Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 16, 2026

Kofi Annan Geneva Youth Peace Prize Winner (2026)



Introducing Maung Sawyeddollah, the inaugural Laureate of the Kofi Annan Geneva Youth Peace Prize.

The Kofi Annan Foundation, the Geneva Peacebuilding Platform and the Geneva Graduate Institute are proud to recognise Maung's outstanding commitment to peace, education and human rights.

A Rohingya peacebuilder and human rights advocate, Maung is the Founder and Executive Director of the Rohingya Student Network (RSN), a refugee-led organisation he established in a refugee camp.

Stateless and a survivor of the 2017 genocide against the Rohingya, he has dedicated himself to ensuring that Rohingya young people have a voice in shaping their future.

His work reflects a powerful conviction: those who experience conflict must be recognised not only for what they have endured, but for their capacity to lead efforts towards justice and lasting peace.

“Receiving the Kofi Annan Geneva Youth Peace Prize tells me that people who have experienced conflict do not have to remain defined by it. We can become leaders in preventing it. I receive this recognition not only for myself, but for Rohingya young people who continue to choose education, dialogue, justice and peace despite everything they have experienced.”

This evening, Maung joins Dr Denis Mukwege, who delivers the Kofi Annan Geneva Peace Address, for an intergenerational conversation on preventing conflict and building peace.

An established voice and an emerging one, united by a shared commitment to peace.

We thank the Republic and Canton of Geneva and the City of Geneva for their support in making this inaugural Prize possible.


#ChoosePeace #GenevaPeaceForum #KofiAnnan #YouthPeacePrize #InternationalGeneva


(Copied from Kofi Annan Foundation FB Page)


Friday, October 2, 2026

Khaurí (​ရှေး​ခေတ်​အသပြာ​ကြွေ​စေ့)


 Khaurí (​ရှေး​ခေတ်​အသပြာ​ကြွေ​စေ့)



​ပုံပါ ကြွေခရုခွံ​ (​ကြွေ​စေ့) တွေကို တစ်ချိန်က ​ငွေ​ကြေးအဖြစ် အသုံးပြုခဲ့တယ်ဆိုရင် သင်ယုံပါ့မလား။ ဟုတ်တယ်... ​ရွှေ၊ ​ငွေ၊ ​ကြေး ​တွေကို ​ဒင်္ဂါးအဖြစ် သုံးစွဲခဲ့သလို ​ကြွေခရုခွံ​တွေကိုလည်း ​ဒင်္ဂါးပြားအဖြစ်သုံးစွဲခဲ့တာ ရှည်လျားတဲ့ သမိုင်း​ကြောင်းရှိခဲ့တယ်။ ​​​ငွေ​ကြေးနဲ့ သက်ဆိုင်တဲ့ အော​က်ပါ ရိုဟင်ဂျာ ​ရှေး​ဟောင်းစကားပုံ တစ်ခုကို ​လေ့လာကြရ​အောင်။

အာရိ ​ယော့ ဆုံး၊ ​ခေါ်ရီ ​ယော့ ဆုံး။/ ​ခေါ်ရီ ​ယော့ ဆုံး၊ ဒါရီ ​ယော့ ဆုံး။

ဆိုလိုရင်းက​တော့ "ဖွတ်မရ၊ ဓါးမဆုံး" ဖြစ်တယ်။ စကားပုံမှာ ပါဝင်တဲ့ ​ခေါ်ရီ က​တော့ ​ရှေး​အသပြာ ယူနစ်တစ်ခုကို ဆိုလိုတာပါ။ ​ယေဘု​ယျအားဖြင့် ​ဒင်္ဂါးလို့ ဆိုလိုခြင်း ဖြစ်တယ်။

​​ပင်းရင်းအဓိပ္ပါယ်အားဖြင့် ခေါ်ရီ ဆိုတာက ပင်လယ်မှာ ကျက်စားတဲ့ ​ချော​မွှတ်​ပြောင်လက်တဲ့ ခရု​​ဖြူငယ်တစ်မျိုးဖြစ်တယ်။ ​​ကြွေခရု လို့ ​ခေါ်ကြတယ်။ အများအားဖြင့် အိန္ဒိယသမုဒ္ဒရာရှိ ​သန္တာ​ကျောက်တန်းတွေမှာ ​တွေ့ရှိရတယ်။ အ​ကောင်က ခပ်​သေး​​သေး။ ပုံပါအတိုင်း​ပေါ့။ အချို့က ​ကျော့ဘက်မှာ အဝါ​ရောင်သန်းသလို အချို့က အနက်​ရောက်သန်းတတ်တယ်။

ပင်လယ်​ကြွေခရုခွံ​တွေကို ​ရှေး​ခေတ်က အာရကန်ပြည်မှာ ​ငွေ​ကြေးအသပြာအဖြစ်အသုံးပြုခဲ့တယ်။ ပစ္စည်းချင်း လဲလှယ်တဲ့ ဘာထာ စနစ်​နောက်ပိုင်း ​ငွေ​ကြေးစနစ်​ပေါ်လာတဲ့အခါ ​ခေါ်ရီ ဆိုတဲ့ ​ကြွေ​စေ့တွေ ပစ္စည်း ​ရောင်းဝယ်ရာ ​တန်ဖိုးအနိမ့်ဆုံး ​ငွေ​ကြေးပမာဏဖြစ်လာခဲ့တယ်။ ဒတ်ချ်တို့ ​ပေါ်တူဂီတို့ အာရကန်ပြည်နဲ့ ကုန်သွယ်​ရေး ​ကောင်းစားခဲ့တဲ့ ​ခေတ်က​ဆိုရင် တွင်တွင်ကျယ်ကျယ် သုံးလာခဲ့တယ်။ ၁၉ ရာစု အ​စောပိုင်းကာလ East India Company က ​ကြွေခရုခွံ (ကြွေ​စေ့)​တွေကို ရုပ်သိမ်းလိုက်တဲ့ အချိန်အထိ တရားဝင် အသုံးပြုခဲ့ကြပြီး ​နောက်ပိုင်းမှာ တ​ဖြည်းဖြည်း ​ပျောက်ကွယ်သွားသတဲ့။ ဒါနဲ့ ရိုဟင်ဂျာ​တွေက အဲဒီ ​ကြွေခရုငယ်​တွေရဲ့ နာမယ်ကို အစွဲပြုလို့ ​​ငွေ​ကြေးကို ​ခေါ်ရီ သို့မဟုတ် ​ဖွေချား​ခေါ်ရီလို့ ​ခေါ်ဆို​လေ့ရှိကြတယ်။ ​

