Aillár Sang Gór
Obairé...
Dukke chúkke rait fuwái, biina soore biilot zai
Fukor beil guá fosímót zargoi batór dahá nái
Ailla giyé hál soitó, girós giyé sóñg goittó
Foror fuwa ailla boli hotó duk dito
Girós taito bor gorot, ailla taito sang gorot
Teppér teppér zóror fuçá forer sang gorot
Obairé...
Neke muke bat goijjé, Fól gasot lé fól doijjé
Foror fuwa ailla boli taalash nogore.
ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။
ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။
Dukké chukké rait fuwai, biina soore biilot zai
Fukor beil guá fosímót zargoi bat órr dahá nái
လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။
အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။
ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။ လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။
ဒုတိယ စာပိုဒ်မှာတော့…
Ailla giyé hal soitó, girós giyé sóñg goittó
Foror fuwa ailla boli hotó duk dito
လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။
ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင် အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။
တတိယအပိုဒ်မှာတော့…
Girós taito bor górot, ailla taito sang górot
Teppér teppér zóror fuçá forer sang górot
လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။
ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။
နောက်ဆုံးအပိုဒ်ကတော့ …
Neke muke bat goijjé, Fól gasot lé fól doijjé
Foror fuwa ailla boli taalash nogore.
လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။ ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။
ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။
ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။
_လူထုဝဏ္ဏ
(၂၀-၈-၂၀၂၃)
No comments:
Post a Comment