Diindahání
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Friday, April 29, 2022
Anouk Bhawa Shin Islam Shah Coin
Islam Shah Coin
#Zawgyi
——————————————
ရှေ့ဘက်-  (အရဗီစာတန်း) လားအိလာဟ အိလ်လ္လာဟ် မိုဟာမ်မဒုရ်ရစူရုလ္လာဟ်၊ 
သက္ကရာဇ်-   ၉၅၉ ခု
အလေးချိန်- 10.33 g
အရွယ်အစား- 25.00 mm
#Unicode
အနောက်ဘဝရှင် အိစ္စလာမ်ရှား ဒင်္ဂါး
———————————————
ကျော့ဘက်- (ဗမာအက္ခရာစာတန်း) ၉၅၉ ခု နရဓိပတိသားတော် အနောက်ဘဝရှင်
ရှေ့ဘက်- (အရဗီစာတန်း) လားအိလာဟ်ဟ အိလ်လ္လာဟ် မိုဟာမ်မဒုရ်ရစူရုလ္လာဟ်၊ 
        - (ဘင်္ဂလီစာတန်း) သျှီသျှီ အိစ္စလာမ်သျှား
သက္ကရာဇ်- ၉၅၉ ခု
အမျိုးအစား- ငွေဒင်္ဂါး
အလေးချိန် - 10.33 g
အရွယ်အစား- 25.00 mm
တွေ့ရှိခဲ့သည့်နေရာ - စစ်တကောင်းဒေသ။
#Rohingya
Anouk Bhawá Cin Islam Caá Tanka
—————————————————
Fis-dák - (Bormís leká) 959 khú naradibbatí thaadaw anouk bhawá cin
Muum-dák - (Arobi leká) Laa Ilaha Illallah Muhammadur Rasuulullah
                     - (Bangla leká) Crí crí Islam Caá
Cón - 959 cón
Zaat - Rufar Thanka
Bór - 10.33 g
Maf - 25.00 mm
Faiyéde zaga - Sittagong Elaka
#CoinsOfArakan
Credit- Internet
Saturday, April 23, 2022
ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ
ရှေးကျသော ရိုဟင်ဂျာရိုးရာ အကများ
လူမျိုးတိုင်းသည် ကိုယ်ပိုင်အတီးအမှုတ်၊ ကိုယ်ပိုင်အဆို အကများကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေအောင် မိမိဟန်နှင့် ဖန်တီးကာ အားလပ်ချိန်ကလေးများကို ဖျော်ဖြေကြသည်။ ထို့အတူ ရိုဟင်ဂျာလူမျိုးကလဲ မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ်၊ ကိုယ်ပိုင် အဆိုအကတို့ကို ရှေးအခါကပင် ဖန်တီးကာ ဖျော်ဖြေလာခဲ့ကြ သည်။ ဤဆောင်းပါးတွင် ရှုချင်စဖွယ်ကောင်းသော ရိုးရာအကများ အကြောင်းကို လက်လှမ်းမီသမျှ လေ့လာတင်ပြပေးပါသည်။  
ရိုဟင်ဂျာဘာသာစကားတွင် အကကို "နာစာ။ နာစ်။" ဟု ခေါ်သည်။ ကပြသူ ကချေသည်ကို "နာတ်ထွာ" ဟုခေါ်ကြသည်။ နာတ်ထွာ မှာ "နစ်ဝါလာ"၊ "နာစ်စွာ"မှ ဆင်းသက်လာသော စကားလုံးဖြစ်သည်။ ရိုဟင်ဂျာအကများသည် ကကွက်၊ ကဟန်များ အပေါ် အခြေခံထားသည်။ ကဟန်မှာ တမူထူးခြားသည်။ ဆန်းကြယ်သည်။ အိစ္စလာမ်ဘာသာ ထွန်းကားလာခဲ့သည့် နောက်ပိုင်းတွင် အတီးအမှုတ်၊ အဆိုအကတို့ကို ဘာသာရေး ရှုထောင့်မှ ရွံ့စရာအဖြစ် ရှူမြင်ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီး ရော၍ စင်တစ်စင်ပေါ်တွင် ကသည့်ပုံစံမျိုးကိုတော့ လုံးဝလုံးဝ တားမြစ်ခဲ့ကြသည်။ အမျိုးသားများသည် အမျိုးသားချင်း ကပြသည်။ အမျိုးသမီးများသည် အမျိုးသမီးချင်း ကပြသည်။ ရိုဟင်ဂျာတို့သည် အမျိုးသမီးနေရာတွင် အမျိုးသားများကို မိန်းကလေး အဝတ်အစား၊ အဆောင်အယောင် ဝတ်စေပြီး ကပြစေသည်။ ထိုသို့ အမျိုးသမီး အယောင်ဆောင်စေသော ကချေသည်တို့ကိုလည်း နာတ်ထွာ ဟု ခေါ်ကြသည်။ ထိုမှတဆင့် နာတ်ထွာနာစ် ဆိုသော အကတစ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ထို နာတ္တဝါအကတွင် ကဟန် အမျိုးမျိုး ရောနှောပါတတ်သည်။ နာတ္တဝါအကသည် အင်္ဂလိပ် ခေတ်နောက်ပိုင်းတွင် အလွန်ခေတ်စားခဲ့သည်။ ယနေ့တိုင် တွေ့နေ ရဆဲဖြစ်ပါသည်။   
ရိုဟင်ဂျာရိုးရာယဉ်ကျေးမှုတွင် အဟန့်အတား အမျိုးမျိုး ကြောင့် တေးဂီတနှင့် အဆိုအကဘက်၌ အားပျော့သွားခဲ့သည်။ မည်သို့ပင်ဖြစ်စေကာမူ တေးဂီတနှင့် အကပဒေသာသည် ရှက်ရွံ့စရာ ဟုသတ်မှတ်ခံခဲ့ရသောကြားကနေ အတိုင်းအတာ တစ်ခုအထိ ထိုးဖောက်ဖြတ်သန်း ရှင်သန်လာခဲ့သည်။ ကိုလိုနီခေတ်တွင် ရိုဟင်ဂျာ ဇာတ်သဘင်အထိ တိုးတက်ခဲ့ပေသည်။  (ရိုဟင်ဂျာ ဇာတ်သဘင် အကြောင်းကို နောက်ဆောင်းပါး တစ်ပုဒ်တွင် သီးခြားဖော်ပြပါမည်။) 
ယနေ့ ရုပ်ရှင်၊ ဆိုရှယ်မီဒီယာ မှတဆင့် တိုင်းတစ်ပါးယဉ်ကျေးမှုများ ရောနှောလာသည့်အလျောက် ရှေးအဆိုအကတို့တွင်လည်း အရောအနှော ထူထပ်လာလေသည်။ ယနေ့ခေတ်မျိုးဆက်သစ်တို့သည် မိမိတို့၏ ကိုယ်ပိုင် အတီးအမှုတ် အဆိုအက တို့ကို ခွဲခြား၍ မရနိုင်သည့်အဆင့်အထိ ရောက်ရှိနေပြီ။ အလွန်စိုးရိမ်စရာပင်။ သို့ဖြစ်၍ ပျောက်လုနီးပါးဖြစ်နေသော မိမိတို့ ယဉ်ကျေးမှုကို ကိုယ်အား၊ ဉာဏ်အား ရင်းကာ ပြန်လည်ဖော်ထုတ်၍ မျိုးဆက်သစ်ကို လက်ဆင့်ကမ်းရန်တာဝန်မှာ ရိုဟင်ဂျာတိုင်း၏ တာဝန်ဖြစ်ပေသည်။ 
စကားမစပ် ထိုသို့ရှေးအခါကပင် ကပြဖျော်ဖြေလာခဲ့သော အကအမျိုးအမျိုးထဲမှ ယနေ့တိုင် တွေ့ရှိရသော ရှေးကျသည့် အက လေးမျိုးကို လေ့လာတင်ပြပေးပါမည်။ ထို ယနေ့တိုင်တွေ့ရှိရသော အက လေးမျိုးမှာ-  
        (၁) ဂုလ်တာစ်
        (၂) ဒေါရ်ဗေချီနာစ်
        (၃) အာရော်ခ်ျချားနာစ်
        (၄) ဂါဆာ့ရ်နာစ်
တို့ဖြစ်ကြသည်။ (အထက်ဖော်ပြပါအက အမျိုးအမည်များသည် အာရကန်ပြည်ရှိ ဒေသတစ်ခုနှင့်တစ်ခု ကွဲလွဲမှုရှိသည်။ စာရေးသူ သည် လူကြီးမိဘများနှင့် လေ့လာတိုင်ပင်ရာတွင် အများအားဖြင့် ခေါ်လေ့ရှိသည့် နာမည်များကို ထည့်သွင်းဖော်ပြ ထားခြင်းဖြစ်ပါ သည်။)
(၁) ဂုလ်တာစ်    
ဂုလ်တာစ် အကကို ဂုလ်နာစ်ဟုလည်းခေါ်ကြသည်။ ဂုလ်တာစ်သည် မြေပြင်ပြန့်ပြန့်၊ တလင်းပြင် မြေဝိုင်း၌ ကသော အကတစ်မျိုးဖြစ်သည်။ အလွန်ရှေးကျသော အကဟူ၍လည်း လေ့လာသူတို့က ခန့်မှန်းကြသည်။ "နာစီနော်ဇိုင်လေ့ ဥရာန်ဘေဟာံ" (အက မတတ်၊ တလင်းပြစ်တင်) ဟူသော ရိုဟင်ဂျာ စကားပုံသည် ဤအကမှ တင်စားပြောဆိုသည်ဟု သက်ကြီးတို့က ဆိုစမှတ် ပြုကြသည်။ ဂုလ်တာစ်ကို တစ်ယောက်ချင်း သော်လည်းကောင်း၊ နှစ်ယောက်သုံးယောက်သော်လည်းကောင်း ကနိုင်သည်။ အကနည်း မှာ ပါးစပ်တွင် ဘာဂျာကဲ့သို့ လေမှုတ်တူရိယာတစ်မျိုးကို တီးမှုတ် ကြူလျက်၊ လက်တစ်ဖက်ဖြင့် ပုဆိုး အောက်နားကိုကိုင်ကာ ကိုယ်လုံးကို ရစ်ပတ်ကရသည်။ ခြေနှင့်လက် ဟန်ကျအောင် ဝှေ့ယမ်းလှုပ်ရှားရသည်။ ခြေ၊ ခါး၊ ပုခုံး၊ ခေါင်းတို့ကိုလည်း သူဟန်နဲ့သူ လှုပ်ရှားပြရသည်။ ကြား၌ ဂျီလည်သလို တစ်ခါတစ်ခါ လည်ပတ်ရသည်။ ပါးစပ်က တေးလုံးကို မရပ်တန့်စေရ။ ပါးစပ်က တူရိယာသံစဉ်သည် ကပြသူ၏ အကအရှိန် ကို အတိုးအနိမ့် ဖြစ်စေသည်။ 
အောက်ပါတေးချင်းအပိုဒ်တွင် ဂုလ်တာစ်အက၏ဟန် တစိတ်တစ်ပိုင်းကို ဖော်ကျူးထားသည်။ 
“Hainlog ór matá háte dóri
Gulhái hái naser koñl lari
Mukot súrder baitar bací.
Dán forer né soil forer
Gultas nasar tiyañra báñgér.”