အဲဒီ​ခေတ်က ​​ခေါ်ရီ (အ​ကြွေ​​စေ့) ​ရေတွက်ပုံကို ​အောက်ပါအတိုင်း ​လေ့လာ​တွေ့ရှိရတယ်​။

(တစ်နည်း)
၄ ​ခေါ်ရီ = ၁ ​ဂါန္ဒာ
၁၂၈၀၀ ​ခေါ်ရီ = ၁ တီညာ

(တစ်နည်း)
၄ ​ခေါ်ရီ = ၁ ဂါန္ဒာ
၄၀ ​ခေါ်ရီ = ၁ ​ဖွေချား
၁၆၀ ​ခေါရီ = ၁ အာနာ
၂၅၆၀ ​ခေါ်ရီ = ၁ ထီညာ


​တစ်ခါ ခေါ်ရီ ထက် တန်ဖိုးငယ်တဲ့ ​ငွေ​ကြေးပမာဏကို ဖူတ္တာ​ခေါ်ရီလို့ ​​​ခေါ်ကြတယ်။ ​​ကြွေခရုခွံ​ပေါက်​/ ​​ကြွေ​ခရုခွံပွင့် ပေါ့။ တစ်​ခေါ်ရီကို ​ကြွေခွံ​ပေါက် ၃ ​စေ့ ​ပေးရတယ်လို့ ဆိုတယ်။


ဒါ့အပြင် ရိုဟင်ဂျာ​တွေက ဓန​စောင့်နတ်ကိုလည်း ​ခေါ်ရီလို့ ​ခေါ်ကြတယ်။ "အို ​ခေါ်ရီ .... မာလ်​ဒေစာဒေစနား၊ အို ​ခေါ်ရီ... ထီညာ ​ဒေစနား" စတဲ့ အသုံးအနှုန်း​တွေ ကစားရာတွင် ​ပြောဆိုတာ​တွေ့ရတယ်။ 

ခေါ်ရီ ဆိုတဲ့ ​ငွေ​ကြေးနဲ့ ပတ်သက်လို့ ဆိုရိုးစကားပုံ​တွေကို ယ​နေ့အချိန်တိုင် ​တွေ့ရတယ်။ စကားအသုံးအနှုန်းလဲ ဒီချိန်ထိ ​ရှိ​နေဆဲပါပဲ။ ​ဖွေချား​ခေါ်ရီ နှိုက် (ပိုက်ဆံ မရှိဘူး) စတာ​တွေ​ပေါ့။

ဒီ​ ​ခေါ်ရီ (ခ) ကြွေခရုခွံကို အာရကန်ပြည်သာမက မြန်မာပြည်မှာလည်း အသပြာဒင်္ဂါးအဖြစ် သုံးစွဲခဲ့ကြတယ်။ အဲ့ဒါ​ကြောင့် ဒင်္ဂါးပြား​တွေကို အ​ကြွေ​စေ့ လို့ ​ခေါ်​ဝေါ်သုံးစွဲလာတာဖြစ်တယ်။  ​အ​ကြွေ​စေ့ ဆိုတာ ​ကြွေခရုခွံ (ခေါ်ရီ) ကို ဆိုလိုတာဖြစ်တယ်။ အိန္ဒိယ၊ တရုတ် စတဲ့ အာရှတခွင်နဲ့ ကမ္ဘာ့အနံ့အပြားမှာလည်း ​​ကြွေ​စေ့​တွေကို ငွေ​ကြေးအဖြစ် သုံးစွဲခဲ့​ကြောင်း ခိုင်လုံတဲ့ သမိုင်းအ​ထောက်အထား ​​တွေ့ရှိရတယ်။ တရုတ်မှာကျ​တော့ နှစ်​ပေါင်း ၃၀၀၀ ​လောက် ဒီ​ကြွေခရုခွံကို အသုံးပြုခဲ့​ကြောင်းသိရတယ်။ တရုတ်စာရဲ့ ​ငွေ​ကြေး သင်္ကေတအဖြစ်သုံးတဲ့ အက္ခရာ​တောင် ​ကြွေခရုခွံပုံကို ​ရေးခြစ်ထားတာဖြစ်တယ်။ တရုတ်မှာ သဘာဝ ခရုခွံအပြင် ​ကြေးနဲ့ သွင်းလုပ်ထားတဲ့ ​ကြေးခရု​​စေ့လည်း အသုံးပြုကြ​သေးတယ်။ အဖရိကနိုင်ငံအချို့မှာလည်း ​ကြွေခရုခွံကို ​ငွေ​ကြေးအဖြစ် အသုံးပြုခဲ့​ကြောင်း ​တွေ့ရတယ်။ ဂါနာနိုင်ငံရဲ့ ​ငွေ​ကြေးယူနစ်ဟာ ​ကြွေခရုခွံကို အစွဲပြုလို့ Cedi လို့ မှည့်​ခေါ်ကြတာဖြစ်တယ်။


