Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, May 23, 2017

Atomic Size အကြောင်း


Atomic Size (အက်တမ် အရွယ်အစား)
======================
Atom တစ်လုံးရဲ့ size(အရွယ်အစား) ကို ၎င်းAtomရဲ့ radius(အချင်းဝက်)နဲ့ ကိုယ်စားပြု တင်ပြတယ်။
radius ကြီးရင် size ကြီးပြီး၊
radius သေးရင် size သေးတယ်။

Atomic radius => Atomic size
======================
Atom တစ်လုံးရဲ့ size (Atomic size) အပေါ် အဓိက လွှမ်းမိုးတဲ့ အချက် ၂ချက် ရှိတယ်။
၁) Nucleus ရဲ့ ဆွဲအား
၂) Electron အချင်းချင်းရဲ့ တွန်းအား

Nucleus ရဲ့ ဆွဲအားက Electron အချင်းချင်းတွန်းအားထက် များနေရင်
(တစ်နည်း)
Nucleus ဆွဲအားက ပိုကောင်းရင်
**********************
Nucleus က Electron တွေကို တင်းကြပ်စွာ စည်းနှောင် ဆွဲငင်တဲ့ အတွက်...
➳ Electron တွေဟာ Nucleus နဲ့ ပိုနီးလာတယ်၊
➳ Electron လှည့်ပတ်ရာ ပတ်လမ်း/လမ်းကြောင်း (shell) တွေဟာ အလယ်ကို စုလာတယ်၊
➳ Atom တို့ရဲ့ အရွယ်အစားဟာ
contract ကျုံ့လာပြီး၊
Size ဟာ သေးသွားတယ်။
======================

အကယ်၍
Nucleus ဆွဲအားထက် Electron အချင်းချင်းရဲ့ တွန်းအားကသာ ပိုများနေခဲ့ရင်
**********************
မျိုးတူ Electron အချင်းချင်း တွန်းကန်ကြတဲ့အတွက်
➳ Electron တွေဟာ Nucleus နဲ့ တဖြည်းဖြည်း ဝေးလာမယ်၊
➳ Electron လှည့်ပတ်ရာ ပတ်လမ်း(shell) တွေဟာ အပြင်ကို ကားလာမယ်
➳ Atom တွေရဲ့ အရွယ်အစားဟာ expand ပွပြီး၊
Size ဟာ ကြီးလာမယ်။
======================

ဒါဆိုရင်...
ဘယ်အချိန်မှာ Nucleus ရဲ့ဆွဲအားနဲ့ ပြောရမလဲ?
ဘယ်အချိန်မှာ Electron အချင်းချင်း တွန်းအားနဲ့ ပြောရမလဲ?
*** တူညီသော Period(အတန်း) တစ်ခုထဲတွင် ရှိရင်၊ Electron shell no.(ပတ်လမ်းအရေအတွက်) ချင်း တူတယ်...
ဥပမာ,
Period 2ထဲက ကြိုက်ရာ Atom ရေး...သူတို့မှာ Shell 2 shell ရှိတယ် ...
Period 3 ထဲက မည်သည့် Atom မဆို သူ့တို့မှာ Shell 3 shell ရှိတယ်
(Period ကိုကြည့်ရင် Shell no. ကို သိတယ်)

အဲဒီလို Shell အရေအတွက်ချင်း တူရင်
Nucleus က Electron တွေကို ဆွဲရတဲ့ အကွာအဝေးတူတဲ့ အတွက်....
➳ ➳ ➳ Nucleus ရဲ့ ဆွဲအားက အဓိက ကျတယ်
(အဲဒီအချိန်မှာ Electron အချင်းချင်း တွန်းအားက မပြောပလောက်ဘူး Negligible)

ဒါကြောင့်
Period တူရင် Shell အရေအတွက်တူတယ်၊
Shell အရေအတွက် တူရင် Nucleus က ဆွဲရတဲ့ အကွာအဝေး တူတယ်၊
ဆွဲရတဲ့ အကွာအဝေးတူရင် ဆွဲအားနဲ့ပဲ နှိုင်းယှဉ်ရတယ်
Same period ထဲမှာ
Left to Right သွားရင်
* Atom တွေရဲ့ Atomic no. ကြီးလာတယ်
* Nucleus အတွင်းရှိ Proton အရေအတွက် များလာတယ်
* Nuclear charge အားပိုကောင်းလာတယ်
ပိုအားကောင်းလာတဲ့ Nucleus ဟာ Electron တွေကို ပိုပိုဆွဲတဲ့အတွက်
Electron တွေဟာ Nucleus နဲ့ ပိုနီးလာပြီး၊ Shell တွေဟာ ပိုပိုကျုံ့လာပြီး၊Size တွေဟာ သေးသွားတယ်..
(Left to Right ➳ Small size)
=====================

အကယ်၍
Period မတူခဲ့လျှင်တော့
Shell no. မတူတော့တဲ့အတွက်
Nucleus က ဆွဲရတဲ့ အကွာအဝေး မတူတော့ဘူး..
အဲဒီလို ဆွဲရတဲ့ အကွာအဝေး မတူရင် ဆွဲအားနဲ့ မပြောရဘူး
(Nucleus ရဲ့ ဆွဲအားက အဓိက မကျဘူး)
Electron အချင်းချင်း တွန်းအားနဲ့ပဲ နှိုင်းယှဉ်ရတယ်...။
Same group အတွင်း
Top to Bottom သွားရင်..
Atomic no. တွေကြီးလာတာ မှန်ပေမဲ့၊
Proton အရေအတွက်တွေ များလာတာ မှန်ပေမဲ့၊
Nuclear charge တွေ ကောင်းလာတာ မှန်ပေမဲ့...
Shell အရေအတွက်ချင်း မတူတော့တဲ့ အတွက်၊
Nucleus က
ဆွဲရတဲ့ အကွာအဝေး(လက်တံ) မတူတော့တဲ့အတွက်..
ဆွဲအားနဲ့ မပြောရတော့ဘူး...
(Nucleus ရဲ့ ဆွဲအားက အဓိက မကျတော့ဘူး)
အဲဒီ အခါမှာ..
Electron အချင်းချင်း တွန်းအားနဲ့သာ နှိုင်းယှဉ်ရတယ်
တူညီသော Group အတွင်း
အပေါ်မှ အောက်သို့ သွားရင်
➳ Shell အရေအတွက် ပိုများလာမယ်
➳ Electron အရေအတွက် ပိုပိုများလာမယ်
➳ ပိုများလာတဲ့ Electron တွေဟာ မျိုးတူကြတဲ့အတွက် အချင်းချင်း တွန်းကန်ကြပြီး၊
Electron တွေဟာ Nucleus နဲ့ ပိုဝေးလာတယ်၊
Shell တွေဟာ အပြင်ကို တဖြည်းဖြည်း ကားလာပြီး၊
Atom တွေရဲ့ အရွယ်အစား (Atomic size) ဟာ ကြီးလာတယ်
***(အပေါ်ကအောက်သွား Size ကြီးသွား)
======================
...

No comments:

Post a Comment