မီဟ်ရာဘ် အသံပဲ့တင်သံပြုသော နေရာလပ်ကို မသမာသူတို့၏ စွပ်စွဲချက်များအား ချေဖျက်ခြင်း
မီဟ်ရာဘ် အသံပဲ့တင်သံပြုသော နေရာလပ်ကို မသမာသူတို့၏ စွပ်စွဲချက်များအား ချေဖျက်ခြင်း
ခြင်သည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တွေ့ရှိရသော သတ္တဝါတစ်မျိုးဖြစ်သည်။ အကောင်သေးငယ်၍ သွေးစုပ်သတ္တဝါတစ်မျိုးလည်းဖြစ်သည်။ ခြင်၏ ဇီဝခန္ဓာဖွဲ့စည်းပုံကို လေ့လာကြည့်လျှင် အလွန်အံ့ဖွယ်ကောင်းလှသည်။
ခြင်မ တစ်ကောင်တွင် —-
၁။ ဦးခေါင်းမှာ မျက်လုံးတစ်ရာ ရှိသည်။
၂။ ပါးစပ်တွင် သွား ၄၈ ချောင်းရှိသည်။
၃။ ခန္ဓာကိုယ်အတွင်း၌ ပြီးပြည့်စုံသော နှလုံးသားသုံးခုရှိသည်။
၄။ သူ့နှာခေါင်းမှာ ဓားခြောက်စင်းပါရှိပြီး ဓားတစ်ချောင်းစီမှာ အထူးအသုံးဝင်သည်။
၅။ တစ်ဖက်စီတွင် အတောင်သုံးချောင်းရှိသည်။
၆။ အမှောင်ထဲတွင် လူ့အရေပြားကို ခရမ်းရောင်နှင့် ခွဲခြားသိမြင်နိုင်သော ဒစ်ဂျစ်တယ် X-RAY စက်တစ်ခု ခန္ဓာကိုယ်တွင် ရှိသည်။
၇။ ၎င်း၏ခန္ဓာကိုယ်တွင် သွေးစုပ်ခြင်းကြောင့် ခံစားရခြင်း သို့မဟုတ် နာကျင်ခြင်းမရှိဘဲ လူ့အရေပြားအတွင်း ၎င်း၏ဆူးများကို ထည့်သွင်းနိုင်ရန် ထုံဆေးအဖြစ် လုပ်ဆောင်နေသော သေးငယ်သော ကာကွယ်ဆေးတစ်ခုလည်း ပါရှိသည်။
၈။ သွေးအမျိုးအစားအားလုံးကို မကြိုက်သောကြောင့် သွေးစစ်ရန် ကိရိယာတစ်ခုရှိသည်။
၉။ သွေးစီးဆင်းမှုကို မြန်ဆန်စေမည့် အထူးယန္တရားပါရှိသောကြောင့် ပိုမိုမြန်ဆန်စွာ ဆွဲထုတ်နိုင်သည်။
သိပ္ပံပညာ၏ အထူးဆန်းဆုံးရှာဖွေတွေ့ရှိမှုမှာ ခြင်၏ထိပ်တွင် အလွန်သေးငယ်သော အဏုမြူအင်းဆက်တစ်ခု ရှိနေခြင်းပင်ဖြစ်သည်။
ခြင်သည် သာမန်သတ္တဝါငယ်ဖြစ်သော်လည်း အလ္လာဟ်အရှင်မြတ်သည် ကျွန်ုပ်တို့အား ဤသတ္တဝါငယ်၏ အလွန်ရှုပ်ထွေးသော သဘာဝရှိပုံကို ပြသရန် ကုရ်အာန်တွင် ဥပမာပေးထားသည်။
မာရှားအလ္လာဟ်... အလ္လာဟ်အရှင်မြတ်သည် စူရဟ်အလ်ဘာကာရဟ်၊ အာယာတ် ၂၆ တွင်- “မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ခြင်တစ်ကောင်ဖြင့်ပင် ဖြစ်စေ၊ ခြင်းထက် သာလွန်သောအရာတစ်ခုခုဖြင့်ဖြစ်စေ ခိုင်းနှိုင်းဖော်ပြရန် ရှက်ကြောက်ခြင်းမရှိပေ။ (ကုရ်အာန် ၂:၂၆)
Allahu Akbar!
— အာရ်ကေ
မြန်မာနိုင်ငံ၊ကုရ်အာန်ကျမ်းတော်မြတ် ဘာသာပြန်သမိုင်း
၁။ ညောင်ရမ်းခေတ် ဘာသာပြန်ကျမ်း
၂။ ကုန်းဘောင်ခေတ် ဗဒုံမင်း လက်ထက်စာဆိုတော်
ရွှေတောင်သာဂသူ ဦးနု ဘာသာပြန်
၃။ ကိုလိုနီခေတ် ဟာဂျီလူ အဋ္ဌကထာ
၄။ ခလီဖွာ ဦးမြစ် အဖွင့် ဋီကာ
၅။ ကျောင်းအုပ်ကြီး ဆရာပုံ + ဆ ရာခွာ တဖ်ဆီရ်
၆။ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင် အလင်းပြကျမ်း
၇။ မောင်လာနာ မက္ကဆူဒ်ခန်း ဦးခင်မောင်ကြီး
၈။ တိုင်းမင်းကြီး သီရိပျံချီ ဦးဘစိန် ဘာသာပြန်
၉။ ကမ္ဘာ့အလင်း ဆရာနူးရ် ဘာသာပြန်
၁၀။ မန္တလေး အလင်းရောင် မိုဟမ္မဒ်အလီ ကာဒေရီ
၁၁။ မွတ်ဖသီ ကာရီ ယူဆွတ် အဆ်အာဒီ ဘာသာပြန်
၁၂။ ဗိုလ်မှူးဘသော် (မောင်သော်က ) ဘာသာပြန်
၁၃။ ကာရီ ဟာရှင်တင်မြင့် (အပြော+အရေး)ဘာသာပြန်
၁၄။ မာအ်ရီဖွလ် ဘာသာပြန် ( မန္တလေး )
၁၅။ ဦးဌေးလွင်ဦး ဘာသာပြန်
၁၆။ အလ်အက္ကဆွာ အဖွဲ့ ဘာသာပြန်
၁၇။ ပသီကျော်ဦး (မန္တလေး) ဘာသာပြန်
၁၈။ ဦးကျော်သိန်း (အောင်အောင်-စစ်တွေ) ဘာသာပြန်
၁၉။ ကုရ်အာန် သုတေသီများ စသည်...
(အထက်ပါ ကဏ္ဍ များအတိုင်း ညောင်ရမ်းခေတ်မှ
ယနေ့ခေတ်အထိ ဘာသာပြန်များကို အကိုးအကာ များဖြင့်မကြာမီ တင်ပြရန် ရည်ရွယ်ပါသည်)
Insha Allah.
လူများစုဖြစ်သည့်အတွက် ဗုဒ္ဓဘာသာဝင်များသည် ၎င်းတို့၏ ဘာသာကို တစ်ဦးချင်းအလိုက်ရော အုပ်စုအနေနဲ့ပါ ကျင့်ကြံရာတွင်ကြီးမားသော အဟန့်အတားများ ကြုံရမှုမရှိပေ။ လူအများနှင့်ပြုလုပ်သော ဘာသာရေးအခမ်းအနားများကို အစိုးရက တိုက်ရိုက်ဘဏ္ဌာငွေစိုက်ထုတ်ကျင်းပပေးလေ့မရှိသော်လည်း ၁၉၉၀ ပြည့်နှစ်များနှင့်၂၀၀၀ ပြည့်နှစ်များဆီကမြင်တွေ့ခဲ့ရသည့်အတိုင်း အစိုးရက လမ်းညွှန်မှူပေးခြင်း၊ ဦးစီးဦးဆောင်လုပ်ပေးခြင်းများ ရှိသည်။ ယခုလို ခြုံငုံပြီး ယေဘုယျ ပြောဆိုခြင်းက လူစုနှစ်စုအတွက်တော့ ကိုယ်စားမပြုပေ။ ယင်းတို့မှာ နိုင်ငံရေးလှူပ်ရှားတက်ကြွသူရဟန်းတော်များနှင့် လမ်းရိုးမှသွေဖည်သော ဗုဒ္ဓဘာသာဂိုဏ်းကွဲများနှင့်အုပ်စုများ ဖြစ်သည်။ အဆိုပါလူစုနှစ်ခု၏ ဘာသာရေးလွတ်လပ်ခွင့်အပါအဝင် လူ့အခွင့်အရေးများကို စစ်တပ်က ချိုးဖောက်ခဲ့သည်ဟုဆိုနိုင်သည်။
အမေရိကန်ပြည်ထောင်စု အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF)၏ နှစ်စဉ်အစီရင်ခံစာများနှင့် များစွာသော လူ့အခွင့်အရေး အစီရင်ခံစာများတွင် ၁၉၈၈ခုနှစ်၊ ၁၉၉၀ ခုနှစ်များနှင့်၂၀၀၀ ပြည့်နှစ်များတွင် လူထုဆန္ဒပြပွဲများတွင် ပါဝင်ခြင်းနှင့် စစ်အစိုးရကို ကိုယ်တိုင်ဦးဆောင်ဆန္ဒပြခဲ့ခြင်းများကြောင့် သင်္ကန်းချွတ်လူဝတ်လဲခံရခြင်း၊ နှိပ်စက်ခံရခြင်း၊ ထောင်သွင်း အကျဉ်းချခံရခြင်းနှင့် ၎င်းတို့၏ မူလသီတင်းသုံးခဲ့ရာ ကျောင်းများတွင်ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပိတ်ပင်ခံရခြင်း၊ သာသနာ့ဘောင်ကိုစွန့်လွှတ်ရခြင်း သို့မဟုတ် နိုင်ငံအတွင်းမှ ထွက်ခွာအောင် ဖိအားပေးခံရခြင်းတို့ကို ခံစားခဲ့ရသော ရာပေါင်းများစွာသော ရဟန်းသံဃာတို့၏ အကြောင်းများကို အသေးစိတ်ဖော်ပြထားသည်။
စစ်တပ်သည် ၎င်းကိုမဆန့်ကျင်သော ရဟန်းတို့ကိုမဖိနှိပ်ခဲ့ဘဲ ကျော်ကြားပြီး ဝါစဉ်ကြီးသော ရဟန်းတို့ကို အားတက်သရော လှူဒါန်းမှူကို ပြုခဲ့သည့်အတွက် အထက်ပါ ဖိနှပ်မှူတို့ကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံရခြင်းဟု USCIRF ၏ အစီရင်ခံစာတို့က ရံဖန်ရံခါ သတ်မှတ်ခြင်းက မေးခွန်းထုတ်စရာဖြစ်သည်။
အဆိုပါဖြစ်ရပ်တို့သည် စစ်တပ်ကိုဆန့်ကျင်သော ဗုဒ္ဓဘာသာရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်းသက်သက်လား သို့မဟုတ် နိုင်ငံရေးအရ သဘောထားကွဲလွဲသူများကို ဖိနှိပ်ခြင်းလား ဆိုသည်ကို ဆုံးဖြတ်ရခက်သည်။ ယခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သော နိုင်ငံရေးအကျဉ်းးသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)နှင့်အခြား မြန်မာနိုင်ငံအခြေစိုက်လူ့အခွင့်အရေးအဖွဲ့များပါဝင်သော အစိုးရမဟုတ်သော အဖွဲ့အစည်းများက အဆိုပါ ရဟန်းတို့ကို ၎င်းတို့ပြုစုသော နိုင်ငံရေးအကျဉ်းသားများစာရင်းတွင် ထည့်သွင်းထားခြင်းမှာ အဆိုပါရဟန်းတို့၏ ဘာသာရေးလွတ်လပ်ခွင့်ထက် ပုဂ္ဂလိက အသက်ရှင်ခွင့်ကို ချိုးဖောက်ခံရသည်ဟု ဆိုလိုပုံရသည်။
မကြာခဏဆိုသလို သတိမမူတတ်သော်လည်း တိုက်ရိုက်ဆက်စပ်နေသောကိစ္စတစ်ခုမှာ မြန်မာဘုရင်များ လက်ထက်ကတည်းက ရာစုနှစ်များစွာ တည်ရှိလာခဲ့ပြီးသော လမ်းရိုးမှသွေဖည်သော ဂိုဏ်းများ၊ တရားများနှင့်ကျင့်သုံးမှူများကို အစိုးရနှင့် လမ်းရိုးရဟန်းတော်များက ဖိနှိပ်ခြင်းဖြစ်သည်။
သို့ရာတွင် ဗြိတိသျှကိုလိုနီခေတ် (၁၈၈၅-၁၉၄၈)က သံဃာထုတစ်ရပ်လုံးနှင့်အဆိုပါ လမ်းရိုးမှ သွေဖည်သော ဂိုဏ်းတို့ကို ထိန်းချုပ်ကွပ်ကဲပုံကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ဗြိတိသျှတို့သည် သံဃာတို့ကို တိုက်ရိုက်ထိန်းချုပ်ခြင်းမှရှောင်ကြဉ်တတ်ပြီး ကိုလိုနီအစိုးရကို သံဃာထုထဲမှဆန့်ကျင်သော ရဟန်းတို့ကိုသာ နိုင်ငံရေးကိစ္စတစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန်ကိုင်တွယ်ခဲ့သည်။
နိုင်ငံရေးတွင် ပါဝင်မှူမရှိသော သို့မဟုတ် ဗြိတိသျှတို့ကို ပေါ်ပေါ်ထင်ထင် မဆန့်ကျင်ခဲ့သော ရဟန်းတို့ကိုကား ၎င်းတို့အနေနှင့် လူဥပဒေနှင့်ဆုံးဖြတ်သော ရာဇဝတ်မှူများကို မကျူးလွန်သမျှကာလပတ်လုံး အစိုးရ၏ လက်တံမှကင်းလွတ်စွာ နေထိုင်ခွင့်ပြုခဲ့သည်။ ၎င်းက သံဃာထုထဲတွင် ကျယ်ကျယ်ပြန့်ပြန့် သီလယိုယွင်းမှူနှင့်သံဃာ့စည်းမျဉ်းများကို ပေါ့ပေါ့တန်တန် လိုက်နာမှူများ ဖြစ်ပေါ်စေခဲ့သည်။
၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက် ဦးနုခေါင်းဆောင်သော ပါလီမန်ဒီမိုကရေစီအစိုးရက စည်းကမ်းပျက်နေသော ရဟန်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်ကြိုးပမ်းပြီး တင်းကြပ်သော စည်းမျဉ်းများကို ပြန်လည်ချမှတ်ရန်လုပ်ခဲ့သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သံဃာထုတစ်ရပ်လုံးကို လိုသလိုစည်းမျဉ်းများ သတ်မှတ်ပြီး ထိန်းချုပ်ရန်အစိုးရနှင့်ပူးပေါင်းမည်ဟု ကတိပြုသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (မြန်မာအတိုကောက်နာမည် မဟန ဟုလူသိများကြသည်) ကို ဗဟိုသံဃာ့အုပ်ချုပ်ရေး ဥပဒေပြုရေးနှင့် တရားစီရင်ရေးအဖွဲ့တစ်ခုအနေနှင့် ၁၉၈၀ ခုနှစ်တွင် ဖွဲ့စည်းလိုက်သောအခါတွင်မှ နိုင်ငံတော်က ပြန်လည်အုပ်စီးမိသွားခဲ့သည်။ ယင်း တိုးတက်မှူတို့က သံဃာ့ဖွဲ့စည်းပုံနှင့် စည်းကမ်းကို ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်အောင်ပြုလုပ်ခဲ့သော်လည်း မဟန အနေနှင့် ထေရဝါဒ ရှေးရိုးလမ်းစဉ်မှသွေဖည်သည်ဟုယူဆသည့် တရားများ၊ ကျင့်သုံးမှူများနှင့် အုပ်စုများကို အယူလွဲပြီး တရားဝင်ခြင်းမရှိဟု ၎င်းတို့ယူဆသည့်အတိုင်း သတ်မှတ်ကာ သာသနာကိုသန့်ရှင်းစေခဲ့သည်များလည်း ရှိနေသည်။
