Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ပြည်တွင်း. Show all posts
Showing posts with label ပြည်တွင်း. Show all posts

Saturday, September 19, 2026


 


"တချိန်က FEC"

မဆလ တပါတီအာဏာရှင်ခေတ်က "Diplomatic Store" ဆိုတဲ့တန်ဘိုးကြီးဇိမ်ခံပစ္စည်းရောင်းတဲ့ဆိုင်ကြီးတဆိုင်ဆူးလေဘုရားလမ်းမပေါ်မှာဖွင့်ခဲ့ဖူးတယ်။သံရုံးဝန်ထမ်းများနဲ့အမေရိကန်ဒေါ်လာ USD လက်ဝယ်ပိုင်ဆိုင်ကြတဲ့မြန်မာနိုင်ငံသားသူဋ္ဌေးကြီးများသာ Diplomatic Store မှာဝယ်ယူနိုင်ခွင့်ရှိကြတယ်။


တန်ဘိုးကြီးနိုင်ငံခြားဖြစ်အရက်အမျိုးမျိုး၊စီးကရက်၊ရေမွေး၊တင်းနစ်ရက်ကက်၊ဂေါ့ဆက်၊နေကာမျက်မှန်၊အဝတ်အထည်အစုံရှိတယ်။တပါတီမဆလခေတ်မှာမြန်မာပြည်သူအများစုမမြင်ဘူးမရောက်ဘူးတဲ့လူတန်းစားတရပ်အတွက်ဖွင့်လှစ်ပေးတဲ့အထူးဆိုင်ကြီးပါ။


၁၉၉၃-၁၉၉၄ နဝတစစ်အာဏာရှင်ခေတ်နိုင်ငံခြားကုန်ပစ္စည်းအရောင်းဆိုင်များရန်ကုန်မြို့ထဲမှာဖွင့်လှစ်ခဲ့တယ်။ FEC (Foreign Exchange Certificate) ရှိတဲ့မြန်မာနိင်ငံသားတိုင်း “ Kyat Plus Dollar ” (FEC + ကျပ်ငွေ) အမည်ပေးထားတဲ့ရောင်းဝယ်ရေးစနစ်သစ်နဲ့ကုန်ပစ္စည်းကိုစမ်းသတ်ဝယ်ယူရောင်းချနိုင်ခဲ့ကြတယ်။ 


Toshiba TV အရောင်းဆိုင်မှာ TV တလုံးကို FEC + ကျပ်ငွေနဲ့မည်သူမဆိုလွတ်လတ်စွာဝယ်ယူနိုင်ခဲ့တယ်။ နိုင်ငံပိုင်စက်ရုံထုတ်ဖြစ်ပြီးအပြင်‌ရောင်းစားရင်မြတ်တဲ့စက္ကူ၊ဘိလပ်မြေ၊ဒီဇယ်၊ဓါတ်ဆီကို “ Kyat Plus Dollar ” ခေါ်တဲ့ ထူးဆန်းတဲ့စမ်းသတ်စနစ်နဲ့ဝယ်ယူပြီးပြည်တွင်းဈေးကွက်ကိုကျပ်ငွေနဲ့လွတ်လပ်စွာပြန်ရောင်းချနိုင်တဲ့စနစ်ဖြစ်ခဲ့ဖူးသေးတယ်။ 


1 FEC = 1 USD တန်ဘိုးသတ်မှတ်ခဲ့တယ်။FEC ဝင်ငွေရှိသူများသာအရာရာအားသာခဲ့တယ်။ကျပ်ငွေပဲဝင်သူလူများစုပါးစပ်ဟငေးကြည့်ခဲ့ရတဲ့ဘဏ္ဍာ‌ရေးဆိုင်ရာငွေကြေးစီမံခန့်ခွဲမူစနစ်ဖြစ်ခဲ့ရတယ်


