Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Tuesday, January 9, 2024

On The Way To Mandalay

 


ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။


ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 

On The Way To Mandalay


By the old Moulmein Pagoda, lookin' lazy at the sea,

There's a Burma girl (broad) a-settin', and I know she thinks o' me;

For the wind is in the palm-trees, and the temple-bells they say:

"Come you back, you British soldier; come you back to Mandalay!"

    Come you back to Mandalay,

    Where the old Flotilla lay:

    Can't you 'ear their paddles chunkin' from Rangoon to Mandalay?

    On the road to Mandalay,

    Where the flyin'-fishes play,

    An' the dawn comes up like thunder outer China 'crost the Bay!


'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .


When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .


But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .


I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .


Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!

By Rudyard Kipling







Sunday, September 17, 2023

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ

 

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ


လစ်ဗျားကဗျာဆရာ မုန်တိုင်းကြောင့် မသေဆုံးမီ Derna မြို့ ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့တဲ့ ကဗျာအကြောင်း။

မကြာမီ တိုက်ခတ်သွားတဲ့ ဒယ်နီယဲလ်မုန်တိုင်းကြောင့် မြေထဲပင်လယ်ကမ်းစပ်ရှိ ဒရ်နာဆိပ်ကမ်းမြို့ တစ်ခုလုံးပျက်စီးသွားကာ အနိဋ္ဌာရုံဖြစ်သွားရတဲ့ သဘာဝဘေးအန္တရာယ်ကို လစ်ဗျားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးထကြွလှုပ်ရှားသူ ကဗျာဆရာ မုစ်တာဖာ အလ် တရာဘေလ်ဆီ (Mustafa al-Trabelsi) က ကဗျာတစ်ပိုဒ်ဖြင့် သတိပေးနှိုးဆော်ခဲ့တယ်။ သူကဗျာရေးဖွဲ့ပြီးနောက် ရက်ပိုင်းတွင် ဘေးအန္တရာယ်ကျရောက်လာတာဖြစ်တယ်။ 


ပိုပြီးတော့ ရင်နာစရာကောင်းတာက ရေလွှမ်းမိုးမှုအတွင်း သေဆုံးသွားတဲ့သူတွေထဲမှာ ကဗျာဆရာ Mustafa al-Trabelsi လည်း ပါဝင်ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ The Rain ကဗျာကို ဆိုရှယ်မီဒီပေါ်မှာ ဒရ်နာမြို့နဲ့ လစ်ဗျားနိုင်ငံတဝှမ်း လူတိုင်းက နာကျင်မှုတဖက်ဖက်နဲ့ မျှဝေနေကြတယ်။ ကဗျာဆရာဟာ ကဗျာမရေးမီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်တွင် ရေကြီးမှုအန္တရာယ်နှင့် ဆည်တာတမံများရဲ့ အခြေအနေတို့ကို ဆွေးနွေးရန် Derna House of Culture တွင် တွေ့ဆုံပွဲ တက်ရောက်ခဲ့တယ်။ ကဗျာဆရာရဲ့ အချက်ပေးသံကို အာဏာပိုင်တွေက မကြားယောင် ဟန်ဆောင်ခဲ့တဲ့အတွက် ယခုလို ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ ဝမ်းနည်းပူဆွေးသံ၊ သားပျောက်သမီးပျောက် မိသားစုပျောက် အသံတွေ ပြန်လည်ရိုက်ဟည်းသွားတာလို့ မြို့ခံအချို့က ဆိုပါတယ်။ 


သူ့ကဗျာက ခပ်တိုတိုလေးပါ။ ဒါပေမဲ့ နက်ရှိုင်းတယ်။ အာဏာပိုင်နဲ့ တိုင်းသူပြည်သားအတွက် သတင်းစကားဖြစ်တယ်။ ဖတ်ကြည့်ရအောင်......


မိုး


ဖော်ထုတ်ပေးတယ်လေ

ရွဲရွဲစိုနေတဲ့လမ်းတွေ

လိမ်လည်လှည်ဖျားခဲ့တဲ့ ကန်တရိုက်တာနဲ့

မအောင်မြင်တဲ့ တိုင်းပြည်ကိုပေါ့လေ။


အရာရာကို ဆေးကြောပေးတယ်

ကျေးငှက်တွေရဲ့ တောင်ပံအစ

ကြောင်တွေရဲ့ အမွေးအထိပေါ့။


ဆင်းရဲသားတွေကို သတိရစေတယ်

သူတို့ရဲ့ မခိုင်ခံတဲ့ခေါင်မိုးတွေနဲ့

အဝတ်စုတ်တွေကိုပေါ့။


တောင်ကြားချိုင့်တွေကို နိုးထစေတယ်

သူတို့ရဲ့ ပျင်းဖွယ်ဖုန်အုပ်ကို ခါချပေးတယ်

ခြောက်ကပ်နေတဲ့ ကြေးညှော်တွေကိုပေါ့။


မိုးဟာ

ကောင်းမှုကုသိုလ်ရဲ့ သင်္ကေတ

အကူအညီရဲ့ ကတိနဲ့

အချက်ပေးခေါင်းလောင်းပေါ့ကွယ်။


— မုစ်တာဖာ အလ် တရာဘလ်ဆီ

.....