၂၀၁၄ ခုနှစ်အထိ မဟန ကိုယ်တိုင်ကသော်လည်းကောင်း မဟနက ဖွဲ့စည်းပေးသည့် အထူးခုံရုံးများကသော်လည်းကောင်း ချမှတ်ပြီးသည့် ဆုံးဖြတ်ချက် နှစ်ဆယ့်တစ်ချက် ရှိနေပြီး အယူလွဲသည်ဟု စွပ်စွဲခံရသည့်တရား၊ ဝါဒနှင့်ကျင့်ကြံမှူများကို အထက်ဇယားတွင် တွေ့နိုင်သည်။ အဆိုပါ ခုံရုံးနှင့်အဖွဲ့၏ ဆုံးဖြတ်ချက်များ အားလုံးက စွပ်စွဲခံရသူတို့ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက်အားဖြင့် အပြစ်ရှိသူတို့သည် တရားဟောခြင်းကို ရပ်တန့်ရပြီး အယူလွဲနေသော တရားများနှင့် ကျင့်ကြံပုံလွဲနေသော ကျင့်ကြံမှူများကို ဖြန့်ဝေနေခြင်းကိုလည်း ရပ်တန့်ရသည်။
ယနေ့အထိ မိုးပြာဦးဉာဏ၏ ကိစ္စမှလွဲ၍ စွပ်စွဲခံရပြီး အပြစ်ရှိသည်ဟု ဆုံးဖြတ်ခံထားရသည့် မည်သူကမျှ မဟနနှင့်ခုံရုံးများ၏ ဆုံးဖြတ်ချက်ကို မလိုက်နာခြင်းမျိုး မရှိသေးပေ။
" မိုးပြာဦးဉာဏဂိုဏ်းပြဿနာ"
ယနေ့ခေတ်အစိုးရနှင့် ဗုဒ္ဓဘာသာဆက်ဆံရေးမှာ ယခင်ထက်စာလျှင် ဝိဝါဒကွဲလွဲမှုနည်းလာသည်။ ၁၉၈၀ ခုနှစ်များဆီက စတင်လာခဲ့သော တစ်ခုတည်းသော ပြဿနာကိစ္စမှာ မိုးပြာဦးဉာဏ (ရှင်ဉာဏ သို့မဟုတ် ရှင်မိုးပြာဟုလည်း သိကြသည်) ၏ ကိစ္စဖြစ်သည်။ ၎င်းကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် ထောင်မှလွတ်ပေးခဲ့သည်။ ၎င်း၏ ကိစ္စက မဟနက မြှင့်တင်သည့်သန့်ရှင်းသော ထေရဝါဒလမ်းစဉ်ကို နိုင်ငံတော်အစိုးရက အကာအကွယ်ပေးထားပုံနှင့်ပတ်သက်ပြီး အရေးကြီးပြီး ရှားပါးသည့် သက်သေတစ်ခုအဖြစ်ရှိနေသည်။ ယင်းကိစ္စသည်မဟနနှင့် ဂိုဏ်းဂဏများအကြား ဂိုဏ်းများက ခုံရုံးများနှင့် မဟန၏ ဆုံးဖြတ်ချက်ကိုလိုက်နာပြီး ၎င်းတို့၏ ယုံကြည်မှုများနှင့်ကျင့်ကြံမှုများကိုစွန့်လွှတ်၍ တရားပြန့်ပွားစေခြင်းကို ရပ်တန့်လိုက်သရွေ့ အေးအေးချမ်းချမ်း ဖြေရှင်းတတ်သော ဖြစ်ရိုးဖြစ်စဉ်မှသွေဖည်နေသည်။
၂၀၁၀ ခုနှစ်များအတွင်း မိုးပြာဦးဉာဏ၏ ကိစ္စသည် ယင်းဂိုဏ်း၏ ခေါင်းဆောင်အပေါ်ကို ချမှတ်ခဲ့သော အလွန်ကြာရှည်သော ထောင်ဒဏ်များကြောင့် နိုင်ငံတကာလူ့အခွင့်အရေး တောင်းဆိုသည့်အသိုင်းအဝန်း၏ အာရုံစိုက်မှုကိုရရှိခဲ့သည်။ မဟနက ဖွဲ့စည်းလိုက်သော အထူးခုံရုံးအမှတ် ၁၇ က မိုးပြာဂိုဏ်း၏ သင်ကြားမှုများသည် အယူလွဲသည်ဟု ၂၀၁၁ ခု နိုဝင်ဘာလ ၁၅ ရက်တွင်မှ ဆုံးဖြတ်ခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဦးဉာဏနှင့် မဟန ကြား ပဋိပက္ခမှာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့သည်။
ဦးဉာဏသည် ထေရဝါဒဗုဒ္ဓဘာသာကို မြန်မာနိုင်ငံအနှံ့တွင်ရှိသော ဘုန်းတော်ကြီးကျောင်းများတွင် သင်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ် အစောပိုင်းတွင် ၎င်းသည်သစ္စာတရားကိုသိမြင်ကာ အရိယာဖြစ်သွားပြီဟု စတင်ပြောဆိုလာခဲ့သည်။ ၎င်းက သူ၏ တရားပေါက်သွားပုံကို သက်တမ်း တစ်နှစ်သာရှိသေးသော မဟန ထံသို့ အကြောင်းကြားခဲ့သော်လည်း အဖွဲ့က မယုံခဲ့ပေ။ ယင်းကဲ့သို့ တရားပေါက်သည်ဟု လိမ်လည်ပြောနေခြင်းမှာ ပါရာဇိကကံလေးပါးထဲမှ တစ်ပါးကို ချိုးဖောက်ခြင်းဟု မဟနက ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ဗုဒ္ဓမြတ်စွာဘုရားက ထိုကဲ့သို့ ချိုးဖောက်မှုမျိုးအတွက် မည်သည့်ပြစ်ဒဏ်ကိုမျှ ချမှတ်မထားခဲ့ပေ။ ထိုအချက်ကြောင့် မဟနက စစချင်းတွင် ၎င်းအား မည်သို့မျှ အရေးယူခြင်း မရှိခဲ့ခြင်း ဖြစ်နိုင်သည်။
ဦးဉာဏသည် မကြေနပ်ဘဲ စည်းအပြင်ရောက်သွားသလိုဖြစ်ကာ ထေရဝါဒဗုဒ္ဓဘာသာကို စွန့်လွှတ်ခဲ့သည်။ ထိုသို့ စွန့်လွှတ်ခဲ့ခြင်းကိုလည်း မဟနထံသို့ အကြောင်းကြားခဲ့ပြီး ၎င်းသည် မိုးပြာရောင်သင်္ကန်းကို စတင်ဝတ်ခဲ့သည်။ ၁၉၈၃ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဟူသော ဝါဒသစ်တစ်ခုကို ၎င်းက ထည်ထောင်လိုက်ကာ တရားများ စတင်ဟောကြားခဲ့သည်။ ၎င်း၏ နောက်လိုက်အများအပြားက ၎င်းကို ရဟန်းတစ်ပါးအသွင် ဆက်ဆံမြဲ ဆက်ဆံနေခဲ့သည်။ ထို့နောက် မဟန အတွက် နိုင်ငံတော်၏ အကူအညီနှင့် အမိန့်နာမခံသော ၎င်းကိုအရေးယူရန် အခွင့်အလမ်းတစ်ရပ်ပေါ်လာခဲ့သည်။ အသစ်ပြဌာန်းလိုက်သော ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၁၉၈၃)၏ ပုဒ်မ ၅ နှင့် ပုဒ်မ ၉ က ဆိုထားသည်မှာ "လူဝတ်ကြောင်တစ်ဦးသည် မည်သည့်အခါမျှ ရဟန်းအဖြစ်ဟန်ဆောင်ခြင်းမပြုရနှင့် ယင်းတားမြစ်ချက်ကို ဖောက်ဖျက်လျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည်"ဟု ဖြစ်သည်။ ဦးဉာဏကို အဆိုပါ ပုဒ်မတို့နှင့် ၁၉၈၄ ခုနှစ်တွင် ထောင်ချခဲ့ပြီး ၁၉၈၆ ခုနှစ်တွင် ပြန်လွတ်လာခဲ့သည်။
ထို့နောက် ၁၉၉၁ ခုနှစ်တွင် ၎င်းထပ်မံ အဖမ်းခံရပြီး မမှန်မှန်းသိလျှက်နှင့် မှားယွင်းသော သတင်းစကားတို့ကို ဖြန့်ချီမှုဖြင့် စွပ်စွဲခံရကာ အရေးပေါ်စီမံမှုအက်ဥပဒေ (၁၉၅၀) ၏ ပုဒ်မ ၅(င)နှင့် ထောင်ဒဏ်ဆယ်နှစ် အပြစ်ပေးခံရပြန်သည်။ ၁၉၉၈ ခုနှစ်တွင် ထောင်မှ ဒုတိယအကြိမ် လွတ်လာခဲ့သည်။
ဦးဉာဏက ဆက်လက်၍ တရားဟောနေခဲ့ရာ နောက်လိုက်တစ်ထောင်နီးပါးရှိလာခဲ့သည်။ ယခင်အတိုင်း ကံကြမ္မာကို ၂၀၁၀ ခုနှစ်တွင် သူကြုံရပြန်သည်။ ဤတစ်ကြိမ်တွင်တော့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ နှင့် ၂၉၅(က) (တစ်ခုကိုနှစ်နှစ်စီ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၆ (ငါးနှစ်)၊ ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ငါးနှစ်)နှင့် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ ၁၂ နှင့် ပုဒ်မ ၁၃ (တစ်ခုကိုငါးနှစ်စီ)တို့ကို သုံးကာ စုစုပေါင်း ထောင်ဒဏ်နှစ် နှစ်ဆယ်ချခံရသည်။ အယူခံရန်၊ သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ရရန်နှင့် တရားရုံးချုပ်မှ အမှုခေါ်စာချွန်တော် အမိန့်တစ်ခုရရန် ၎င်း၏ အကြိမ်ကြိမ် ကြိုးပမ်းအားထုတ်မှုများမှာ အချည်းနှီးဖြစ်ခဲ့သည်။ ၎င်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (အသက် ၇၇)တွင် ထောင်မှလွတ်ခဲ့သည်။ ဦးဉာဏနှင့် ၎င်း၏ နောက်လိုက်များက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် ဦးဆောင်ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရသော အစိုးရတစ်ရပ် အုပ်ချုပ်နေသည့် မြန်မာနိုင်ငံတွင် ယင်းတို့၏ ဂိုဏ်းကို မြင်တွေ့ကြသည်။ ထို့ကြောင့် ဂိုဏ်းသည် ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ရပ်တန့်ခြင်း မပြုကြသေးသည့်အတွက် မဟန ၏ စိတ်ကွက်ခြင်းကို ခံရပြန်သည်။ မဟန က ဦးဉာဏနှင့်နောက်လိုက်များကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ယင်းတို့၏ ဆုံးဖြတ်ချက်ကိုဘာသာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကို တောင်းဆိုခဲ့သည်။ ဂိုဏ်းသည် မန္တလေးတိုင်းဒေသကြီးတွင် အခြေစိုက်ပြီး နောက်လိုက်များက တစ်နိုင်ငံလုံးအနှံ့ရှိနေသည့်အတွက် နိုင်ငံတော်သမ္မတရုံးကလည်း ဝန်ကြီးဌာနကို ကူညီရန်ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များသို့ အမိန့်ထုတ်ခဲ့သည်။ သို့ရာတွင် ၂၀၁၇ ခုနှစ် မတ်လအထိတော့ ယင်းကိစ္စမှာ မပြီးပြတ်သေးပေ။
မိုးပြာဂိုဏ်း ကိစ္စမှာ အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ဂိုဏ်းများထံမှအမိန့်လုံးဝနာခံမှုကို မဟနက လိုချင်သည်။ ဒုတိယအချက်မှာ ၎င်းတို့ကိုဆန့်ကျင်သော မဟန၏ ဆုံးဖြတ်ချက်ကို စိတ်ပါလက်ပါဖြစ်စေ စိတ်မပါဘဲဖြစ်စေ ဂိုဏ်းများက လိုက်နာခဲ့လျှင် အေးအေးချမ်းချမ်း ဖြစ်သွားသော်လည်း ဂိုဏ်းတစ်ဂိုဏ်းက မဟန၏ အမိန့်ကိုဆန့်ကျင်ခဲ့လျှင် မဟနက အရေးယူတတ်သည်။
နိုင်ငံရေးအခြေအနေအသစ်တွင် ဦးဉာဏနှင့်နောက်လိုက်များကို ထောင်ဒဏ် ထပ်ချမည်လား ဆိုသည်ကတော့ မရေရာပေ။ သို့ရာတွင် ဦးဉာဏနှင့်နောက်လိုက်များကို ယင်းတို့လုပ်ချင်သလို မဟန က လုပ်ခွင့်မပေးခြင်းနှင့် မဟန ကိုယ်စား အစိုးရက ဂိုဏ်းကို အပြစ်ပေးရန်တောင်းဆိုခြင်းကို အစိုးရက လိုက်လျောခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မဟနနှင့် ၎င်း၏ ခုံရုံးများမှ ပြန်ဆိုသဘောပေါက်သည့်အတိုင်း လမ်းရိုးမှသွေဖည်ခြင်းသည် မြန်မာနိုင်ငံတွင် ဘာသာရေးပြစ်မှုတစ်ခုဖြစ်နေဆဲပင် ဖြစ်သည်။ အစိုးရကလည်း မဟနနှင့် ပူးပေါင်းပြီး ထိုကဲ့သို့သော ပြစ်မှုများကို အပြစ်ပေးနေဦးမည်သာဖြစ်သည်။
Ref: Freedom of Religions in Myanmar-Burmese By International Centre for Ethnic Studies and Equitas- International Centre for Human Rights Education (Published 2018)
ဆရာကို ပျော်ဘွယ်မြို့နယ် အုန်းပင်ခြံရွာ၌ အဘ ဦးဟာမြင် အမိ ဒေါ်မူတို့မှ ၁၉၁၄-ခုနှစ်တွင် ဖွားမြင်သည်။ ရှစ်နှစ်သား အရွယ်ကပင် ကုရ်အာန် ကျမ်းစာကို ကောင်းစွာဖတ်နိုင်သည်။ ၁၁-နှစ်သားအရွယ်တွင် အုန်းပင်ခြံရွာ အစိုးရမူလတန်းကျောင်း၌ စတုထ္တတန်း အောင်မြင်သည်။ ၁၉၂၈-ခု ၁၄ နှစ်သားအရွယ်တွင် ပင်းတားရွာ အစိုးရအလယ်တန်းကျောင်းမှ သတ္တမတန်းအောင်မြင်သည်။
