror-of-myanmar-army-attack/

https://www.irishtimes.com/news/world/asia-pacific/massacre-at-tula-toli-rohingya-recall-horror-of-myanmar-army-attack-1.3214365

Human Rights Watch ရဲ့ လွတ်မြောက်လာသူ ဒေါ်ဟာဆီနာနဲ့ အင်တာဗျူးတစ်ခုတွင် 

"ဟာဆီနာဟာ သူရဲ့ တစ်နှစ်သားအရွယ် သမီးငယ် ဆူဟိုက်ဖာကို ဝတ်ရုံအောက်တွင် ပုန်းချီလျက် ပုန်းခိုဖို့ ကြိုးစားချိန် စစ်သားတစ်ယောက်က ရိပ်မိခဲ့ပြီးတော့ လိုက်ကာ ဖမ်းဆီပြီးတော့ သမီးငယ်ကို ရင်ခွင်မှ ဆွဲယူကာ မီးလောင်နေတဲ့ အိမ်ထဲကို အရှင်လတ်လတ် ပိုက်ချလိုက်လေတယ်။ စစ်သား ၅ ယောက်က ဟာဆီနာ၊ သူရဲ့ယောက္ခမ ဖာတေမာ (၃၅ နှစ်)၊ သူ့ယောက်ျားရဲ့ ညီမ အစ်မာ (၁၈နှစ်) နဲ့ ဖာတောရဲ့ သားသုံးယောက်ကိုလည်း အတူ ချောင်းစပ်ရေတိမ်မှာ ပုန်းနေရာကနေ ဖမ်းဆီးပြီးတော့ မနီးမဝေးရှိ တဲအိမ် တစ်ခုသို့ ခေါ်ဆောင်သွားတယ်။ တဲအိမ်ကို ရောက်တာနဲ့ ရခိုင်အကြမ်းဖက်သမားတသ်စုက လူငယ် ၃ ယောက်ကို သူတို့ရှေ့မှာပင်  ရိုက်နက်ထိုးသတ် သတ်ဖြတ်လိုက်တယ်။ စစ်သားတွေက ဟာဆီနာနဲ့ အခြားအမျိုးသမီးတွေကို အိမ်ထဲမှာ အတင်အဓမ္မ ပြုကျင့်တယ်။ ဖာတေမာက ခုခံတဲ့အခါ ဖာတေမာကို တစ်ချိန်တည်းနဲ့ သတ်ဖြတ်လိုက်တယ်။ တခြား အမျိုးသမီးတွေကို သတိမေ့အောင် မရိုက်ပုတ်မီ ဟာဆီနာကို ဓားမြောင်နဲ့ ထိုးလိုက်တယ်။ 

စစ်သားတွေက သတိမေ့နေတဲ့ အမျိုးသမီးတွေနဲ့ သေနေတဲ့အလောင်းတွေကို အိမ်ထဲထားကာ အိမ်တံခါးတွေကို သော့ခတ်ချည်နောင်ထားကာ အိမ်ကို မီးရှို့ပြီးတော့ ထွက်သွားတယ်။ ဟာဆီနာနဲ့ အစ်မာတို့ဟာ သူတို့ရဲ့ အဝတ်လောင်နေတဲ့ချိန်မှာ သတိပြန်ရလာခဲ့တယ်။ သူတို့ဟာ မီးလောင်နေတဲ့ ဝါးထရံကို ချိုးဖောက်ကာ ထွက်လာခဲ့တယ်။ အဲဒီအိမ်မှ သူတို့သာ လွတ်မြောက်လာနိုင်ခဲ့သူဖြစ်ပါတယ်။ အင်တာဗျူလုပ်နေချိန်တွင် သူတို့ရရှိထားတဲ့ ဓားဒဏ်ရာ၊ မီးလောင်ဒဏ်ရာတွေကိုလည်း ပြသခဲ့တယ်။" လို့ မြစ်ကမ်းဘေးက သတ်ဖြတ်ပွဲ (Massacre by the river) ခေါင်းစဉ်နဲ့ သတင်းဆောင်ပါးတွင် အခြား လွတ်မြောက်လာသော မျက်မြင်တွေရဲ့ သက်သေခံချက်တွေနဲ့ ရေးသားဖော်ပြထားတယ်။

ဒုက္ခသည်စခန်းကို ကိုယ်တိုင်လာရောက် လေ့လာခဲ့သည့် ရုပ်ရှင်ထုတ်လုပ်သူ Shifaur Rahman က ဘီဘီစီ မေးမြန်းခန်းတစ်ခုတွင် တူလာတူလီလူသတ်မှု၏ ကြောက်မက်ဖွယ်ဖြစ်ရပ်ကို တင်ပြခဲ့တယ်။

ဒီကိစ္စ စဖြစ်ခါစကထဲက ရွာထဲကို အဝင်မခံလို့ တဖက်နိုင်ငံရောက် ကမ္ဘ္ဘာ့သတင်းထောက်တွေက မောင်းသူမဲ့ယာဉ်ငယ် 'ဒရုန်း (Drone)' တွေနှင့် ဂြိုဟ်တုနဲ့ မှတ်တမ်းတင်နေကြောင်း၊ ကြိတ်သတ်လို့ မရကြောင်း ရေးတဲ့အခါ နွားတွေက နွားလိုတွေးပြီး ရယ်ကြတာ မှတ်မိကြမယ်ထင်ပါတယ်။

ထို တူလာတူလီ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို ဩဂုတ် (၃၀) ရက်ကနေ စက်တင်ဘာ (၁) ရက်နေ့အထိ (၃) ရက်ကြာ မနားမနေ ရက်ရက်စက်စက် သတ်ဖြတ်ကြခြင်း ဖြစ်ပါတယ်။ မွတ်စလင် အမျိုးသား အများစုကို ခေါင်းဖြတ်သတ်၊ သူတို့အိမ်ကို မီးရှို့ပြီး မီးပုံထဲပစ်ထည့် အစဖျောက်ပါတယ်။ ထိုအထဲတွင် မောင်တောဒေသရဲ့ အကြည်အညိုအရှိဆုံး သူတော်စင် သာသနာ့ပညာရှင် ဘူရဟူးဇူရ် ခေါ် ဟူးစိန်အမတ်သခင် လည်း လူသတ်သမားတွေရဲ့ ရက်စက်မှုမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ရဟီးဒ်ဖြစ်သွားရှာလေတယ်။ 

အမျိုးသမီးတွေနှင့် ကလေးငယ်တွေကို အမျိုးသားတွေနှင့် သီးခြား ခွဲထုတ်ပြီး မြစ်နံဘေးမှာ မတ်တပ်ရပ်ခိုင်းထားကာ သူတို့ နေအိမ်များကို စတင် မီးရှို့ပါတယ်။ ပြီးနောက် ကလေး၊ အမျိုးသမီး နှင့် အမျိုးသား အားလုံးကို မြစ်ကမ်းဘောင်ပေါ် သီးခြားစီတန်းစီခိုင်းထားပြီး မြစ်ထဲ ပြေးဆင်းရန် ညာသံပေးပြီးမှ ရှုပ်ပွနေတဲ့ ဆံပင်ကို ဝက်မှင်ဘီးနှင့် ဖီး၍ သပ်ချလိုက်သလို အော်တိုမက်တစ် မောင်းပြန် ရိုင်ဖယ် သေနတ်တွေနဲ့ နောက်ကျောဖက်ကနေ အဆက်မပြတ် ပစ်သတ်ပါတော့တယ်။ အတုံးအရုန်း လဲပြိုကာ သေပွဲဝင်ခဲ့ကြရပါတယ်။

အမျိုးသမီးတွေကို မညှာမတာ အတောမသတ် ပစ်သတ်နေစဉ် သတ္တိအနည်းငယ်ရှိတဲ့သူတွေက ကြိုးစားပမ်းစား လွတ်အောင် ရေကူး ပြေးသော်လည်း တဒိုင်းဒိုင်း ပစ်နေတဲ့ ကျည်ဆံမိုးအောက်မှာ ကျည်ထိပြီး ရေနစ် သေဆုံးကြရပါတယ်။ 

ကလေးငယ်အားလုံးလိုလို ကျည်ထိပြီး သေရင်သေ မသေရင်လည်း ရေနစ်သေဆုံးရသလို သေဆုံးတာ သေချာမှု ရှိစေရန် သေနတ်နှင့် ထိုးဆွကြည့်ရင်း သေနတ်ဒဏ်ရာကြောင့် အော်သံ ငြီးငြူသံကြားရင် အသံတိတ်သွားတဲ့အထိ သေချာအောင် ထပ်မံ ပစ်သတ်ပြန်ပါတယ်။ ကြည့်ကောင်းတဲ့ အမျိုးသမီးငယ်မှန်သမျှ မတရားပြုကျင့်တာ ခံရပါတယ်။

ထိုအထဲမှ အပုန်းကောင်းလို့၊ သေပြီထင်ပြီးစွန့်ပစ်ထားလို့ လွတ်မြောက်လာသူအချို့ ဘင်္ဂလားဒေ့ရ်ှဖက်က ဒုက္ခသည် စခန်းတွေထဲမှာ ယခုအထိ ရှိနေပါတယ်။

အနှစ်ချုပ်ရရင် တူလာတူလီ သတ်ဖြတ်ပွဲသည် မြႏ်မာ့သမိုင်းတွင် အမည်းစက် တဈခု သဖွယ် ကန္ရိတေမာ့ယ်။


ကိုးကား- 

Andrew Soe's    post

Tula Toli Massacre

https://en.m.wikipedia.org/wiki/Tula_Toli_massacre

Massacre by the River

https://www.hrw.org/report/2017/12/19/massacre-river/burmese-army-crimes-against-humanity-tula-toli

Saturday, May 21, 2022

စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်


စနစ်တကျ ကြိုတင်စီစဉ်ခဲ့တဲ့ ရိုဟင်ဂျာ ဂျီနိုဆိုက်

"Well Planned road to The Rohingya Genocide"


ရိုဟင်ဂျာပြဿနာအကြောင်းကို မပြောခင် ကျွန်တော်တို့ ဆယ်စုနှစ် တစ်ခုလောက် နောက်ပြန်ဆုတ်လိုက်ရအောင်။


