Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, February 13, 2024

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး ဓားထိုးသတ်ဖြတ်ခံရ


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး မိမိ၏ ဟော်တယ်အတွင်း၌ ဓားထိုးသတ်ဖြတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုး သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်း များအရ သိရသည်။ ဒေါ်သန်းသန်းဦးသည် ရှိုင်းဆောက်လုပ်ရေးနှင့် Eperado ဟိုတယ်၏  မန်နေဂျင် ဒါရိုက်တာလည်းဖြစ်သည်။ 

သေဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှု ရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက် ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်း ဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက် သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ ဦးမိုဟာမ္မဒ်အယုဖ် (ခ) ဦးမောင်စိန်၏ သမီးကြီး အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီအား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ် ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မညိုဖြစ်ကြောင်း နီးစပ်ရာမွ တ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


#crd:

Sunday, February 11, 2024

ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ အန္တရာယ်ကြီးကြုံတွေ့နေရ



ရခိုင်ပြည်နယ် တိုက်ပွဲများတွင် ရိုဟင်ဂျာများ  အန္တရာယ်ကြီးကြုံတွေ့နေရ

ဖေဖော်ဝါရီ ၉၊ ၂၀၂၄| HRW

ဘန်ကောက်| ရခိုင်ပြည်နယ်တွင် ပြီးခဲ့သောသီတင်းပတ်များအတွင်း တိုက်ပွဲများ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့် အိုးအိမ်စွန့်ခွာထွက်ပြေးမှု များပြားနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က ဒီကနေ့ ပြောဆိုပါသည်။ မြန်မာစစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရခိုင့်တပ်တော်တို့ အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအတွင်း ရိုဟင်ဂျာနှင့် အခြားအရပ်သားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ချက်ချင်း ဆောင်ရွက်သင့်သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မြန်မာ့စစ်တပ်နှင့် ရခိုင့်တပ်တော်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာကာ ရခိုင်ပြည်နယ်တွင် တစ်နှစ်တာ တရားဝင်မဟုတ်သော အပစ်အခတ်ရပ်စဲရေး ပြီးဆုံးခဲ့သည်။ ဘူးသီးတောင်မြို့နယ် တောင်ဘက်ပိုင်းရှိ ရိုဟင်ဂျာကျေးရွာများတွင် တပ်စွဲထားသည့် ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ တိုက်ခိုက်ခဲ့ရာ အရပ်သားများသေဆုံးပြီး အိုးအိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံများ၊ ရိုဟင်ဂျာများနှင့် သတင်းမီဒီယာများထံမှ သိရှိရသည်။ ယခင်အကြမ်းဖက်မှုများကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ရခိုင်ပြည်နယ်တွင် လူပေါင်း တစ်သိန်းကျော် ထပ်မံပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

“မြန်မာစစ်တပ်နဲ့ အတိုက်အခံလက်နက်ကိုင်အင်အားစုတွေက အရပ်သားတွေ သေဆုံးဒဏ်ရာရမှု၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးမှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပျက်စီးသွားတဲ့ ရိုဟင်ဂျာရွာတွေဟာ ထပ်မံ တိုက်ခိုက်ခံရမယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။” ဟု  Human Rights Watch မှ အာရှသုတေသီ Shayna Bauchner က တိုက်တွန်းခဲ့သည်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာအများစုနေထိုင်တဲ့ ရွာပေါင်းတစ်ဒါဇင်ကျော်နဲ့ဖွဲ့စည်းထားတဲ့ ဖုန်ညိုလိပ်ကျေးရွာအုပ်စုမှ မျက်မြင်သက်သေ ကိုးဦးက "ရခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေက နီးစပ်ရာ စစ်ကောင်စီဌာနချုပ်ကို သိမ်းပိုက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဇန်နဝါရီလနှောင်းပိုင်းလောက်က အဲဒီရွာကို ဝင်ရောက်လာတယ်"လို့ ပြောဆိုပါတယ်။ စစ်ကောင်စီစစ်တပ်ကလည်း တိုက်ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း၊ အမြောက်များဖြင့် ပစ်ခတ်ခြင်းနှင့် မြေပြင်ထိုးစစ်ဆင်ခြင်းများဖြင့် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။

“ရခိုင့်တပ်တော်က ကျနော်တို့ရွာထဲကို ရုတ်တရက်ဝင်လာပြီး ရွာတဝိုက်မှာ တပ်ဖြန့်လာခဲ့တယ်” ဟု အသက် ၃၀ အရွယ် ရွာသားတစ်ဦးက ပြောသည်။ “သိပ်မကြာခင်မှာပဲ ကျနော်တို့ရွာမှာ အမြောက်ကျည် ၃ လုံး ကျသွားတယ်။ ဈေးအတွင်း အမြောက်ကျည်တစ်လုံး ပေါက်ကွဲခဲ့ရာ လူလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်။ နောက်ထပ် ကျည်ဆန် ပေါက်ကွဲမှုကြောင့် လူခြောက်ဦး ဒဏ်ရာရခဲ့ပြီး တတိယတစ်လုံး ပေါက်ကွဲရာမှာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့တယ်။" လက်နက်ကိုင်အဖွဲ့တို့ ရွာကိုခြေကုပ်တိုက်ခိုက်ခြင်းသည် ရွာသားများအတွက် လုံခြုံမှုမရှိဟု ရွာသားများက ရက္ခိုင့်တပ်မတော်ကို ပြောကြားသောအခါ တပ်ဖွဲ့ဝင်များက ၎င်းတို့ အမိန့်ရရှိပါက ထွက်ခွာမည်ဟု တုန့်ပြန်ပြောဆိုခဲ့သည်။ “ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဖွဲ့နှစ်ဖွဲ့အကြား သေပေးနေရ၊ အဖမ်းခံနေရတယ်” ဟု ရွာသားတစ်ဦးက ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် တိုက်ပွဲများအတွင်း ရိုဟင်ဂျာအရပ်သား ၁၂ ဦးမှ ၂၄ ဦး သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက အစီရင်ခံတင်ပြထားသည်။ အိမ်ခြေပေါင်း ရာကျော် ပျက်စီးခံရသည်ဟု ခန့်မှန်းရကြောင်း ရိုဟင်ဂျာလှုပ်ရှားသူများက ပြောကြားသည်။ “ ဇန်နဝါရီ ၂၆ ရက် သောကြာနေ့ မနက်မှာ စစ်တပ်က အရှိန်မြင့်ထိုးစစ်ဆင်ခဲ့တယ်။ ကျနော့်ဝမ်းကွဲညီတစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ ကျနော့်မိသားစုဝင် အားလုံးနီးပါး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်။ ကျနော့်အစ်ကိုကတော့ ပြန်လည်သက်သာလာဖို့အတွက် ရုန်းကန်နေရတုန်းပဲ။ သူ့ခန္ဓာကိုယ်ထဲက ဗုံးအပိုင်းအစတစ်ခု အခုထိ မဖယ်ရှားနိုင်သေးချေ။” ဟု ရွာသားတစ်ဦးက ပြောသည်။