မုန်တိုင်းကျတဲ့ည ၇း၄၄ နာရီတွင် ကဗျာဆရာမုစ်တာဖာဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တစ်ခုအထိ တိုးလာနိုင်တယ်။ ငါတို့က အချက်အလက်မှလွဲလို့ ဘာမှမရှိတဲ့ အကျင့်ပျက်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ ပြင်ဆင်ထားပြီးလို့ပဲ အတပ်ပြောတယ်။ တကယ်တမ်းတော့ ဘယ်ကိရိယာတန်ဆာပလာမှ မပါရှိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်လောက်သာရှိတယ်။"

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းတိုင်းမှာ၊ ကျရှုံးတဲ့တို့တိုင်းပြည် ပျက်ကွက်နေချိန်မှာ သူတို့ဟာ စစ်မှန်တဲ့ စေတနာနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖြစ် သက်သေပြတဲ့ the Scouts၊ the Red Cresent နဲ့ စေတနာ့ဝန်ထမ်းတွေကို ဘုရားသခင်က ကာကွယ်ပေးပါစေ။ ငါတို့ ချစ်တိုင်းပြည်တစ်ဝှမ်းရှိ မိသားစုများကို ဘုရားသခင် ကူညီနိုင်ပါစေ။”

ည ၉း၃၇ နာရီတွင် သူရေးသားခဲ့သည်ကား– “ဤခက်ခဲတဲ့အခြေအနေတွင် ကျွန်ုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် အားကိုးရမှာဖြစ်တယ်။ ရေနစ်တဲ့အထိ အတူတူရပ်တည်ကြရအောင်။"

ဒါက ကဗျာဆရာ မုစ်တာဖာ အလ် တရာဘလ်ဆီရဲ့ နောက်ဆုံး ပို့စ်ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ အသက်ရှင်နေတဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိတဲ့အခါ စိတ်လှုပ်ရှားသံတွေနဲ့ အော်ဟစ်လေ့ရှိပေမဲ့ အပျက်အစီးတွေကြားက တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ရွှံ့ထဲက အလောင်းတွေ ရှာဖွေတွေ့ရှိမှုက ရံဖန်ရံခါ နာကျင်စေတယ်လို့ The Rain ကဗျာကို ဘာသာပြန်ခဲ့သူ ကဗျာဆရာ Khaled Mattwa က ဆိုပါတယ်။ 

ဒီဒယ်နီယဲလ်မုန်တိုင်းကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်က ဒရ်နာမြို့ရှိ ဆည်တာတမံ နှစ်လုံး ပေါက်ကွဲမှုကြောင့် အပျက်အစီး၊ အသေအပျောက်များခဲ့ရတယ်လို့ သိရတယ်။ လူပေါင်း ၁၁၀၀၀ ကျော် သေဆုံးကာ ၄ သောင်းကျော်လောက် နေရပ်ပြောင်းရွှေ့ရတယ်။ ၁ သောင်းကျော်လောက် ယခုထိ ပျောက်ဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသတဲ့။ 


— လူထုဝဏ္ဏ

(၁၆-၉-၂၀၂၃)


ကိုးကား-

The Guardian News



Monday, August 21, 2023

Aillá Sang Gór (Rohingya Classical Song)


Aillár Sang Gór


Obairé...

Dukke chúkke rait fuwái, biina soore biilot zai

Fukor beil guá fosímót zargoi batór dahá nái


Ailla giyé hál soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


Girós taito bor gorot, ailla taito sang gorot

Teppér teppér zóror fuçá forer sang gorot


Obairé...

Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.



ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 

ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  

Dukké chukké rait fuwai, biina soore biilot zai

Fukor beil guá fosímót zargoi bat órr dahá nái

လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 

အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။

ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 


ဒုတိယ စာပိုဒ်မှာတော့…

Ailla giyé hal soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 


ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။


တတိယအပိုဒ်မှာတော့…

Girós taito bor górot, ailla taito sang górot

Teppér teppér zóror fuçá forer sang górot


လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  

ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 

နောက်ဆုံးအပိုဒ်ကတော့ …


Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.


လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 


ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။


ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။



_လူထုဝဏ္ဏ

(၂၀-၈-၂၀၂၃)





Wednesday, July 19, 2023

ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး


"ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး"


လွတ်လပ်သာယာတဲ့ ကောင်းကင်အောက်မှာ

ကျွန်သပေါက်ဘဝ မကျွတ်သေးတဲ့ပြည်

အာဇာနည်စဉ်လာ မပျောက်သေးဘဲ

အသက်လေးဇီဝန် ဆက်တိုက်ကြွေနေတဲ့မြေ

မျိုးချစ်ပွေငမိုက်သားတွေရဲ့ ပယောဂစွေ

ချာချာလည်ပတ်နေတဲ့ သွေးယိုလွန်ဆွဲပွဲ 

ဆယ့်ကိုးမည်းဇူလိုင်မိုး လရက်တိုင်းမှာကွယ်

ဘဝင်ဆိုင်းအုံ့မှိုင်းမှိုင်း ရွာသွန်းနေတဲ့ပြည်

သွေးဆွေးနံ့သန်းတဲ့ ရာဇဝင်စာမျက်နှာကြီးတွေ 

ပြောက်ကျိပြောက်ကျား အလောင်းပန်းချီနဲ့ခြယ် 

ဒဿဂီရီမင်းထလုပ်လို့ မိုးကူးလည်မစဲ

မျက်ရည်ချိန်ကြီးလွှမ်းလို့ ရုန်းမထွက်အောင်ပ

အဓမ္မကိုဖီဆန်ရင်း ဇာနည်ဘွဲ့နဲ့နစ်ကြလေတဲ့။


— ရိုးချေ

(၁၉ ဇူလိုင်၊ ၂၀၂၃)


 ပုံ- ၁၉၄၇ ခု အူရ်ဒူသတင်းစာတစ်ခုတွင် ဖော်ပြထားတဲ့ "ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့" သတင်း

Tuesday, May 2, 2023

ပူရ်နီစန္ဒြာ (Purni Sandra )

 


ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)


ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လက်ရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။

ကဗျာဆိုလိုရင်းကတော့-

  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ပျက်စီးခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်ကို ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို နှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ပျက်က ပျက်စီးယူဆောင်သွားခဲ့လေတယ်။

  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။

  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုံဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။

  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာ ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။

  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။


ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နႏ်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ ကျဆုံးခဲ့လေတယ်။

* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလက်ာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလက်ာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။


_ လူထုဝဏ္ဏ


Ref: Patmavati By Alaol

Saturday, March 25, 2023

မိန်းလိုက်ဖိ.... မချေ

 


