Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 17, 2017

"မှား​နေတာ ငါတို့လား" (ယျာတင်ကဗျာ)


________________________

"မှား​နေတာ ငါတို့လား"

———————————
ငါတို့က -
"ခိုးဝင်​လာသူ​တွေ မဟုတ်​​ကြောင်း" ဆိုတာကို
အမှန်​အတိုင်း ငြင်း​ဆိုနေတယ်​။
ဒါကို သူတို့က -
"ပြစ်​မှုကျူးလွန်​တဲ့ တရားခံအလား"
နည်းအစုံနဲ့ ဖမ်းဆီညှဉ်းပန်း​နေတယ်​။

ငါတို့က -
"ရခိုင်​ပြည်​ရဲ့ မူလဘူတဖြစ်​​ကြောင်း" ဆိုတာကို
သက်​​သေနဲ့တကွ ချပြ​နေတယ်​။
ဒါကို သူတို့က -
"ရခိုင်​ပြည်​နယ်​ကို သီးခြားလုဖို့​ကြံစည်​နေတယ်​" ဆိုပြီး
ပြည်​သူကို မှိုင်းခါးခါးတိုက်​​နေတယ်​။

ငါတို့က -
"အ​ခြေခံလူ့အခွင့်​အ​ရေး​​တွေ ခံစားပိုင်​ခွင့်​ရှိ​ကြောင်း" ကို
လူသားအ​နေနဲ့ ​တောင်းဆိုကြတယ်​။
ဒါကို သူတို့က -
"မြန်​မာတစ်​နိုင်​ငံလုံးကို ​တောင်း​နေဘိအလား" 
ရှေ့​နောက်​မညီမညွှတ်​​အောင်​ ငြင်း​နေကြတယ်​။

ငါတို့က -
"သမိုင်း​ကြောင်းအရ မှန်​မှန်​ကန်​ကန်​ လုပ်​ပါ" ဆိုပြီး
တောင်းဆို​နေကြတယ်​။
ဒါကို သူတို့က -
"မဟုတ်​မတရား တိုင်းရင်းသား​တောင်း​နေတယ်​" ဆိုပြီး
နည်းအစုံနဲ့ ဝါဒဆိုးဖြန့်​​နေကြတယ်​။

ငါတို့က -
"ငြိမ်းငြိမ်းချမ်းချမ်း ​ဖြေရှင်းပါ" ဆိုပြီး
လေး​လေးနက်​နက်​ အကြံပြုတယ်​"။
ဒါကို သူတို့က -
"အကြမ်းဖက်​သမား" ဆိုပြီး
မဟုတ်​မမှန်​ စွပ်​စွဲပြီး သတ်​ဖြတ်​​နေကြတယ်​။

ငါတို့်​က -
"ဒီနိုင်​ငံရဲ့ တရားဝင်​ နိုင်​ငံသားပါ" ဆိုတာကို
သက်​​သေနဲ့တကွ ပြတယ်​။
ဒါကို သူတို့က -
"မ​နေ့တ​နေ့က ခိုးဝင်​လာသူ​တွေ" ဆိုပြီး 
အ​ခြအမြစ်မရှိ စွပ်​စွဲပြန်​တယ်​။

ငါတို့က -
"သွားလာခွင့်​၊ ပညာသင်​ယူနိုင်​ခွင့်​၊ ဝတ်​ပြုနိုင်​ခွင့်​" ​တွေကို
ဥပ​ဒေ​ဘောင်​အတွင်းက ​တောင်းကြတယ်​။
ဒါကို သူတို့က -
"နန်း​တော့်​ ပလ္လင်​ ​တောင်း​နေဘိအလား"
ငြင်းမြဲငြင်း​နေကြတယ်​။

အလို !!!
ငါတို့ ဘာများ မှား​နေကြတာလဲ။
မှန်​မှန်​ကန်​ကန်​ ​ထောက်​ပြနိုင်​ရင်
တစ်​ကွက်​​လောက်​ဖြစ်​ဖြစ်​ ​ထောက်​ပြ​ပါလေ။
_______________________________
📝ယျာတင်​ (ရိုဟင်းသား)
     ၁၇၊၇၊၂၀၁၇
——————————————

မှတ်ချက်။    ။ ကဗျာဆရာရဲ့ ခွင့်ပြုချက်မဲ့ ကူးယူလာတာကို ခွင့်လွတ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

No comments:

Post a Comment