၂၀၁၀ ရွေးကောက်ပွဲမှာ ဦးသိန်းစိန် အရပ်ဘက်ပြောင်းပြီး သမ္မတတက်လုပ်တယ်။ ဦးသိန်းစိန် သမ္မတ ဖြစ်ပြီးတဲ့အခါမှာ အရင်ဆုံး ရင်ဆိုင်ရတာက မြစ်ဆုံကိစ္စ။

ဒီမိုကရေစီအော်ပြီး တက်လာတော့ မြစ်ဆုံကိစ္စကို လူထုက လက်မခံတဲ့အခါ မြစ်ဆုံပြဿနာက သူတို့အတွက် ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်လာတာပေါ့။

ရိုဟင်ဂျာကိစ္စဆိုပြီး မြစ်ဆုံက ဘာလို့ အဆက်အစပ် မရှိပဲ ပါလာတာလဲ ဆိုပြီးတော့ စိတ်ညစ်မသွားနဲ့ဦး။

ကဲ...ဆက်ပြောရအောင်။

မြစ်ဆုံ ကိစ္စက ရွှေဝါရောင်တော်လှန်ရေးပြီးတဲ့နောက်ပိုင်း ဦးသန်းရွှေလက်ထက် ၂၀၀၈ လောက်ကတည်းက မြစ်ဆုံရေကာတာ စီမံကိန်းဆိုပြီး စခဲ့တာ။

၂၀၀၉ တုန်းက ကချင်ပြည်နယ်မှာ မြစ်ဆုံရေကာတာနဲ့ ပတ်သတ်ပြီး ဒေသခံတွေ ဆုတောင်းပွဲ စခဲ့တယ်။ ဦးသိန်းစိန် တက်လာပြီး ၂၀၁၀/၂၀၁၁ မှာတော့ ကချင်ပြည်နယ်မှာ ကျောင်းသားတွေဦးဆောင်ပြီး ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်ခဲ့တယ်။ နောက် ဗုံး ၄ လုံး ကွဲလို့ မြစ်ဆုံအနီးအနားက ဒေသခံတွေကို ဖမ်းဆီး စစ်ဆေး မေးမြန်းတာတွေ ပြုလုပ်ခဲ့သေးတယ်။

တောင်တန်းဒေသက ပြဿနာဟာ ၂၀၁၁/၂၀၁၂ မှ ပြည်မဘက်မှာ အသံတွေထွက်လာကြတယ်။ အဲ့ဒီ့နောက်ပိုင်းမှာ ပြည်မဘက်က ပြည်သူအချို့ မြစ်ဆုံကန့်ကွက်ပွဲ ဆိုပြီး လမ်းပေါ်ထွက် ဆန္ဒပြတဲ့ အထိဖြစ်လာတယ်။

အဲ့ဒီ့အခါမှာတော့ မြစ်ဆုံကိစ္စကို တဖန် ပြန်စဉ်းစားမယ်။ ခေတ္တရပ်တန့်ထားမယ်ဆိုပြီး အသံထွက်လာတယ်။ ခေတ္တရပ်တန့်ထားမယ်ပြောပေမဲ့ တစ်ဖက်မှာက စာချုပ်ချုပ်ပြီးတာ ၂၀၀၈/၂၀၀၉ လောက်ကတည်းကပဲ။

ဇာတ်လမ်းက အခုမှ စမှာ။


မြစ်ဆုံကိစ္စ လူပြောများနေတုန်း မကြာဘူး။ ထောင်ထဲက လူတစ်ယောက်လွတ်လာတယ်။

နာမည်က "ဝင်းခိုင်ဦး"

ဝင်းခိုင်ဦးက ၂၀၀၁ မှာ ၉၆၉ လှုပ်ရှားမှုကို စတင်ခဲ့ပြီး ကျောက်ဆည်မှာ လူမျိုးရေး အဓိကရုန်းဖြစ်အောင် လှုံ့ဆော်ခဲ့မှုတွေကြောင့် ၂၀၀၃ မှာ ဖမ်းခံရပြီး ထောင်ဒဏ် ၂၅နှစ် ကျခံခဲ့ရတယ်။ 

၂၀၀၄ မှာတော့ ခင်ညွန့်အဖမ်းခံရပြီး ထောက်လှမ်းရေး အဖွဲ့လည်းဖျက်သိမ်းခံခဲ့ရတယ်။

ဆက်နွယ်မှုကို မသိရပေမဲ့ ထူးခြားတာက ဦးခင်ညွန့်ရော ဝင်းခိုင်ဦးရော နှစ်ယောက်စလုံးဟာ ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်နေ့မှာ နှစ်ရှည်ပြစ်ဒဏ်ကနေ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ လွတ်မြောက်လာခဲ့တယ်။

ဝင်းခိုင်ဦးက ထောင်ကလွတ်တာနဲ့ ဝီရသူဆိုတဲ့ အမည်နဲ့ပဲ ဦးဇင်းပြန်ဝတ်ပြီး ဟောပြောပွဲတွေ စတင်လာခဲ့တယ်။

မြစ်ဆုံကိစ္စ လူပြောများပြီး ထင်ကြေးအမျိုးမျိုးပေးနေတဲ့ အချိန်မှာပဲ ဝီရသူရဲ့ လူမျိုးရေးခွဲခြားတဲ့ တရားတွေဟာ တစ်နိုင်ငံလုံး ပျံ့နှံ့လာခဲ့တယ်။ မြစ်ဆုံသတင်းဟာ ဝီရသူရဲ့ Hate Speech တွေအောက် ဖုံးအုပ်သွားခဲ့ပြီး တစ်နိုင်ငံလုံးဟာ Racist အတွေးအခေါ်တွေ ရိုက်နှိပ်ခံခဲ့ရတယ်။ ဝီရသူဟာ ပြည်တွင်းနေ မွတ်ဆလင်တွေကို Boycott လုပ်ဖို့နဲ့ ခွဲခြားဆက်ဆံဖို့ စတဲ့ တရားတွေကို ကျယ်ကျယ် ပြန့်ပြန့် ဟောလာခဲ့တယ်။ မွတ်ဆလင်တွေ ဆိုင်တွေမှာ စျေးမဝယ်ဖို့ ၊ စီးပွားအတူတွဲမလုပ်ဖို့အပြင် လူမျိုးရေး Psywar တွေ ရိုက်ထည့်ခဲ့တယ်။

အရယ်ရဆုံး Psywar တစ်ခုကတော့ 786 ဆိုတဲ့ Islam ကိုယ်စားပြု ဂဏန်းဟာ သုံးခုပေါင်း 21 ရလို့ ၂၁ ရာစုမှာ Islam တွေဟာ မြန်မာပြည်ကို သိမ်းပိုက်မယ်ဆိုပြီး Psywar ထည့်ခဲ့တာပဲ။ ရယ်ရပေမဲ့ အဲ့ဒီ့ Psywar က အောင်မြင်တယ်လို့ ပြောရမယ်။ ဘာကြောင့်လည်းဆိုတော့ အဲ့ဒီ့ Psywar ကို မြန်မာ တစ်နိုင်ငံလုံး လူအများက ယုံကြည်ကြတယ်။

ဝီရသူထည့်တဲ့ Psywar တွေရဲ့ Effect တွေက ဘယ်လောက်တောင် ထိရောက်ခဲ့သလည်းဆို ပြည်တွင်းနေမွတ်ဆလင်တွေကို အိမ်မဌားတာမျိုး အလုပ်မခန့်တာမျိုးတွေအပြင် ''ကုလားမဝင်ရ" ဆိုတဲ့ ကျေးရွာတွေပါ ပေါ်ပေါက်လာခဲ့တယ်။


မြန်မာလူမျိုးအများစုက မွတ်ဆလင်ဆို ရန်သူလို့ မြင်လာတဲ့အထိပါပဲ။

မြန်မာမွတ်ဆလင်တွေရဲ့ အခက်ခဲဆုံး နှစ်တွေပေါ့။ ပညာ ဘယ်လောက်ပဲ တတ်တတ် CV form က Religious မှာ Islam ဆိုတာနဲ့ Reject လုပ်ခံရတဲ့ အထိပဲ။

ဝီရသူဟာ ၉၆၉ လှုပ်ရှားမှုကတစ်ဆင့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ မဘသ အဖွဲ့အစည်းကို ရဟန်းသံဃာအပြင် လက်ရှိ သခင်ကြီးလို့ သရော်နေကြတဲ့ ဝင်းကိုကိုလတ်တို့လို Racism တွေနဲ့ ဖွဲ့စည်းပြီး လူမျိုးရေးခွဲခြားမှုကို အရှိန်မြင့် လုပ်ဆောင်ခဲ့တယ်။


တကယ်တော့ လူမျိုးရေးခွဲခြားမှုဆိုတာ သံမှိုတစ်ချောင်းလိုပဲ အဆုံးထိရိုက်ပြီးရင် ပြန်နှုတ်ရခက်တဲ့။ အဲ့ဒီ့ သံမှိုကို ဝီရသူတို့လို လူတစ်စုက တစ်နိုင်ငံလုံးကို ရိုက်သွင်းခဲ့ကြတယ်။

ပြီးတော့ ရိုဟင်ဂျာကို စတင်မိတ်ဆက်ပေးခဲ့တယ်။

မြန်မာလူမျိုးအများစုက တိုင်းရင်းသားလို့ ဆိုလိုက်ရင် (၈) မျိုးပဲ ရှိတယ်လို့ တရားသေ သတ်မှတ်ထားကြတဲ့ လူမျိုးစု တိုင်းရင်းသားဆို ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း ကလွဲလို့ အခြားမသိကြတဲ့ လူမျိုးတွေကို ရိုဟင်ဂျာနဲ့ မိတ်ဆက်ပေးရတာ ခက်ခဲလှတဲ့ အလုပ်တော့ မဟုတ်ဘူး။

ရိုဟင်ဂျာ မပြောနဲ့ ကဒူးလူမျိုးဟာ ခိုးဝင်ပါ ၊ ကနန်းလူမျိုးဟာ ခိုးဝင်ပါ ၊ ဖွန်းလူမျိုးနဲ့ ရဘိန်းလူမျိုးဟာ ခိုးဝင်ပါဆိုပြီး ပြောကြလည်း ယုံကြမှာ အဆန်းမဟုတ်ဘူး။