FEC (Foreign Exchange Certificate) ဆိုတာ FE (Foreign Exchange) ခေါ်တဲ့နိုင်ငံခြားငွေကြေးကိုထိမ်းချုပ်တဲ့ကရိယာတခုဖြစ်တယ်။ဆိုဗီယက်(ရုရှား)ဦးဆောင်တဲ့အရှေ့ဥရောပကွန်မြူနစ်နိုင်ငံဟောင်းများ၊တရုတ်၊မြောက်ကိုရီးယား၊ကျုးဘား၊ပြိုကွဲသွားတဲ့ယူဂိုဇလားဗီးယား (ဆားဗီးယား)နဲ့မြန်မာနိုင်ငံမှာ FEC အသုံးပြုခဲ့ကြတယ်။မြန်မာနိုင်ငံမှာ ၂၀၁၃ မတ်လအထိ FEC ကိုစမ်းသတ်အသုံးပြုခဲ့ဖူးတယ်။


ငွေလဲလှယ်နူန်းကိုအစိုးရကတင်းကျပ်တဲ့မှုဝါဒနဲ့ထိမ်းချုပ်ထားပြီးမိမိအမျိုးသားငွေကြေးဟာနိုင်ငံတကာငွေကြေးဈေးကွက်မှာအလွယ်တကူလဲလှယ်နိုင်ခြင်းမရှိတဲ့နိုင်ငံများဟာ FEC ကို FE ကြားခံအဖြစ်အသုံးပြုကြရတယ်။ 


FEC ခေါ်တဲ့ကြားခံငွေအသုံးပြုတဲ့နည်းစဉ်ပုံစံအမျိုးမျိုးရှိပြီးနိုင်ငံအလိုက်ကွဲပြားကြတယ်။နိုင်ငံတကာငွေလဲလှယ်နူန်းတည်ငြိမ်တဲ့ပေါက်ဈေးရှိပြီးကမ္ဘာ့မည်သည့်ငွေကြေးဈေးကွက်တိုင်းမှာအလွယ်တကူလဲလှယ်ရယူနိုင်ပြီးခိုင်မာတဲ့ငွေကြေးဥပမာ USD,Euro ကိုမိမိကိုယ်ပိုင်ငွေကြေးစနစ် (ကျပ်) နဲ့အလွယ်တကူမလဲလှယ်နိုင်ရင်မိမိငွေကြေးစနစ်ကိုအနာခံပြီး FEC ကိုကြားခံအနေနဲ့အစိုးရကယာယီအသုံးပြုကြတယ်။


၁၉၉၃ မှာမြန်မာနိုင်ငံမှာ FEC စအသုံးပြုခဲ့တယ်။ နှစ် ၂၀ ကျော် FEC အသုံးပြုပြီး၂၀၁၃ ဧပြီ (၁) ရက်နေ့ကစပြီး FEC ကိုဖျက်သိမ်းဖို့ရက်ပေါင်း (၃၀)ကြားကာလသတ်မှတ်ခဲ့တယ်။မလုံလောက်လို့ ၂၀၁၄ မတ်လ (၃၁)ရက်အထိရက်တိုးမြှင့်ပေးခဲ့တယ်။ ဗဟိုဘဏ်ထုတ်ပြန်ချက်အရ ၂၀၁၂ ဒီဇင်ဘာလအထိမြန်မာတနိုင်ငံလုံးမှာ FEC ၃၀.၉၂ သန်းလည်ပတ်နေခဲ့တယ်။FEC ပြန်ထုတ်လိမ့်မယ် ၂၀၂၂ ကကောလဟလဖြစ်ခဲ့ဖူးတယ်။


၁၉၉၅ မှာ FEC နဲ့လစာရရှိခဲ့တယ်။ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) မှာငွေစာရင်းဖွင့်ပြီးအစိုးရကို ၁၀ ရာခိုင်နူန်းအခွန်ပေးဆောင်ခဲ့ရတယ်။မြန်မာကျပ်ငွေတန်ဘိုးကျပြီးရင်းကျကျနေလို့ FCE ကိုမြန်မာငွေနဲ့ဖလှယ်ရင် “ကျပ်” များများရရှိခဲ့တယ်။လစာကို FEC နဲ့မဟုတ်ပဲ “ကျပ်” နဲ့ရကြတဲ့မြန်မာနိုင်ငံသားအများစုမြန်မာကျပ်ငွေတန်ဘိုးကျတဲ့ဒဏ်ကိုကျောကော့အောင်ခံစားနေကြရတယ်။


