Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label R. Show all posts
Showing posts with label R. Show all posts

Monday, July 5, 2021

လွတ်လပ်ရေးခေတ်က ရိုဟင်ဂျာနှင့် ရခိုင် ချစ်ကြည်ရေး


 ဘူးသီးတောင်မှ ဖဆပလ ဥက္ကဌ ဉီးစံထွန်းအောင်သည် မူဂျာဟစ်လား။


၁။  ၂၄-၁၁-၁၉၅၅ ရက်စွဲဖြင့် ထုတ်ဝေသည့် အပတ်စဉ်ထုတ် "ရခိုင်အသံ"သတင်းစာ မျက်နှာဖုံးတွင်

"ဘူးသီးတောင်မြို့နယ် ဖဆပလဥက္ကဌ ဉီးစံထွန်းအောင်သည် ရခိုင့်အသံကို တရားစွဲရန်ကြံစည်သော်လည်း အထမမြောက်သဖြင့် မဟာအရှက်တော်ရရှိသွားသည်ဆိုခြင်း" ခေါင်းစီးဖြင့် ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်ရှုရသည်။


၂။ ထိုသတင်းတွင် စစ်တွေခရိုင် ဗ တ လ စ ဥက္ကဌအဖြစ်မှ ထုတ်ပယ်ခံရသူ ဉီးစံထွန်းအောင်သည် ကုလားနှင့်ရခိုင် ဖ ဆ ပ လ အဖွဲ့ဝင် ၅၀ ဉီးခန့်ကို ဖိတ်ကြားပြီး ရခိုင်တွင် စောင်ရေအများဆုံးထုတ်သည့် ရခိုင့်အသံ သတင်းစာကို မဖတ်သင့်ကြောင်း၊ မကြည့်သင့်ကြောင်း၊ ဘူးသီးတောင်မှ အရောင်းကိုယ်စားလှယ်ကိုလည်း ဘူးသီးတောင်တွင် မရောင်းရန်တားမြစ်ပြီးဖြစ်ကြောင်း၊ ပြောကြားသည်ဟုလည်းကောင်း၊


၃။ ရခိုင့်အသံစာစောင်တွင် မူဂျာဟစ်တို့ကို မကောင်းရေးသဖြင့် ကုလားရခိုင်သွေးကွဲရန်ရှိကြောင်း၊ မူဂျာဟစ်အကြောင်းကို သူတို့သာ အသိဆုံးဖြစ်ကြောင်းပြောပြီးနောက် က်ိုယ်ရည်သွေးသည့်စကားများကိုပြောသည်ဟုလည်းကောင်း၊


၄။ ထို့နောက် ရခိုင့်အသံကို တရားစွဲရန်တင်ပြရာ ထောက်ခံသူမရှိသဖြင့် ၄င်း၏အဆိုကို ရုပ်သိမ်းခဲ့ရကြောင်းနှင့် မူဂျာဟစ်အကြောင်းကို ကျွန်ုပ်ရေးမည်ဟု အရှက်ပြေပြောဆိုသည်ဟုလည်းကောင်း၊


၅။  သူသည် မူဂျာဟစ်လား၊ မူဂျာဟစ်ကို မျက်နှာချိုသွေးခြင်းပင်လား ဝေဖန်သံကြားနေရသည်ဟုလည်းကောင်း၊


၆။ မူဂျာဟစ်အကြောင်း မကောင်းရေးရုံဖြင့် ကုလားရခိုင် သွေးကွဲရန်အကြောင်းမရှိဟုလည်းကောင်း၊


၇။ ရခိုင်အသံကို ဆက်လက်ဖတ်ရှုကြမည်ဟု ကုလားခေါင်းဆောင် အချို့ပြောနေကြသည်ဟုလည်းကောင်း ထည့်သွင်းဖော်ပြထားသည်။


၈။ ရခိုင်သမိုင်းမိတ်ဆက်စာအုပ်တွင် စာရေးဆရာ ဒေါက်တာအေးချမ်း၏ ကိုယ်ရေးအကျဉ်း၌ ဘူးသီးတောင်မှ ဦးစံထွန်းအောင်တွင် သက်ရှိသားသမီး ၁၀ဉီး ထွန်းကားခဲ့ရာ ၄င်းမှာ ပဉ္စမမြောက်သားဖြစ်ကြောင်း ရေးထားသည်ကို တွေ့ရသည်။



-သမိုင်းသုတေသီ မောင်မောင်




ကိုးကား။ ၁၉၅၅ ခု နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် "ရခိုင့်အသံ" အပတ်စဉ်ထုတ် သတင်းစာ။ 

မူရင်းလိင့်

https://m.facebook.com/story.php?story_fbid=1299011217194733&id=100012576017385