Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, June 25, 2023

ရှေးစကားရွှေအလား (၉)

 


ရှေးစကားရွှေအလား (၉)


Fañs khora ye Morot, fañs khora ye Miyala

Háñzi finí beçi, thonthon mónthon beça.


ဤ တိုတောင်းသည့် ရှေးဆိုရိုးလင်္ကာသည် အလွန်တန်ဖိုးရှိသော ရိုဟင်ဂျာတို့၏ အစဉ်အလာ ရိုးရာဝတ်စားဆင်ယင်ပုံနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ဂုဏ်ကိုဖော်ကြူးထားခြင်းဖြစ်သည်။ လင်္ကာတိုက်ရိုက်အဓိပ္ပာယ်ကား

" အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသား၊ အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသမီး၊ လှပဆင်ယင် အမျိုးသမီး ကျက်သရေဆောင်၊ ထွားထွားကျိုင်းကျိုင်း အရပ်အမောင်းကောင်း ယောက်ျားမြတ်သည်ပင်" ဟူ၍ ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံနှင့် ပတ်သတ်၍ ရိုဟင်ဂျာတို့က Fañs khora ဟု သုံးကြသည်။ အဝတ်အစား အင်္ဂါရပ် ငါးခု ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ အဝတ်အစားမှာ အင်္ဂါရပ် ငါးခုစီ ရှိသည်။ ရှေးရိုးစဉ်လာ ရိုဟင်ဂျာရိုးရာအဝတ်အစားဆိုလျှင် ဤအင်္ဂါရပ် ၅ ခုနှင့် ပြည့်စုံရမည်။ 

အမျိုးသားများ၏ အဝတ်အစား အင်္ဂါရပ်ငါးခုမှာ 

၁) အင်္ကျင်္ီ (ဘာဇူ)၊ 

၂) ပုဆိုး (ဟိုင်းလော့)၊ 

၃) ဦးထုပ် (တိက္ကာ)၊ 

၄) ခေါင်းပေါင်း  (ဖော်ရီ)၊ 

၅) အပြင်ခံအင်္ကျီ (ဆော့ဒေါရီယား) တို့ဖြစ်ကြသည်။ 

အမျိုးသမီးများ၏ အဝတ်အစား အင်္ဂါရပ် ငါးခုမှာ 

၁) အင်္ကျီ(ဆူလိ)၊ 

၂) ထဘီ (ထားမီ)၊ 

၃) ရင်ဖုံးချာ (ဘုခ်ဘောန်)၊ 

၄) ခေါင်းခြုံပုဝါ (နုမ္မာလ်)၊ 

၅) တဘက် (ဆာဒ္ဒေါရ်)တို့ဖြစ်ကြသည်။ 

ယနေ့ခေတ်တွင် ဆာဒ္ဒေါရ် အစား ဘိုရ်ခါ ဝတ်ဆင်ကြသည်။ ဘုခ်ဘောန် အသုံးက ပျောက်ကွယ်သွားသည်။ ခေတ်အလျောက် အပြောင်းအလဲများ ရှိနေသော်လည်း Fañs Khora စကားအသုံးက ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာမင်္ဂလာဆောင်ပွဲများမှာ သတို့သားမိဘက သတိုးသမီးကိုလည်းကောင်း၊ သတို့သမီးမိဘက သတို့သမီးကိုလည်းကောင်း အပြန်အလှန် Fañs khora ပေးရလေ့ရှိသည်။ 

ထိုကဲ့သို့ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ အလှအပအဆောင်အယောင်ကြောင့် ကျက်သရေရှိသော မိန်းမ(ကတော်) ဖြစ်လာကြောင်း၊ အမျိုးသားများသည် အဝတ်အစား ပြည့်စုံရသည့်အပြင် အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းဖြင့် ယောက်ျားကောင်း ဖြစ်လာကြောင်း ရှေးရိုဟင်ဂျာတို့၏ သဘောထားအမြင်ကို လင်္ကာတစ်ပိုဒ်ဖြင့် သီကုံးထားခြင်းဖြစ်သည်။ 

ရှေးရိုးစဉ်လာ ရိုဟင်ဂျာ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၍ ရိုဟင်ဂျာ စာပေယဉ်ကျေးမှုအနုပညာတို့ကို ထိန်းသိမ်းကြပါစို့။ (ရိုဟင်ဂျာရိုးရာဝတ်စားဆင်ပုံကို အောက်ပါဆောင်းပါးတွင် အသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါသည်)

- ရိုဟင်လေ

(၂၆ - ၆ - ၂၀၂၃)

Click Here to Read ရိုဟင်ဂျာဝတ်စားဆင်ယင်ပုံ


No comments:

Post a Comment