Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Rohingyalish. Show all posts
Showing posts with label Rohingyalish. Show all posts
Sunday, May 3, 2026
Lain (ဝေါဟာရတွေနဲ့ စကားပြောကြရအောင် ၆)
ဝေါဟာရတွေနဲ့ စကားပြောကြရအောင်
လိုင်(ဏ်)
ဒီတစ်ခါ ဆွေးနွေးမယ့် ဝေါရဟာကတော့ ရိုဟင်ဂျာစကားမှာ အတော်ကို အသုံးဝင်တဲ့ "လှိုင်ဏ်" ဆိုတဲ့ စကားလုံးဖြစ်တယ်။ ဒီဝေါဟာရက အဓိပ္ပာယ် အင်မတန် ကြွယ်ဝတဲ့ စကားလုံးတစ်လုံးဖြစ်တယ်။ အသုံးပြုပုံအလိုက် အဓိပ္ပာယ်အမျိုးမျိုး ကွဲပြားသွားတတ်တယ်။ လိုင်ဏ် ဟာ မူလရိုဟင်ဂျာ စကားလုံးမဟုတ်ပါဘူး။ မြန်မာစကားဖက်ကနေ ကူးဝင်လာတဲ့  မွေးစားစကားလုံးပေါ့။ မွေးစားစကားလုံး တစ်လုံးဖြစ်ပေမယ့် ရိုဟင်ဂျာဘာသာစကားမှာ နေရာကောင်းကောင်းယူထားတာ တွေ့ရတယ်။ မြန်မာကတော့ လိုင်း၊ ရိုဟင်ဂျာတွေက လိုင်ဏ် လို့ အသံထွက်ကြတယ်။ စကားလုံးဇာတ်မြစ်ကျတော့ Line ဆိုတဲ့ အင်္ဂလိပ် စကားလုံးဖြစ်တယ်။ ဒီ လိုင်ဏ် က ခရီးအတော်ပေါက်ခဲ့ရတယ်ပေါ့။ 
ကိုင်း.... အသုံးအလိုက် အဓိပ္ပာယ် ကွဲပြားသွားပုံကို လေ့လာကြည့်ကြရအောင်...
၁) အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်း
အလုပ်ကိစ္စ၊ အနေအထိုင်နဲ့ဆက်စပ်တဲ့ အပြောအဆိုတွေမှာ အဆင်ပြေခြင်း၊ အေးအေးဆေးဆေး ဖြစ်ခြင်းစတဲ့ အဓိပ္ပာယ်မျိုးနဲ့ သုံးနှုန်းကြတာပေါ့။
ဥပမာ-
တွီ ဟာမ်တာမ် လွိုယ် လိုင်ဏောတ်နဲ့။
(မင်း အလုပ်အကိုင် အဆင်ပြေရဲ့လား။)
အလ္လာဟ်ဒီလဲ့ ဘီကုန်း လိုင်ဏောတ် အာဆေး။
(အရှင်မြတ်ရဲ့ ကရုဏာတော်နဲ့ အကုန် အဆင်ပြေပါတယ်။)
ဒီမှာတစ်ခါ ဘေ ဆိုတဲ့ အငြင်းပစ္စည်းနဲ့ တွဲပြီးတော့ အဆင်မပြေတဲ့သဘောအဖြစ်လည်း သုံးကြတယ်။ 
ဘောဒ္ဒါ အေက္ကား ဘေလိုင်(ဏ်) မီက္ကာဒေ့ အေးရီ။
(အစ်ကိုကြီး နဲနဲ အဆင်မပြေသလိုပဲ။)
အာရ် ဘီကုန်း လိုင်ဏောတ် ဖောရီဂီယွိုက်။
(ကျန်တဲ့အာလုံး အေးအေးဆေးဆေး ဖြစ်နေပြီ။)
ဖူအာဝါးရေ အဂျော့ ဟောနော့် လိုင်ဏ် ဂေါရိ နော်ဖါးရီ။
(သားလေးကို အခုထိ အဆင်ပြေအောင် မလုပ်ပေးနိုင်သေးဘူးဗျား။)
၂)  ချစ်ကြိုက်ခြင်း
ချစ်ရေးကြိုက်ရေးကိစ္စတွေမှာ ဗန်းစကားအဖြစ် ချစ်ကြိုက်ခြင်းအဓိပ္ပာယ်နဲ့ သွယ်သွယ်ဝိုက်ဝိုက် သုံးနှုန်းကြတယ်။ စာစကားနဲ့ ပြောရရင် ဝင်္ကဝုတ္ထိအလင်္ကာ အဖြစ်သုံးတာပေါ့ဗျာ။
ဥပမာ- 
မိုက်န္နာ ယေ ရူပါလီ ရေ့ လိုင်ဏ်မာရေ ဘာရာ။
(မိုက်နာက မယ်ရူပကို ချစ်ကြိုက်နေတယ်ကွာ။)
အောဘိုင် လိုင်ဏ် မာရီဘာလ္လာ အုဂွား မောနောရ် မာနူချ်ဒေ့ နဖိုက်ရ်။
(ချစ်ဖို့အတွက် စိတ်တိုင်းကျ မိန်းကလေး မတွေ့လို့ကွာ။)
၃) တန်းစီခြင်း
အစဥ်လိုက်စီတဲ့နေရာမှာ ဒီစကားလုံးရဲ့အဓိပ္ပာယ်က တန်းစီခြင်း၊ တစ်ဖြောင့်တည်းဖြစ်ခြင်း ဖြစ်သွားပြန်တယ်။ 
ဥပမာ- 
ဖူတီယား တာရာ ဘီကုန်း လိုက်ဏ် ဒေါ့ရော့ဆိုက်။
(ကလေးတွေ အကုန် တန်းစီကြပါ။)
ရစ္ဆတာရ် အေခ်ဟာံဆာရ်တု လိုင်ဏ် ဒေါ့ရိ ဟင်းရော။
(လမ်းတစ်ဖက်ကနေ တန်းစီလို့ သွားကြပါ။)
အေ ဖာရာတ်မာဇေ့ ဂေါ်ရ် အောက္ကောလ် လိုင်ဏ် ဒေါ့ရိ ဘိုင်နေး။
(ဒီရွာမှာ အိမ်တွေ တန်းလျား ဆောက်ထားတယ်။)
၄) ချိတ်ဆက်ခြင်း
ဒီအဓိပ္ပာယ်ကိုတော့ ဖုန်း၊ လျှပ်စစ်မီး၊ ပိုက်လိုင်း စတဲ့ဟာတွေနဲ့ ဆက်စပ်တဲ့စကားမှာ မြန်မာအသုံးနဲ့ အတူတူ သုံးကြတာဖြစ်တယ်။
အီတေ လိုင်ဏောတ် နိုက်။
(သူ လိုင်းပေါ်မှာ မရှိဘူး။)
ဖုန်းနော် လိုင်ဏ် ဆီးရီး ဂီယွိုက်။
(ဖုန်းလိုင်း ဖြတ်သွားပြီ။)
လိုင်ဏ် ဟာရီဒီယေ့။
(လိုင်း ချလိုက်တယ်။ လိုင်းဖြတ်လိုက်တယ်။)
ပြီးတော့ လျှပ်စစ်မီးလိုင်း၊ ဖုန်းလိုင်း အတွက်လည်း အထက်အဓိပ္ပာယ်နဲ့ သုံးနှုန်းကြတယ်...
တူအံရ် အင်ဂျီလ် သြရ်တုန်း အံရ် ဂေါ့ရောတ် လိုင်ဏ် ဒီဖာရီဘိနဲ့။ တေလ် ဟောစ္စာ ဒီယူမ်ဘာရာ။
(မင်းရဲ့ မီးစက်ကနေ ငါတို့အိမ်ကို မီး ပေးနို
င်မလား။ ဆီစရိတ် ပေးမှာလေ။)
မီးလိုင်း ကို လိုင်နော့ရ် ဘတ္တီ လို့၎င်း၊  ဖုန်းလိုင်းကို ဖုန်းနော့ရ်လိုင်ဏ်၊ ရေလိုင်း ပါနီးရ်လိုင်ဏ် လို့၎င်း သုံးကြတယ်။
၅) စီစီရီရီ ထားခြင်း၊ သိမ်းဆည်းထားခြင်း
ဥပမာ- 
မာလ်ဆားမနားဂုန်း လိုင်ဏ် ဂေါရိ အေရော။
(ပစ္စည်းတွေကို သိမ်းထားကြပါ။)
ဟောရ်ဆွိုရ် အဂျော့ ဘေလိုင်ဏ် ကီယား။
(အဝတ်အစား​တွေ အခုတိ ဖရိုဖရဲ ပါလားဟဲ့။)
၆) လမ်းကြောင်း၊ အခွင့်ကောင်း
ဥပမာ-
အိုင် ဘီယာရ် ဟောတား ဟွိုက်ဘာလ္လာ လိုင်ဏ် ဖိုက်ယိ။
(ငါ မင်္ဂလာဆောင်ကိစ္စ ပြောဖို့ လမ်းကြောင်းတွေ့ပြီ။)
ရန်ကုန် ဇိုက်ဘာရ် လိုင်ဏ် အဆေးနဲ့။
(ရန်ကုန်သွားဖို့ လမ်းကြောင်း ရှိလား။)
၇) ဆုံးမခြင်း
ဒါလည်း ဝင်္ကဝုတ္ထိနဲ့ သုံးနှုန်းတာ ဖြစ်တယ်။ ဆုံးမခြင်း၊ လမ်းမှန်ပေါ်ရောက်ခြင်းစတဲ့ သဘောကို ဆိုလိုတဲ့အခါ သုံးတာများတယ်။
ဥပမာ-
အိတားရေ လိုင်ဏောတ် အာနား ဖောရီပေါ့။
(သူ့ကို ဘောင်ထဲ ရောက်အောင် ဆုံးမရမယ်။)
ဒီ လိုင်ဏ် စကားလုံးနဲ့ ဒီမှာပဲ ရပ်နားတော့မယ်။ နောက်စကားလုံး တစ်လုံးနဲ့ နောက်ပို့စ်တစ်ခုမှာ ဆုံရအောင်....
RohangKing
5-4-2026
Tuesday, April 2, 2024
Zaruri Amól
Zaruri Amól
Modot deki Allah ye dede, lekin kucíc añrártún gorá foribó. Inqilab hodé gasór am noo, fagi zórí foritó. Añrártún zóri forefán goráforibóu.
Añárár mujahid okkól beggún mili Bormár zalem hokúmótoré zodi hámlá chúru gorí de, Allahr modote añárár hóq wafes faite bichí din nolaibóu..
O mujahid baiyain okkól, ekká gairot gorí báfiso. Añárá 1942 ot lótí háñtiyar dorónór baade yó ajja 13 bosórjá fuwá ye añárár matár uottún urí bak deer.
Ehón koumor asól dorhari amól oildé watanót zai zalem hókumótoré fáná gorat hissá loon. Añrár nizor watoní hóq, mirasi hóq wafes loon. Añrár asól Moksút yianór muuntú haar za'atí duchmoni sátár doillá. 
O báiyain... Be-usúlí ar hotó goríbá? Usúl hodé doñr hotá. Be-usúlí gorónor duwara ajjá añárár Inqelab oré gair koume fatta yó noder nóní. 13 bosórjjá fuwa ye óddó añára ré añárár watonót hórkót nogorí bollá elaniya máná gorí farer de nóni. "Loo zar, dech tar" burá-burír hotá asé nóní.
Añárá báiye baiyé mara-mari didi nize yó hálak oi zairgoidé nóní. Nize hálak oun maáni qoum ó hálak oizon nóni. Óiye... Mara-mari fisé diyo. "Uite gom, ite hóráf" ittar ekká ar no tuaiyó. Age asól moksút tán fura goró. Nizor za'atí duchmoniré ek díkká rakí, agé nizor asól duchmon zalem kaafér oré hálák gorí.
O báiyain... goittó sailé beggún gorí faré. Ek tonzim óttún ek chót, ek chót bonduk tákilé oddó 4-5 chót háñtiyar oibo. Ek chót, ek chót jawan tákilé oddó 4-5 chót jawanor choinnó boni bo. Niyot, Niyom, Usúl arde Insáf oré sóyi gorí añrá zodí watón ót lamilé kamiyabi zaibo horé. 
Zulúm hardé koumor waasté 
biggun mili zaigoi ek abase.
Kempot hokúmot chúrídi,
Watonót inqalab chúrugorí.
Nizor duchmonir fisé goijjo insáf
Beil tákité zalem kaférór lo hísáf.
#RK
(3-4-2024)
#ARSA
#RSO
#ARA
#IMA
Sunday, June 25, 2023
ရှေးစကားရွှေအလား (၉)
ရှေးစကားရွှေအလား (၉)
Fañs khora ye Morot, fañs khora ye Miyala
Háñzi finí beçi, thonthon mónthon beça.