အသက် (၆၆)နှစ်အရွယ် ရွာသားတစ်ဦးက “အမြောက်ကျည်ထိမှန်ပြီး ကျနော့်သား သေဆုံးခဲ့ရတယ်။ အနီးတဝိုက်မှာ အသုဘပွဲ ဒါဇင်နဲ့ချီရှိနေတယ်။ ဒါပမယ့် ကျနော့်သားရဲ့ ဈာပနကို ကျနော်ပဲ ပြုလုပ်ဝံ့ခဲ့တာဖြစ်တယ်။ သူက အသက် ၄၂ နှစ်ရှိပြီး ကလေးငါးဦးရဲ့ ဖခင်ဖြစ်သည်" ဟု ဆိုသည်။

အသက် ၄၂ နှစ်အရွယ် အခြားရွာသားတစ်ဦးက “တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့အလောင်းတွေကို စောင်နဲ့ထုပ်ထားပြီး ကျနော်တို့ရွာကနေ ထွက်သွားခဲ့ရတယ်။ ငါး-ခြောက်နာရီလောက်ကြာပြီးတော့ မြေမြှပ်သင်္ဂြိုလ်ဖို့ ရွာကို ပြန်သွားရတယ်”ဟု ဆိုသည်။

ဘူးသီးတောင်မြို့ရှိ ဆေးရုံနှင့် ဒေသခံ ဆေးခန်းများတွင် ကုတင်များအားလုံး ပြည့်နေပြီး လူနာလက်ခံမှု ရပ်တန့်သွားကြောင်း ရိုဟင်ဂျာရွာသားများက ရင်ဖွင့်ခဲ့သည်။ ဆေးခန်းများတွင် ဆေးထောက်ပံ့ရေးပစ္စည်းများ နည်းပါးနေပြီး ထိခိုက်ဒဏ်ရာရလူနာများကို ကုသခ အဆမတန် ကောက်ခံလျက်ရှိသည်။

ဒေသခံအချို့ကမူ မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ရွာအား ရမ်းရမ်းကားကား ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ “စစ်တပ်က ရခိုင့်တပ်တော်ကို ပစ်မှတ်ထားနေတာ သက်သက် မဟုတ်ဘူး။ သူတို့က ရွာတစ်ရွာလုံးကို ပစ်သတ်ဖို့ သူတို့ရဲ့ ရဟတ်ယာဉ်တွေကို သုံးနေကြတာ ဖြစ်တယ်" ဟု အသက် ၄၇ နှစ်အရွယ် ရိုဟင်ဂျာရွာသားတစ်ဦးက ပြောကြားသည်။

လူအများအပြားသည် အနီးအနားရှိ ကျေးရွာများတွင် ခိုလှုံရန် တိမ်းရှောင်ခဲ့ကြသော်လည်း စားနပ်ရိက္ခာနှင့် ဆေးဝါးထောက်ပံ့မှု အနည်းငယ်သာ ရရှိကြပြီး လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့လည်း မရရှိသေးပေ။ “ကျနော့်မိသားစု ၂၅ ယောက် အိုးမဲ့အိမ်မဲ့ တကွဲတပြားဖြစ်သွားတယ်။ ကျွန်ုပ်တို့သည် အစားအသောက်နှင့် အမိုးအကာ မရေမရာ နေ့ရက်များ ဖြတ်သန်းကြရသည်။” ဟု ရွာသားတစ်ဦးက ပြောသည်။ ရိုဟင်ဂျာမိသားစုများသည် စားနပ်ရိက္ခာ လျော့နည်းလာပြီး လယ်ကွင်းများတွင် မရိတ်သိမ်းရသေးသောသီးနှံများ ပျက်စီးလာမည်ကို စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖေဖော်ဝါရီ လဆန်းပိုင်းအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသည်။ ဖုန်ညိုလိပ်ကျေးရွာတွင် ရှိနေသော ရွာသားများနှင့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် နောက်ခံ၌ သေနတ်သံများနှင့် ပေါက်ကွဲသံများ ကြားနေရသည်။