ဆရာသည် သာသနာ့ပညာ ဆည်းပူးနိုင်ရန် အရဗီကျောင်း များကို စုံစမ်းရင်း အုန်းပင်ခြံရွာတွင်ပင် မိဘကို ၄ နှစ်ခန့် ကူညီလုပ်ကိုင်ပေးနေသည်။ ရန်ကုန်အနီး ဒေးဒနောရွာတွင် အရဗီကျောင်းဖွင့်လှစ်ကြောင်း သိရှိသောအခါ သူငယ်ချင်းများဖြစ်ကြသော မောင်လာနာ မုဟမ္မဒ် ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ် ဟကီမ်းတို့နှင့်အတူ ရမ်ဇမ် ၁ရက်နေ့တွင် ဒေးဒနောသို့ ဦးတည်ပြီး ပညာသင်ခရီးထွက်ခဲ့ကြသည်။ ဒေးဒနောတွင် သခင်ကြီး မောင်လာနာ အဇီးဇ်အဟ်မဒ်ထံ အရဗီ၊ အူရ်ဒူ စာပေများနှင့် အစ္စလာမ် ရေးရာကျမ်းစာများ သင်ယူခဲ့သည်။ ကျောင်းနေဘက်များမှာ မောင်လာနာ ဃာဇီဟာရှင်၊ မောင်လာနာ ဟာဖိဇ် စွာလေးဟ်၊ မောင်လာနာ အလီ၊ မောင်လာနာ ယာစီးန်၊ မောင်လာနာ အဗ္ဗဒူလ်ဟကိမ်းတို့ ဖြစ်သည်။
ဒေးဒနောတွင် သင်ရိုးပြီးမြောက်ပြီး အိန္ဒိယနိုင်ငံ စဟာရန် ပူရ်မြို့ မဇာဟင်ရ်အိုလုမ် တက္ကသိုလ်တွင် ဆက်လက်ပညာ ဆည်းပူးသည်။ အဆိုပါ တက္ကသိုလ်ကြီးမှ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်၊ ပထမအဆင့် ဖြင့် ထူးချွန်ထိုက်တန်စွာ ဘွဲ့စနဒ် ဆွတ်ခူးရယူပြီး မြန်မာပြည်သို့ ပြန်ခဲ့သည်။ ၁၉၃၉- ခုနှစ်တွင် ယင်းတော်မြို့ မဒီနာတုလ်အိုလုမ် ကျောင်း တည်ထောင်ခဲ့သည်။ အဆိုပါကျောင်းသည် မန္တလေးတိုင်း၏ ပထမဆုံးသော အရဗီကျောင်းကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ တတိယမြောက် အရဗီကျောင်းကြီးအဖြစ် ဂုဏ်ယူကြရသည် ။ အဆိုပါ ကျောင်းကြီး၏ ပင့်ဖိတ်ချက်အရ ဆရာ မောင်လာနာ ဃာဇီဟာရှင်နှင့်အတူ တာဝန်ယူလိုက်ကြ သည်။ ဆရာသည် အလယ်တန်းပြီးဆုံးသည်အထိ ပညာသင်ကြား ပေးပြီးထူးချွန်သူများကို မိမိတို့ ပညာဆည်းပူးခဲ့ရာ အိန္ဒိယ တက္ကသိုလ်သို့ ပို့ဆောင်ပေးသည်။
ဆရာသည် ၁၉၄၉-ခုတွင် မိထ္တီလာမြို့၌ ဂျာမေအာအဇီဇီယာကျောင်းကြီး ဖွင့်လှစ်နိုင်သကဲ့သို့ တပည့်ရင်းတစ်ဦးဖြစ်သူမောင်လာနာ ယူစွတ်(ဖ်) မဇာဟေရီကလည်း ၁၉၅၆-ခုနှစ်တွင် ပျော်ဘွယ်မြို့၌ မဇာဟေရွလ်အိုလူးမ်ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။ ဆရာကြီးတို့သည် အာလင်မ်ပညာရှင် အမြောက်အမြား မွေးထုတ်ပေးနိုင်ခဲ့ကြသည်။ ဆရာသည် သင်ကြားပို့ချခြင်းဖြင့် သာသနာဖြန့်ဖြူးရေး လုပ်ငန်းကို တပည့်ကျော်နှင့် မျက်နှာလွှဲရနိုင်ချိန်တွင် စာပေဖြင့် သာသနာဖြန့်ဖြူးရေးလုပ်ငန်းကို တာဝန်ယူလိုက်သည်။ ၁၉၅၂- ခုနှစ် ကမ္ဘာ့အလင်း စာစောင်တွင် အယ်ဒီတာချူပ် အလင်းးစာစောင်တ်တွငွင် အယ်ဒ်ဒီတီတာချုပ် ဖြစလာသည။်
ကမ္ဘာ့အလင်းစာစောင်တွင် ကုရ်အာန်ဘာသာပြန်၊ ဟဒီဆ် ဘာသာပြန်၊ စီရတ်ဘာသာပြန်နှင့် အစ္စလာမ်ရေးရာ အဖြာဖြာ အရဗီသင်ခန်းစာ ပို့ချချက် တောင်းဆုတော်များ စသည်တို့ကို ဘာသာပြန် တင်ဆက်သည်။ ကမ္ဘာ့အလင်းစာစောင်သည် ထိုစဉ်က အမြော်အမြင်ကြီးသော လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် မစ္စတာနူးရ်မုဟမ္မဒ်၏ အထောက်အပံ့ဖြင့် ထုတ်ဝေခြင်းဖြစ်သည် ။ တာဝန်ခံ အယ်ဒီတာဆရာဒဂုန်သိန်း၊ နိုင်ငံခြား အယ်ဒီတာ ဆရာမောင်ကိုဂဖ်ဖာရီနှင့် ဆရာကမ္ဘာ့အလင်း ဦးကိုလေးတို့ကလည်း
စုပေါင်းပါဝင်ဖြည့်ဆည်း ကြိုးပမ်းကြသဖြင့် ကမ္ဘာ့အလင်းစာစောင်ကြီးသည် စာပေလောကတွင် ထိုက်တန်စွာ နေရာရခဲ့သည်။ ပရိသတ် အားပေးမှုကို လည်း ခံရသည်။ ၀ါသနာရှင်တို့နှုတ်ဖျား ယနေ့တိုင် ရေပန်း စားလျက်ရှိသည်။ ဤစာစောင်ကိုအကြောင်းပြု၍ ဆရာကိုလည်း ၀ိသေသတိုး၍ ကမ္ဘာအလင်း ဆရာနူးရ်ဟု ခေါ်ဝေါ်လာကြသည်။
ဆရာသည် တက္ကသိုလ်မွတ်စလင်မ် ကျောင်းသားများအသင်းတွင် အခါအားလျော်စွာ ဟောကြားပို့ချခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ၁၉၅၇ နိုဝင်ဘာလ ၂၃ရက်နေ့က ပို့ချသော ‘အစ္စလာမ်နှင့် စာရိတ္တကြံ့ခိုင်ရေး’ကို ကမ္ဘာ့အလင်း စာစောင်တွင် ပြန်လည်ဖော်ပြထားသည်။ ဆရာသည် ပညာဂုဏ်မမောက်၊ အနေအထိုင် ရိုးသားသည်။ အပြောအဆို သိမ်မွေ့သည်။ ဆရာ ဃာဇီက ဖရစ်ရှ်တာလေးဟု လေးလေးစားစား တင်စားခေါ်လေ့ရှိသည်။ ဆရာသည် အနေအထိုင် ရိုးသကဲ့သို့ ဆရာ၏စကားပြေ အရေးအသားမှာလည်း ရိုးရှင်းသည်။ ပြေပြစ်သည်။ လွယ်ကူသည်။ ပြည်သူစွဲမက်သည်။ ဆရာသည် မိမိ စာဟန်ြဖင့် ကုန်အာန်ကျမ်းတော်မြတ်ကို ၁၀ ဂျွတ်ထိ ပြန်ဆိုခဲ့သည်။ နမာဇ်ဖတ်နည်းကျမ်း၊ ရိုဇာ၊ ဇကတ်၊ တရားတော် ၆ ပိုဒ်၊ တောင်းဆုတော်များအပြင် အခြားကျမ်း စာများကိုလည်း ရေးသားပြုစုခဲ့သေးသည်။ ပရိသတ် တစ်ခဲနက်အားပေးသဖြင့် ဆရာ့စာများကို အကြိမ်ကြိမ်ပင် ပြန်လည်ပုံနှိပ်ထုတ်ဝေရသည်။
၁၉၆၆-ခုနှစ်တွင် ဆရာသည် ပညာရှင်အကြီးအကဲများ၏ မေတ္တာရပ်ခံချက်အရ ယင်းတော် မဒီနတူလ် အိုလူမ် ကျောင်းကြီးကို ပြန်လည်တာဝန်ယူသည်။ ဆရာလက်ထက်တွင် ကျောင်းတော်ကြီး သည် ဘက်စုံတိုးတက်လာပြီး ပညာအရာတွင်လည်း ကျော်ကြားလာသည်။ ၁၉၇၀-ခုတွင် ဒေါင်ရာဟဒီဆ်တန်းကို စတင်ဖွင့်လှစ်သည်။ မစ်ရှ်ကတ် ကျမ်းနှင့် ဗုခါရီကျမ်းတို့ကို ကိုယ်တိုင်ပို့ချသည်။ ဆရာသည် တိုင်းရင်းဆေးပညာကိုလည်း တန်ဖိုးထားသည်။ ရန်ကုန်မြို့တွင် ဖွင့်လှစ်သော သြဋာရိကသုခုမဆရာတော် ဦးမဟိန္ဒ၏ အခြေခံ မြန်မာတိုင်းရင်းဆေးပညာသင်တန်းကို တက်ရောက်သည်။ ၁၉၇၃-ခုနှစ်တွင် ဆရာဖြစ်သင်တန်း အောင်လက်မှတ်ရရှိသည်။ ဆရာသည် စာပေဗိမာန်က ဖွင့်လှစ်သော သတင်းစာသင်တန်းကိုလည်း တက်ရောက်ခဲ့သည်။
ဆရာသည် သာသနာအကျိုးပြု၊ လူထုအကျိုးပြု၊ နိုင်ငံအကျိုးပြု လုပ်ငန်းများကို ဆောင်ရွက်ရင်း ၁၉၈၇-ခု ဧပြီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်တွင် မိတ္ထီလာမြို့ သာယာ ကုန်းရပ်ရှိ မိမိနေအိမ်တွင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသည်။ ဇနီး ဒေါ်ဇော်ရာဘီနှင့် သားသမီး ၁၁ ဦး ကျန်ရစ်သည်။
၁၉၆၂-ခုနှစ် သြဂုတ်လထုတ် ဗမာမွတ်စလင်စာစောင် လာ ဆရာ၏အောက်ပါဆောင်းပါးကောက်နုတ်ချက်ဖြင့် ဆရာ၏ စေတနာကိုသုံးသပ်နိုင်ပါသည်။
‘ကျွန်ုပ်တို့ အာလင်များသည် ခေတ်ပညာ မတတ်ခြင်း ကြောင့် ခေတ်နှင့် ရင်ပေါင်မတန်း နိုင်ဘဲ ခေတ်နောက်ကျခဲ့ရသည်။ တိကျမှန်ကန်သော အစ္စလာမ်သွန်သင်ချက်များကို ခေတ်မီမီ ကျယ်ကျယ်ပြန့်ပြန့် တင်ပြနိုင်ခြင်းမရှိပေ။ ကျွန်ုပ်တို့ အာလင်ပညာရှင်များသည် ခေတ်ပညာကို ဒီဂရီ ရသည်အထိ သင်ကြားပြီး အစ္စလာမ်သွန်သင်ချက်ကို ခေတ်မီမီ ကျယ်ကျယ် ပြန့်ပြန့် တင်ပြနိုင်မည်ဆိုပါက လက်ရှိအခြေအနေထက် အဆပေါင်းများစွာ အစ္စလာမ်၏ အကျိုးသယ်ပိုးဆောင်ရွက်နိုင်မည်မှာ အမှန်ပင်ဖြစ်ပေသည်။ ယင်းကဲ့သို့ ဒီဂရီယူပြီး ခေတ်ပညာဖြင့် အသက်မွေးကာ ဘာသာရေး ကိစ္စများကို စေတနာဝန်ထမ်း ဆောင်ရွက်သွားနိုင်မည်ဆိုပါက တရားတော်နှင့် အကိုက်ညီဆုံးဖြစ်ပြီး အောင်မြင်မှု ထိရောက်မှုမှာလည်း ဘာသာရေး အကြောင်းပြု၍ အသက်မွေးဆောင်ရွက်သည်ထက် ပိုမိုမည်မှာသေချာနေပေမည်။ ဆိုလိုရင်းမှာ ခရိုင်ဝန်၊ တိုင်းမင်းကြီး သို့တည်းမဟုတ် သူဌေးကြီးဖြစ်နေသော အာလင်ပညာရှင်တစ်ဦး၏ ဟောပြောတင်ပြခြင်းတွင် လူထုအပေါ် အကျိုးသက်ရောက်မှုမှာ လက်တွေ့အားဖြင့် ကွာခြားနေမှုပင်ဖြစ်ပါသည်။
သာသနာ့ပညာကို ခြေခြေမြစ်မြစ် သင်ကြားခဲ့ပြီး သူမတူအေင် ထူးချွန်စွာ ဒရ်ဂျာအူလာ၊ အာလင်ဖွဇရ်ဖြင့် အောင်မြင်ခဲ့သူ ပညာရှင်ကြီ၏ ၁၉၆၂-ခုနှစ်က ဥဒါန်းစကားဖြစ်ပါသည်။ အာလင်ဆိုသော ဝေါဟာရ၏ အဓိပ္ပာယ်သတ်မှတ်ချက်၏ ကျယ်ပြန့်နက်ရှိုင်းမှုကို မသိ ကျိုးကျွံ ပြုနေသူတို့အတွက် ဆင်ခြင်စရာဖြစ်ပါသည်။ ဆရာကား အမြော်အမြင် ကြီးမားလှပါသည်။ ခေတ်မီတိုးတက် ထက်မြက် ထူးချွန်သော စာပေပညာရှင်ကြီးဖြစ်ပါသည်။

ကိုးကား-
အငြိမ်စား မြန်မာစာ ပါမောက္ခ ဒေါက်တာ အောင်ဇော်က ရေးသည့် တိုင်းရင်း မွတ်စလင်မ် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (ဒုတိယတွဲ) မှကူးယူဖော်ပြပါတယ်။
![]() |
| Pic: Yusuf Estes |
Yusuf Estes တစ်ချိန်တုန်းကတော့ Joseph Estes ဆိုတဲ့ ခရစ်ယာန် (Preacher) တရားဟောဆရာ ဟာ ၁၉၄၄ ခုနှစ် အမေရိကာနိုင်ငံ Texas မှာ မွေးဖွားကြီးပြင်းလာသူဖြစ်ပါတယ်။
သူရဲ့အစ္စလာမ်ဘာသာကို ကူးပြောင်းလာတဲ့ အကြောင်းအရာလေးကတော့ အရမ်းကို လေးစားအားကျစရာကောင်းလှပါတယ်။ သူတို့သားဖနှစ်ယောက်စလုံးက ခရစ်ယာန်တရားဟောဆရာတွေဖြစ်ကြသလို အရမ်းကို ဘာသာရေးကိုင်ရှိုင်းကြပြီး စီးပွါးရေးလုပ်ငန်းရှင်တွေလည်းဖြစ်ကြတယ်။ သူတို့ရဲ့အဓိက စီးပွါးရေးကတော့ ( Musical Instrument ) တေးသံတေးဂီတပစ္စည်း အရောင်းအဝယ်သာဖြစ်ပါတယ်။ တစ်ရက်သူ့အဖေက အီဂျစ်နိုင်ငံသားတစ်ယောက်နဲ့ စီးပွါးရေးတွဲလုပ်မှာဖြစ်ကြောင်းပြောတော့ သူက မွစ်လင်မ်တွေနဲ့အလုပ်မလုပ်ချင်ဘူးး မွစ်လင်မ်တွေဟာ ခရိယာန်တွေရဲ့ ရန်သူဖြစ်တယ် ဘုရားသခင်ကို မယုံကြည်ကြတဲ့သူတွေ စသဖြင့်ပြောပြီး သူ့အဖေကို မလုပ်ဖို့ပြောကြားခဲ့သော်လည်းနောက်ဆုံးသူ့အဖေရဲ့ ဆန္ဒကိုသူလိုက်ရောလိုက်တယ် သူမှာလည်း အီဂျစ်က စီးပွါးရေးသမား မုဟမ္မဒ်ဆိုသူကိုရအောင် ခရိယာန်သွင်းမယ်ဆိုတဲ့စိတ်ကူးနဲ့ Texas ကနေစောင့်မျှော်ကြိုဆိုရင် မုဟမ္မဒ်နဲ့ဆုံခဲ့တယ် စဆုံတာနဲ့ သူ မုဟမ္မဒ်ကို မေးခွန်းတွေမေးတယ်။
အသင် ဘုရားသခင်ကိုလက်ခံလား ?
သူက လက်ခံတယ်လို့ပြောတယ် !
အာဒမ်၊ အေဝ၊ အီဗရာဟမ်၊ ဆော်လမွန်၊ ဂျာကွဗ် စတဲ့ တမန်တော်ကိုလက်ခံလာဆိုတော့လည်း သူလက်ခံကြောင်းပြောတယ် !
