ပေါင်းစပ်ဝါကျ ဖွဲ့နည်း
အရင်ပို့စ်တွေမှာ ရိုဟင်ဂျာစာ ရိုးရိုးဝါကျဖွဲ့နည်းနဲ့ မေးခွန်းဝါကျ ဖွဲ့နည်းတွေကို လေ့လာပြီးပြီ။ အခုပို့စ်မှာတော့ အသုံးများတဲ့ အခြေခံ ပေါင်းစပ်ဝါကျ (ခ) ဝါကျရော အချို့ကို တင်ပြသွားမှာ ဖြစ်တယ်။ အတူတူ လေ့လာကြရအောင်-
ပေါင်းစပ်ဝါကျကို ဖွဲ့စည်းရာတွင် ရိုးရိုးဝါကျ နှစ်ကြောင်းကို သမ္ဗန္ဓ နဲ့ ဆက်ပေးလိုက်တဲ့အခါ ပေါင်းစပ်ဝါကျ ဖြစ်သွားတယ်။ ပေါင်းစပ်ဝါကျမှာ အမှီဝါကျ နဲ့ အမှီခံဝါကျ ဆိုလို့ နှစ်ပိုင်းရှိတယ်။ ဝါကျ တစ်ကြောင်းက အမှီဝါကျ အပိုင်းဖြစ်ခဲ့ရင် နောက်တစ်ကြောင်းက အမှီခံဝါကျအပိုင်း ဖြစ်တယ်။ အပိုင်းတစ်ပိုဒ်က နောက်တစ်ပိုဒ်ကို အမှီသဟဲပြုလို့ ဆိုလိုသည့် အဓိပ္ပါယ် ပြည့်စုံသွားတာလေ။ ကြားကနေ ဆက်ပေးလိုက်တဲ့ စကားဆက်တွေကြောင့် ပေါင်းစပ်ဝါကျအမျိုးအစားနဲ့ ဖွဲ့စည်းပုံ ကွဲပြောင်းတတ်တယ်။ အောက်ပါ သာဓကများကို လေ့လာကြမယ်။
၁)
--------- ----------- boli ---------- -----------tou/tam.
Mamu Gyi yé hoitó boli ité aitó.
(မာမူကြီး ပြောခဲ့ရင် သူလာခဲ့မယ်။)
Mamu Gyi yé hoitó boli añi aitám.
(မာမူကြီး ပြောခဲ့ရင် ကျွန်ုပ် လာခဲ့မယ်။)
ဒီဝါကျ ပုံစံကတော့ လွန်ခဲ့တဲ့ကာလမှာ ဒီလို လုပ်ခဲ့ရင် ဒီလို ဖြစ်လာလိမ့်မယ် ဆိုတဲ့ သဘော သက်ရောက်လိုတဲ့အခါ သုံးနှုန်းတဲ့ ပုံစံဖြစ်တယ်။ အဖြစ်အပျက်ကျတော့ လွန်လေသွားပြီ။ အဲဒီအချိန်ကဟာကို စိတ်ကူးယဥ်ပြောဆိုတာဖြစ်တယ်။
ရိုးရိုးဝါကျ နှစ်ကြောင်းကို boli ဆိုတဲ့ သမ္ဗန္ဓ နဲ့ ဆက်လိုက်တာဖြစ်တယ်။
(က) Mamugyi ye hoitó.
(ခ) Ité aitó.
ဒီဝါကျ နှစ်ကြောင်းကို boli နဲ့ ဆက်လိုက်တော့ -
Mamu Gyi ye hoitó (boli) ite aito.
ဒီမှာ tou နဲ့ tam ကတော့ ကြိယာပစ္စည်းတွေ ဖြစ်တယ်။ ကတ္တားနဲ့ ကာလကို လိုက်လို့ ပြောင်းလဲသွားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာ ဘာသာစကားမှာ မသိမဖြစ် လေ့လာထားရမယ့် ကဏ္ဍ တစ်ခုဖြစ်တယ်။ (ကြိယာပစ္စည်း ပို့စ်မှာ အကျယ်ပြန့် လေ့လာပါ။) ပြုလုပ်သူ ဆိုရင် ကြိယာမှာ tam ပစ္စည်းလိုက်တယ်။ ကြားနာသူဆိုရင် ကြိယာမှာ ti ပစ္စည်း လိုက်ရတယ်။ အပြောခံရသူဆိုရင် ကြိယာမှာ tou ပစ္စည်း လိုက်ရတယ်။
၂)
------- --------- lé ------- --------bou/um.