ဤတေးချင်းတွင် ဂုလ်တာစ်ကဟန်အပြင် ရှေးခေတ် သဘင်၏ မြင်ကွင်းတစ်ခုကို တွေ့ရှိရသည်။ "Dan forer né soil forer| Gultas nasar tiyañra báñgér." ဤအပိုဒ်သည် ကပွဲကြည့်ရှုရန်ရောက်လာကြသော ဆင်းရဲသား လယ်သမား ပရိတ်သတ်များက ကချေသည်များကို ငွေကြွေးစေ့အစား ဆန်၊ စပါးများ တောင်းလိုက်အိတ်လိုက် ချီးမြှင့်ကြသည့်ဓလေ့ကို တွေ့ရပါသည်။ တစ်ချို့ကမူ ဤအပိုဒ်ကို အခြားအဓိပ္ပာယ် ယူကြသည်။ ဂုလ်တာစ်အက၏အဓိက ကကွက်ဖြစ်သော တစ်ကိုယ်လုံးကို အူရစ်လည်ပတ်ရာတွင် ကြိတ်ဆုံနှင့် တင်စား၍ ဟန်ချက်ညီ၊ မညီ သရော်ပြောဆိုသော နောက်တိုးစကားဟု ဆိုကြသည်။ Baita ဆိုသော ရှေးတူရိယာတစ်မျိုးကို ဖော်ပြထားသည်။ ဘိုက်တာကို လေ့လာကြည့်သောအခါ ဝါးခြမ်း နှစ်ခုကြားတွင် အရွက်ထည့်၍ပြုလုပ်သော လေမှုတ်တူရိယာ တစ်မျိုးဖြစ်ကြောင်း သိရသည်။
ဂုလ်တာစ်အကကို အညာဒေသ ဇာတ်ပွဲများ၊ ပျော်ရေး ရွှင်ရေးများတွင် အများအားဖြင့် တွေ့ရှိရသည်။
(၂) ဒေါရ်ဗေချီနာစ် 
ဒေါရ်ဗေချီနာစ် အကသည် ပီရ်သူတော်စင်တို့ ခေတ်တွင် ပေါ်ထွန်းခဲ့သော အကတစ်မျိုးဖြစ်သည်။ ပီရ်သူတော်စင်တို့ ဇီကီးရ် အားထုတ်ရာတွင် ဇီကီရ်ရွတ်ဆိုရင်း ကိုယ်ကို လှုပ်ရှားရာတွင် ကဟန်တစ်မျိုး ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဤအကကို အစတွင် ဘာသာရေးပွဲတော်များ၊ အလှူပွဲများတွင် ကပြလေ့ရှိပြီး ဘာသာရေး ကောင်းမှုတစ်ခုအဖြစ်ယူဆကာ ပြုလုပ်လေ့ရှိခဲ့သည်။  နောက်ပိုင်း တွင် တဖြည်းဖြည်းကူးစက်သွားကာ အခြားပွဲတော်များဖြစ်သော မင်္ဂလာပွဲ၊ ခတ္တနာပွဲတို့တွင်လည်း ခေတ်စားလာခဲ့သည်။ ဒေါရ်ဗေချီ နာစ် အကကို အနည်းဆုံးလူငါးယောက်စု၍ ကရသည်။ ကဟန်မှာ အဖွဲ့ဝင်လူတို့သည် စက်ဝန်းသဏ္ဌာန် ဝိုင်း၍ရပ်ကာ တစ်ညီ တစ်ညွတ်တည်း လက်ဆန်း၊ လက်မြောက်၊ လက်ဆုတ်၊ ခြေရှေ့တိုး၊ ခြေနောက်ဆုတ်၊ ထိုင်၊ ထ ပထမနည်းအတိုင်း ပြန်စရင်း အုပ်စုလိုက် တရွေ့ရွေ့ ဝိုင်းဝန်းလည်ပတ်ရသည်။ အကတစ်ပွဲ၏ အချိန် အတိုင်းအတာသည် သူတို့သီဆိုသော တေး သို့မဟုတ် ဓမ္မတေး၏ အချိန်ပေါ်မူတည်သည်။ ပီရ်သူတော်စင်ခေတ် ကုန်သွားသော်လည်း ဒေါရ်ဗေချီနာစ် အကမှာမူ ရိုဟင်ဂျာရိုးရာ တစ်ခုအဖြစ် ကျန်ရှိခဲ့လေသည်။ 
"Ruur chánto zikír maarfót
Darvechi goré ton hórkot"
ဤလင်္ကာပိုဒ်သည် ဒေါ်ရ်ဗေချီအကနှင့် ကိုယ်ခန္ဓာ လှုပ်ရှားကာ ဇီကီးရ် ရွတ်ဆိုခြင်းဖြင့် စိတ်ဝိညာဉ်၏ တည်ငြိမ် အေးချမ်းခြင်းကို ဖြစ်စေပါသည်ဟု ဆိုလိုသည်။ 
ဤအကကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသောဒေသများတွင် ယနေ့တိုင် တွေ့ရှိရသည်။ 
(၃) အာရော်ခ်ျချားနာစ်
အာရော်ခ်ျချားနာစ်အကမှာ စစ်သည်တော်၊ စစ်မှုထမ်းများ ကပြသော ဓားအက တစ်မျိုးဖြစ်သည်။ စိတ်ထဲတွင် ရဲသွေးတက် လာသည်မျိုးခံစားရသည်ဟု ဆိုသည်။ တစ်ချို့နေရာတွင် ကာမန်ချီအကဟုလည်း ခေါ်သည်။ ရှေ့အခါက နန်းတွင်း၌ စစ်ထွက်ရာတွင်လည်းကောင်း၊ အောင်ပွဲခံရတွင်လည်းကောင်း အများအားဖြင့် ကကြသည်ဟုဆိုသည်။ နောက်ပိုင်းတွင် နန်းတွင်းမှတဆင့် မြို့ပြ၊ ကျေးလက်တောရွာများအထိ ခေတ်စားလာခြင်းဖြစ်သည်။ ကဟန်မှာ ငှက်ကြီးတောင်ဓားရှည်ကို ဆုပ်ကိုင်၍ကရသည်။ အုပ်စုလိုက်ကနိုင်သလို တစ်ယောက်တည်း လည်း ကပြပျော်ဖြေနိုင်သည်။ ခြေတစ်ဖက်ကို ရှေ့တစ်လှည့်၊ နောက်တစ်လှည့် ခုန်ပေါက်ရွေ့ရသည်။ ခြေရွေ့ရာတွင် ကိုယ်လက် ခန္ဓာကိုပါ ဟန်ချညီညီ ရွေ့ရသည်။ ဓားကို မြောက်ထောင် ကိုင်ထားရသည်။ တဖန် ဝင့်သည့်ဟန်၊ ဆောင့်သည့်ဟန်များဖြင့် ကရသည်။ အင်မတန်ထူးဆန်းသော ဟန်ရေးပြ အကမျိုးပင် ဖြစ်သည်။ 
အာရော်ခ်ျချားနာစ်မှာ အာရဗ်ရှားဟုခေါ်သော ရှားရှူဂျာ မင်းသားနှင့်အပေါင်းအဖော်တို့ အာရကန်ပြည်သို့ ခိုလှုံလာခဲ့သော အခါ သူတို့နှင့်အတူပါလာသော အကတစ်မျိုးဖြစ်ဟန်တူသည်။ ယခုအခါ အာရကန်ပြည်အနှံ့အပြား၌ ပျော်ပွဲရွှင်ပွဲများတွင် တွေ့ရပါသည်။ (စာရေးသူငယ်စဉ်က မောင်တောကျေးရွာတစ်ရွာ၌ မင်္ဂလာပွဲတစ်ပွဲတွင် ကိုယ်တိုင်တွေ့မြင်ဖူးသည်။) 
(၄) ဂါဆာ့နာစ်                               
ဂါဆာ့နာစ်မှာ နတ်အက တစ်မျိုးဖြစ်သည်။ အများအားဖြင့် အောက်လမ်းဆရာ၊ ပယောဂဆရာများက နတ်ပူးသော ဝေဒနာရှင်များကို ရောဂါကုသသည့်အခါ ဤအကကို တွေ့ရှိရသည်။ ပယောကဂဆရာသည် နတ်ကိုခေါ်ယူ ရောဂါကုသ ရန် Añth ခေါ်သော ကပွဲတစ်ပွဲကို ဆင်နွှဲလေ့ရှိသည်။ ထိုပွဲတွင် ဆရာဖြစ်သူက ပရိသပိတ်ထောင်ကာ မန္တယာများရွတ်ဖတ်လျက် ဗုံတီးခတ်သည်။ Gasa ဟုခေါ်သော ပယောဂဆရာ၏ တပည့် တစ်ယောက်က ထ ကရသည်။ ကဟန်မှာ လက်နှစ်ဖက်အုပ်ချီကာ တဆတ်ဆတ် တုန်ခါလျက် တစ်ကိုယ်လုံး ယိုင်လဲ ရစ်ပတ်ကာ အကကို အစချီရသည်။ တဖြေးဖြေး လက်ဆန့်၊ လက်လည် စသည်ဖြင့် ခုန်ပေါက်လှုပ်ရှားရသည်။ ကိုယ်လက်တုန်ခါမှုက ကကြိုးတေးလုံးနှင့် တိုက်ရိုက်အချိုးကျသည်။ တစ်ခါတလီ ဟန်ချမညီဖြစ်တတ်သည်။ 
ဤအကသည် စိတ်ကိုအင်မတန် လှုပ်ရှားစေသည်။ ဂါဆာ့နာစ်သည် ပယောဂဆရာ၏ မန္တယာကြောင့် အလိုအလျောက် ကဟန်ဖြစ်လာသည်ဟု ဆိုကြသည်။ ဤကဟန်ကို ဂုလ်တာစ် အကတွင်လည်း တစ်ခါတစ်လေ ရောထွေး တွေ့ရတတ်သည်။ ပယောကဆရာ၏ အင်းဌ်ပွဲ ရှိလျှင် ဤအကကို မုချပင် တွေ့ရမည် ဖြစ်ပါသည်။ 
         ရိုဟင်ဂျာစာပေ ရိုးရာယဉ်ကျေးမှုအနုပညာတို့ကိုသည် ကမ္ဘာတည်သရွေ့ တည်တံ့ပါစေ။ ©© 
         — လူထုဝဏ္ဏ 
            (၁၃-၂-၂၀၂၁)
(စာဖတ်သူပရိသတ်တို့သည် ရှေးရိုးရာယဉ်ကျေးမှု အနုပညာနှင့်ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိပါက စာရေးသူ၏ ပေ့ခ်ျတွင်လည်းကောင်း၊ စာရေးသူနှင့်တိုက်ရိုက်သော်လည်းကောင်း မျှဝေ၍ ရိုဟင်ဂျာစာပေ အနုပညာ ဖော်ထုတ်ရာတွင် တစ်ဖက် တစ်လမ်းက ကူညီပံ့ပိုးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)  
Tuesday, April 12, 2022
ပြင်ဦးလွင် ဗိုလ်ဘိုးကာဗလီ
 မြို့တည်နှစ်တစ်ရာပြည့်အထိမ်းအမှတ်
(၈၉၆ - ၁၉၉၆) ပြင်ဦးလွင်၊ မဂ္ဂဇင်း
ပြင်ဦးလွင်ရွာ၊ (၄) ရပ်ရှိပသိ-မင်းမှုထမ်းများ ဝတ်ပြုရန် အတွက်ဗြိတိသျှ-အင်္ဂလိပ်စစ်တပ်များက မသိမ်းမှီ (၁၈၈၆) ခုနှစ်တွင် မင်းမှုထမ်း ဗိုလ်ဘိုးကာ မှ ထရံကာ-ဝါကပ်ဝိုဗလိတလုံးတည်ဆောက်ပေးထား ခဲ့သည်။
ပြင်ဦးလွင်ရွာကို မေမြို့ဟုအမည်ပြောင်းလဲ၍၊ ဘုရင်ခံနားခိုရာတောင်စခန်းမြို့တည် ဆောက်ရာ၌၊ တည်ဆောက်ရေးလုပ်ငန်းကို အိန္ဒိယနွယ်ဖွားများရောက်ရှိလာ၍၊ ဗိုလ်ဘိုး ကာနှင့် ပူးပေါင်းကာမူလပလိအနောက်ဘတ်တွင် အုတ်တိုက်အသစ်တလုံး (၁၉၀၃) ခုနှစ် တွင် ထပ်မံတည်ဆောက်ခဲ့ရပြန်သည်။
ဒုတိယ ကမ္ဘာစစ် မတိုင်မှီပလိရံပုံငွေတိုးတက်ရေးအတွက် (၁) ရပ်လွတ်နေ ဘန်ဂါ လီနွယ်ဖွား ဆရတ်ကရာဝတ်အလိမှ ဦးဘိုးကာအား၊ ၎င်းဆောက်ထားသည် ပလိမြေနေရာ တွင် (၂) ထပ်တိုက်ဆောက်ရန်သဘောတူညီချက်ရရှိခဲ့သည်။ ၎င်းသဘောတူညီချက်ကို ဆရတ်ကရာမတ်အလိ၏သား ဗိုလ်မှူးထွန်အောင်သန်းလက်ထက်တွင် (၁၉၆၂) ခုနှစ်မှ အကောင် အထည် ဖေါ်နိုင်ခဲ့သည်။
ပလိပုံစံ ဒီဇိုင်းရေးဆွဲပေးသူက မေမြို့၊ စစ်အဂျင်နီယာတပ်ရင်းတပ်ရင်းမှူး၊ ဗမာ၊ ဗုဒ္ဓဘာသာဒုဗိုလ်မှူး ကြီးသိန်းဝင်း၊ ဗိုလ်မှူးထွန်အောင်သန်း မျိုးနွယ်စုများတငွေကြေး နှုတ်ပြီး၊ တည်ဆောက်ရေးလုပ်ငန်းကို ဟာဂျီ ဦးထွန်းမြင့် (ဟာဂျီမ ဒေါ်ဝင်းနီမြင့်၏ ဖခင်) ၊ (ဦးလေး) ဦးစိုးမြင့်(Golf) နှင့် အနုပညာသည် အဇစ်ခေါ် ခင်မောင်စိုးတို့ကကြီးကြပ်၊ ကွပ်လဲ တည်ဆောက်ခဲ့သည်။ ဆောက်လုပ်ရေးပစ္စည်း၊ အစိုးရဈေးနှုန်းဖြင့်ရရှိရန်တုန်ပြုနေ မေမြို့သား၊ ကုန်သွယ်ရေး၊ ညွှန်ကြားရေးမှူးဗိုလ်မှူးဘနိမှ အစိုးရဈေးနှုန်းကူညီခဲ့သည်ဖြင့်
ဟာဂျီ ဦးဘဖေနှင့် ဟာဂျီ ဦးသန်းညွှန့် တို့ ပစ္စည်းများတူညီထုတ်ယူပေးခဲ့သည်။ ပြင်ဦးလွင်မြို့တွင် အစ္စလာမ်ဘာသာဝင်များအတွက် ဂုဏ်ယူဝမ်းမြောက်စရာ ကောင်းတဲ့ကြီး ကျယ်ခန့်ညားသည့် မွန်နာရတ်မျှော်စင်ပလိကြီး (၁၉၇၂) ခုနှစ်တွင် ပြီးစီးပေါ်ပေါက်ခဲ့သည်။ 
ရက်စွဲ။ ၅ - ၈ - ၂၀၂၀
ခင်မောင်သန်း (ငြိမ်း) မှတ်တမ်းတင်သူ
Saturday, April 9, 2022
Traffickers: Inside the Golden Triangle
Traffickers: Inside the Golden Triangle
တစ်ကမ္ဘာလုံးက နံပါတ်တစ် ဘိန်းဘုရင်ပါလို့ လက်ခံထားခဲ့ကြဖူးတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ရှိတယ်။ သူ့နာမည်က ခွန်ဆာ။ မူးယစ်ဆေးလောကမှာတော့ သူ့ခေတ်သူ့အခါက ခွန်ဆာကို ဘယ်သူမှမမီဘူး။ အတ်စကိုဘားလည်း မမီဘူး။ မြန်မာ ထိုင်းနဲ့ အမေရိကန်ကပါ သူ့ကို မရမကဖမ်းဖို့ကြိုးစားခဲ့ကြတယ်။ အမေရိကန်ဆို ခွန်ဆာကိုဖမ်းဖို့ သီးသန့်အဖွဲ့တွေပါ ဖွဲ့ခဲ့ရတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ၂၀၀၇အထိ အေးဆေးနေရင်း ရောဂါနဲ့ပဲ ‌ဆုံးသွားခဲ့တယ်။
" ခွန်ဆာနဲ့ ဘိန်းလုပ်ငန်း "
ခွန်ဆာဟာ ရွှေတြိဂံလို့ခေါ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံစပ်က ဘိန်းထုတ်လုပ်ရေးနဲ့ နာမည်ကြီးတဲ့နေရာက နာမည်အကြီးဆုံး ဘိန်းဘုရင်ပါ။ သူ့ဆီက ဘိန်းတွေက ၉၅%သန့်တာကြောင့် အမေရိကဘိန်းဈေးကွက်တစ်ခုလုံး သူ့ဘိန်းတွေကို အသည်းစွဲကြိုက်ကြတယ်။ ခွန်ဆာကြောင့်နဲ့ ရွှေတြိဂံဟာ အဲဒီခေတ်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုအများဆုံးနေရာဖြစ်ခဲ့တယ်။ ဒီလိုနဲ့ အမေရိကန်က သူ့နိုင်ငံမှာ ဘိန်းစွဲနေတဲ့ ပြဿနာတော်တော်ကြီးလာလို့ ပြဿနာရင်းမြစ်ဖြစ်တဲ့ ခွန်ဆာကို မရမကဖမ်းဖို့လုပ်လာရတယ်။
"ခွန်ဆာနဲ့ ရှမ်းပြည်"
ခွန်ဆာက ပြောရရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးခေါင်းဆောင်တစ်ယောက်ဆိုလည်း မမှားဘူး။ ရှမ်းပြည်အတွက် ဗမာစစ်တပ်ကို တော်လှန်နေတဲ့သူလို့တော့ ပြောကြပါတယ်။ ရှမ်းတိုင်းရင်းသားတွေဟာ သူ့ကို လေးစားကြပြီး ပြတိုက်နဲ့ပါ တခမ်းတနားပြထားခဲ့တယ်။ ရှမ်းတွေအတွက် ခွန်ဆာဟာ မျိုးချစ်သူရဲကောင်း ဖြစ်တယ်လို့လည်း ပြောကြတာပါပဲ။ သူ့ရဲ့မုန်တိုင်းတပ်မတော် မပြိုကွဲရင် ရှမ်းပြည် ဒီလောက်မရှုပ်ထွေးဘူးလို့ ပြောတဲ့လူတွေပါရှိပါတယ်။ သူ့ကျောထောက်နောက်ခံက ဘာလဲဆိုတာကိုတော့ တစ်ယောက်တစ်ပေါက်ပြောနေကြပြီး တော်တော်တော့ရှုပ်ပါတယ်။ နောက် သူ့အပေါ်လူတွေမြင်ကြတဲ့အမြင်တွေကလည်း တစ်ယောက်တစ်မျိုးဆိုသလို ကွဲပြားကြတယ်။ ဒါပေမဲ့ သူဟာ နာမည်ဆိုးရှိခဲ့ပေမဲ့ ရှမ်းပြည်အတွက် အကျိုးပြုတဲ့သူလို့ ယုံကြည်ကြသူတွေများပါတယ်။ ရှမ်းပြည်ရဲ့ သမ္မတလို့လည်း သူ့ကိုယ်သူကြေညာဖူးခဲ့ပါတယ်။