သူက မိုဇက်၊ ဂျီဇက် အကုန်လုံးလက်ခံတယ်လို့ပြောတော့ ကျနော် ( ယူဆွဖ် ) အံသြဝမ်းသာမိတယ် လွယ်ကူစွာ ခရိယာန်ဖြစ်အောင် လုပ်နိုင်မယ်လို့ယူဆခဲ့တယ်။ ကျနော်တို့ ငယ်ငယ်ကသင်ခဲ့ရတာ ကြားခဲ့ရတာက မွစ်လင်မ်တွေက ဘုရားသခင်ကိုလက်မခံသူ ဂျီဇက်ကို လက်မခံသူ သေတ္တာအမည်းရောင်ကြီး( ကဟ်ဗာဟ်ကျောင်း )ကို ကိုးကွယ်ကြသူ တစ်ရက် ၅ ကြိမ် မြေကြီးနဲ့နဖူးကို တိုက်ကြသူတွေလို့ သိထားရတော့ ကျနော်အံသြမိရင် အစ္စလာမ်ကိုလေ့လာချင်စိတ်လည်းနည်းတည်းပေါ်လာတယ်။
ဒီလိုနဲ့ပဲ ကျနော်နဲ့မုဟမ္မဒ်ခင်မင် လာကြတယ် အဲ့လိုနဲ့ပဲ ရမဇာန်လရောက် လာတော့သူ နောက်ဆုံးဆယ်ရက်ကို အေသေကားဖ်ဝင်ပြီး ဗလီမှာနေမယ်လို့ပြောတော့ ကျနော်က သူပိုက်ဆံမရှိတဲ့သူ ပလီမှာအိပ်တာဆိုတော့ အဆင့်မရှိတဲ့သူပေါ့ စသဖြင့်တွေးပြီး သူ့ကို ကျနော့်အိမ်ရအောင်ခေါ်မယ် ကျနော်သူကို ဘိုင်ဘဲလ် ( Bible ) နဲ့ သုံးပါးတစ်ဆူ ဘုရားသခင်ကိုလက်ခံလာအောင်ကြိုးပမ်းမယ်ဆိုပြီး မရမက အိမ်မှာတည်ဖို့ခေါ်လာရင်း နေ့တိုင်း ဘိုင်ဘဲလ်အကြောင်းပြောတယ် သူတိတ်တိတ်ဆိတ်ဆိတ်နားထောင်းတယ် ဘယ်တော့မှမငြင်းဘူးး အဲ့လိုနဲ့ပဲတစ်ရက်ကျနော်သူငယ်ချင်း Priest တစ်ယောက် နေမကောင်းဖြစ်တော့ ဆေးရုံးတင်ရတယ် ကျနော်ဆေးရုံးကိုနေ့တိုင်းသွားတွေ့ရင်းမုဟမ္မဒ်ကိုပါခေါ်သွားတယ် တစ်ဖက်က Priest နဲ့ပေးတွေ့ပြီး ဒါဝသ်ပေးလို့ရအောင်ပေါ့ ဒါပေမယ့် ကျနော့်သူငယ်ချင်းကတော့ စိတ်မဝင်းစားခဲ့ဘူးး။ အဲ့လိုနဲ့တစ်ရက် ဆေးရုံးမှာ ခရိယာန် Bible ကျမ်းစာ Priest ( ဘုန်းတော်ကြီး ) တစ်ရောက်နဲ့ဆုံဖြစ်တယ် သူမှာလည်းနေစရာမရှိဘူးး ချားခ်ျကျောင်းမှာပဲနေတာဆိုတော့ ကျနော် ဘုန်းတော်ကြီးကို အိမ်မှာလိုက်နေဖို့ အာရဗ်မွစ်လင်မ်တစ်ယောက်ကို ခရိယာန်ထဲရောက်အောင် ကြိုးပမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ပင့်လာခဲ့တယ်။
အဲ့လိုနဲ့ အိမ်မှာ ဧည့်သည်နှစ်ယောက်ဖြစ်သွားတော့ ည ဆိုရင် အဖေရယ် ကျနော်ရယ် ဘုန်းတော်ကြီးရယ် မုဟမ္မဒ်ရယ်ပေါ့ တစ်ရက်ကျနော်တို့ Bible အကြောင်းပြောဖို့အဖေက သူရဲ့ လက်ဆွဲ King James Version Bible ကိုယူလာတယ် ကျနော့်လက်ထဲမှာရှိတာက Revised Standard Version Bible ကျနော့်မိန်းမရှိမှာကလည်းတခြား Bible တစ်အုပ်ရှိနေတယ် Priest လက်ထဲမှာလည်း Catholic Bible နဲ့ဆိုတော့ ဘိုင်ဘဲလ် ပေါင်း ခုနှစ်အုပ်လောက်ဖြစ်သွားတော့ ဘယ်ကျမ်းကအမှန်ဆုံးအတိကျဆုံးလဲဆိုတာကိုဆွေးနွေးပြီး အဲ့ဒီ ဘိုင်ဘဲလ်နဲ့ မုဟမ္မဒ်ကို ခရိယာန်ဖြစ်လာအောင် ဒါဝသ်ပေးမယ်ဆိုပြီးတိုင်ပင်ရင်း အကြောင်းအရာတစ်ခုပေါ်မှာ သုံးယောက် သုံးမျိုးဖြစ်နေတာကို တွေ့ရတော့ မုဟမ္မဒ်အရှေ့မှာ ကျနော်နည်းနည်း စိတ်ပျက်မိသွားတယ် Bible တစ်အုပ်ထဲကနေပဲ အဟောင်းအသစ် King James Version , Old Testament , New Testament , အဲ့လိုမျိုး အမျိုးပေါင်း အတွဲပေါင်း ၅၀ ကျော်လောက်ထဲကပင် တစ်အုပ်နဲ့တစ်အုပ်မတူကြပြန်ဘူးးး ဒီကြားထဲ မူရင်းဘာသာမရှိတော့တဲ့အတွက် အကြောင်းအရာတွေအများကြီးကွဲလွဲပြန်တယ်အဲ့လိုတွေနဲ့ စကားဝိုင်းထဲမှာ အကွဲအလွဲတွေဖြစ်နေတဲ့ အချိန် ကျနော် မုဟမ္မဒ်ကို မေးတယ် မင်းတို့ဆီမှာရော ကုရ်အာန် ဘယ်နှစ်မျိုး ဘယ်နှစ်အုပ်ရှိလဲ မေးတော့ ! မုဟမ္မဒ်က လက်လေးတစ်ချောင်းထောင်ပြပြီး တစ်အုပ်ပဲရှိကြောင်း အဲ့ဒီလိုတစ်အုပ်ထဲမှာတောင် ကျမ်းစကျလာတဲ့ မူရင်းဘာသာ အာရဗစ် ဘာသာနဲ့သာရှိနေကြောင်းပြောတော့ အပြောင်းအလဲလုပ်လို့မရအောင်ကို နှစ်ပေါင်း ၁၄၀၀ အရင်ကတည်းက ကျမ်းအာဂုံဆောင်တွေယနေ့အထိကိုရှိနေကြောင်းပြောပြခဲ့တယ် ! ကျနော်တော်တော်စိတ်ဝင်စားမိတယ်။
အဲ့လိုနဲ့ ကျနော်သူ့ကို သုံးပါးတစ်ဆူဘုရားသခင်ကို အမျိုးမျိုး အခြေအတင် ရှင်းပြတယ် ပန်းသီးနဲ့ပမာပေးပြီးရှင်းတယ် ကြက်ဥနဲ့ပမာပေးပြီးရှင်းပြတယ် သူအမျိုးမျိုးဒီဒိတ်လုပ်ပြသွားတယ် နောက်ဆုံး သူကျနော့်ကို စူရာဟ် အခ်လားဆ်နဲ့ ဒီဘိတ်လုပ်ပြသွားတယ်
قُلْ هُوَ اللَّهُ أَحَدٌ
اللَّهُ الصَّمَدُ
لَمْ يَلِدْ وَلَمْ يُولَدْ
وَلَمْ يَكُن لَّهُ كُفُوًا أَحَدٌ
1. “Say: He, Allah, is One,"
2. “Allah, the Eternal,"
3. “He begets not, nor is He begotten,"
4. “And there is none like unto Him.”
တော်တော်လေးကို ထိရောက်စေခဲ့တယ် ကျနော်အဖြေမပေးနိုင်ခဲ့ဘူးး
နောက်ရက် မုဟမ္မဒ်နဲ့ ဘုန်းတော်ကြီးနှစ်ယောက်အပြင်ထွက်သွားတာ တော်တော်နဲ့ပြန်မရောက်လာခဲ့ကြဘူးး ကျနော်တော်တော်စောင့်နေခဲ့တယ် အဲ့လိုနဲ့ နောက်နေ့ မနက်စောစောကြီး မုဟမ္မဒ်နဲ့ ပုဂ္ဂိုလ်တစ်ဦး ဂျွဗ္ဗာဟ်အဖြူကြီးဝတ်ထားပြီး ခေါင်းပေါ်မှာ အုပ်ထုတ်အဖြူကိုစောင်းထားတာတွေ့တော့ ဘယ်သူလဲဆိုပြီး သေချာဆိုက်ကြည့်နေတုန်းအနီးရောက်လာတော့ ထိုပုဂ္ဂိုလ်ဟာ Priest ဘုန်းတော်ကြီးဖြစ်နေတော့ ကျနော်တော်တော်အံသြသင့်သွားတယ်ဘုန်းတော်ကြီးက မနေ့ညကပဲ မုဟမ္မဒ်ရှိမှာ သက်သေထူပြီး ရှာဟဒသ်ဆိုပြီး အစ္စလာမ်ကိုလက်ခံလိုက်တယ်တဲ့ အခုသူ့နာမည်က ယာယာဟ် ဖြစ်သွားပြီးတဲ့ !
ကျနော် ဘာပြန်ပြောလို့ပြောရမှန်းမသိ ကျနော့်ထက် Bible ကျွမ်းကျင်တဲ့သူ ဘယ်လိုများဖြစ်သွားတာလဲ စဉ်းစားရင်းတွေဝေခဲ့တယ် ။
တော်တော်လေးကို တွေဝေနေရင်း အိမ်ပေါ်ထပ်ကိုတက်သွားတော့ မိန်းမကိုပြောပြတယ် ဒီလိုဒီလိုတွေဖြစ်နေတယ်ဆိုတော့ မိန်းမကပြန်ပြောတယ် အစ္စလာမ်မှာ ခရိယာန်ဖြစ်ဖြစ်ဘာသာခြားဖြစ်ဖြစ် မွစ်လင်မ်တစ်ယောက်နဲ့ အိမ်ထောင်ပြုလို့မရတော့ဘူးးလို့ မိန်းမပြောရင်း ကျနော့်ကို (divorce) ကွာရှင်းပေးဖို့ပြောတော့ ကျနော် ရူးမတတ်အံသြမိပြန်တယ်။
“ ဟုတ်တယ် ကျမ အစ္စလာမ်ကို လက်ခံတော့မယ် အဲ့တော့ ရှင်ကျမကို လာမထိနဲ့ ထိပိုင်ခွင့်မရှိဘူးး အခု ရှင် အိမ်ပေါ်ကဆင်းသွား ” တဲ့ ......
ကျနော်ဘာဆက်လုပ်ရမလဲ မစဉ်းစားတတ်တော့ဘူးးး အိမ်ရဲ့ အလှမ်းနည်းနည်းဝေးတဲ့ ကမ်းဆပ်နားထွက်သွားတော့ ကျနော် မုဟမ္မဒ် ဖဂျရ် နမားဇ်ဖတ်နေတာကိုတွေ့တယ် !
ကျနော်သူ့အနောက်ကနေ သူမျက်နှာမူတဲ့ ကိဗ်လာဟ် ဘက်ကိုမျက်နှာမူလျက် စဂ်ျဒါဟ် ချလိုက်တယ် .... ဘာလုပ်ရမလဲ ဘာပြောရမလဲ မသိဘူးးး စကားတစ်လုံးပဲပြောထွက်ခဲ့တယ်
“ Oh God! If ur there just guide to me ”
လို့ ပြောရင်ပြန်ထလိုက်တယ်။ ပတ်ဝန်းကျင်မှာ ဘာမှပြောင်းလဲမှုမရှိဘူး။ ကောင်းကင်ပေါ်ကလည်းဘာအသံမှ မထွက်လာဘူး။ ဘာမြူးးဇစ်မှလည်း မကြားရဘူး။
နှလုံးသားထဲမှာတော့ သိသိသာသာစိတ်ခံစားမှူတွေပေါ့ထွက်သွားတယ် .....
ကျနော်မုဟမ္မဒ်ရှိမှာ အီမာန်ယူလိုက်တယ်။ ပြီးတော့ ကျနော့်မိန်းမ ရှဟာဒသ်ဆိုတယ် လပိုင်းအတွင်းမှာ ကျနော့် အဖေပါ အီမာန်ယူလိုက်တယ် ။ နောက်ပိုင်းကလေးတွေကို ခရစ်ယာန်ကျောင်းကနေ မွစ်လင်မ်ကျောင်းကိုပြောင်းထားလိုက်တယ် အခုဆိုကလေးတွေ ကုရ်အာန်ကိုတောင် တော်တော်အာဂုံဆောင်နိုင်နေကြပြီ။
( Yusuf Estes ရဲ့ အိန္ဒိယက ဘာယန်တစ်ခုမှ ဘာသာပြန်တင်ပြ ပါသည်။ )
****************************
၁၉၉၁ ခုနှစ်ကနေစလို့ Joseph Estes ခရစ်ယာန် Preacher ကနေ Yusuf Estes အစ္စလာမ် Preacher အဖြစ် အလ္လာဟ်အရှင်ပြောင်းလဲပေးခဲ့ပါတယ်။
အခုတော့ ရှိုခ်ယူဆွဖ်ဟာ အမေရိကာရဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့မှာ ခေါင်းဆောင်အဖြစ်တာဝန်ယူပြီး ဒါဝသ်ကြိုးပမ်းဖိတ်ခေါ်မှုတွေကို နိူင်ငံတကာအထိကို သွားရောက်ဖိတ်ခေါ်နေပါတယ်။
လေးစားလျက်
Saifullah Zaid (အနဲကြီး)
Ref. Link...