မိန်းလိုက်ဖိ.... မချေ


မျဉ်းပြိုင်နှစ်ခု 

အတူတူ ခရီးနှင်ကေလဲ့သော့်

ဆုံဖို့အမှတ်ကား မဟိမနား


ဟုတ်ယင့်… ငါ့ရို့လျှောက်ခစွာလမ်းက 

မျဉ်းပြိုင်မဟုတ်

တစ်နိရာစီက နိပီးကေ

ကန့်လန့်ဖြတ် ဦးတည်လာခစွာ

ထောင့်ဖြတ်မျဉ်း နှစ်ခုဝေ


အမှတ်တစ်ခုမာ 

အိပ်မက်မိုးတိမ် တကွက်ကွက်နဲ့

မေတ္တာရီရွာသွန်း လုလု

တနားချေ ဆုံခပနာ

ဖြတ်ထွက်လားခရေ 

မျဉ်းချေနှစ်ခုဖြိုက်နိယင့်


နီပူတိုက်ချေလို့

မိုးတိမ်လိပ်ပျောက်ရေခါ

ဦးတည်ချက်ကိုယ်စီနန့်

ကျိန်စာသင့် ရာဟုလမ်းပိုင်

လှမ်းမမီအောင် ဝီးလို့ဝီးလို့ လားနီဗျာယ်။


ဆုံမှတ်ချေမာ လန်းဆန်းခစွာ အချိန်ချေတိကို

ခွန်အားအဖြိုက် ထုတ်သုံးပနာ

ကံကကြမ္မာလားလမ်းကို လက်ခံပီးလိုက်ဖိဝေ

မချေ… မပိုင်ဆိုင်ရေ အိပ်မက်ဘောက်သာနန့်

အရာ တဆာဆာ မမျှော်လိုက်ကတ်ဖိ

သဲပြင်မာ လီတိုက်လို့ ပျောက်လားခရေ

ဝတ္တုချေပိုင် မိန်းလိုက်ဖိဝေ…



ရိုးချေ

(၁၄-၃-၂၀၂၃)





Tuesday, March 21, 2023

Goin Fanír Mooti (Oli)

 Goin Fanír Mooti


Haba ye zuri zuri kuciye gaar oli

Ekka oddó nosíribo gumor e dori


Sanda mamu miyulate luwai gum giyé

Zilímilí tarar jahanot háñzi yó giyé


Sanor kulot gumzare tui mor foori

Cópponor falkit sorí goriló súrwari


Raitor oñccáré tortú kiyór dhor

Zehón tor dáke asi o nunuya mor


Mor kulot mazé tor tuinná gór

Uri uri aai mor faigorso sugór


San tarar dikká tui hañcic hamicá

Dilottú mor cúde yan hí duwa


Khala miyúla miçá faní boni bāi giyoi

Fúl okkól loi miçá-miçá hotá hoi giyoi


Tui yo ekka fun hotá rocá roci

Fuçá okkole sou keen gorí gaar oli


Tor loi basi asé añr guñra duniya

Dure zehón giyo buri aiyé sogor faníya 


Tor tengot añí diyum raki 

Cárá duniyar kullé kúci


Bezar óibi zehón diyum aza ador gorí

Añi dé golot tui éri sóyi nitti


Uzor nogoijjó sup oizó e ambor cón

Gum borá sukoré abar no goró seton


Honi kiya tor sugortú nofarefán gúm suri

Gumza re gumza goin fanit asé fán mooti


(Oli)

—RohangKing

(12-1-2023)

Wednesday, January 4, 2023

Añáré Sinno dic Alok



 Añáré Sinno dic Alok

—————————--—

Kii...!

   Añár sinno búzai

   añàr zuban bodoli

Añar rosómór gírá faldai

tor tale tale tal ditam


   Ah...

   Foror górót sarak zolai 

   añár sarak nifáitám bolé


Añr foranor bahol bodolibár nái

Añr zobinor rosí síríbar nái


Añí morilé lekídíc añr kuwalot

Añi Ruwaingá boli sinnodic alok.


—RK


#RK_PoetryCollection


Wednesday, August 31, 2022

အဆုံးသတ်ကတ်မေ

 



အဆုံးသတ်ကတ်မေ


မိတ်ဆွေ…

ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊ 

တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ

ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊ 

သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ

အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။


ဟုတ်ယင့်…

ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်

ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်

သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်


ယကေလေ့…

ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ

မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ

ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ

လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ

ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ

အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ

ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ

အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။


ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ

သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ

ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ

မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက

ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။


မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့

တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ

လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ

ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…

ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။ 



15-8-2022


Tuesday, June 14, 2022

ရိုဟင်ဂျာတွေရဲ့ အတိနာဒုက္ခအပေါ် နိုင်ငံအသီးသီးမှ သီဆိုခဲ့သော သီချင်းများ



အဆိုတော် Mohin Abudullah သီဆိုခဲ့သောသီချင်း



2. I lost My Country
















Joy Manobotar Joy


Ami Rohingyar Meye


Arakana maa boinor izzot





Oh Rohingya



Manobata Firedao


Thursday, June 2, 2022

သွေးရဲရဲ အာဇာနည်

 


"သွေးရဲရဲ အာဇာနည်"

