Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label Tula Tuli Massacre. Show all posts
Showing posts with label Tula Tuli Massacre. Show all posts

Tuesday, September 5, 2017

တူလာတူလီ အကြမ်းဖက်သတ်ဖြတ်ပွဲတွင် ဆုံးရှုံးခဲ့ရသော သူတော်စင်တစ်ပါး


တူလာတူလီ အကြမ်းဖက်သတ်ဖြတ်ပွဲတွင် ဆုံးရှုံးခဲ့ရသော ဝလီသူတော်စင်တစ်ပါး

၂၀၁၇ ခု ဩဂုတ်လ ၃၀ ရက်နေ့ ဗမာစစ်တပ်ယုတ်နှင့် သွေးဆာနေသော အစွန်းရောက် ဘာသာခြားတို့က ပူးပေါင်း၍ တူလာတူလီ ကျေးရွာကို အကြမ်းဖက်တိုက်ခိုက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်မှာ ကမ္ဘာသိ အကြမ်းဖက်မှတ်တမ်းဝင် တစ်ခုဖြစ်သည်။ တစ်ရွာလုံး၌ မွတ်ဆလင်ဘာသာဝင် တစ်ယောက်မှ မကျန်အောင် အောင်မြင်စွာ သုတ်သင် သတ်ဖြတ်နိုင်ခဲ့သည်။ ထို အကြမ်းဖက် သတ်ဖြတ်ခံရသော ရွာသူရွာသားများ ထဲတွင် ထင်ရှားသော ဝလီသူတော်စင် ဘိုရာ့အူဇူရ် ခေါ် မိုဟာမ်မဒ် ဟူဆိန်း (ရာဟမတုလ်လာ အလိုက်) တစ်ပါးလည်း အပါအဝင်ဖြစ်သည်။ 

တူလာတူလီဇာတိဖြဈသော သူတော်စင် မိုဟာမ်မဒ် ဟူဆိန်းသည် ထင်ရှားသော ဖကီးရ်မလဝီ အဗ္ဗူဂျာဘ္ဘာရ် သခင်၏ တပည့်အရင်း ဖြစ်သည်။ အဟ်မဒီယာ အာရဗီကျောင်း၏ ကျောင်းအုပ်ကြီး မုဖ်သီ ဆီဒီက်အမတ်၏ ဆရာအရင်းလည်း ဖြစ်သည်။ သူသည် အိန္ဒိယနိုင်ငံရှိ မူဇဟေရ် အိုလုမ် တက္ကသိုလ်ကျောင်းဆင်း အာလေမ်တစ်ပါးဖြစ်ပါသည်။ အာလိမ်ဘွဲ့ရရှိပြီးနောက် အဟ်မဒီယာ အာရဗီကျောင်း၌ အထက်တန်းပြ ဆရာအဖြစ် သင်ပြခဲ့သည်။ မုစ်လိမ်ဟာဒီစ်ကျမ်းကို တသက်လုံး သင်ပြခဲ့သော မုဟဒ္ဒီစ်လည်းဖြဈသည်။ သူတော်စင်ဆရာကြီးသည် မိမိကိုယ့်ကို အလွန်ကျိုးနွံ့စွာ နေထိုင်တတ်သူဖြစ်သည်။ လောကစည်းစိမ် ဥစ္စာဓနကို မက်မောသူမဟုတ်ချေ။ ဘဝတစ်သက် ဒိန်းသာသနာ၏ ခိသ်မသ်လုပ်ရင်း ကုန်ဆုံးခဲ့သည်။ တပည့်ပေါင်းများစွာကို သာသနာ့အလင်းတော်ဖြင့် ထွန်းလင်းစေခဲ့သည်။ 

၂၀၁၇ ခု၊ ဩဂုတ်လ ၃၀ ရက် နံနက် ၉  နာရီခန့်တွင် ဗမာစစ်တပ်နှင့် ပူးပေါင်းအဖွဲ့က တူလာတူလီ ရွာသူရွာသားများကို သတ်ဖြတ်၊ လုယက်၊ သုတ်သင်ရှင်းလင်းရာတွင် အသက် (၉၀) ကျော် ရှိသော သူတော်စင် မိုဟာမ်မဒ် ဟူဆိန်းသခင်သည်လည်း လွှတ်မြောက်ခွင့်မရခဲ့ချေ။ မျိုးယုတ်ဗမာစစ်တပ်နှင့် အကြမ်းဖက် ဘာသာခြားအုပ်စုက သူတော်စင်နှင့် မိသားစုဝင် (၆)ဦးကို မိမိအိမ်၌ သံကြိုးတုတ်ချည်နှောင်ထားကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့လေသည်။ ရုန်းထွက်လွတ်မြောက်လာသော မြေးနှစ်ယောက်ကိုလည်း အစွန်းရောက်သမားများက ဓားနှင့်ခုတ်သတ်ကာ မီးပုံထဲ ပြန်ပစ်ချခဲ့လေသည်။ 

သူတော်စင် မော်လနာ မိုဟာမ်မဒ် ဟူဆိန်း ရှဟီဒီ၏ ကိုယ်ရေးအတ္ထုပ္ပတ္ထိ အပြည့်အစုံကို နောက်ပိုစ်တစ်ခုနှင့် ဖော်ပြပါမည်။


လူထုဝဏ္ဏ