" ခွန်ဆာနဲ့ အက်စကိုဘား "
" ခွန်ဆာကို အရှေ့တောင်အာရှရဲ့ ပါဘလိုအက်စကိုဘားအဖြစ် တင်စားကြတယ်။ ဒီစကားကြားတော့ ခွန်ဆာကြီးက ရယ်တယ်တဲ့ဗျ။ ဒီကောင်မှာ ငါ့လို လူ ၄၀၀၀၀ လောက်ရှိပြီး လေယာဉ်ပစ်အမြောက်ပိုင်တဲ့စစ်တပ် မရှိပါဘူးကွ။ ကိုယ်ပိုင်မြို့လည်း မရှိဘူး။အဓိက အချက်ကတော့ ဒီကောင်မှာ ငါ့လို ပါးရည်နပ်ရည် မရှိဘူး တဲ့ ။"
ဒီနှစ်ချက်လုံး မှန်တယ်ဆိုရမှာပဲ။ ဘာလို့ဆို ခွန်ဆာရဲ့နေရာအကြောင်းပြောထားတဲ့ စကားကိုသာ ဖတ်ကြည့်ပါတော့။
" ရေအားလျှပ်စစ်နဲ့ မီးပေးတယ် ။ ဆေးရုံ စာသင် ကျောင်း ရှိတယ် ။ ကိုယ်ပိုင်ဂေါက်ကွင်း ရှိတယ်။ ကျနော်တို့ကသာ တောထဲထင်နေတာ။ ကမ္ဘာကတော့ ဟိုမိန်းဟာ မြန်မာပြည်က ဟောင်ကောင်ပဲ။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ရှိတယ်။ ခွန်ဆာကျင်းပတဲ့ ဂေါက်ပြိုင်ပွဲဟာ နအဖဂေါက်ပွဲထက် ကမ္ဘာကျော်တယ်။ ထိုင်ဝမ် စင်္ကာပူ ဂျပန် အမေရိကားက လာရိုက်ကြတယ်။ ကမ္ဘာကျော်အဆိုတော်တွေ လာတယ်။ ဗြိတိန်တော်ဝင် တွေ lady တွေ lord တွေတောင် လာတယ်။ ဒီသတင်းသာ အက်စ်ကိုဘာ ကြားရင် တက်သေသွားနိုင်လောက်တယ်။ ခွန်ဆာဟာ ရွှေတြိဂံရဲ့ အရှင်သခင် ဖြစ်လာတယ်။ "
ပါးရည်နပ်ရည်သာတာလည်း အမှန်ပါပဲ။ အက်စကိုဘားဟာ ဝရမ်းပြေးဘဝနဲ့ လမ်းပေါ်သေသွားခဲ့ပေမဲ့ ခွန်ဆာကတော့ အက်စကိုဘား အလှည့်ပြီး သူ့အလှည့်ရောက်လာမှာသိတာကြောင့်ရော တပ်တွင်းပုန်ကန်မှုဖြစ်ခဲ့တာကြောင့်‌ရော ဗမာအစိုးရဆီ လက်နက်ချခဲ့တယ်ဆိုပါတယ်။ သေတဲ့ ၂၀၀၇အထိ စီးပွားရေးလုပ်ငန်းတွေလုပ်ရင်း အေးဆေးနေသွားခဲ့ရပါတယ်။
" ခွန်ဆာရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ ရက်စက်ခြင်း"
ဖတ်ရသလောက်ဆို ခွန်ဆာဟာ ဉာဏ်ကောင်းတဲ့ လူတော်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အမေရိကန်ကပါ မာစတာမိုင်းလို့ သတ်မှတ်ထားတာကိုး။ အုပ်ချုပ်မှုနဲ့ တပည့်တပန်းတွေအပေါ် ဆက်ဆံရေးလည်းကောင်းတဲ့လူပါ။ အကျယ်သိချင်ရင်တော့ ခွန်ဆာနာမည်ရိုက်ပြီးသာ ရှေးက တင်ထားကြတဲ့ သတင်းတွေကို ရှာဖတ်နိုင်ပါတယ်။ ခွန်ဆာဟာ မယားလေးယောက်ရှိပြီး မိန်းကလေးတွေကျအောင်လုပ်နိုင်တဲ့ ညှို့ဓာတ်ရှိတယ်ဆိုကြသလို ဥပဓိရုပ်လည်းဖြောင့်တဲ့သူပါပဲ။ ဒီဒိုကူထဲက သတင်းထောက်ဆို သူသမ္မတတွေ မင်းသားတွေ ဝန်ကြီးချုပ်တွေ အများကြီးကို အင်တာဗျူးဖူးပေမဲ့ ခွန်ဆာ့လို ဩဇာတိက္ကမမျိုး ရှိတဲ့သူ မမြင်ဖူးဘူးလို့ဆိုပါတယ်။ ဒီလိုဆိုလို့ မရက်စက်ဘူးမထင်ပါနဲ့။ ခွန်ဆာဟာ တော်တော် ရက်စက်တဲ့သူလည်းဟုတ်ပါတယ်။ သူ့လမ်း၀င်ရှုပ်မိရင် သေတာပဲလို့ ဒိုကူထဲဆိုထားပါတယ်။
"သူနဲ့ ပြိုင်ဘက် ကွန်မင်တန် ဗိုလ်ချုပ်ကြီးလီ ရဲ့ ချင်းမိုင်က စံအိမ်ကို TNT ယမ်း ၂တန် သယ်လာတဲ့ကား နဲ့ ဖောက်ခွဲ ဖျက်ဆီးလိုက်တာ အခန်း ၄၀ ပါ စံအိမ်တော် ကြီးဟာ မြေပေါ် ဗုန်းဗုန်းလဲရော။ ရွာလုံးကျွတ် လူရာချီပြီး ကျင်းတူး ဗြင်းပစ်တာတွေ။ လူကို ခွေးစာကျွေး ပစ်တာတွေ။ လည်ပင်းကို အပေါက်ဖောက်။ အဲ့ဒီ အပေါက်ကနေ လျှာကို ဆွဲထုတ်ထားပြီး လျှာနက်ကတိုင်လုပ်တမ်းကစားတာတွေ။ ဒါတွေသာ အက်စ်ကိုဘာကြားရင် ရှုရှုးတောင် ထွက်ကျသွားနိုင်တယ်" လို့ ပြောကြတာတွေလည်းရှိပါတယ်။
"အမေရိကန်နဲ့ ခွန်ဆာ"
အမေရိကန်ဟာ ခွန်ဆာကို ဒေါ်လာ ၂သန်းဆုငွေထုတ်ထားသလို ခွန်ဆာကို မိဖို့လည်း မရမကကြိုးစားခဲ့ဖူးပါတယ်။ ခွန်ဆာဟာ သူတို့ရဲ့ ပြည်သူ့ရန်သူ နံပါတစ်လို့ သတ်မှတ်ထားကြတာပါ။ ဒွန်မာဖီးယားတွေတောင် ခွန်ဆာလောက် မဆိုးဘူးလို့လည်း ဆိုပါတယ်။ ကျားထောင်ချောက်စစ်ဆင်ရေးလို့ခေါ်တဲ့ စစ်ဆင်ရေးနဲ့လည်း သူ့ကိုဖမ်းဖို့ကြိုးစားခဲ့ကြပါတယ်။ ခွန်ဆာဟာ အမေရိကန်အစိုးရကို သူ့ဆီက ဘိန်းဖြူ အားလုံးဝယ်ပေးရင် ဈေးကွက်ကို မဖြန့်တော့ဘူးလို့ပါ လှောင်ပြောင်ဖူးတဲ့သူပါ။ ကန်ကို ခေါင်းစားနိုင်တဲ့ ဗမာ သူပဲရှိပါလိမ့်မယ်။ သူ့ကို Criminal Mastermind အဖြစ် သတ်မှတ်ထားကြပါတယ်။
လူလည်ကျစွာနဲ့ ဗမာအစိုးရလက်ထဲ လက်နက်ချလိုက်တဲ့ခွန်ဆာကို အမေရိကန်ဘက်က လွှဲပေးဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ပါဘူး။ ခွန်ဆာအေးဆေးနေနေရတဲ့အတွက်လည်း သူတို့မကျေလည်ခဲ့ပါဘူး။ ဘာနေနေပါ ခွန်ဆာမရှိတော့တဲ့နောက် မူးယစ်ဆေးထုတ်လုပ်မှု လျော့ကျသွားတာကို သူတို့ဝမ်းသာခဲ့ကြတယ်။ အချိန်တစ်ခုအထိပါပဲ။
"ဗမာစစ်တပ်နဲ့ ခွန်ဆာ "
ခွန်ဆာကို ဗမာအစိုးရဟာ အလင်းမဝင်ခင်အထိ ဘိန်းဘုရင်ခွန်ဆာလို့ သတင်းစာတွေမှာ သုံးနှုန်းခဲ့ပြီး အလင်းဝင်ပြီးနောက် ဦးခွန်ဆာလို့ပြောင်းလဲ သုံးနှုန်းခဲ့တယ်ဆိုပါတယ်။ ရေကြည်အိုင်ကို သူများတွေ ရောက်ရင် ငရဲခန်းကျသလိုပေမဲ့ ခွန်ဆာကတော့ အစောင့်ရှောက်ခံဖို့ နိဗ္ဗာန်ရောက်ခဲ့တယ် ဆိုပါတယ်။
"ခွန်ဆာ အကြွင်းမဲ့ လက်နက်ချဖို့ ဆက်သွယ်လာတဲ့ အခြေအနေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မယုံတဝက် ယုံတဝက်လို့ သူရဲ့အင်တာဗျူး စာအုပ်မှာ ဆိုခဲ့ပါတယ်။ နှစ်ဖက် လူယုံတွေလွှတ် ၅ ကြိမ် တိုင်တိုင် ဆွေးနွေးပြီးတဲ့နောက် ခွန်ဆာကြီး လက်နက်စွန့်တဲ့အခါ တပ်မတော်က တပ်ရင်း ၃၀ နဲ့ အဲဒီဒေသကို ဝင်ရောက်ခဲ့ပါတယ်။ လက်နက်စွန့်တဲ့ အခမ်းအနားကိုတော့ ထောက်လှမ်းရေးတွေ တက်ရောက်ခွင့် မရတော့ဘဲ လူပေါ်လူဇော် အလုပ် ခံရတာကိုလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့စာအုပ်မှာ ရင်ဖွင့်ထားပါတယ်။" လို့ ဧရာဝတီသတင်းဌာနက သတင်းတစ်ခုမှာပါပါတယ်။
တကယ်လည်း ဟုတ်ပါတယ်။ ဓာတ်ပုံမှတ်တမ်းတွေအရတော့ လက်နက်ချလိုက်တဲ့ ခွန်ဆာကို လူကြီးတစ်ယောက်ကို ကြိုဆိုသလို ကြိုဆိုခဲ့ကြပါတယ်။
ဗုံ မောင်းတွေလိုမနေနဲ့
သူတို့က တီးမှအသံမြည်တာ
နာရီလိုအချိန်တိုင်း မနားတမ်းလှုပ်ရှား
လိုအပ်တဲ့အချိန်တိုင်း အသံထွက်ပေးရမယ်
                                 ~ ခွန်ဆာ
"ခွန်ဆာနိဂုံး"
ခွန်ဆာစခန်းဟောင်းနေရာဖြစ်တဲ့ ထိုင်းနယ်နိမိတ်ထဲက ဘန့်ထော့ထိုင်းရွာလေးမှာ ခွန်ဆာပြတိုက်ကို ပြထားပြီး သူမသေခင် ဘိန်းဘုရင်ဆိုတဲ့ သူ့ရဲ့သမိုင်းကို ဖျက်ခဲ့ချင်တယ်ဆိုတဲ့ ခွန်ဆာတယောက် စစ်အစိုးရ ထီးရိပ်အောက်မှာ အစောင့်အရှောက်ခံ ဘဝနဲ့ နေထိုင်သွားရင်း ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မသေခင်အထိ စီးပွားရေးတွေလုပ်သွားခဲ့ပြီး သူသေတော့ ရှမ်းပြည်ကိုမပို့နဲ့လို့ ဆိုခဲ့ပါတယ်။ ရှမ်းပြည်အတွက် လိပ်ပြာမလုံတာဖြစ်နိုင်တယ်ဆိုကြပါတယ်။ မြောက်ဥက္ကလာ ရေဝေးသုဿန်မှာ မြုပ်ခဲ့ပါတယ်။ ခွန်ဆာဟာ ဘိန်းဘုရင်ဆိုတဲ့ သူ့သမိုင်းကို သူဖျက်ပစ်ချင်ပေမဲ့ ဗမာက မူးယစ်ပြတိုက်မှာပါ သူ့ပုံချိတ်ဆွဲခံခဲ့ရပါတယ်။
" ဒိုကူမန်ထရီ "
ဒီဒိုကူမန်ထရီရဲ့ အပိုင်းတစ်က ဖော်ပြပါ ခေတ်တစ်ခေတ်ရဲ့ နာမည်ဆိုးနဲ့ အကျော်ကြားဆုံး လူတစ်ယောက်အကြောင်းပါပဲ။ အမေရိကန်ဘက်က အမြင်နဲ့ ဖမ်းဖို့အခက်အခဲတွေကို ပြန်ပြောင်းပြောပြထားတဲ့ ဒိုကူမန်ထရီဖြစ်ပြီး ရှမ်းတိုင်းရင်းသားတစ်ယောက်ကိုရော ဗမာစစ်ထောက်လှမ်းရေးဟောင်း စန်းပွင့်ကိုပါ အင်တာဗျူးလုပ်ထားပါတယ်။ ရွှေတြိဂံဆိုတဲ့ နာမည်နဲ့လိုက်ဖက်အောင် ရွှေတြိဂံထဲက နာမည်အကြီးဆုံး မူးယစ်ရာဇာသုံးယောက်အကြောင်းကို တစ်ပိုင်းတစ်ယောက်နှုန်းနဲ့ ရိုက်ပြထားတဲ့ သုံးပိုင်းပါ ဒိုကူမန်ထရီပါပဲ။
ကိုးကား - ဝီကီပီဒီးယား၊ ဧရာဝတီသတင်းဌာန၊ ရွှေတြိဂံရဲ့ ပြည့်ရှင်မင်း (သို့မဟုတ်) သုခဘုံရဲ့ မင်းသားလေး ဘိန်းဘုရင် ခွန်ဆာအကြောင်း၊ ကျားထောင်ခြောက်နဲ့ခွန်ဆာ ၊ ဘိန်းဘုရင်ကိုခြေရာခံခြင်း။
Credit: popular news
Wednesday, April 6, 2022
ရိုဟင်ဂျာစကား၊ ဗမာစကား၊ ဘင်္ဂါလီစကား ကွဲပြားပုံ
  ရိုဟင်ဂျာစကား၊ ဗမာစကား၊ ဘင်္ဂါလီစကား ကွဲပြားပုံ
တို့မြန်မာပြည်က လူရိုင်းသူယုတ်မာ အချို့သည် ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကားသည် တစ်မျိုးတည်း၊ အတူတူပင်ဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။ ရိုဟင်ဂျာလူမျိုးကို ဘင်္ဂါလီဟု စွပ်စွဲကြသည်။ လူလူချင်း အထင်သေး အမြင်ကတ် နေကြသည်။ မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် ဘာသာပင် ကိုးကွယ်သည်ဖြစ်စေ၊ မည်သည့် အသားအရောင်ပင်ဖြစ်စေကာမူ လူလူချင်း ကဲ့ရဲ့မုန်းတီးခြင်းသည် ယဉ်ကျေးသော လူ့အသိုင်းအဝိုင်း၏လက္ခဏာ မဟုတ်ပေ။ ဉာဏ်ပညာမရှိသော တိရစ္ဆာန်တို့၏ စရိုက်ပင် ဖြစ်သည်။ မိမိကိုယ့်ကို အမျိုးဂုဏ်မြင့်ဟန် ကြွားဝါးသော်လည်း ထိုကြွားဝါးမှုသည် စာအုပ်စာပေ၌သာ အဖတ်ကောင်းမည်သာ။ အဆိုပါအသိုင်းအဝိုင်းကို တကယ့်လက်တွေ့ကျကျ လေ့လာကြည့်သော် သူတို့၏ ယဉ်ကျေးမှုအဆင့် မည်မျှပင် အောက်တန်းကျနေသည်ကို တွေ့ရလျှင် သရော်ခံရပေလိမ့်မည်။ ဤသို့ ဖြစ်ရခြင်းမှာ ကိုယ်တိုင်လေ့လာမှုမရှိ၊ ဉာဏ်ပညာ အားနည်း၍ သူများ ကတိုင်း လိုက်ကပြသည့်အတွက်ပင် ဖြစ်ရခြင်းများသည်။ တကယ့် ကွင်းဆင်း လေ့လာမှုမရှိဘဲ သူများယောင်တိုင်း ဘုမသိဘမသိ ထောက်ခံပြောဆိုကြသည်မှာ တို့ဗမာပြည်၌ အများဆုံး ဖြစ်ပေသည်။ ဤသည်မှာ အဘယ် ယုတ္တိရှိပါမည်နည်း။
လူမျိုးတစ်မျိုး၏ ဘာသာစကားကို နားနှင့်ကြားရုံသက်သက်ဖြင့် မည်သည်စကား ဖြစ်သည်၊ မည်သည်စကားကြောင့် မည်သည်လူမျိုးဖြစ်သည်ဟု အတင်းအကျပ် မဆိုနိုင်လောက်ပေ။ ဥပမာ တစ်ခုနှင့် ရှင်းပြလျှင် နားလည်ရ ပို၍လွယ်ကူပါမည်။ ရခိုင်စကားနှင့် ဗမာစကားမှာ အလွန်နီးစပ်သည်မှာ လူတိုင်းသိကြသည်။ ပြောဟန် လေယူလေသိမ်းသာ အနည်းငယ်ကွဲပြားသည်။ (ယခုခေတ်တွင် သီးခြားဘာသာစကား တစ်ရပ်အဖြစ် အခိုင်အမာရပ်တည်နိုင်ရန် စာလုံးပေါင်းသတ်ပုံများကို မူကွဲအောင် အစားထိုးရေးနေကြသည်ကို တွေ့ရပါသည်။) ထိုသို့ ဗမာစကားနှင့် ရခိုင်စကား နီးစပ်လွန်းသောကြောင့် ရခိုင်လူမျိုးကို ဗမာလူမျိုးဟု စွပ်စွဲလျှင် ယုတ္တိရှိပါမည်လော။ ထိုလူမျိုးတို့၏ ပထဝီအနေအထား၊ သမိုင်းနောက်ခံ၊ ဘာသာစကားရင်းမြစ်၊ စကားအင်္ဂါရပ် ဝိသေသလက္ခဏာ၊ လေယူလေသိမ်းစသည်တို့ကို သေသေချာချာ လေ့လာပြီးမှ ကောက်ချက်ချသင့်သည် မဟုတ်ပါလော။