———————————
အိစ်သေခါရာ ဆိုတာ ဘာလဲဆိုတော့ တရားတော်အရ ပြုလုပ်ပိုင်တဲ့ ကိစ္စတခုကို လုပ်ခြင်း၊ မလုပ်ခြင်းအပေါ်မှာ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီနဲ့ အကောင်းဆုံးလုပ်ရပ်ကို တောင်းခံခြင်းဖြစ်ပါတယ်။
အိစ်စေခါရာ ဘယ်လိုကြည့်ရမလဲဆိုတော့
နေ့အချိန်ဖြစ်စေ ညအချိန်ဖြစ်စေ မက္ကရူးဟ် အချိန်မှလွဲ၍ တခြားအချိန်မှာ နဖိလ်နမားဇ် နရကအသ်ကို အိစ်သေခါရဟ် ရဲ့နိယသ်နဲ့ဖတ်ရမယ် နိယသ်ကတော့ မိမိလုပ်မယ့် အလုပ်ရဲ့ အကောင်းဆုံးနည်းလမ်းကို အလ္လာဟ်အရှင် ဆုံးဖြတ်ပေးပါလို့ ရည်စူးရမယ်။
ပြီးနောက်မှာ အောက်မှာဖော်ပြထားတဲ့ ဒုအာကိုဖတ်ရပါမယ်။
အိစ်သေခါရဟ် ရဲ့နောက်မှာ အိပ်မက်မှာဖြစ်စေ အကွယ်ကနေဖြစ်စေ အသိပေးမှုတစုံတရာ ရှိမှ အိစ်သေခါရာဖြစ်တာ မဟုတ်ပါဘူး မိမိရဲ့စိတ်နှလုံးသားကို တဖက်ကို ယိမ်းယိုင်းသွားခြင်း လိုလားသွားခြင်းနဲ့ အိစ်သေခါရဟ် အထမြောက်မြောက်ပါတယ်
#albasheer
#bymohammedbashirullah
မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့သည် မြန်မာဘုရင်များလက်ထက်ကတည်းကပင် ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာရွှေမြို့တော်သို့ သာသနာ့ ဟာဂ်ျပြုရန် မိမိတို့အစီအစဥ်ဖြင့် သွားရောက်ခဲ့သည်မှာ သမိုင်းတလျှောက် ထင်ထင်ရှားရှားတွေ့ရသည်။ ရှေးအခါက မြန်မာဟာဂျီများသည် ရေကြောင်းခရီးဖြင့်လည်းကောင်း၊ ကုန်ကြောင်းခရီးဖြင့်လည်းကောင်း မက္ကာမြို့သို့ ဟဂျ်ဘုရားဖူးသွားလေ့ရှိခဲ့သည်။ ရေကြောင်းခရီးဖြင့် တစ်လခွဲ၊ နှစ်လနီးပါးလောကကြာမြင့်၏။ ကုန်းကြောင်းခရီးဖြင့် ၆ လတောင် ကြာမြှင့်သည်ဟုဆိုသည်။ မြန်မာနိုင်ငံမှ ဗြိတိသျှအိန္ဒိယ၊ ထိုမှတဆင့် ဆော်ဒီအရေးဗီးယားသို့ ရေကြောင်းနှင့်သွားရသည်။ မြန်မာမင်းများက ဟဂျ်ခရီးစဥ်ကို အားပေးသည့်အနေဖြင့် ငွေကြေးထောက်ပံ့ခြင်း၊ မက္ကမြို့၌ အဆောက်အဦးများ ဆောက်လုပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်လေ့ရှိခဲ့သည်။
မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာနိုင်ငံရှိအစ္စလာမ်ဘာသာဝင်တို့ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာရွှေမြို့တော်သို့ ဟာဂ်ျတာဝန်ပြုမူရန်သွားခဲ့ရာ သီးခြားအစီအစဉ်နှင့်သာဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များတွင် နိုင်ငံတော်အစိုးရမှ စီစဉ်ပေးသောခေတ်များမှ ဦးနုအစိုးရ တိုင်အောင် အဆက်မပြတ်ရှိခဲ့လေသည်။
အာရကန်ပြည်(ယနေ့ ရခိုင်ပြည်)သို့ ခိုလှုံလာခဲ့သော မဂိုမင်းသား ရှားရှူဂျား(သက်သုဇာ)သည် အာရကန်မှတဆင့် အာရေဗျသို့ ဟဂျ်ဘုရားဖူးသွားရန် စီစဥ်ခဲ့ဖူးသည်။[၂]
ဘိုးတော်ဘုရားလက်ထက်တွင် အမရပူရမှ ဦးအိုးသည် တမန်တော်မိုဟာမွတ် ပွင့်တော်မူရာ အာရေဗျပြည်၊ မက္ကာဟ်မြို့သို့ ဘုရားဖူးသွားခဲ့ကြောင်း မှတ်တမ်းရှိသည်။
မင်းတုန်းမင်းတရားကြီးလက်တွင် ဟာဂျီများအတွက် မက္ကာဟ်မြို့၌ နှစ်ထပ်အုတ်ဇရပ် ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း မဟာရာဇဝင်ကြီးတွင် ဖော်ပြထားသည်။
၁၉၅၀ ပြည့်လွန်နှစ်များမှ ဦးနုအစိုးရ ခေတ်များတိုင်အောင် နိုင်ငံတော်အစိုးရ၏ အစီအစဥ်ဖြင့် မြန်မာပြည်အစ္စလာမ်ဘာသာဝင်များ ဟဂျ်ခရီးတော် သွားခွင့်အဆက်မပြတ် ရရှိခဲ့လေသည်။
-၁၉၆၁ တွင် မြန်မာဟာဂျီ ၄၉၄ ဦးကို ဦးနုအစိုးရက ဟာဂ်ျပြုခွင့်ပေးခဲ့၏
- ၁၉၆၂ တွင် အာဏာသိမ်းတော်လှန်ရေးကောင်စီက နိုင်ငံခြားငွေနည်းပါးသည်ကို အကြောင်းပြ၍ ၁၀၂ ဦးသို့လျော့ချခဲ့၏
-၁၉၆၃ တွင် ဦးနေဝင်းအစိုးရက ဟာဂ်ျပြုခွင့် လုံးဝပိတ်ပင်ခဲ့၏
-၁၉၆၈ တွင် တော်လှန်ရေးအစိုးရမှ ဖမ်းဆီးထိမ်းသိမ်းထားသောဝန်ကြီးဟောင်း ဦးရာရှစ်ပြန်လည်လွတ်မြောက်လာပြီး BMOအဖွဲ့ဥက္ကဌအဖြစ်တာဝန်ယူ၍ ဦးနေဝင်းအစိုးရသို့ ဟာဂ်ျအတွက် မြန်မာပြည်မွစ်စလင်တို့အားခွင့်ပြုပေးပါရန် တောင်းဆိုခဲ့၏
-၁၉၇၈ တွင် မွဖ်သီချုပ်မာမွတ်ဒါဝတ်ယူစွပ်သည် အင်္ဂလန်နိုင်ငံလန်ဒန်အခြေစိုက် Islamic Council of Europe (ICE) ညီလာခံသို့တက်ခွင့်ရခဲ့ရာ ဟာဂ်ျမသွားရခြင်းသည် မြန်မာအစိုးရ၏ နိုင်ငံခြားငွေအခက်အခဲကြောင့်ဟု သတင်းစာရှင်းလင်းပွဲတွင် ဖြေကြားခဲ့၏
- ၁၉၈၀ မလေးရှားတွင်ကျင်းပသော အစ္စလာမ်မစ်ဒအိဝဟ်ကွန်ဖရင့် သို့ ဆရာကြီးဃာဇီ မိုဟာမက်ဟာရှင် ဆရာချယ် ပျဉ်းမနားဒေါ်ပုတို့သည် မြန်မာကိုယ်စားလှယ်များအဖြစ် တက်ရောက်ခဲ့ပြီး ဟာဂ်ျကိစ္စနှင့်စပ်လျဉ်း၍ မြန်မာအစိုးရ၏ အခက်အခဲနှင့်မကြာမီ ပြန်ဖွင့်ပါလိမ့်မည်ဟုပြောကြားခဲ့၏
-၁၉၈၀ တွင် မဆလ အစိုးရမှလူပုဂ္ဂိုလ် ၁၅၀ အားဟာဂ်ျပြုရန်ခွင့်ပေးခဲ့ရာ မော်လနာဆရာဦးခင်ရွှေ ဦးစီးလျှက်နှစ်ပေါင်း၁၇ နှစ်အကြာတွင်ပြန်လည် သွားခွင့်ရခဲ့၏
-၁၉၉၂ ခုတွင် မြန်မာစစ်အစိုးရ(နဝတ)က မြန်မာဟာဂျီဦးရေ(၂၀၀)အထိ တိုး၍ သွားခွင့်ပေးခဲ့၏
-၂၀၀၀ ခုနှစ်တွင် မြန်မာဟာဂျီများ ဘန်ကောက်တွင်ဗီဇာပြသာနာကြုံခဲ့ရ၏
-၂၀၀၃ ခုတွင် မြန်မာဟာဂျီများဟဂ်ျပြုရန် သွားရာ ဗန်ကောက်တွင် VISAကိစ္စ ပြသာနာပေါ်ခဲ့၏
-၂၀၀၄ တွင်မြန်မာဟာဂျီများ ထိုင်းနိုင်ငံတွင် VISA ကိစ္စထပ်မံ၍ ပြသာနာပေါ်ပေါက်ခဲ့ပြန်သည်
-၂၀၀၅တွင် မြန်မာစစ်အစိုးရ(နအဖ)က မြန်မာဟာဂျီဦးရေ(၃၅၀)အထိတိုးမြင့်၍ ဟာဂ်ျသွားခွင့်ပြုခဲ့၏
-၂၀၀၆တွင် မြန်မာပြည်တွင်ဆော်ဒီသံရုံးမှ တိုက်ရိုက် visa ပေးမည်ဟုကြေငြာခဲ့ရာ မွစ်စလင်များဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ကြရ၏
-၂၀၀၈ တွင် ထိုင်းဆန္ဒပြသူများက ဗန်ကောက်သုဝဏဘူမိလေယာဉ်ကွင်းအားပိတ်ဆို့ထားခဲ့ရာ မြန်မာဟာဂျီများသည် ထိုင်းစစ်တပ်ပိုင်လေယာဉ်ကွင်းငယ်လေးမှတဆင့် ဆော်ဒီသို့သွားခဲ့ရ၏
-၂၀၁၀ တွင် မြန်မာဟာဂျီများထိုင်းနိုင်ငံတွင်ဆော်ဒီVISAအတွက်ခက်ခဲကြန့်ကြာခဲ့ကြရသည်
-၂၀၁၁ တွင် ဟာဂ်ျဗီဇာမှာ မြန်မာရှိဆော်ဒီသံရုံးတွင်တိုက်ရိုက်VISAစနစ်ဖြစ်လာသော်လည်း ဟာဂ်ျအေးဂျင့်များက VISAများကို အဆမတန်ဈေးဖြင့်ရောင်းချခဲ့ကြသည်
-၂၀၁၂ တွင် များပြားစွာသော မြန်မာဟာဂျီလောင်းများ ဟာဂ်ျအေးဂျင့်အချို့၏ လိမ်လည်မူကြောင့်မသွားကြရပဲ ဆော်ဒီသံရုံးနှင့်သာသနာရေးဝန်ကြီးဌာနရှေ့တွင် ဆန္ဒပြမူများပေါ်ပေါက်ခဲ့၏
-၂၀၁၇ တွင် ဟာဂ်ျပြုသူဦးရေမှာ ၇၀၀၀ ကျော်အထိရှိပြီးအေးဂျင့်ပေါင်း ၅၀ ကျော် ဆော်ဒီသံရုံးမှခွင့်ပြုခဲ့၏
-၂၀၁၈ ခုတွင် ဟာဂ်ျအေးဂျင့်များက အဆမတန်ငွေကြေးတောင်းခံခြင်း၊ ကောင်းမွန်စွာ ဝန်ဆောင်မူမပေးဘဲ ရှောင်တိမ်းပျက်ကွက်ခြင်းများပြုလုပ်ခဲ့ရာ ဟာဂ်ျကူညီရေးအဖွဲ့(ဟာဂ်ျမစ်ရှင်)မှ ဝင်ရောက်ကူညီဖြေရှင်းပေးခဲ့သည်။ နိုင်ငံတော်အသိအမှတ်ပြု ဟဂျ်ကော်မတီတစ်ရပ် ပေါ်ပေါက်ဖို့အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုနမြို့ မဟာဗန္ဓုလပန်းခြံရှေ့၌ အစ္စလာမ်ဘာသာဝင်အချို့က ဆန္ဒပြတောင်းဆိုခဲ့ကြသည်။[၄]
-၂၀၂၀/၂၁ တွင် ကိုဗစ်ရောဂါကပ်ဘေးကြောင့် ဆော်ဒီအစိုးရမှ ကမ္ဘာလုံးဆိုင်ရာ ဟာဂ်ျခွဲတမ်းများလျော့ချခဲ့ရာ မြန်မာနိုင်ငံလည်း ခွဲတမ်းလျော့ချဖြတ်တောက်ခြင်းခံခဲ့ရ၏
- ၂၀၂၂ တွင် ဆော်ဒီသံရုံးမှ ဟာဂ်ျဗီဇာကို အွန်လိုင်းစနစ်ဖြင့် တိုက်ရိုက်လျောက်ခြင်းကို အတည်ပြုခဲ့ပြီး မြန်မာအတွက်ခွဲတမ်း ၂၀၁၀ ဦးကိုအတည်ပြုကြောင်း ကြေငြာခဲ့ပြီး သာသနာရေးဝန်ကြီးဌာနသို့လည်း အကြောင်းကြားခဲ့ရာ ယခုနှစ် ၂၀၂၂ အတွက် မြန်မာဟာဂျီ (၂၁၀၀) ဦးရေစေလွှတ်ရန် သဘောတူကြောင်း ညွန်ကြားရေးမှုးချုပ်(ပြန့်/တည်)မှ ပြန်လည်အကြောင်းကြားခဲ့၏
ကိုးကား--
Historical Facts of Muslim in Myanmar
(Timeline 1909-2019)
Kyaw Nay Min( Myo Pya)
![]() |
| မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော် မက္ကာမြို့တော်ရှိ ရိုဘသ်ခေါ် ဒေါင်းဇရပ်ကြီး |
(မှတ်ချက်)
(၁)
မြန်မာဘုရင်များလက်ထက်ကတိုင် မြန်မာမွစ်စလင်များ ဆော်ဒီအာရေဗျသို့ ဟာဂ်ျပြုမူများရှိခဲ့ရာ မင်းတုန်းမင်းနှင့် မြန်မာပြည်သူများစုပေါင်းလှူဒါန်းထားခဲ့သော ဘရာမာရိုဘတ် ခေါ် ဒေါင်းဇရပ်ကြီး သည်ထင်ရှားလှစွာသောအထိမ်းအမှတ်တခုဖြစ်ခဲ့၏။ ထိုနေရာ ပြန်လည်ရရှိရေးကို ခေတ်အဆက်ဆက်ခေါင်းဆောင်တို့ကြိုးပမ်းခဲ့သော်လည်း ယနေ့တိုင်အဖြေမရှိသေးချေ
(၂)
မြန်မာမွစ်စလင်တို့၏ ဟာဂ်ျပြန်လည်သွားခွင့်ရရေးအတွက် လူအင်အား ဥစ္စာဓန နှင့် ကိုယ်ရောစိတ်ပါကြိုးပမ်းခဲ့သည့် မမေ့အပ်သော ဂုဏ်ပြုထိုက်သော ပုဂ္ဂိုလ်ကား စိန်ကုန်သည် #ဟာဂျီမပျဉ်းမနားဒေါ်ပု ပင်တည်း ဒေါ်ပု၏ဦးနေဝင်းထံတိုက်ရိုက်တောင်းဆိုမှုသည် အလွန်ပင်အရေးပါခဲ့လေသည်
(၃)
၁၉၄၉ တွင် ဘားမားမွစ်စလင်လိခ်အဖွဲ့မှ မက္ကာဟ်မြို့ရှိ ဗိုင်တွလ်မာဟ် အဆောက်အအုံအတွက် ငွေကြေးလှူဒါန်းကျပါရန် ကြေညာချက်တခု ထုတ်ပြန်ခဲ့ရာ ဗမက (ဗမာမွစ်စလင်ကွန်ဂရက်)မှ အမျိုးသမီးခေါင်းဆောင် ဝဏ္ဏကျော်ထင်ဒေါ်စောရွှေက မြန်မာ့ငွေကြေးကိုတိုင်းတပါးတွင် မသုံးဖြုန်းသင့်ဟု ကန့်ကွက်ခဲ့ရာ မွစ်စလင်လောကတွင် ပွက်လောရိုက်ခဲ့ကြသည် ယခု စကစ လက်ထက် ၂၀၂၂ ဟာဂ်ျကိုလည်း ငွေးကြေးပြသာနာကြောင့် ဆိုင်းငံပါရန် ဦးဌေးအောင် (orchid) မှ သာသနာရေးဝန်ကြီးဌာနသို့ အိတ်ဖွင့်ပေးစာကို မေ၂၀နေ့က လူမှုကွန်ယက်ပေါ်တွင် တင်ခဲ့ရာ မြန်မာပြည်အစ္စလာမ်ဘာသာဝင်တို့အကြားတွင် အုတ်အော်သောင်းနင်းဖြစ်ခဲ့ရပြန်သည်
[ကျော်နေမင်း (မြို့ပြ) ၏ ဆောင်းပါးကို တည်းဖြတ်ဖြည့်စွက်]
မြို့တည်နှစ်တစ်ရာပြည့်အထိမ်းအမှတ်
(၈၉၆ - ၁၉၉၆) ပြင်ဦးလွင်၊ မဂ္ဂဇင်း
ပြင်ဦးလွင်ရွာ၊ (၄) ရပ်ရှိပသိ-မင်းမှုထမ်းများ ဝတ်ပြုရန် အတွက်ဗြိတိသျှ-အင်္ဂလိပ်စစ်တပ်များက မသိမ်းမှီ (၁၈၈၆) ခုနှစ်တွင် မင်းမှုထမ်း ဗိုလ်ဘိုးကာ မှ ထရံကာ-ဝါကပ်ဝိုဗလိတလုံးတည်ဆောက်ပေးထား ခဲ့သည်။