ဘာကြောင့်လည်းဆိုတော့ ဗမာတွေကိုယ်တိုင် ဗမာလူမျိုးမှာ ဗမာ ၊ ထားဝယ် ၊ မြိတ် ၊ ယော ၊ ရဘိန်း ၊ ကဒူး ၊ ကနန်း ၊ ဆလုံ ၊ ဖွန်း(ဖုန်း) ဆိုပြီး ၉ မျိုးထပ်ကွဲတာကိုလည်း မသိကြလို့ပဲ။ တိုင်းရင်းသားတွေထဲမှာ ဗမာတောင် လူမျိုး ၉ မျိုးခွဲရှိတာ။ ကျန်တဲ့ တိုင်းရင်းသားတွေဆိုရင် ဘယ်လောက်တောင် လူမျိုးကွဲများမလည်း စဉ်းစားစရာမလိုဘူး။

ကိုယ်မကြားဖူးတဲ့ တိုင်းရင်းသား လူနည်းစု တစ်စုကို ခိုးဝင်လို့ စွပ်စွဲတာနဲ့ လူအများစုက ယုံကြည်လိုက်ခံလိုက်တယ်။ အဲ့ဒီ့လူနည်းစုက ဘာအထောက်အထားနဲ့ ရှင်းပြ ရှင်းပြ လူအများစု သူတို့ လက်ခံပြီး ဆုံးဖြတ်ချက်ချလိုက်ပြီဆိုတာနဲ့ ပြန်မပြင်ကြတော့ဘူး။

အဲ့ဒါကပြဿနာပဲ။

ဝီရသူနဲ့ မဘသရဲ့ လှုံ့ဆော်မှုတွေကြောင့် တိုင်းပြည်ရဲ့ လူမျိုးရေး ဘာသာရေးဟာ ပေါက်ကွဲခါနီး ဗုံးတစ်လုံး ဖြစ်နေပြီး ပေါက်ကွဲထွက်လာကြဖို့ မီးစလေး တစ်စပဲ လိုတော့တဲ့ အချိန်အထိ ရောက်လာတယ်။


နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပဲ ဖန်တီးလုပ်ယူရတယ်ဆိုတဲ့ စကားက သိပ်မှန်တယ်။

ဘာကြောင့်လည်းဆိုတော့ ကျောက်နီမှော်ကျေးရွာက မသီတာထွေးအမှုဟာ ပေါက်ကွဲထွက်တော့မဲ့ ဗုံးတစ်လုံးရဲ့ မီးစတစ်စ ဖြစ်လာခဲ့တယ်။ကျောက်မှော်ကျေးရွာက မသီတာထွေးဟာ မုဒိန်းကျင့် အသတ်ခံရပါတယ်ဆိုတဲ့ သတင်းဟာ တစ်နိုင်ငံလုံး ခပ်မြန်မြန် ပျံ့သွားခဲ့တယ်။ အဲ့သတင်းရဲ့ နောက်ဆက်တွဲက ပြစ်မှုကျူးလွန်သူတွေဟာ ရိုဟင်ဂျာ သုံးယောက်ဖြစ်တယ်ဆိုတာ တွဲပါလာခဲ့တယ်။

တိကျတဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိပေမဲ့ ရိုဟင်ဂျာ သုံးယောက်ကို တရားခံ အဖြစ် ဖမ်းဆီးခဲ့ပြီး သူတို့ သုံးယောက်ကို ပြည်သူတွေက ထုတ်ပေးဖို့ တောင်းဆိုတယ်ဆိုပြီး လူအုပ်က ရဲစခန်းကို လာဝိုင်းတာမျိုး ဖြစ်ခဲ့တယ်။ အဲ့ဒီ့ ရိုဟင်ဂျာ သုံးယောက်ကလည်း သူတို့လုပ်တာ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ တစ်ယောက်ကတော့ ထောင်ထဲမှာ သတ်သေသွားတယ်။ ကျန်နှစ်ယောက်ကတော့ သေဒဏ်ကျသွားတယ်။

အဲ့ဒီ့အမှုကြောင့်နဲ့ ပထမဆုံး ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ တောင်ကုတ်မှာ ပေါ်လာခဲ့တယ်။

ပြီးတော့ ခရီးသည်တင်ယာဉ်တစ်စီးကို ပိတ်တားပြီး ကားပေါ်မှာ ပါလာတဲ့ မွတ်ဆလင် ၁၀ ဦးကို လူ ၃၀၀ လောက်က တစ်စစီ ခုတ်သတ်ခဲ့တယ်။


အဲ့ဒီ့ အသတ်ခံလိုက်ရတဲ့ မွတ်ဆလင် ၁၀ ယောက်က ရိုဟင်ဂျာတွေ မဟုတ်တဲ့အပြင် သာမန် ဘာသာရေး ဘုရားဖူးထွက်ကြတဲ့ မြန်မာ-မွတ်ဆလင်တွေ ဖြစ်နေတယ်။

အဲ့ဒီ့ သတင်းကို နိုင်ငံပိုင် သတင်းစာကနေ ''ကုလား ၁၀ ယောက်" လို့ သုံးနှုန်းပြီး ထုတ်ပြန်ခဲ့တယ်။

အဲ့ဒီ့ သတင်းကြောင့်ကော ဘာမှမဆိုင်ပဲ အသတ်ခံလိုက်ရတဲ့ ဆယ်ယောက်အတွက်ကော တရားမျှတမှု ပြန်ရဖို့ ရန်ကုန် မြို့လယ်ခေါင်မှာ ပြည်မက မြန်မာမွတ်ဆလင်တွေ ဆန္ဒပြခဲ့ကြတယ်။

အဲ့ဒီ့ကိစ္စတွေကို အကြောင်းပြုပြီး ၂၀၁၂ ခုနှစ် ၅ လပိုင်း အကုန် ၆ လပိုင်း အစလောက်မှာ ရိုဟင်ဂျာတွေက ရခိုင်ရွာ တစ်ခုကို တုတ် ဓား လက်နက်တွေနဲ့ စတင် တိုက်ခိုက်တယ်။ အဲ့ဒါကို ရခိုင်တွေကလည်း တုတ် ဓား လက်နက်တွေနဲ့ ပြန်တိုက်တယ်။

လူမျိုးစု နှစ်ဖက်ကြားမှာ ကလဲ့စားတွေ ကြီးထွားလာပြီး မီးများမီးနိုင် ရေများရေနိုင်ဆိုသလို ရိုဟင်ဂျာတွေ များတဲ့နေရာက ရိုဟင်ဂျာတွေအားကောင်းပြီး ရခိုင်တွေများတဲ့နေရာက ရခိုင်တွေအားကောင်းကြတယ်။    အဲ့ဒီ့မှာ စစ်တပ်က ရခိုင်မှာ မာရှယ်လောထုတ်ပြီး သွားထိန်းကြတယ်။ ရိုဟင်ဂျာနဲ့ ရခိုင်တွေကို သပ်သပ်စီ ခွဲထုတ်လိုက်တယ်။

နှစ်ဖက်စလုံးပေါင်းရင် အိမ်ခြေ တစ်သိန်းနီးပါး ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၂ သိန်းလောက်ဟာ ဒုက္ခသည်ဖြစ်သွားတယ်။ ဒီအရေးအခင်းကြောင့် ရိုဟင်ဂျာတွေ Lockdown ကျသွားပြီး ပြည်မက ဗမာတွေလည်း ဘာသာရေး သံမှို ပိုစွဲသွားကြတယ်။

မွတ်ဆလင်ဆိုရင် မုန်းတီးရမယ်။

နိုင်ငံသားဖြစ်ခွင့်မရှိဘူးဆိုတဲ့ အတွေးဟာ ပြန့််သွားကြတယ်။ ဒါက ဝီရသူတို့အတွက် လိုအပ်ရင် ထမွှေးနိုင်တဲ့ အခွင့်ရေးတစ်ခု ဖြစ်လာတယ်။

ရခိုင် ဘာသာရေး အဓိကရုန်းကို အကြောင်းပြုပြီး ရိုဟင်ဂျာတွေဟာ မြန်မာ နိုင်ငံသားမဟုတ်ပဲ ဘင်္ဂလားဒေ့ကနေ ခိုးဝင်နေထိုင်တဲ့ ဘင်္ဂါလီ (ဘင်္ဂလားနိုင်ငံသား) တွေသာ ဖြစ်တယ်လို့ ဒုတိယအကြိမ် ဝါဒထပ်ဖြန့်တယ်။ တကယ်တော့ ပြည်မက မြန်မာ မွတ်ဆလင် ထက်ဝက်လောက်ကိုက ဟိုးအရင်ကတည်းက မှတ်ပုံတင်ထဲမှာကို ဘင်္ဂါလီဆိုပြီး ပါကြတယ်။ လူမျိုးနေရာမှာ ဘင်္ဂါလီ+အိန္ဒိယ+ဗမာ..... အဲ့လိုမျိုး အရှည်ကြီးတွေ ပါကြတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာမွတ်ဆလင် အားလုံးက ကပြားတွေချည်းပဲ။ တစ်မျိုးမဟုတ် တစ်မျိုး ဆက်စပ်ကြတယ်။

ဘင်္ဂါလီတွေဟာ ခိုးဝင်တွေပါဆိုတဲ့ Psywar ကြီး ထပြန့်တော့ ပြည်တွင်း မြန်မာမွတ်ဆလင်ပါမကျန် တစ်နိုင်ငံလုံးက မွတ်ဆလင်လူထု ထက်ဝက်ကျော်လောက်က ခိုးဝင်လိုလို ဘာလိုလို ဖြစ်သွားကြတယ်။