-----------------


မင်းတို့ နာမည်နဲ့ ဘုရားကျောင်းလဲ မတည်ခဲ့ဘူး

မင်းတို့ နာမည်နဲ့ ဗလီကျောင်းလဲ မဆောက်ခဲ့ဘူး

ဒါပေမဲ့ ဓူဝံကြယ်ထက် တောက်ပတဲ့ ဂုဏ်ကျက်သရေ

မင်းတို့အား အနန္တဘုန်းဂုဏ်ကျက်သရေ အမိမြေက ချီးမြှင့်လိုက်ပြီ

တစ်ခါက ငါတို့ဆီစူးစူး ဆိုက်နေတဲ့ ဟိုကျည်ဆံတွေ 

မင်းတို့က မိမိရဲ့ရင်တော်မှာ ဖြည့်လို့ မြေကြီးပေါ်လဲလောင်းသွားခဲ့

ဒီမြေက လိုလိုမှန်မှန် ဖိတ်ကြားတဲ့နေရာမှာ 

မင်းတို့က သားငယ်သဖွယ် တရွှင်ရွှင် သွားအိပ်တော့တယ်

ဒီမြေက မိုးကောင်းကင်ဘက် လက်ဖြန့် ဆုတွေတောင်းတာရှိမယ်

မင်းတို့လို ဝီရစိတ်ရှင် သားရတနာတွေ ပိုင်ဆိုင်နိုင်ဖို့ကွယ်

အသက်သွေး စတေးရာမှာလဲ နှုတ်ခမ်းမှာ ဝေဖန်မှုတစ်ခုနဲ့ 

"စွန့်လွှတ်ဖို့ကို အသက်တစ်ချောင်းထက်ပို မရနိုင်ဘူးလား"တဲ့


     မင်းတို့သာ မဟုတ်ခဲ့ရင်…

    ဒီကမ္ဘာကြီး တောထဖြစ်ကုန်လိမ့်မယ်

မြေကြီးကို ဥယျာဉ်အဖြစ် သွေးရဲနဲ့ ဘယ်သူတန်ဆာဆင်မှာလဲ

လောကကြီးမှာ လူသားကတော့ ကုဋေကုဋာကွယ်

ဒါပေမဲ့ တို့အတွက် တပြုံးပြုံးနဲ့ ဘယ်သူ အသက်စွန့်လွှတ်မှာလဲ။


— လူထုဝဏ္ဏ



[ကဗျာဆရာ #Manoj_Muntashir ရဲ့ Tere Naam Pe Mandir Nhi Bani Kahin ကဗျာကို ဆီလျော်အောင်ပြန်ဆို]



Sunday, April 3, 2022

"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"

 


"ကစ္ဆိပရင်ခွင်က ပတ္တမြားချေ"


သမုဒ္ဒရာဝေ 

မြောင်း ခေါ်ချင်ကေခေါ်

ရွှေတွင်းဝေ

ကျုတ်ပွက် ခေါ်ချင်ကေခေါ်

ပတ္တမြားဝေ 

ရွဲခေါ်ချင်ကေခေါ်

ခွီးဟောင်လို့ 

လရောင်ပျောက်စော် ကြားဖူးလို့လား။


မိုးရွာလို့ ပျောက်တေ

တိမ်မဲမဟုတ်။ 

လီတိုက်လို့ ပျက်တေ

သဲပြင်က အရုပ်ချေမဟုတ်

နီပူလို့ အရီပျော်ရေ

ရီခဲတုံးလဲ မဟုတ်။

ကစ္ဆိပရင်ခွင်က ကျုတ်မနစ်ရေ

ပတ္တမြား အစစ်ဝေ။


ဇာလောက်ပင် မှောင်မှောင်

ဇာလောက်ပင် ညစ်ညစ်

ဇာလောက်ပင် ဖုံးဖုံး

နီနီရဲရဲ အရောင်ချေတိ

တရွှန်းရွှန်း တောက်ပဖို့စော်ဗျာယ်။


— လူထုဝဏ္ဏ

(၂၇-၃-၂၀၂၂)

Tuesday, March 15, 2022

ရှင်သန်ခွင့်ပေးပါ

 


" ရှင်သန်ခွင့်ပေးပါ "


အို ရှုကြလော့

ပန်းဥယျာဉ်မှာ နှင်းဆီပွင့်လေး

စီရရီ ဖူးပွင့်နေတယ်

ဖူးပွင့်ခွင့်ပေးပါလော့။


ကြိုးဖြတ်စွန် ရောင်စုံနောက်

ကလေး ပြေးတမ်းနေကြတယ်

ပြေးလွှားခွင့်ပေးပါလော့။


ကောင်းကင်ပြာမှာ ရွှေစွန်ရဲ

တောင်ပံဆန့်ဝဲနေတယ်

ဆန့်ခွင့်ပေးပါလော့။


ပိုးစုန်းကြူးငယ် ညမှောင်ဝယ်

မီးထွန်းပွဲ ကစားနေတယ်

ကစားခွင့်ပေးပါလော့။


နေ့လယ်လယ်မှာ ချုံပုတ်က

ချိုးမလေးကူနေတယ်

ကူခွင့်ပေးပါလော့။


သဲသောင်ပြင်မှာ လူကလေး

အရုပ်တွေဆွဲနေတယ်

ဆွဲခွင့်ပေးပါလော့။


ရေပြင်သာမှာ စင်ရော်ငှက်လေး

မြူးထူး ရေချိုးနေတယ်

ရေချိုးခွင့်ပေးပါလော့။


မြစ်ကြီးနက်မှာ လှေသမား

လှေထိုးနေတယ်

ထိုးခွင့်ပေးပါလော့။


နေရောင်ပျော့ပျ ချေမာငှက်

ခုန်ဆွဆွ ကနေတယ်

ကခွင့်ပေးပါလော့။


ကျေးငှက်၊ လူငယ် ပန်းပွင့်တွေ

မြေကြီးအမွေခံ ခပ်သိမ်းကို 

ဒီနေ့… ရှင်သန်ခွင့်ပေးပါလော့။ 


#ရိုဟင်လေး


Note- ဘင်္ဂါလီစာဆို ရှောမ်ရှူရ် ရာဟမာန် ၏ Bastedao ကဗျာကို တိုက်ရိုက်ပြန်ဆိုသည်။


#RKPoetry

Tuesday, February 1, 2022

မျှော်လင့်ချက်ရောင်ခြည်





" မျှော်လင့်ချက်ရောင်ခြည် "