ထို့အတူ ရိုဟင်ဂျာစကားနှင့် ဘင်္ဂါလီစကားတို့ကို နက်နက်ရှိုင်းရှိုင်း လေ့လာ ကြည့်သောအခါ ဗမာစကား၏ ဒေသိယစကား တစ်မျိုးဟု စွပ်စွဲခံရသော ရခိုင်စကားနှင့် ဗမာစကား နီးစပ်ဆင်တူသလောက်ပင် နီးစပ်သည်မဟုတ်ပေ။ လွန်စွာ ကွဲပြားလှသည်။ ဘာသာစကား သုံးမျိုးကို ယှဉ်တွဲလေ့လာနိုင်ရန် အောက်ပါဇယားတွင် စကားလုံးအချို့ကို စုစည်းဖော်ပြထားပါသည်။
ဤစုစည်းမှုသည် သူယုတ်မာ မျက်တစ်ဖက်ကန်းများကို သက်သေပြနေခြင်း အလျှင်းမဟုတ်ပေ။ မျက်ကန်းကို ကြည့်မှန်ပြ၍ အချည်းးနှီး ဖြစ်မည်သာ။ ရိုဟင်ဂျာဘာသာစကား လေ့လာနေသော သူတို့အတွက် ဗဟုသုတတစ်ခွက်အဖြစ် တင်ပြပေးခြင်း ဖြစ်ပါသည်။ ထို့အပြင် ဘင်္ဂါလားဒေ့ရ်ှနိုင်ငံရှိ ဒုက္ခစခန်းတွင် ခေတ္တခိုလှုံနေရသော ရိုဟင်ဂျာဒုက္ခသည်များသည် ထိုနိုင်ငံသုံး ဘင်္ဂါလီဘာသာစကား သုံးနှုန်းပြောဆိုရန် အဆင်မပြေ၍ အခက်အခဲနှင့် ကြုံတွေ့နေရသည်။ ထိုသူတို့အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပါသည်။ ကဲ… လေ့လာကြရအောင်-
(#လူထုဝဏ္ဏ စုစည်းတင်ပြသည်)
—————————————————
ဆက်လက်ဖော်ပြပါမယ်....
Tuesday, April 5, 2022
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁-၂-၃-၄-၅-၆-၇)
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)
ရဲဟိန်းအောင်
              ဗမာပြည်ရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ လွတ်လပ်ပြီခေတ် စသဖြင့် ခေတ်တိုင်း ခေတ်တိုင်းမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးရေး ပြဿနာတွေ ထုနဲ့ထည်ပါ။ အငြင်းပွားမှုတွေကလည်း အများအပြားရှိပါတယ်။ အဲ့လို ပြဿနာတွေ၊ ကိစ္စရပ်တွေ၊ အငြင်းအခုံတွေကြားမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကတော့ လူစိတ်ဝင်စားမှုအများဆုံးလို့ ပြောရပါမယ်။ ၂၀၁၂ ခုနှစ်လောက်ကစပြီး ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခတွေ၊ အတော်အသင့် စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ဆိုရှယ် မီဒီယာ (အထူးသဖြင့် facebook) အသုံးပြုသူတွေကြားထဲမှာ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ငြင်းကြခုံကြ၊ ဆဲကြဆိုကြနဲ့ပါ။
                အဲ့ဒီအချိန်ကစလို့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ရင် လေ့လာဖတ်ရှုပြီး ပြောကြဆိုကြတာတွေထက် ကိုယ်ရဲ့ အသိပညာ အကျဉ်းအကျယ်ပေါ်မူတည်ပြီး ထင်တိုင်းပြောကြတာတွေက ပိုများပါတယ်။ အမျိုးသားရေး အစွန်းရောက်အမြင်၊ နိုင်ငံရဲ့ လုံခြုံရေးရှုထောင်၊ ဘာသာခြားမုန်းတီးမှု၊ နယ်စပ်ပြဿနာ၊ အစ္စလာမ်ဘာသာကို ကြောက်ရွံ့တဲ့ အမြင်၊ အကြမ်းဖက်ဝါဒ စတဲ့ စတဲ့ ရှုထောင့်အမြင်တွေ ပါဝင်တာတွေ့ရပါတယ်။ အဲ့လိုပြောကြဆိုကြပြီဆိုရင်လည်း အချက်အလက်ကို အခြေခံပြောဆို ငြင်းခုန်တာထက် အမုန်းစကားတွေကို အသားပေးပြောကြတာပါ။ ဒီနေရာမှာ ပြောဆိုတယ်လို သုံးနှုန်းထားတယ်ဆိုပေမယ့် အရေးအသားနဲ့ စကားအပြောအဆို ၂ခုထဲကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ သီချင်းတွေ၊ ဇာတ်လမ်းတွေ၊ ကာတွန်းတွေနဲ့ အငြိမ့်တွေ အထိပါဝင်ပါတယ်။
             စွတ်စွဲပြောဆိုမှုတွေ မျိုးစုံရှိကြသလို ထင်သလို ကောက်ယူအဓိပ္ပါယ်ဖွင့်တာတွေလည်း ပုံစံအစုံပါ။ အပေါ်မှာပြောတဲ့ ပြောကြဆိုကြတဲ့ သူတွေထဲမှာ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်တဲ့ နိုင်ငံရေးနဲ့ လူမှုရေးနယ်က ပုဂ္ဂိုလ်တွေ၊ စာနယ်ဇင်းသမားတွေ၊ နာမည်ကြီးထင်ရှားတဲ့ ကဗျာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာကအစ ဗီဒီယို၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်က ထင်ရှားသူတွေအလယ် ပညာတစုံတရာတတ်သူတွေ၊ ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေအဆုံး ပါဝင်ကြပါတယ်။
ပြောဆိုကြတဲ့ အချက်တွေအထဲက အများဆုံးကြားရတာကတော့
              ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဘင်္ဂါလီပဲရှိတယ်။ ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာတဲ့ ခိုးဝင်ကုလား/ခိုးဝင်ဘင်္ဂါလီ။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသား ၁၃၅မျိုးထဲမှာ မပါဘူး။ အနောက်တံခါးကို ကျူးကျော်ခံရတာ။ ငါတို့ ဘဝမှာ ရိုဟင်ဂျာ ဆိုတာ တခါမှ မကြားဖူးဘူး။ ရိုလိမ်ညာတွေ။ ရခိုင်ကို မွတ်ဆလင်တိုင်းပြည်ဖြစ်အောင်လုပ်ပြီးရင် ကုလားတွေက တတိုင်းပြည်လုံးကို သိမ်းမှာ။ သားဖောက်နယ်ချဲ့နေတဲ့ ဘာသာရေးက လူတွေ။ မိန်းမလေးယောက်ယူပြီး ကလေးတပြွတ်ပြွတ်မွေးနေတဲ့ဟာတွေ။ ဗုဒ္ဓဘာသာကို ကွယ်ပျောက်အောင် လုပ်ဖို့ ကြိုးစားနေတာ။ လူမျိုးရေး ဝါးမျိုးဖို့ လုပ်နေတာ။ နယ်မြေသိမ်းပိုက်ဖို့ ဆော်ဒီက လမ်းညွှန်နေတာ။ ကုလားအုပ်လိုကောင်တွေ။ သမိုင်းတု သမိုင်းလိမ် ဖန်တီးတဲ့ လူမျိုး။ မဲမဲသဲသဲတွေ။ ရွံစရာကောင်းတဲ့ဟာတွေ စတဲ့ စတဲ့ အမုန်စကားနဲ့ ရန်လိုတိုက်ခိုက်တဲ့ စကားတွေကို ပြင်းပြင်းထန်ထန် ကျယ်ကျယ်ပြန့်ပြန့် ပြောကြပါတယ်။
           ဒီပြောစကားတွေနဲ့ ပတ်သက်ပြီး တုံ့ပြန် ရှင်းပြတာ၊ ပြန်လည်ငြင်းခုန်တာမျိုး လုပ်ခဲ့ကြပေမယ့် တကယ်ကို မလွယ်တဲ့ အနေအထားပါ။ ဒါတွေကတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အကြားရဆုံး၊ အလွှမ်းမိုးနိုင်ဆုံး ပြောစကားတွေ ဇာတ်ကြောင်းတွေပါ။
          ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့က စပြီး စစ်တပ်က အာဏာသိမ်းဖို့ကြိုးစားနေတဲ့ အခုလို ကာလကို ရောက်လာတဲ့ အထိမှာတော့ ဗမာပြည်ထဲက ပြည်သူတွေရဲ့ (အထူးသဖြင့် လူငယ်) တွေရဲ့ အမြင်ကတော့ ရိုဟင်ဂျာတွေ အပါအဝင် တခြားသော လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေ ပိုဖြစ်လာတာကို တွေ့ရပါတယ်။ ပိုပြီး သိချင်တာတွေများလာသလို လေ့လာမှုတွေလည်း လုပ်လာကြပါတယ်။
            အခုကတော့ ကျနော်ရဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ သမိုင်းကြောင်းနဲ့လူမျိုးစုရေးရာ အချက်တွေကို တူမီးတော်လှန်ရေး စာစောင်မှာ ဖော်ပြသွားဖို့ ကြိုးစားပါမယ်။ အဓိကကတော့ အချက်အလက်တွေနဲ့ ကျနော့် အမြင်ကို ပြောပြမှာပါ။ လက်ခံဖို့ဆိုတာထက် ထည့်သွင်းစဉ်းစားဖို့ပါ။ အခုစစခြင်း ဒီတပတ်ကတော့ ခင်ဗျာတို့ ကျနော်တို့ ဝန်းကျင်မှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ထဲ ပြောဆိုခဲ့ကြတဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး အပေါ်မှာပြောထားတဲ့ အမြင်တွေ၊ စကားတွေကို ကိုယ်တိုင်ရော ပြောခဲ့လား၊ ကြားရောကြားခဲ့မိလား ပြန်စဉ်စားဖို့ပဲ အကြံပြုပါတယ်။
Ref:
       တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် ( ၄၄ )
 ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)
ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား
ပြီးခဲ့တဲ့ အပတ်တုန်းကတော့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဗမာပြည်က ပြည်သူလူထုတွေကြားထဲမှ အပြောများဆုံး ဇာတ်ကြောင်းတွေ အမုန်းစကားတွေနဲ့ ပတ်သက်ပြီး တင်ပြခဲ့ပါတယ်။ ဒီတပတ် ပြောပြမယ့် အကြောင်းအရာကတော့ ရိုဟင်ဂျာ လူမျိုးစု တွေနဲ့ ပတ်သက်ပြီး အမေးမြန်းခံရဆုံးမေးခွန်းအကြောင်းပါ။ ကျနော့် အနေနဲ့ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းဆိုင်ရာနဲ့ လူမျိုးစု ရေးရာ ကိစ္စတွေ၊ သူတို့ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကိစ္စတွေကို ကာလတခု အချိန်ယူပြီး လေ့လာဖြစ်ခဲ့တယ်။ နောက်ပိုင်မှာ စာတမ်းနဲ့ အစီရင်ခံစာတချို့ ရေးသားဖြစ်ခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားသမဂ္ဂတွေနဲ့ နိုင်ငံရေး ပါတီတချို့ကို ဟောပြောပို့ချတာ၊ သင်တန်းပေးတာ၊ ဆွေးနွေးတာတွေ လုပ်ဖြစ်ခဲ့ပါတယ်။ အဲ့လို လုပ်ခဲ့တဲ ကာလတလျှောက် အမေးခံရဆုံးမေးခွန်းကတော့ “ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းပါ။
ဒီမေးခွန်းက နွေဦးတော်လှန်ရေးကာလမတိုင်ခင်ကရော အခုလို ပြည်သူတွေ အမြင်ပိုပွင့်လာတဲ့ ကာလအထိရော ကျနော်အမေးခံရဆုံး မေးခွန်းဖြစ်ပါတယ်။ မေးခွန်းရဲ့ နောက်ဆက်တွဲနဲ့ အတူ တွဲလျက်ပါလာတဲ့ အမြင်တွေလည်း ရှိပါတယ်။ အဲ့ဒါက သူတို့က တိုင်းရင်းသား အခွင့်အရေးကို ဘာလို့ လိုချင်နေကြတာလဲ။ နောက် တိုင်းရင်းသားဖြစ်ပြီးရင် နိုင်ငံရေး အာဏာတွေ ဘာတွေရသွားရင် ဘယ်လို လုပ်မလဲဆိုတာတွေပါ။ ဒါတွေက ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုနဲ့ ကိုးကွယ် ယုံကြည်မှု မတူတဲ့ သူတွေနဲ့ ပတ်သက်ပြီးရှိနေတဲ့ စိုးရိမ်စိတ်နဲ့ ကြောက်စိတ်ကို ထင်ဟပ်နေပါတယ်။ ဒီလို လူ့အဖွဲ့အစည်းရဲ့ကြောက်စိတ်နဲ့ စိုးရိမ်စိတ်တွေ၊ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အမြင်ဗဟုသုတ ကန့်သတ်ခံရတဲ့ အခြေအနေတွေကို စစ်တပ်အပါအဝင် အာဏာရှိတဲ့ သူတွေ ကအသုံးချပြီး ရိုဟင်ဂျာ လူမျိုးစုတွေအပေါ် ဖိနှိပ်မှုတွေ ကန့်သတ်ခွဲခြားမှုတွေကို ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။
“ရိုဟင်ဂျာတွေက တိုင်းရင်းသားတွေ ဟုတ်ရဲ့လား” ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ရှင်းပြပါမယ်။ ဒီမေးခွန်းမှာ ပါနေတဲ့ အရေး အကြီးဆုံးက တိုင်းရင်းသားဆိုတဲ့ ဝေါဟာရ။ “တိုင်းရင်းသား” လို့ဆိုလိုက်တာနဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃စု အတွင်း ကျနော်တို့ လူ့အဖွဲ့အစည်းကသူတွေ ပြေးမြင်ကြတာက ၁၃၅ ဆိုတဲ့ စာရင်းပါ။ ဒီစာရင်မှာပါရင် တိုင်းရင်းသားဖြစ်ပြီး ဒီစာရင်မှာ မပါရင် တိုင်းရင်းသား မဟုတ်ပါဘူး။ ဒီအယူအဆက အခုချိန်ထိတောင် အရှိန်အဟုန် တခုနဲ့ လွှမ်းမိုးနိုင်ဆဲ ရှိပါသေးတယ်။ ဒီစာရင်းနဲ့ ပတ်သက်ပြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတဲ့ အပိုင်းတွေကို ဆန်းစစ်ဖို့နဲ့ သုံးသပ်မှုတွေ လုပ်ဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ အဲ့လို ပျက်ကွက်ခဲ့ကြတဲ့ သူတွေထဲမှာ သက်ဆိုင်ရာ ပညာရေးအဆောက်အအုံကသူတွေ၊ အုပ်ချုပ်သူတွေ၊ လွတ်လပ်တဲ့ ပညာရှင်တွေ အတော်များများပါပဲ။ ရိုဟင်ဂျာ လူမျိုးစုတွေပတ်သက်ပြီး ပြောကြရင် တော်တော်များများရဲ့ အလွယ်ကောက်ချက်ကတော့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူး၊ မပါတဲ့ အတွက် တိုင်းရင်းသား မဖြစ်နိုင်ဘူးဆိုပြီး ဖြစ်ပါတယ်။