“ရွာထဲကို ဘယ်သူမှ မဝင်ရဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတဲ့အတွက် ပြန်သွားဖို့ မလုံခြုံသေးဘူး။ ဘူးသီးတောင်မြို့နယ်မှာ အင်တာနက် လုံးဝပြတ်တောက်နေပါတယ်။ တစ်နေ့လျှင် နှစ်နာရီကြာ ဖုန်းခေါ်ဆိုနိုင်သော်လည်း လိုင်းပျက်သွားသောကြောင့် ဖုန်းခေါ်ဆိုမှု မရနိုင်တော့ပါ။ ဘယ်ဆိုင်တွေမှ ဖွင့်လို့မရဘူး၊ အားလုံးပိတ်ထားတယ်။ အာဏာပိုင်တွေရော့ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီတွေရော ငါတို့ကို ကူညီဖို့ ဘယ်သူမှ မလာကြဘူး” ဟု အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အရပ်သားများအတွက် အရေးပေါ်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။ ယင်းက စစ်ရာဇဝတ်မှုမြောက်တဲ့ စုပေါင်းပြစ်ဒဏ်ခတ်ခြင်းမျိုး ဖြစ်သည်။ စစ်တပ်သည် အဓိက ကုန်းလမ်းများနှင့် ရေလမ်းများကို ပိတ်ဆို့ထားပြီး စစ်ဘက်မဟုတ်သော ထောက်ပံ့ရေးပစ္စည်းများကိုပါ ဖျက်ဆီးကာ အကူအညီပေးရေး ဝန်ထမ်းများကို ပြင်းထန်စွာ ကန့်သတ်မှုများ ချမှတ်ကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း ပိတ်ပင်ထားသည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်း Médecins Sans Frontières (MSF) မှ ရခိုင်ပြည်နယ်အတွင်း ၎င်းတို့၏ ရွေ့လျားဆေးခန်း ၂၅ ခုကို အာဏာပိုင်များက တားဆီးထားသည်။ ယင်းသည် ပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်ဟု သတိပေးထားကြောင်း ဇန်နဝါရီ ၁၆ ရက်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးကတည်းက စစ်အစိုးရက မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေး ကပ်ဆိုးကြီးထဲသို့ တွန်းပို့ခဲ့သည်။ စစ်အစိုးရ၏ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုတွေ သက်ရောက်သည်။ 

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ရိုဟင်ဂျာ ၆ သိန်း ခန့်သည် စခန်းများနှင့် ကျေးရွာများတွင် အသားအရောင်ခွဲခြားမှုစနစ်ဖြင့် ကန့်သတ်ချုပ်ချယ်ထားသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထောင်နှင့်ချီသော ရိုဟင်ဂျာများကို “တရားမ၀င် ခရီးသွားလာမှု” ဖြင့် ဖမ်းဆီးထားသည်။ ”  ထို့အပြင် သွားလာခွင့် ကန့်သတ်ချက်အသစ်များ ချမှတ်ထားပြီး အကူအညီများ ပိတ်ဆို့ထားသည်။ ထို့ကြောင့် ရိုဟင်ဂျာများသည် လက်နက်ကိုင် ပဋိပက္ခတွင် အထူး ထိခိုက်လွယ်သည်။

ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ အခြားရိုဟင်ဂျာကျေးရွာများတွင် အရပ်သားသေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

စစ်ဥပဒေများသည် အရပ်သားများနှင့် တိုက်ပွဲဝင်သူများအကြား ရမ်းကား တိုက်ခိုက်မှုများကို တားမြစ်ထားသည်။ လူနေထူထပ်သောမြို့၊ ကျေးရွာများကို စစ်ရေးရည်မှန်းချက်တစ်ခုတည်း သဘောထားကာ ဗုံးခွဲမှုများကို အရမ်းကာရော အပြုအမူအဖြစ် တားမြစ်ထားသည်။ ပဋိပက္ခတွင် ပါဝင်သူများသည် အရပ်သားများ၏ အသက်ဆုံးရှုံးမှုနှင့် အရပ်သားများ၏ ဥစ္စာပစ္စည်းများ ပျက်စီးဆုံးရှုံးမှုကို မဖြစ်အောင် ရှောင်ရှားရန် ဖြစ်နိုင်ချေရှိသော ကြိုတင်ကာကွယ်မှုများအားလုံးကို အမြဲဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်ပါသည်။ စစ်တိုက်နေသောအဖွဲ့များသည် အတတ်နိုင်ဆုံး ၎င်းတို့၏တပ်ဖွဲ့များကို လူနေထူထပ်သောနေရာများတွင် တပ်ဖြန့်ခြင်းမှ ရှောင်ကြဉ်သင့်သည်။

သူတို့က နှစ်ဖွဲ့စလုံး၏ ဖမ်းဆီးခြင်းကို ခံနေရသည်ဟု ရိုဟင်ဂျာအများအပြားက ဆိုသည်။ “စစ်တပ်နဲ့ စကားပြောရင် ရခိုင်တပ်က ကျနော်တို့ကို မသင်္ကာဖြစ်တယ်။ ဒါပေမယ့် တပ်မတော်အစိုးရက ကျနော်တို့နဲ့ ရက္ခိုင့်တပ်မတော်ကြား ဆက်စပ်မှုတစ်စုံတစ်ရာ တွေ့ခဲ့ရင် ရိုဟင်ဂျာတွေကို သတ်ပစ်မှာ သေချာတယ်”ဟု ရွာသားတစ်ဦးက ပြောသည်။  "ရခိုင့်တပ်တော်က နယ်မြေအပြည့်အဝ ထိန်းချုပ်နိုင်တာနဲ့ ရိုဟင်ဂျာတွေကို လုံခြုံရေးပေးမယ်လို့ ကတိပြုထားပေမယ့် လက်ရှိအချိန်အထိ စားနပ်ရိက္ခာနဲ့ တခြားထောက်ပံ့မှုတွေကို အတင်းသိမ်းယူဖို့ ကြိုးစားနေတယ်"ဟု သူက ဆက်လက်ပြောကြားသည်။

နယ်စပ်အနီးတိုက်ပွဲများသည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲသို့ပင် လျှံထွက်ခဲ့ပြီး မော်တာကျည် ပစ်ခတ်မှုကြောင့် အသေအပျောက်များ ဖြစ်ပွားခဲ့သည်။ ဩဇာကြီးမားသော နိုင်ငံခြားအစိုးရများသည် မြန်မာနိုင်ငံတွင် ဆိုးရွားနေသော အကျပ်အတည်းကို အရေးတကြီး တုံ့ပြန်သင့်သည်ဟု Human Rights Watch က ပြောသည်။