ဤ တိုတောင်းသည့် ရှေးဆိုရိုးလင်္ကာသည် အလွန်တန်ဖိုးရှိသော ရိုဟင်ဂျာတို့၏ အစဉ်အလာ ရိုးရာဝတ်စားဆင်ယင်ပုံနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ဂုဏ်ကိုဖော်ကြူးထားခြင်းဖြစ်သည်။ လင်္ကာတိုက်ရိုက်အဓိပ္ပာယ်ကား
" အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသား၊ အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသမီး၊ လှပဆင်ယင် အမျိုးသမီး ကျက်သရေဆောင်၊ ထွားထွားကျိုင်းကျိုင်း အရပ်အမောင်းကောင်း ယောက်ျားမြတ်သည်ပင်" ဟူ၍ ဖြစ်သည်။
ဝတ်စားဆင်ယင်ပုံနှင့် ပတ်သတ်၍ ရိုဟင်ဂျာတို့က Fañs khora ဟု သုံးကြသည်။ အဝတ်အစား အင်္ဂါရပ် ငါးခု ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ အဝတ်အစားမှာ အင်္ဂါရပ် ငါးခုစီ ရှိသည်။ ရှေးရိုးစဉ်လာ ရိုဟင်ဂျာရိုးရာအဝတ်အစားဆိုလျှင် ဤအင်္ဂါရပ် ၅ ခုနှင့် ပြည့်စုံရမည်။ 
အမျိုးသားများ၏ အဝတ်အစား အင်္ဂါရပ်ငါးခုမှာ 
၁) အင်္ကျင်္ီ (ဘာဇူ)၊ 
၂) ပုဆိုး (ဟိုင်းလော့)၊ 
၃) ဦးထုပ် (တိက္ကာ)၊ 
၄) ခေါင်းပေါင်း  (ဖော်ရီ)၊ 
၅) အပြင်ခံအင်္ကျီ (ဆော့ဒေါရီယား) တို့ဖြစ်ကြသည်။ 
အမျိုးသမီးများ၏ အဝတ်အစား အင်္ဂါရပ် ငါးခုမှာ 
၁) အင်္ကျီ(ဆူလိ)၊ 
၂) ထဘီ (ထားမီ)၊ 
၃) ရင်ဖုံးချာ (ဘုခ်ဘောန်)၊ 
၄) ခေါင်းခြုံပုဝါ (နုမ္မာလ်)၊ 
၅) တဘက် (ဆာဒ္ဒေါရ်)တို့ဖြစ်ကြသည်။ 
ယနေ့ခေတ်တွင် ဆာဒ္ဒေါရ် အစား ဘိုရ်ခါ ဝတ်ဆင်ကြသည်။ ဘုခ်ဘောန် အသုံးက ပျောက်ကွယ်သွားသည်။ ခေတ်အလျောက် အပြောင်းအလဲများ ရှိနေသော်လည်း Fañs Khora စကားအသုံးက ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာမင်္ဂလာဆောင်ပွဲများမှာ သတို့သားမိဘက သတိုးသမီးကိုလည်းကောင်း၊ သတို့သမီးမိဘက သတို့သမီးကိုလည်းကောင်း အပြန်အလှန် Fañs khora ပေးရလေ့ရှိသည်။ 
ထိုကဲ့သို့ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ အလှအပအဆောင်အယောင်ကြောင့် ကျက်သရေရှိသော မိန်းမ(ကတော်) ဖြစ်လာကြောင်း၊ အမျိုးသားများသည် အဝတ်အစား ပြည့်စုံရသည့်အပြင် အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းဖြင့် ယောက်ျားကောင်း ဖြစ်လာကြောင်း ရှေးရိုဟင်ဂျာတို့၏ သဘောထားအမြင်ကို လင်္ကာတစ်ပိုဒ်ဖြင့် သီကုံးထားခြင်းဖြစ်သည်။ 
ရှေးရိုးစဉ်လာ ရိုဟင်ဂျာ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၍ ရိုဟင်ဂျာ စာပေယဉ်ကျေးမှုအနုပညာတို့ကို ထိန်းသိမ်းကြပါစို့။ (ရိုဟင်ဂျာရိုးရာဝတ်စားဆင်ပုံကို အောက်ပါဆောင်းပါးတွင် အသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါသည်)
- ရိုဟင်လေ
(၂၆ - ၆ - ၂၀၂၃)
Click Here to Read ရိုဟင်ဂျာဝတ်စားဆင်ယင်ပုံ
Tuesday, May 2, 2023
ပူရ်နီစန္ဒြာ (Purni Sandra ) Futí
ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)
ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် အာရကန်နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လင်္ကာရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။
ကဗျာဆိုလိုရင်းကတော့-
  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ဘုန်းမီးနေလ မည်းမှောင်ခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်အလွန် ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို ခိုင်းနှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ဆိုးက ပျက်သုဥ်းယူဆောင်သွားခဲ့လေတယ်။
  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။
  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ ခမည်းတော်၏ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုန်းဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။
  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာတော် ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။
  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။
ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များပြားလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နန်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ မရှူမလှ ကျဆုံးခဲ့လေတယ်။
* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလင်္ကာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလင်္ကာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။
_ လူထုဝဏ္ဏ
Ref: Patmavati By Alaol
Friday, April 28, 2023
Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)
Egana Gucthí (အဆွေအမျိုးတို့၏ အခေါ်အဝေါ်များ)
သတ္တဝါဟူသည် အဆွေအမျိုးနှင့် မကင်းပင်တည်း။ ရိုဟင်ဂျာစကားတွင် အဆွေအမျိုးကို Egana guctí ဟု၎င်း၊ Giyañt gucti ဟု၎င်း ခေါ်သည်။ မျိုးဆက်ကို nosól ဟု၎င်း၊ fissán ဟု၎င်း၊ ဘိုးစဉ်ဘောင်ဆက် အစဉ်အလာကို Ishto kurum (silsila) ဟု၎င်း အသီးသီးခေါ်ကြသည်။ ဤအဆွေအမျိုးတို့၏ အခေါ်အဝေါ် အမျိုးမျိုးကို ရှင်းလင်းပီပြင်အောင် အုပ်စုအလိုက်အပိုင်းခွဲ၍ ဖော်ပြပေးပါမည်။ မြန်မာ့တိုင်းရင်းသား ရိုဟင်ဂျာဘာသာစကားကို လေ့လာနေသူများအတွက် တစ်ထောင့်တစ်နေရာက အထောက်အကူပြုပါလိမ့်မည်ဟု ယုံကြည်ပါသည်။ 
အဆွေအမျိုးအခေါ်အဝေါ်ကို အုပ်စုခွဲရာ -
 ၁။  Bab-dada soiddo gucthí 
(မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက် အခေါ်အဝေါ်များ)
၂။ Cúddór gorór gucthí 
(မိသားစုအရင်း အခေါ်အဝေါ်များ)
၃။ Bái-boinór egawati 
(ညီအစ်ကိုမောင်နှမဆက် အခေါ်အဝေါ်များ)
၄။ Sañsato-Jerató, Fuuto-mooto eganawati
(ဘထွေးဘကြီး၊ အဒေါ်ဒွေးဒွေးဆက် အခေါ်အဝေါ်များ)
၅။ Biyádolar Eganawati
(အိမ်ထောင်ရေးဆက် ဆွေမျိုးအခေါ်အဝေါ်များ)
ဟူ၍ မျိုးတူရာရာ အုပ်စု (၅) စု ခွဲကာ လေ့လာကြရအောင်......။
၁။ Babdada soiddó fissán
မျိုး ခုနှစ်ဆက်၊ ဆွေ ခုနှစ်ဆက်မှာ ရှေ့ဆွေမျိုး (၇) ဆက်၊ နောက်ဆွေမျိုး (၇) ဆက် စုစုပေါင်း ၁၄ ဆက် ရှိတယ်။ ဤ ၁၄ ဆက်ကို Ek guctí (သို့) Handan မျိုးနွယ်စု၊ ဆွေမျိုးစု ဟုခေါ်လေ့ရှိတယ်။ 
Soiddó Fissán [ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်]
(၇) Dhoñr Dada   = အဘော (အဘဲ၏ အဖေ)
(၆) Bor Doñbá     = အဘဲ (အဘင်၏ အဖေ)
(၅) Dhoñbá         = အဘင် (အဘီ၏ အဖေ)
(၄) For Dada       = အဘီ (အဘေး၏ အဖေ)
(၃) Bor Dada       = အဘေး (အဘိုး၏ အဖေ)
(၂) Dada             = အဘိုး (မိမိ၏ အဘိုး)
(၁) Bab               =  အဘ (မိမိ၏ အဖေ)
(၀) Nize              =  မိမိ
(၁) Fuwa            =   သား (မိမိမွေးသော သား)
(၂) Nati              =   မြေး (သား၏ သား)
(၃) Futi               =   မြစ် (မြေး၏ သား)
(၄) Chúti             =  တီး (မြစ်၏ သား)
(၅) Luti               =  တွတ် (တီး၏ သား)
(၆) Muoti             =  ကျွတ် (တွတ်၏ သား)
(၇) Gutí               =  ဆက် (ကျွတ်၏ သား)
၂။ Cúddor Góror Gucti
ရိုဟင်ဂျာစကားမှာ မိသားစုကို Góror gucthí ဟုသုံးကြသည်။ အိမ်ထောင်စု ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်ချင်းချင်း နီးစပ်သည်။ cúddór မှာ အရင်းအချာ အနက်ရသည်။ အိမ်တစ်အိမ်မှာ အမိရင်း၊ အဖရင်းကို ဗဟိုပြု၍ အတူတကွနေထိုင်သော အမှန်တကယ် သား၊သမီး မြေးမြစ်များအစု ဖြစ်သည်။ ထိုမိသားစုဝင်များ ဆွေမျိုးတော်စပ်ပုံ အခေါ်အဝေါ်များမှာ-
  • Góror gucti = မိသားစု (မိဘရင်းနှစ်ဦးပါဝင်သော                          သားသမီးအစု) 
  • Bab           = အဖေ (မိဘနှစ်ပါးတွင် အဖေဖြစ်သူ)
  • Baba         = အဖေ၊ ဖခင် (ဖခင်ကို ချစ်စနိုးခေါ်သော                        နာမည်)
  • Babá         =  အဖေ ၊ ဖခင်
  • Ba | Bao    = အဖေ ၊ ဖခင် (bab မှ အသံပြောင်းဖြစ်                     လာသော နာမည်)
  • Bazi           = အဖေ ၊ ဖခင် 
  • Pepe          = အဖေ ၊ ဖခင်  (မြန်မာဘာသာစကားမှ မွေးစားထားသော နာမည်)
  • Maa           = အမေ၊ မိခင် (မိဘရင်း နှစ်ပါးတွင် မိခင်ဖြစ်သူ)
  • Mamá       = အမေ၊ မိခင် (မိခင်ကို ချစ်စနိုးခေါ်သော နာမည်)
  • Mamma     = အမေ၊ မိခင်
  • Aái            = အမေ၊ မိခင် (ရှေးခေတ်သုံး စကား)
  • Átáibab      = ဖထွေး (မိခင်၏ ပထမ လင်ယောက်ျား)
  • Átái              = ဖခင်၏ ဒုတိယမိန်းမ
  • Atáimaa      = မိထွေး (ဖခင်၏ ဒုတိယ မိန်းမ) 
  • Hátatóbai   = ဝမ်းကွဲညီအစ်ကို
  • Fuwain cúwain = သားသမီးများ
  • Fuwa         = သား (မိဘရင်းမှ ပေါက်ဖွားလာသော သား)
  • Fut            = သား
  • Futúya       = သား (သားကို ချစ်စနိုးခေါ်သော နာမည်) 
  • Laafuwá     = ပထမယောက်ျား/ ပထမမိန်းမ၏ သား(လင်ပါ/မယားပါ သား)
  • Firafitta fuwa = မွေးချင်း (ကျော့ကပ် မွေးဖွားလာသော သား)
  • Zii              = သမီး (မိဘအရင်းမှ ပေါက်ဖွားလာသော သမီး)
  • Zérfua        = သမီး၊ မိန်းကလေး
  • Báiná         = တူ
  • Bañní.         = တူမ
  • Báifút          = တူ
  • Batzii         = တူမ
  • Futuní        = သမီး (သမီးကို ချစ်စနိုးခေါ်သော နာမည်)
  • Nati futi      = မွေးမွဈ (သား/သမီးရင်းမှ မွေးဖွားလာသော သားသမီး)
၃။ Bai-boinor egawati nam
ညီကိုမောင်နှမဆက်အစုတွင် ညီအစ်ကိုအစဉ်များ၊ ဝမ်းကွဲညီကိုများနှင့် သမီးမြောက်သားများကိုပါ ထည့်သွင်းထားသည်။
Bái-boin          = မောင်နှမ
Bái                 = ညီကို (မိဘအရင်းမှ ပေါက်ဖွားလာသော မွေးချင်း)
Dhoñrbái       = အစ်ကို (မိမိထက် အသက်အရွယ်ကြီးသော အစ်ကို)
Bodda            = အစ်ကိုကြီး (အစ်ကိုများထဲတွင် အကြီးဆုံး အစ်ကို)
Majjábái        = အစ်ကိုလတ်
Kúillabái        = ဒုတိယ အစ်ကိုလတ် (တတိယမြောက်အစ်ကို)
Dudúbái        = ဒုတိယ အစ်ကိုလတ် (* စတုတ္ထမြောက်အကို အတွက်လေ့ သုံးလေ့ရှိသည်)
Gurabái         = အစ်ကိုလေး
Báiso            = အစ်ကိုထွေး (အစ်ကိုများထဲတွင် ငယ်သော အစ်ကို)
Lalábai          = အစ်ကိုထွေး (အစ်ကိုများထဲတွင် အငယ်ဆုံးဖြစ်သော အစ်ကို)
Atúbái            = အစ်ကိုထွေး
Chóñro bái      = ညီငယ်
Firafitta bái     = မောင်ဖား၊ မောင်ဖွား (မွေးချင်းဖြစ်သော မောင်၊ညီ)
Mazudabái        = ဝမ်းကွဲညီအစ်ကို
boín               = ညီအစ်မ
Bu                   = အစ်မ (မိမိထက်ကြီးသော အစ်မ)
Bubu               = အစ်မ (အစ်မကို ချစ်စနိုးခေါ်သော နာမည်)
Dhoñbu           = အစ်မကြီး
Majjábu           = အစ်မလတ်
kúillabu           = တတိယမြောက် နှမ
Dudu              = တတိယမြောက် နှမ (*စတုတ္ထမြောက်အတွက်လည်း သုံးလေ့ရှိသည်)
Gurabu            = နှမငယ်
Atúbu / Atí bu             = နှမထွေး (အငယ်ဆုံးနှမ)
Lalabu             = နှမထွေး
Guraboin         = ညီမ
Sañsato-jeçáto bái/boin = ဘထွေးဘကြီးဖက်က ဝမ်းကွဲညီအစ်ကိုမောင်နှမ
Sañsatobái     = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)
Sañsarfút bái   = ဝမ်းကွဲညီအစ်ကို (ဘထွေး၏သား)