ရောင်နီသန်းနေတဲ့ မျှော်လင့်ချက်တွေ 

တိတ်တိတ်ပုန်း ရှိနေသေးတာပေါ့

တစ်နေ့နေ့ ဖန်တီးရအောင် 

ဧဒင်ဥယျာဉ်သဖွယ် ပြည်တစ်ပြည် 

ဘယ်နှိပ်စက်ဖိနှိပ်မှုမှ မရှိတဲ့ပြည်

မတူကွဲပြားမှုကို ခွန်အားအဖြစ်

ဂုဏ်ယူမြတ်နိုးတဲ့ ပတ်ဝန်းကျင်လေး

အသက်ရှင်ခြင်းဟာ အပြစ်မဖြစ်စေရဘူး

ပျော်ရွှင်မှုရဲ့ ပန်းပွင့်တွေဝေဆာလို့

ငြိမ်းချမ်းမှုရဲ့ ရာသီမှာ အပြုံးနံ့တွေလှိုင်မယ်

ရောင်စုံအလှတရားတွေ မိုးလိုရွာကျလို့

အရာရာဟာ မြူးထူးလျက်နဲ့။



ဂူပိတ်ခံနေရတဲ့ မျှော်လင့်ချက်တွေ 

ခုလဲ နိုးနိုးနန့်နန့် ရှိသေးတယ်

တစ်နေ့နေ့ ဖန်တီးကြရအောင် 

မုသားတိမ်နက် ကင်းစင်တဲ့ပြည်

လူလူချင်းသတ်တဲ့ဓလေ့တွေ အမြစ်ပြတ်ပပျောက်လို့

ရှင်သန်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်စေရမယ်

သေခြင်းတရားလည်း အိုက်စပ်စပ် မဖြစ်စေရဘူး

အဲဒီပြည်ဟာ မင်းတို့လဲပိုင်ဆိုင်မယ်

အဲဒီပြည်ဟာ ငါတို့လဲပိုင်ဆိုင်မယ်

သွေးထွက်သံယိုတဲ့ပြိုင်ပွဲတော့ လုံးဝကင်းစင်မယ်

ဓမ္မအရိပ်အောက်မှာ အဓမ္မတွေ နေဝင်မိုးချုပ်လို့

တရားရင်ခွင်မှာ ချိန်ခွင်လျှာတည့်တည့်ရှိမယ်

ဥပဒေဟာ လေထုလို မျှမျှတတ သာယာလို့

အရာရာဟာ ဖြူစင်လျက်နဲ့။



ဟော့ဒီလိုပြည်တစ်ပြည် ဖန်တီးရအောင်

အဲဒီပြည်မှာ ငတ်မွတ်ခြင်းထက် ထမင်းဈေးပေါစေရမယ်။


— ရိုဟင်လေး


Wednesday, January 19, 2022

သြော်လီ ရိုဟင်ဂျာသားချော့တေး



 ရိုဟင်ဂျာသားချော့တေး 

လူမျိုးတိုင်းမှာ သူ့နည်းသူဟန်နဲ့ သားချော့တေး ဆိုတာရှိတယ်။ ကလေးတွေရှိတော့ ကလေးတွေကို ချော့သိပ်ရတာကိုး။ ဒါနဲ့ မိခင်တွေက သားလေး နားဝင်ချိုအောင်၊ လိမ္မာလာအောင် စကားတွေဖွဲ့ကာ တေးသီချင်းပုံစံနဲ့ ဆိုပြရတယ်။ ဒီကနေ သားချော့တေးဖြစ်လာတာပေါ့။ သားချော့တေးကို မူလဖန်တီးတဲ့ ကလောင်ရှင်မှာ မိခင်တွေပဲဖြစ်ပါတယ်။ သားချော့တေးဟာ အပြောသာရှိတဲ့ တေးဖြစ်ပါတယ်။ နောက်မှ မိမိတို့ရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းရန် စာတွေနဲ့ မှတ်တမ်းတင် ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။


ဒီဆောင်းပါးမှာ ရိုဟင်ဂျာသားချော့တေးကို မိတ်ဆက်ပေးပါမယ်။ သားချော့တေးကို ရိုဟင်ဂျာတွေက အော်လီလို့ခေါ်ပါတယ်။ အော်လီရဲ့ တိုက်ရိုက်အဓိပ္ပာယ်မှာ "သိပ်ချော့ခြင်း"ဖြစ်တယ်။ သားကို သိပ်ချော့တာကို အော်လီဒေ လို့ ခေါ်ကြတယ်။ ဒီ ဪလီသားချော့တေးကတော့ အညာဖြစ်ဖြစ်၊ မြို့ပြဖြစ်ဖြစ် သားလေးမီးလေးတွေ ရှိရင် ဆိုကြတာပဲ။ တစ်ခုထူးခြားတာက ဒီဪလီသားချော့တေးကို နှုတ်တက်ဆောင်ပြီးတော့ ရွတ်ဆိုစရာမလိုပါဘူး။ ငယ်ငယ်တုန်းက ကိုယ့်မိခင်က ညီငယ်နှမငယ်တွေကို သိပ်ချော့တဲ့အခါ ကြားရာကနေ တတ်လာကြတာပဲ။ မိမိကိုယ်တိုင် မိခင်လောင်းဘဝ ရောက်တဲ့အခါမှာတော့ ဟော့ဒီ မှတ်မိသလောက်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် တခြားစကားအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆိုပြတာဖြစ်ပါတယ်။ အများအားဖြင့်    အတွေးထဲရောက်တာကို ကောက်ဆိုပြလိုက်တတ်တယ်။


Taa Taa, Taa Taa


Taa Taa, Taa Taa

Nanarór barit zaa

Naniye diyé Hoñla mula

Duwarot bocí háa

Nanaye dilé lorir gúta

Híkai híkai háa


Tor nanattú tiyan foicá

Hoduun asé saa.

- Osin , Oli


မြန်မာဘာသာပြန်

တာတာ တာတာ

တာတာ  တာတာ

ဖိုးဖိုးအိမ်ကို အလည်သွားမယ်

ဖွားဖွားကြီးက ပေါက်ပေါက်ဆုပ်တွေ ထုတ်ကျွေးမယ်

အိမ်ပေါက်ဝမှာ အဝစားကွယ်။

 