ရိုဟင်ဂျာ​တွေက ခရုခွံကို ​ငွေ​​ကြေးအပြင် အခြား​နေရာ​တွေမှာလည်း အသုံးပြုခဲ့တာ ​တွေ့ရတယ်။ က​လေး​တွေအား  ​ကြွေ​စေ့ကို ကြိုးမဲနဲ့သွယ်လို့ ​ဘေးကင်းအ​စောင်အဖြစ် ခါး၊လည်ပင်မှာ ဆင်​​ပေးလေ့​ရှိကြတယ်။ ​တိုင်းရင်း​ဆေး ​ဖော်ရာတွင်လည်း သုံးစွဲကြတယ်။ အလှတန်ဆာဆင် လက်ဝတ်ရတနာ​တွေကိုလည်း ​ကြွေခရုခွံ​တွေ သုံးပြီး​တော့ ပြုလုပ်ကာ ဆင်မြန်းလည်း ရှိကြတယ်။ ​ဗေဒင်တွက်ရာတွင်လည်း အသုံးပြုကြတယ်။ ​​နောက်ထင်ရှားတဲ့ ​နေရာတစ်ခုက​​တော့ ပဆစ်ကစားရာမှာလည်း ဒီ​ကြွေ​စေ့​တွေကို ယ​နေ့အထိ သုံး​နေကျဖြစ်တယ်။

ရိုဟင်းကိန်း
(၁-၁၀-၂၀၂၆)


Saturday, September 19, 2026

Foreign Exchange Certificate

 


"တချိန်က FEC"

မဆလ တပါတီအာဏာရှင်ခေတ်က "Diplomatic Store" ဆိုတဲ့တန်ဘိုးကြီးဇိမ်ခံပစ္စည်းရောင်းတဲ့ဆိုင်ကြီးတဆိုင်ဆူးလေဘုရားလမ်းမပေါ်မှာဖွင့်ခဲ့ဖူးတယ်။သံရုံးဝန်ထမ်းများနဲ့အမေရိကန်ဒေါ်လာ USD လက်ဝယ်ပိုင်ဆိုင်ကြတဲ့မြန်မာနိုင်ငံသားသူဋ္ဌေးကြီးများသာ Diplomatic Store မှာဝယ်ယူနိုင်ခွင့်ရှိကြတယ်။


တန်ဘိုးကြီးနိုင်ငံခြားဖြစ်အရက်အမျိုးမျိုး၊စီးကရက်၊ရေမွေး၊တင်းနစ်ရက်ကက်၊ဂေါ့ဆက်၊နေကာမျက်မှန်၊အဝတ်အထည်အစုံရှိတယ်။တပါတီမဆလခေတ်မှာမြန်မာပြည်သူအများစုမမြင်ဘူးမရောက်ဘူးတဲ့လူတန်းစားတရပ်အတွက်ဖွင့်လှစ်ပေးတဲ့အထူးဆိုင်ကြီးပါ။


၁၉၉၃-၁၉၉၄ နဝတစစ်အာဏာရှင်ခေတ်နိုင်ငံခြားကုန်ပစ္စည်းအရောင်းဆိုင်များရန်ကုန်မြို့ထဲမှာဖွင့်လှစ်ခဲ့တယ်။ FEC (Foreign Exchange Certificate) ရှိတဲ့မြန်မာနိင်ငံသားတိုင်း “ Kyat Plus Dollar ” (FEC + ကျပ်ငွေ) အမည်ပေးထားတဲ့ရောင်းဝယ်ရေးစနစ်သစ်နဲ့ကုန်ပစ္စည်းကိုစမ်းသတ်ဝယ်ယူရောင်းချနိုင်ခဲ့ကြတယ်။ 


Toshiba TV အရောင်းဆိုင်မှာ TV တလုံးကို FEC + ကျပ်ငွေနဲ့မည်သူမဆိုလွတ်လတ်စွာဝယ်ယူနိုင်ခဲ့တယ်။ နိုင်ငံပိုင်စက်ရုံထုတ်ဖြစ်ပြီးအပြင်‌ရောင်းစားရင်မြတ်တဲ့စက္ကူ၊ဘိလပ်မြေ၊ဒီဇယ်၊ဓါတ်ဆီကို “ Kyat Plus Dollar ” ခေါ်တဲ့ ထူးဆန်းတဲ့စမ်းသတ်စနစ်နဲ့ဝယ်ယူပြီးပြည်တွင်းဈေးကွက်ကိုကျပ်ငွေနဲ့လွတ်လပ်စွာပြန်ရောင်းချနိုင်တဲ့စနစ်ဖြစ်ခဲ့ဖူးသေးတယ်။ 


1 FEC = 1 USD တန်ဘိုးသတ်မှတ်ခဲ့တယ်။FEC ဝင်ငွေရှိသူများသာအရာရာအားသာခဲ့တယ်။ကျပ်ငွေပဲဝင်သူလူများစုပါးစပ်ဟငေးကြည့်ခဲ့ရတဲ့ဘဏ္ဍာ‌ရေးဆိုင်ရာငွေကြေးစီမံခန့်ခွဲမူစနစ်ဖြစ်ခဲ့ရတယ်


