Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, July 3, 2021

အင်္ဂလိပ် သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ် သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ ခုက မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်စာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့သွားအောင် ဒွန်တွဲကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေသရဲ့ နာမည်နာမတွေ ပြောင်းပေးလေ့ရှိကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသန္တရနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ပြောင်းလဲခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ အင်္ဂလိပ်ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးနှုန်းေခါ်ဝေါ်ကြတယ်။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခွဲခြားခြားဖော်ပြဖို့အတွက် အစ္စလာမ်ဘာသာဝင်ကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ အဆောက်အဦးတွေကိုတောင် သူတို့ရဲ့ ဗိသုကာလက်ရာအတိုင်း ဆောက်လုပ်ခဲ့တာ ယနေ့အချိန်အထိ မြန်မာပြည်အနှံ့တွေ့ရှိနေရဆဲပါပဲ။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြားစာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။


—©RohangKing


#Unicode

အင်္ဂလိပ်သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ က မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်းစာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့အောင် ဒွန်တွဲဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေရဲ့ နာမည်တွေ ပြောင်းပေးလိုက်ကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ သူတို့ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးကြတာပါ။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြား ဖော်ပြဖို့အတွက် အိစ္စလာမ်ဘာသာကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရ်ကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြား စာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။

—©RK








No comments:

Post a Comment