ဒီနေရာမှာ တိုင်းရင်းသား ဖြစ်မှုနဲ့ ပတ်သက်ပြီး အာဏာရှင်တွေရဲ့ တည်ဆောက်ထားတဲ့ အချက်အလက်တွေကိုလည်း ကျနော်တို့က ရှင်းရှင်းသိထားဖို့ လိုအပ်ပါတယ်။ ဗမာပြည်မှာ လွတ်လပ်ရေး ရပြီးတဲ့ အချိန်ကစလို့ နိုင်ငံသားဖြစ်မှု ဥပဒေတွေ ပြဌာန်းကျင့်သုံးခဲ့ပါတယ်။ အခု ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့အတိုင်ခင်အထိ အသက်ဝင်ကျင့်သုံးခဲ့တဲ့ ဥပဒေကတော့ ၁၉၈၂ ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် (၄) အဖြစ် အတည်ပြုပြဌာန်းခဲ့တဲ့ မြန်မာနိုင်ငံသား ဥပဒေပါ။ ၁၉၈၂ နိုင်ငံသား ဥပဒေရဲ့ အခန်း (၂) ပုဒ်မ (၃) မှာတော့ “နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှ စ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားများဖြစ်သည်။” လို့ဖော်ပြထားပါတယ်။ ဒီအချက်အရ မြန်မာနိုင်ငံသားဖြစ်ဖို့ တနည်းမွေးရာပါ နိုင်ငံသားအခွင့်အရေး ရဖို့ဆိုရင် ၁၈၂၃ခုနှစ် မတိုင်ခင် လက်ရှိ ဗမာပြည်ရဲ့ နယ်နိမိတ်ထဲမှာ နေထိုင်ခဲ့ကြောင်း ရှိနေကြောင်း သက်သေပြနိုင်ဖို့ လိုအပ်လာပါတယ်။
နောက်တချက်က တိုင်းရင်းသားဆိုတာ ဘယ်သူတွေလဲဆိုတဲ့ ကိစ္စပါ။ ဗမာပြည်မှာ တိုင်းရင်းသား (၁၃၅) မျိုးရှိကြောင်းနဲ့ ဘယ်သူတွေက တိုင်းရင်းသားဖြစ်ကြောင်းကို ပထမဆုံးဖော်ပြခဲ့တာက ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ထုတ် လုပ်သားပြည်သူ့သတင်းစာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီစာရင်းနဲ့ ပတ်သက်လို့ ဘယ်လိုအခြေခံအချက်တွေပေါ်မှာ ပြုစုထားတယ်ဆိုတာကလည်း တိကျတဲ့ သတ်မှတ်ချက်ကို အစိုးရ အဆက်ဆက် အခုအချိန်ထိ ဖော်ပြနိုင်ခြင်း မရှိပါဘူး။
ဒါတွေကတော့ ဗမာပြည်မှာ ရိုဟင်ဂျာ လူမျိုးစုတွေက တိုင်းရင်းသား ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့ သက်ဆိုင်တဲ့ အချက်တွေပါ။ အဲ့တော့ ဗမာပြည်ထဲမှာ နှစ်ပေါင်းရာနဲ့ချီပြီး တည်ရှိလာတဲ့ လူမျိုးစုတခုဟာ သူရဲ့ မွေးရာပါ နိုင်ငံသား အခွင့်အရေးတွေ ရရှိဖို့အတွက် ၁၈၂၃ ခုနှစ် မတိုင်မီက ဗမာပြည်ထဲရောက်ရှိနေကြောင်း သက်သေပြဖို့လို အပ်သလိုဖြစ်နေပါတယ်။ နောက် ၁၃၅ မျိုးဆိုတဲ့ ခိုင်မာတိကျမှုမရှိပဲ အာဏာရှင် အဆက်ဆက် လိုသလိုတည်ဆောက်ထားတဲ့ စာရင်းတခုကို အသုံးပြုပြီး လူမျိုးစုတွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ခဲ့ကြပါသေးတယ်။ ဒီလိုလုပ်ခဲ့ကြတာက ဖက်ဆစ်စစ်တပ်နဲ့ စစ်အာဏာရှင်တွေတင်မကပါဘူး ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက် တာဝန်ရှိသူတွေပါသလို၊ နိုင်ငံရေးနဲ့ ပညာရေး အသိုင်းအဝိုင်းတခုလုံးပါပဲ။ ပြည်သူတွေကတော့ အရပ်စကားနဲ့ ပြောရရင် ဒီလူတွေရဲ့ ဂျင်းထဲခြင်း ခံခဲ့ရသူတွေပါ။
ဒီတပတ်ကတော့ ရိုဟင်ဂျာတွေနဲ့ ပတ်သက်ပြီး ကျနော်အမေးခံရဆုံးမေးခွန်းနဲ့ ဆက်စပ်တဲ့ အမြင်တွေကို တင်ပြပေးခဲ့တာပါ။ ကျနော်ရဲ့ အဖြေကို အခုမပေးသေးပါဘူး။ ဆက်လက်ဖော်ပြမယ်ဆောင်းပါးတွေမှာ ပါတဲ့ အချက်အလက်တွေကိုပဲ ဆန်းစစ်ပြီး ခင်ဗျားတို့ ကိုယ်တိုင်ဖြေကြားဖို့ပဲ တိုက်တွန်းလိုပါတယ်။
တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၅)
 ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃)
           “ရိုဟင်ဂျာဆိုတာ တခါမှ မကြားဖူးဘူး”
ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်ထဲမှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ပြောကြဆိုကြ ဆွေးနွေးကြရင်ပဲဖြစ်ဖြစ်၊ သတင်းမီဒီယာနဲ့ လူမှုကွန်ယက်မှာ ပြောဆိုကြရင်ပဲဖြစ်ဖြစ် တုန့်ပြန်မှုအများဆုံး စကားတွေထဲမှာ ဒီစကားကလည်း ပါဝင်ပါတယ်။ ကျနော်ကိုယ်တိုင် သင်တန်းတွေ ဆွေးနွေးပွဲတွေမှာ တက်ရောက်လာတဲ့ သူတွေကို မေးကြည့်ပါတယ်။ “ခင်ဗျားတို့ ရိုဟင်ဂျာဆိုတာကို ဘယ်တုန်းက စကြားဖူးတာလဲ” ဆိုပြီး။ ရလာတဲ့ အဖြေကတော့ ၂၀၁၂ နောက်ပိုင်းမှ၊ ၂၀၁၇ နောက်ပိုင်းမှ ဆိုတာတွေပါ။ အဲ့တော့ ကိုယ်မကြားဖူးရင်၊ ကိုယ်မသိရင် အဲ့သည်ကိစ္စ၊ အဲ့သည်လူမျိုး၊ အဲ့သည့် အရာဝတ္ထု တခုခုဟာ တည်ရှိခွင့်၊ ဖြစ်တည်ခွင့် မရှိတော့ ဘူးလားဆိုပြီး ထပ်ပြီး မေးခွန်းပြန်ထုတ်ရပါတယ်။
ဒီတပတ်မှာတော့ ငါတို့တခါမှ မကြားဖူးလို့ မရှိရဘူးဆိုတဲ့ ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ပတ်သက်လို့ ပဒေသရာဇ်ခေတ် မြန်မာ့တွေရဲ့ သမိုင်းထဲက ကုန်းဘောင်ခေတ်ဘုရင်တပါးဖြစ်တဲ့ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက်မှာ ထုတ်ဝေတဲ့ စာအုပ်တအုပ်ထဲက ဖော်ပြချက်တွေကို တင်ပြမှာပါ။ ဗဒုံမင်း (ဘိုးတော်ဘုရား)ဟာ ကုန်းဘောင်ထီးနန်ကို ၁၇၈၂ခုနှစ် ကနေ ၁၈၁၉ ခုနှစ်အထိ ရှင်ဘုရင်အဖြစ် အုပ်စိုးခဲ့ပါတယ်။ ၁၇၈၄ ခုနှစ်မှာတော့ ဘိုးတော်ဘုရားက ရခိုင်ဘုရင့်နိုင်ငံကို ကိုလိုနီပြုပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲ့ဒီလို သိမ်းပိုက်ပြီး ၁၅နှစ်အကြာမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်မှာ ရိုဟင်ဂျာ လူမျိုးတွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ဖော်ပြထားတာပါ။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဘိုးတော်ဘုရား ရခိုင်ဘုရင့်နိုင်ငံတော်ကို သိမ်းပိုက်ခဲ့တဲ့ ၁၇၈၄ ခုနှစ်မှာ စတင်ထူထောင်ခဲ့တဲ့ Asiatick Society က ထုတ်ဝေခဲ့တဲ့ ပဉ္စမမြောက် စာစောင်မှာ ဖော်ပြထားတာပါ။ Asiatick Society ဆိုတာကတော့ အိန္ဒိယနဲ့ ဝန်းကျင်ဒေသတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာသုတေသနပြုဖို့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ လက်ထက်မှာ ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းတရပ်ပါ။ ဒီအဖွဲ့ရဲ့ ပဉ္စမမြောက်စာစောင်ကို ၁၇၉၉ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီစာစောင်မှာ ဖရန်စစ် ဘူချာနန် (Francis Buchanan) ရဲ့ “ဗမာပြည်အတွင်း ပြောဆိုကြသည့် အချို့သော ဘာသာစကားများ၏ ဝေါဟာရများအား နှိုင်းယှဉ်လေ့လာခြင်း” ဆိုတဲ့ စာတမ်း တစောင်ကို ထည့်သွင်းဖော်ပြထားပါတယ်။ (၁)
စာတမ်းထဲမှာ ဗမာပြည်ထဲမှာ ရှိတဲ့ အချို့သော လူမျိုးစုတွေရဲ့ ပြောစကားတွေကို ဝေါဟာရ နှိုင်ယှဉ်လေ့လာမှုတွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်ပြီး ဖော်ပြချက် အနေနဲ့ အချက် (၃) ချက် တွေ့ရပါတယ်။
(၁) မဟာမက်ဒင် (အစ္စလာမ်ဘာသာဝင်များအား ရည်ညွှန်သည့် အသုံးအနှုန်း) တွေဟာ ရိုဗင်ဂေါ် (Rovingaw) လိုခေါ်ပြီး၊ ပါရှန်းတွေကတော့ ရကန် (Rekan) လို့ခေါ်တဲ့ အာရကန် မှာ အခြေချနေထိုင်ကြပါတယ်။ (၂)
(၂) အာရကန်မှာ နှစ်ပေါင်းရှည်ကြာ အခြေချနေထိုင်ကြတဲ့ မဟာမက်ဒင်တွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ဖော်ပြထားပါတယ်။ အဆိုပါ မဟာမက်ဒင်တွေဟာ သူတို့ကိုသူတို့ ရိုအင်ဂါ (Rooinga) လို့ခေါ်ကြပြီး၊ အာရကန်ရဲ့ ဒေသခံတွေ ဖြစ်ကြပါတယ်။ (၃)
(၃) လူမျိုးတွေတိုင်းမှာ ရှိကြတဲ့ အခြေခံဝေါဟာရတွေဖြစ်တဲ့ နေ၊ လ၊ ကြယ်၊ ရေ၊ မီး၊ အမျိုးသား၊ အမျိုးသမီး၊ ကလေး စတဲ့ စကားလုံး ၅၀ ကို ရိုအင်ဂါ၊ ရိုဆဝန် (အာရကန်မှ ဟိန္ဒူများ)နဲ့ ဘန်ဂေါ ဘာသာစကားတွေနဲ့ နှိုင်ယဉ်ပြထားတာပါ။ (၄)
ဒီနှိုင်းယှဉ်ချက်မှာဆိုရင်လည်း ရိုအင်ဂါ ဘာသာစကားနဲ့ ဘန်ဂေါ ဘာသာစကားမတူညီဘူးဆိုတာကိုတိတိကျကျ တွေ့ရမှာပါ။
ဒါတွေကတော့ ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းထဲမှာပါတဲ့ ရိုဟင်ဂျာ လူမျိုးတွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ပါ။ ဒီအချက်တွေမှာပါတဲ့ အာရကန် (ရခိုင်ဒေသ)၊ မဟာမက်ဒင်ဆိုတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အဲ့တုန်းက ရည်ညွှန်တဲ့ ခေါ်ဆိုမှုနဲ့ ရိုအင်ဂါဆိုတဲ့ အချက်တွေဟာ ဒီက‌နေ့ ကျနော်တို့ သိထားတဲ့ ရိုဟင်ဂျာ လူမျိုးတွေကို ရည်ညွှန်ထားတဲ့ အချက်တွေဖြစ်ကြောင်း သိသာထင်ရှားပါတယ်။ ဒီနေရာမှာ ကျနော့်အနေနဲ့ ခင်ဗျားတို့ကို သတိပြုစေလိုတဲ့ တချက်ကတော့ စာတမ်းကို ထုတ်ဝေခဲ့တဲ့ ၁၇၉၉ဆိုတဲ့ ခုနှစ်ကိုပါ။
နောက်ပြောစရာရှိတာတခုကတော့ ဖရန်စစ် ဘူချာနန်ရဲ့ ဒီစာတမ်းကို လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းနဲ့ အာဖရိက လေ့လာရေးဌာနက ထုတ်ဝေတဲ့ SOAS Bulletin of Burma Research (SBBR) စာစောင် အတွဲ (၁)၊ အမှတ် (၁) မှာ ပြန်လည်ထည့်သွင်း ဖော်ပြထားတာပါ။ ဒီလိုထည့်သွင်းဖော်ပြတဲ့အခါမှာ စာစောင် အယ်ဒီတာဖြစ်သူ ပါမောက္ခ မိုက်ကယ်ချားနေ (Michael W. Charney) က “ဒီစာတမ်းက ဗမာပြည်က ဘာသာစကားတွေနဲ့ ပတ်သက်ပြီး အနောက်တိုင်းရဲ့ ပထမဆုံး အဓိကကျတဲ့ လေ့လာမှုဖြစ်တယ်၊ ဘိုးတော်ဘုရားလက်ထက်မှာရှိတဲ့ လူမျိုးစုတွေရဲ့ ယဉ်ကျေးမှုနဲ့ ကိုယ်လက္ခဏာရပ်တွေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ပံ့ပိုးပေးနိုင်တာကြောင့် ပြန်လည်ဖော်ပြရကြောင်း” မှတ်ချက်ပေးထား ပါတယ်။ (၅)
အပေါ်က တင်ပြခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်လို့ မူရင်စာတမ်းတွေကို အင်္ဂလိပ်ဘာသာနဲ့ လေ့လာချင်တယ်ဆိုရင် ဒီ link မှာ download ရယူနိုင်ပါတယ်ခင်ဗျ။
https://drive.google.com/drive/folders/1oP2k0bz10NeLtXwOyJqMzbNS1CFNucj1?usp=sharing
(၁) Buchanan, Francis (1799). A Comparative Vocabulary of Some of the Languages Spoken in the Burma Empire. Asiatic Researches 5. 219 - 240.