FEC (Foreign Exchange Certificate) ဆိုတာ FE (Foreign Exchange) ခေါ်တဲ့နိုင်ငံခြားငွေကြေးကိုထိမ်းချုပ်တဲ့ကရိယာတခုဖြစ်တယ်။ဆိုဗီယက်(ရုရှား)ဦးဆောင်တဲ့အရှေ့ဥရောပကွန်မြူနစ်နိုင်ငံဟောင်းများ၊တရုတ်၊မြောက်ကိုရီးယား၊ကျုးဘား၊ပြိုကွဲသွားတဲ့ယူဂိုဇလားဗီးယား (ဆားဗီးယား)နဲ့မြန်မာနိုင်ငံမှာ FEC အသုံးပြုခဲ့ကြတယ်။မြန်မာနိုင်ငံမှာ ၂၀၁၃ မတ်လအထိ FEC ကိုစမ်းသတ်အသုံးပြုခဲ့ဖူးတယ်။


ငွေလဲလှယ်နူန်းကိုအစိုးရကတင်းကျပ်တဲ့မှုဝါဒနဲ့ထိမ်းချုပ်ထားပြီးမိမိအမျိုးသားငွေကြေးဟာနိုင်ငံတကာငွေကြေးဈေးကွက်မှာအလွယ်တကူလဲလှယ်နိုင်ခြင်းမရှိတဲ့နိုင်ငံများဟာ FEC ကို FE ကြားခံအဖြစ်အသုံးပြုကြရတယ်။ 


FEC ခေါ်တဲ့ကြားခံငွေအသုံးပြုတဲ့နည်းစဉ်ပုံစံအမျိုးမျိုးရှိပြီးနိုင်ငံအလိုက်ကွဲပြားကြတယ်။နိုင်ငံတကာငွေလဲလှယ်နူန်းတည်ငြိမ်တဲ့ပေါက်ဈေးရှိပြီးကမ္ဘာ့မည်သည့်ငွေကြေးဈေးကွက်တိုင်းမှာအလွယ်တကူလဲလှယ်ရယူနိုင်ပြီးခိုင်မာတဲ့ငွေကြေးဥပမာ USD,Euro ကိုမိမိကိုယ်ပိုင်ငွေကြေးစနစ် (ကျပ်) နဲ့အလွယ်တကူမလဲလှယ်နိုင်ရင်မိမိငွေကြေးစနစ်ကိုအနာခံပြီး FEC ကိုကြားခံအနေနဲ့အစိုးရကယာယီအသုံးပြုကြတယ်။


၁၉၉၃ မှာမြန်မာနိုင်ငံမှာ FEC စအသုံးပြုခဲ့တယ်။ နှစ် ၂၀ ကျော် FEC အသုံးပြုပြီး၂၀၁၃ ဧပြီ (၁) ရက်နေ့ကစပြီး FEC ကိုဖျက်သိမ်းဖို့ရက်ပေါင်း (၃၀)ကြားကာလသတ်မှတ်ခဲ့တယ်။မလုံလောက်လို့ ၂၀၁၄ မတ်လ (၃၁)ရက်အထိရက်တိုးမြှင့်ပေးခဲ့တယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလအထိမြန်မာတနိုင်ငံလုံးမှာ FEC ၃၀.၉၂ သန်းလည်ပတ်နေခဲ့တယ်။FEC ပြန်ထုတ်လိမ့်မယ် ၂၀၂၂ ကကောလဟလဖြစ်ခဲ့ဖူးတယ်။


၁၉၉၅ မှာ FEC နဲ့လစာရရှိခဲ့တယ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာငွေစာရင်းဖွင့်ပြီးအစိုးရကို ၁၀ ရာခိုင်နူန်းအခွန်ပေးဆောင်ခဲ့ရတယ်။မြန်မာကျပ်ငွေတန်ဘိုးကျပြီးရင်းကျကျနေလို့ FCE ကိုမြန်မာငွေနဲ့ဖလှယ်ရင် “ကျပ်” များများရရှိခဲ့တယ်။လစာကို FEC နဲ့မဟုတ်ပဲ “ကျပ်” နဲ့ရကြတဲ့မြန်မာနိုင်ငံသားအများစုမြန်မာကျပ်ငွေတန်ဘိုးကျတဲ့ဒဏ်ကိုကျောကော့အောင်ခံစားနေကြရတယ်။


၁၉၈၉ လဖက်ရည်တခွက် ၅ ကျပ်ကနေလဖက်ရည်တခွက် ၂,၅၀၀/ ထိပေးသောက်နေရတာဒီနေ့အထိ။ရပ်ကွက်ဆိုင်လေးမှာလဖက်ရည်တခွက် ၃,၀၀၀/ ဆိုရင်တော့လဖက်ရည်ဖြတ်သင့်ပြီ။လူတိုင်းသိတဲ့ Demand & Supply တို့၊ ကုန်ထုတ်လုပ်မှု့တိုးမြှင့်ကြတို့ဆိုတာတကဲ့ "အဖြေ" မဟုတ်ဘူး။မြန်မာကျပ်ငွေတန်ဘိုးတဟုန်ထိုး ကျဆင်းနေလို့အရပ်ရပ်ကုန်စည်ဈေးနူန်းများအတက်ကြမ်းတဲ့ဒဏ်ကိုမြန်မာနိုင်ငံသားများကျောကော့ခံစားနေကြရတာကြာပြီ။ဘယ်အစိုးရမှကုစားမပေးနိုင်ကြသေးဘူး။အစည်းဝေးပြီးအစည်းဝေးပဲ။


လွင်ဦး(ရန်ကင်း)

#lwinooyankin

ရှေးစကား ရွှေအလား ၁၀

 


ရှေးစကား ရွှေအလား ၁၀


Zeen Huñyai Chandra Raja,
Heen Guñyai Chandra putra (patra),
Heen bidya súnya purahitta.