Dabai háilé biyaram gom óibóu.
(ဆေးသောက်ရင် ရောဂါ သက်သာမယ်။)
Besali ye zimma loilé añí zaiyum.
(ဝေသာလီက တာဝန်ယူရင် ကျွန်ုပ် လိုက်သွားမယ်။)
ဒီ Lé ဆိုတဲ့ ဝါကျဆက်ပုဒ် ကတော့ အနာဂတ်မှာ ဖြစ်လာမယ့် အကြောင်းအရာတစ်ခုခုကို ဖော်ပြတဲ့အခါ သုံးနှုန်းတာ ဖြစ်တယ်။ ဒီလို လုပ်ရင် ဒီလို ဖြစ်လာမယ် လို့ ကန့်သတ်တဲ့ သဘောပါပဲ။ ဝါကျ ဖွဲ့စည်းပုံက ခပ်ရှင်းရှင်း ပါပဲ။ ပထမ ဝါကျကို ပစ္စုပ္ပန်ထား၊ ဒုတိယ ဝါကျကို အနာဂတ် ထားရတယ်။ သတိထားစရာက ကတ္တားနှင့် ကာလကို လိုက်လို့ ကြိယာပစ္စည်းကို မှန်မှန်ကန်ကန် သုံးရတာဖြစ်တယ်။ ကတ္တားချင်း တူနေရင် တစ်ခုကို ဖြုတ်ရတယ်။
(က) Dabai ha.
(ခ) Biyaram gom ou.
ဒီဝါကျ နှစ်ကြောင်းကို lé နဲ့ ဆက်လိုက်တော့ -
Dabai hailé biyaram gom oibou.
ကတ္တားချင်းတူနေတဲ့ သာဓက-
(က) Añi górót zaiyum.
(ခ) Añi hoiyúm.
Añí górót zailé hoiyúm.
Añi ဆိုတဲ့ ကတ္တားချင်း တူနေလို့ တစ်ခုကို ဖြုတ်ထားတယ်။
၃)
Zeto --------- ----------- heto -------- -----------.
Zetó sabr goríbí, héto fulat bonibi.
(သည်းခံတာ ပိုလေ၊ ရင့်ကျက်တာ ပိုလာလေ။)
Zetó tuáñrá dáb goríbá, héto tuañra kamiyab oibá.
(မင်းတို့ ကြိုးစားလေ၊ မင်းတို့ အောင်မြင်လေ။)
ဒီ ဝါကျဆက်ကတော့ အကြောင်းအရာ နှစ်ခုကို တပြိုင်တည်း ဖြစ်လာတာကို ဖော်ပြတာဖြစ်တယ်။ တစ်ခု လုပ်ရင် တစ်ခု ဖြစ်လာမယ်လို့ ယှဥ်တွဲဖော်ပြတာ ဖြစ်တယ်။ ဒီ ဝါကျဆက်ပုဒ်အတွဲကို ပြိုင်တူ သုံးရတယ်။ zetó ကို ဝါကျ ရှေ့ဆုံးကထားလို့ héto ကို ဒုတိယ ဝါကျရဲ့ ရှေ့က ထားလို့ ဆက်ပေးရတယ်။ Zeen...... heen. Zendilla.... hendilla.
(က) Sabr goríbí.
(ခ) Fulat bonibi.
ဒီဝါကျ နှစ်ကြောင်းကို zeen..... heen နဲ့ ဆက်လိုက်တော့ -
Zeen sabr goríbí heen fulat bonibí.
Zendilla ham goribi hendilla fol faibi.
ယှဥ်တွဲတဲ့ သဘော ဖော်ပြလိုတဲ့အခါ Zendilla.... hendilla.. ကို သုံးတယ်။
Zendilla tui gom hendilla íte gom.