ဖိုးဖိုးကြီးက တောင်ဝှေးနဲ့ တို့ကာတို့ကာ စရင်

တရှိုက်ရှိုက် ဖြဲငိုရင်း အဝတုတ်ခဲ့ကွယ်။


ဖိုးဖိုးကြီးမှာ ပိုက်ဆံအကြွေစေ့

ဘယ်လောက်များလဲ ကြည့်ပါကွယ်။


ဒီသားချော့တေးရဲ့ ဖွဲ့ဆိုပုံကလည်း ပုံသေကျတယ်။ တစ်ချို့ကျတော့ ပုံမမှန်တာလည်း တွေ့ရတယ်။ အထူးသဖြင့် ရှေးကျတဲ့ သားချော့တေးတွေဟာ ပုံသေကာရန်နဲ့ ဖွဲ့ဆိုလေ့ရှိပါတယ်။ အင်္ဂါရပ်ကတော့ ချော့မော့ညင်သာတဲ့ မြည်သံတစ်သံနဲ့ အစချီရတယ်။ ဒါကတော့ မဖြစ်မနေပါရတဲ့ အချက်ပဲ။ ရှေးသားချော့တေးတွေမှာ ပါဝင်လေ့ရှိတဲ့ စာသားအင်္ဂါရပ် သုံးချက်တွေ့ရတယ်။ သူတို့က သားသမီးတွေ စကားကြွယ်ပြီး လိမ္မာလာအောင် အဓိကထား ထည့်သွင်းပေးတာပေါ့။ ကာရန်ချိတ်တယ်။ အသွား နားဝင်ချိုတယ်။ ပညာသားလည်းပါတယ်။ 

အခုလေ့လာနေတဲ့သားချော့တေးမှာလည်း စကားလုံး ၄-၃ နဲ့ သပ်သပ်ရပ်ရပ် ကာရန်ချိတ်ထားတာ တွေ့ရပါမယ်။ အပိုဒ်တိုင်းရဲ့ ပိုဒ်ဆုံးကာရန်လည်း တူတယ်။ အသွားလည်း ချော့တာပေါ့။ 

ဒီတေးကဗျာရဲ့ ဆိုပုံကတော့ ငိုကြွေးပူဆာနေတဲ့ ရင်သွေးငယ်ကို အငိုတိတ်အောင် သိပ်ချော့ပေးနေတာပေါ့။ ဒီသားချော့တေးဆိုနေတုန်းမှာ အမေဖြစ်သူက ရင်သွေးငယ်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တာတာ၊ တာတာ မြည်သံပြုရင်း လက်ခုပ်တီးတဲ့သဏ္ဍာန် လုပ်ရပါတယ်။ ခပ်ပျော့ပျော့ပေါ့နော်။ စာသားမှာတော့ အဘိုးအဘွားအိမ်ကို အလည် အပတ်သွားတာ၊ ထန်းလျက်ရည်နဲ့ လုပ်ထားတဲ့ စားစရာတွေစားတာ၊ ရင်သွေးငယ်ကို သွေးဆောင်ကာ ပညာဘက်ကို ယိမ်းယိုင်အောင်လုပ်တာ စတာတွေကို စိတ်ဝင်းစားဖွယ်တွေ့ရတယ်။ ပြီးတော့ အဘိုးအိုနဲ့ မြေး ယုယုယယ ချစ်စဖွယ် စတာနောက်တာ သဘာဝကိုလဲတွေ့ရတယ်။ 

မြေးတွေအပေါ်ထားရှိတဲ့ အဘိုးအဘွားရဲ့ မေတ္တာတရားက အင်မတန် ကြည်နူးဖွယ်ရာကောင်းလှတယ်။ Natir lá Háñti móré ဆိုရိုးအတိုင်း တစ်ယောက်ကိုတစ်ယောက် အသည်းခိုက်အောင် ချစ်ခင်ကြတယ်။ ဒီတော့ ဒီအဘိုးအဘွားအိမ် အလည်သွားတယ်ဆိုတာ ရင်ခုန်စရာ အခါသမယတစ်ခုပါပဲ။ အဘိုးအိမ်ကို အလည်သွားပါ့မယ် လို့ ဒီသားချော့တေးက ဆိုပါတယ်။ အဘွားက ထုတ်ကျွေးမယ်႕ ပေါက်ပေါက်ဆုပ်တွေလဲ အဝစားရမှာပေါ့။ ဒီီီနေရာမွာတော့ အဲ့ဒီခေတ်က Hoñlá mulá ဆိိုတဲ့ ထင်ရှားတဲ့ ပေါက်ဆုပ်မုန်႔ကို တွေ့ရတယ်။ ထန်းလျက်နဲ့ ပေါက်ပေါက်ကို ဆုပ်ပြီးတော့ လုပ်တဲ့ မုန့်ချိုမို့ ကလေးတွေရဲ့ အသည်းစွဲပေါ့။ 

ဖိုးဖိုးမှာ ကြွေပြားစေ့ ဘယ်လောက်များလဲ ကြည့်ခိုင်းတာက ရင်သွေးငယ်ကို ပညာလဲသင်ပေးနေတာလို့ ယူဆနိုင်ပါတယ်။ မိခင်ဖြစ်သူက ကြွေးစေ့တွေနဲ့ ရင်သွေးငယ်ကို တစ်၊ နှစ်၊ သုံး၊ လေး ... စသည်ဖြင့် လက်ချိုးရေတွက်ပြလေ့ရှိတယ်။ ပြီးတော့ ပြန်မေးတယ်။ ရင်သွေးက သုံး ဒါမှမဟုတ် လေး စသည်ဖြင့် ပြန်ဖြေတာပေါ့။ မမှတ်မိရင် မိခင်ဖြစ်သူက ပြန်အတွက်ပေါ်ပေးတယ်။ ဒီနဲ့ သားအမိ ပျော်ရွှင်ဖွယ်ရာ စကားတမ်းတစ်ပွဲလဲ ဖန်တီးလိုက်တာပါပဲ။ 

ဒီတေးဟာ ရှေးကျတဲ့တေးတစ်ပုဒ်ဆိုတာ ထင်ရှားတယ်။ ငွေစက္ကူတွေမပေါ်ခင် ပြားစေ့ သုံးတဲ့ခေတ်ကလို့ ဆိုနိုင်ပါတယ်။ ရှေးအညာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လူနေမူအဆင့်အတန်း၊ လူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုလဲ တွေ့ရပါတယ်။