၁၉၈၉ လဖက်ရည်တခွက် ၅ ကျပ်ကနေလဖက်ရည်တခွက် ၂,၅၀၀/ ထိပေးသောက်နေရတာဒီနေ့အထိ။ရပ်ကွက်ဆိုင်လေးမှာလဖက်ရည်တခွက် ၃,၀၀၀/ ဆိုရင်တော့လဖက်ရည်ဖြတ်သင့်ပြီ။လူတိုင်းသိတဲ့ Demand & Supply တို့၊ ကုန်ထုတ်လုပ်မှု့တိုးမြှင့်ကြတို့ဆိုတာတကဲ့ "အဖြေ" မဟုတ်ဘူး။မြန်မာကျပ်ငွေတန်ဘိုးတဟုန်ထိုး ကျဆင်းနေလို့အရပ်ရပ်ကုန်စည်ဈေးနူန်းများအတက်ကြမ်းတဲ့ဒဏ်ကိုမြန်မာနိုင်ငံသားများကျောကော့ခံစားနေကြရတာကြာပြီ။ဘယ်အစိုးရမှကုစားမပေးနိုင်ကြသေးဘူး။အစည်းဝေးပြီးအစည်းဝေးပဲ။


လွင်ဦး(ရန်ကင်း)

#lwinooyankin

Saturday, August 1, 2026

မြန်မာ့တော်လှန်ရေးခေါင်းဆောင် ဘရားသား ဇိုက်ဒ်



မွတ်စ်လင်မ်အများစု မသိတဲ့ တော်လှန်ရေးခေါင်းဆောင်ဘရားသား ဇိုက်ဒ်


မွတ်စ်လင်မ်တို့သည် ခေတ်အဆက်ဆက် တော်လှန်ရေး၏ ကျရာနေရာတွင် ပါဝင်မှုများအား ယခုကဲ့သို့ ရုပ်ပုံလွှာများ၊ သမိုင်းအဖြစ်အပျက်များက သက်သေ ပြနေသည်။

သို့သော်လည်း မွတ်စ်လင်မ်များအား နိုင်ငံရေးအင်အားစုအဖြစ်မှ လျှော့ချရန် ကြိုးပမ်းမှုများအား စစ်တပ်အပြင် တော်လှန်ရေးအင်အားစုအချို့နှင့် မီဒီယာအချို့မှပါ ကြိုးပမ်းနေသည်။

အင်န်သီဖဒါအနေဖြင့် ထိုအဖြစ်အပျက်များအား အစဉ်ဆန့်ကျင်သည်။ သမိုင်းအား ဖော်ပြခြင်းဖြင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့၏ သမိုင်းအား သိမည်။ တော်လှန်ရေးအတွင်းမှ မွတ်စ်လင်မ်တို့၏ အခန်းကဏ္ဍအား ထင်သာမြင်သာရှိစေမည်ဟုလည်း ပွင့်ပွင့်လင်းလင်း ယူဆသည်။

ထို့ကြောင့် ယနေ့တွင် တော်လှန်ရေးခေါင်းဆောင်တဦးဖြစ်သည့် ဘရားသားဇိုက်ဒ်၏ ဖြတ်သန်းမှုအား ဖော်ပြလိုက်သည်။

▪️အတ္ထုပ္ပတ္တိ အကျဉ်းချုပ်

၁၉၄၂ ခုနှစ်တွင် မွန်ပြည်နယ်၊ ကျုံဖဲရွာ၌ အဘ ဦးအဗ်ဒွလ္လာဟ်နှင့် အမိ ဒေါ်ခင်စီတို့မှ မွေးဖွားခဲ့သည်။ အသက် (၄-၅) နှစ်အရွယ်တွင် မိဘများနှင့်အတူ ရန်ကုန်မြို့ (ကန်တော်ကလေး/မင်္ဂလာတောင်ညွန့်) သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဘားမားမွတ်စလင်ကျောင်းနှင့် ရန်ဒေးရီးယားကျောင်းတို့တွင် ပညာသင်ကြားခဲ့ကာ တက္ကသိုလ်၌ ဥပဒေဘာသာရပ်ကို ဆည်းပူးခဲ့သည်။