ရခိုင်အရေးအခင်းကြီးပြီးတော့ ပိုပြီး လှုပ်ရှားမှု အားကောင်းလာတဲ့ ဝီရသူတို့ အုပ်စုဟာ ဘာသာရေးကတစ်ဆင့် နိုင်ငံရေးမှာပါ နွယ်လာကြတယ်။ ဘာသာရေးကိုအကြောင်းပြပြီး လူမျိုးကြီးဝါဒအခြေခံတဲ့ မျိုးစောင့်ဥပဒေအကြောင်း ဟောပြောခဲ့တယ်။ ၂၀၁၃ မှာ မျိုးစောင့်ဥပဒေကို ဒေါက်တာ ဓမ္မပီယ ၊ အရှင်ဆေကိန္ဒ ၊ ဝီရသူ စသည့် ရဟန်းတွေကဦးဆောင်ပြီး ဥပဒေပညာရှင်တွေနဲ့အတူ ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခဲ့ကြတယ်။ ၂၀၁၅ မှာတော့ ဦးသိန်းစိန် အစိုးရက အတည်ပြုပေးခဲ့တယ်။


မျိုးစောင့်ဥပဒေကို ပြည်သူတွေနဲ့ မိတ်ဆက်တဲ့အခါ လူမျိုးခြားတွေရဲ့ ရန်က ကာကွယ်ဖို့ ၊ လူမျိုးခြားတွေက ဘယ်လိုမကောင်းကြောင်း ဘယ်လိုယုတ်မာကြောင်း ရက်စက်ကြောင်းတွေပါ ထည့်သွင်းဟောပြောခဲ့တယ်။ လူတိုင်းရဲ့ အမြင်မှာ Islam ဟာ ဗုဒ္ဓဘာသာရဲ့ ရန်ဆွယ်တစ်ခုလို မြင်အောင်ကို အတွေးအခေါ် ရိုက်သွင်းခဲ့ကြတယ်။ သူတို့ဖြစ်စေချင်တဲ့အတိုင်း လူတွေကလည်း မြင်ခဲ့ကြတယ်။ အဲ့လို မြင်ခဲ့ကြလို့ပဲ ၂၀၁၃မှာ ရွှေဆိုင်က စတဲ့ ပြဿနာလေးကို အကြောင်းပြု ပုံကြီးချဲ့ပြီး မိတ္ထီလာ အဓိကရုန်း စတင်ခဲ့တယ်။

မိတ္ထီလာမှာ ဖြစ်တာကိုတော့ အဓိကရုန်းလို့တောင် ပြောလို့မရပါဘူး။ဘာကြောင့်လည်းဆိုတော့ အဓိကရုန်းတို့ ပဋိပက္ခတို့ဆိုတာ နှစ်ဦး နှစ်ဖက် ဖြစ်မှ အသုံးပြုတာမလား။ ဒါပေမဲ့ မိတ္ထီလာမှာတော့ ရခိုင်မှာ ဖြစ်သလို သူချ ကိုယ်ချ ဖြစ်တာမဟုတ်ပဲ မွတ်ဆလင်မြင်ရင်သတ်ဆိုသလို ဖြစ်ခဲ့တာ။ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ပထမဆုံး ရွှေဆိုင်ကို တစ်စစီ ဖျက်ဆီးပြီးနောက် မွတ်ဆလင်သတ်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြတယ်။ ဖြစ်ခဲ့တာက တော်တော်ဆိုးဆိုးဝါးဝါးနဲ့ ရက်ရက်စက်စက်ပဲ လူမမယ်ကလေးငယ်တွေကအစ အသတ်ခံခဲ့ရတယ်။

မိတ္ထီလာက မြန်မာမွတ်ဆလင်တွေဟာ ခိုးဝင်တွေလည်း မဟုတ် အကြမ်းဖက်သမားတွေလည်းမဟုတ် ဘယ်သူ့ကိုမှလည်း ရန်မပြုပဲ အသတ်ခံခဲ့ရတယ်။ မိတ္ထီလာက မွတ်ဆလင်တော်တော်များများက ဘုန်းကြီးအချို့ကောင်းမှု၊ အိမ်နီးချင်းအချို့ကောင်းမှုနဲ့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ကြရတယ်။ အဲ့ဒီ့အချိန်က မွတ်ဆလင်သာတွေ့တယ်ဆိုရင် ဖွက်ပေးထားတဲ့လူက ဘုန်းကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ချောင်မှာမဟုတ်ဘူး။ အသတ်ခံရတဲ့ လူအများစုရဲ့ အပြစ်က မွတ်ဆလင်ဖြစ်နေတာ တစ်ခုတည်း။

ဒါကို တားဖို့ ရဲတွေ စစ်သားတွေ မရှိဘူးလားဆိုတော့... ရှိပါတယ်။ တရားဝင်ကိုပဲ ရပ်ကြည့်နေတာကလွဲလို့ ဘာတစ်ခုမှ ဝင်မပြော ဝင်မတားကြပါဘူး။

၂၀၁၃ မိတ္ထီလာအရေးအခင်းနောက်ပိုင်းမှာ မျိုးချစ်အမည်ခံ မဘသအဖွဲ့ဝင် အစွန်းရောက်တွေဟာ ရန်ကုန် မန္တလေး စတဲ့ မြို့ကြီးတွေမှာပါ ဘာသာရေးအဓိကရုန်း ပေါ်လာဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်။ဘာသာရေး ဝတ်ပြုတဲ့ အဆောက်အဦးတွေမှာ အကြမ်းဖက်ဖို့ လေ့ကျင့်သင်ကြားပေးနေတယ်ဆိုပြီး Psywar လွှင့်ခဲ့တယ်။

လူစုပြီး ဝတ်ပြုတဲ့ နေရာအချို့ကို စုံစမ်းပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကပဲ မကျေကြသလိုလိုနဲ့ ရောက်လာပြီး တားမြစ်ကြတယ်။ Arabic (အာရဗီ) ဘာသာစကားနဲ့စာ သင်တဲ့ စာသင်ကျောင်းတွေမှာ ကလေးတွေကို အကြမ်းဖက်နည်းတွေ သင်ပေးနေတယ်ဆိုပြီး လူအုပ်လိုက်ရောက်လာပြီး အာရဗီစာသင်ကျောင်းတွေကို လိုက်ပိတ်ခိုင်းတယ်။နောက်ဆုံး အစ္စလာမ်ဘာသာဝင် အမျိုးသမီးတွေ ပုဝါဆောင်းတဲ့ Culture ကအစ တားမြစ်ဖို့အထိလုပ်လာတယ်။


ထူးဆန်းတာတစ်ခုက အဲ့ဒီလို ဘယ်ကမှန်းမသိ ပေါ်ပေါ်လာတဲ့ လူအုပ်ကြီးတွေဟာ တစ်ယောက်မှ နယ်ခံမပါဘူး။ ရပ်ကွက်ထဲကလူတွေလည်း တစ်ယောက်မှ မသိကြဘူး။ ဒီလူတွေကို ဘယ်သူကစုပြီး ဘယ်သူက စေလွှတ်တယ်ဆိုတဲ့ နောက်ကွယ်က အကြောင်းအရာကို မမြင်ရဘူး။ ဒါပေမဲ့ ဒီလူတွေဟာ အချိန်တစ်ခုရောက်ရင် ပေါ်ပေါ်လာကြတယ်။

၂၀၁၂ ကစလို့ Lockdown ချခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ကြာလာတော့ ငတ်ပြတ်လာတယ်။ Lockdown ချခံထားတဲ့အတွက် သူတို့ဟာ ရွာတစ်ခုကနေ ရွာတစ်ခု သွားလို့မရဘူး။ အစားအသောက်အတွက် မြို့ပေါ်စျေးတက်ဝယ်လို့မရဘူး။ နေမကောင်းရင် ဆေးခန်းပြစရာလည်းမရှိသလို ကလေးတွေလည်း ကျောင်းတက်လို့မရဘူး။ ဒါတွေကို ဖြေရှင်းဖို့ သူတို့ဟာ တစ်ဆင့်ခံလူတစ်ယောက် ထားလာကြရတယ်။ ဥပမာ ရဲတွေကို ပိုက်ဆံပေးပြီး စျေးဝယ်ခိုင်းရတာမျိုး။ ရခိုင်အချို့ကလည်း ဝန်ဆောင်ခယူပြီး ငွေလွှဲပေးတာမျိုး အရောင်းအဝယ်ပေးတာမျိုး လုပ်လာကြတယ်။

ပြည်မဘက်မှာ မဘသက ဘင်္ဂါလီ ကိစ္စကို ဇောင်းပေးပြောလာတဲ့ အခါ ရခိုင်က ရိုဟင်ဂျာရွာတွေမှာ ပိုကြပ်လာတယ်။ ရိုဟင်ဂျာ ရွာတွေကို ရဲတွေ စစ်သားတွေ အလုံးအရင်း ရောက်လာပြီး ဖမ်းချင်တဲ့လူဖမ်း၊ ခိုးချင်တဲ့ ပစ္စည်းခိုး စတာတွေပါလုပ်လာကြတယ်။

စီးပွားရေးလည်း ဘာမှလုပ်မရ နေထိုင်ရအဆင်မပြေ အစားအသောက်လည်း ရှားပါးလာတဲ့အခါမှာ ရခိုင်က ရိုဟင်ဂျာတွေဟာ ပွဲစားဆိုသူတွေကို ပိုက်ဆံပေးပြီး မြို့ပေါ်ပြောင်းဖို့ စီစဉ်လာကြတယ်။ ရိုဟင်ဂျာတွေဆီက လူတစ်ယောက်ကို ၁၅သိန်း ၂၀သိန်း ပိုက်ဆံယူပြီး မြို့ပေါ်ပြောင်းပေးဖို့ လုပ်တဲ့လူတွေထဲမှာ စစ်သားနဲ့ ရဲတွေလည်းပါတယ်။ ရိုဟင်ဂျာတွေကလည်း ကျွဲနွားအိမ်ခြံ အကုန်ရောင်းပြီး မြို့ပေါ်ထွက်ပြေးကြတယ်။ ဒါပေမဲ့ ပြည်မဘက်ကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတော်တော်များများက အဖမ်းခံရတာများတယ်။ ရိုဟင်ဂျာ အများစုက မှတ်ပုံတင်မရှိဘူး။ မြို့ပေါ်ရောက်လို့ ဖမ်းခံရတဲ့အခါ မှတ်ပုံတင်မပြနိုင်တော့ ခိုးဝင် ဘင်္ဂါလီတွေဆိုပြီး ဖြစ်သွားတယ်။