(၂) Buchanan, Francis (1799). A Comparative Vocabulary of Some of the Languages Spoken in the Burma Empire. Asiatic Researches 5. 223.
(၃) Buchanan, Francis (1799). 237.
(၄) Buchanan, Francis (1799). 238-240.
(၅) SOAS Bulletin of Burma Research, Vol. 1, No., 1, Spring 2003
ကိုးကား
        တူမီး တော်လှန်ရေးစာစဉ် အမှတ်စဥ် (၄၆)
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၄)
၁၈၂၃ မတိုင်မီက ရိုဟင်ဂျာ ဘာသာစကားအကြောင်း ဖော်ပြချက်
ရိုဟင်ဂျာလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တူမီးတော်လှန်ရေးစာစောင်မှာ ကျနော်ရေးသားလာခဲ့တာ အခုဆောင်းပါးနဲ့ဆို ၄ ပုဒ်မြောက်ရှိပါပြီ။ ဆောင်းပါး အမှတ် (၂)မှာ ၁၉၈၂ နိုင်ငံသား ဥပဒေအကြောင်း ရေးသားခဲ့ပါတယ်။ အဲဒီဥပဒေအရ ၁၈၂၃ ခုနှစ် မတိုင်မီ ဗမာပြည်ထဲမှာ ရှိခဲ့တဲ့ လူမျိုးစုတွေကို တိုင်းရင်းသားအဖြစ် သတ်မှတ်ကြောင်းဖော်ပြထားပါတယ်။ အခုချိန်အထိ ဗမာပြည်က တည်ဆဲ ဥပဒေတွေ အရဆိုရင် တိုင်းရင်းသားမဖြစ်ရင် လူ့အခွင့်အရေး၊ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးတွေကို တန်းတူညီမျှစွာ ရရှိဖို့ မဖြစ်နိုင်ပါဘူး။ တကယ်တမ်းမှာတော့လည်း တိုင်းရင်းသားဖြစ်တယ်ဆိုတဲ့ သတ်မှတ်ချက်ကို ရနေတဲ့ လူမျိုးစုတွေလည်း အစိုးရအဆက်ဆက်က တန်းတူညီမျှစွာ ဆက်ဆံခံခဲ့ရတာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တရားဝင် သတ်မှတ်ချက်တွေ ဖြစ်တာကြောင့် ကျနော်တို့လို့ သုတေသီတွေ၊ နောက်လူ့အခွင့်အရေး လှုပ်ရှားသူတွေအနေနဲ့ ရိုဟင်ဂျာလူမျိုးစုတွေအကြောင်း ပြောဆိုဆွေးနွေးတဲ့အခါ ရိုဟင်ဂျာ လူမျိုးစုတွေက ၁၈၂၃ မတိုင်မီကတည်းက ဒီတိုင်းပြည်မှာ အခြေချ နေထိုင်တဲ့ သူတွေဖြစ်ကြောင်း ထည့်သွင်းပြောဆိုနေရတာပါ။
တကယ်တမ်း ၁၉၈၂ နိုင်ငံသား ဥပဒေဆိုတာ အာဏာရှင် ဗိုလ်နေဝင်းရဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဖို့၊ စနစ်တကျ ဖိနှိပ်ဖို့ အတွက်သုံးတဲ့ လက်နက်ကိရိယာတခုပါ။ ဝမ်းနည်းစရာက ဒီလက်နက်ကို ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့၊ လူမျိုးတုန်းသတ်ဖြတ်ဖို့ ဆက်လက်ကိုင်ဆွဲခဲ့တာပါပဲ။ ကျနော် တဦးတည်းသော သဘောအရ ၁၉၈၂ နိုင်ငံသား ဥပဒေကို လက်မခံပါဘူး။ နောက်တိုင်းရင်းသား ဖြစ်ခြင်းဆိုတဲ့ သတ်မှတ်ချက်ထက် ဘာသာစကား၊ ဓလေ့ထုံးစံ၊ သမိုင်းကြောင်း၊ ယုံကြည်မှု၊ ယုံကြည်ကိုးကွယ်မှုတူရာ လူ့အဖွဲ့အစည်း၊ လူအုပ်စုတွေကို ကိုယ်စားပြုတဲ့ လူမျိုးစုဆိုတဲ့ ဝေါဟာရကို ပိုသဘောကျ လက်ခံပါတယ်။
အခုတပတ်မှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်လို့ အနောက်နိုင်ငံက ထုတ်ဝေထားတဲ့ စာအုပ်စာတန်းတွေမှာပါတဲ့ အချက်တချက်ကို ကိုးကားချင်ပါတယ်။ ဒီအချက်ကလည်း ရိုဟင်ဂျာလူမျိုးစုတွေအကြောင်းလေ့လာတဲ့ သူတွေအတွက်တော့ သိပ်အသစ်အဆန်းမဟုတ်ပါဘူး။ ကျနော့်ထက်အရင် နှစ်ပေါင်းများစွာက သုတေသီတွေ၊ သမိုင်းပညာရှင်တွေကလည်း ကိုးကားဖော်ပြထားပြီးသား အချက်ပါ။ ဒါပေမယ့် ဗမာပြည်သူအများစုကတော့ ဒီအချက်တွေကို သိပ်မသိရှိသေးဘူးလို့ ယူဆတဲ့အတွက် ထပ်မံပြောပြခြင်းဖြစ်ပါတယ်။ အဲ့ဒါကတော့ ၁၈၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Classical Journal မှာ ဖော်ပြထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ အချက်အကြောင်း မပြောခင် The Classical Journal အကြောင်းနည်းနည်း စပြောပါမယ်။ The Classical Journal မှာ ရိုဟင်ဂျာ လူမျိုးစုတွေနဲ့ ပတ်သက်တဲ့ ဖော်ပြချက်ရှိတယ်လို့ သိရတဲ့ အချိန်ကစပြီး ဒီဂျာနယ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရှာကြည့်ခဲ့ပါတယ်။ The Classical Journal က အခုခေတ် ပညာရပ်ဆိုင်ရာ သုတေသန ဂျာနယ်တွေရဲ့ ရှေ့ပြေးလို့ ဆိုနိုင်ကြောင်း Cambridge University က ဖော်ပြထားပါတယ်။ The Classical Journal ကို ၁၈၁၀ခုနှစ်ကနေ ၁၈၂၉ ခုနှစ်အတွင်း ၄ လတကြိမ် ထုတ်ဝေခဲ့ပြီး အတွဲပေါင်း ၄၀ ခန့်ရှိတယ်လို့ သိရပါတယ်။ ၁၈၁၁ခုနှစ် စက်တင်ဘာ - ဒီဇင်ဘာလ အတွက် ထုတ်ဝေတဲ့ အတွဲ (၄) မှာ ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ဘာသာစကားနဲ့ ပတ်သက်ပြီး ဖော်ပြထားတာပါ။
ဒီစာစောင်ရဲ့ စာမျက်နှာ ၁၀၅ ကနေ ၁၁၉ အထိက “ဘာသာစကား ၂၀၀ အတွင်းရှိ ၁မှ ၁၀ အထိ နံပါတ်များအား ဖော်ပြချက် ဇယား” (A Chart of Ten Numerals in Two Hundred Tongues) ဆိုတဲ့ ဖော်ပြချက်မှာပါ။ အထက်ပါဖော်ပြချက်ရဲ့ စာမျက်နှာ ၁၀၇ မှာတော့ ဗမာအင်ပါယာ အတွင်းမှ ဘာသာစကား (၃)ခု ရိုအင်ဂါ၊ ရိုဆဝန် (အာရကန်မှ ဟိန္ဒူများ)နဲ့ ဘန်ဂေါ ဘာသာစကား၊ နောက် မြန်မာ (သို့) ဗမာဘာသာစကား၊ ထိုင်း ဘာသာစကား၊ နောက် ဘာသာစကား (၂)ခု အဖြစ် Taiyayနဲ့ Tailong (မည်သည့် ဘာသာစကားမှန် ကျနော် မလေ့လာရသေးပါ) တို့ရဲ့ နံပါတ် ၁ ကနေ ၁၀ အထိ အခေါ်အဝေါ်တွေကို နှိုင်းယှဉ်ဖော်ပြထားတာပါ။
နောက်ဖော်ပြချက်တခုကတော့ အပေါ်မှာပြောထားတဲ့ “ဘာသာစကား ၂၀၀ အတွင်းရှိ ၁မှ ၁၀ အထိ နံပါတ်များအား ဖော်ပြချက် ဇယား”နဲ့ ပတ်သက်ပြီး ထပ်မံရှင်းလင်းဖော်ပြထားတဲ့ ဆောင်းပါးပါ။ Descriptive Essay on the Chart of Ten Numerals in Two Hundred Languages ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ ၃၂၇ ကနေ ၃၅၂ အထိဖြစ်ပြီး စာမျက်နှာ ၃၄၈ မှာတော့ “ရိုအင်ဂါ၊ ရိုဆဝန်၊ ဘန်ဂေါ၊ မြန်မာ (သို့) ဗမာဘာသာစကား၊ ထိုင်း၊ Taiyayနဲ့ Tailong ဘာသာစကားတွေနဲ့ ပတ်သက်တဲ့ အချက်တွေကို ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းကနေ ဖော်ပြထားကြောင်း ရေးသားထားတာ ဖြစ်ပါတယ်။ ဖရန်စစ် ဘူချာနန်ရဲ့ စာတမ်းနဲ့ ပတ်သက်ပြီး သိချင်ရင် တူမီးတော်လှန်ရေး စာစဉ် အမှတ် (၄၆) မှာဖော်ပြထားတဲ့ ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃) ဆောင်းပါးကို ဖတ်ကြည့်လို့ရပါတယ်။
ဒီနေရာမှာ ကျနော်ပြောလိုတာက ၁၈၂၃ ခုနှစ် မတိုင်မီ ကတည်းက ရိုဟင်ဂျာ ဘာသာစကားရှိကြောင်း၊ ရိုဟင်ဂျာလူမျိုးတွေရှိကြောင်း ဖော်ပြနေတာဟာ ၁၉၈၂ နိုင်ငံသားဥပဒေကို ထောက်ခံနေတာ မဟုတ်ဘူးဆိုတာကိုပါပဲ။
The Classical Journal Vol 4 1811 Sept – Dec စာအုပ်ကို ဒီ link မှာ download ရယူနိုင်ပါတယ်ခင်ဗျ။
https://drive.google.com/file/d/1_WUQwdqTm9k65Ozb9lapHkuiPZUT8fP2/view?usp=sharing
ကိုးကား-
တူမီးတော်လှန်ရေး စာစဥ််အမှတ် ( ၄၈ )
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၅)
နိုင်ငံတကာ အသိအမှတ်ပြု ရိုဟင်ဂျာ ဘာသာစကား
တကယ်တမ်းကတော့ ရိုဟင်ဂျာလူမျိုးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သမိုင်းစဉ်ဆက် ရေးသားဖို့ စဉ်းစားခဲ့တာပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ (၂) ပတ်ဆက်တိုက် ရိုဟင်ဂျာ ဘာသာစကားအကြောင်းကို ရေးဖြစ်ခဲ့တော့ အခုတပတ်လည်း ရိုဟင်ဂျာဘာသာစကားအကြောင်းကိုပဲ ဆက်ပြီး ရေးဖြစ်ပါတယ်။ ဗဒုံမင်း (ဘိုတော်ဘုရားလက်ထက်) (၁၇၈၂ခုနှစ် ကနေ ၁၈၁၉ ခုနှစ်အထိ ကုန်းဘောင်းမင်းဆက်ဘုရင်) မတိုင်မီကတည်းက ဗမာပြည် အဝန်းအဝိုင်းထဲက ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ မှတ်တမ်း တချို့ကို ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။
အခုတခါကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ရိုဟင်ဂျာ ဘာသာစကားအကြောင်းကို ဆွေးနွေးချင်ပါတယ်။ ဟုတ်ပါတယ် ရိုဟင်ဂျာ ဘာသာစကားကို နိုင်ငံတကာက အသိအမှတ်ပြုထားသလို ဘာသာစကားနဲ့ ပတ်သက်တဲ့ ISO 639–3 ဆိုတဲ့ စာရင်းထဲမှာလည်း ပါဝင်တဲ့ ဘာသာစကားပါ။ ISO ဆိုတာကတော့ နိုင်ငံတကာ စံနှုန်း သတ်မှတ်ချက်တွေကို ဖော်ထုတ်ပေးတဲ့ လွတ်လပ်တဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတခုပါ။ ISO 639–3 ဆိုတာကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကားတွေနဲ့ ပတ်သက်ပြီး ဒီအဖွဲ့အစည်းက စံနှုန်းသတ်မှတ်ထားတဲ့ ကုဒ် (code) အမှတ်အသား တခုပါ။ ISO 639–3 ကုဒ်ရဲ့ စာရင်းထဲမှာ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာစကား ၇၈၉၃ မျိုးနည်းတူ ရိုဟင်ဂျာ ဘာသာစကားဆိုတာလည်း ပါဝင်ပါတယ်။ ကုတ်ရဲ့နောက်မှာတော့ ရိုဟင်ဂျာ ဘာသာစကားကို ကိုယ်စားပြုတဲ့ [rhg] ဆိုတဲ့ ဖော်ပြချက်ရှိပါတယ်။
ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လေ့လာချင်တယ်ဆိုရင်တော့ Ethnologue Languages of the World ဆိုတဲ့ website ကို ညွှန်းဆိုချင်ပါတယ်။ Google မှာ Ethnologue ဆိုပြီး အလွယ်တကူ ရိုက်ရှာနိုင်ပါတယ်။ Ethnologue ဆိုတာကတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ ရှင်သန်နေဆဲ ဘာသာစကားတွေကို လေ့လာမှတ်တမ်းတင်ထားတဲ့ website တခုဖြစ်ပါတယ်။ ဒီ website မှာ ဘာသာစကားအမျိုးကွဲပေါင်း ၇၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို ရရှိနိုင်ပါတယ်။ ဘာသာစကား တခုခြင်းစီလိုက် မျိုးတူစု၊ အုပ်စုခွဲခြားတာ၊ အသုံးပြုတဲ့ လူဦးရေ အရေအတွက်၊ ဘယ်ဒေသတွေမှာ သုံးစွဲတာ၊ ဒေသိယ စကားနဲ့ စာအရေးအသား စနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် ဘာသာစကားမြေပုံတွေကိုလည်း လေ့လာနိုင်ပါသေးတယ်။