အလုပ်အကိုင်များ -

ကျောင်းဆရာ၊ ပါကစ္စတန်သံအမတ်၏ PA၊ မြန်မာ့တပ်မတော် (လေ) နှင့် မြန်မာ့လေကြောင်း (UBA) တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။




နိုင်ငံရေးဖြတ်သန်းမှုများ -

(၁) နိုင်ငံရေးစတင်ဝင်ရောက်ခြင်း အသက် ၁၇ နှစ်တွင် စပ်ရွှေသိုက်နှင့် မဟာဒေဝီတို့၏ တိုင်းရင်းသားလူနည်းစု ဘာသာပေါင်းစုံအဖွဲ့တွင် အသက်အငယ်ဆုံး ဗဟိုအလုပ်အမှုဆောင်အဖြစ် စတင်ပါဝင်ခဲ့သည်။

(၂) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူကျောင်းသား လူငယ်များအသင်းတွင် အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

(၃) မြေအောက်လှုပ်ရှားမှုနှင့် ပထမအကြိမ် ထောင်ဒဏ် - ပြည်ချစ်အဖွဲ့နှင့် ချိတ်ဆက်၍ မြေအောက်လှုပ်ရှားမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ၁၉၇၁ ခုနှစ်တွင် လက်နက်များနှင့်အတူ ပထမအကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

(၄) ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနှင့် လှုပ်ရှားခြင်း – ၁၉၇၃ ခုနှစ် ထောင်မှလွတ်မြောက်လာပြီးနောက် ထောင်တွင်းတွေ့ဆုံခဲ့သည့် သူငယ်ချင်း ဆလိုင်းတင်မောင်ဦးနှင့် ပူးပေါင်းခဲ့သည်။ ၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းအပြီး ဦးနေဝင်းအစိုးရ၏ လိုက်လံဖမ်းဆီးခြင်းခံရသည့် ဆလိုင်းတင်မောင်ဦးအား ထိုင်းနယ်စပ်သို့ ဘေးကင်းစွာ ခေါ်ထုတ်ပေးခဲ့သည်။

(၅) ဒုတိယအကြိမ် ထောင်ဒဏ်နှင့် တော်လှန်ရေး ၁၉၇၅ ခုနှစ်တွင် ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံရကာ တစ်သက်တစ်ကျွန်း အမိန့်ချမှတ်ခံခဲ့ရသည်။ ၁၉၈၀ ပြည့်နှစ် ထောင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် KNU နှင့် ပူးပေါင်းကာ တော်လှန်ရေးလုပ်ငန်းများကို ပြန်လည်စတင်ခဲ့သည်။



(၆) KLMF တည်ထောင်ခြင်း – ၁၉၈၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကော်သူလေးမွတ်စလင် လွတ်မြောက်ရေးတပ်ဦး (KLMF) ကို ဦးဆောင်တည်ထောင်ခဲ့သည်။

ကော်သူးလေမွတ်စလင်လွတ်မြောက်ရေးတပ်ဦး (KMLF) တည်ထောင်သူ တော်လှန်ရေးခေါင်းဆောင် ဘရားသားဇိုက်ဒ် အဗ္ဗဒုလ္လာဟ် (ခ) ဦးမောင်မောင်လွင် (ခ) အာဇမ်သည် ၂၀၀၅ ခုနှစ်၊ ဇူလိုင် ၃၁ တွင် ကွယ်လွန်ခဲ့သည်။ ယနေ့ (၂၁) နှစ်ပြည့်ပြီဖြစ်သည်။


ချစ်ခင်စွာဖြင့်
အင်န်သီဖဒါ



ပုံအညွှန်း - နိုင်ငံတကာဟဂ်ျဆွေးနွေးပွဲ၊ ဘန်ကောက် ၁၉၈၃



(ကူးယူဖော်ပြသည်)

Thursday, May 28, 2026

ဗမာပြည်က မယားပြိုင်ယူကြတဲ့ မိရိုးဖလာဓလေ့

 



မယားများပြိုင်ယူတဲ့ သာစည်နယ်က သူဌေးကြီး ဦးဖိုးရှိ 


စစ်ကိုင်းတိုင်း၊ မုံရွာ၊ သာစည်နယ်မှာ "ဦးဘိုးရှိ" ဆို ခုထိ သိနေကြတုန်း။ နာမည်ကြီးနေတုန်း။ စံပြ ပြောဆိုနေရတုန်း။


အဘယ်သို့ကြောင့် ဆိုတော့...