Sañsato boin   = ဝမ်းကွဲညီအစ်မ (ဘထွေး၏သမီး)
Jeçátobái       = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား)
Jeçárfút bái     = ဝမ်းကွဲညီအစ်ကို (ဘကြီး၏သား) 
Jeçárfút boin   = ဝမ်းကွဲညီအစ်မ (ဘကြီး၏သမီး) 
Mooto-fuuto bái-boin= အဒေါ်ဦးလေးဖက်က ဝမ်းကွဲမောင်နှမများ
Moorfut bái    = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)
Mooto bái      = ဝမ်းကွဲညီအစ်ကို (ဦးလေး၏သား)
Mooto boin    = ဝမ်းကွဲညီအစ်မ (ဦးလေး၏သမီး)
Muírfút bái    = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)
háláto bái     = ဝမ်းကွဲညီအစ်ကို (အဒေါ်၊ ဒွေးလေး၏သား)
Háláto boin    = ဝမ်းကွဲညီအစ်မ (အဒေါ်၊ ဒွေးလေး၏သမီး)
Moto-fuuto bái-boin = အဒေါ်၊ ဦလေးတို့ဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်
Sañsato-jeçáto bái-boin = ဘကြီးသားဘထွေးဘက်မှ ဝမ်းကွဲညီအကိုမောင်နှမဆက်
Mazuda bái-boin = မိကွဲမောင်နှမ (မိထွေးဘက်မှ သားသမီး)
Ataito bái          = မိကွဲညီအစ်ကို (မိထွေးဘက်မှ သား)
၄။ Sañsato-Jerató,Fuuto-mooto egana
Sañsa           = ဘထွေး (အဖေ၏ ညီ)
Hakku          = ဘထွေး (အဖေ၏ ညီ)
Kaka             = ဘထှေး (အဖေ၏ ညီ)
Kow              = ဘထှေး (အဖေ၏ ညီ)
Jeçá             = ဘကြီး (အဖေ၏ အစ်ကို)
Jeçi/jiçu     = ဘကြီး၏ မိန်းမ
Doñbazi       = ဘကြီး (အဖေ၏ အကြီးဆုံးအစ်ကို)
Fuu              = အရီး (အဖေ၏ အစ်မ)
Fuinná          = အရီး (အဖေ၏ ညီအစ်မ)
Babu            = အဒေါ် (အဖေ၏ ညီအစ်မကို ချစ်စနိုးခေါ်သော နာမည်)
Moo              = ဦးလေး (အမေ၏ ညီအစ်ကို)
Mamu           = ဦးလေး (အမေ၏ ညီအစ်ကို)၊ အဒေါ်၏ ယောက်ျား
Gura mamu     = ဦးလေး (အမေထက်ငယ်သော မောင်)
Dhoñr mamu    = ဦးရီး၊ ဦးကြီး (အမေထက် ကြီးသောအစ်ကို)
Mami              = အရီး (ဦးရီး၏ မယား)
Mūi                 = အဒေါ် (အမေ၏ ညီအစ်မ)
Hálá                = အဒေါ် (အမေ၏ ညီအစ်မ)၊ *လင်၏ မိခင်ကိုလည်း ခေါ်လေ့ရှိသည်
Gurama           = ဒေါ်လေး (အမေ၏ ညီမလေး)
Mūisó              = ဒွေးတော် (အမေ၏ အငယ်ဆုံး ညီမလေး)
၅။ Biyá dolar Eganawati
ယောက်ျားတစ်ယောက်နှင့် မိန်းကလေးတစ်ယောက် အိမ်ထောင်ပြုလိုက်သောအခါ ဆွေမျိုးအသစ်များ တိုးလာလေ့ရှိသည်။ နှစ်ဘက် လင်မယား၏ အပြန်အလှန် အမျိုးတော်စပ်ပုံ အခေါ်အဝေါ်များလည်း လေ့လာကြရအောင်။ 
Bera-beri        = ဇနီးမောင်နှံ
Bera                 = လင်ယောက်ျား (ကာမပိုင်ယောက်ျား)
Nek               = လင်ယောက်ျား
Fuwainor bab = လင်ယောက်ျား(မိန်းမက တရှက်တကန်းခေါ်သော နာမည်)
Hóchom          = လင်ယောက်ျား
Beçi                = ဇနီးမိန်းမ 
Muk                = ဇနီးမိန်းမ
Bibi                = ဇနီးမိန်းမ (မိန်းမကို ချစ်စနိုးခေါ်သော နာမည်)
Fuwainór maa = ဇနီးမိန်းမ
Diyor              = မတ် (လင်ယောက်ျား၏ ညီ)
Báshuor         = ခဲအို (လင်ယောက်ျား၏ အစ်ကို)
Nonon           = ခယ်မ (လင်ယောက်ျား၏ ညီမ)
Noncoc          = ယောက်မ (လင်ယောက်ျား၏ အစ်မ)
Zal                = လင်ညီအစ်မ (ညီအစ်ကိုတို့၏ မယားအချင်းချင်း တော်စပ်ပုံ) 
Hotin            = မယားဖက် (လင်ယောက်ျား၏ မယားအချင်းချင်း အပြန်အလှန်တော်စပ်ပုံ)
Háñlá           = ယောက်ဖ (မယား၏ မောင်)
Hóñdí           = ခဲအို (မယား၏အစ်ကို)
Háñlí            = ခယ်မ (မယား၏ ညီမ) 
Dessos          = မရီး  (မယား၏ အစ်မ)
Hózón           = မယားညီအစ်ကို (ညီအစ်မတို့၏ လင်သားအချင်းချင်း တော်စပ်ပုံ) 
Hwouri          = ယောက္ခမ (လင်/မယား၏ မိခင်) 
Hwour           = ယောက္ခမ (လင်/မယား၏ ဖခင်)
*မြန်မာဝေါဟာရ ယောက္ခမသည် ဒွိလိင်ဖြစ်၍ ယောက်ျားရော့ မိန်းမရော့ အတူတူသုံးသည်။
Biyai             = ခမည်းခမက် (လင်၏ ဖခင် နှင့် မယား၏ဖခင်တို့ အပြန်အလှန်တော်စပ်ပုံ)
Biyáini          = ခမိခမက် (လင်၏ မိခင် နှင့် မယား၏မိခင်တို့ အပြန်အလှန်တော်စပ်ပုံ)
Futtra          = ခမည်းခမက်၏ သား
Zamai          = သမက် (သမီး၏ ယောက်ျား)
Buo             = ချွေးမ (သား၏ ဇနီးမယား)
Oribou         = သမီးယောက္ခမ (ချွေးမနှင့် ယောက္ခမတို့ အပြန်အလှန် တော်စပ်ပုံ)
Bouzamai     = သမီးယောက်ျား (လင်နှင့် မယား အပြန်အလှန်တော်စပ်ပုံ)
Buos           = မရီး (အစ်ကို၏ မယား)
Bábi            = မရီး 
Baibo          =  ယောက်မ (ညီမောင်၏ မယား)
Mukgour     = လင်ငယ် (အကြောင်းအားလျော်စွာ ယာယီလက်ထပ်ထားသော ယောက်ျား)
Boinor zamai = ယောက်ဖ (ညီမ၏ လင်)
Bonái           = ခဲအို (အစ်မ၏ လင်ယောက်ျား)
Biyairo guicti = ခမည်းခမက် ဆွေမျိုးများ 
Ouror guctí = ယောက္ခမဘက်က ဆွေမျိုးများ 
Talói       = ညီအစ်ကို ၊ ညီမ ၏ ယောက္ခမ
Talóiní    = အစ်ကို ၊ ညီမ ၏ ယောက္ခမ (အမျိုးသမီး)
Taltó bái = မရီး၊ ယောက်မ၏ ညီအစ်ကို
Taltó boin = မရီး၊ ယောက်မ၏ အစ်မ၊ညီမ
Taltori    = မရီး၊ ယောက်မ၏ အစ်မ၊ညီမ
RohangKing
(၁၂-၄-၂၀၂၃)
Tuesday, March 21, 2023
Goin Fanír Mooti (Oli)
 Goin Fanír Mooti
Haba ye zuri zuri kuciye gaar oli
Ekka oddó nosíribo gumor e dori
Sanda mamu miyulat luwai gum giyé
Zilímilí tarar jahanót háñzi yó giyé
Sanor kulot gumzare tui mor foori
Cópponor falkit sorí goriló súrwari
Raitor oñccáré tortú kiyór dhor
Zehón tor dáke asi o nunuya mor
Mor kulot mazé tor tuinná gór
Uri uri aai mor faigorso sugór
San tarar dikká tui hañcic hamicá
Dilottú mor cúde yan hí duwa
Khala miyúla miçá faní boni bāi giyoi
Fúl okkól loi miçá-miçá hotá hoi giyoi
Tui yo ekka fun hotá rocá roci
Fuçá okkole sou keen gorí gaar oli
Tor loi basi asé añr guñra duniya
Dure zehón giyo buri aiyé sogor faníya 
Tor tengot añí diyum raki 
Cárá duniyar kullé kúci
Bezar óibi zehón diyum aza ador gorí
Añi dé golot tui éri sóyi nitti
Uzor nogoijjó sup oizó e ambor cón
Gum borá sukoré abar no goró seton
Honi kiya tor sugortú nofarefán gúm suri
Gumza re gumza goin fanit asé fán mooti
(Oli)
—RohangKing
(12-1-2023)
Tuesday, February 28, 2023
Ek Hotár Dui Lobzó
အနက္တူ စကားလံုးကြဲမ်ား [Ek hotár Dui Lobzó]
[ရိုဟင်ဂျာဝေါဟာရပဒေသာ ကဏ္ဍ]
ဘာသာစကားတိုင်းသည် ခေတ်အလျောက် ပြောင်းလဲသွားတတ်သော သဘောရှိသည်။ ခေတ်ကာလ ရှေ့ဆက်လာသည်နှင့်အမျှ အချို့စကားလုံးများ၏ လေယူလေသိမ်းများ တဖြည်းဖြည်း ပြောင်းလဲလာကြသည်။ ပတ်ဝန်းကျင်မှ မွေးစားစကားလုံးများ ထိုးဖောက်ဝင်ရောက်လာတတ်ကြသည်။ စကားလုံးအသစ်များလည်း တီထွင်သုံးစွဲလာတတ်ကြသည်။ ဤသို့ ပြောင်းလဲမှုအမျိုးမျိုးကြောင့် အနက်တူစကားလုံးများ တိုးပွားလာကြသည်။ ရှေးဟောင်းစကားလုံးများ အသုံးနည်းလာတတ်ကြသည်။ အချိန်မီ ထိန်းသိမ်းစောင့်ရှောက်မှုအားနည်းပါက ပျောက်ကွယ်သွားသည့်အထိ ရှိနိုင်သည်။ 
ဤပို့စ်တွင် အနက်တူ စကားလုံးကွဲ အချို့ကို ဖော်ပြပေးပါမည်။ စကားလုံးကွဲပြားသော်လည်း အနက်အဓိပ္ပာယ်တူသည်ဟု ဆိုရာတွင် အချို့စကားလုံးများသည် ရာနှုန်းပြည့် အနက်တူသော်လည်း အချို့မှာမူ သူ့နေရာနှင့်သူ အသုံးဝင်မှုအပေါ် အနက်အဓိပ္ပာယ် အနည်းငယ်ကွဲလွဲမှုရှိသည်ကို တွေ့ရှိရပါမည်။ အောက်ပါ အနက်တူ စကားလုံးကွဲ အချို့ကို လေ့လာကြရအောင်-
Andha ~ Boda = ဥ
Ailla ~ Mozur = အစေခံ
Ara ~ Tiyanra = ခြံစည်းရိုး
Bátdani ~ Thak = ထမင်းချိုင့်
Bazu ~ Hamis = အင်္ကျီ
Beça ~ Nek = လင်ယောက်ျား
Beçi ~ Mug = ဇနီးမိန်းမ
Biinggi zal ~ Gaala zal = ပိုက်
Bilding ~ Kutha = တိုက်အိမ်
Bossi ~ Gaala = ဇလုံ
Bozi ~ Bábi = မရီး
Canthar ~ Zuta = ဖိနပ်
Céri ~ Hatta = လှေကား
Cémith ~ Cílmeçi = ဘိလိပ်မြေ
Cíyana ~ Salák = လိမ္မာသော
Cirá ~ Matá = ခေါင်း
Cóin ~ Fúñwaijjá = မိတ်ဆွေ
Cóinno ~ Melithéri = စစ်တပ်
Dabai ~ Daru = ဆေးဝါး
Daktor ~ Hákim = သမားတော်
Dándha ~ Gúroni = အဖုံး
Dengga ~ Nou = လှေ
Dhoñr ~ Bóddha = ကြီးမားသော
Dhudhu gari ~ Motor sairkol = ဆိုက်ကယ်
Dhula ~ Hárañg = ခြင်း
Dii ~ Bor foir = ကန်ကြီး
Doir ~ Handail = 
Duwar ~ Kebar = တံခါး
Egana ~ Giñyat = ဆွေမျိုး
Fath ~ Firá = ခုံ
Failla ~ Decci = အိုး
Falong ~ Soiñ = ကုတင်
Fanká ~ Fórfori = ပန်ကာ
Fecák ~ mut = ဆီး
Fethi ~ Sónduk = သေတ္တာ
Fólonso ~ Lelín = ဝရံတာ
Fut ~ Fua = သား
Fúk ~ Kíl = ချက်
Garí ~ Rot = ယာဉ်
Golti ~ Álda = လမ်းကြား
Gul gór ~ Átina = အိမ်ရှေ့ခန်း
Gul isa ~ Kiyáñra = ဂဏန်း
Guli ~ Bonduk = သေနတ်
Gusól ~ Háiñs = ရာသီပေါ်သည်။
Hanjja ~ Taak = ကျီ
Háñtura ~ Marttul = တူ
Hábar jahañs ~ Pelin = လေယာဉ်ပျံ
Hala murá ~ Faar = တောင်တန်း
Hoddá ~ Haññ = ခွက်
Hoil ~ Hoijja = ခိုက်ရန်
Hólméçi ~ Couk = မြေဖြူ
Hou gorer ~ Ouler = အန့်ပျို့သည်
Jaañs ~ Buth = သင်္ဘော
Jok ~ Moshok = ရေခရာ
Kaman ~ Sirhóndhá = လေး
Kitab ~ Boi = စာအုပ်
Kucúm ~ Lali = ဝှေးစေ့
kumbala ~ Taimmaw = ရေအိုးစင်
Letholom ~ Letfincol = ခဲတံ
Lorí ~ Laçí = တောင်ဝှေ့၊ တုတ်
Lunggi ~ Dúti = ပုဆိုး
Lura ~ Hotti = လိုရာအိုး
Manuic ~ Maniccó = လူသား
Masa ~ Fúlazi = စင်
Mirá hodu ~ honri = ရွှေဖရုံသီး
Mocók ~ Zouk = ကရား
Mo ~ Mamu = ဦးလေး
Mothór rasta ~ Garir rasta = ကားလမ်း
Mui ~ Hála = အဒေါ်
Mukta ~ Moti = ပုလဲ
Mumbatti ~ Bumbatti = ဖယောင်းတိုင်
Murda ~ Mora  = အလောင်း၊ မသာ
Muwáñ ~ Kuna    = ထောင့်
Nafit ~ Missíri = လှသာဆရာ
Nal ~ Nol = ပိုက်
Nalá ~ Gor = မြောင်း
Nar v~ Círa = နာဗ်ကြော့
Nátun ~ Hanfúl = နားတောင်း
Nica ~ Córak = အရက်
Ninnam ~ hámicá = အမြဲ
Nummal ~ Matárhoor = ထပတ်
Nuwal ~ Fagíth = လက်ကိုင်ပုဝါ
Oola ~ Booskhána = မီးဖိုချောင်
Óran ~ Fudin = နွေရာသီ
Ossí ~ Gorba = ဧည့်သည်
Raza ~ Badcá = ဘုရင်
Ret balu ~ Dúm balu = သဲ
Rit ~ Muusóm = ရာသီ
Sál ~ bahol = အခွံ
Sebdan ~ Fitdan = တွေးခံ
Sélen ~ Diip = ဆေးရည်
Sita ~ Sinta = ဝမ်နည်းခြင်း
Sodul ~ Tánjan = ထမ်းစင်
Sóppor ~ Dondoma = 
Sújja moris ~ Toris = ငရုတ်ရိုင်း
Tál ~ Soun = ပန်းကန်
Tatthi ~ Letthin = အိမ်သာ
Theñg Gari ~ Sairkol = စက်ဘီး
Thiyañ ~ Khorí = ဒင်္ဂါး
Tóila ~ Hóilla = အိတ်
Uñíjjá ~ Sóñg = စောင်း
Ustat ~ Muin = ဆရာ။၊ ဂုရု
Waiggá ~ Mobbúl = မီးပုံ
Zal ~ Záiñ = ပိုက်ကွန်
Zár ~ Zounl = တော၊ ချုံ
Zañlá ~ Sommoni = လမ်းခွဆုံ
Zermaic ~ Baricá = မိုးဥတု
Zun ~ San = လ၊ စန္ဒာ
Wednesday, January 4, 2023
Añáré Sinno dic Alok
 Añáré Sinno dic Alok
—————————--—
Kii...!