ပြင်ဦးလွင်ရွာကို မေမြို့ဟုအမည်ပြောင်းလဲ၍၊ ဘုရင်ခံနားခိုရာတောင်စခန်းမြို့တည် ဆောက်ရာ၌၊ တည်ဆောက်ရေးလုပ်ငန်းကို အိန္ဒိယနွယ်ဖွားများရောက်ရှိလာ၍၊ ဗိုလ်ဘိုး ကာနှင့် ပူးပေါင်းကာမူလပလိအနောက်ဘတ်တွင် အုတ်တိုက်အသစ်တလုံး (၁၉၀၃) ခုနှစ် တွင် ထပ်မံတည်ဆောက်ခဲ့ရပြန်သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မှီပလိရံပုံငွေတိုးတက်ရေးအတွက် (၁) ရပ်လွတ်နေ ဘန်ဂါ လီနွယ်ဖွား ဆရတ်ကရာဝတ်အလိမှ ဦးဘိုးကာအား၊ ၎င်းဆောက်ထားသည် ပလိမြေနေရာ တွင် (၂) ထပ်တိုက်ဆောက်ရန်သဘောတူညီချက်ရရှိခဲ့သည်။ ၎င်းသဘောတူညီချက်ကို ဆရတ်ကရာမတ်အလိ၏သား ဗိုလ်မှူးထွန်အောင်သန်းလက်ထက်တွင် (၁၉၆၂) ခုနှစ်မှ အကောင် အထည် ဖေါ်နိုင်ခဲ့သည်။
ပလိပုံစံ ဒီဇိုင်းရေးဆွဲပေးသူက မေမြို့၊ စစ်အဂျင်နီယာတပ်ရင်းတပ်ရင်းမှူး၊ ဗမာ၊ ဗုဒ္ဓဘာသာဒုဗိုလ်မှူး ကြီးသိန်းဝင်း၊ ဗိုလ်မှူးထွန်အောင်သန်း မျိုးနွယ်စုများတငွေကြေး နှုတ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းကို ဟာဂျီ ဦးထွန်းမြင့် (ဟာဂျီမ ဒေါ်ဝင်းနီမြင့်၏ ဖခင်) ၊ (ဦးလေး) ဦးစိုးမြင့်(Golf) နှင့် အနုပညာသည် အဇစ်ခေါ် ခင်မောင်စိုးတို့ကကြီးကြပ်၊ ကွပ်လဲ တည်ဆောက်ခဲ့သည်။ ဆောက်လုပ်ရေးပစ္စည်း၊ အစိုးရဈေးနှုန်းဖြင့်ရရှိရန်တုန်ပြုနေ မေမြို့သား၊ ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးဗိုလ်မှူးဘနိမှ အစိုးရဈေးနှုန်းကူညီခဲ့သည်ဖြင့်
ဟာဂျီ ဦးဘဖေနှင့် ဟာဂျီ ဦးသန်းညွှန့် တို့ ပစ္စည်းများတူညီထုတ်ယူပေးခဲ့သည်။ ပြင်ဦးလွင်မြို့တွင် အစ္စလာမ်ဘာသာဝင်များအတွက် ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းတဲ့ကြီး ကျယ်ခန့်ညားသည့် မွန်နာရတ်မျှော်စင်ပလိကြီး (၁၉၇၂) ခုနှစ်တွင် ပြီးစီးပေါ်ပေါက်ခဲ့သည်။
ရက်စွဲ။ ၅ - ၈ - ၂၀၂၀
ခင်မောင်သန်း (ငြိမ်း) မှတ်တမ်းတင်သူ
[Unicode]# ၁၉၉၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ရခိုင်ပြည်နယ်က မွတ်စလင်များကို အခြားလူမျိုးစုနဲ့တန်းတူ တိုင်းရင်းသား အီစ္စလာမ်ဘာသာဝင် ဟု သုံးနှုန်းခဲ့ကြောင်း အထောက်အထား
ဟာဂျီလောင်းများ ဟဂ်ျပြုလုပ်ရန် မက္ကာမြို့သို့ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာသွားကြခြင်း
ရန်ကုန်၊ ဇွန် ၁၉။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ဟဂ်ျပြုလုပ်ရန်စေလွှတ်ခြင်းခံရသော တိုင်းရင်းသား အိစ္စလာမ်ဘာသာဝင် မြန်မာဟာဂျီလောင်းများသည် ဆော်ဒီအာရေဗီးယားနိုင်ငံ၊ မက္ကာမြို့သို့ ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်လေဆိပ်မှ မြန်မာ့လေကြောင်းဖြင့် ထွက်ခွာသွားကြသည်။
ဟဂ်ျပြုလုပ်ရန် ထွက်ခွာသွားကြသော ဟာဂျီလောင်းများမှာ-
ကချင်ပြည်နယ်မှ (၂) ဦး၊
ကယားပြည်နယ်မှ (၂) ဦး၊
ကရင်ပြည်နယ်မှ (၆) ဦး၊
ချင်းပြည်နယ်မှ (၁) ဦး၊
စစ်ကိုင်းတိုင်းမှ (၈) ဦး၊
တနင်္သာရီတိုင်းမှ (၂) ဦး၊
ပဲခူးတိုင်းမှ (၈) ဦး၊
မကွေးတိုင်းမှ (၅) ဦး၊
မန္တလေးတိုင်းမှ (၃၅) ဦး၊
မွန်ပြည်နယ်မှ (၉) ဦး၊
ရခိုင်ပြည်နယ်မှ (၂၀) ဦး၊
ရန်ကုန်တိုင်းမှ (၃၆) ဦး၊
ရှမ်းပြည်နယ်မှ (၉) ဦး၊
ဧရာဝတီတိုင်းမှ (၇) ဦး၊
တို့ဖြစ်ပြီး၊ အမျိုးသား (၁၀၈) ဦး၊ အမျိုးသမီး (၄၂) ဦး စုစုပေါင်း ၁၅၀ ဦး တို့ဖြစ်ကြသည်။
အထက်ဖော်ပြပါ လုပ်သားပြည်သူနေ့စဉ် သတင်းစာ၊ စာမျက်နှာ ၁၁ တွင် ရခိုင်ပြည်နယ်မှ ဟဂ်ျခရီးထွက်ခွာသော တိုင်းရင်းသားမွတ်စလင် (၂၀)ဦးမှာ အခြားမဟုတ် ရခိုင်မွတ်စလင်များဖြစ်ကြသော ရိုဟင်ဂျာနှင့် ကမန်များသာ ဖြစ်ပါသည်။ ဤသည်မှာ မဆလခေတ် နောက်ပိုင်းမှာတောင် ရိုဟင်ဂျာများကို တိုင်းရင်းသားအဖြစ် သုံးနှုန်းခဲ့ကြောင်း ခိုင်လုံသော အထောက်အအထား ဖြစ်ပါသည်။
ကိုးကား-
လုပ်သားပြည်သူ့နေ့စဉ် | ၂၀-၆-၉၀ | စာမျက်နှာ- ၁၁ ။
[Zawgyi]# ၁၉၉၀ ပြည့်နှစ် ဇွန်လ ၂၀ ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် ရခိုင်ပြည်နယ်က မွတ်စလင်များကို အခြားလူမျိုးစုနဲ့တန်းတူ တိုင်းရင်းသား အီစ္စလာမ်ဘာသာဝင် ဟု သုံးနှုန်းခဲ့ကြောင်း အထောက်အထား
ရန်ကုန်၊ ဇွန် ၁၉။
ကချင်ပြည်နယ်မှ (၂) ဦး၊
ကယားပြည်နယ်မှ (၂) ဦး၊
ကရင်ပြည်နယ်မှ (၆) ဦး၊
ချင်းပြည်နယ်မှ (၁) ဦး၊
ပဲခူးတိုင်းမှ (၈) ဦး၊
မကွေးတိုင်းမှ (၅) ဦး၊
မန္တလေးတိုင်းမှ (၃၅) ဦး၊
မွန်ပြည်နယ်မှ (၉) ဦး၊
ရခိုင်ပြည်နယ်မှ (၂၀) ဦး၊
ရန်ကုန်တိုင်းမှ (၃၆) ဦး၊
ရှမ်းပြည်နယ်မှ (၉) ဦး၊
ဧရာဝတီတိုင်းမှ (၇) ဦး၊
ကိုးကား-
(ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဂိုဏ်းချုပ် ဓမ္မဝိဟာရီ ဦးဉာဏ၏ ကိုယ်ရေးအကျဉ်း)
► အမည် – ဓမ္မဝိဟာရီ ဦးဉာဏ
► အသက် – ၇၂ နှစ်
► နိုင်ငံသားစိစစ်ရေးလက်မှတ်အမှတ် – ၁၂/ဥကမ (နိုင်) ၁၈၂၀၀၀
► ကိုးကွယ်သည့်ဘာသာ – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ
► အလုပ်အကိုင် – ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ ဆည်းကပ်လေ့လာကြသူများအား ဆုံးမသြဝါဒပေးခြင်း။
► နေရပ်လိပ်စာ– (၁) အမှတ် ၂၀၊ မိုးပြာခြံ၊ သစ္စာပန်းလမ်း၊ မြဥယျာဉ်၊ (ဌ} ရပ်ကွက်၊ မြောက်ဥက္ကလာပ၊ ရန်ကုန်တိုင်းနှင့်
(၂) အနုပါဒါယဉ်ကျေးမှုတရားဌာန၊ မိုးပြာခြံ၊ ရန်ကင်းတောင်ခြေ၊ ကျီကုန်းစု၊ ပုသိမ်ကြီးမြို့၊ မန္တလေးတိုင်း။
► မိဘအမည် – ဦးမြဒင် + ဒေါ်လှထွန်း
► မွေးသက္ကရာဇ်– ၁၃၀၀ ပြည့်နှစ်၊ နယုန်လဆန်း ၃ ရက်၊ အင်္ဂါနေ့။
► မွေးရာဇာတိ – ဂေါင်းကွဲကျေးရွာ၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်၊ မကွေးတိုင်း။
► လူမျိုး – မြန်မာ
► အရပ် – ၅ ပေ၊ ၅ လက်မ
► ထင်ရှားသည့်အမှတ်အသား – ညာဘက္နႈတ္ခမ္းအထက္မွဲ့ရွိ။
► ပညာသင်ရာဌာန –ဂေါင်းကွဲရွာတောင်ကျောင်း။
► ကိုရင်ဝတ်သည့်နှစ် – ၁၃၁၄ ခုနှစ်
► ကိုရင်ဝတ်ရာဌာန – ဂေါင်းကွဲရွာတောင်ကျောင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူခရိုင်။
► ကိုရင်ဥပဇ္ဈာယ်ဆရာတော် – ဆရာတော် ဦးပညာ
► ရဟန်းခံသည့်နှစ် – ၁၃၁၉ ခုနှစ်
► ရဟန်းဥပဇ္စျာယ်ဆရာတော် – ဆရာတော် ဦးပညာ
► ပိဋကတ်စာပေသင်ယူရာဌာန – မစိုးရိမ်တိုက်၊ ဂန္ထဓူရကျောင်း။
ငယ်၊ လတ်၊ ကြီးအောင်ဌာန – မစိုးရိမ်ကျောင်းတိုက်
► စာချတန်းစာဝါလိုက်ဌာန – မိုးကောင်းကျောင်းတိုက်၊ ဒေးဝန်းကျောင်း (စာချတန်းမပြီးပါ)
► သင်ကြားပေးသည့် ဆရာတော်များ – မစိုးရိမ်တိုက်နှင့် မိုးကောင်းတိုက် ဆရာတော်များ၊ တောင်သမန်တိုက်ဆရာတော်များ။
► စာသင်နှစ် – အသက် ၂၅ နှစ်၊ ၅ ၀ါထိ။
► တောကျောင်းထွက်နေသည့်နှစ် – အသက် ၂၅ နှစ်မှအထက်။
► တောကျောင်းနေရာဌာန– ရှင်မတောင်ရွာတောကျောင်းနှင့်
မင်းကွန်းစံတော်မူတောင်နှင့်ရွှေမြင်တောင်၊ (အရှေ့ရိုးမ အခြေ)၊
ငွေတောင်နှင့် မိုးပေါက်ကျချောင်။
► လက်ရှိနေရာ၌စတင်နေသည့်နှစ် – ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယနေ့အထိ။
► ဘာသာပြောင်းသည့်နှစ် – ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်၊ ည ၁၀ နာရီ၊ မိနစ် ၃၀။
► ဘာသာပြောင်းရသည့်အကြောင်း – ထေရဝါဒ၌နေစဉ် ထေရဝါဒလက်ခံကျင့်သုံးနေသော ရှေးဘဝ၊ ခုဘဝ၊ နောင်ဘဝ အယူများသည်ဘုရားဟောနှင့်မညီ၊ ဘုရားရှင်မယူသော မိစ္ဆာဒိဋ္ဌိအယူများဖြစ်နေကြောင်း၊ နိုင်ငံတော် သံဃ မဟာနာယကထံသို့တင်ပြ၍ တရားစွဲသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကိုင်းတိုင်း သာသနာရေး ဦးစီးမှူးက စတုတ္ထပါရာဇိကဖြင့် ပြန်လည်တရားစွဲခဲ့ပြီး ဗဟိုဝိနိစ္ဆယထိ တရားရှုံးသောကြောင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ရဟန်းအဖြစ်ကို စွန့်လွှတ်ရသည်။ မိုးပြာဂိုဏ်းထောင်၍ ဆည်းကပ်သူများအား ဆုံးမလမ်းညွှန်နေခြင်းဖြစ်သည်။
ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာအမည်ခံ ဘာသာရေးဂိုဏ်းကြီး၏ ထေရဝါဒနှင့် လုံးဝဆန့်ကျင်သော အယူဝါဒအချို့...
(၁) အဘိဓမ္မာပိဋကတ်ကို ဘုရားဟောမဟုတ်ဟု ယူကြသည်။
(၂) ပိဋကတ်သုံးပုံတို့သည်လည်း ဘုရားဟောအစစ် မဟုတ်ကြဟု ယူကြသည်။
(၃) ရှေ့ဘဝ၊ နောက်ဘဝမရှိဟု ယူကြသည်။
(၄) ကံနှင့် ကံ၏အကျိုးမရှိဟု ယူကြသည်။
(၅) သုံးဆယ့်တစ်ဘုံမရှိဟု ယူကြသည်။
(၆) ဗြဟ္မာ၊ နတ်၊ ငရဲသားစသူတို့သည် လူကောင်ဖြစ်ခိုက်
လူကောင်၏ပုံကြီးမျှသာဖြစ်သည်ဟု ယူကြသည်။
(၇) ဘုရားရှိခိုးခြင်း၊ ဆင်းတုတော်ပူဇော်ခြင်း၊ ဥပုသ်စောင့်ခြင်းစသည် တို့ကိုမပြုသင့်ဟု ယူကြသည်။
(၈) နိဗ္ဗာန်နှင့် သံသရာကို အယုံအကြည်မရှိဟု ယူကြသည်။
(၉) လူအစစ်သည် လူသာဖြစ်သည်။ မူလခန္ဓာဖြစ်သည်။ ၎င်းကို တရားမရှုရ၊ ရှုလျှင်တရားမဟုတ်ဟု ယူကြသည်။
(၁၀) သမထ၊၀ိပဿနာ ဘာဝနာတို့ကို ဘာဝနာမဟုတ်ဟု ယူကြသည်။
(၁၁) ပရမတ္ထတရားတို့ကို အယုံအကြည်မရှိဟု ယူကြသည်။
(၁၂) ကုသိုလ်ကောင်းမှုတို့ကို မပြုကောင်းဟု ယူကြသည်။
(၁၃) လူအစစ်ဖြစ်သော မူလခန္ဓာပေါ်တွင် စွဲထင်တွယ်ကပ်လာသည့် ဥပါဒါန်နှင့် ခန္ဓာအရိပ်တုတို့ကို ပယ်ခွာနိုင်လျှင်တရားဖြစ်သည်။ အရိယာဖြစ်သည်ဟု ယူကြသည်။
(၁၄) ပိဋကတ်ဒေသနာတို့ဖြင့် လူတို့ကိုလှည့်စား၍ မိမိတို့ဂိုဏ်းအတွင်း သိမ်းသွင်းကြရမည်ဟု ယူကြသည်။ ကာမရာဂကို အားပေးကြရမည်ဟု ယူကြသည်။
(၁၅) မာရ်နတ်ဆိုသည်မှာ သီးခြားနတ်ဘုံမှ နတ်မဟုတ်ဟု ယူကြသည်။
(၁၆) ဗြဟ္မာဆိုသည်မှာ သီးခြားဗြဟ္မာဘုံမှ ဗြဟ္မာမဟုတ် လူသာဖြစ်သည်ဟု ယူကြသည်။
(၁၇) ထေရဝါဒဗုဒ္ဓဘာသာတို့သည် အာကာသ ခေါ် နတ္ထိဘာဝကို နိဗ္ဗာန်ဟု ထင်မှတ်မှားသူများဖြစ်ကြသည်ဟု ကျောက်သင်္ဘော၀ါဒဖြင့် ထေရဝါဒဗုဒ္ဓဘာသာတို့ကို စွပ်စွဲကြသည်။
(၁၈) မိမိကိုယ်တိုင် သိမြင်ခြင်းဖြင့်သာ အသိအမြင်ပြည့်စုံသည်ဟု ယူကြသည်။