ဦးဘိုးရှိဟာ အင်္ဂလိပ်ခေတ်တုန်းက အတော်လေး နာမည်ကြီးတဲ့ သူဌေးကြီးဖြစ်ပြီး လယ်ဧက သောင်းချီပိုင်သလို စားရင်းရှိ မယားတင် ၃၃ ယောက် ရှိသတဲ့။ မင်းတုန်းမင်းနီးနီး ပေါ့။ 


ဦးဘိုးရှိမှာ မိန်းမ အယောက် (၃၀) ကျော်ပေမဲ့ အချစ်ဦးကတော့ ဒေါ်ရံတဲ့။ ဒီလောက် မိန်းမတွေ အများကြီး ယူထားပေမဲ့ ဦးဘိုးရှိရဲ့ မိန်းမတွေဟာ သင့်မြတ်ကြတယ်တဲ့။ ဦးဘိုးရှိဟာ မိန်းမတစ်ယောက်ကို သဘောကျပြီဆိုရင် ပေါ်ပေါ်ထင်ထင် မိသားစုကို တောင်းရမ်းယူလေ့ရှိသူလည်းဖြစ်တယ်။


 မိန်းမသွားတောင်းတဲ့အခါ မိဘတွေကို ငွေကျပ် ၅၀၀ ပေးခဲ့တယ်။ အဲခေတ်နဲ့ဆိုရင် ရွှေ ၂၀ သားတန်ဖိုးရှိတယ်လို့ပြောတယ်။ ဒါတင်မဟုတ် လက်ဝတ်လက်စားအဖြစ် ရွှေလက်ကောက် ၁၀ ရံ၊ ရွှေဆွဲကြိုး ၃ ကုံး ဥဿဖရား နားကပ်ပါ ဆင်ပေးတာလို့ပြောကြတယ်။ ယူပြီး နောက်ပိုင်းလဲ စိန်တစ်ဆင်ဆာဆင်ပြီး သေချာကိုထားသတဲ့။


ဦးဘိုးရှိက သဘင်တော့ အတော်လေး ကြိုက်ပြီး သူနေတဲ့ ၃ ထပ်တိုက်ရဲ့ အောက်ဆုံးထပ်မှာ ဇာတ်စင်ကြီး ဆောက်ထားသတဲ့။ ဦးဘိုးရှိကိုယ်တိုင်လဲ အချို့ ဇာတ်တွေမှာ ဝင်ကပြလေ့ရှိတယ်သလို ကိုယ်တိုင် ရှင်ဘုရင်အဖြစ်ကပြတဲ့အခါ သဏ္ဍာန်လုပ် သရုပ်ပါလွန်းလို့ ပွဲကြည့်ပရိသတ်တွေ သိပ်သဘောကျသတဲ့။ ပြီးတော့သူတင်မဟုတ် သူ့ရဲ့ ဇနီးမယားတွေကိုလဲ ဝင်ကခိုင်းသေးတယ်။ 


ကိုလိုနီခေတ် သူဌေးဆိုတော့ ဦးဘိုးရှိမှာ ကောင်းသတင်းရှိသလို မကောင်းသတင်းတွေလည်း များပါတယ်။ သူ့အကြောင်းကို ရှိနဲ့ သူ၏ချစ်သူများဆိုပြီး စာအုပ်ရေးထားလည်းရှိပါတယ်။ 


ဦးဘိုးရှိ နေထိုင်ခဲ့တဲ့ သုံးထပ်တိုက်ကြီးက‌တော့ ယခုအခါ ဘေးအကာအရံများသာ ကျန်ရှိတော့ပေမယ့် ဒီတိုက်မြေနေရာအား ယနေ့ခေတ် လူငယ်များက အောင်မြေ နင်းသည်ဟု ယူဆကာ လာရောက်ကြည့်ရှု့မှုများလည်း ရှိကြပါတယ်။