ဟွန်ယစန္ဒြာမင်း ကဲ့သို့ပင်
ဂုဏ်ယစန္ဒြာ မင်းသားလည်း အလားတူပင်
ပညာမဲ့ ပုရဟိတ် ကလည်း သည်အတိုင်းပါပဲ။

အထက်ပါစာသားသည် စကားပုံအဖြစ်သုံးလေ့သုံးထားရှိတဲ့ လင်္ကာတစ်ပိုဒ်ဖြစ်တယ်။ ရှေးခေတ် ဖူတီးလင်္ကာရှည်ကနေ ကောက်နုတ်လို့ စကားပုံအဖြစ် ခိုင်းနှိုင်းသုံးနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီစကားပုံရဲ့ ဆိုလိုရင်းက မြန်မာစကားပုံ "ဒီပုတ်က ဒီပဲ" ဆိုတဲ့ သဘောအတိုင်းနဲ့ သုံးကြတာဖြစ်တယ်။ ရှေး စန္ဒြာမင်းဆက်ခေတ်က မင်းတစ်ပါးနှင့် ခိုင်းနှိုင်း၍ ပြောဆိုထားတာ တွေ့ရတယ်။ 

ရှေးခေတ် ဟွန်းယစန္ဒြာမင်းနှင့် ပတ်သက်လို့ ဖူးတီလင်္ကာရှည်တစ်ပုဒ်ရှိခဲ့တယ်။ နန်းမူနန်းရာနဲ့ တိုင်းရေးပြည်ရေးကို သရုပ်ဖော်ထားတဲ့ ဇာတ်လမ်းပေါ့။ ဖူတီးလင်္ကာအရ ဟွန်စန္ဒြာမင်းက  ရိုင်းစိုင်းယုတ်မာတဲ့ မင်းတစ်ပါးတဲ့။ သူ့ရဲ့ သားတော်မင်းသား ဂုဏ်ယစန္ဒြာမင်းသားလည်း အတူတူပါပဲ။ ရိုင်းစိုင်းကြမ်းကြုတ်တဲ့ မင်းသားတစ်ပါး ဖြစ်တယ်။ တစ်ခါ ကောင်းမကောင်းရာမရာကို တိုင်ပင်ရန်  မင်းကြီးထံ ခစားတဲ့ ပညာမဲ့ ပုရဟိတ်ကလည်း အမှားအမှန် မခွဲခြားဘဲ မင်းကြီးအလိုလိုက် စိတ်ထင်ရာ လျှောက်တင်တတ်သူဖြစ်တယ်လို့ ဆိုလိုတယ်။ ပညာမဲ့အရိုင်အမိုက်တွေ တစ်နေရာစုလို့ တိုင်းပြည်ကို ပက်ပက်စက်စက် ဖျက်ဆီးခဲ့သတဲ့။ 

ရှေးခေတ် အာရကန်ရာဇဝင်နှင့် ဆက်စပ်နေတဲ့ ဤဆိုရိုးမှ မင်းအကြောင်းကို ရခိုင်ရာဇဝင်တွေမှာ မတွေ့ရချေ။ မည်သည့် ခုနှစ်က မင်းပြုအုပ်ချုပ်ခဲ့တာကို အတိအကျ ဖော်ပြရန် ခဲယဥ်းလှတယ်။ 


- ရိုဟင်းကိန်း



Saturday, August 1, 2026

မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဘရားသား ဇိုက်ဒ်



မွတ်စ်လင်မ်အများစု မသိတဲ့ တော်လှန်ရေးခေါင်းဆောင်ဘရားသား ဇိုက်ဒ်


မွတ်စ်လင်မ်တို့သည် ခေတ်အဆက်ဆက် တော်လှန်ရေး၏ ကျရာနေရာတွင် ပါဝင်မှုများအား ယခုကဲ့သို့ ရုပ်ပုံလွှာများ၊ သမိုင်းအဖြစ်အပျက်များက သက်သေ ပြနေသည်။

သို့သော်လည်း မွတ်စ်လင်မ်များအား နိုင်ငံရေးအင်အားစုအဖြစ်မှ လျှော့ချရန် ကြိုးပမ်းမှုများအား စစ်တပ်အပြင် တော်လှန်ရေးအင်အားစုအချို့နှင့် မီဒီယာအချို့မှပါ ကြိုးပမ်းနေသည်။

အင်န်သီဖဒါအနေဖြင့် ထိုအဖြစ်အပျက်များအား အစဉ်ဆန့်ကျင်သည်။ သမိုင်းအား ဖော်ပြခြင်းဖြင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့၏ သမိုင်းအား သိမည်။ တော်လှန်ရေးအတွင်းမှ မွတ်စ်လင်မ်တို့၏ အခန်းကဏ္ဍအား ထင်သာမြင်သာရှိစေမည်ဟုလည်း ပွင့်ပွင့်လင်းလင်း ယူဆသည်။

ထို့ကြောင့် ယနေ့တွင် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည့် ဘရားသားဇိုက်ဒ်၏ ဖြတ်သန်းမှုအား ဖော်ပြလိုက်သည်။