ဝါကျ နှစ်ကြောင်းကို အချိန်ကာလ တစ်မျိုးတည်းနဲ့ ဖွဲ့စည်းရတယ်။ ပစ္စုပ္ပန်ဆို နှစ်ပိုင်းစလုံး ပစ္စုပ္ပန်၊ အနာဂတ်ဆိုရင် နှစ်ပိုင်းစလုံး အနာဂတ်ပေါ့။
၄)
-------- ----------- yoré -------- -----------
Muuhát dui yoré bát haito boi.
(မျက်နှာသစ်ပြီး ထမင်းစားဖို့ ထိုင်ကြပါ။)
Raja ye dewanot hokum di yoré saair goittó neellé.
(မင်းကြီးက မင်းသဘင်မှာ အမိန့်ပေးပြီး တောကစား ထွက်သွားတယ်။)
ဒီဝါကျ ပုံစံကတော့ အကြောင်းအရာ နှစ်ခုကို yoré နဲ့ဆက်လို့ တစ်ခုပြီးတစ်ခု ဖြစ်တာကို ဖော်ပြတာ ဖြစ်တယ်။ yoré အပြင် baadé ဆိုတဲ့ အဆက်ပုဒ်ကိုလဲ သုံးနှုန်းလို့ရတယ်။ အဓိပ္ပယ်နဲ့ သဘောက အတူတူ ပါပဲ။
(က) Muuhat duwo.
(ခ) Bát haitó boiyó.
ဒီဝါကျ နှစ်ကြောင်းကို baade နဲ့ ဆက်လိုက်တော့ -
Muuhát dui baade bát haitó boi.
Raja ye dewanot hókúm di baadé saair goitto neellé.
# ဒီနေရာမှာ oré နဲ့ yóré အသုံးကို အများအားဖြင့် မှားတတ်တယ်။ oré ကို ကံဝိဘတ် အဖြစ် သုံးရတယ်။ yoré ကျတော့ ဝါကျဆက်ပေါ့။
Oré ရဲ့ ကံဝိဘတ်အဖြစ် သုံးတတ် သာဓက-
Tui kitaabgun oré bas gorí rak.
(မင်း စာအုပ်တွေကို စီထားပါ။)
၅)
-------- --------- lé yó -------- ----------
Addu ye gorílé yó mou ye nam nogoré.
(အဒူ က လုပ်ရင်းလဲ သူ့ဦးလေးက မချီးကျူးဘူး။)
Goormen é zalai léyó añrár decór ador no homé.
(အစိုးရက ဖိနှိပ်ရင်လဲ ကျွန်ုပ်တို့ တိုင်းပြည်အချစ် လျော့မသွားဘူး။)
ဒီဝါကျဆက်ပုဒ်က အကြောင်းအရာ နှစ်ကို တစ်ခုနဲ့ တစ်ခု ဆန့်ကျင်ဘက် ဖြစ်ကြောင်း ဖော်ပြတဲ့အခါ အသုံးပြုလေ့ရှိတယ်။ ပထမ ဝါကျကို ဒုတိယ ဝါကျ ဆန့်ကျင်အောင် ဖွဲ့စည်းရတယ်။
(က) Goormen é zala.
(ခ) Añrar decór ador no homé.
ဒီဝါကျ နှစ်ကြောင်းကို léyó နဲ့ ဆက်လိုက်တော့ -
Goormen é zalai léyo anrar decór ador no homé.
၆)
--------- ------------ baccót -------- ---------.
Bou aní baccót matamati diyé.
(ငါ မင်္ဂလာဆောင်တဲ့အချိန်မှာ အငြင်းပွားခဲ့တယ်။)
Gór saai baccót zór diyé.