ကဲ မုံရွာသားတွေ၊ သာစည်သားတွေ ဂုဏ်ယူရတဲ့ ဦးဘိုးရှိဆိုတာ ဒါပါပဲ ခင်ဗျာ။ ထပ်သိချင်ရင်တော့ သာစည်သားတွေ၊ မုံရွာသားတွေကို မေးကြည့်ကြပေတော့။ 


#သာစည် 

#မုံရွာ 

#ဦးဘိုးရှိ #

#komin.min45


Thursday, February 12, 2026

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)

 

ရဲအုပ် အဗ္ဗဒူလ်ဟာဒီး (၁၉၁၈-၂၀၀၄)



ရဲအုပ် ဦးဟာဒီးသည် ရိုဟင်ဂျာ၊ ရခိုင် အားလုံးက ချစ်ခင်ရိုသေလေးစားသည့် ထင်ရှားသော ရိုဟင်ဂျာအမျိုးသားတစ်ဦးဖြစ်သည်။ ပြည်သူ့လွှတ်တော်အမတ် ဦးရွှေမောင်နှင့် အထက်တန်းပြကျောင်းဆရာ ဦးခင်မောင်တို့၏ ဖခင်လည်းဖြစ်သည်။ ဘဝတသက် တိုင်းပြည်နှင့်လူမျိုးအကျိုးကို အသက်နှင့်ရင်းပြီး သယ်ပိုးခဲ့သူ တစ်ဦးဖြစ်သည်။

ဦးဟာဒီးကို မောင်တောမြို့နယ်၊ ဘော်လီဘာဇား (ကြိမ်ချောင်း) ၌ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ အဗ္ဗဒူလ်ဟာဒီး ဖြစ်သည်။ မြို့​ဟောင်းမြို့ (မြောက်ဦး) လယ်ပိုင်ရှင်သူ​ဌေးကြီး ဦး​ဇော်​ဘော်မူလုက် (စန္ဒီခါန် ဗလီဝတ်​ကျောင်း​တော်၏ ဂေါပက​ဟောင်း) ၏ သားဖြစ်သည်။ ဖခင် ဦး​ဇော်​ဘော်မူလုက်မှာ မြို့ဟောင်း ဇာတိဖြစ်ပြီး ပထမကမ္ဘာစစ်တုန်းက အစွန်းရောက်ရခိုင် ဓါးပြအချို့၏ တိုက်ခိုက်မှုကြောင့်  ဓားခုတ်ဒဏ်ရာ ခုနှစ်ချက်ဖြင့် သေဆုံးခဲ့ရှာသည်။  ထို့နောက် မိခင်ဖြစ်သူမှာ အခြားမိသားစုဝင်များနှင့်အတူ မောင်တော၊ ဘော်လီဘာဇားသို့ ခေတ္တ ရွေ့ပြောင်းလာခဲ့သည်။ ထိုကျေးရွာ၌ပင် ဦးဟာဒီးကို ဖွားမြင်ခဲ့သည်။ ဒေသအခြေအနေ ကောင်းမွန်လာသောအခါ အဗ္ဗဒူလ်ဟာဒီးသည် မိခင်၊ အဘွားတို့နှင့်အတူ မိဘဇာတိမြေ မြို့ဟောင်းသို့ ပြန်လည်သွားရောက်နေထိုင်ခဲ့သည်။