   Añár sinno búzai
   añàr zuban bodoli
Añar rosómór gírá faldai
tor tale tale tal ditam
   Ah...
   Foror górót sarak zolai 
   añár sarak nifáitám bolé
Añr foranor bahol bodolibár nái
Añr zobinor rosí síríbar nái
Añí morilé lekídíc añr kuwalot
Añi Ruwaingá boli sinnodic alok.
—RK
#RK_PoetryCollection
Monday, November 8, 2021
Fíriñg (ရိုဟင်ဂျာစကားပဒေသာ ၅)
#ရိုဟင်ဂျာတို့ပြောစကားထဲက_ဥပမာအလင်္ကာ
Fíríng ngoñt dóil - နှံကောင်အတိုင်း/ နှံကောင်လို 
စကားပြောတဲ့အခါ တစ်ခါတလေ ဥပမာပေးပြီး ပြောလေ့ပြောထရှိပါတယ်။ ဥပမာပေးပြီး ပြောတဲ့အချက်က ကိုယ်ပြောတဲ့စကားကို သူတစ်ပါးက လွယ်လွယ်ကူကူ နားလည်အောင်လို့ပါပဲ။ 
အဲ့လိုမျိုး ဥပမာနဲ့ပြောတဲ့အခါ တန်ဆာဆင်တဲ့သဘောပါခဲ့ရင်တော့ ​မြန်မာစာမှာ ဒါကို ဥပမာအလင်္ကာမြောက်တဲ့အဖွဲ့လို့ ခေါ်ပါတယ်။ 
ကျွန်ုပ်တို့ ရိုဟင်ဂျာတွေကလဲ စကားပြောတဲ့အခါ ဥပမာအလင်္ကာတွေ သုံးကြတာရှိပါတယ်။ အဲ့လိုပြောတဲ့ ​ထဲမှာ ❝ Firíng ngoñt dóil - နှံကောင်အတိုင်း❞ ဆိုတဲ့ အသုံးအနှုန်းလဲပါဝင်ပါတယ်။ 
ဒီနေရာမှာ မြန်မာစာပေရဲ့ ဥပမာအလင်္ကာအကြောင်း နားလည်ရင် ရိုဟင်ဂျာတို့သုံးတဲ့ ဥပမာအလင်္ကာအသုံးအနှုန်းရဲ့သဘောတရားကို နားလည်ဖို့ အထောက်အကူဖြစ်စေမှာပါ။ 
(ဒီ link ထဲက ဝင်ဖတ်လို့ရပါတယ် https://m.facebook.com/story.php?story_fbid=283182156977198&id=236426761652738)။
▪Fíríng (Eng) Grasshopper
(မြန်မာ) နှံကောင်
ဒီနှံကောင် (Fíríng) ဆိုတဲ့ ပိုးကောင်မှာ အငြိမ်မနေတတ်တဲ့အကျင့် ရှိတယ်။ သူတို့ဟာ နေရာတစ်ခုမှာ ကြာကြာ နားမနေတတ်ပါဘူး။ အမြဲပဲ ခုန်ရင်းလွှားရင်း နေတတ်တယ်။ ဟိုအပင်ကနေ ဒီအပင်ဆီ၊ ဒီအကိုင်းကနေ ဟိုအကိုင်းဆီ ပေါ့ပေါ့ပါးပါး ခုန်ပေါက်နေတတ်တယ်။ အဲ့လို ပေါ့ပေါ့ပါးပါး ခုန်လွှားနိုင်တာဟာ နှံကောင်တွေရဲ့ သွက်လက်မှု၊ ဖျတ်လတ်မှု စွမ်းရည်ပါပဲ။ သူတို့ဟာ မထိုင်းမှိုင်းဘူး။ မလေးကန်ဘူး။ အလုပ်တွေကို လျင်လျင်မြန်မြန် လုပ်နိုင်တယ် ဆိုတဲ့သဘောပါ။
ရိုဟင်ဂျာတွေကလဲ လူတစ်ယောက်ကို ''အလုပ်လုပ်တဲ့အခါသွက်သွက်လက်လက် ဖျတ်ဖျတ်လတ်လတ် ရှိတယ်၊ လျင်မြန်မှု ရှိတယ်၊ တစ်နည်းအားဖြင့် မထှိုင်းမှိုင်းဘူး၊ မလေးကန်ဘူး၊ ရေသာမခိုတတ်ဘူး'' စတဲ့အနက်တွေနဲ့ တင်စားပြီးပြောချင်တဲ့အခါ ❝Firíng ngoñt dóil - နှံကောင်အတိုင်း❞ ပဲလို့ ပြောကြပါတယ်။ 
သာဓက -
▪ Khon Thar bishí chuçúr cháçúl. Fóe fóé firíng ngoñt dóil. 
▪ ခွန်သာဟာ အင်မတန် သွက်လက်တယ်။ လုံးဝကို နှံကောင်အတိုင်းပါပဲ။ (Fóe fóé ဆိုတာ နှံကောင်ကို ကြည့်ရင် ခွန်သာကို မြင်ရမယ် ဆိုတဲ့သဘော)။ 
chuçúr cháçúl (အသံထွက် - ချူရုရ် ချရုလ်) = ဖျတ်လတ်သော၊ သွက်လက်သော။
▪ Gaálí goíllé torki noibá. Firíng ngoñt dóil bonóh. 
▪ ပျင်းရိနေလို့ကတော့ တိုးတက်မှာ မဟုတ်ဘူး။ နှံကောင်လို ဖြစ်လော့။ 
◼ သီချင်းထဲမှာ သုံးနှုန်းပုံ
ဒီ ❝Firíng ngoñt dóil❞ ဆိုတဲ့ အလင်္ကာကို ဒေါက်တာဘော်ရှိရ်က ရိုဟင်ဂျာ အချစ်ရေးသီချင်းတစ်ပုဒ်မှာ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါပေမယ့် သီချင်းမှာတော့ ဒေါက်တာက ကျွန်တော်အပေါ်က ပြောပြတဲ့ အနက်နဲ့ သုံးထားတာမဟုတ်ဘဲ တခြားအနက်နဲ့ သုံးထားတာတွေ့ရပါတယ်။ သီချင်းထဲမှာဆိုတော့ လင်္ကာဆန်ဆန် လှလှပပ ဖွဲ့နွဲ့ သုံးနှုန်းသွားတယ်လို့ပဲ မြင်ပါတယ်။ 
ဒေါက်တာရဲ့ သီချင်းထဲက သုံးနှုန်းပုံကို လေ့လာကြည့်ကြရအောင်။ 
"Ashique kír etó zalaa zanitáam, honódín aíñ ashíque nogoittaam [ချစ်​​ခြင်းရဲ့ ဒီလောက် ရက်စက်မှုကို ကြိုသိခဲ့မယ်ဆိုရင် ငါ (မင်းကို) ဘယ်တော့မှ မချစ်ခဲ့လောက်ဘူး]'' အစချီတဲ့ ဒီသီချင်းမှာ - 
Ashique hoddé ki nosiní, fíríng ngoñt dóil oiñnot zaáb dii, chaantíi aáchílde chóril gaan zaalii felaí laam....
ဘာသာပြန်ရရင် ❝အချစ်ဆိုတာ ဘာမှန်းမသိခဲ့ဘဲ ''နှံကောင် မီးကိုတိုးသလို'' တိုးခဲ့ပြီး (ငါ့) အေးချမ်းဖူးတဲ့ နှလုံးလိပ်ပြာကို လောင်မြိုက်ပြာကျစေခဲ့တယ်❞ တဲ့။
ဘယ်လိုတောင် လှပတဲ့ ကဗျာဆန်ဆန် ဖွဲ့နွဲ့မှုပါလိမ့်။ 
အဲ့ဒီထဲမှာ - 
▪Fíríng ngoñt dóil oiñnot zaáb díi, 
(ဘာသာပြန် - နှံကောင် မီးကိုတိုးသလို တိုးခဲ့ပြီး)
သီချင်းထဲက ဒီအသုံးအနှုန်းဟာလဲ ဥပမာအလင်္ကာမြောက်ပြီး ဒီအလင်္ကာဟာ သွက်လက်ဖျတ်လတ်မှုရှိတယ်ဆိုတဲ့အနက်ကို ဖော်ပြတာထက် ''ရူးသွပ်တာ၊ ရူးမိုက်တာ၊ ရမ်းကားတာ၊ ရဲရင့်တာ'' ဆိုတဲ့အနက်မျိုးစုံကို ဖော်ပြနေပါတယ်။ 
❝မင်းရဲ့အချစ်က အချစ်တုပါပဲ။ အချစ်တုအတွက် ငါပေးဆပ်ခဲ့တာ အလကား ဖြစ်သွားတယ်။ ငါ့ကို ခံစားစေတယ်။ မင်းက သစ္စာဖောက်ပါပဲ❞ ဆိုပြီး ရိုးရိုးပြောတာထက် ...
❝Firíng ngoñt dóil oiñnot zaáb díi - နှံကောင် မီးကိုတိုးသလို တိုးခဲ့တယ်❞ ဆိုပြီး သုံးလိုက်တော့... 
❝မင်းရဲ့အချစ်ဟာ ငါ့အတွက် မီးဖြစ်ခဲ့တယ်။ မီးမှန်းသိလျက်နဲ့ ရှေ့တိုးမိခဲ့တဲ့ ငါပဲ မှားခဲ့တာပါ။ မင်း အရမ်း ရက်စက်တတ်သူ၊ လိမ်လည်လှည့်ဖျားတတ်သူပဲ။ မင်းကြောင့် ငါ့ဘဝ ပျက်ပြီ❞ ဆိုတဲ့ အနက်ပါ ဒွန်တွဲပါလာတော့တယ်။ အဲ့ဒီ မီးလိုအချစ်ကိုရဖို့ ငါ ❝လုံလောက်အောင် ရဲရင့်ခဲ့တယ်။ ရူးသွပ်သလောက် ရူးသွပ်ခဲ့တယ်။ ရမ်းကားချင် ရမ်းကားခဲ့တယ်နော်❞ ဆိုတဲ့အဓိပ္ပါယ်တွေလည်း ရောပါနေတယ်။ 
ဒီသီချင်းနားထောင်နေသူဟာ အချစ်ရူး ရူးနေသူလေးနဲ့ တစ်ဖက်ရဲ့သစ္စာဖောက်ခြင်းကိုခံရတဲ့ ဝေဒနာကို အလူးအလဲ ခံနေရသူတစ်ယောက်ကို မျက်စိထဲ မြင်ယောင်လာမှာ မလွဲပါဘူး။ တကယ် ထိရောက်တဲ့ အသုံးအနှုန်းပါပဲ။ 
မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတို
မြန်မာလိုလဲ ဒါနဲ့ ဆင်တူတဲ့ အသုံးအနှုန်းရှိပါတယ်။ ❝ပိုးဖလံ မီးကိုတိုးသလို❞ ဆိုတဲ့အသုံးအနှုန်းပါ။ ငါဟာ မင်းရဲ့အချစ်မှာ ''ပိုးဖလံ မီးကိုတိုးသလို တိုးမယ်'' ဆိုပြီး သုံးလို့ရပါတယ်။ 
မလုပ်သင့်တဲ့အလုပ်တစ်ခုကို မလုပ်ဖို့ သတိပေးပြောချင်တဲ့အခါလဲ ဒီအလင်္ကာကို သုံးလို့ရပါတယ်။
▪ Tiyañllah bólí hoí WY besa kina nogorísh naaw. Firíng ngoñt dóil oiñnot zaáb díyós faán oiboó.