(၁၉) သိဒ္ဓတ္ထဘဝမှ ဗုဒ္ဓဘဝသို့ တိုးတက်လာခြင်း၊ ဘုရားအသိဉာဏ်ရရှိလာခြင်းသည် ဘာမှမလုပ်ဘဲ သာမန်လူလိုနေခြင်းကြောင့် ရသည်ဟု ယူကြသည်။
(၂၀) လေးသင်္ချေကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်လာရသော ဗုဒ္ဓကို မိစ္ဆာဗုဒ္ဓဟု ယူကြသည်။
Copy from Soe Thuzar
" အမရပူရရောက် အာရကန်မွတ်စလင်များနဲ့ ရွှေဘုန်းရှိန်ဗလီ "
ရွှေဘုန်းရှိန်ဗလီသည် ဘိုးတော်ဘုရားလက်ထက်တွင် အာရကန်မွတ်စလင်များ တည်ဆောက်ခဲ့သော ရှေးဟောင်းသမိုင်းဝင် ဝတ်ပြုကျောင်းတစ်ကျောင်းဖြစ်သည်။
ယနေ့တိုင် ထိုဗလီ၏ ဝိုဇူရေကန်ဘေးမှာ ခင်းထားတဲ့ တာရာဇိုတွေက ယခင် မန္တလေးဈေးချို ၁၂ ရုံမှာ ခင်းထားခဲ့သည့် တာရာဇိုတွေ အတိုင်း မပျက်မစီးအကောင်းပကတိ တွေ့ရှိရသည်။
အုတ်နဖူးစည်းမှာထိုးထားသည် ခုနှစ်မှာ ၁၉၂၄ ခုဟု ရေးထွင်ထားသဖြင့် ယခုနှစ်ဆိုလျှင် နှစ်တစ်ရာပြည့်ဖို့ ၁ နှစ်ပဲလိုတော့သည်။ ဗလီကြီးကလည်း အုတ်ထုထည်ကောင်းကောင်းနဲ့ ဆောက်ထားခဲ့သဖြင့် အခုထိ ခန့်ထည်စွာ ရှိနေပြီး ဗိသုကာလက်ရာက ကိုလိုနီခေတ်လက်ရာဖြစ်ပါသည်။
ဝိုဇူရေကန်၏အနက်က မန္တလေးပတ်ဝန်းကျင်မှာ ရှိသော ဗလီဝိုဇူရေကန်များထဲမှာ အနက်ဆုံးဖြစ်မည်ဟု ထင်ရသည်။ အနက် ၅ ပေကျော်လောက်ရှိပါသည်။
ရွှေဘုန်းရှိန်ဗလီကြီးက မန္တလေးမြို့သက်တမ်းထက် ၇၄ နှစ်စောပြီး တည်ရှိနေခဲ့သဖြင့် အခုဆိုလျှင် သက်တမ်း ၂၃၈ နှစ် ရှိနေပါပြီ။
ဗလီ၏သမိုင်းရာဇဝင်က ၁၇၈၄ ခုနှစ်မှာ ဘိုးတော်ဗဒုံမင်းက သူ၏သားတော် အိမ်ရှေ့စံရွှေတောင်မင်းကို ဓညဝတီရခိုင်ပြည်ကို သွားရောက်သိမ်းယူစေခဲ့ရာက မဟာမုနိရုပ်ရှင်တော်နှင့် တကွ ရခိုင်ပညာရှင်သုံ့ပန်း သုံးသောင်းကျော်ကို အမရပူရနေပြည်တော်သို့ ခေါ်ဆောင်လာခဲ့ရာ အစ္စလာမ်ဘာသာဝင် လေးသည်တော်၊ ပန်းပုပညာရှင်၊ ကျောက်ဆစ်ပညာရှင် တစ်ထောင်ကျော်လည်း ပါလာခဲ့ကြပါသည်။
အမရပူရနေပြည်တော်၏ မြောက်ဘက် ယခု မန္တလေး မတည်ရသေးသည့်နေရာမှာ ဘုရားကြီးကို တည်ထားခဲ့ပါသည်။
အစ္စလာမ်ဘာသာဝင် ပန်းပုပညာရှင်များနဲ့ လေးသည်တော်များကိုလည်း ဘုရားနှင့် အနီးတဝိုက်မှာ နေရာချပြီး နေစေခဲ့ပါသည်။
ဘုရားကြီးဆောက်လုပ်နေစဉ် ဘိုးတော်ဘုရားက လာရောက်ကြည့်ရှု့ရာ အာရကန်မှ ခေါ်ဆောင်လာသည့် တပ်မှူးဉီးရွှေအိုးအား မတွေ့ရသဖြင့် မေးမြန်းခဲ့ရာမှ ဦးရွှေအိုး ပြန်ရောက်လာ၍ မိမိတို့ အစ္စလာမ်ဘာသာဝင်များ အနေဖြင့် နေ့စဉ် တစ်နေ့ ငါးကြိမ်ဝတ်ပြုရကြောင်း၊ ဝတ်ပြုသောအခါ အမျိုးသားများမှာ ဝတ်ပြုကျောင်းတော်များတွင်လည်းကောင်း၊ အမျိုးသမီးများမှာ မိမိတို့နေအိမ်များတွင်လည်းကောင်း ဝတ်ပြုရသဖြင့် အမရပူရဘက်သို့သွားရောက်ဝတ်ပြုနေကြောင်း သံတော်ဦးတင်လျှောက်ထားခဲ့ပါသည်။
ဘိုးတော်ဘုရားကလည်း ဝတ်ပြုရာတွင် နှောင့်နှေးကြန့်ကြာမှု မဖြစ်စေရန် ဘုရားကြီး၏မြောက်ဘက် မြင်းဝန်မင်းကြီးတိုက်၏ တောင်ဘက် သင့်မြတ်ကောင်းမွန်သောနေရာတွင် ဝတ်ပြုကျောင်းတစ်ဆောင် ဆောက်လုပ်ခွင့်ပြုခဲ့ပြီး ဉီးရွှေအိုး နှင့် အမှုထမ်းများအား ရွေးချယ်၍ ဘုရားကြီး၏ ရွှေတံခါးသော့ကိုင် ရာထူးဂုဏ်ထူးများပေးအပ်ခဲ့ပါသည်။
ဘုန်းရှိန်ဝါ ကြီးမြတ်သောသူတို့အတွက် ဝတ်ပြုရာနေရာဖြစ်၍ ရွှေဘုန်းရှိန်ဗလီ အမည်နာမဘွဲ့တော်ကို ဘုရင်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့သည်ဟု ဆိုသည်။
ဘုရားကြီးစောင်းတန်းများမှာလည်း ထီးခရိုင်ကုန်သည်များ၊ နံ့သာဖြူကုန်သည်များ၊ အမွှေးတိုင်ကုန်သည်များအဖြစ် ဘုရင်အဆက်ဆက် အသိအမှတ်ပြုခဲ့၍ ရောင်းဝယ်ဖောက်ကားခဲ့ကြပါသည်။
ပထမဆောက်လုပ်ခဲ့သော ဝတ်ကျောင်းတော်မှာ ဝါးဗလီဝတ်ကျောင်းတော်သာ ဖြစ်ခဲ့သည်။
ရွှေဘုန်းရှိန်ဗလီ နှင့်အတူ တည်ဆောက်ခဲ့သော ဗလီများမှာ ကံရွာဗလီ၊ သိုးခြံရွာဗလီ၊ တောင်မြင့်ဗလီ၊ ဝေသာလီဗလီများ ဖြစ်ခဲ့သည်ဟု မှတ်တမ်းများမှာ တွေ့ရပါသည်။
မဟာမုနိဘုရားကြီးနှင့် ရွှေဘုန်းရှိန်ဗလီ တို့ကနေ မြောက်ဘက်ကို ဆက်သွားလျှင် အမရပူမြောက်ပြင်သုသာန်ကို ရောက်သည် (အခု အ.ထ.က ၁၃ ကျောင်း နေရာတဝိုက်)။ ရွှေဘုန်းရှိန်ဗလီ ဝင်းအတွင်း ရခိုင်နောက်ဆုံးဘုရင်၏ ဂူလည်း တည်ရှိခဲ့သည်ဟုဆိုသည်။
ရခိုင်နန်းကျဘုရင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား အမရပူရသို့ ရောက်ရှိစဉ်က ဘုရင်အား ညီတော် ပခန်းမင်းသား၏ နေအိမ်တွင် နေထိုင်စေပြီး ဘုရင်၏ တန်ဆောင်မိဖုရားကြီး မြသန္တာ၏ အလှအပကို ရစ်မူးသော ပဒုံးမင်းက မိဖုရားကို သိမ်းယူပြီးနောက် ဘုရင်သည် မဟာမုနိဘဏ္ဍာတိုက်ကိုစောင့်ရသော ရွှေဘုန်းရှိန်ရွာ၊ ခိုင်ရွာရှိ လေးသည်တော်တပ်မှူးများ၏ နေအိမ်သို့ ပြောင်းရွှေ့နေထိုင်ရာက ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ (မွန်းတည့်နေ စာစောင် အတွဲ (၁)၊ အမှတ်စဉ် (၄၈)၊ ၂၄-၁၁-၂၀၁၃ ရက်နေ့ထုတ် မောင်ကြော့ဦး၏ ဆောင်းပါးကို ကြည့်)
ဘုရင် အာမာတုလ္လာရှား ကွယ်လွန်သည့်အခါ ထို ရွှေဘုန်းရှိန် ဗလီဝင်းအတွင်း သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၃ ခု ရွှေဘုန်းရှိန်ဗလီ ထပ်မံ မီးသင့်ခံရာတွင် ဘုရင်အာမာတုလ္လာရှား၏ ဂူလည်း မီးထဲပါသွားခဲ့လေသည်။ ၄နောက်ပိုင်းတွင် မဟာသမ္မတရာဇာ ခေါ် အာမာတုလ္လာရှား၏ ရာဇာဝင် အတ္ထုပ္ပတ္ထိကို ကျောက်စာတိုင်ဖြင့် ကမ္ပည်းထိုးထားခဲ့သည်။ (The Burmanization of Myanmar Muslims By Jean A. Berlie, စာမျက်နှာ ၅၁ တွင်ကြည့်)
မင်းတုန်းမင်းလက်ထက် မန္တလေးမြို့တည်ပြီးသည့်အခါ မန္တလေးမြို့နယ်နိမိတ်ထဲကို ရောက်ရှိခဲ့ပြီး သီပေါမင်း လက်ထက် ၁၈၇၉ ခုနှင့် ၁၈၈၄ ခုတို့မှာ မဟာမုနိဘုရားကြီးနှင့်အတူ မီး ၂ ကြိမ် သင့်ခဲ့ပါသည်။
၁၈၈၅ ခုမှာ ကျွန်းပျဉ်ထောင်ဗလီအဖြစ်ဆောက်ခဲ့ရာမှ နှစ်ကာလကြာမြင့်လာပြီး ပျက်စီးယိုယွင်းခဲ့၍ ၁၉၂၁ ခုမှာ အခုလက်ရှိ အုတ်ဗလီကြီးကိုစတင်အုတ်မြစ်ချ တည်ဆောက်ခဲ့ကြရာ ၁၉၂၄ ခုမှာ အလုံးစုံပြီးစီးခဲ့ပါသည်။
၁၉၄၂ ခု ဒုတိယကမ္ဘာစစ်မီးက ကင်းလွတ်ခဲ့၍ နှစ်ပေါင်း ၉၉ နှစ် ထုထည်ခိုင်မာစွာ ရှိနေခဲ့ပြီး အခုနောက်ပိုင်း ဂျမာအတ်အင်အားနည်းပါးလာည်ကိုလည်း ဝမ်းနည်းစွာတွေ့ရမြင်ရပါသည်။
ဗလီကြီး၏ အရှေ့ဘက်မှာ အာရကာနီမွတ်စလင်တို့၏မျိုးဆက်များ အစဉ်အဆက်နေထိုင်ခဲ့ကြပြီး လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်လောက်ကဖယ်ရှားခံခဲ့ရပါသည်။
ရှေးမြန်မာမွတ်စလင်များ နှစ်ပေါင်းရာနှင့်ချီပြီး မျိုးစေ့ချပေးခဲ့၍ ဝတ်ပြုခဲ့ကြသည့် ရှေးဗလီကြီးကို သွားရောက်ဖူးမော်လေ့လာသင့်ပါသည်။
— RK
မှတ်ချက် ---
ဟာဂျီထက်နောင်ဉီး( စိန်နီ) ၏ ပို့စ်နှင့် ထပ်မံတည်းဖြတခဲ့သည်။
[၁၉၂၆-၂၀၂၀]
စစ်တွေမြို့၏ အထင်ကရ အာလင်မ်ပညာရှင် ဆရာကြီး မော်လာနာ ဇီယာဘွလ်ဟောက် သည် ၂၀-၁-၁၉၂၆ ခု တနင်္လာနေ့တွင် ကျောက်တော်၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ ကာဇီ အိုဘိုက်ဒူလ္လာဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဘုရင်လက်ထက် အလွန်ထူးချွန် ကျော်ကြားခဲ့သည့် ရွှေဓားကာဇီ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အာရကန်ပြည်မှ စာဆိုတော်၏ မျိုးဆက်လည်း ဖြစ်သည်။ ဆရာကြီးသည် သာသနာ့ပညာကို အိန္ဒိယ မဇ်ဟဲရ် အာရဗီတက္ကသိုလ်မှ သင်ယူခဲ့သည်။ မိမိဇာတိမြေသို့ ပြန်လာ၍ ပြည်သူ့အကျိုး၊ သာသနာ့အကျိုး၊ နိုင်ငံအကျိုးတို့ကို ဘဝသက်တမ်းတလျှောက် ထမ်းရွက်သယ်ပိုးခဲ့သည်။
ဆရာကြီးသည် စစ်တွေမြို့၊ Soduro Bor Mosit အမည်ရ သမိုင်းဝင် ရှေးဟောင်း မြို့မ ဗလီကြီး၏ အီမာမ်ဆွာပ်ကြီး (Imam uz Zaman)၊ အီစ္စလာမ်သာသနာရေးကောင်စီ ပြည်နယ် ဓမ္မသတ်မှူးနှင့် ဒု-ဥက္ကဌဟောင်း၊ ဂျမီယာ အာလီယာ ကျောင်းတော်ကြီး (ဖောက်တော်လီ - နာဇီ)၏ ကျောင်းအုပ်ကြီးဟောင်းနှင့် ဥက္ကဌ၊ ကျောက်တော် ဒါရူလ်အူလုမ်၏ နာယက စသည်ဖြင့် ရာထူးတာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။ အမျိုးသားရေးနှင့် နိုင်ငံရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

ဆရာကြီးသည် ဗမာစကား အပြင် အာရ်ဗီ၊ အူရ်ဒူ၊ အင်္ဂလိပ်၊ မလေး နှင့် ဘင်္ဂလား စသော ဘာသာစကားများစွာကို ကျွမ်းကျွမ်းကျင်ကျင် ရေးဖတ်ပြောတတ်သည်။ အုရ်ဒူဘာသာစကားသည် ဆရာကြီး၏ အိမ်သုံး ဘာသာစကားကဲ့သို့ အသုံးများလေသည်။
စစ်တွေမြို့နယ်၏ အသက်အကြီးဆုံး အာလိမ်နှင့် အထူးချွန်ဆုံး သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဆရာကြီး အာလ်ဟဂ်ျ အီမာမ် ဇီယာအုလ်ယာခ် (ရဟ)သည် စစ်တွေမြို့ လမ်းမကြီးရှိ မြို့မဂျာမေဗလီကြီးတွင် နှစ်ပေါင်းများစွာ အီမာမ်ရှေ့ဆောင်ဆရာအဖြစ် ခေသ်မော်လုပ်ရင်း ၁၆-၁၁-၂ဝ၂ဝ နေ့ ည ၁၂ နာရီကျော်တွင် မော်လိပ် ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားလေသည်။ ဆရာကြီးသည် ကွယ်လွန်သည့် အချိန်တွင် သက်တော် ၉၄ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးနှင့် သားသမီး၊ မြေးမြစ်တီး တို့နှင့် ညီငယ် မော်လနာ မိုက်ဘူလ်ဟောက်အပါအဝင် တပည့်ပေါင်းများစွာ ကျန်ရစ်ခဲ့သည်။
ဆရာကြီးကွယ်လွန်သွားသည်ကို ကြား၍ တပည့်ဖြစ်သူ အဗ္ဗဒူလ်မာဘူသ်က သီဆိုခဲ့သော ညည်းချင်းကို နားဆင်ကြည့်ပါ။
(နတ်မျက်စိ)
Ref: Al-Arakani
ဝါထဖို့လည်း အချိန်ရောက်ပါပြီ
တေးရေး - ဇေယျာကျော်ထင် ဗိုလ်မှူးကြီးဘရှင်
ကရုဏာတော် တိုးပါလို့ ၂
ရဟ်မသ်မိုးတွေရွာ
ဤရမဒွာန် အောင်စေကြောင်းလို့ ၂
ဒို့ ဆုမွန်တောင်း
သူတော်စင်အပေါင်းခင်ဗျား
ဝါထဖို့လည်း အချိန်ရောက်ပါပြီ
ရမဒွာန် ဆုမြတ်သည်
အိမ်ပေါက်စေ့လည်း ရပ်နားမည် ၂
စောင့်ထိန်းဖို့ နှိုးဆော်ပါသည်
ဝေနေယျအပေါင်းလည်း ငြိမ်းချမ်းစေရည်
သီလ၏အကျိုးမွန်သည်
သည်းခံသည် ချစ်ခင်
ခွင့်လွှတ်နှိမ့်ချနိုင်စေ