“နိုင်ငံခြားအစိုးရတွေအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ကျရောက်နေတဲ့ အန္တရာယ်တွေအပေါ် သူတို့ရဲ့ စိုးရိမ်မှုတွေကို ကျယ်လောင်စွာ ဖော်ပြသင့်ပါတယ်။ စစ်ကောင်စီအစိုးရအနေနဲ့ ဆက်သွယ်ရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပိတ်ဆို့ထားမှုကို ချက်ချင်းရုတ်သိမ်းပြီး သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ခြင်းမှ ရပ်တန့်ဖို့ လိုပါတယ်" ဟု Bauchner က ပြောကြားခဲ့သည်။

နတ်မျက်စိ ဘာသာပြန်သည်။

* Human Rights Watch Report 

https://www.hrw.org/news/2024/02/09/myanmar-rohingya-risk-rakhine-fighting

Friday, February 9, 2024

တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး

 






တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး


၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခု ကျသွားခဲ့တဲ့ သတင်းကတော့ နောက်ထပ် တော်လှန်ရေး အောင်ပွဲတစ်လှမ်းပါပဲ။ တစ်ပြည်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်အုပ်စု ယိုယွင်းပျက်စီးလာနေတာကို တစ်ဆက်တည်း ကြားနေရလို့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ဒါပေမဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချသလို အကြမ်းဖက်စစ်ကောင်စီကို ချေမုန်းနေတာနှင့်တစ်ပြိုင်တည်း လူမျိုးမတူဘာသာမတူ အဖိနှိပ်ခံရိုဟင်ဂျာကိုပါ ရန်သူလိုသဘောထားကာ ထည့်ညှပ်ချေမုန်းလိုချင်တဲ့ စိတ်ဓာတ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ 

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု ရရှိဖို့အတွက် ပြည်သူအားလုံး အသက်နဲ့ ဘဝနဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ကာလမှာ ဒီလိုမျိုး မဟုတ်မမှန် သွေးတိုးလှုံဆော်မှုဟာ ဖြောင့်မှန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများ ဖြစ်လာကတည်းကစလို့ ရခိုင်စသော အခြားလူမျိုးများနည်းတူ ရိုဟင်ဂျာလူမျိုးတွေကလည်း တိုက်ပွဲဘေးဒဏ်တွေကို ခါးခါးသီးသီး ခံနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ရိုဟင်ဂျာများက အသက်ပေါင်းများစွာပေးဆပ်နေရတယ်။ ဒါပေမဲ့ အင်မတန် ခက်ခဲတဲ့အချိန်တစ်ခုကို ပြည်သူအားလုံး တညီတညွှတ် ရဲရဲရင့်ရင့် ဖြတ်သန်းနေရတာပဲလို့ ခံယူပါတယ်။ အေးအတူ၊ ပူအမျှပေါ့။

ဖေဖော်ဝါရီလ (၇) ရက် ရက်စွဲပါ အေအေတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာတွေအပေါ် အမြင်ကပ် ထပ်မံအမုန်းတရားဖွားလာအောင် တမင်စွပ်စွဲထားခြင်းတွေကိုတော့ အတိအလင်း တွေ့နေရတယ်။ ဒါကတော့ မရိုးသားဘူးလို့ ပြောလိုပါတယ်။ 

- ဒီသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး ထောက်ပြချင်တဲ့အချက်ကတော့ "ဘင်္ဂလီလက်နက်ကိုင်အဖွဲ့" လို့ သုံးနှုန်းသွားတဲ့ အသုံးပါပဲ။

ဒါကတော့ တစ်နေ့ထက်တစ်နေ့ အင်အားကြီးထွားနေတဲ့ အေအေတပ်တော်က အသာစီးရနေချိန်မှာ တစ်ဖက်လူမျိုးကို တမင်နှိပ်နှိမ့်သုံးနှုန်းနေတာက အင်မတန် စိတ်ဓာတ်အောက်တန်းကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ရိုဟင်ဂျာလူမျိုးရဲ့ မွေးရာပါ အိုင်ဒင်းတီတီကို စော်ကားရာ ရောက်တာမို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူမျိုးတစ်မျိုးက မခံယူလိုတဲ့ နာမည်တစ်ခုကို ပြန်လည်အသက်သွင်းလာအောင် ကြိုးပမ်းခြင်းက မီဒီယာကျင့်ဝတ်နဲ့လဲ မညီညွတ်သလို ကျော့သားရင်သား မခွဲခြားဘဲ အဓမ္မကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုလဲ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့လဲ ဆန့်ကျင်ရာရောက်တယ်။ အစွန့်ရောက်မျိုးချစ်စိတ်ဓာတ်သန်လာပြီလားလို့ တွေးစရာ။ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဘယ်ခွာခြားနေလို့လဲ။ 

- တောင်ပြိုတိုက်ပွဲမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ စကစနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါပဲ။

ဒါက ရိုဟင်ဂျာတွေကို ကမ္ဘာအလယ်တွင် မျက်နှာပျက်အောင် ကြံစည်ချက် တစ်ခုပဲလို့ ပြောနိုင်တယ်။ ၂၀၁၆-၁၇ မျိုးတုန်းသတ်ဖြတ်မှုတွင် ရိုဟင်ဂျာ တစ်သိန်းကျော် သေကျေပျက်စီးရတဲ့အပြင် တစ်သန်းခန့် ဒုက္ခသည်ဘဝရောက်အောင် ပို့ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စု၊ ခေတ်အဆက်ဆက် အမျိုးဘာသာသာနာ ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံလာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ရိုဟင်ဂျာတွေက ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိပါမလား။ နွေဦးတော်လှန်ရေး တကျော့ပြန်တိုက်ပွဲတွေမှာ နေ့နဲ့ည သေပေးနေရတဲ့ အပြစ်မဲ့ရိုဟင်ဂျာတွေရဲ့ မျက်နှာကို မထောက်မထားဘဲ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတာ ယုံစရာလား။ ဘယ်လိုအခြေမျိုးမှ ရောက်နေသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတွေဟာ အကြမ်းဖက်စစ်အုပ်ကို ရန်သူလို့ပဲ ထာဝရတော်လှန်သွားမှာဖြစ်တယ်။ ရိုဟင်ဂျာတွေ လက်နက်ကိုင်နေရတာက အဓမ္မစစ်အုပ်စုကို တော်လှန်ဖို့သက်သက်ပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေကို တမင်အောက်ကျစေချင်တဲ့ အကြံအစည်လို့ ယူဆပါတယ်။