ဦးဟာဒီး၏ ဝန်ထမ်းကတ်ပြား။


အဗ္ဗဒူလ်ဟာဒီးသည် မြို့ဟောင်းမြို့နယ်၌ပင် ပညာသင်ယူ ကြီးပြင်းခဲ့သည်။ ဖခင်အား ရခိုင်လူဆိုးတို့က သတ်ဖြတ်၍ သေဆုံးခဲ့ကြောင်းကို အဖွားထံမှ သိရှိရပြီးနောက် စိတ်ထဲတွင် လူဆိုးလူမိုက် ဒုစရိုက်ကောင်များကို နှိမ်နင်းရန် အားသန်လာခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိသောအခါ ပြည်သူ့ရဲတပ်ဖွဲ့သို့ ဝင်ရောက်အမှူးထမ်းခဲ့သည်။ ရာဇဝတ်မှုဆိုင်ရာ ရဲအရာရှိ (အင်းစိန် CID လက်မှတ်ရ CPO - Criminal Police Officer) ဖြစ်လာခဲ့သည်။ မြောက်ဦးမြို့ ရဲစခန်းတွင် စတင် တာဝန်ထမ်းဆောင်၍ မြို့​ဟောင်းမြို့ရဲစခန်းက ဒု-လုံခြုံ​ရေးမှူး (ဒု-ရဲအုပ်) ဦးဟာဒီ ဟု ထင်ရှားလာခဲ့သည်။ ရခိုင်၊ ရိုဟင်ဂျာ​ မရွေ့ လူမျိုးတိုင်း ကြောက်ရွံ့ရို​သေခဲ့ကြသည်။ ၁၉၅၅ ခုတွင် မြောက်ဦးရဲစခန်းမှ စစ်​တွေ အမှတ် (၁) ရဲစခန်း (နာရီစင် ရဲစခန်း) ကို ပြောင်း​ရွေ့တာဝန်ထမ်း​ဆောင်ခဲ့သည်။ စစ်တွေမြို့၌ တာဝန်ထမ်းဆောင်နေစဥ် မြောက်ဦးမြို့ ခွဆုံဇာတိ လယ်ပိုင်ရှင် သူဌေးကြီး ဦးဟာဆောင်သီရိ၏ မြေး ဒေါ်အေးစိန် (ခ) အာဇီဇာဘေဂွမ်နှင့် ဖူးစာဆုံကာ ထိမ်းမြှားလက်ထပ်ခဲ့သည်။

ထို့ပြင် စစ်​တွေ အမှတ် (၁) ရဲစခန်းမှ မောင်​တောမြို့မရဲစခန်း​သို့ ပြောင်းရွှေ့ခဲ့သည်။ မောင်တောမြို့မရဲစခန်းတွင် တာဝန်ထမ်းဆောင်နေစဥ် ဒေသငြိမ်းချမ်းရေးအတွက် ထိပ်တန်းက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ ထိုမှတဆင့် ဘူးသီး​တောင် မြို့မရဲစခန်း​သို့ ပြောင်းရွေ့ခဲ့သည်။ ဘူးသီး​တောင်မြို့၊ မြို့မရဲတန်းလျားတွင် နောင် ပြည်သူ့လွှတ်တော်အမတ်ဖြစ်လာမည့် သား ဦးရွှေမောင်ကို မွေးဖွားခဲ့သည်။ ဘူးသီးတောင်တွင် ၇ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးနောက် ကျောက်​တော်မြို့ရဲစခန်းကို ပြောင်းရွေ့ခဲ့ပြန်သည်။ ထိုအချိန်သည် ကျောက်​တော်က အနက်​ရောင်နယ်​မြေဖြစ်သည်။ ကွန်မြူနစ်ပါတီသူပုန်​များ သောင်းကျန်းနေသည့် ခေတ်ဖြစ်သည်။ ကွန်မြူနစ်သူပုန်များကို ရွံ့ရွံချွံချွံ တိုက်ခိုက်ခဲ့ရသည်။ သူပုန်များက ရဲစခန်းကို မကြာခဏ လာတိုက်သောကြောင့် လှုံခြုံရေးတာဝန်များကိုလည်း ရဲရဲစွမ်းစွမ်း ယူခဲ့ရသည်။ ကျောက်​တော်မြို့ကို စောဖြူရွာဖွင့်ပွဲတွင် ရောက်လာခဲ့သည့် ဗိုလ်ချုပ်​စောဖြူအတွက် ဦး​ဆောင်ပြီး လုံခြုံ​ရေးတာဝန်ယူခဲ့ရသည်။