ပြည်မဘက်ပြေးရင် အဖမ်းခံရ၊ ကိုယ့်ရွာမှာနေရင် ကူရာမဲ့ ကယ်ရာမဲ့နဲ့ကြာလာတော့ ရိုဟင်ဂျာတွေဟာ မထူးဇာတ်ခင်းပြီး ပွဲစားဆိုသူတွေဆီကနေ လှေစင်းလုံး စုဝယ်၊ ဘယ်ကမ်းရောက်ရောက် ဒီကထွက်လို့ရရင်ပြီးရောဆိုပြီး ပင်လယ်ထဲ ထွက်ပြေးကြတယ်။

အဲ့လို လှေတွေထဲမှာ လှေမောင်းတတ်တဲ့ သူလည်း မပါဘူး။ ကမ်းက ခွာပြီဆိုတာနဲ့ ဦးတည်ရာမရှိ ပင်လယ်ထဲ ရွက်လွှင့်ကြတာ။ ပင်လယ်ထဲမှာ နှစ်လ သုံးလလောက် ရွက်လွှင့်ရင်း အစာရေစာပြတ်လတ်ပြီး သေတဲ့လူလည်းသေတာပဲ။ လူသေရင်လည်း ပင်လယ်ထဲပဲ ပစ်ချခဲ့ရတယ်။အချို့ဆို လှေစင်းလုံး မြုပ်ပြီး သေကြတယ်။ ကံကောင်းမှပဲ အခြားနိုင်ငံရောက်ရင်ရောက်တော့တယ်။ အခြားနိုင်ငံ ရောက်ရင်လည်း အချို့နိုင်ငံက လက်မခံပဲ အစာရေစာပေးပြီး ပင်လယ်ထဲ ပြန်လွှတ်ကြတယ်။

ပင်လယ်ထဲမှာ သေကြတဲ့ ရိုဟင်ဂျာတွေဟာ အဓိကရုန်းမှာ သေကြတဲ့ ရိုဟင်ဂျာတွေထက် လူဦးရေပိုများဦးမယ်။ နောက်ပိုင်းမှာ ဘယ်မှလည်း မသွားနိုင် မပြေးနိုင်ပဲ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေက သေမထူး နေမထူးလို့ တွေးခဲ့ကြပုံရတယ်။

ရိုဟင်ဂျာ ရွာတွေကို ဖိနှိပ်တာ များလာတဲ့အခါ ရုတ်တရက် ARSA ဆိုပြီး လက်နက်ကိုင် တပ်ဖွဲ့ ပေါ်ပေါက်လာတယ်။ လက်နက်ကိုင် တပ်ဖွဲ့လို့ဆိုပေမဲ့ ခန့်မှန်းကြည့်သလောက် လူဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိတဲ့ လူတစ်စုပဲနေမှာ။ ဘာကြောင့်လည်းဆိုတော့ ARSA သာ အင်အားကြီးတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဖြစ်လာမယ်ဆိုရင် Genocide ဆိုတာမျိုး ဖြစ်လာမှာ မဟုတ်လောက်ဘူး။

ဒါနဲ့ ARSA ဟာ ၂၀၁၇ မှ ရဲကင်းတွေကို လူရင်းပြီး ဝင်တိုက်တယ်။ရဲကင်းတွေကို တစ်ခုပြီး တစ်ခု တိုက်လာတဲ့ အခါမှာတော့ စစ်တပ်က ARSA ကို နှိမ်နှင်းဖို့ အကြောင်းပြချက်နဲ့ နယ်မြေရှင်းလင်းရေးဆိုပြီး အရက်စက်ဆုံး Genocide ကို စခဲ့တော့တာပဲ။

ဒီရိုဟင်ဂျာတွေကြားထဲမှာ ARSA ကို ဘယ်လို ရှာရမလည်း ဒီကောင်တွေလည်း မသိဘူး။ ဒီကြားထဲ လူမျိုးရေး ဘာသာရေးအခြေခံတဲ့ အငုံစိတ်တွေက ရှိကြပြန်တော့ ရိုဟင်ဂျာမှန်သမျှ ARSA မဟုတ်လည်း သတ်ဖို့ရည်ရွယ်ခဲ့ပုံရတယ်။

ကျွန်တော်ကတော့ နာမည်ပေးတဲ့ လူကိုပဲ ချီးကျူးတယ်။ Genocide လို အရာမျိုးကို နယ်မြေရှင်းလင်းရေးဆိုပြီး နာမည်လှလှနဲ့ Cover အုပ်ခဲ့တာကိုး။


ရိုဟင်ဂျာ ရွာတွေထဲကိုဝင် တွေ့သမျှပစ်သတ်၊ ရွာလုံးကျွတ်မီးရှို့တာတွေ လုပ်ခဲ့တယ်။ ဒါ့အပြင်ကို ရိုဟင်ဂျာ အမျိုးသမီးတွေကို မုဒိန်းကျင့်တာမျိုး လုပ်ခဲ့တယ်။ မုဒိန်းကျင့်တာမှ ယောကျာ်းတွေအရှေ့ ကလေးတွေအရှေ့မှာ မကြည့်ရင်သတ်မယ်ဆိုပြီး ကျင့်ခဲ့တာမျိုး။ မွေးကင်းစ ကလေးလေးတွေဆို လက်နှစ်ဖက်နဲ့ ကိုင်မြှောက်ပြီး ထောင်ထားတဲ့ ဓားပေါ်ပစ်ချတာမျိုး။ ဖမ်းမိထားတဲ့ ရိုဟင်ဂျာအချင်းချင်းကို နိုင်တဲ့ကောင်ကို လွှတ်ပေးမယ်ဆိုပြီး အချင်းချင်း ခေါင်းဖြတ်သတ်ခိုင်းတာမျိုး။ ရွာထဲဝင် လူသတ် စိတ်ကြိုက် ရှာဖွေ မွှေနှောက်ယူပြီးရင် သတ်ထားတဲ့ အလောင်းတွေကော ရွာကောပေါင်းပြီး မီးရှို့ခဲ့တာမျိုး။

အင်းဒင်ရွာမှာဆို ဖမ်းမိတဲ့ ရွာသားဆယ်ယောက်ကို ကိုယ်တိုင်ကျင်းတူးခိုင်းတယ်။ ပြီးတော့ ရက်ရက်စက်စက်ကို ခေါင်းဖြတ်သတ်တာမျိုး လုပ်ခဲ့တယ်။ ဒါတောင် ကိုဝလုံးနဲ့ ကိုကျော်စိုးတို့က ထုတ်ဖော်ခဲ့လို့ ပုံတွေနဲ့တကွ သက်သေထွက်လာတာ။ သက်သေမထွက်ပဲ အစုလိုက်အပြုံလိုက် အသတ်ခံရတယ်ဆိုတာကို မယုံနိုင်စရာမရှိဘူး။ ကိုဝလုံးနဲ့ ကိုကျော်စိုးကို တရားစွဲတာများ နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုနဲ့။ နိုင်ငံတော်လျို့ဝှက်ချက်က ဘာလည်းဆိုတော့ လူအစုလိုက်အပြုံလိုက်သတ်မှုတဲ့။

အင်းဒင်မှာ ကျူးလွန်ခဲ့တဲ့ စစ်သားတွေကိုတော့ ထောင်နှစ်နှစ်လားမသိဘူး ချတယ်။

ရိုဟင်ဂျာတွေက ဘယ်အချိန် ကိုယ့်ရွာရောက်လာပြီး ကိုယ့်ကိုယ်သတ်မလည်း မသိရတဲ့အခါမှာ ရှိတာယူပြီး အိုးစွန့် အိမ်စွန့်ထွက်ပြေးကြတယ်။နိုင်ငံတကာက အသံထွက်လာတဲ့အခါ ရိုဟင်ဂျာတွေအဲ့လို ထွက်ပြေးတာကို ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးတာပါလို့ ပြန်ပြောတယ်။ ဒါတွေကို သက်သေပြဖို့အတွက် ဟိန္ဒူအချို့ကိုဌား ဇာပုဝါပေးဆောင်းပြီး ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့ ပုံစံမျိုး ဖန်းတီးပြပြီး ဓာတ်ပုံတွေရိုက် ဇာတ်လမ်းတွေ ဆင်ခဲ့တယ်။


အစက ဘင်္ဂလားဒေ့ရ်ှနယ်စပ်ကို ထွက်ပြေး ရောက်ရှိလာတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရ်ှကလည်း လက်မခံဘူး။ နိုင်ငံတကာက ဝိုင်းပြောပြီး ထောက်ပံ့ပါမယ်ဆိုမှသာ လက်ခံပြီး Refugee Camp ဖွင့်ပေးလိုက်တာ။

တစ်ကမ္ဘာလုံးက Genocide ပါဆိုပြီး အသံထွက်လာမှသာ ရိုဟင်ဂျာတွေ ရွာတွေကို စီးနင်းမှု သတ်ဖြတ်မှုတွေ ရပ်တန့်ခဲ့တာ။ ဒါတောင် အခုကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ပိတ်မိနေတုန်း။

၂၀၁၈/၂၀၁၉ မှာ AA စပေါ်လာပြီး ရဲကင်းတွေကိုတိုက် ရဲစခန်းတွေကို ဝင်စီးတာမျိုးလုပ်တဲ့အခါ ပြည်မက ဗမာအများစုက ငါတို့တုန်းက ရိုဟင်ဂျာ ကိစ္စမှာ သူတို့နဲ့အတူ ရပ်တည်ပေးခဲ့တာတောင် သူတို့က ဘာလို့ ပြန်လုပ်ကြတာလဲ ဆိုတဲ့ အတွေးမျိုးတွေ မြင်ခဲ့ရတယ်။ တကယ်တော့ ဖက်ဆစ် စစ်တပ်ရဲ့ ဒဏ်ကို သူတို့လည်း ခံခဲ့ရတာကြာပြီ။