- စကစနယ်ခြားစောင့်စခန်းရဲ့ အနီးအနားမှာ သူတို့စခန်း တစ်ခု ရှိလို့ ပူးပေါင်းတယ်၊ အပေးအယူရှိတယ်လို့ အတပ်ပြောနိုင်ပါမလား။

အဲဒီလို ဘူးသီးတောင်၊ ကျောက်တော၊ ပုဏ္ဍားကျွန်းစတဲ့ ရခိုင်ပြည်နေရာအနှံ့အပြားတွင် စကစတပ်စခန်းတွေနဲ့ မနီးမဝေး ဓားလွယ်ခုတ်တွင် အေအေတပ်စခန်းတွေလဲ မနည်းရှိနေတာကိုး။ ဒါက ထူးထူးခြားခြား မဟုတ်ပါဘူးလေ။ ဒီလို နီးနီးကပ်ကပ် ရှိနေရုံနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်နိုင်ပါမလား။

- ဘင်္ဂလားဘက်ကို ထွက်ပြေးရာတွင် အကူအညီရရှိရေးအတွက် တာကာငွေ ၁၀ သန်း ဖို့ လက်နက်အရာင်းအဝယ်လုပ်တယ်လို့ စွပ်စွဲမှုကလည်း ရယ်စရာပြက်လုံးကြီးတစ်ခုပါပဲ။ တောင်ပြိုစခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ အဲဒီစခန်းတွေမှာ တာဝန်ကျနေတဲ့ စကစဝန်ထမ်းတွေက ဟင်းစား ဆီဆန်ဆားတွေကိုတောင် ဘင်္ဂလားဖက်က မှာယူစားသောက်ကြတာများတယ်။ နယ်စပ်ကို ဘယ်လို ဖြတ်သွားရတယ်ဆိုတာကို သူတို့လောက် ဘယ်သူမှ မသိဘူး။ နယ်စပ်ဖြတ်ထွက်ပြေးနိုင်အောင် လက်နက်အရောင်းအဝေး လုပ်စရာလိုလို့လား။ အကြမ်းဖက် စကစ နယ်ခြားစောင့်ရဲတွေ ခြံစည်းရိုးတစ်ဖက်က ခုန်ချလိုက်ရုံနဲ့ တခြားဖက်ကို ရောက်သွားလောက်တဲ့ အခြေအနေမျိုးပါပဲဟာ။  ဒါကို လက်နက်ရောင်းလို့ ဘင်္ဂလားဖက်ကို ထွက်ပြေးတာလို့ ဂျင်းထည့်ရကောင်းလား။ ဒါက ကလေးဆန်တဲ့ အကွက်ပါပဲ။

- ARA ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ စခန်းတစ်ခုက အနီးအနားမှာ ရှိနေတယ်လို့ ပြောသေးတယ်။ လူတွေကျတော့ ဘင်္ဂလားဖက်က ဝင်လာတယ်လို့လဲ တစ်ခါ ပြောသေးတယ်။ စကားရှေ့နောက် မညီသလိုပါပဲ။ နောက်ထပ် ဘယ်သူဘယ်သူတွေကိုပါ ထည့်စွက်ချင်တာလဲ မသိဘူး။ 

- ပြီးတော့ စခန်းထဲကနေ အကြမ်းဖက် နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်။ လက်နက်အချို့ သယ်သွားတယ်လို့ အသံထွက်နေတဲ့ကိစ္စကတော့ အေအေ ဝက်ဆိုဒ်က ပြောင်းပြန်လဲလို့ သတင်းမှန် ဖုံးဖိထားရုံ သက်သက်ပါပဲ။ တကယ်တော့ ကျနော်တို့ လေ့လာသိရှိသလောက် ဖြစ်စဉ်က ဒီလိုပါပဲ။ 

အဲဒီနယ်စပ်ဒေသတလျှောက်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တစ်ချို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်။ ၄ ရက်နေ့ အေအေက စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နကိုင်တစ်ချို့ကလည်း ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်းကို တစ်ဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဘယ်သူတိုက်တိုက် ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြတ်ချေမုန်းနိုင်ရင်ပြီးရော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ အဲ့လိုတိုက်ခိုက်ခဲ့ပြီး စခန်းကျသွားတဲ့အခါ သူတို့ရှင်းလင်းနိုင်ခဲ့တဲ့ဖက်ကနေ တွေ့ရှိသမျှ လက်နက်ခဲယမ်းအကြွင်းအကျန်ကို သူတို့ သိမ်းဆည်းယူဆောင်သွားခဲ့တယ်။ ဒါကို အေအေက မကျေနပ်လို့ ARA လက်နက်သိုလှောင်ထားတဲ့ နေရာတစ်ခုကို အင်းအားအပြည့်အဝနဲ့ ပြန်လည်တိုက်ခိုက်တယ်။ အဲဒီမှာ တွေ့ရှိသမျှ လက်နက်ခဲယမ်းတွေနဲ့ သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း AA က သိမ်းယူခဲ့တယ်။ 

ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူပြီးတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချဖို့ အကွက်ဆင်တာပဲဖြစ်တယ်။ တကယ်တော့ ဒါတွေက  အဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ နောက်တစ်ဖွဲ့က အလိုမတုဘဲ ဝင်စွက်ဖက်မှုကြောင့် မလိုအပ်တဲ့ ပြဿနာတွေ တက်လာရတာလို့သာ မြင်ပါတယ်။ ဘယ်အဖွဲ့ပင် ဖြစ်ပါစေ စစ်ကျင့်ဝတ်၊ စစ်စည်းဘောင်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ အချင်းချင်း ရန်သူလို သဘောမထားကာ အားချင်းမပြိုင်ဘဲ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုပဲ တော်လှန်မြစ်လှန်ပစ်တာ အလေးထားသင့်ပါတယ်။  

အေအေတပ်တော်ရဲ့ သဘောထားကို လေ့လာသိရှိသလောက် ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ ရပ်တည်နေတာကို သူတို့ မလိုလားဘူး။ နည်းအမျိုးမျိုးနဲ့ ရှင်းလင်းပြိုကွဲဖို့ပဲ ကြိုးစားတာပဲ တွေ့ရတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အေအေ သဘောထားကြည့်မယ်ဆိုရင်လည်းပဲ တန်းတူဆက်ဆံတာ မမြင်ရဘူး။ ရိုဟင်ဂျာလူမျိုးကို မတတ်နိုင်တဲ့အဆုံး ဒုတိယလူတန်းစားအဖြစ်ပဲ မြင်နေကြတယ်။ တတ်နိုင်ရင်တော့ အကြမ်းဖက်စစ်ကောင်စီလို မျိုးတုန်းသတ်ပစ်ချင်တဲ့ သဘောမျိုးလား မသိဘူး။ ဒါတွေက ရည်ရှည်ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တော်လှန်ရေးရဲ့ နိမိတ်ကောင်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။ 

နောက်ဆုံးပြောချင်တာကတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးလေပြည် ဖော်ဆောင်ဖို့အတွက် အတူတကွနေထိုင်တဲ့ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လျှောက်လှမ်းမှာသာ မျှော်လင့်နေတဲ့အိပ်မက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ တော်လှန်နေတဲ့ အုပ်စုတွေကလည်း ကျော့သားရင်သားမခွဲခြားဘဲ ရဲရဲစွမ်းစွမ်း လက်တွဲဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ အခုလိုမျိုး လူမျိုးတစ်မျိုး ထိခိုက်နစ်နာအောင် မကောင်းတဲ့အမုန်းတိုက်သတင်းတွေဖြန့်ကာ လူမျိုးတစ်စုကို လျစ်လျူရှု ဘေးဖယ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ရေးဆိုတာက အလှမ်းဝေးလို့သာနေလိမ့်မယ်။ လူမျိုးပေါင်းစုံအတူတကွ အေးအေးချမ်းချမ်းနေထိုင်ရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပင်တည်း။ 

#နတ်မျက်စိ

(၉-၀၂-၂၀၂၄)

Tuesday, January 9, 2024

On The Way To Mandalay

 


ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။


ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 

On The Way To Mandalay


By the old Moulmein Pagoda, lookin' lazy at the sea,

There's a Burma girl (broad) a-settin', and I know she thinks o' me;

For the wind is in the palm-trees, and the temple-bells they say:

"Come you back, you British soldier; come you back to Mandalay!"

    Come you back to Mandalay,

    Where the old Flotilla lay:

    Can't you 'ear their paddles chunkin' from Rangoon to Mandalay?

    On the road to Mandalay,

    Where the flyin'-fishes play,

    An' the dawn comes up like thunder outer China 'crost the Bay!


'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .


When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .


But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .


I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .


Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!

By Rudyard Kipling







Thursday, December 28, 2023

Miss Global Myanmar 2023 Akari Su

 

Miss Global Myanmar 2023 Akari Su


SEX EDUCATION is her Advocacy Project


          သူမကတော မော်လမြိုင်မြို့ဇာတိ မွန်ရခိုင် ကပြားမလေးတစ်ဦးဖြစ်ပြီး မွေးချင်း လေးဦးအနက် တတိယမြောက်ဖြစ်ပါတယ်။ ပညာအရည်ချင်းကတော Physics (First Year Diploma In Yangon University) ဖြစ်သလို သူမရဲ့ အရပ်အမြင့်ကတော 5'11" လက်မဖြစ်ပါတယ်။ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာအကကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်ကာ သရုပ်‌ေဆာင်ပညာရပ်ကိုလည်း လေ့လာဆည်းပူးနေသူတစ်ဦးဖြစ်ပါတယ်။

           Beauty Pageant ကို Passionate ဖြစ်နေတဲ့ သူမက ပြိုင်ပွဲမပြိုင်ခင်ကတည်းကနေ Pageant    Knowledge တွေအပြင် လိုအပ်တဲ့ Training တွေကို ဆရာတွေနှင့်အတူ လေ့ကျင့်သင်ယူနေခဲ့တာပဲဖြစ်ပါတယ်။ 

            Miss Global ရဲ့ SLOGAN ကတော.. Empower.... Embrace...Embody တို့ဖြစ်တယ်။       

         SEX EDUCATION ဆိုတဲ့ Advocacy Project ကတော သူမရဲ့ ချစ်ရတဲ့သူငယ်ချင်းရဲ့ ဖြစ်ရပ်မှန် အကြောင်းရာကို အခြေခံပြီး လုပ်ဖြစ်နေခဲ့တဲ့ Project ပဲဖြစ်ပါတယ်။

           လူကြီးတွေ သဘောမတူရာကနေ Living Together အဖြစ်နေထိုင်ကာ သဓေတားဆေးအလွန်ကျွံသုံးရာမှ နောက်ဆုံး    အသက်ကိုပါပေးဆပ်လိုက်ရတဲ့ သူမရဲ့ သူငယ်ချင်းလိုမျိုး မိန်းကလေးတွေ အများကြီးရှိကြသလို Sex Education အားနည်းမှုတွေကြောင့် ကျန်းမာရေး ပြသနာတွေများစွာ ကြုံနေရတဲ့ အမျိုးသမီးတွေအတွက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ သူမရဲ့ ဆောင်ပုဒ်ကတော "Everyone deserves to live long healthy life."