▪ ငွေအတွက် ဆိုပြီး WY မူးယစ်ဆေးဝါးတွေ အရောင်းအဝယ် မလုပ်နဲ့နော်။ နှံကောင် မီးကိုတိုးသလို ဖြစ်နေအုံးမယ်။ 
ဆိုလိုတာက ❝မီးဆိုတာသိလျက်နဲ့ သွားမတိုးနဲ့။ သေလိမ့်မယ်။ ဒုက္ခရောက်မယ်၊ အကျိုးယုတ်မယ်❞ ဆိုတဲ့သဘောပါ။ 
ချုပ်ရရင် -
❝ ခိုင်းနှိုင်းဥပမာပေးတဲ့သဘောလဲ ပါမယ်၊ တိုက်ရိုက်တဲ့တိုးပြောတာ မဟုတ်ဘဲ သွယ်ဝိုက်တဲ့သဘောလဲ ပါမယ်၊ တန်ဆာဆင်တဲ့ သဘောလဲပါမယ်'' ဆို အဲ့ဒီအဖွဲ့အနွဲ့ကို ဥပမာအလင်္ကာမြောက်တဲ့ အဖွဲ့အနွဲ့လို့ ခေါ်နိုင်ကြောင်းပါ ခင်ဗျား။ ❞
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။ 
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား) 
၉၊ ၁၁၊ ၂၀၂၁
- ရိုဟင်ဂျာတို့ပြောစကားထဲက ဥပမာအလင်္ကာတွေ comment ထဲမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ 
- Firíng ngoñt dóil oiñnot zaáb díi လို အချစ်ရူး ရူးနေတဲ့ ကိုယ့်မိတ်ဆွေတွေကို Mention ခေါ်နိုင်ပါပြီ။ 😁
Thursday, October 28, 2021
Girá (ရိုဟင်ဂျာစကားပဒေသာ ၃)
 🔹 အသုံးအနှုန်း ကြွယ်ဝ၊ ရိုဟင်ဂျာစကား 🔹
❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ .... ထပ်ဘာတွေရှိမယ်ထင်သလဲ။ လေ့လာကြည့်ကြရအောင်။
ဘာသာစကားတွေကို လေ့လာတဲ့အခါ အနက်တစ်ခုတည်းနဲ့ စကားလုံးတွေများစွာ တွေ့ရတတ်တယ်။ အဲ့လိုအနက်တစ်ခုနဲ့ အပြန်အလှန်အစားထိုးသုံးနိုင်တဲ့ စကားလုံးတွေကို အင်္ဂလိပ်စာမှာဆို Synonym လို့ပြောကြတယ်။ ဒါဟာ ဘာသာစကားတစ်ခုရဲ့ စကားလုံးကြွယ်ဝမှုလို့လည်း ပြောနိုင်ပါတယ်။ 
ကျွန်ုပ်တို့ ရိုဟင်ဂျာစကားကလဲ အလွန် ကြွယ်ဝပါတယ်။ အဓိပ္ပါယ်တစ်ခုတည်းအောက်မှာ အမျိုးမျိုးသော စကားလုံးတွေ၊ အမျိုးမျိုးသော ပြောပုံတွေ ရှိပါတယ်။ အနက်တူပြီး အသုံးအနှုန်းမတူတဲ့ Synonym တွေလည်း မြောက်များစွာ ရှိပါတယ်။
ဖွဲ့စည်းပုံအရပြောရရင် ''ပင်ကိုစကားလုံးတွေ'' လဲ ရှိသလို၊ ''ထိုးထွင်းဉာဏ်နဲ့ ဖန်တီးထားတဲ့စကားလုံးတွေ'' ရှိနေပါတယ်။ အနက်သဘောတရားအရ ''ရိုးရိုးအနက်နဲ့ တင်စားမှုအနက်'' နှစ်မျိုးရှိပါမယ်။
ဘာသာစကားဟာ ရွာတစ်ခုဆိုရင် ''တင်စားမှုတွေ၊ အလင်္ကာတွေ'' ဆိုတာ အဲ့ဒီရွာကလေးလယ်က ပန်းဥယျာဥ်လိုပါပဲ။ လှပတယ်။ နှစ်လိုဖွယ်ကောင်းတယ်။ မြတ်နိုးစရာလဲ ဖြစ်တယ်။ ပန်းဥယျာဥ်ဆီ အလည်သွားရတဲ့အခါ တကယ် ကြည်နူးရတယ်မဟုတ်လား။ ရိုဟင်ဂျာတို့ရဲ့ ပြောစကားတွေထဲမှာလဲ အလွန်လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ ''တင်းစားမှုစကားလုံးတွေ၊ အလင်္ကာတွေ'' ရှိနေပါတယ်။
ဒီနေ့တင်ပြလိုတာကတော့ ''ကပ်စေးနှဲတယ် '' လို့ အဓိပ္ပါယ်ရတဲ့ အသုံးအနှုန်းတွေပါ။ အင်္ဂလိပ်လို ''Stingy, Miser''။ 
ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတယ်''လို့ ပြောတဲ့အခါ အမျိုးမျိုးသုံးကြပါတယ်။ ထူးဆန်းတာက အသုံးအနှုန်းအများစုဟာ တင်စားမှုသဘော၊ အလင်္ကာသဘောပါနေတာပါပဲ။ တိုက်ရိုက်အနက်ပါတဲ့ တည်ပုဒ် စကားလုံးတွေလဲ ရှိပါတယ်။ 
လေ့လာကြည့်ကြရအောင် -
၁။ 𝐅𝐞𝐭é𝐧𝐢𝐢
▪ Myo Thant gyá itay enkén feténii !
▪ မျိုးသန့်ဆိုတဲ့ကောင်က ဘယ်လိုတောင် ကပ်စေးနှဲနေသူလဲဟ။
▪ taé! itay bishí feténii yé.
▪ တောက်၊ ဒီကောင် အရမ်း ကပ်စေးနှဲတာပဲ။
ဒီအသုံးအနှုန်းဟာ မနှစ်မြို့တဲ့သဘောနဲ့ ''ကပ်စေးနှဲသူ၊ ကပ်စေးနှဲတယ်'' လို့ ပြောလိုတဲ့အခါ သုံးလေ့ရှိပါတယ်။ တစ်ခုခု သုံးစရာပေါ်လာရင် ချီတုံချတုံဖြစ်ပြီး မသုံးတတ်သူ။ တစ်ခုခုဝယ်တဲ့အခါ အရမ်းစျေးစစ်တတ်သူ။ သူများကို ပေးရမယ်ဆို မပေးချင်ပေးချင် ဖြစ်တတ်သူ။ ဦးကော်တရာပေါ့ဗျာ။ 
၂။ 𝗦𝗮𝗺𝗮𝗮𝗿
▪ Ro Mehrooz hédduur samaar noé.
▪ရိုမဲဟ်ရုစ့်ကတော့ သိပ်ပြီး ကပ်စေးမနှဲပါဘူး။ 
▪Samaari gorí gorí hodin taíbá.
▪ဘယ်နေ့ထိ ​ကပ်စေးနှဲနေမလဲဗျာ။
ဒီအသုံးအနှုန်းဟာ ကပ်စေးနှဲတာကို သာမန်ထက်နဲနဲပိုကဲတဲ့ အနက်နဲ့ သုံးကြဟန်ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေကို ကျွေးမွေးဖို့က ဝေး၊ ကိုယ်ကိုယ်တိုင်တောင် တစ်ခုခုဝယ်မစားတတ်သူ။ ဝယ်မဝတ်တတ်သူကို ဆိုလိုပါတယ်။
၃။ 𝗠𝘂𝘁á (မြန်မာ) - မကြွပ်သော၊ ပျောင်းသော။ (ဒါရိုက်ဘာသာပြန်) 
▪Bet ibá beshí mutá. 
▪ဒီကြိမ်က အလွန် ပျောင်းတယ်။ (ချိုးရမလွယ်ဘူးလို့ အနက်ရပါတယ်။) 
- 𝗠𝘂𝘁á - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။
▪ Zay Yaa Nyein ardé Khon Thar , honay besh mutá ré?
▪ ဇေယျာငြိမ်းနဲ့ ခွန်သာမှာ ဘယ်သူက ပိုပြီး ကပ်စေးနှဲလဲ။
▪ Zay Yar doíllá mutá manúish, mui arr lot noófóm. 
▪ ဇေယျာလို ကပ်စေးနှဲတဲ့လူ ငါ နောက်ထပ် မတွေ့ဖူးဘူး။
▪ Mutár Fuá Mutá 😁 
(ဦးကပ်စေးနှဲရဲ့သား မောင်ကပ်စေးနှဲ) 😁
- လူတစ်ယောက်က သူ့မှာရှိတဲ့ဟာကနေ ဖဲ့ပြီး သူများကို မပေးတတ်တာ၊ မကျွေးတတ်တာ၊ တစ်နည်းအားဖြင့် ကပ်စေးနှဲတာကို ဆိုလိုချင်လို့ လွယ်လွယ်ဖြတ်မရတဲ့၊ မကြွပ်တဲ့အနက်ပါတဲ့ Mutá စကားလုံးကို တင်စားမှုသဘောနဲ့ သုံးဟန်ရှိပါတယ်။ Mutá နေရာမှာ Musi လို့လဲ သုံးလေ့ရှိပါတယ်။ 
၄။ 𝗖𝗵𝗮𝗮𝘁 - (မြန်မာ) - အသားမာ။ 
▪ Dukkór haam goittí goíttí aátot chaat boch cháy. 
▪ အလုပ်ကြမ်းလုပ်ရင်း လက်မှာ အသားမာတက်နေပြီ။
- 𝗖𝗵𝗮𝗮𝘁 - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။
▪ Thulay haén chaat noó. Híbar baaf chaat de.
▪ သူလေး အဲ့လောက် ကပ်စေးမနှဲပါဘူး။ သူ့အဖေပဲ ကပ်စေးနှဲတာ။ 
ရိုဟင်ဂျာတွေက ''ကပ်စေးနှဲတာ'' ကို ''Doró'' ဆိုပြီးလဲ ပြောကြတယ်။
▪ Itay bishí doró. Kessú kini nahá.
▪ ဒီလူ သိပ် ကပ်စေးနှဲတယ်။ ဘာမှကို ဝယ်မစားဘူး။
Doró ရဲ့မူရင်းအနက်က ခိုင်ခံ့တယ်။ မာကျောတယ်။ ဆိုတော့ ဒီ ''chaat'' ဆိုတဲ့ စကားလုံးမှာလဲ မာတယ်ဆိုတဲ့ အနက်ရှိတယ်။ မာတဲ့အနက်နဲ့ Doró ကို ကပ်စေးနှဲတယ်သဘောနဲ့ သုံးသလိုမျိုး မာတဲ့အနက်နဲ့ Chaat ကိုလဲ ကပ်စေးနှဲတယ် သဘောနဲ့ တင်စားပြီး သုံးဟန်ရှိပါတယ်။ 
၅။ ''𝐆𝐢𝐫á'' - (​မြန်မာ) အထုံး(ကြိုး)။ အဆစ် (ဝါး၊ အပင်၊ ခြေလက်)။
▪ Aadoror rósír girá kuíltí mushkil.
▪ ချစ်ကြိုးရဲ့ အထုံးအဖွဲ့ကို ဖြေရတာ ခက်တယ်။
▪ Bañchór girá. ဝါးမှာပါတဲ့အဆစ်။ 
- ''𝐆𝐢𝐫á'' - ''ကပ်စေးနှဲ'' အနက်နဲ့သုံးမယ်။ 
▪ Hítár baaf bishí girá baazi. 
▪ သူ့အဖေ တော်တော် ကပ်စေးနှဲတယ်ဗျာ။
ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ
ကြိုးရဲ့ အထုံးအဖွဲ့တစ်ခုကို ပြေအောင်လုပ်ရတာ နဲနဲခက်တယ်။ ကပ်စေးနှဲသူရဲ့ အိတ်ထဲက ငွေထွက်လာဖို့ကလဲ ခက်တယ်။ ခက်တယ်သဘောချင်း တူလို့ Giraá ကို ကပ်စေးနှဲတယ် သဘောနဲ့ သုံးလာသလား မသိဘူး။ နောက် ''Giraá-အဆစ်'' ဆိုတာကလည်း ချောချောမွတ်မွတ်မရှိ၊ ညက်ညက်ညောညောမရှိတဲ့ အနက်ပါတယ်။ ချောချောမွတ်မွတ်မရှိတဲ့နေရာကနေ တစ်ခုခု ဖြတ်ကျော်သွားရတာ မလွယ်ဘူး။ အလားတူ ကပ်စေးနှဲသူရဲ့လက်ထဲက ငွေတွေထွက်လာဖို့ဆိုတာကလဲ အဲ့လိုမလွယ်ကူပါဘူး။ လမ်းဆစ်တဲ့ခရီးကြမ်းကို ဖြတ်ပြီး ငွေတွေထွက်လာရမှာ တော်တော်ခက်မယ်။ အဲ့ဒါကြောင့်ပဲ Giraá လို့သုံးနေသလားတော့ မသိဘူး။
၆။ ''𝗕𝗼𝗸𝗵í𝗹'' - ကပ်စေးနှဲသူ။ ကော်တရာ။ 
မိမိအတွက်ကော မိမိ မိသားစုအတွက်ကော လိုအပ်တဲ့နေရာမှာတောင် မသုံးဘဲ ကပ်စေးနှဲတတ်သူ၊ ကော်တရာ ဖြစ်နေသူကို ဆိုလိုပါတယ်။ အပြစ်တင်တဲ့သဘောနဲ့ သုံးကြတယ်။ တော်တော်လေးကို ပြင်းထန်တဲ့သဘောရှိပါတယ်။
▪ Hítéy bódda bokhíl! Tar maa wáré óddo gom jinís nohábá.
▪ သူဟာ တကယ်ကို ကပ်စေးနှဲတတ်သူ။ သူ့အမေကိုတောင် အစာကောင်းတွေ မကျွေးတတ်တာ။
▪ Bokhílaí gorí zindigi nohaçach.
▪ စေးကပ်နှဲရင်း ဘဝကို မဖြတ်သန်းပါနဲ့။
၇။ 𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼
(မြန်မာလိုတိုက်ရိုက်ဘာသာပြန်) - လက်ဆုပ်မာတယ်။
▪Hítár bibir bishí múth dóroo. Hétollah hitay torki ouiyéde.
▪သူ့မိန်းမရဲ့ လက်ဆုပ်က တော်တော်မာတယ်။ ဒါကြောင့် သူ တိုးတက်ခဲ့တာလေ။ (ဒါရိုက်ဘာသာပြန်) 
ဒါဟာ ကပ်စေးနှဲတာကို ဝင်္ကဝုတ္တိအလင်္ကာဆန်ဆန် ပြောချင်တဲ့အခါ သုံးပါတယ်။ ဒီအသုံးအနှုန်းမှာ စည်းကမ်းရှိရှိ သုံးစွဲတာ၊ ခြိုးခြိုးခြံခြံ ချွေချွေတာတာ သုံးစွဲတာ၊ မလိုအပ်တဲ့နေရာမှာ မဖြုန်းတာ၊ အသုံးမကြမ်းတဲ့ သဘောတရားပါရှိပါတယ်။ 
အင်္ဂလိပ်လိုကလဲ ဒီ ''Múth dóroo'' ကို Tight-fisted ဆိုပြီး သုံးကြတာတွေ့ရတယ်။ စကားဖွဲ့စည်းပုံကရော အနက်ကရော အတော်တူကြပါတယ်။ စိတ်ဝင်စားစရာပါပဲ။
၈။ 𝐇á𝐭𝐨𝐭𝐭ú 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞 (𝐨𝐫) 𝐎𝐮ñ𝐥𝐥𝐨𝐫 𝐜𝐡é𝐭𝐭𝐢 𝐏𝐚𝐧í 𝐍𝐨𝐠𝐨𝐥𝐞
▪ Hítár Hátottú paní nogole. 