အို သီလလုပ်ငန်း လုံးပန်းဖို့ရာတိုက်တွန်းသည်
ဂျန္နသ်ဘုံနန်း ငြိမ်းချမ်းမှုမှာ
ဘယ်မဝေးတော့ပြီ ၂
ထလော့…ထလော့…
ဆွီယာ့မ်၏အကျိုးသည် မွန်မြတ်ပါလှသည်
ရှဖာအသ်ခရီးသည်
ဥပုဒ်ရှင်အတွက် ပွင့်လန်းသာယာမည်
သူတော်စင်အပေါင်းခင်ဗျား
ဝါထဖို့လည်း အချိန်ရောက်ပါပြီ
ရမဒွာန် ဆုမြတ်သည်
အိမ်ပေါက်စေ့လည်း ရပ်နားမည်
စောင့်ထိန်းဖို့ နှိုးဆော်ပါသည်
ဝေနေယျအပေါင်းလည်း ငြိမ်းချမ်းစေရည်
သီလ၏အကျိုးမွန်သည်
သည်းခံသည် ချစ်ခင်
ခွင့်လွှတ်နှိမ့်ချနိုင်စေ
အို သီလလုပ်ငန်း လုံးပန်းဖို့ရာတိုက်တွန်းသည်
ဂျန္နသ်ဘုံနန်း ငြိမ်းချမ်းမှုမှာ
ဘယ်မဝေးတော့ပြီ ၂
ထလော့…ထလော့… ၂
ဆွီယာ့မ်၏အကျိုးသည် မွန်မြတ်ပါလှသည်
ရှဖာအသ်ခရီးသည်
ဥပုဒ်ရှင်အတွက် ပွင့်လန်းသာယာမည်
ဝါနှိုးတေး ဇေယျာကျော်ထင် ဗိုလ်မှူးကြီးဘရှင်
*************************************
အမည်ရင်းမှာ စိုက်ယစ်ဂိုလမ်အလီရှား ဖြစ်သည်။ သာသနာနွယ်ဝင် သူတော်စင်တို့ ချီးမြှင့်သည့်ဘွဲ့မှာ ရှမ်စွလ်ဘရ်မာ (မြန်မာ့ဘာဏုရာဇာ) ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးက ကြည်ညိုလေးစားသည့် စာတော်ပြန် ဆရာကြီးခေါ် မိုးဆုပန် ဆရာတော် ကာဘွလ်မော်လ၀ီကြီးနှင့် အလွန်ခင်မင် ရင်းနှီးသူဖြစ်သည်။
ဘခင်ကြီးသည် အိန္ဒိယနိုင်ငံ ရှားဟ်ပူရ်မြို့သားဖြစ်သည်။ ဇာတိမြို့ အနီးရှိ ဘရွတ် အမည်ရှိ တောရွာကလေးတွင် မွဖ်တီအဟ်မဒ် ပီယာန်းထံ အူရဒူ၊ အရဗီ၊ ဖာရစီ အခြေခံပညာရပ်များကို ဆည်းပူးသည်။ ရှားဟ်ဝလီယွလ္လာဟ်သခင်၏ အနွယ်ဖြစ်သော ရှာဟ်အစ္စဟာက်ထံ သာသနာ့ ပညာကို အလယ် တန်းအောင်သည်အထိ ဆည်းပူးခဲ့သည်။
လူလားမြောက်သည်နှင့် ဗြိတိသျှပန်ချာပီ စစ်တပ်တွင် ဓမ္မဆရာအဖြစ် တာဝန်ယူဆောင်ရွက်သည်။ အင်္ဂလိပ်စစ်တပ်များ၊ မြန်မာပြည်သို့ ပြောင်းရွှေ့လာရာတွင် သခင်ကြီးသည် ပန်ချာပီစစ်တပ်နှင့်အတူ ပါလာသည်။ မန္တလေးမြို့ မျက်ပါးရပ်တပ်စခန်းရှိ ဗလီတွင် ရှေ့ဆောင်ဆရာအဖြစ် ဆောင်ရွက်သည်။ စခန်း၏ စစ်တန်းလျားတွင်နေသဖြင့် သခင်ကြီးကို စစ်တန်းမော်လ၀ီကြီးဟုခေါ်ကြသည်။ သခင်ကြီးသည် စစ်တပ်မှ ဓမ္မ ဆရာအဖြစ် နုတ်ထွက်ပြီး မန္တလေးမြို့ ၂၉ လမ်းရှိ၊ အိုးတော်ဗလီတွင် အီမာမ်ရှေ့ဆောင် ဆရာ အဖြစ် တာဝန်ယူခဲ့သည်။
သခင်ကြီး၏ အိမ်ထောင်ဘက်သည် အထက်မြန်မာနိုင်ငံ ဘုတ္ထောရွာသူ ဒေါ်သီဖြစ်သည်။ ဒေါ်သီ၏ ဖခင်သည် မြေထူးမြို့ သေနတ် စာရေးကြီး ဦးအဗ်ဒွလ္လာခေါ် ဦးပေါက်တူးဖြစ်သည်။ ဒေါ်သီ၏ဆွေမျိုးများ အများစုမှာ ကန့်ဘလူ နယ်တစ်ဝိုက်တွင်ရှိသည်။ မင်းပါးစိုးခွင် ထွက်ဝင် ခစားရသော သစ္စာတော်ခံများဖြစ်ကြသည်။ ဆရာကြီးနှင့် ဒေါ်သီတို့သည် မြန်မာ ဘုရင်မင်းမြတ် ဆောက်လုပ် လှူဒါန်းသော မန္တလေးမြို့၊ ကုလားပျိုရပ် ဗလီတွင်ထိမ်းမြား မင်္ဂလာဆောင်နှင်းခဲ့ကြသည်။
သခင်ကြီးတွင် သား ၇-ဦး ထွန်းကားသည်။ အဟ်မဒ်ရှား၊ ဟစံရှား၊ ဟူစိန်ရှား၊ ကာစင်မ်ရှား၊ ယူစွဖ်ရှား၊ အိုဗိုင်ဒွလ်လာရှားနှင့် အဗူဗကရ်ရှားတို့ ဖြစ်သည်။ သမီးများမှာ ငယ်စဉ်ကပင် ကွယ်လွန်ကြပြီး ၁၉၅၈ ခုနှစ်တွင် သား ၆-ဦး ကျန်သည်။
သားဦးဖြစ်သူ အဟ်မဒ်ရှားသည် ပန်ဂျပ်နယ်တွင် အလွန်နာမည်ကြီးသော တရားဟောပီရ် ဆရာဖြစ်သည်။ ခေါင်းဆောင်ကြီး မုဟမ္မဒ်အလီ ဂျင်းနားကဲ့သို့ ပုဂ်္ဂိုလ်ကျော်များကပင် ဆရာကြီး၏အိမ်သို့ လာရောက်တွေ့ဆုံသည်။ လေယာကတ် အလီခန်က ဆောက်လုပ်ပေးသော ဗလီကြီးတွင် သောကြာနေ့တိုင်း တရားဓမ္မဟောကြားသည်။ ပါကစ္စတန် သာသနာ့ ပညာရှင်များက ဆရာတင်ရသူဖြစ်သည်။ “ကုရ်အာန် ဟာဖစ်အရာတွင် မိမိထက် သာသည်။ အူရဒူ၊ ပန်ဂျာပီလို အဟောအပြောကို ပရိသတ်က ပိုမိုနှစ်သက်သည်။ အမြဲပင် ဇိကိရ်ဘာဝနာ စီးဖြန်းနေလေ့ရှိသည်။ ကရာမတ်(တန်ခိုး) လည်း စိတ်ရှိတိုင်းပြသည်။ နန်းရင်းဝန်မင်းသည်ပင် သူ၏မူရိဒ်ခံဖြစ်လေသည်”ဟု ညီဖြစ်သူ ဟစံရှားကဖော်ကျူးသည်။
စစ်တန်းသခင်ကြီး၏ ဒုတိယသားမှာ ဟစံရှားဖြစ်သည်။ ၉ နှစ်သား အရွယ်ကပင် ဟာဖစ်ဖြစ်သည်။ ပန်ဂျပ်ရှားဟ်ပူရ်တွင် ဟာဖစ်ဖတ်ရင်း ခေတ် ပညာသင် အင်္ဂလိပ်ကျောင်းတွင်လည်း ငါးတန်း စာမေးပွဲအောင်မြင်သည်။ ဖခင်ဖြစ်သူ သခင်ကြီး၏ဆန္ဒအရ သာသနာ့ပညာကိုသာ ပေါက်မြောက်အောင် သင်ယူသည်။ လူမျိုးဘာသာမရွေး စိတ်ဝင်စားဖွယ် ကောင်းအောင် ဟောပြောနိုင်စွမ်းသူအဖြစ် ထင်ရှားသည်။
သခင်ကြီး၏ တတိယသားဖြစ်သူ ဟူစိန်ရှားသည်လည်း ဟာဖစ်တစ်ဦးဖြစ်သည်။ မန္တလေး အိုးဘိုဗလီ၏ ရှေ့ဆောင် မော်လ၀ီကြီးလည်း ဖြစ်သည်။ စတုတ္ထသားသည် ကာစင်ရှား ဖြစ်သည်။ မိမိအစ်ကိုကြီး တာဝန်ယူထားသော ရှာဟ်ပူရ်မြို့ ဂျာမေဗလီကြီးတွင် ရှေ့ဆောင်ဆရာကြီး ဖြစ်သည်။ ပဉ္စမသားသည် အဆိုပါ ဗလီခန်းတွင်ပင် နေထိုင်သည်။ လောကီ ကိစ္စ အ၀၀ကို စွန့်လွှတ်နေသူ ဖြစ်သည်။ ဟာဖစ်တစ်ဦးလည်းဖြစ်သည်။ ဆဋ္ဌမသားသည် အိုဗိုင်ဒွလ္လာဖြစ်သည်။ ပါကစ္စတန်နိုင်ငံတွင် သင်ရိုးကုန်သည်အထိ ဆည်းပူးအောင်မြင်ပြီး မြန်မာနိုင်ငံသို့ ကြွရောက်လာသည်။ ဗန်းမော်မြို့တွင် ရှေ့ဆောင် ဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ သတ္တမမြောက် သားထွေးမှာကား အဗူဘကရ်ဖြစ်သည်။
စစ်တန်းသခင်ကြီးသည် မြန်မာလိုကျွမ်းသည်။ တရားဒေသနာများကို မြန်မာလို ရေလည်စွာ ဟောကြားနိုင်သည်။ မန္တလေးမြို့ အိုးဘိုဗလီတွင် တာဝန်ထမ်းဆောင်စဉ် တွေ့ကြုံရသော ပြဿနာများကြောင့် မိမိတတ်ထားသော ပညာကိုအား မလိုအားမရ ဖြစ်လာသည်။ အဆင့်မြင့်ပညာများကို ဆက်လက် ဆည်းပူးလိုစိတ် ပြင်းပြလာသည်။ သို့နှင့် ပညာရေးအတွက် အိန်္ဒိယနိုင်ငံသို့ ထွက်ခွာသည်။ မိမိတို့ ကြည်ညိုလေးစားသော သခင်ကြီး ပညာသင် ခရီးအတွက် အိုးတော်ဗလီ ဒါယကာကြီး ပတ္တမြား ဦးဖိုးသက်နှင့် ဂျမာအသ်သားများက အစစပံ့ပိုးကူညီကြသည်။
သခင်ကြီး နိုင်ငံရပ်ခြားသို့ မထွက်ခွာမီ ဇနီးနှင့် သား ၂-ဦးကို ကန့်ဘလူမြို့နယ် ဘုတ္တောကျေးရွာရှိ ဆွေမျိုးများထံ အပ်နှံခဲ့သည်။ ဆွေမျိုးများက စောင့်ရှောက်ပေးကြသည်။
သခင်ကြီးသည် အိနိ်္ဒယနိုင်ငံတွင် ကျော်ကြားသော မောင်လာနာ ရရှိဒ် အဟ်မဒ်ဂန်ဂူဟီသခင်ကြီးထံ ဆည်းပူးခွင့်ရသည်။ ထိုသခင်ကြီးသည် ဂုဏ်ထူး ၀ိသေသအမျိုးမျိုးဖြင့် ထင်ရှားသော ပညာရှင် သူတော်စင်ကြီး ဖြစ်သည်။ သူ့ခေတ်သူ့အခါက ဖိကဟ်အတတ် ကျွမ်းကျင်ဆုံး ပုဂ်္ဂိုလ်ထူးဟု သိမှတ်ကြသည်။
စစ်တန်းသခင်ကြီး သင်ရိုးကုန် ပေါက်မြောက်၍ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသောအခါ ဆရာကောင်းတပည့်ပီပီ ဘ၀တစ်သက် တာတွင် စစ်မှန်သော တရားတော်များကို ဖြန့်ဖြူးနိုင်သည်။ ဖိကဟ်ဓမ္မသတ် အရာအတွင် မိမိဆရာ့နည်းတူ မင်းမူနိုင်ခဲ့သည်။ ပထမဦးစွာ အိုးတော်ဗလီတွင် စာပေသင်ကြားပို့ချမှုစတင်ခဲ့သည်။ ထို့နောက် ဗလီဒါယကာ ဦးဖိုးသက်က ဗလီအနီးမြေနေရာ ၀ယ်ယူလှူဒါန်းပြီး စုပေါင်းဒါနဖြင့် မုဟမ္မဒီယာအရဗီ သိပ္ပံကျောင်းတော်ကြီး ဖွင့်လှစ်သည်။ သခင်ကြီးကပင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူရသည်။ ထိုကျောင်းသည် အထက်မြန်မာ နိုင်ငံတွင် အစ္စလာမ် သာသနာစာပေများကို အစောဆုံး ဖွင့်လှစ်သင်ကြားသည့် ကျောင်းတော်ကြီးဖြစ်သည်။
သခင်ကြီး၏နိစ်္စဓူဝ ကျင့်ဝတ်မှာ နံနက်ဖဂျေရ်ဝတ်ပြုပြီးလျှင် ကျောင်းတွင် စာပြသည်။ နံနက် ထမင်းစားချိန် (၁၂)နာရီအထိ တစ်ဆက် တည်း စာပြသည်။ ထမင်းစားပြီးလျှင် ခေတ္တခဏ အိပ်တတ်သည်။ နေ့လယ်အချိန်၌ အိုးတော် ဗလီတွင် ဇဟိုရ် နမာဇ်ဝတ်ပြုသည်။ ပြီးလျှင် အစွရ်ညနေချမ်း ၀တ်ပြုချိန်အထိ စာကြည့်သည်။ အစွရ်ပြီးလျှင် အိမ်ပြန်ကာ ဖတ်တ၀ါဓမ္မသတ် ဆုံးဖြတ်ချက်များရေးသည်။ ညနေ၀င်မဂ်ရစ် ၀တ်ပြုမှုအပြီး ညစာသုံး ဆောင်သည်။ မိသားစုနှင့် စကားစမြည်ပြောသည်။ အေရှာ ညဦးယံ ၀တ်ပြုအပြီးတွင်မူ မိတ်ဆွေရင်းချာများအိမ်သို့ သွားပြီး တရားဓမ္မဆွေးနွေးသည်။ ည (၁၂)နာရီမှ အိမ်ကို ပြန်သည်။ ညအခါတွင် တဟ်ဂျွဇ်နမာဇ် ထဖတ်လေ့ရှိသည်။ ပညာဂုဏ်၊ သီလဂုဏ်နှင့် ပြည့်စုံသော သခင်ကြီး၏ရှေ့မှောက်တွင် အခြားမော်လ၀ီများသည် ကျားရှေ့ရောက် သမင်ငယ်ကဲ့သို့နေကြသည်ဟု အဆိုရှိသည်။
စစ်တန်းသခင်ကြီးသည် ဆရာကောင်းဆရာမြတ်တို့ထံမှ နည်းခံ ခဲ့ရသူဖြစ်သည်။ ကိုယ်တိုင်ကလည်း ပါရမီခံကောင်းသဖြင့် မန်တစ် အေလင်မ် တက္ကနယဒီပနီကို အထူးကျွမ်းကျင်သည်။ ဓမ္မပြဿနာ၊ စုဒ်၊ စောဒနာတို့ကို အကိုးအကားခိုင်မာစွာ ဆုံးဖြတ်ဖြေကြားပေးသည်။ သခင်ကြီးသည် ရှရီအတ် တရားတော်အပြင် တစောင်ဝုဖ်၊ တွရီကာများကို သင်ကြားပြသသည်။ ဆရာကြီး၏ တပည့်များသည်လည်း မြန်မာနိုင်ငံ တစ်နံတစ်လျား၌ သာသနာ့ပညာကို ဆက်လက်ဖြန့်ဖြူးသူများ ဖြစ်လာသည်။
ထူးချွန်သည့် မုဟမ္မဒီယာကျောင်းထွက်ပညာရှင်များတွင် မောင်လာ နာရှဖီ၊ မောင်လာနာဟာဖစ် ဦးဘဒင်၊ မောင်လာနာ ဗရှိရ်အဟ်မဒ်ခေါ် ဆရာကြီးပုံ၊ မောင်လာနာ ဦးစွလ်တန်၊ ဓ္မကထိကမောင်လာနာ ဦးဘသွင် (ခင်ဦး) စသူတို့ ပါဝင်သည်။
စစ်တန်းသခင်ကြီးလက်ထက်က မုဟမ္မဒီယာ အာရဗီသိပ်္ပံ ကျောင်းတော်ကြီးသည် မန္တလေးမြို့၏ သာသနာရေးကိစ္စအ၀၀အတွက် ဗဟိုဌာန ဖြစ်ခဲ့သည်။
သခင်ကြီးသည် ၁၉၃၆ ခု ဒီဇင်ဘာ ၁၂ ရက်နေ့တွင် အလ္လာဟ် အရှင့် အမိန့်တော်ခံယူသည်။
သခင်ကြီး၏ တပည့်မိုရီဒီများသည် ကြာသပတေးနေ့တိုင်း စုရုံး၍ ဇကီရ်ကမ္မဋ္ဌာန်း ဘာဝနာ ပွားများအားထုတ် ဖတ်ရွတ်ကြသည်။ သခင်ကြီး၏ ဒရ်ဂါတော်ကို မန္တလေးမြို့ ဥသျှစ်ကုန်းတွင် ခမ်းနားစွာ ဆောက်လုပ်ထားကြသည်။
•••••••••••••••••••••••••••••
Ref :
ပါမောက္ခ ဒေါက်တာအောင်ဇော် ရေးသားပြုစုသော တိုင်းရင်းမွတ်စလင် စာပြုစာဆို ပုဂ္ဂိုလ်ကျော်များ (၂) မှ ကူးယူဖော်ပြပါသည်။
Photo ဦး မောင်မောင်ကြီး (မန်း)
သမိုင်းသုတေသီ
°°°° °°° °°° °°° °°° °°° °°° °°° °°° °°°
ဗဟုသုတအလို့ငှါကူးယူ၍ ပြန်လည်ဖြန့်ဝေသည်။
{အဖြူရောင်သစ္စာ}❤