             Miss Global 2023 ကို Cambodia and Vietnam နှစ်နိုင်ငံတို့တွင် January 1 to 21 ထိ နိုင်ငံပေါင်း (၈၀) မှ ပြိုင်ပွဲ၀င်များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Yangon International Airport မှတစ်ဆင့် ပြိုင်ပွဲကျင်းပရာသို့ 1st January 2024 မနက်ပိုင်းတွင် စတင်ထွက်ခွာမှာပဲဖြစ်ပါတယ်။







#Akarisu

#missglobal2023

#roadtomissglobal

#missglobalorganization

#pageantschool

#pageanttraining

#RangoonAkyabstars

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Friday, December 15, 2023

ပါမောက္ခ ဒေါက်တာ ဝါကာအုဒ္ဒိန်း

 


ပါမောက္ခ ဒေါက်တာ ဝါကာရ်အူဒ္ဒိန်း(၁၉၅၄-၂၀၂၂)


ဝါကာရ်အူဒ္ဒိန်းကို ဇန္နဝါရီလ ၁၅ ရက်၊ ၁၉၅၄ ခုတွင် မောင်တောမြို့နယ် ဟားဘီဘ်ရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ မလဝီလာလ်မိုဟာမတ်၏သား ဆရာမွီဆဒ္ဒိန်း(ခ) မာဆူတ်အုဒ္ဒိန်း ဖြစ်သည်။ ဖခင်ဖြစ်သူမှာ ကျောင်းဆရာတစ်ဦးဖြစ်သည်။ ညီအစ်ကို လေးယောက်အနက် အကြီးဆုံးဖြစ်သည်။

ဝါကာသည် အခြေခံပညာကို မောင်တောမြို့မှာ ဆည်းပူးခဲ့သည်။ မောင်တောမြို့မအထက်တန်းကျောင်းမှ အထက်တန်းအောင်ခဲ့သည်။ ပျဉ်းမနားမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ BAgrSc ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အမေရိကန်သို့ ပညာတော်သင်အဖြစ် သွားရောက်ကာ အမေရိကန်ပြည်ထောင်စု နာဗာဒါတက္ကသိုလ် (Navada University)မှ ပိုးမွားလောက စီမံခန့်ခွဲမှု (Integrated Pest Management) ဘာသာရပ်ဖြင့် မဟာဘွဲ့ရယူခဲ့သည်။ ၁၉၉၆ ခုတွင် ဂျော်ဂျီယားတက္ကသိုလ်မှ အပင်ရောဂါဗေဒဖြင့် ပါရဂူဘွဲ့  ရရှိခဲ့သည်။

ဝါကာသည် ပညာသင်ယူပြီးနောက် ဂျော်ဂျီယားတက္ကသိုလ် Plant Disease Clinic အလုပ်ဝင်ရင်း အသက်မွေးဝမ်းကျောင်း စတင်ခဲ့သည်။ ထို့အပြင် အခြား အပင်ရောဂါဗေဒဆိုင်ရာ အလုပ်များစွာကိုလည်း လုပ်ကိုင်ခဲ့သည်။ ၁၉၉၈ ခုတွင် Penn State University တွင် မြက်ပင်ရောဂါဗေဒပညာရှင် (Turfgrass Pathologist)အဖြစ်လာခဲ့သည်။ နောက်ပိုင်းတွင် Pennsylvania State University ၌ပင် အဏုဇီဝဗေဒ ပါမောက္ခဖြစ်လာခဲ့သည်။

၂၀၀၅ နောက်ပိုင်းတွင် နိုင်ငံရေးဘက်ကိုစိတ်ဝင်စားလာခဲ့သည်။ ၂၀၀၈ ခု မေလတွင် The Burmese Rohingya Association North America အဖွဲ့ကို ထူထောင်ကာ ရိုဟင်ဂျာတို့အတွက် တရားမျှတမှုရရှိရေး လှုပ်ရှားလာခဲ့သည်။ ၂၀၁၁ ခု မေလတွင် အိုအိုင်စီကဦးဆောင်၍ ပြည်တွင်းပြည်ပ ရိုဟင်ဂျာအဖွဲ့အစည်းပေါင်း ၂၅ ခုကျော်နှင့်ဖွဲ့စည်းထားသော Arakan Rohingya Union (အာရကန်-ရိုဟင်ဂျာ ညီညွတ်ရေး အဖွဲ့ချုပ်)၏ အထွေထွေညွှန်ကြားရေးမှူးချုပ်(DG) အဖြစ်တင်မြောက်ခံရသည်။ ၂၀၁၂ ခု ရခိုင်လူသတ်မှုအရေးအခင်းနောက်ပိုင်းတွင် ဝါကာ၏ နိုင်ငံရေးလှုပ်ရှားမှု အရှိန်မြင့်လာခဲ့သည်။ လှေစီးပြေးဒုက္ခသည်များအရေးတွင် တက်တက်ကြွကြွပါဝင်ခဲ့သည်။ ၂၀၁၃ ခု ဇူလိုင်လတွင် အမေရိကန်အခြေစိုက် Muslim Aid America ၏ ဥက္ကဌ အဖြစ်တင်မြောက်ခံခဲ့ရသည်။

၂၀၁၃ ဖေဖော်ဝါရီလတွင် ပါကစ္စတန် ဒုဝန်ကြီးချုပ် Chaudhary Pervaiz Elahi နှင့် တွေ့ဆုံခဲ့သည်။

၂၀၁၄ ခုတွင် ရိုဟင်ဂျာကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ကုလသမဂ္ဂ၊ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၊ အမေရိကန်အောက်လွှတ်တော် စသည်တို့၌ တက်ရောက်ကာ ရိုဟင်ဂျာတို့၏ အခြေအနေကို တင်ပြဆွေးနွေးခဲ့သည်။