စစ်တပ် အုပ်ချုပ်မှုအောက်မှာနေပြီး မတိုးတက်တဲ့အခါ လက်နက်ကိုင်ပြီး ခွဲထွက်ဖို့အတွက် တိုက်ယူမှ ရမယ်ဆိုပြီး ရခိုင်တွေက သဘောပေါက်ခဲ့ကြတယ်။ လက်ရှိအချိန်မှာ ရခိုင်ကမြို့ပေါ်တွေမှာ ရခိုင်တွေနဲ့ ရိုဟင်ဂျာတွေ အတူရောနေနေတာတွေလည်းရှိတယ်။ အချို့ရခိုင်တွေဟာ ရိုဟင်ဂျာစကားပြောတတ်ကြသလို အချို့ရိုဟင်ဂျာတွေဟာလည်း ရခိုင်စကားပြောတတ်ကြတယ်။

ရိုဟင်ဂျာရဲ့ ဖြစ်တည်မှုကို အငြင်းမပွားချင်ပေမဲ့ ရိုဟင်ဂျာတွေဟာ ရခိုင်ဘုရင်တွေလက်ထက်ကတည်းက တည်ရှိခဲ့တယ်ဆိုတာတော့ လက်ခံရလိမ့်မယ်။

အခုဆို ပြည်သူတွေကိုယ်တိုင်က ရိုဟင်ဂျာတွေကို တောင်းပန်နေကြတာတွေမြင်တော့ လေးစားမိတယ်။ တောင်းပန်တယ်ဆိုတာလည်း သတ္တိတစ်မျိုးပဲ။ လက်ရှိ ပြည်သူ့အစိုးရ NUG ကိုလည်း သတ္တိရှိစေချင်တယ်။

ဆရာဦးကိုနီ အသတ်ခံရတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်များ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပို့လေမလားလို့ မျော်မှန်းခဲ့မိတယ်။

အခုလည်း ရိုဟင်ဂျာတွေအတွက် NUG အစိုးရအနေနဲ့ တရားဝင်စာထုတ် တောင်းပန်တာမျိုး မျော်လင့်မိတယ်။ ရိုဟင်ဂျာတွေဟာ တောင်းပန်တာထက်ပိုပြီး ထိုက်တန်ပါတယ်။ အနာဂတ်မှာ တိုင်းပြည်တိုးတတ်ချင်ရင် Racism တွေပါလို့ မရဘူး။ Racism တွေမရှိမှပဲ တိုင်းပြည်ဟာ တဟုန်ထိုး တိုးတက်လာလိမ့်မယ်။


ဆောင်းပါးရှင်- Nay Linn

(ကူးယူဖော်ပြ)



Monday, May 16, 2022

ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့

Biyar drawing by RohangKing


 ဆော့မာ့ဂ်ျစနစ်နှင့် ဗီယာရ် ဓလေ့ 


ရိုဟင်ဂျာ လူမှုအသိုင်းအဝိုင်းသည် ရှေးပဝေသဏီကပင် ခေတ်အလျောက် တစည်းတရုံးတည်း နေထိုင်လာကြသည်မှာ သူတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများကို လေ့လာခြင်းဖြင့် သိသာထင်ရှားစေသည်။ လူနည်းစုတစ်စု အဓွန့်ရှည်နေထိုင်နိုင်ရေးအတွက် စည်းစနစ်များသည် အခရာ ဖြစ်လေသည်။ ထိုစည်းစနစ်များသည် လက်ဆင့်ကမ်း ထိန်းသိမ်းလာခြင်းဖြင့် ထိုအုပ်စု၏ ဝိသေသလက္ခဏာအဖြစ် လူသိများလာကြသည်။ ဤဆောင်းပါးတွင် ရိုဟင်ဂျာတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ဗီယာရ် ဓလေ့ အကြောင်းကို လေ့လာသူတို့ အသုံးဝင်အရာရောက်အောင် အကျယ်တဝင့် ရှင်းလင်းတင်ပြပါမည်။ 


ဗီယာရ် အကြောင်းကို ဖော်ပြမည်ဆိုလျှင် ဦးစွာပထမ ဆောမာ့ဂ်ျ အကြောင်းကို ဖော်ပြရပါမည်။ ရိုဟင်ဂျာတို့သည် ရေကြည်ရာမြက်နုရာ အုပ်စုအလိုက် ရွာတည်၍ နေထိုင်ကြရာတွင် အချင်းချင်း ညီညွတ်မှု၊ စည်းလုံးမှု ရှိစေရန် ဆောမာဂ်ျ ဟူသော လူနေမှုစနစ်တစ်ခုကို ကျင့်သုံးလာခဲ့ကြသည်။ ဆောမာ့ဂ်ျသည် တစ်စုတစ်ပေါင်း တစ်နေရာတည်း၌ နေထိုင်သော ရွာသူရွာသားများကို ကြီးကြပ်ထိန်းသိမ်းရေးနှင့် ရပ်ရွာအကျိုးသယ်ပိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ဆောင်ရွက်ပေးသော စည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။ ယနေ့ခေတ်နှင့် နှိုင်းစား၍ ဥပမာပြရလျှင် ကျေးရွာအုပ်ချုပ်ရေးစနစ်ဖြစ်သည်။ ဆော့မာ့ဂ်ျ ဟူသော စကား၏ အဓိပ္ပာယ်မှာ လူမှုအဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်း ဟု အဓိပ္ပာယ်ရသည်။ ဆောမာဂ်ျစနစ်ကို ကျင့်သုံးသောအခါ ဦးစွာ ဆောမာဂ်ျ ကော်မတီကို ရွာသူရွာသားများ၏ လွတ်လပ်သော သဘောဆန္ဒအရ ရွေးချယ်တင်မြောက်ကြရသည်။ သူတို့၏ လုပ်ငန်းဆောင်တာများကို သီခြားရုံး၊ အဆောက်အဦးများမှ လုပ်ဆောင်ကျေပွန်သည် မဟုတ်ဘဲ ကျေးရွာဗလီကို ဗဟိုဌာနပြု၍ နာရေးသာရေး အရေးကိစ္စအဝဝကို ဆောင်ရွက်ခြင်းဖြစ်သည်။ ဆောမာ့ဂ်ျ အဖွဲ့၏ အပတ်စဉ်၊ လစဉ် ပုံမှန်အစည်းအဝေးများ၊ အရေးပေါ် အစည်းအဝေးများမှ အရာကိစ္စဟူသမျှကို တစ်ညီတစ်ညွတ်တည်း  ဆုံးဖြတ်ကြသည်။ ဆောမာဂ်ျကော်မတီ အဖွဲ့ဝင်များကို ဆော့မာဂျီ မာနုခ်ျ ဟု ခေါ်ကြသည်။ ဆောမာဂ်ျကော်မတီကို ဦးဆောင် ပဲ့ကိုင်သော ခေါင်းဆောင်တစ်ဦးခန့်ရသည်။ ၎င်းကို ဆော့ဒ္ဒါရ် ဟုခေါ်သည်။ ဆော့ဒ္ဒါရ်သည် သတ်မှတ်ထားသော အချိန်ကာလအတွင်း ရွာ၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်လေသည်။ ဗလီရှေ့ဆောင်အီမာမ်သည် ရွေးကောက်စရာမလိုဘဲ တိုက်ရိုက် ဆော့မာဂ်ျ ကော်မတီဝင် ဥပဒေရေးရာမှူးဖြစ်လာသည်။ ဓမ္မသတ်ရေးရာ ဆုံးဖြတ်ချများကို အိစ္စလာမ်တရားတော်နှင့်အညီ ဆုံးဖြတ်ကြသည်။ ဆော့မာ့ဂ်ျကော်မတီ၏ သတ်မှတ်ထားသော သက်တမ်းကုန်ဆုံးခဲ့လျှင်ရှေ့ဆောင်အီမာမ်က ဦးဆောင်၍ လွတ်လပ်သော ရွေးကောက်ပွဲကျင်းပကာ အသစ်ပြန်လည်ဖွဲ့စည်းရသည်။ ဆော့ဒ္ဒာရ်သည် အကြိမ်အကန့်အသတ်မရှိ ရွေးကောက်ခံနိုင်သည်။ ရွာသူရွာသားတို့၏ ထောက်ခံမှုရှိလျှင် အကြိမ်ကြိမ် တာဝန်ထမ်းဆောင်နိုင်သည်။ 

ဆော့မာ့ဂ်ျအဖွဲ့သည် ရွာ၌ ဖြစ်ပေါ်လာသော သာရေးနာရေး အပြင် အခင်းကြီးငယ်များကို ဆော့မာဂ်ျအဖွဲ့က ဘက်မလိုက်ဘဲ ညှိနှိုင်းဖြေရှင်းပေးသည်။ ပြဿနာဖြေရှင်းရာတွင် အပြစ်ရှိသူကို အကြီးဆုံး ပြစ်ဒဏ်အဖြစ် ရွာနှင်ဒဏ်ပေးခြင်း၊ ကြိမ်ဒဏ်ပေးခြင်း အခွင့်အဏာရှိသည်။ ရွာသူရွာသား အားလုံးနှင့်သက်ဆိုင်သော ကျောင်း၊ ဗလီ၊ ဇရပ်၊ ကန်၊ လမ်း စသည်တို့ကို ဆော့မာဂ်ျအဖွဲ့က တိုက်ရိုက် ကြီးကြပ်စောင့်ရှောက်ရသည်။ 