Ethnologue ကို စတင်ခဲ့တာကတော့ Richard S. Pittman ဖြစ်ပြီး ၁၉၅၁ ခုနှစ်မှာ ဘာသာစကားနဲ့ ဘာသာစကားအုပ်စု ၄၆ခုနဲ့ ပတ်သက်ပြီး စာကူးစက်နဲ့ ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး ဘာသာစကားအုပ်စုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းပြီး ပုံနှိပ်ထုတ်ဝေလာတာ အခုဆိုရင် ၂၅ကြိမ် အထိ ရှိလာပြီဖြစ်ပါတယ်။ ၁၉၉၇ မှာတော့ website ကိုစတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ Ethnologue website ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်ပြီး ဘယ်လို အချက်အလက်တွေ ဖော်ပြထားသလဲ ဆိုတာကို ဆက်ကြည့်ကြရအောင်ပါ။ Website ရဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ စာမျက်နှာမှာ ISO 639–3 ကုဒ်နဲ့ ရိုဟင်ဂျာ ဘာသာစကားကို ကိုယ်စားပြုတဲ့ [rhg] ဆိုတဲ့ဖော်ပြချက်ရှိပါတယ်။ အခြားအမည်အနေနဲ့ Rohinja ဆိုပြီ ဖော်ပြပါတယ်။ ကိုယ်ပိုင်အမည် သတ်မှတ်ချက် (autonym) ကတော့ Ruwainggya ဖြစ်ပါတယ်။ ဘာသာစကား သုံးစွဲသူအနေနဲ့ ဗမာပြည်ထဲမှာ ရှိတဲ့ လူဦီးရေ၊ ဘင်္ဂါလားဒေ့ရှ်မှ ဒုက္ခသည်အဖြစ် နေထိုင်နေရတဲ့ ဦးရေနဲ့ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ပျံ့နှံ့နေထိုင်မှုတွေကို ဖော်ပြထားပြီး လူဦးရေ ၂သန်းခွဲကျော် သုံးစွဲတယ်လို့ ဆိုပါတယ်။
ဗမာပြည်အတွင်းမှာ ရိုဟင်ဂျာ ဘာသာစကားပြောဆိုတဲ့ လူမျိုးစု အများစုကို ရခိုင်ပြည်နယ်မှာရှိတဲ့ ဘူသီးတောင်၊ မောင်တော၊ ရသေ့တောင်နဲ့ စစ်တွေမြို့နယ်တွေမှာ ရှိတယ်လို့ ဖော်ပြပါတယ်။ ဘာသာစကားမျိုးတူစုတွေနဲ့ ပတ်သက်ပြီး Indo-European, Indo-Iraninan စတဲ့ မျိုးတူစု ခွဲခြားပုံတွေကို classification မှာတွေ့နိုင်ပါတယ်။ စာအရေးအသားနဲ့ ဖော်ပြချက်တွေလည်း ပါရှိပါတယ်။ ကျနော်ကိုယ်တိုင်က ဘာသာဗေဒ ပညာရှင်မဟုတ်တော့ တချို့ အရေးအသားနဲ့ ဆိုင်တဲ့ အချက်အလက်တွေကိုတော့ တိတိကျကျ ရှင်းပြနိုင်ဖို့ အခက်အခဲရှိပါတယ်။ ဒါကတော့ Ethnologue website မှာ ဖော်ပြထားတဲ့ ရိုဟင်ဂျာ ဘာသာစကားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပါ။
ဗမာပြည်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေထဲ ရိုဟင်ဂျာတွေဟာ ပုံစံမျိုးစုံနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကနေ လူမျိုးတုန်းသတ်ဖြတ်မှုအထိ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့ အစိုးရ နှစ်ဆက်လက်ထက်မှာ တချို့တွေ အသက်ရှုချောင်ခဲ့ပေမယ့် ရိုဟင်ဂျာတွေမပါခဲ့ပါဘူး။ ပိုမိုဆိုးရွားပြင်းထန်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်ခဲ့ရတဲ့အပြင် ကိုယ့်လူမျိုးရဲ့ အမည်နဲ့ ဖြစ်တည်မှုကိုပါ ငြင်းဆိုခံခဲ့ရပါတယ်။ မရှိဘူး မကြားဖူးဘူးဆိုပြီး အစိုးရ အဖွဲ့အစည်းတွေအပါအဝင် ပြည်သူတွေကပါ အတင်းအကြပ် ငြင်းဆိုတာကို ခံခဲ့ရပါတယ်။
ဒီလိုကျနော် ရေးသားဖော်ပြနေလို့လည်း စာဖတ်သူခင်ဗျားတို့ အနေနဲ့လည်း မှန်လောက်ပြီး ထင်ပြီး လက်ခံပါလို့ မပြောပါဘူး။ ကိုယ်တိုင်စိတ်ဝင်စားရင်၊ လေ့လာစရာ ကိစ္စရပ်တခုခု အနေနဲ့ မြင်တယ်ဆိုရင် ပိုပြီး လေ့လာဖို့ပဲ တိုက်တွန်းချင်ပါတယ်။ အင်တာနက်ကို အသုံးပြုလို့ရတဲ့ ကာလတခုမှာဆိုရင် ဒီကိစ္စတွေက ခက်ခက်ခဲခဲတွေ မဟုတ်တော့ပါဘူး။ ဒီတပတ်ဆောင်းပါးကို ဖတ်ပြီးရင်လည်း Ethnologue website ကိုသွားရောက်ဖတ်ရှုပြီး ဝေဖန်ပိုင်းခြားမယ်၊ ဆက်စပ်အကြောင်းအရာတွေကို လေ့လာမယ်ဆိုရင်တော့ ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်လာပါလိမ့်မယ်လို့လဲ အကြံပေးတိုက်တွန်းလိုက်ပါတယ်ခင်ဗျ။
Website Link - https://www.ethnologue.com/language/rhg
တူမီးတော်လှန်ရေး စာစဥ််အမှတ် ( ၄၉ )
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၆)
လစ်လျှူရှုခံ လူ့အဖွဲ့အစည်း
ဗမာပြည်ရဲ့ နိုင်ငံရေး သမိုင်းကြောင်းက ရှုပ်ထွေးပါတယ်။ ဒါအများသိပြီးသား စကားဆိုတော့ အခုအချိန်မှာ အထူးအဆန်းတောင် မဟုတ်တော့ပါဘူး။ လွတ်လပ်ရေးရပြီးချိန်ကတည်းက စဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကနေ အခုချိန်ထိ အရေအတွက်များပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေး အုပ်စုတွေ၊ မြေပေါ်မှာ တရားဝင်တည်ရှိတယ်ဆိုတဲ့ နိုင်ငံရေး ပါတီတွေ။ ခေါင်းဆောင်တွေ။ စသဖြင့် အများအပြားပါပဲ။
နိုင်ငံရေး သမိုင်းကြောင်းက ရှုပ်ထွေးသလို လက်ရှိ ဗမာပြည်မြေပုံထဲမှာ ရှိနေတဲ့ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ သမိုင်းကြောင်း၊ ယုံကြည်ကိုးကွယ်မှု စသဖြင့် မတူညီပဲ ကွဲပြားခြားနားစွာ ရပ်တည်တည်ရှိနေတဲ့ လူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေကလည်း အများအပြားပါပဲ။ ၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးတဲ့ ကာလကနေ အခုအချိန်အထိ ဒီလူမျိုးစုတွေ၊ လူ့အဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ အထောက်အထားနဲ့ စနစ်တကျ လေ့လာမှုဆိုတာ အင်မတန် ရှားပါတယ်။
ပါလီမန်ဒီမိုကရေစီခေတ် ၁၉၅၂ခုနှစ်မှာ ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနက ယဉ်ကျေးမှုဗိမာန်ကို တည်ထောင်ခဲ့ပါတယ်။ ယဉ်ကျေးမှု ဗိမာန်ကနေ လူမျိုးစုတွေအပေါ် လေ့လာမှုတွေ လုပ်ခဲ့တယ်။ ဆရာဦးမင်းနိုင်တို့လို သုတေသီတွေက ကွင်းဆင်းလေ့လာတာ မှတ်တမ်းယူတာတွေလုပ်ခဲ့ပြီး စာအုပ်စာတမ်းတွေ ထုတ်ဝေခဲ့ပေမယ့် ကျနော်သိသလောက်တော့ အုပ်ရေ ၂၀ မကျော်မပါဘူး။ ဗမာပြည်ထဲမှာရှိတဲ့ လူမျိုးစု လူ့အဖွဲ့အစည်းတွေရဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် အတော့်ကိုနည်းပါးတဲ့ ပမာဏပါ။
၁၉၆၂ခုနှစ် နေဝင်းအာဏာသိမ်းပြီး နောက်ပိုင်းမှာလည်း လူမျိုးစုတွေနဲ့ ပတ်သက်လို့ လေ့လာဆောင်ရွက်တဲ့ အခန်းကဏ္ဏက နည်းပါးလွန်းပါတယ်။ တော်လှန်ရေးကောင်စီလက်ထက် (၁၉၆၂-၁၉၇၄) ကာလမှာ ပြည်ထောင်စုမြန်မာနိုင်ငံတိုင်းရင်းသားလူမျိုး ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ဆိုပြီး ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဆိုပြီး စာအုပ် ၇ အုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီစာအုပ်တွေကလည်း သုတေသနနည်းလမ်းတွေအရ အရည်အသွေး မမှီပေမယ့်လည်း လူမျိုးစုရေးရာသုတေသီတွေအတွက် အချက်အလက်ရှားပါးလွန်းတာကြောင့် လက်ကိုင်ထားပြီး ဖတ်ခဲ့ရပါတယ်။ နောက်တခါ ပညာရေး ဆိုင်ရာ အဆောက်အအုံတွေမှာ သုတေသနအခြေပြု စနစ်တကျလေ့လာပြီး ဆောင်းပါးတွေ စာတမ်းတွေကို ပုံနှိပ်ထုတ်ဝေတဲ့ “မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် (Journal of Burma Research Society)”တို့၊ “တက္ကသိုလ်ပညာပဒေသာစာစောင်” တို့ကို ပိတ်ပင်ခဲ့ပါသေးတယ်။
၁၉၈၈ခုနှစ် စောမောင်၊ သန်းရွှေ (နဝတ၊ နအဖ) လက်ထက်မှာတော့ အခြေအနေက ပိုဆိုးသွားခဲ့ပါတယ်။ တက္ကသိုလ်တွေက ခိုင်မာအားကောင်းတဲ့ သုတေသနတွေ မလုပ်နိုင်တော့ပဲ ပညာရေး အဆင့်အတန်းက အင်မတန် နိမ့်ကျခဲ့ပါတယ်။ နောက်ထက်ပိုမိုဆိုးရွားတဲ့ အခြေအနေတခုကတော့ စာပေစိစစ်ရေးဆိုပြီး ဆင်ဆာ စနစ်နဲ့ ပြင်ပ စာနယ်ဇင်းတွေကို ချုပ်ကိုင်ခဲ့တာကြောင့်လည်း ပြည်သူတွေအနေနဲ့ နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက်တွေရော လူမျိုးစုရေးရာ ကိစ္စတွေမှာပါ သတင်း အချက်အလက် အမှောင်ချခံလိုက်ရပါတော့တယ်။
ဒီလိုအခြေအနေမှာ လူမျိုးစုတွေရဲ့ သတင်းအချက်အလက်တွေက ပြည်သူထံ အလွယ်တကူမရောက်တော့ သလို၊ အစိုးရအဆက်ဆက်ရဲ့ သူတို့ပေးချင်တဲ့ သတင်းအချက်အလက်တွေကိုသာ ပြည်သူတွေစီ ပို့ဆောင်ပါတော့တယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ ဆယ်နှစ်တာကာလမှာ အတော်အသင့် မီဒီယာ လွတ်လပ်ခွင့်ရလာပေမယ့် လူမျိုးစုရေးရာ ကိစ္စတွေနဲ့ ပတ်သက်ရင်တော့ လုံလောက်မှုမရှိသေးပါဘူး။ ဒီလိုအခြေအနေက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင် အထိဖြစ်ပြီး၊ စစ်ကောင်စီက အာဏာသိမ်းဖို့ ကြိုးစာနေတဲ့ အခုလို ကာလမှာတော့ ပိုပြီး ဆိုးလာခဲ့တာပေါ့။
ဆောင်းပါးရဲ့ ဆိုလိုရင်းကို ပြောရရင် တခြားတခြားသော လူမျိုးစုတွေအတွက် ခိုင်ခိုင်မာမာမှန်မှန်ကန်ကန် သုတေသန နည်းလမ်းအခြေပြု လေ့လာဖို့ အားနည်းခဲ့တယ်ဆိုတာကို ထောက်ပြချင်တာပါ။ ဒီနေရာမှာ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ အခြေအနေက တခြားလူမျိုးစုတွေရဲ့ အခြေအနေနဲ့ တော်တော်ကွဲပြားပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာလူမျိုးစုတွေရဲ့ ဖြစ်တည်မှုနဲ့ သမိုင်းကြောင်းတွေကို ဖျက်ဆီးဖို့၊ အများပြည်လက်လှမ်းမမှီနိုင်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ အစိုးရ အဆက်ဆက်က မူဝါဒတွေချမှတ်ပြီး လုပ်ဆောင်ခဲ့ကြလို့ပါ။
အရင့်အရင် အစိုးရတွေ၊ စစ်အာဏာရှင်တွေရဲ့ လက်ထက်တင်မကပဲ ပြီးခဲ့တဲ့ အစိုးရလက်ထက်ထိ သတင်းမီဒီယာမှာ ရိုဟင်ဂျာလို့ ရေးသားဖော်ပြခွင့်မရှိပါဘူး၊ ဘင်္ဂါလီလို့သာဖော်ပြရပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာလူမျိုးတွေ ဘယ်လိုရှင်သန် ရုန်းကန်နေရသလဲဆိုတာ ဗမာပြည်က ပြည်သူအများစု အားကိုးအားထားပြုရတဲ့ မီဒီယာတွေမှာ အမှန်အတိုင်းဖော်ပြခံရခြင်း မရှိခဲ့ပါဘူး။ အစိုးရ အဆက်ဆက်က ရန်သူလို သဘောထားခံခဲ့ရပြီး ပြည်သူတွေအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုတောင် မကြားဖူးတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ တချို့ နိုင်ငံရေး ခေါင်းဆောင်ဆိုတဲ့ သူတွေကတော့ သူတို့ အာဏာနဲ့ အကျိုးစီးပွားတွေအတွက် ရည်ရွယ်ချက်ရှိရှိ လစ်လျူရှုခဲ့ကြတာပါ။ ဒါ့ကြောင့်လည်း လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် နိုင်ငံတကာက ပြောဆိုလာတဲ့ အချိန်မှာတောင် ပြည်သူအများစုက ရိုဟင်ဂျာဆိုတာကို မကြားဖူးဘူး၊ မသိဘူးဆိုပြီး ငြင်းပယ်ခဲ့ကြပါတယ်။ လူဦးရေ သန်းဂဏာန်းရှိတဲ့ ဒီအလူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ သမိုင်းကြောင်းတွေ၊ ယဉ်ကျေးမှုတွေကအစ ဖော်ပြလို့ မရအောင်ကို ပိတ်ပင်တားဆီးခံခဲ့ရပါတယ်။