၂၀၁၅ စက်တင်ဘာလတွင် အမေရိကန်၌ကျင်းပသော အထက်လွတ်တော်အမတ် ဦးရွှေမောင်နှင့်အတူ ASEAN Parliamentarians အစည်းအဝေးတွင်တက်ရောက်ကာ ရိုဟင်ဂျာအရေးနှင့် မြန်မာပြည် အမုန်းဖျန်းဝါဒကို ရှုတ်ချတင်ပြကာ ဆွေးနွေးခဲ့သည်။ ၂၀၁၅ နိုဝင်ဘာလတွင် ဝါရှင်တန်ဒီစီ၌ ဆန္ဒပြခဲ့သော Interfaith Rally တွင် ပါဝင်ကာ ရိုဟင်ဂျာအရေးကို ကမ္ဘာသိအောင် တင်ပြခဲ့သည်။ ထိုနှစ် ဒီဇင်ဘာလတွင် တူရကီနိုင်ငံ၌ ကျင်းပခဲ့သော ၂၄ ကြိမ်မြောက် Congress of Int'l Union of Muslim Communities တွင်တက်ရောက်ကာ ကမ္ဘာမူဆလင်တို့အား ရိုဟင်ဂျာတို့ကို ကူညီရန်တိုက်တွန့်ခဲ့သည်။ ဒီဇင်ဘာလ ၂၄ ရက်တွင် ယူအေအီနိုင်ငံ ဒိုဘိုင်း ရိုဟင်ဂျာဌာနချုပ်၌ ပြည်ပရောက်ရိုဟင်ဂျာများနှင့် တွေ့ဆုံကာ သူတို့၏ အခက်အခဲတို့ကို ဆွေးနွေးခဲ့သည်။ ၂၀၁၆ ဧပြီလတွင် တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံခဲ့သည်။ အဂျီဘိုင်ဂျန်နိုင်ငံ ဘာကူမြို့တော်၌ကျင်းပသော ၂၀၁၆ ဂလိုဘဲလ် ဖိုရမ် သို့ ဖိတ်ကြားခံရကာ ရိုဟင်ဂျာအရေး တင်ပြခဲ့သည်။ ၂၀၁၆ ဇူလိုင်လတွင် အိမ်ဖြူတော်၌ ကျင်းပခဲ့သော အိဒ်ပွဲတော်အခမ်းအနားတွင် သမ္မတအိုဘာမား၏ ဖိတ်ကြားခြင်းခံရသည်။ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် တွေ့ဆုံခဲ့သည်။ ၂၀၁၈ ခုတင် နောက်တစ်ကြိမ် အာဒိုဂန်နှင့်တွေ့ဆုံကာ ရိုဟင်ဂျာအရေးတွင် ပါဝင်ကူမည်ဟု သမ္မတက ကတိပေးခဲ့သည်။ အောက်တိုဘာလတွင် မက္ကာတွင်ကျင်းပသည့် ၄၃ကြိမ်မြောက် The Supreme Council of Muslim World League တွင် ဖိတ်ကြားခြင်းခံရသည်။ ၂၀၁၉ နိုဝင်ဘာလ အိုအိုင်စီ၏ ရွေရတုသဘင်အခမ်းအနားတွင် ရိုဟင်ဂျာအခွင့်အရေးလှုပ်ရှားမှုအတွက် "လူထုအကျိုးပြုပုဂ္ဂိုလ်ဆု" ချီးမြင့်ခံရသည်။

၂၀၁၉ ဒီဇင်ဘာလတွင် ဒေဟိတ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျီ၌ ရိုဟင်ဂျာကိုယ်စား တက်ရောက်ခဲ့သည်။ 

ဝါကာသည် ပထမအိမ်ထောင်အဖြစ် Patricia Chapwaske နှင့် လက်ထပ်ခဲ့သည်။ သမီး Najat Uddin ဖွားမြင်ခဲ့သည်။ ဒုတိယအိမ်ထောင် Saarah Naaem နှင့် လက်ထပ်ခဲ့သည်။ သား Jassim Uddinနှင့် Yunus Uddin ဖွားမြင်ခဲ့သည်။ ဝါကာ ၏ ညီကိုများမှာလည်း တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် တက်တက်ကြွကြွပါဝင်လှုပ်ရှားသူများဖြစ်ကြသည်။ ညီ Tayub Uddin မှာ Democracy and Himan Rights Party ၏ ဥက္ကဌအဖြစ် ဆောင်ရွက်ကာ ၂၀၁၀ တွင် မောင်တောမဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ခဲ့သည်။ ___Uddin မှာ မောင်တောမြို့တွင် အစိုးရရုံးဘာသာပြန်အဖြစ် ဆောင်ရွက်သည်။ ညီငယ် Reza Uddin မှာ ဝါကာ ကွယ်လွန်ပြီးနောက် ARU ၏ ကြားကာလ ယာယီ အထွေထွေညွှန်ကြားရေးမှူး ဖြစ်လာသည်။

မိမိ၏ အဖိနှိပ်ခံလူမျိုး လွတ်မြောက်ရေးအတွက် ဘဝရင်းနှီးရုန်းကန်နေသော ဒေါက်တာဝါကာအုဒ္ဒိန်းသည် တစ်နေ့ ရုတ်တရက် ကျန်းမာရေးအခြေအနေ ဆိုးဝါးလာသဖြင့် John's Hopskin University Hospital, Baltimore, Maryland တွင် တစ်လကြာ ကုသမှုခံယူရာမှ  ၂၀၂၂ ခု ဧပြီလ ၂၉ ရက် သောကြာနေ့တွင် မိမိချစ်မြတ်နိုးသော အမျိုးနှင့် မိသားစုများကို နှုတ်ဆက်၍ အလ္လာဟ်အမိန့်တော် ခံယူခဲ့လေသည်။ ဒေါက်တာဝါကာအုဒ္ဒိန်း၏ ရုပ်ကလပ်ကို ကာလီဖိုးနီးယားရှိ သချ်င်းတစ်ခု၌ ဒဖ်နာခဲ့သည်။


— လူထုဝဏ္ဏ