မိမိတို့ ရွာ၌ကျရောက်လာသော ဘေးဆိုးတစ်စုံတစ်ရာကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသူရွာသားအားလုံးက စုပေါင်းဖယ်ချကြသည်။ ရွာ၌ပြုလုပ်လေ့ရှိသော အခါသာမယပွဲများ၊ မင်္ဂလာဆောင်စသော ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေး ပွဲတော်များ၊ အလှူပွဲတော်များ စသည်တို့ကိုလည်း ဆော့မာဂ်ျအဖွဲ့၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သတ်မှတ်ထားသော စံနှုန်းစည်းမျဉ်းများနှင့်အညီ ပြုလုပ်ရသည်။ ကျူးလွန်ပျက်ကွက်ပါက ဆော့မာဂ်ျအဖွဲ့၏ မာန်ဒေါသနှင့် ရင်ဆိုင်ရပါမည်။ ရွာသူရွာသားများထဲတွင် အကျင့်ပျက်၊ အရက်သေစာသမား၊ မူးယစ်ဆေးဝါး သုံးစွဲသူ သို့မဟုတ် ရောင်းဝယ်သူ၊ အခြားခြားသော အကုသိုလ် အပြစ်ထိုက် အလုပ်များ လုပ်ဆာင်သူများကို ဆော့မာဂ်ျအဖွဲ့မှ ခေါ်ယူဆုံးမခွင့်ရှိသည်။ အကြိမ်ကြိမ် ဆုံးမ၍ မလိုက်လျော၊ နာမခံသူများကို ထိုရွာ၏ ဆော့မာ့ဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်၍သော်လည်းကောင်း၊ ရွာမှနှင်ထုတ်၍သော်လည်းကောင်း ဒဏ်ခတ်အရေးယူကြသည်။ ဆောမာဂ်ျအသိုင်းအဝိုင်းမှ ထုတ်ပယ်သည်ဆိုသည်မှာ နေထိုင်ရမလွယ်ကူလှချေ။ ထိုသူသည် လုံးဝအထီးကျန် ဖြစ်နေလိမ့်မည်။ အခြားရွာသူရွာသားများက အဆိုပါသူနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမည်မဟုတ်ချေ။ ရွာ၏မည်သည့် အရေးအရာ၌မဆို အဆိုပါသူ၏ အထောက်အပံ့၊ အကြံဉာဏ်စသည်တို့ကို  လက်ခံမည် မဟုတ်ချေ။ လူများ၏ ကဲ့ရဲ့ရှုတ်ချခြင်းကို ခံရပေလိမ့်မည်။ ဆော့မာ့ဂ်ျအဖွဲ့၏ မည်သည့်အကူအညီ၊ အထောက်အပံ့ကိုမှ သူ ရရှိမည်မဟုတ်ချေ။ 

ဆောမာ့ဂ်ျသည် ရွာသူရွာသားများကို တန်းတူအခွင့်အရေး ပေးသည်။ ဆင်းရဲ၊ ချမ်းသာ ဟူ၍ ခွဲခြားမှု မရှိချေ။ ဆင်းရဲသားများကို ဆောမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ကူညီထောက်ပံ့ကြသည်။ သားသမီးများ အိမ်ထောင်ပြုရာတွင်လည်းကောင်း၊ အခြားအိမ်ထောင်ရေးကိစ္စများ၊ စားရေးသောက်ရေး၊ နေထိုင်ရေး၊ သာရေးနာရေး ကိစ္စအဝဝတွင် ဆာမာဂ်ျအဖွဲ့၏ ဦးဆောင်မှုဖြင့် ရွာသားများ ဝိုင်းဝန်းကာ ရိုင်းပင်းကူညီပေးကြသည်။ ကုရ်ဘာန်ပွဲတော် ရောက်လျှင် ကုရ်ဘာနီပြုလုပ်သော အိမ်တိုင်းမှ ကုရ်ဘာနီအသား သုံးပုံတစ်ပုံကို ဆော့မာ့ဂ်ျအဖွဲ့ထံ ပို့ဆောင်ရသည်။ ဆော့မာဂ်ျအဖွဲ့သည် လက်ခံရရှိထားသော ကုရ်ဘာနီအသားများကို အညီအမျှ ဝေစုခွဲကာ ရွာ၌ ရှိသမျှ ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းအိမ်တိုင်း၌  ပြန်လည်ပို့ဆောင်ပေးသည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုကို ဖြစ်စေသည့်အပြင် မရှိဆင်းရဲသားတို့ကိုလည်း ကူညီထောက်ပံ့ခြင်းလည်း ဖြစ်သည်။ 

ထိုသို့ ရွာသားများက လုပ်အားဖြင့် အခမဲ့ ဝိုင်းဝန်းကူညီသည်ကို ဗီယာရ် ဟုခေါ်သည်။ "ဘွိက်တောန် အောရ် တုအရော ဗီယာရ်ဇောန် ဘာလာ" ဟူသော ရိုဟင်ဂျာစကားပုံသည် ဤဓလေ့မှ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။ ဥပမာ- ရွာ၌ အိမ်တစ်အိမ် ပြုပြင်ဆောက်လုပ်ရသည်ဆိုလျှင် တစ်ရွာတည်းနေ အခြားရွာသူများ တစ်အိမ်က လူတစ်ယောက်စီ စုပေါင်းစုဝေး ရောက်လာကာ အခမဲ့ ကူညီပေးကြသည်။ ထိုသို့ရောက်လာသည်ကို ဗီယာရ် သွားသည်၊ ဗီယာရ်ခေါ်သည်ဟု သုံးနှုန်းသည်။ ဗီယာရ် ၏ အဓိပ္ပာယ်မှာ "အခမဲ့ လုပ်အားပေး ကူညီခြင်း"ဟု အဓိပ္ပာယ်ရသည်။  တစ်စုံတစ်ရာ အကူအညီလိုအပ်လာလျှင် ဦးစွာ ဆော့မာဂ်ျအဖွဲ့သို့ တင်ပြရသည်။ ဆော့မာ့ဂ်ျအဖွဲ့ ရွာ၌ မောင်းခတ်ကြော်ငြာကာ ဗီယာရ် ရက်သတ်မှတ်ကာ ဗီယာရ်အဖွဲ့ စီစဉ်ပေးသည်။ ရောက်လာသော ဗီယာရ်အဖွဲ့ကို အိမ်ရှင်က တတ်နိုင်သလောက်နဲ့ ထမင်း၊ ကောက်ညှင်း၊ ရေနွေးကြမ်း၊ လက်ဖက်ရည်၊ ကွမ်း၊ ဆေးလိပ် စသည်တို့ဖြင့် ဧည့်ခံကြသည်။ အင်မတန်ကြည်နူးဖွယ်ကောင်းသော ဓလေ့တစ်ခုဖြစ်သည်။ ရွာသားများစုပေါင်း၍ ပျော်ပျော်ရွှင်ရွှင်နှင့် လုပ်အားပေးခြင်းဖြင့် တစ်ပတ်စာအလုပ်သည် တစ်ရက်တည်းနဲ့ ပြီးဆုံးစေသည်။ အကုန်အကျလည်း သက်သာသည်။ အချင်းချင်း ချစ်ခင်ရင်းနှီးမှုလည်း တိုးပွားခိုင်မာလာစေသည်။ 

အခြားလုပ်ငန်းများဖြစ်သော လယ်ယာစိုက်ပျိုးရေး၊ စပါးရိတ်သိမ်း စသည်တို့တွင်လည်း ဤနည်းဖြင့် လုပ်အားပေးကြသည်။ လယ်ယာစိုက်ပျိုးရေးတွင် အိမ်တိုင်းတိုင်းမှ သွားရသည်မဟုတ်ဘဲ လယ်ယာစိုက်ပျိုးလေ့ရှိသော အိမ်တိုင်းမှ တစ်ယောက်စီစုပေါင်းအဖွဲ့ကာ သွားရောက်ကူညီကြသည်။ ဤအဖွဲ့ကို "ဖာလာဒိုက်" ဟုခေါ်သည်။ 

ဗမာပြည်လွတ်လပ်ရေး ရသည့်အချိန်မှစ၍ ဆော့မာ့ဂ်ျစနစ်သည် တဖြေးဖြေး ပျောက်ကွယ်လာလေသည်။ အကြောင်းမှာ အစိုးရက ရပ်ရွာအုပ်ချုပ်ရေးစနစ်များကို အခိုင်အမာ ကျင့်သုံးလာသောအခါ ရွာသူရွာသားများ၏ အစဉ်အလာအရ ကျင့်သုံးသော ဆော့မာဂ်ျစနစ်၏ ရပိုင်ခွင့်အာဏာ၊ ဥပဒေစိုးမိုးရေး စသည်တို့ အားပျော့လာလေသည်။ ထိုမှ တဖြည်းဖြည်း ပျောက်ကွယ်လုဆဲဖြစ်လာသည်။ သို့သော် အချို့ကျေးလက်ဒေသများတွင် အစဉ်အလာအရ ထိန်းသိမ်းလျက် ဆော့မာဂ်ျစနစ်ကို ကျင့်သုံးနေဆဲဖြစ်ပါသည်။ 

ဤသို့ဖြင့် ရှေးခေတ် ရိုဟင်ဂျာတို့သည် ဥမကွဲသိုက်မပျက် အချင်းချင်း ရိုင်းပင်းကူညီမှုဖြင့် ငြိမ်းငြိမ်းချမ်းချမ်း စနစ်တကျ နေထိုင်လာခဲ့ကြသည်။ ထိုခေတ်ရိုဟင်ဂျာတို့၏ လူနေမှုအဆင့်အတန်းသည်လည်း သပ်သပ်ရပ်ရပ် ရှိခဲ့ကြောင်း ပေါ်လွင်စေသည်။ ဆော့မာ့ဂ်ျစနစ် ကျင့်သုံးသောရွာသည် စည်းလုံးညီညွတ်ကြသည်။ တည်ငြိမ်အေးချမ်းသည်။ နေထိုင်စရာအိမ်မဲ့ မရှိသလောက်၊ ငတ်မွတ်သူ မရှိသလောက်၊ အဝတ်မလုံသူ မရှိသလောက် ဖြစ်သည့် ဘုံစနစ်တစ်ခုဖြစ်ပေသည်။ ဆော့မာ့ဂ်ျစနစ်ကို အာရကန်ပြည် အနံ့အပြား အချို့ရွာများတွင် ယနေ့တိုင် တွေ့ရှိရပေသတည်း။ 


— လူထုဝဏ္ဏ 

(3-5-2022)


Thursday, May 12, 2022

ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်


ဟနဖီအက္ခရာ၏ ဖခင်ကြီး (သို့) ဆရာ မိုဟာမတ်ဟာနိဖ်

" လူမျိုးစုတစ်စုတွင် ကိုယ်ပိုင်အရေးအသား မရှိလျှင် ထိုလူမျိုးစု ဖြစ်တည်ခြင်းကိုပါ အငြင်းပွားရန် လွယ်ကူပေလိမ့်မည်။ "