ဒီတပတ်ကတော့ အစိုးရအဆက်ဆက်ရဲ့ လူမျိုးစုတစုကို ပစ်မှတ်ထားပြီး သမိုင်းကြောင်း၊ ယဉ်ကျေးမှုနဲ့ ဖြစ်တည်မှုတွေကို အများပြည်သူ မသိရှိနိုင်အောင် ပိတ်ပင်တာဆီးခဲ့တာကို ပြောပြချင်တာပါ။ တခြားတခြားသော လူမျိုးစုတွေနဲ့ လူ့အဖွဲ့အစည်းတွေက အစိုးရအဆက်ဆက် ပညာရေးနဲ့ သုတေသနညံ့ဖျင်းမှုတွေကြောင့် သူတို့ရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ မဖော်ထုတ်နိုင်ခဲ့ကြပေမယ့်၊ ရိုဟင်ဂျာလူမျိုးစုတွေကတော့ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံခဲ့ရပြီး သူတို့ရဲ့ လူသားဖြစ်တည်မှုကို လစ်လျူရှုခြင်းခံခဲ့ရသူတွေပဲ ဖြစ်ပါတယ်။
ကိုးကား-
တူမီးတော်လှန်ရေး စာစဥ် တစ်နှစ်ပြည့် အထိမ်းအမှတ် အထူးထုတ်
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၇)
၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံအတွင်းက ရိုဟင်ဂျာလူမျိုးများ
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ဖက်ဆစ္စစ္တပ္က နိုင်ငံတော် အာဏာသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို ဖက်ဆစ်စစ်တပ်ရဲ့ ကြိုးစားမှုက အခုဆို ၁နှစ်နဲ့ ၄ လအတွင်း ဝင်လာပါပြီ။ ဒါပေမယ့် အခုအချိန်ထိ အောင်မြင်မှု မရေသးပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေရဲ့ ထင်မှတ်မထားတဲ့ ခုခံမှုတွေကြောင့်ပါပဲ။ ဗမာပြည်ရဲ့ အဓိကအက်ဆုံး လူထုလူတန်းစားတွေ ဖြစ်တဲ့ လယ်သမား၊ အလုပ်သမားနဲ့ မြို့ပြဆင်းရဲသား လူတန်းစားတွေရဲ့ ခုခံမွုပါ။
စစ်အာဏာရှင်က လူထုရဲ့ ခုခံဆန့်ကျင်မှု အရွိန္ကို လျော့တွက်ခဲ့ပုံရပါတယ်။ ပြည်သူတွေက တပြည်လုံး အနှံ့အပြား အကြမ်းမဖက် ဆန့်ကျင့်ရေးနည်းလမ်း အဆုံနဲ့ ခုခံဆန့်ကျင် ကြပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အချိုးအကွေ့ကတော့ စစ်အာဏာရှင် ဆန့်ကျင့်ရေး ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူတွေကို ဖက်ဆစ္စစ္တပ္က ပြင်းပြင်းထန်ထန် သတ်ဖြတ်နှိမ်နှင်းခဲ့ခြင်းပါ။ ပြည်သူတွေဟာ ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်ဖိနှိပ်မှုကို ခုခံဖို့ အတွက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ရပါတယ်။
ဒါကေတာ့ နွေဦးတော်လှန်ရေးကို ခြုံငုံဖော်ပြတဲ့ သမိုင်းပါ။ အကျယ်ပြောရမယ်ဆို မြို့တိုင်း ရွာတိုင်းရဲ့ လမ်းမတွေ အပေါ်မှာ ပြည်သူတွေရဲ့ သွေးတွေနဲ့ စီကုံးထားသလိုပါပဲ။ မြို့တွင်းဆန္ဒပြပွဲတွေမှာ သတ်ဖြတ်ခံရသူတွေ၊ အဖမ်းခံရ ထောင်ကျပြီး နှိပ်စက်ညှင်းပန်မှု သတ်ဖြတ် ခံရသူတွေနဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာ အသက်စွန့်သွားရတဲ့ ရဲဘော်တွေ အမြောက်အများပါ။ ဒီလို ပြင်းထန်ရက်စက်တဲ့ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေ အသက်စွန့်ခဲ့ရပေမယ် အနာဂတ်မှာ ပြန်လည်ထူထောင်မယ့် လူ့အဖွဲ့အစည်း အတွက်တော့ ပိုမိုကောင်းမွန်တဲ့ မျော်လင့်ချက် ရောင်နီတချို့ကို တွေ့မြင်လာရပါတယ်။ ဒါကေတာ့ အမှန်တရားဆိုတဲ့ရောင်နီပါပဲ။
ဟုတ်ပါတယ်။ နွေဦးတော်လှန်ရေးကာလမှာ ပြည်သူတွေက အမွန္တရားကို ပိုမိုလိုလား လာပါတယ်။ ဘာအမှန်တရားလည်းဆိုရင် အရင့်အရင် အစိုးရ အဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ပတ်သက်တဲ့ အမွန္တရားပါ။ နှစ်ပေါင် (၇၀) ကျော် ပြည်တွင်းစစ်နဲ့ အာဏာရှင် အစိုးရေတြရဲ့ ပိတ်ပင်မှုတွေကြောင့် ပြည်သူအများအပြားဟာ အမွန္တရားကို သိခွင့်မရခဲ့ပါဘူး။ အစိုးရအဆက်ဆက်ရဲ့ တဖက်သတ်ဝါဒဖြန့်ချိမှုနဲ့ ယုံကြည်လေးစားရတယ်ဆိုတဲ့ ခေါင်းဆောင်တွေရဲ့ ကန့်သတ်ထားတဲ့ ပြတင်းပေါက်ကနေပဲ ကြည့်ခဲ့ရတာတွေကြောင့် ဗမာပြည်ထဲက လူ့အခွင့်အရေး ချိုဖောက်မှုတွေရဲ့ အမွန္တရားကို ပြည်သူတွေ သိရွိဖို့ အခွင့်အရေး မရွိခဲ့ပါဘူး။ တကယ်တန်းက လက်လှမ်းမှီပြီး အလြယ္တကူ လေ့လာလို့ ရတဲ့ အစိတ်အပိုင်းတွေကိုတောင် လစ်လျူရှုခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းစစ်ဒဏ်ခံလူမျိုးစုတွေနဲ့ ခုခံတွန်းလှန်သူတွေကို သူပုန်တွေ၊ သောင်းကြမ်းသူတွေလို့ မြင်ခဲ့သလို၊ ရခိုင်ပြည်နယ်က ရိုဟင်ဂျာလူမျိုးစုတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ရင် အလိမ်အညာလို့ ထင်ခဲ့ကြပါတယ်။
နွေဦးတော်လှန်ရေးကတော့ ဒီကန့်သတ်ချက်တွေကို ရိုက်ချိုးခဲ့ပါတယ်။ ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်ယုတ်မှာမှုတွေကို မျက်ဝါးထင်ထင်တွေ့ခဲ့ရပြီး၊ လူသတ်၊ ရွာမီးရှို့မှုတွေကို ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်လာရချိန်မှာတော့ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေက အမွန္တရားကို သိရွိဖို့ကို ပိုပြီးဆာလောင်လာတယ်လို့ ကျနော်သုံးသပ်မိပါတယ်။ လေ့လာစူးစမ်း မေးမြန်းမှုတွေအတွက် ပိုမို အားထုတ္လာသလို မှားယွင်ခဲ့မှုတွေအတွက်လည်း တာဝန်ယူ တာဝန်ခံချင်စိတ်တွေလည်း ပိုပြီးတိုးပွားလာနေတယ်လို့ထင်ပါတယ်။ ပြည်သူအများစုရဲ့ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ အသားအရောင်၊ ဘာသာစကား မခွဲခြားပဲ စစ်အာဏာရှင်အပေါ် ရွံ့မုန်းမှုနဲ့ ဆန့်ကျင်မှုဟာ လူ့အဖွဲ့အစည်းကို ပိုစည်းလုံးလာစေသလို၊ လူမှုသဟဇာတဖြစ်မှုကို ပိုမိုအားကောင်းလာစေခဲ့ပါတယ်။
နွေဦးတော်လှန်ရေးကာလလိုပဲ ဗမာပြည်ရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းကာလတခုကတော့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလကြီးပါ။ အဲ့ကာလတုန်းကလည်း ဖိနှိပ်ခံသူတွေဟာ မဆလ တပါတီ အာဏာရှင်ကို တစုတစည်းတည်း တွန်းလှန်ရင်း နေဝင်းအုပ်ချုပ်ရေးကို ရပ်တန့်စေခဲ့ပါတယ်။ လူထုလှုပ်ရှားမှုကာလအတွင်း မှာလည်း လူထုလူတန်းစားအစုံပါဝင်ခဲ့ပြီး လူမျိုးစုံကလည်း သွေးစည်းညီညွတ်စွာ ပါဝင်ဆန့်ကျင်ခဲ့ပါတယ်။ အဲ့ဒီလို ပါဝင်မှုတွေထဲက ရိုဟင်ဂျာ လူမျိုးစုတွေရဲ့ ပါဝင်မှုကိုလည်း သမိုင်းရဲ့ သက်သေ တခုအနေနဲ့ ဖော်ပြချင်ပါတယ်။ ဒါကေတာ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကာလအတွင်း စက်တင်ဘာလ ၉ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးစုများရဲ့ နေဝင်း မဆလ တပါတီအာဏာရှင်ဆန့်ကျင့်ရေး ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြခဲ့ကြတဲ့ မှတ်တမ်းဓာတ်ပုံပါ။ ဒီမှတ်တမ်းဓာတ်ပုံကို ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၀ရက်နေ့ထုတ် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ စာမျက်နှာ (၂) မှာဖော်ပြခဲ့ပါတယ်။
Rohingya demonstrated against Junta, 1988-9-10, People's Daily News.
ဓာတ်ပုံပေါ်က အချက်အလက်အရ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာ လူမျိုးများ (All Burma Rohingya National) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ရိုဟင်ဂျာကျောင်းသားများ သမဂ္ဂ (All Burma Rohingya Students Union) တို့က ငြိမ်းချမ်းစွာ ဆန္ဒပြပြီး အာဏာရှင်ဆန့်ကျင်ရေးအတွက် ပြည်သူများနဲ့ ရပ်တည်ပါဝင်နေကြတာပါ။ ဒီဓာတ္ပုံအရ ရိုဟင်ဂျာလူမျိုးများဟာ ဗမာပြည်ရဲ့ အာဏာရှင်ဆန့်ကျင်ရေးမှာ ခေတ်အဆက်ဆက်ပါဝင်နေခဲ့ကြတယ်ဆိုတာ သိမြင်နိုင်ပါတယ်။
၁၉၈၈ ခုနှစ် ကာလတုန်းကတော့ နည်းပညာနဲ့ မီဒီယာအကန့်သတ်တွေကြားမှာ ဒီလိုမှတ်တမ်းဓာတ်ပုံ တပုံကလည်း တပုံဆိုသလောက် တန္ဖိုးရွိလွတဲ့ သမိုင်းကြောင်းအထောက်အထားတခုပါ။ အခုနွေဦးတော်လှန်ရေး ကာလမှာလည်း ထပ္တူပါပဲ။ ဖေဖော်ဝါရီလအတွင်းကစတဲ့ လူထုရဲ့ အကြမ်းမဖက်ငြိမ်းချမ်းစွာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာလည်း လူထုနဲ့ အတူပါဝင်ရပ်တည်နေတယ် ဆိုတာကိုလည်း သတင်းမီဒီယာတွေနဲ့ လူမှုမီဒီယာတွေမှာ အလွယ်တကူမြင်နိုင်ပါတယ်။
နွေဦးတော်လှန်ရေးနဲ့ အတူ ပြည်သူတွေရဲ့ အမှန်တရားသိချင်မှု၊ အသိအမြင်ဆာလောင်မှုတွေကို အားဖြည့်ပေးနိုင်ဖို့ ဒီဓာတ္ပုံကို တင်ပြပေးလိုက်ရပါတယ်။ ပြည်သူတွေအနေနဲ့ လူမျိုး၊ ယုံကြည်ကိုးကွယ်မှု၊ အသားအရောင်၊ ဘာသာစကား မခွဲခြားပဲ အာဏာရှင်အမြစ်ပျက်ဖို့ တိုက်ပွဲဝင်ရင်း လူ့အခွင့်အရေးနဲ့ လူဂုဏ်သိက္ခာကို အခြေပြုတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
“The first duty of a revolutionary is to be educated.”
—Che Guevara
ကိုးကား
တူမီးတော်လှန်ရေး စာစဉ် အမှတ် ( ၅၁ )
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၁)
https://web.facebook.com/pho.thagyan.7/posts/8001195796572938?_rdc=1&_rdr
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၂)
https://web.facebook.com/pho.thagyan.7/posts/8033812659977918?_rdc=1&_rdr
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၃)
https://www.facebook.com/pho.thagyan.7/posts/8064627853563065
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၄)
https://www.facebook.com/pho.thagyan.7/posts/8126445854047931
ရိုဟင်ဂျာဆိုတာ ဘယ်သူတွေလဲ (၅)
https://www.facebook.com/pho.thagyan.7/posts/8159168210775695
Sunday, April 3, 2022
"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"
"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"
သမုဒ္ဒရာဝေ 
မြောင်း ခေါ်ချင်ကေခေါ်
ရွှေတွင်းဝေ
ကျုတ်ပွက် ခေါ်ချင်ကေခေါ်
ပတ္တမြားဝေ 
ရွဲခေါ်ချင်ကေခေါ်
ခွီးဟောင်လို့ 
လရောင်ပျောက်စော် ကြားဖူးလို့လား။
မိုးရွာလို့ ပျောက်တေ
တိမ်မဲမဟုတ်။ 
လီတိုက်လို့ ပျက်တေ
သဲပြင်က အရုပ်ချေမဟုတ်
နီပူလို့ အရီပျော်ရေ
ရီခဲတုံးလဲ မဟုတ်။
ကစ္ဆိပရင်ခွင်က ကျုတ်မနစ်ရေ
ပတ္တမြား အစစ်ဝေ။
ဇာလောက်ပင် မှောင်မှောင်
ဇာလောက်ပင် ညစ်ညစ်
ဇာလောက်ပင် ဖုံးဖုံး
နီနီရဲရဲ အရောင်ချေတိ
တရွှန်းရွှန်း တောက်ပဖို့စော်ဗျာယ်။
— လူထုဝဏ္ဏ
(၂၇-၃-၂၀၂၂)