Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, January 19, 2022

သြော်လီ ရိုဟင်ဂျာသားချော့တေး



 ရိုဟင်ဂျာသားချော့တေး 

လူမျိုးတိုင်းမှာ သူ့နည်းသူဟန်နဲ့ သားချော့တေး ဆိုတာရှိတယ်။ ကလေးတွေရှိတော့ ကလေးတွေကို ချော့သိပ်ရတာကိုး။ ဒါနဲ့ မိခင်တွေက သားလေး နားဝင်ချိုအောင်၊ လိမ္မာလာအောင် စကားတွေဖွဲ့ကာ တေးသီချင်းပုံစံနဲ့ ဆိုပြရတယ်။ ဒီကနေ သားချော့တေးဖြစ်လာတာပေါ့။ သားချော့တေးကို မူလဖန်တီးတဲ့ ကလောင်ရှင်မှာ မိခင်တွေပဲဖြစ်ပါတယ်။ သားချော့တေးဟာ အပြောသာရှိတဲ့ တေးဖြစ်ပါတယ်။ နောက်မှ မိမိတို့ရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းရန် စာတွေနဲ့ မှတ်တမ်းတင် ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။


ဒီဆောင်းပါးမှာ ရိုဟင်ဂျာသားချော့တေးကို မိတ်ဆက်ပေးပါမယ်။ သားချော့တေးကို ရိုဟင်ဂျာတွေက အော်လီလို့ခေါ်ပါတယ်။ အော်လီရဲ့ တိုက်ရိုက်အဓိပ္ပာယ်မှာ "သိပ်ချော့ခြင်း"ဖြစ်တယ်။ သားကို သိပ်ချော့တာကို အော်လီဒေ လို့ ခေါ်ကြတယ်။ ဒီ ဪလီသားချော့တေးကတော့ အညာဖြစ်ဖြစ်၊ မြို့ပြဖြစ်ဖြစ် သားလေးမီးလေးတွေ ရှိရင် ဆိုကြတာပဲ။ တစ်ခုထူးခြားတာက ဒီဪလီသားချော့တေးကို နှုတ်တက်ဆောင်ပြီးတော့ ရွတ်ဆိုစရာမလိုပါဘူး။ ငယ်ငယ်တုန်းက ကိုယ့်မိခင်က ညီငယ်နှမငယ်တွေကို သိပ်ချော့တဲ့အခါ ကြားရာကနေ တတ်လာကြတာပဲ။ မိမိကိုယ်တိုင် မိခင်လောင်းဘဝ ရောက်တဲ့အခါမှာတော့ ဟော့ဒီ မှတ်မိသလောက်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် တခြားစကားအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆိုပြတာဖြစ်ပါတယ်။ အများအားဖြင့်    အတွေးထဲရောက်တာကို ကောက်ဆိုပြလိုက်တတ်တယ်။


Taa Taa, Taa Taa


Taa Taa, Taa Taa

Nanarór barit zaa

Naniye diyé Hoñla mula

Duwarot bocí háa

Nanaye dilé lorir gúta

Híkai híkai háa


Tor nanattú tiyan foicá

Hoduun asé saa.

- Osin , Oli


မြန်မာဘာသာပြန်

တာတာ တာတာ

တာတာ  တာတာ

ဖိုးဖိုးအိမ်ကို အလည်သွားမယ်

ဖွားဖွားကြီးက ပေါက်ပေါက်ဆုပ်တွေ ထုတ်ကျွေးမယ်

အိမ်ပေါက်ဝမှာ အဝစားကွယ်။

 

ဖိုးဖိုးကြီးက တောင်ဝှေးနဲ့ တို့ကာတို့ကာ စရင်

တရှိုက်ရှိုက် ဖြဲငိုရင်း အဝတုတ်ခဲ့ကွယ်။


ဖိုးဖိုးကြီးမှာ ပိုက်ဆံအကြွေစေ့

ဘယ်လောက်များလဲ ကြည့်ပါကွယ်။


ဒီသားချော့တေးရဲ့ ဖွဲ့ဆိုပုံကလည်း ပုံသေကျတယ်။ တစ်ချို့ကျတော့ ပုံမမှန်တာလည်း တွေ့ရတယ်။ အထူးသဖြင့် ရှေးကျတဲ့ သားချော့တေးတွေဟာ ပုံသေကာရန်နဲ့ ဖွဲ့ဆိုလေ့ရှိပါတယ်။ အင်္ဂါရပ်ကတော့ ချော့မော့ညင်သာတဲ့ မြည်သံတစ်သံနဲ့ အစချီရတယ်။ ဒါကတော့ မဖြစ်မနေပါရတဲ့ အချက်ပဲ။ ရှေးသားချော့တေးတွေမှာ ပါဝင်လေ့ရှိတဲ့ စာသားအင်္ဂါရပ် သုံးချက်တွေ့ရတယ်။ သူတို့က သားသမီးတွေ စကားကြွယ်ပြီး လိမ္မာလာအောင် အဓိကထား ထည့်သွင်းပေးတာပေါ့။ ကာရန်ချိတ်တယ်။ အသွား နားဝင်ချိုတယ်။ ပညာသားလည်းပါတယ်။ 