(အိမ်မိုးတဲ့အခါ မိုးရွာတယ်။)
ဒီဝါကျဆက်ကတော့ အချိန်ကာလကို ပြတဲ့ ပုဒ်ဖြစ်တယ်။ တစ်ခုခု ပြုလုပ်တဲ့ အချိန်မှာ တစ်ခု ဖြစ်ပျက်သွားကြောင်း ဖော်ပြတယ်။
အချိန်ပြပုဒ် motton နဲ့ yá ကို သုံးနိုင်တယ်။
(က) Ite ailé
(ခ) Babá zaibou
ဒီဝါကျ နှစ်ကြောင်းကို motton နဲ့ ဆက်လိုက်တော့ -
Ite ailé motton Babá zaibou.
Tuwan baiyéde yá manuic okkól bicí bát loi duk faiyé.
(မုန်တိုင်း တိုက်ခဲ့စဥ်က လူတွေ အစားအသောက်နဲ့ အင်မတန် ဒုက္ခရောက်ခဲ့တယ်။)
၇)
------ yó -----, ------- yó-------
MaungSa yó bool kala, Kazi yó bool kala.
(မောင်ဆာ လည်း ဘော်လုံးကစားတယ်၊ ကာဇီလည်း ဘော်လုံးကစားတယ်။)
Moge yó Rohingya ré zulúm goijjé, Borma yó rohingya ré zulúm goijjé.
(မဂ် ကလည်း ရိုဟင်ဂျာကို နှိပ်စက်ခဲ့တယ်၊ ဗမာကလည်း ရိုဟင်ဂျာကို နှိပ်စက်ခဲ့တယ်။)
ဒီဝါကျဆက် က တူညီတဲ့ အကြောင်းနှစ်ခုကို ယှဥ်တွဲဖော်ပြတဲ့အခါ သုံးကြတယ်။ ဒီ yó ကို ကျတော့ ကတ္တားရဲ့ နောက်၌ ဆက်ရတယ်။ အကြောင်းအရာ နှစ်ခု တူညီဖို့လိုတယ်။
(က) Moge Rohingya ré zulum goijjé,
(ခ) Borma rohingya ré zulum goijjé.
ဒီဝါကျ နှစ်ကြောင်းကို yó....yó နဲ့ ဆက်လိုက်တော့ -
Moge yó Rohingya ré zulum goijjé, Borma yó rohingya ré zulum goijjé.
၈)
------- doillá .......... yó ......
Manu doillá Loti yó sábá tulat harbari.
ဒီဝါကျ ပုံစံကလည်း အထက် ဝါကျကဲ့သို့ အဓိပါပါယ် ဆင်တူတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံကျတော့ မတူဘူး။ ဝါကျ နှစ်ခုကို ဝါကျရိုး ပုံစံနဲ့ ဖွဲ့စည်းတာ ဖြစ်တယ်။ ဝါကျရိုးအပိုဒ်မှာ လေ့လာပါ။
Ma Nu saba tulat harbari.
Loti saba tulat harbari.
Ma Nu doilla Loti yo saba tulat harbari.
၉)
------- ----- ré -------- --------
Motuwalir moshuwara diya ré faijá ye diyai no faré.
(ကျောင်းဒါယကရဲ့ အကြံပေးတဲ့ဟာကို ရွာသားတွေက မနှစ်သက်ကြဘူး။)
Mazir zal buwa ré zaiñ zailla okkóle técharar.
(လှေသမား ပိုက်ထောင်တာကို တံငါသည်တွေက သရော်ကြတယ်။)
၁၀)
------- ------- bollá ------- -------
Futúya biyá gorí bollá shúná zoma goijjé.
(ပူတိယာ မင်္ဂလာဆောင်ရန်အတွက် ရွှေရတနာ စုထားတယ်။)
ဒီဝါကျဆက် က အကျိုးမျှော်လို့ တစ်စုံတစ်ရာကို ပြုလုပ်ကြောင်း ဖော်ပြရာတွင် သုံးနှုန်းတာဖြစ်တယ်။ ပထမ ဝါကျက အနာဂတ်ကာလအဖြစ် ကိန်းသေထားပြီး ဒုတိယ ဝါကျက အနာဂတ်၊ အတိတ် သို့မဟုတ် ပစ္စပ္ပန်ကာလ အဖြစ် လိုအပ်သလို ဖော်ပြနိုင်တယ်။
(က) Futúya biya gori.
(ခ) shúná zoma gorér.