                                             — မိုဟာမတ်ဟာနိဖ် 

လွတ်လပ်ရေးခေတ်တွင် မှေးမှိန်နေသော စာပေအရေးအသားကို မြင့်တင်ရန် ရှေးရိုဟင်ဂျာ အရေးအသားစနစ်မှ လမ်းခွဲထွက်၍ ခေတ်သစ်အက္ခရာ တစ်မျိုးကို တီထွင်၍ ရိုဟင်ဂျာစာပေအရေးအသား လောကတွင် တဟုန်းဟုန်း ကျော်ကြားသူမှာ ဆရာမိုဟာမတ်ဟာနိဖ် ပင်ဖြစ်ပါသည်။ ဆရာမိုဟာမတ်ဟာနိဖ် တီထွင်ခဲ့သော အက္ခရာကို တီထွင်သူ၏ အမည်စွဲ၍ ဟနဖီအက္ခရာဟု အမည်တွင်ကြသည်။ လက်ယာဘက်မှ လက်ဝဲဘက်သို့ ရေးရသည့် ဟနဖီအက္ခရာသည် ကိုယ်ပိုင်မူ၊ ကိုယ်ဟန်ရှိသည်။ ထို့ကြောင့် မျက်မှောက်ခေတ်တွင် ရိုဟင်ဂျာအမျိုးသားများ၏ တစ်ခဲနက် ထောက်ခံမှုအများဆုံး ရရှိထားသော အက္ခရာဖြစ်ပါသည်။ အသုံးတွင်ကျယ်လာခဲ့သည်။ ယခုဆိုလျှင် အင်တာနက်စာမျက်နှာများတွင် သုံးနှုန်းနိုင်သည်အထိ တိုးတက်လာခဲ့သည်။

ဟနိဖီအက္ခရာတီထွင်သူ မိုဟာမတ်ဟာနိဖ်၏ အမည်အပြည့်အစုံမှာ မိုဟာမတ်ဟာနိဖ် ရာဂီပ် [Muhammad Hanif Rageb] ဖြစ်ပါသည်။ ၁၉၅၂ ခုနှစ်တွင် ရသေ့တောင်မြို့နယ်၊ ပရိမ်တောင်ကျေးရွာတွင် ဖခင် ဪလီအဟ်မတ် (တာဂျဲရ်မုလ်လုခ်)နှင့် မိခင် မာဆူမာခါတွန် တို့မှ ဖွားမြင်ခဲ့သည်။ ကျောင်းနေအရွယ်ရောက်လာသောအခါ ဖခင်က ဦးစွာ သာသနာ့ပညာကို သင်စေခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် အခြေခံသာသနာ့ပညာ ၁-တန်းမှ ၅ တန်းအထိ မိမိတို့ရွာရှိ မိုဟာမ္မဒီယာ အာရဗီကျောင်း၌ သင်ယူခဲ့သည်။ ၆ တန်း မှ ၉ တန်းထိ ကို မျှာဇင်ပူရ်အာရဗီကျောင်းမှ သင်ယူ၍ အဆင့်မြင့်ပညာအတွက် နိုင်ငံခြား ပညာတော်သင် သွားရောက်ခဲ့သည်။ မိုဟာမတ်ဟာနိဖ်သည် ၁၉၆၉ ခု မှ ၁၉၇၂ ခု အထိ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရှိ ထင်ရှားသော အာရဗီတက္ကသိုလ် ပဋ္ဌီယာအာရဗီတက္ကသိုလ်နှင့် ဟင်ဌာဇားရီ အာရဗီတက္ကသိုလ်တို့၌ ပညာဆည်းပူးခဲ့သည်။ ၁၉၇၃ ခုတွင် "ဖနုနာသ် အေ အာလီယာ" အာလိမ်ဘွဲ့ကို ရရှိခဲ့သည်။ မိုဟာမတ်ဟာနိဖ်၏ ထင်ရှားသော ဆရာသမား တစ်ပါးမှာ စစ်တွေမြို့၊ သက်ကေပြင်ရပ်ကွက်ဇာတိ မော်လနာ အဗ္ဗဒူလ်ဟောက် ဖြစ်ပါသည်။ 

မျိုးချစ်စိတ်ထက်သန်သော ဆရာ မိုဟာမတ်ဟာနိဖ်သည် ဘွဲ့ရရှိပြီးနောက် မိမိဇာတိပြည်သို့ ရောက်လာကာ မျှာဇင်ပူရ် အာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၇၇ ခုအထိ သင်ပြခဲ့သည်။ ၁၉၇၇ ခုနှစ်တွင်ပင် အမျိုးသားရေးလှုပ်ရှားမှုကြောင့် အမိမြေကိုစွန့်လွှတ်ကာ နိုင်ငံခြားသို့ ထွက်ခွာခဲ့ရသည်။ ဘင်္ဂလားဒေ့ခ်ျသို့ ခိုဝင်လာပြီး နီလာအာရဗီကျောင်း၌ အထက်တန်းပြဆရာအဖြစ် ၁၉၈၀ ပြည့်နှစ်အထိ သင်ပြခဲ့သည်။ ထို့နောက်ဆရာသည် မုဖ်သီဓမ္မသတ်ပညာ ဆည်းပူးရန် ပါကစ္စတန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုနိုင်ငံ၌ ဓမ္မသတ်ပညာကို နှစ်နှစ်ထိထိ လေ့လာသင်ယူခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံသို့ သွားရောက်ကာ သုံးနှစ်ထိထိ နေထိုင်ခဲ့သည်။ ဆော်ဒီအရေဗီးယား၌ နေထိုင်စဉ် အဖိုးမဖြတ်နိုင်သော ခေတ်သစ် ဟနဖီအက္ခရာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့သည်။ ဘာသာဗေဒ ကျွမ်းကျင်သော အဖွဲ့ဝင် ၁၂ ဦးပါဝင်သည့် Rohingya Zuban Committee ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဆရာသည် ဟနဖီအက္ခရာ အရေးအသားနှင့် ပတ်သတ်၍ အနယ်နယ်အရပ်ရပ်သို့ သွားရောက်ကာ စာပေဟောပြောပွဲများစွာ ကျင်းပခဲ့သည်။ စာအုပ်စာပေများ ရေးသား၍ ရိုဟင်ဂျာလူထုအထိ ရောက်အောင် အပတ်တကုတ် ဆောင်ရွက်ခဲ့သည်။ဟနဖီအက္ခရာ အရေး၊ အဖတ်နှင့် ပတ်သတ်သော ရိုဟင်ဂျာဖတ်စာ၊ သဒ္ဒါလမ်းညွှန်းကျမ်း စသော စာအုပ်ပေါင်း ၅၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။ 

စာပေဘက်သို့ အားထုတ်နေသော ဆရာ၏ စိတ်ဓာတ်သည် အဖိနှိပ်ခံနေရသော မိမိအမျိုးကို ကယ်တင်ရန် တော်လှန်ရေးဘက်သို့ ပြောင်းလဲလာခဲ့သည်။ ဆရာသည် ၁၉၈၅ ခုတွင် ဆော်ဒီအာရေဗီးယားနိုင်ငံမှ ပြန်လည်ထွက်ခွာခဲ့သည်။ ထိုနှစ်မှာပင် မူဂျာဟီဒ် ညီညွတ်ရေးအဖွဲ့ (IMA Attahade Mujahedin/Junudul Islam)ကို တည်ထောင်ခဲ့သည်။ ဆရာသည် ထိုအဖွဲ့အစည်းကို ၁၀ နှစ်တိုင်တိုင် ဦးဆောင်မှုပေးခဲ့သည်။ 

ဆရာမိုဟာမတ်ဟာနိဖ်သည် အာရဗီ၊ ဖာရေစီ၊ အင်္ဂလိပ်၊ အူရ်ဒူ ဘာသာစကား ကျွမ်းကျင်သည်။ ဆရာသည် ရိုဟင်ဂျာ နှင့် အူရ်ဒူ ဘာသာစကားဖြင့် စာအုပ်ပေါင်းများစွာ ရေးသားပြုစုခဲ့သည်။ ဆရာ၏ ထင်ရှားသော စာအုပ်အချို့မှာ Mosala e Arakan aur Uska Hol (အာရကန် ပြဿနာနှင့် ၎င်း၏အဖြေ)၊ Jihaad e Arakan aur Uska Ahkaam (အာရကန် တော်လှန်ရေးနှင့် လုပ်ဆောင်ဖွယ်များ)၊ Kulliyat e Rageb (ရာဂီပ် ဆောင်းပါးစုံ)၊ Ezhar e Hakikot (အမှန်တရား၏ အလင်းတော်) တို့ဖြစ်ကြသည်။ 

ဆရာမိုဟာမတ်ဟနိဖ်သည် ဒုတိယအကြိမ်အနေဖြင့် ၂၀၁၀ ပြည့်နှစ်မှစ၍ နီးလားအာရဗီတက္ကသိုလ်၌ အထက်တန်းနည်းပြ၊ ရှိခ်အုလ်ဟာဒီးစ်(ဓမ္မသတ်ပါမောက္ခ)၊ ဆဒေါရ်အေ မုဖ်သီ (မုဖ်သီချုပ်) အဖြစ် ယနေ့တိုင် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ 

ဆရာသည် ကျောင်းဆရာ၊ ဓမ္မသတ်ချုပ်၊ စာရေးဆရာ၊ တော်လှန်ရေးသမား၊ ဟနိဖီအက္ခရာ တီထွင်သူ စသော မိမိအမျိုးအကျိုးဆောင် တာဝန်အမျိုးမျိုးကို ဘဝတစ်လျှောက် ထမ်းရွက်ခဲ့သည်။ ဆရာမော်လနာ မိုဟာမတ်ဟာနိဖ်သည် မိမိ၏ ကိုယ်စွမ်းကိုယ်စရင်းကာ ရိုဟင်ဂျာစာပေတိုးတက်ရေး၊ ရိုဟင်ဂျာလူမျိုး လွတ်မြောက်ရေးအတွက် မနားတမ်း ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ ဆရာသည် ယနေ့အချိန်အထိ သက်ရှိထင်ရှား ရှိနေပါသည်။ 


လူထုဝဏ္ဏ

(၁၉-၅-၂၀၂၂)