အခုလေ့လာနေတဲ့သားချော့တေးမှာလည်း စကားလုံး ၄-၃ နဲ့ သပ်သပ်ရပ်ရပ် ကာရန်ချိတ်ထားတာ တွေ့ရပါမယ်။ အပိုဒ်တိုင်းရဲ့ ပိုဒ်ဆုံးကာရန်လည်း တူတယ်။ အသွားလည်း ချော့တာပေါ့။ 

ဒီတေးကဗျာရဲ့ ဆိုပုံကတော့ ငိုကြွေးပူဆာနေတဲ့ ရင်သွေးငယ်ကို အငိုတိတ်အောင် သိပ်ချော့ပေးနေတာပေါ့။ ဒီသားချော့တေးဆိုနေတုန်းမှာ အမေဖြစ်သူက ရင်သွေးငယ်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တာတာ၊ တာတာ မြည်သံပြုရင်း လက်ခုပ်တီးတဲ့သဏ္ဍာန် လုပ်ရပါတယ်။ ခပ်ပျော့ပျော့ပေါ့နော်။ စာသားမှာတော့ အဘိုးအဘွားအိမ်ကို အလည် အပတ်သွားတာ၊ ထန်းလျက်ရည်နဲ့ လုပ်ထားတဲ့ စားစရာတွေစားတာ၊ ရင်သွေးငယ်ကို သွေးဆောင်ကာ ပညာဘက်ကို ယိမ်းယိုင်အောင်လုပ်တာ စတာတွေကို စိတ်ဝင်းစားဖွယ်တွေ့ရတယ်။ ပြီးတော့ အဘိုးအိုနဲ့ မြေး ယုယုယယ ချစ်စဖွယ် စတာနောက်တာ သဘာဝကိုလဲတွေ့ရတယ်။ 

မြေးတွေအပေါ်ထားရှိတဲ့ အဘိုးအဘွားရဲ့ မေတ္တာတရားက အင်မတန် ကြည်နူးဖွယ်ရာကောင်းလှတယ်။ Natir lá Háñti móré ဆိုရိုးအတိုင်း တစ်ယောက်ကိုတစ်ယောက် အသည်းခိုက်အောင် ချစ်ခင်ကြတယ်။ ဒီတော့ ဒီအဘိုးအဘွားအိမ် အလည်သွားတယ်ဆိုတာ ရင်ခုန်စရာ အခါသမယတစ်ခုပါပဲ။ အဘိုးအိမ်ကို အလည်သွားပါ့မယ် လို့ ဒီသားချော့တေးက ဆိုပါတယ်။ အဘွားက ထုတ်ကျွေးမယ်႕ ပေါက်ပေါက်ဆုပ်တွေလဲ အဝစားရမှာပေါ့။ ဒီီီနေရာမွာတော့ အဲ့ဒီခေတ်က Hoñlá mulá ဆိိုတဲ့ ထင်ရှားတဲ့ ပေါက်ဆုပ်မုန်႔ကို တွေ့ရတယ်။ ထန်းလျက်နဲ့ ပေါက်ပေါက်ကို ဆုပ်ပြီးတော့ လုပ်တဲ့ မုန့်ချိုမို့ ကလေးတွေရဲ့ အသည်းစွဲပေါ့။ 

ဖိုးဖိုးမှာ ကြွေပြားစေ့ ဘယ်လောက်များလဲ ကြည့်ခိုင်းတာက ရင်သွေးငယ်ကို ပညာလဲသင်ပေးနေတာလို့ ယူဆနိုင်ပါတယ်။ မိခင်ဖြစ်သူက ကြွေးစေ့တွေနဲ့ ရင်သွေးငယ်ကို တစ်၊ နှစ်၊ သုံး၊ လေး ... စသည်ဖြင့် လက်ချိုးရေတွက်ပြလေ့ရှိတယ်။ ပြီးတော့ ပြန်မေးတယ်။ ရင်သွေးက သုံး ဒါမှမဟုတ် လေး စသည်ဖြင့် ပြန်ဖြေတာပေါ့။ မမှတ်မိရင် မိခင်ဖြစ်သူက ပြန်အတွက်ပေါ်ပေးတယ်။ ဒီနဲ့ သားအမိ ပျော်ရွှင်ဖွယ်ရာ စကားတမ်းတစ်ပွဲလဲ ဖန်တီးလိုက်တာပါပဲ။ 

ဒီတေးဟာ ရှေးကျတဲ့တေးတစ်ပုဒ်ဆိုတာ ထင်ရှားတယ်။ ငွေစက္ကူတွေမပေါ်ခင် ပြားစေ့ သုံးတဲ့ခေတ်ကလို့ ဆိုနိုင်ပါတယ်။ ရှေးအညာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လူနေမူအဆင့်အတန်း၊ လူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုလဲ တွေ့ရပါတယ်။


Poem reference : The Art Garden Rohingya