Poem reference : The Art Garden Rohingya


Wednesday, December 29, 2021

BORABORI




 Borabori


Lekóya- RohangKing


Tor gán ó foran

Mor gán ó foran

Zate zat fiyáñrar gañt

Ek dhuwar ek baañc

Lotar nocá háñt gañrát


Sam rong aladá boli

Rosóm biccáic síra boli

Foicá khorí beec-hom boli

Modda miyali forok boli

Giyañt gucthí bári boli

Usol niso mafa-mafi


Tui moille yó meçi

Mui moille yó meçi


# Burmese Translation


" တန်းတူမှု "


မင်းဟာလဲ အသက်

ငါ့ဟာလဲ အသက်ပဲလေ

မျိုးတူပုရွက်ဆိတ် တစ်တွင်းတည်းစုသလို

ဝါးရုံတစ်ရုံက ဝါးပင်တူတွေ

နွယ်တက်အညွှန့် အသွယ်သွယ်နဲ့


အသားအရောင် မတူခြားလို့

ယုံကြည်မှုဓလေ့ ခြားနားလို့

ငွေကြေးဥစ္စာ မညီမျှလို့

အဖိုအမ ကွဲပြားနေလို့

ဆွေမျိုးရင်းချာ ထူထပ်လို့

အဆင့်အတန်း ချိန်တွယ်သေးသတဲ့


မင်းသေရင်လဲ မြေကြီး

ငါသေရင်လဲ မြေကြီးပဲလေ။


ရေးသူ- ရိုဟင်းကိန်း




Tuesday, September 14, 2021

42 ór Lorhori [Old Rohingya Poetry]




42 ór Lorhori


Hoinna haaçer kuf maári
             Oi-ló jádur lorhori,
Sei Jaadu rey maári felléy 
             Luwár seél maári.

Selór agaát jádurey loi
            Horáf mogáy nasér gói,
musólmánáy gorér handoón
           Jongol etáy bói.

Niz stánor goór fayli 
             Musoólman oór lorhóry,
Musoólman haça haái
         Góbon góillo apókor faari.

Afokór dhálaát zaái
             Kiwórey dháker baáf oh bhái,
Haázar Haázar Mori zaddéy
              Faánir loót no fai.

Zattún asshíl buráburi
              Tarár fuinnó lorhóry
Dhálaát mazáy felai aisshéy
               Harái no faári.




[English translation of this song]


The girls have been killed by wrath.
Innocent childrens become Helpless.
Childrens killed by a sharp iron rod(sel).

After entom the child  on the sharp rod (sel) the mogh (Rakhine)
started dancing.
Rohingyas are crying around the forest.

Rohingya become more helpless after leaving theirs home of mother's country.
The Afookor valley become much memorable after Rohingyas massacre.

Going to Afookor Valley- hailed as father and brother to others, 
Thousands of people died by thirsty.

Those peoples become very helpless who have old parents,
they flees afookor valley after keep them at that dangerous place.

Thursday, July 15, 2021

Two Rohingya Old Poetry


"Arakan Decór Musólman"


O khuda tui rahám goró tuáñr bonda ré

Bormár decór musólman bái oré


Zehón dase cúridilám khúdar gulami

Melitheri lorai lorai banar acámi

Keen goríya taikkúm añárá é zagar uore

Arakan decór musólmanór uore

O khuda tui rahám goró tuañr bonda ré

Arakan decór musólmanor uore


Dari ola manúic faile burot sek goré

Nizor hái nizor loi ham gorá fore (biyar)

Górot asé bibi bacca waaccá more

Keen goríya taikkúm añra é zagar uore

O khuda tui raham goro tuanr bonda ré

Arakan decór musólmanor uore


— Osin Cáyer


" Democracy Baala "


O desi Bormá wala 

nogoijjo bai nak-muk hala

Ek hale Bormá óibo baala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala


Mondu tún Busidóung zaite toukkenza lage

Ek boska soil faar goitte duuty mañge

Añraré sairo kultú diyé hana maala

Rohingyar lai Demokrasi baala

Gorif ollá Aung San Suu Kyi baala

- Osin Cáyer

(မြန်မာဘာသာပြန်)

ဒီမိုကရက်စီ အကောင်းဆုံး


အို တိုင်းရင်းဗမာပြည်သူရေ

မျက်နှာ မညှို့ပါစေနဲ့

တစ်ချိန်ကျတော့ ဗမာပြည်အေးချမ်းပါလိမ့်မယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်


မောင်တောကနေ ဘူးသီးတောင်သွားဖို့ ထောက်ခံစာလိုတယ်

ဆန်တစ်အိပ် သယ်သွားဖို့ ဆက်ကြေးပေးရတယ်

ငါတို့ကို အဖက်ဖက်က အုန်းမှုတ်ခွံနဲ့ မျက်စိပိတ်ထားတယ်

ရိုဟင်ဂျာတွေက ဒီမိုကရက်စီ လိုလားတယ်

ဆင်းရဲသားတွေအဖို့ အောင်ဆန်းစုကြည် မြင့်မြတ်တယ်

(မှတ်ချက်။    ။တစ်ချိန်က ဒုက္ခအတိမှ ရုန်းထွက်နိုင်ဖို့ ရိုဟင်ဂျာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ ဒဒီမိုကရေစီလမ်းစဉ်ကို ယုံကြည်အားကိုးခဲ့တယ်။ အဲဒီတုန်းက ဖွဲ့ဆိုခဲ့တဲ့ တေးတစ်ပုဒ်ဖြစ်ပါတယ်။)




Note: This video clip was recorded by an author  Kazi Fahmida from bangladesh Refugees Camp.

Tuesday, June 29, 2021

Fúad Nái (Rohingya Old Poetry)



 Fúad Nái 


Ataá háilam 

Fata háilam 

Bátor fúad nái.

Forór maáre

Maa búlilám 

Mator fúad nái. 