▪ သူ့လက်ထဲကနေ ရေယိုမကျဘူး။ (တိုက်ရိုက်ဘာသာပြန်) 
▪ Mutá oílé mutá, Jamil loddoél mutá aar lot nófóm. Tar Ouñllor chétti Paní Nogole dé hoífárósné.
▪ ကပ်စေးနှဲသူထဲမှာ ဂျမိလ်လို ကပ်စေးနှဲသူ မတွေ့ဖူးဘူး။ သူ့ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ဘူးသိလား။ (တိုက်ရိုက်ဘာသာပြန်) 
တိုက်ရိုက်ဘာသာပြန်က ''လက်ထဲကနေ ရေယိုမကျ'' ၊ ''လက်ချောင်းထဲကနေ ရေယိုမကျ'' ပါပဲ။ ဆိုလိုရင်းကတော့ ''စေးနှဲ'' တာကို ဆိုလိုတာပါပဲ။ တော်တော်ကို ဆိုးဆိုးဝါးဝါး ကပ်စေးနှဲတာကို အလင်္ကာဆန်ဆန်ပြောလိုတဲ့အခါ ဒီအသုံးအနှုန်းနဲ့ ပြောလေ့ရှိပါတယ်။
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၊၉ ၁၀၊ ၂၀၂၁ 
အခုလိုမျိုး အနက်တူ သုံအနှုန်းပုံကွဲတွေနဲ့ အသုံးအနှုန်းမျိုးကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ 
ကိုယ့်မိတ်ဆွေတွေထဲမှာ ❝ 𝗦𝗮𝗺𝗮𝗮𝗿 ...𝗠𝘂𝘁á ... 𝗖𝗵𝗮𝗮𝘁 ...𝐆𝐢𝐫á...𝗠ú𝘁𝗵 𝗱ó𝗿𝗼𝗼 ...❞ ရှိရင် mention ခေါ်ပေါ့လေ။ 😁 
Mutár fūa mutáyá.
Mutár zeé mutání.
Chaattor fūa chaat
Chaattor zeé chaattyani.
Samaaror fūa samaar
Samaaror zeé samaarni.
Feténiír fūa feténií
Feténiír zeéyo feténií.
Girár fūa girá.
Girár zeé girá ni.
Bokhilór fūa bokhíl
Bokhilór zeéyo bokhíl.
Hoiñ çár fūa hoiñ çá
Hoiñ çár zeé hoiñ çá ní.
Lefórtór fūa lefórt
Lefórtór zeé lefórtní.
Múth dóroor fūa múth dórooyá
Múth dóroor zeé múth dórooni.
ဒါကဗျာမဟုတ်ဘူး 😁
တစ်စုံတစ်ယောက်ကို ကပ်စေးနှဲလွန်းလို့ ကြည့်မရတဲ့အခါ ယဥ်ယဥ်ကျေးကျေး ဆဲချင်ရင် အဲ့လိုဆဲလိုက်ရမယ်ထင်တယ်။
''ကပ်စေးနှဲတာကို'' ရိုဟင်ဂျာတွေ ဘယ်လိုသုံးနှုန်းကြလဲဆိုတဲ့ ဆောင်းပါးလေးကို link ထဲကနေ ဝင်ဖတ်လို့ရပါတယ်။ https://m.facebook.com/story.php?story_fbid=959519554601311&id=100016298259586
#ယျာတင် (ရိုဟင်းသား)
- ဆက်ရန် -
Tuesday, October 26, 2021
Hát Baçi (႐ိုဟင္ဂ်ာစကားပေဒသာ ၂)
𝐀á𝐭 𝐁áç𝐢 / 𝐇𝐚á𝐭 𝐁áç𝐢 - (မြန်မာ) လက်တိုတယ်။
(၁) 
ဘာသာစကားတိုင်းမှာ စကားကိုတန်ဆာဆင်ပြီး ရေးလေ့ပြောလေ့ ရှိကြပါတယ်။ ရိုဟင်ဂျာစကားထဲက အလင်္ကာအသုံးအနှုန်းအကြောင်း မတင်ပြခင် ကိုယ်နဲ့အနီးစပ်ဆုံး ဘာသာစကားဖြစ်တဲ့ မြန်မာစာပေရဲ့ တန်ဆာဆင်နည်းအကြောင်း နဲနဲ ပြောပြပါရစေ။ မြန်မာစာပေမှာ တန်ဆာဆင်နည်း နှစ်မျိုးရှိပါတယ်။
၁။ “သဒ္ဒါလင်္ကာရ” လို့ ခေါ်တဲ့ “စကားတန်ဆာ” နဲ့
၂။ “အတ္ထာလင်္ကာရ” လို့ ခေါ်တဲ့ “အနက်တန်ဆာ” တို့ ဖြစ်ပါတယ်။
“သဒ္ဒါလင်္ကာရ” ဆိုတာ စာပေရေးဖွဲ့ရာမှာ စကားနဲ့ တန်ဆာဆင်ခြင်းကို ဆိုလိုပါတယ်။ ပသာဒဂုဏ်၊ သြဇဂုဏ်၊ မဓုရတာဂုဏ် စတဲ့ ဂုဏ်မြောက်အောင် ရေးဖွဲ့တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ အနက်ကို ပြေပြစ်အောင်ဖွဲ့ဆိုတဲ့ နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုချင်တဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူထံ ပြေပြေပြစ်ပြစ် ချောချောမွေ့မွေ့ ရောက်သွားအောင် ပို့ဆောင်တဲ့ နည်းများဖြစ်ပါတယ်။
- "အတ္ထာလင်္ကာရ" ဆိုတာ စာရဲ့ အဓိပ္ပာယ်ကို စာဖတ်သူတွေအတွက် စိတ်၀င်စားဖွယ် ဖြစ်အောင် တန်ဆာဆင်ရေးဖွဲ့ခြင်းကို ဆိုလိုပါတယ်။ မြန်မာစာသင်ကြားရေးမှာ ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ စသဖြင့် ရှိကြတဲ့ အလင်္ကာ အမျိုးအစားများဟာ “အတ္ထာလင်္ကာရ” လို့ခေါ်တဲ့ အနက်တန်ဆာများဖြစ်ပါတယ်။ အတ္ထာလင်္ကာရ နည်းတွေဟာ အနက်ကို ဆန်းကြည်အောင်ဖွဲ့တဲ့နည်း၊ တစ်နည်းအားဖြင့် စာရေးသူ ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို စာဖတ်သူအဖို့ အဆန်းတကြယ် နှစ်သက်ဖွယ်ဖြစ်အောင် ရေးဖွဲ့တဲ့နည်းများ ဖြစ်ပါတယ်။
အခု အတ္ထာလင်္ကာရအကြောင်းပဲ နဲနဲပြောပြပါမယ်။ အတ္ထာလင်္ကာရကို အဓိကအားဖြင့် နှစ်မျိုးခွဲပါတယ်။ 
၁။ “သဘာ၀၀ုတ္တိအလင်္ကာ” (မသွယ်မဝိုက် တိုက်ရိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) နဲ့
၂။ “၀င်္ကဝုတ္တိအလင်္ကာ” (သွယ်ဝိုက်ဖွဲ့ဆိုပြီး တန်ဆာဆင်ခြင်း) တို့ပဲ ဖြစ်ပါတယ်။ 
ဒီမှာတစ်ခါ သွယ်ဝိုက်ဖွဲ့ဆို တန်ဆာဆင်တဲ့ “၀င်္ကဝုတ္တိအလင်္ကာ” ဆိုတာ အသုံးလဲများသလို စကားကိုလဲ တကယ်ကိုပဲ လှပစေပါတယ်။ 
ပါဠိမှာ ဝင်္ကဝုတ္တိအလင်္ကာမျိုးကွဲဟာ များစွာရှိနေပါတယ်။ ဒီထဲကနေ အသုံးများတဲ့ ဝင်္ကဝုတ္တိအလင်္ကာ ၃၅ မျိုးကို အလင်္ကာကျမ်းတွေမှာ ဖော်ပြထားပါတယ်။
အများသိကြတဲ့ ''ဥပမာအလင်္ကာ၊ ရူပကအလင်္ကာ၊ အတိသယဝုတ္တိအလင်္ကာ'' တွေဟာ ဝင်္ကဝုတ္တိအလင်္ကာထဲက မျိုးကွဲတွေသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီဝင်္ကဝုတ္တိအလင်္ကာအားလုံးရဲ့ဘုံအနက်က စကားတစ်ခုကို တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်ပြောဆိုခြင်းအားဖြင့် တန်ဆာဆင်ခြင်းလို့ အနက်ရပါတယ်။
သာဓကအားဖြင့်, 
- "အမုန်းပင်''ကို မစိုက်ပျိုးကြပါနဲ့။ - ဆိုတဲ့ဝါကျမှာ ပါတဲ့ ''အမုန်းပင်'' ဆိုတာ အလင်္ကာမြောက်တဲ့အဖွဲ့အနွဲ့ ဖြစ်ပါတယ်။ ''အမုန်းပင်'' ဆိုတာ တကယ် ရှိတဲ့အပင်လား။ မဟုတ်ပါဘူး။ ဒါဟာ စကားကို တန်ဆာဆင်ပြီးရေးတာပါ။ အပင်ဆိုတာ ​တစ်စတစ်စ ရှင်သန်ကြီးထွားတတ်သလိုမျိုး အမုန်းတရားဆိုတာလည်း တစ်စတစ်စ ရှင်သန်ကြီးထွားတတ်တယ်။ ဒီနှစ်ခုဟာ ဂုဏ်ရည်ချင်းတူတယ်။ အဲ့လိုဂုဏ်ရည်ချင်းတူတာကို ထပ်တူပြုပြီး ဖွဲ့နွဲ့တော့ ရူပကအလင်္ကာမြောက်သွားတယ်။ ဒီလိုဖွဲ့နွဲ့ခြင်းအားဖြင့် ကိုယ်ပြောနေတဲ့ စကားဟာလဲ လှသွားတယ်။ ယဥ်သွားတယ်။ နှစ်သက်ဖွယ်ဖြစ်သွားတယ်။ ကြားနာသူက အဲ့ဒီစကားကို ပိုပြီးအလေးအနက်ထားမယ်။ ''အမုန်းတရားကို ကြီးထွားအောင်မလုပ်ပါနဲ့'' လို့ပြောတာထက် ''မုန်းပင်မစိုက်ပျိုးပါနဲ့'' ဆိုပြီး ဝင်္ကဝုတ္တိနဲ့ ပြောတာဟာ ပိုပြီး ထိရောက်တဲ့ စကားအသုံးအနှုန်းလို့ ပြောနိုင်ပါတယ်။ 
အင်္ဂလိပ်စာပေမှာတော့ အလင်္ကာအသုံးတွေကို ''Rhetorical expression'' လို့ ပြောမယ်ထင်ပါတယ်။ Idiom တွေရဲ့သဘောသဘာဝကလည်း အလင်္ကာနဲ့ ထပ်တူနီးပါးရှိမယ်ထင်ပါတယ်။ 
[အလင်္ကာအကြောင်းဟာ တကယ်ကျယ်ပြောပါတယ်။ အပေါ်က ရှင်းပြချက်ဟာ အတိုချုံးပြီး ရှင်းပြတာသာဖြစ်ပါတယ်။]
(၂) 
အလင်္ကာအကြောင်း တိုချုံးရှင်းပြရခြင်းရဲ့ရည်ရွယ်ချက်ဟာ ရိုဟင်ဂျာလူမျိုးကလည်း စကားပြောတဲ့အခါ အဲ့လိုအလင်္ကာတွေ သုံးနှုန်းပြီး ပြောဆိုလေ့ရှိတာကို တင်ပြချင်လို့ပဲ ဖြစ်ပါတယ်။ 
အဲ့ဒီလိုတန်ဆာဆင်ပြီး ပြောဆိုတာတွေဟာ အလင်္ကာတွေရဲ့ သဘောသဘာဝအတိုင်း ကျစ်ကျစ်လျစ်လျစ်လည်း ရှိပါတယ်။ လှလည်းလှပပါတယ်။ နှစ်သက်ဖွယ်လည်း ဖြစ်ပါတယ်။ ထိထိမိမိလည်း ရှိလှပါတယ်။ 
ရိုဟင်ဂျာတို့ တန်ဆာဆင်ပြီးပြောဆိုလေ့ရှိတဲ့ထဲက အသုံးအနှုန်းတစ်ခုကို ဒီနေ့ တင်ပြပါမယ်။
▪ Aát Baáçi (or) Haát Baáçi - (မြန်မာ) လက်တိုတယ်။
သာဓက - 
▪ Machtor Rashíd saab, ouñ nóttú ea máchót tiñyañ fuchá loí bishí aát baáçi níkí zé?
▪ဆရာဦးရော်ရှိတ်ခင်ဗျား။ ဆရာ ဒီလမှာ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး တော်တော် လက်တိုနေပါသလား။ (တိုက်ရိုက်ဘာသာပြန်)
▪ Mohamed Rofique : O baí, fañsázár tiñyaa taílé udár dóná.
: ဘိုင် ... ငွေ ငါးထောင် ချေးပါလား။ 
▪ Abu Saad : Aañt tú aát baáçí oíuyé baí. 