▪️အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

၁၉၄၂ ခုနှစ်တွင် မွန်ပြည်နယ်၊ ကျုံဖဲရွာ၌ အဘ ဦးအဗ်ဒွလ္လာဟ်နှင့် အမိ ဒေါ်ခင်စီတို့မှ မွေးဖွားခဲ့သည်။ အသက် (၄-၅) နှစ်အရွယ်တွင် မိဘများနှင့်အတူ ရန်ကုန်မြို့ (ကန်တော်ကလေး/မင်္ဂလာတောင်ညွန့်) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဘားမားမွတ်စလင်ကျောင်းနှင့် ရန်ဒေးရီးယားကျောင်းတို့တွင် ပညာသင်ကြားခဲ့ကာ တက္ကသိုလ်၌ ဥပဒေဘာသာရပ်ကို ဆည်းပူးခဲ့သည်။

အလုပ်အကိုင်များ -

ကျောင်းဆရာ၊ ပါကစ္စတန်သံအမတ်၏ PA၊ မြန်မာ့တပ်မတော် (လေ) နှင့် မြန်မာ့လေကြောင်း (UBA) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။




နိုင်ငံရေးဖြတ်သန်းမှုများ -

(၁) နိုင်ငံရေးစတင်ဝင်ရောက်ခြင်း အသက် ၁၇ နှစ်တွင် စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ တိုင်းရင်းသားလူနည်းစု ဘာသာပေါင်းစုံအဖွဲ့တွင် အသက်အငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖြစ် စတင်ပါဝင်ခဲ့သည်။

(၂) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူကျောင်းသား လူငယ်များအသင်းတွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၃) မြေအောက်လှုပ်ရှားမှုနှင့် ပထမအကြိမ် ထောင်ဒဏ် - ပြည်ချစ်အဖွဲ့နှင့် ချိတ်ဆက်၍ မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် လက်နက်များနှင့်အတူ ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

(၄) ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် လှုပ်ရှားခြင်း – ၁၉၇၃ ခုနှစ် ထောင်မှလွတ်မြောက်လာပြီးနောက် ထောင်တွင်းတွေ့ဆုံခဲ့သည့် သူငယ်ချင်း ဆလိုင်းတင်မောင်ဦးနှင့် ပူးပေါင်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းအပြီး ဦးနေဝင်းအစိုးရ၏ လိုက်လံဖမ်းဆီးခြင်းခံရသည့် ဆလိုင်းတင်မောင်ဦးအား ထိုင်းနယ်စပ်သို့ ဘေးကင်းစွာ ခေါ်ထုတ်ပေးခဲ့သည်။

(၅) ဒုတိယအကြိမ် ထောင်ဒဏ်နှင့် တော်လှန်ရေး ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရကာ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် KNU နှင့် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။



(၆) KLMF တည်ထောင်ခြင်း – ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကော်သူလေးမွတ်စလင် လွတ်မြောက်ရေးတပ်ဦး (KLMF) ကို ဦးဆောင်တည်ထောင်ခဲ့သည်။

ကော်သူးလေမွတ်စလင်လွတ်မြောက်ရေးတပ်ဦး (KMLF) တည်ထောင်သူ တော်လှန်ရေးခေါင်းဆောင် ဘရားသားဇိုက်ဒ် အဗ္ဗဒုလ္လာဟ် (ခ) ဦးမောင်မောင်လွင် (ခ) အာဇမ်သည် ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၃၁ တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ (၂၁) နှစ်ပြည့်ပြီဖြစ်သည်။


ချစ်ခင်စွာဖြင့်
အင်န်သီဖဒါ



ပုံအညွှန်း - နိုင်ငံတကာဟဂ်ျဆွေးနွေးပွဲ၊ ဘန်ကောက် ၁၉၈၃



(ကူးယူဖော်ပြသည်)

Tuesday, July 28, 2026

ကွန်ဂိုအာဇာနည် လူမမ်ဘာ


သွား ၁ချောင်းပဲ ကျန်တဲ့အထိ ဖျောက်ဖျက်ခံခဲ့ရတဲ့ ကွန်ဂိုအာဇာနည်


လူမမ်ဘာ ကို ၁၉၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှာ လယ်သမားမိသားစုကနေ မွေးဖွားခဲ့ပါတယ်။ ကက်သလစ် မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး ခရစ်ယာန်ကျောင်းတွေမှာ ပညာသင်ကြားခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ဉာဏ်ရည်ထက်မြက်ပြီး ဆရာတွေရဲ့ အမှားတွေကိုပါ ထောက်ပြတတ်လို့ စိတ်ကြီးဝင်သူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ဘာသာစကား ၅ မျိုး (Tetela, Lingala, French, Swahili, Tshiluba) ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ အာဖရိကတခွင် လွတ်လပ်ရေး လှုပ်ရှားမှုတွေ အားကောင်းလာချိန် လူမမ်ဘာ လည်း နိုင်ငံရေးကို စတင် စိတ်ဝင်စားလာပါတယ်။ ၁၉၅၆ ခုနှစ်မှာ စာတိုက်ကနေ ဒေါ်လာ ၂,၅၀၀ အလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။ (ဒီငွေတွေကို နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သုံးစွဲခဲ့တယ်လို့ ယူဆရပါတယ်)။

ထောင်ကလွတ်လာပြီးနောက် Mouvement National Congolais (MNC) ဆိုတဲ့ လက်ဝဲယိမ်း နိုင်ငံရေးလှုပ်ရှားမှုကို ဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ စကားပြောစွမ်းရည်ကြောင့် လူထုထောက်ခံမှု အများအပြား ရရှိခဲ့ပါတယ်။