- Osin Cayér (RohingyaOldPoetry) 


Translation 


တောဩဇာသီး စားကြည့်တယ်

ဟင်းရွက်နုနယ် မြိန်းကြည့်တယ်

ထမင်းအရသာတော့ မရဘူးကွယ်။


တပါးသူရဲ့ အမေကို

မေမေလို့ ခေါ်ကြည့်တယ်

စကားအရသာတော့ မရှိဘူးကွဲ့။ 

 


Friday, May 28, 2021

ရိုဟင်ဂျာ ကဗျာဆရာမ ရိုမရုန်(န) [၁၉၈၁-၂၀၂၀]

 




    ┄┅═❁❁═┅┄

ကဗျာဆရာမ ရိုမရုန်(န)ကို ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ နာဇီရွာမှာ ဖွားမြင်ခဲ့ပါတယ်။ အမည်ရင်းမှာ ရိုကိုင်ယ်ယာဟ် (ခေါ်) မလှလှဝင်း ဖြစ်ပါတယ်။ မိဘတို့မှာ ဖခင် ဦးဝလီအုလ္လာဟ် ခေါ် ဦးကျော်ဝင်း နှင့် မိခင် ဒေါ်ဆော်ဖူရာ တို့ဖြစ်ကြတယ်။ မိဘဇာတိမှာ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့မငါးခူရ ဖြစ်ပါတယ်။ 

အခြေခံပညာကို စစ်တွေမြို့တွင် သင်ယူပြီး အဆင့်မြင့်ပညာအဖြစ် ဓာတုဗေဒဘာသာရပ် အထူးပြုဖြင့် ဘီအက်စစီဘွဲ့ ရရှိခဲ့ပါတယ်။ အရွယ်ရောက်လာပြီး အသက် ၂၁ နှစ် အရွယ်တွင် ကြင်ရာစုံမက် ဆုံခဲ့တယ်။ အိုစမာ နာမည်နဲ့ သားရတနာတစ်ယောက် ဖွားမြင်ခဲ့ပါတယ်။ 

ဆရာမသည် စာဖတ်ခြင်းနှင့် စာရေးခြင်းကို အထူးဝါသနာပါတယ်။ "ကဗျာကတော့ ကျမစိတ်ထဲ တစ်ခုခုခံစားရတဲ့အခါမျိုးမှ ရေးဖြစ်တာပါ" လို့ အင်တာဗျူးတစ်ခုမှာ ကိုယ်တိုင်ဆိုဖူး ပါတယ်။ ဆရာမသည် Rohingya Today ၊ Arakan Pen ၊ The Art Garden Rohingya စတဲ့ အွန်လှိုင်းစာမျက်နှာတွေမှာ ကဗျာများစွာ ရေးဖွဲ့ဖော်ပြခဲ့ပါတယ်။ ဆရာမရဲ့ ထင်ရှားတဲ့ကဗျာတွေဟာ ကမ်းပျောက်ဘဝ၊ ချန်ရစ်ခဲ့တော့၊ ရော်ရွက်ဝါ၊ ပြုံးစမ်းပါ-မိရို့၊ မွေးရပ်မြေတမ်းချင်း စတာတွေ ဖြစ်တယ်။ 

ဆရာမက The Art Garden Rohingya မှာ ကဗျာတွေရေးဖွဲ့ရာမှ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အယ်ဒီတာ ဖြစ်လာခဲ့တယ်။ အယ်ဒီတာအဖြစ် နောက်ဆုံးအချိန်ထိ စိတ်ကောင်းစေတနာနဲ့ ကျေကျေပွန်ပွန် ဆောင်ရွက်ခဲ့ပါတယ်။  ဆရာမ နောက်ဆုံး ရေးသားခဲ့တဲ့ ကဗျာမှာ "ချစ်သောမေမေ" ဖြစ်ပါတယ်။ ဆရာမက အကြည်တော်ရဲ့ ကဗျာအဖွဲ့တွေကို အင်မတန် နှစ်သက်ပါတယ်။ "သူရဲ့စာတွေဟာ စာဖတ်သူကို ရယ်မောခြင်းဖြင့် အပန်းပြေယုံမကဘဲ ရသမျိုးစုံပေးစွမ်းနိုင်လို့ပါ" လို့ ကဗျာတွေ နှစ်သက်ရခြင်း၏ အကြောင်းကို ပြောဖူးခဲ့ပါတယ်။ 

ဆရာမသည် ၂၀၁၉ ခုနှစ် အစောပိုင်းကပင် အဆုတ်ကင်ဆာ ခံစားနေရပြီး ပြည်တွင်းပြည်ပ ဆေးကုသမှုတွေကို  အဆမပြတ် ခံယူခဲ့ပါတယ်။ သေခြင်းတရားက ဘယ်သူ့ကိုမှ မလွှတ်ပေ။ နုပျိုသည်ဖြစ်စေ၊ အိုမင်းသည်ဖြစ်စေ၊ ဉာဏ်ပညာ ကြီးသည်ဖြစ်စေ၊ ခွန်အားဗလသန်သည်ဖြစ်စေ အချိန်တန်ရင် သွားရမြဲက ဓမ္မတာပါပဲ။ သတ္တဝါတိုင်းဟာ သေခြင်းတရားရဲ့ အရသာကို မုချ မြည်းကြရပါမယ်။ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက် ညနေ ၄ နာရီချိန်တွင် မိမိ၏ ချစ်သောမေမေ၊ တစ်ဦးတည်းသော ချစ်သားတို့ကို ကျော့ခိုင်း နှုတ်ခွန်းဆက်ကာ အလ္လာဟ့်အမိန်တော် ခံယူခဲ့လေတယ်။ 

ဆရာမ ရိုမရုန်း ကွယ်လွန်ပြီးနောက် ဆရာမရဲ့အထိမ်းအမှတ်အဖြစ် " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ" ကဗျာစုစည်းမှုစာအုပ်ကို ရိုဟင်ဂျာအနုပညာဥယျာဉ်မှ ထုတ်ဝေခဲ့တယ်။ 

အလ္လာဟ်အသျှင်မြတ်တော်သည် ဆရာမ ရိုမေရုန်(န)အား အအေးချမ်းဆုံး နေရာ ချီးမြှင့်တော်မူပါစေ။ အာမိန်း။ 🚷


ရေးသူ- ရိုဟင်းကိန်း

ကိုးကား- " ရိုမရုန်း(န)၏ နောက်ဆုံးခြေသံများ"