: ကျုပ်မှာ လက်တိုနေပြီဗျာ။
▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်
▪ ဒီဝါကျတွေမှာသုံးကြတဲ့ ''Aát Baáçi (or) Haát Baáçi' - လက်တိုတယ်'' ဆိုတာ ''ငွေရေးကြေးရေးနဲ့ အဆင်မပြေဖြစ်နေတာ၊ မချောင်လည်တာ၊ ကျပ်တည်းတာ'' ကို ဆိုလိုတာပါ။ တိုက်ရိုက်တဲ့တိုးမပြောဘဲ သွယ်ဝိုက်သဘောနဲ့ ပြောတော့ အဲ့ဒီစကားအသုံးအနှုန်းဟာ ယဥ်ကျေးတဲ့သဘောလည်းဖြစ်သွားတယ်။ လှတယ်လှသွားတယ်။ ထိထိမိမိလည်း ဖြစ်သွားပါတယ်။ 
** ဆရာ့လက်ကို ဘယ်သူက သွားတိုင်းခဲ့သလဲတော့ မသိဘူး။ တိုပဲတိုနေတယ်လို့ ပြောနေတယ်။ ဆရာ့လက်က ဘယ်လောက်လောက် တိုနေပြီလဲ ဆရာ။ (ဟဿ) 😁 
-
မြန်မာစာမှာ ''လက်တိုတယ်'' လို့ သုံးနှုန်းတာမတွေ့ဖူးပါဘူး။ ဒါပေမယ့် ''စိတ်တိုတယ်၊ စိတ်ရှည်တယ်'' ဆိုပြီးသုံးနှုန်းတာတော့ ရှိပါတယ်။ သူ့အဓိပ္ပါယ်နဲ့ သူပဲပေါ့။ 
အင်္ဂလိပ်စာမှာတော့ ''Short-handed'' ဆိုပြီး အသုံးရှိပါတယ်။ ''လက်တို'' တယ်လို့ တိုက်ရိုက်ဘာသာပြန်ရပေမယ့် သူ့အဓိပ္ပါယ်ကတော့ ''ငွေရေးကြေးရေး အဆင်မပြေတာ'' ကိုဆိုလိုတာမဟုတ်ဘဲ အလုပ်ရုံတစ်ခုခုမှာ ''လူအင်အား မလုံလောက်တာ'' ကို ဆိုလိုတာပါ။ 
(Idiom အသုံးအနှုန်းတစ်ခုဖြစ်တဲ့ "Go short of money'' ကိုတော့ ''Aát Baáçi (or) Haát Baáçi'' အနက်နဲ့ သုံးနိုင်မယ်ထင်ပါတယ်။ အင်္ဂလိပ်စာပေမှာတော့ ငွေရေးကြေးရေး ကျပ်တည်းနေတာကို သူ့ဟာသူ အဆင်ပြေအောင်ပြောကြမှာပါပဲ။ အဲ့ဒီအကြောင်းကို ဒီနေရာမှာ မဆွေးနွေးလိုပါ။)
ခြုံပြီးပြောရရင် -
''Aát Baáçi (or) Haát Baáçi' ဆိုတဲ့ အသုံးအနှုန်းဟာ ဝင်္ကဝုတ္တိအလင်္ကာ မြောက်တဲ့ အဖွဲ့အနွဲ့တစ်ခုဖြစ်ပါတယ်။ ရိုဟင်ဂျာတွေက ငွေရေးကြေးရေး အဆင်မပြေဖြစ်နေတဲ့အကြောင်းကို ယဥ်ယဥ်ကျေးကျေးသဘောနဲ့ လှလှပပ ပြောချင်တဲ့အခါ ''Aát Baáçi (or) Haát Baáçi'' oíuyé'' ဆိုပြီး အသုံးပြုလေ့ရှိကြောင်းပါ ခင်ဗျား။ 
#မိခင်ဘာသာစကားကိုမြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကိုထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၇၊ ၁၀၊ ၂၀၂၁ 
အခုလိုမျိုး အလင်္ကာမြောက်တဲ့ အသုံးအနှုန်းတွေကို comment မှာ ဝင်ရောက် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
- ဆက်ရန် -
Monday, October 25, 2021
Bór (ရိုဟင်ဂျာစကားပေဒသာ)
❝𝐁Ó𝐑❞ - လေးလံသည် - 𝐇𝐞𝐚𝐯𝐲
ဘာသာစကားတစ်ခုကို လေးလေးနက်နက် ခြေခြေမြစ်မြစ် လေ့လာကြည့်တဲ့အခါ သဘောကျစရာတွေ တွေ့ရပြီး စိတ်ထဲ ပီတိဖြစ်မိတယ်။ မိမိရဲ့ မိခင်ဘာသာစကား ဖြစ်စေကာမူ လေးလေးနက်နက် မတွေးဖြစ်မိရင်တော့ ဘာသာစကားရဲ့ အလှတရားကို မတွေ့ဖြစ်တတ်ပါဘူး။
ကျနော့်ဘော်ဒါတစ်ဦးဟာ ရိုဟင်ဂျာစကားရဲ့ အတိမ်အနက်၊ တင်စားမှုသဘော၊ အလေးအပေါ့ စတာတွေကို လေ့လာတတ်ပါတယ်။ တစ်ခါတလေ သူနဲ့စကားလက်ဆုံကျတဲ့အခါ အဲ့အကြောင်းတွေပြောရင်းနဲ့ ကျနော်လဲ ရိုဟင်ဂျာတို႔ပြောစကားထဲက စကားလုံးအချို့ရဲ့ အလေးအပေါ့၊ အတိမ်အနက်၊ တင်စားမှုသဘော စတာတွေကို မိမိဘာသာ တွေးဖြစ်မိတယ်။
အဲ့လိုတွေးဖြစ်မိတဲ့ထဲက စကားလုံးတစ်လုံးကို တင်ပြပါမယ်။
Bór - (မြန်မာ) လေးလံသည်။ (Eng) Heavy
ဒီ ''Bór'' ဆိုတဲ့စကားလုံးကို ရိုဟင်ဂျာတွေက ''ကြိယာ''၊ ''နာမဝိသေသန'' အနေနဲ့လဲသုံးသလို၊ တင်စားမှုသဘောနဲ့လဲ သုံးတာတွေ့ရပါတယ်။ တင်စားမှုသဘောဆိုတာ ဝင်္ကဝုတ္တိ အလင်္ကာဆန်ဆန် သုံးနှုန်းတာကို ဆိုလိုတာပါ။
(၁) Bór (ဂုဏ်ရည်ပြကြိယာ)
▪ E soilor bossá ibá bishí bór.
▪ ဒီဆန်အိတ်က သိပ်လေးလံတာပဲ။
(၂) Bór (ဂုက်ရည်ပြနာမဝိသေသန)
Bór jínísh hañdót no loiyó.
▪ လေးတဲ့အရာတွေကို မထမ်းပါနဲ့။
(၃) Bór (အနုတ်သဘောပါတဲ့ တင်စားမှု)
Khon Thar haan bishí bór.
▪ ခွန်သာရဲ့ နားရွက်က သိပ်လေးတာပဲ။ (ဒါရိုက်ဘာသာပြန်)
(ဒီမှာ Khon Thar ရဲ့ နားရှကျ အလေးချိန်ကို ဖော်ပြတ မဟုတ်ပါဘူး။ အကြားစွမ်းရည် အားနည်းတာကို ဖော်ပြတာပါ။)
- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်က ''နားသိပ်မကြားတာ'' ကို ဆိုလိုတာပါ။
Zay Yar hamot bishí bór.
▪ဇေယျာဟာ အလုပ်လုပ်တဲ့အခါ သိပ်လေးတယ်။
- ဒီဝါကျမှာပါတဲ့ Bór ရဲ့အနက်ဟာ အလုပ်လုပ်တဲ့အခါ ''မသွက်လက်တာ''၊ ''​နှေးကွေးတာ'' ကို ဆိုလိုတာပါ။
(၄) Bór (အပေါင်းသဘောပါတဲ့ တင်စားမှု)
Zin Min Naing boddá heénkén bór! Zeén laribá larogoí, gúshshá noó.
▪ ကိုဇင်မင်းနိုင် ဘယ်လိုတောင် လေးလံတာလဲဗျာ။ သူ႕ကို ဘယ်လောက် စစ၊ စိတ်ဆိုးတယ်လို႔ကို မရှိဘူး။ (တိုက်ရိုက်ဘာသာပြန်)
- ဒီဝါကျမှာပါတဲ့ Bór ဟာ ''သည်းခံနိုင်စွမ်းရှိခြင်း'' ၊ ''အနစ်နာခံနိုင်စွမ်းရှိခြင်း'' ဆိုတဲ့သဘောနဲ့ တင်စားပြောဆိုခြင်းဖြစ်တယ်။
#မိခင်ဘာသာစကားကို မြတ်နိုးတန်ဖိုးထားပါ။
#မိခင်ဘာသာစကားကို ထိန်းသိမ်းပါ။
#ယျာတင် (ရိုဟင်းသား)
၂၆၊ ၁၀၊ ၂၀၂၁
- မိမိသဘောကျတဲ့ ''ရိုဟင်ဂျာစကားလုံး'' တွေနဲ့ပတ်သက်ပြီး Comment box မှာ ဝင်ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။
Tuesday, September 14, 2021
Biyallíshór Lorhori [Zari]
"၁၉၄၂ ၏ ပူဆွေးသောက" ကဗျာလေ့လာချက်
ခေတ် - ကိုလိုနီနှောင်း
ရေးဖွဲ့ - အမည်မသိရှေးစာဆို
အမျိုးအစား - ဇာရီ
Biyallishór Lorhori
Hoinna haçer kuf mari
             Oi-ló zadur lorhori,
Séi zadu rey mari felléy 
             Luwár sél maári.
Sélór agat zádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handon
           Jongoletáy bói.
Nizstánor gór fayli 
             Musoólmanór lorhóry,
Musólman haça hái
         Góbon góillo Apokkor faari.
Apokkór dhálaát zaái
             Kiyórey dháker baf oh bhái,
Házar házar Mori zaddéy
              Fanír loót no fai.
Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálát mazáy felai aisshéy
               Hárái no faári.
- Osin Cayér
[English translation of the poem]
The grief of the 1942 massacre 
The young girls were chopped
Innocent children lay in their death throes 
That baby was killed with a sharp spear.
Impaling the babies on the spear, the mogh danced and enjoyed 
The Muslims were crying in the surrounding  forest.
The Muslims suffered even more
after leaving their home, their motherland.
The Apaukwa valley has become a place of unforgettable horror after the Rohingya massacre.
In the Apaukwa Valley, some called out "O father", some called out "O brother" for help_
Thousands of people died of thirsty.
Those who had elderly parents become utterly helpless;
they fled Apaukwa Valley, leaving them behind  in that deadly place.