ဒီဝါကျ နှစ်ကြောင်းကို yó....yó နဲ့ ဆက်လိုက်တော့ -
Futúya biyá gorí bollá shúná zoma gorér.
(ပစ္စုပ္ပန်)
Futúya biyá gorí bollá shúná zoma goríbóu.
(အနာဂတ်)
၁၁)
--------- -------- daara --------- ---------
Hasolót oré no banaonor daara fuwainór hasilót borbat giyói.
(အကျင့်စာရိတ္ထသင်မပေးတာကြောင့် ကလေးတွေ အကျင့်ပျက်သွားတယ်။)
Añra sóllúk no tákonór daara mog e zalai faijjé de.
(ငါတို့ စည်းလုံးမှုမရှိတာကြောင့် မဂ်တွေက ဖိနှိပ်နိုင်ခဲ့တာပါ။)
ဒီဝါကျဆက်ကတော့ အကြောင်းတစ်ခုကြောင့် အကျိုးရတာကို ဖော်ပြတယ်။ duara, zariya ဝါကျဆက်တွေကိုလည်း အဓိပ္ပါယ်တူ စကားဆက်တွေ အဖြစ် သုံးကြတယ်။
၁၂)
------ ------ deki ------ ------
Maabab oré nakodori goron deki jahannamoré nize baze maton.
(မိဘကို မထဲ့မလေးစားပြုခြင်းက ငရဲဘုံကို ကိုယ်တိုင် ဖိတ်ခေါ်ခြင်း ဖြစ်တယ်။)
ဒီဝါကျက အကြောင်းတစ်ခု ဖွင့်ဆိုပြတဲ့အခါ သုံးကြတယ်။ deki, daase လို အဆက်စကားလုံးတွေ သုံးလို့ရတယ်။
ဒီမှာ náki ဆိုတဲ့ စကားဆက်နဲ့ မမှားအောင်သတိထားရမယ်။ naki ကတော့ မေးခွန်းဝါကျမှာ သုံးတဲ့ စကားဆက်ဖြစ်တယ်။
Tui aibi né nakí no aibi?
ဒီဝါကျ ပုံစံကတော့ မေးခွန်းဝါကျ ဖြစ်တယ်။ အကြောင်းနှစ်ခုထဲက တစ်ခုကို ရွေးချယ်လိုတဲ့ သဘောနဲ့ သုံးတာဖြစ်တယ်။ တစ်ခုကို အဟုတ်ပုံစံနဲ့ ထားပြီး နောက်တစ်ခုကို မဟုတ်ပုံစံနဲ့ ဖွဲ့ရတယ်။
၁၃)
---------- ---------- noilé --------- ---------
Tui fonnát zaa noilé duwanot zaa.
(မင်း ကျောင်းသွား မဟုတ်ရင် ဆိုင်သွားပါ။)
ဒီဝါကျကတော့ ရွေးချယ်ရန် ဖော်ပြတဲ့ဝါကျဖြစ်တယ်။ အကြောင်းနှစ်ခုမှ တစ်ခုကို ရွေးချယ်ရတာ ဖြစ်တယ်။ yato, yá တွေလဲ သုံးလို့ရတယ်။
(က) Añrá Arakanot chántír saaté zaiyum.
(ခ) Añrá Arakanot larái gorí zaiyum.
ဒီဝါကျ နှစ်ကြောင်းကို yá နဲ့ ဆက်လိုက်တော့ -
Añrá Arakanot chántír saaté zaiyum yá larái gorí zaiyum.
(ငါတို့ အာရကန်ကို ငြိမ်းချမ်းစွာသွားမယ် သို့မဟုတ် တော်လှန်ပြီးတော့ သွားမယ်။)
တူနေတဲ့အပိုဒ်ကနေ တစ်ခုဖြုတ်၊ ကျန်တဲ့ဟာကို yá နဲ့ ဆက်လိုက်တော့ ပေါင်းစပ်ဝါကျ ဖြစ်သွားပြီ။
ဆက်လက်မျှော်ရန်....
ရိုဟင်းကိန်း
(၂၅-၈-၂၀၂၀)

No comments:
Post a Comment