အဲဒီညီလာခံကနေ ကွန်ဂိုနိုင်ငံကို ဇွန်လ ၃၀ ရက်နေ့မှာ လွတ်လပ်ရေးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအပြီးမှာ နိုင်ငံရေးအကြပ်အတည်းတွေကြားကနေ နောက်ဆုံးမှာ လူမမ်ဘာ က ဝန်ကြီးချုပ်၊ တခြားပါတီခေါင်းဆောင် Kasa-Vubu က သမ္မတအဖြစ်နဲ့ အစိုးရ ဖွဲ့နိုင်ခဲ့ပါတယ်။

လွတ်လပ်ရေး အခမ်းအနားမှာ ဘယ်လ်ဂျီယံဘုရင် Baudouin က ကွန်ဂိုပြည်သူ ၁၀ သန်းလောက်ကို ရက်ရက်စက်စက် သေစေခဲ့တဲ့ ဘုရင်ဟောင်း Léopold II ကို ချီးကျူးဂုဏ်ပြုတဲ့ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ ဒါကို မခံမရပ်နိုင်ဖြစ်သွားတဲ့ လူမမ်ဘာ က ချက်ချင်းပဲ တုံ့ပြန်မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက် ခေါင်းဆောင် Moïse Tshombe က နိုင်ငံတောင်ပိုင်း Katanga ပြည်နယ်ကို ခွဲထွက်ကြောင်း ကြေညာလိုက်ပါတယ်။

အနောက်နိုင်ငံတွေနဲ့ ကုလသမဂ္ဂဆီက အကူအညီတောင်းပေမဲ့ မရတဲ့အတွက် ဆိုဗီယက်ယူနီယံဆီ အကူအညီတောင်းခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံတွေအတွက် သူ့ကို ဖယ်ရှားဖို့ အကြောင်းပြချက် ကောင်းကောင်း ဖြစ်သွားပါတယ်။

ဒီအကြပ်အတည်းကို ဖြေရှင်းပုံနဲ့ ပတ်သက်ပြီး သမ္မတနဲ့ သဘောထားကွဲလွဲရာကနေ နှစ်ယောက်သား အပြန်အလှန် ရာထူးကနေ ထုတ်ပယ်ကြပါတယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီး Mobutu က စစ်တပ်နဲ့ အာဏာသိမ်းလိုက်ပြီး လူမမ်ဘာ ကို ဖမ်းဆီးလိုက်ပါတယ်။

၁၉၆၀ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ သူ့ကို စစ်တပ်စခန်းတစ်ခုမှာ အကျဉ်းချထားပြီး အလွန်ဆိုးရွားစွာ ဆက်ဆံခဲ့ပါတယ်။၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ လူမမ်ဘာ နဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ် ကွပ်မျက်ခဲ့ပါတယ်။ 

လူမမ်ဘာနဲ့ အပေါင်းအပါ ၂ ဦးကို သေနတ်နဲ့ ပစ်ခတ်ကွပ်မျက်ခဲ့တာက Katangese ခွဲထွက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ဒါပေမဲ့ ဒီပစ်ခတ်မယ့် တပ်ဖွဲ့ကို အနီးကပ် ကြီးကြပ်ကွပ်ကဲပြီး အမိန့်ပေးခဲ့တာကတော့ ဘယ်လ်ဂျီယံ စစ်ဗိုလ် ကက်ပတိန် Julien Gat ဆိုသူ ဖြစ်ပါတယ်။

ဒီကွပ်မျက်မှုကို ခတန်းဂါး ခွဲထွက်ရေးခေါင်းဆောင် Moïse Tshombe နဲ့ သူရဲ့ အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ကွပ်မျက်ပြီးနောက် အလောင်းတွေကို အနီးအနားမှာပဲ ယာယီ မြေမြှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လူမမ်ဘာရဲ့ အုတ်ဂူဟာ နောက်ပိုင်းမှာ အာဇာနည်ဗိမာန်လို ဖြစ်လာပြီး ပြည်သူတွေရဲ့ ပုန်ကန်မှုတွေ ထပ်ဖြစ်လာမှာကို ဘယ်လ်ဂျီယံတွေက အလွန်စိုးရိမ်ခဲ့ပါတယ်။

ဒါကြောင့် မြေမြှုပ်ပြီး ရက်ပိုင်းအကြာမှာ အလောင်းတွေကို မြေမြှုပ်ထားရာကနေ ပြန်ဖော်ပြီး အစအနမကျန်အောင် အက်ဆစ်နဲ့ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတော့ ဒီကြံစည်မှုမှာ အမေရိကန် ထောက်လှမ်းရေးအဖွဲ့ နဲ့ ဘယ်လ်ဂျီယံ အစိုးရတို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ပေါ်ပေါက်လာပါတယ်။

သေဆုံးချိန်မှာ အသက် ၃၅ နှစ်သာ ရှိသေးတဲ့ လူမမ်ဘာ ရဲ့ နိုင်ငံရေးသက်တမ်းဟာ အလွန်တိုတောင်းလှပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရပ်တည်ချက်တွေကြောင့် ကွန်ဂိုမှာသာမက တကမ္ဘာလုံးက ကိုလိုနီဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ အာဇာနည်သူရဲကောင်း တစ်ဦးအဖြစ် ယနေ့တိုင် အမှတ်ရနေကြဆဲ ဖြစ်ပါတယ်။

အရည်ဖျော် ဖျက်ဆီးခံခဲ့ရတဲ့ လူမမ်ဘာရဲ့ ခန္ဓာကိုယ်ထဲကနေ ရွှေသွားတစ်ချောင်း သာ ကျန်ရစ်ခဲ့ပြီး အဲဒီရွှေသွားကို ဘယ်လ်ဂျီယံ ရဲအရာရှိတစ်ဦးက အမှတ်တရအဖြစ် သိမ်းဆည်းထားခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာပြီးနောက် ၂၀၂၂ ခုနှစ် ရောက်မှသာ ဘယ်လ်ဂျီယံအစိုးရက အဆိုပါ ရွှေသွားကို လူမမ်ဘာရဲ့ မိသားစု နဲ့ ကွန်ဂိုနိုင်ငံထံသို့ တရားဝင် ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ရပါတယ်။