- Anonymous 
၁၉၄၂ ၏ ပူဆွေးသောက
ဤ ၁၉၄၂ ၏ ပူဆွေးသောက ကဗျာသည် ဇာရီ ခေါ် ညည်းချင်း ကဗျာတစ်ပုဒ်ဖြစ်သည်။ ဇာရီကဗျာသည် ပူဆွေးသောက၊ လွမ်းဆွယ်ဖွယ်ဖြစ်ရပ်၊ နာကျင်ခံစားမှုစသည်တို့ကို ထည့်သွင်းဖွဲ့ဆိုသော ကဗျာဖြစ်သည်။ ကရ်ဘလာ ဇာရီ၊ ဘီယာလိချ်သြရ်ခါရာခါရီ ဇာရီ၊ ရှုဂျာဘချ်ချာရ် ဇာရီ၊ ပါရီဘာဏူ ဇာရီ စသော ရှေးခေတ် ထင်ရှားသော ဇာရီများရှိခဲ့သည်။ 
ဇာရီ ကဗျာမှာ ပိုဒ်ရေ အရေအတွက် အကန့်အသတ်မရှိချေ။ မိမိစွမ်းသလောက် ဖွဲ့ဆိုနိုင်သည်။ ဖြစ်ရပ်မှန်များကို သနားကြင်နာဖွယ်ကောင်းသော ကရုဏာရသမြောက်အောင် စပ်ဆိုရသည်။ ဘယာနာကရသလည်း အနည်းအများ ခံစားနိုင်သည်။ ဇာရီကို တစ်စုံတစ်ယောက်အား လွမ်းဆွတ်သတိရ၍ ရွတ်ဆိုလေ့ရှိသည်။ 
ဤကဗျာတွင် ၁၉၄၂ ခုနှစ် အာရကန်ပြည်တွင် ဖြစ်ပွားခဲ့သည့် မဂ်ခါရာခါရီ ခေါ် လူမျိုးရေးအဓိကရုဏ်း၌ အာရကန်ပြည်သူ ရိုဟင်ဂျာလူမျိုးများ အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် အသတ်ခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ အပေါက်ဝတောင်ကြားလမ်း သတ်ဖြတ်ပွဲ ဖြစ်ရပ်မှန်ကို စာဆိုက ကရုဏာသရမြောက်အောင် စပ်ဆိုထားသည်။ စာဆိုသည် ကျောက်တော်မြို့ အပေါက်ဝဒေသခံ ဖြစ်ဟန်တူသည်။ အပေါက်ဝဒေသတဝိုက်တွင် အသတ်ခံခဲ့ရသော ရိုဟင်ဂျာများကို အဓိက သရုပ်ဖော်ထားသည်။ 
ကဗျာတွင် မိန်းကလေးငယ်များ မုဒိမ်းကျင့်သတ်ဖြတ်ခံရပုံ၊ ကလေးသူငယ်များ သတ်ဖြတ်ခံရပုံ၊ အကြမ်းဖက် မဂ်ရိုင်းများ သာယာနေပုံ၊ ဒေသခံပြည်သူများ ရပ်ရွာစွန့်၍ တောအုပ်၌ အသက်ကယ်ဖုံးဝှက်နေရပုံ၊ တောထဲ၌ အစာရေစာ ပြတ်လပ်၍ သေကြေရပုံ၊ သက်ကြီးအဘိုးအိုများကို ကယ်မထုတ်နိုင်ဘဲ စွန့်ထားရပုံ စသော မြင်ကွင်းများကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်လာအောင် ဖော်ကျူးထားသည်။ 
ကဗျာအဓိပ္ပါယ်ဖွင့်ဆိုချက်
၁၉၄၂ သတ်ဖြတ်မှု၏ ပူဆွေးသောက
အပေါက်ဝမှာလေ-
ကညာပျိုမိန်းကလေးများ ဓားနှင့် ခုတ်သတ်ခံရ
အပြစ်မဲ့ကလေးများ သေကံမရောက် သေဆုံးခဲ့ရ
နို့စို့ကလေးများ လှံနှင့် ထိုးသတ်ခံရ။
နို့စို့ကလေးများကို လှံချွန်ထက်တွင် စိုက်ထိုးရင်း မဂ်ရိုင်းတို့က ကခုန်ပျော်ပါးလို့
မွတ်စလင်များသည် တောအုပ်ထဲ၌ ခိုရာမဲ့ငိုကြွေးခဲ့ရ
မွတ်စလင်များသည် မိမိတို့၏အိမ်၊ အမိမြေကို စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် ပို၍ပင် ဆင်းရဲဒုက္ခရောက်ခဲ့။
အပေါက်ဝတောင်ကြားသည် ရိုဟင်ဂျာ အစုလိုက် သတ်ဖြတ်ခံရပြီးနောက် မမေ့နိုင်သော ထိတ်လန့်ဖွယ်ရာ နေရာတစ်ခု ဖြစ်လာ။
အပေါက်ဝတောင်ကြားတွင် အချို့က "အိုအဖေ" ၊ အချို့က "အိုအကို" ဟု ငိုကြွေးရင်းလေ။
လူထောင်ပေါင်းများစွာသည် ရေငတ်ဒဏ်ကြောင့်သေကြေခဲ့ရ။
အိုမင်းသော မိဘများရှိသူများမှာ ပို၍ ဒုက္ခရောက်ခဲ့
အပေါက်ဝတောင်ကြား၌  အဘိုးအိုများကို 
မကယ်နိုင်ဘဲ ချန်ရစ်ထွက်ပြေးခဲ့ရသည်။
- အမည်မသိ
ဝေါဟာရအဖွင့်
Agat = ထိပ်ဖျားတွင်
Apok = အပေါက်ဝ
Biyallish = ၄၂ ( ၁၉၄၂)
Buráburi = သက်ကြီးရွယ်အို
Dhála = တောင်ကြားလမ်း
Gór = အိမ်
Handon = ငိုကြွေးခြင်း
Hárái = ရှောင်ဝှက်ထားသည်။ ကယ်သည်။
Hoinna = ကညာပျို
Hóraf = အရိုင်း။
Jongol = တောတောင်
Lorhori = ပူဆွေးသောက
Mog = မဂ်လူမျိုး
Naser = ကခုန်သည်
Nizestan = မိမိဌာနေ
Sél = လှံ
Zadu = နို့စို့ကလေး
— ရိုဟင်းကိန်း
(၉-၅-၂၀၂၁)
Thursday, July 15, 2021
Two Rohingya Old Poetry
"Arakan Decór Musólman"
O khuda tui rahám goró tuáñr bonda ré
Bormár decór musólman bái oré
Zehón dase cúridilám khúdar gulami
Melitheri lorai lorai banar acámi
Keen goríya taikkúm añárá é zagar uore
Arakan decór musólmanór uore
O khuda tui rahám goró tuañr bonda ré
Arakan decór musólmanor uore
Dari ola manúic faile burot sek goré
Nizor hái nizor loi ham gorá fore (biyar)
Górot asé bibi bacca waaccá more
Keen goríya taikkúm añra é zagar uore
O khuda tui raham goro tuanr bonda ré
Arakan decór musólmanor uore
— Osin Cáyer
" Democracy Baala "
O desi Bormá wala 
nogoijjo bai nak-muk hala
Ek hale Bormá óibo baala
Rohingyar lai Demokrasi baala
Gorif ollá Aung San Suu Kyi baala
Mondu tún Busidóung zaite toukkenza lage
Ek boska soil faar goitte duuty mañge
Añraré sairo kultú diyé hana maala
Rohingyar lai Demokrasi baala
Gorif ollá Aung San Suu Kyi baala
- Osin Cáyer
(မြန်မာဘာသာပြန်)
ဒီမိုကရက်စီ အကောင်းဆုံး
အို တိုင်းရင်းဗမာပြည်သူရေ
မျက်နှာ မညှို့ပါစေနဲ့
တစ်ချိန်ကျတော့ ဗမာပြည်အေးချမ်းပါလိမ့်မယ်
ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်
ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်
မောင်တောကနေ ဘူးသီးတောင်သွားဖို့ ထောက်ခံစာလိုတယ်
ဆန်တစ်အိပ် သယ်သွားဖို့ ဆက်ကြေးပေးရတယ်
ငါတို့ကို အဖက်ဖက်က အုန်းမှုတ်ခွံနဲ့ မျက်စိပိတ်ထားတယ်
ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်
ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်
(မှတ်ချက်။    ။တစ်ချိန်က ဒုက္ခအတိမှ ရုန်းထွက်နိုင်ဖို့ ရိုဟင်ဂျာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ဒဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်အားကိုးခဲ့တယ်။ အဲဒီတုန်းက ဖွဲ့ဆိုခဲ့တဲ့ တေးတစ်ပုဒ်ဖြစ်ပါတယ်။)
Note: This video clip was recorded by an author  Kazi Fahmida from bangladesh Refugees Camp.
Tuesday, July 13, 2021
မစ္စတာဂျင်းနားက မောင်တောဒေသကို တောင်းဆိုမည်မဟုတ်
 #unicode
မစ္စတာဂျင်းနားက မောင်တောကို တောင်းဆိုမည်မဟုတ်
အောင်ဆန်းက လုံးဝကျေနပ်ကြောင်းပြော
ကာရာချီ၊ ဇန်နဝါရီ ၈ရက်။
မွတ်စလင်လိဂ်အဖွဲ့ကြီး၏ဥက္ကဌ မိုဟာမက်အလီဂျင်းနားက
ယနေ့ ဤမြို့တွင် သတင်းထုတ်ပြန်ရာ၌ "မွတ်စလင်လိဂ်အဖွဲ့ကြီးသည် ဗမာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို ပါကစ္စတန်နိုင်ငံအတွင်းသို့ ထည့်သွင်းရန် ကိစ္စနှင့်စပ်လျဥ်းပြီး စဥ်းစားဆွေးနွေးရန် ရည်ရွယ်ချက်မရှိကြောင်း" ကြေညာသည်။
မောင်တောဒေသသည် မွတ်စလင်တို့နေထိုင်သည့် ဒေသဖြစ်သည့်အတွက် ၄င်းကိုပါကစ္စတန်ပိုင်နက်အဖြစ် မွတ်စလင်လိဂ်အဖွဲ့ကြီးကတောင်းဆိုသတ်မှတ်မည်ဟူသော ကောလာဟလများ ပေါ်ပေါက်နေခြင်းမှာ မောင်တောမွတ်စလင်များက မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းထည့်သွင်းပေးပါရန် တောင်းဆိုချက်ကို မြောက်ဘန်ဂေါလ်အစိုးရက စာနာစွာစဥ်းစားမည်ဟု ဘန်ဂေါလ်ပြည်နယ် မွတ်စလင်လိဂ် ဝန်ကြီးချုပ် ဟတ်ဆန်ဆူရာဝါဒီ၏ ပြောဆိုချက်အပေါ်မူတည်၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကာလကတ္တားတွင် ခွဲစိတ်ကုသမှုခံယူရန်ရောက်ရှိနေသော ဗမာအစိုးရ အမှုဆောင်ကောင်စီအဖွဲ့ဝင် ဦးစောက မွတ်စလင်လိဂ်ခေါင်းဆောင်များ၏ မောင်တောနှင့်ပတ်သက်သည့် ရည်ရွယ်ချက်ကိုပြစ်တင်ဝေဖန်သည်။ ဗမာသတင်းစာများကလည်း ဤအဆိုပြုချက်ကို ရှုတ်ချကြသည်။
ယမန်နေ့ညက ကရာချိမြို့တွင် ဗမာအစိုးရအမှုဆောင်ကောင်စီ ဒုဥက္ကဌ ဦးအောင်ဆန်းနှင့်မစ္စတာဂျင်းနားတို့ဆွေးနွေးသည့်အကြောင်းအရာများတွင် မောင်တောကိစ္စလည်း ပါဝင်သည်။
ဦးအောင်ဆန်းက ယနေ့ထုတ်ပြန်ရာတွင်လည်း မောင်တောနှင့်ပတ်သက်၍ ဂျင်းနားကပေးသော အာမခံချက်ကို "လုံးဝကျေနပ်ကြောင်း" ဖော်ပြထားသည်။ ဦးအောင်ဆန်းနှင့် မစ္စတာဂျင်းနားတို့၏ ပြောဆိုချက်များကို ယနေ့မွန်းလွဲပိုင်းတွင် သတင်းစာများသို့ ထုတ်ပြန်ပေးသည်။
ဦးအောင်ဆန်း၏ ထုတ်ပြန်ချက်တွင် မောင်တောကို ပါကစ္စတန်နိုင်ငံထဲ ထည့်သွင်းမည်ဟူသော လူအချို့၏ ပြောဆိုနေမှုများနှင့်ပတ်သက်သည့် သတင်းစာပါသတင်းများကို မိမိသည် မစ္စတာဂျင်းနားနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ၎င်း၏ပြောဆိုချက်များကို မိမိလုံးဝကျေနပ်ကြောင်း၊ ဗမာပြည်သူများသည် ထိုသတင်းစာပါ သတင်းများကြောင့် စိတ်မသက်မသာဖြစ်ကြမည်မဟုတ်ဟု မျှော်လင့်ကြောင်း၊ ဗမာနှင့် မွတ်စလင်များအကြားတွင်၎င်း၊ ဗမာနှင့် အင်ဒီးယန်းများအကြားတွင်၎င်း ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးလျှင် အပြန်အလှန် ပူးပေါင်းဆောင်ရွက် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပါရှိသည်။
မစ္စတာဂျင်းနား၏ ထုတ်ပြန်ချက်တွင် "ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပြီး အိန္ဒိယနှင့် ဗမာနိုင်ငံရေးရာကိစ္စရပ်များအကြောင်း ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဆွေးနွေးရသည်ကို နှစ်ထောင်းအားရရှိလှကြောင်း၊ ၎င်းအင်္ဂလန်သို့ သွားရောက်မည့် ရည်ရွယ်ချက်လည်းအောင်မြင်ပါစေရန် မိမိဆုတောင်းပါကြောင်း၊
"မွတ်စလင်လိဂ်အဖွဲ့ကြီး၏ မူဝါဒမှာ အလွန်ရှင်းလင်းကြောင်း၊ မိမိတို့သည် အိန္ဒိယနိုင်ငံ၏ ပြည်နယ်များအရေးတွင်ပင် ဝင်ရောက်စွက်ဖက်ရန် ဆန္ဒမရှိကြောင်း၊ ဗြိတိသျှအိန္ဒိယအရေးကိုသာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မွတ်စလင်လိဂ်အဖွဲ့ကြီးသည် မောင်တောကို ပါကစ္စတန်နိုင်ငံအတွင်းသို့ သိမ်းသွင်းရန် ရည်ရွယ်ချက်မရှိကြောင်း ဗမာပြည်သူများကို မိမိအာမခံချက်ပေးကြောင်း မွတ်စလင်လိဂ်အဖွဲ့ကြီးသည် ထိုကဲ့သို့သော တောင်းဆိုချက်ကို မည်သည့်အခါကမျှမပြုလုပ်ခဲ့သလို နောင်တွင်လည်း ပြုလုပ်ရန် မရည်ရွယ်ကြောင်း၊
ဤကိစ္စသည် ဤတွင် အပြီးအပြတ်ဖြေရှင်းပြီး ဖြစ်ကြောင်း၊
မွတ်စလင်နှင့် ဗမာပြည်သူတို့၏ ပျော်ရွှင်ရင်းနှီးသော ဆက်ဆံရေးသည် မလျော့မပါး ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး အပြန်အလှန်ကူညီမှုပြုကြရန် မိမိပန်ကြားကြောင်း" ပါရှိသည်။
— ဆြာသိန်
---------------------------------------------------------
Reference
The Burma Gazette. (1947, January 10)
#Zawgyi
ကရာချီ၊ ဇန္နဝါရီ ၈ရက်။
ယမန်နေ့ညက ကရာချိမြို့တွင် ဗမာအစိုးရအမှုဆောင်ကောင်စီဒုဥက္ကဌ ဉီးအောင်ဆန်းနှင့် မစ္စတာဂျင်းနားတို့ဆွေးနွေးသည့်အကြောင်းအရာများတွင် မောင်တောကိစ္စလည်းပါဝင်သည်။
ဉီးအောင်ဆန်းက ယနေ့ထုတ်ပြန်ရာတွင်လည်း မောင်တောနှင့်ပတ်သက်၍ ဂျင်းနားကပေးသော အာမခံချက်ကို "လုံးဝကျေနပ်ကြောင်း"ဖော်ပြထားသည်။ ဉီးအောင်ဆန်းနှင့်မစ္စတာ ဂျင်းနားတို့၏ပြောဆိုချက်များကိုယနေ့မွန်းလွဲပိုင်းတွင် သတင်းစာများသို့ ထုတ်ပြန်ပေးသည်။
ဉီးအောင်ဆန်း၏ထုတ်ပြန်ချက်တွင် မောင်တောကို ပါကစ္စတန်နိုင်ငံထဲထည့်သွင်းမည်ဟူသော လူအချို့၏ပြောဆိုနေမှုများနှင့် ပတ်သက်သည့်သတင်းစာပါသတင်းများကို မိမိသည် မစ္စတာဂျင်းနားနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြောင်း၊ ၄င်း၏ပြောဆိုချက်များကို မိမိလုံးဝကျေနပ်ကြောင်း၊ ဗမာပြည်သူများသည် ထိုသတင်းစာပါသတင်းများကြောင့် စိတ်မသက်မသာဖြစ်ကြမည်မဟုတ်ဟု မျှော်လင့်ကြောင်း၊ ဗမာနှင့်မွတ်စလင်များအကြားတွင်၎င်း၊ ဗမာနှင့်အင်ဒီးယန်းများအကြားတွင်၎င်းရင်းနှီးသောဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းပြီးလျှင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်းပါရှိ
သည်။
မစ္စတာဂျင်းနား၏ထုတ်ပြန်ချက်တွင် "ဗိုလ်ချုပ်အောင်ဆန်းနှင့်တွေ့ဆုံပြီး အိန္ဒိယနှင့်ဗမာနိုင်ငံရေးရာကိစ္စရပ်များအကြောင်း ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်ဆွေးနွေးရသည်ကို နှစ်ထောင်းအားရရှိလှကြောင်း၊ ၄င်းအင်္ဂလန်သို့သွားရောက်မည့် ရည်ရွယ်ချက်လည်း အောင်မြင်ပါစေရန်မိမိဆုတောင်းပါကြောင်း၊
— ဆြာသိန်
Credit.