နာမည်ကျော် လူမည်းအခွင့်အရေး လှုပ်ရှားသူ Malcolm X က "ပက်ထရစ် လူမမ်ဘာ ဟာ အာဖရိကတိုက်ပေါ်မှာ လမ်းလျှောက်ခဲ့ဖူးသမျှ လူမည်းတွေထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ" လို့ ဂုဏ်ပြုပြောကြားခဲ့ပါကြောင်း ဗဟုသုတ အနေနဲ့ ဝေမျှလိုက်ရပါတယ်။


ကူးယူ- သုတဇုံ


Thursday, May 28, 2026

ဗမာပြည်က မယားပြိုင်ယူကြတဲ့ မိရိုးဖလာဓလေ့

 



မယားများပြိုင်ယူတဲ့ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ 


စစ်ကိုင်းတိုင်း၊ မုံရွာ၊ သာစည်နယ်မှာ "ဦးဘိုးရှိ" ဆို ခုထိ သိနေကြတုန်း။ နာမည်ကြီးနေတုန်း။ စံပြ ပြောဆိုနေရတုန်း။


အဘယ်သို့ကြောင့် ဆိုတော့...


ဦးဘိုးရှိဟာ အင်္ဂလိပ်ခေတ်တုန်းက အတော်လေး နာမည်ကြီးတဲ့ သူဌေးကြီးဖြစ်ပြီး လယ်ဧက သောင်းချီပိုင်သလို စားရင်းရှိ မယားတင် ၃၃ ယောက် ရှိသတဲ့။ မင်းတုန်းမင်းနီးနီး ပေါ့။ 


ဦးဘိုးရှိမှာ မိန်းမ အယောက် (၃၀) ကျော်ပေမဲ့ အချစ်ဦးကတော့ ဒေါ်ရံတဲ့။ ဒီလောက် မိန်းမတွေ အများကြီး ယူထားပေမဲ့ ဦးဘိုးရှိရဲ့ မိန်းမတွေဟာ သင့်မြတ်ကြတယ်တဲ့။ ဦးဘိုးရှိဟာ မိန်းမတစ်ယောက်ကို သဘောကျပြီဆိုရင် ပေါ်ပေါ်ထင်ထင် မိသားစုကို တောင်းရမ်းယူလေ့ရှိသူလည်းဖြစ်တယ်။


 မိန်းမသွားတောင်းတဲ့အခါ မိဘတွေကို ငွေကျပ် ၅၀၀ ပေးခဲ့တယ်။ အဲခေတ်နဲ့ဆိုရင် ရွှေ ၂၀ သားတန်ဖိုးရှိတယ်လို့ပြောတယ်။ ဒါတင်မဟုတ် လက်ဝတ်လက်စားအဖြစ် ရွှေလက်ကောက် ၁၀ ရံ၊ ရွှေဆွဲကြိုး ၃ ကုံး ဥဿဖရား နားကပ်ပါ ဆင်ပေးတာလို့ပြောကြတယ်။ ယူပြီး နောက်ပိုင်းလဲ စိန်တစ်ဆင်ဆာဆင်ပြီး သေချာကိုထားသတဲ့။


ဦးဘိုးရှိက သဘင်တော့ အတော်လေး ကြိုက်ပြီး သူနေတဲ့ ၃ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ဇာတ်စင်ကြီး ဆောက်ထားသတဲ့။ ဦးဘိုးရှိကိုယ်တိုင်လဲ အချို့ ဇာတ်တွေမှာ ဝင်ကပြလေ့ရှိတယ်သလို ကိုယ်တိုင် ရှင်ဘုရင်အဖြစ်ကပြတဲ့အခါ သဏ္ဍာန်လုပ် သရုပ်ပါလွန်းလို့ ပွဲကြည့်ပရိသတ်တွေ သိပ်သဘောကျသတဲ့။ ပြီးတော့သူတင်မဟုတ် သူ့ရဲ့ ဇနီးမယားတွေကိုလဲ ဝင်ကခိုင်းသေးတယ်။ 


ကိုလိုနီခေတ် သူဌေးဆိုတော့ ဦးဘိုးရှိမှာ ကောင်းသတင်းရှိသလို မကောင်းသတင်းတွေလည်း များပါတယ်။ သူ့အကြောင်းကို ရှိနဲ့ သူ၏ချစ်သူများဆိုပြီး စာအုပ်ရေးထားလည်းရှိပါတယ်။ 


ဦးဘိုးရှိ နေထိုင်ခဲ့တဲ့ သုံးထပ်တိုက်ကြီးက‌တော့ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့ပေမယ့် ဒီတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များက အောင်မြေ နင်းသည်ဟု ယူဆကာ လာရောက်ကြည့်ရှု့မှုများလည်း ရှိကြပါတယ်။


ကဲ မုံရွာသားတွေ၊ သာစည်သားတွေ ဂုဏ်ယူရတဲ့ ဦးဘိုးရှိဆိုတာ ဒါပါပဲ ခင်ဗျာ။ ထပ်သိချင်ရင်တော့ သာစည်သားတွေ၊ မုံရွာသားတွေကို မေးကြည့်ကြပေတော့။ 


#သာစည် 

#မုံရွာ 

#ဦးဘိုးရှိ #

#komin.min45