ဦးဟာဒီး နှင့် ဒေါ်အေးစိန်


၁၉၇၆ ခုနှစ်တွင် ကျောက်တော်မြို့မှ ပုဏ္ဏားကျွန်းမြို့ ရဲစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။ ဦးဟာဒီး၏ ရဲစွမ်းသတ္တိကို သက်သေပြုသည့် အဖြစ်အပျက်များစွာရှိသည်။ ယင်းထဲမှ တစ်ခုမှာ ညတစ်ညတွင် ပုဏ္ဏားကျွန်း​စျေးနားရှိ သမဝါယမဂို​ဒေါင် အ​ဖောက်ခံရသည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်နှင့်အဖွဲ့က ဖောက်သွားခြင်းဖြစ်သည်။ ဓားပြခေါင်းဆောင် ဖိုးညွန့်စိန်ကို ရဲကအစ ကြောက်၏။ အရပ်ရှည်ရှည် ခန္ဓာကိုယ်ထွားထွား၊ အသားမဲမဲ ပင်။ သူ့ကို ရဲအုပ် ဦးဟာဒီးက မီမီရရ ဖမ်းဆီးခဲ့ပြီး ရဲစခန်းထဲတွင် ချုပ်နှောင်ထားခဲ့သည်။ ၂ ရက်ခန့်ကြာ​ပြီးနောက် ကင်း​စောင့်​နေသည့် ရဲသား၏ သေနတ်လုပြီး ဖိုးညွန့်စိန် ထွက်​ပြေးသွားခဲ့သည်။ ထို့ကြောင့် ဦးဟာဒီးက အလွန် စိတ်ပူပန်ရသည်။ မြို့နယ်မှုးက ဦးဟာဒီးကို အလုပ်ဖြုတ်ခံရမည်အထိ အမှုကြီးလာခဲ့သည်။ ဦးဟာဒီးက “ကျ​နော် ဓါးပြ​ခေါင်း​ဆောင် ဖိုးညွန့်စိန်ကို ၇ ရက်အတွင်း ဖမ်း​မပေးနိုင်ပါက အလုပ်ကနေ နုတ်ထွက်ပေးမယ်” ဟု မြို့နယ်မှုးကို​ ကတိပေးခဲ့သည်။ ရဲအုပ် ဦးဟာဒီးက ရဲတပ်သား ၃ ယောက်နှင့်အတူ ဖိုးညွန့်စိန်ကို ပြန်ဖမ်းဆီးရန် ပလန်စခင်းလိုက်သည်။ နောက်​နေ့ ဦးရာဇ်​တောင်​စေတီ ဘုရားပွဲ၌ ဦးဟာဒီး  ဘုရားပွဲ​ရောက်​နေသည်ကို ဓါးပြ ဖိုးညွန့်စိန်သိ၍ ရဲအုပ်ကို ဘုရားပွဲအထိ လာပြီး နောက်က​နေ သေနတ်နှင့် ချိန်းပစ်ခဲ့သည်။ ကံ​ကောင်းထောက်မ၍ သေနတ်က မ​ဖောက်ခဲ့သောကြောင့် သေခြင်းဘေးမှ လွှတ်မြောက်ခဲ့သည်။ ရဲအုပ်က ချက်ချင်းပင် နောက်လှည့်ပြီး ဖိုးညွန့်စိန်ကို ခြောက်လုံးပြူးနှင့် ၃ ချက် ပစ်လိုက်ပြီး ဖမ်းဆီးလိုက်လေသည်။

ပုဏ္ဏားကျွန်းတွင် လူဆိုးလူမိုက်များအပြင် ကွန်မြူနစ်သူပုန်များကို နိမ်နှင်းရာတွင်လည်း ရှေ့တန်းက ရဲရဲစွန်းစွမ်း ပါဝင်ခဲ့သည်။ ကွန်မြူနစ်သူပုန်များကို ခြေရာကောက်လိုက်လံဖမ်းဆီးရာ မြို့နယ်ပါတီဥက္ကဌအိမ်​အောက်မှာ လက်နက်​များ ဖုံးဝှက်ထားတာ သတင်းအရ ရဲအုပ်ဦး​ဆောင်သည့် ရဲတပ်ဖွဲ့နှင့် NIB အမျိုးသား​ထောက်လှမ်း​ရေးအဖွဲ့ ပူး​ပေါင်းအဖွဲ့က ပါတီဥက္ကဌကိုဖမ်းပြီး သိုဝှက်ထားသည့် လက်နက်​များကို သိမ်းဆည်းနိုင်ခဲ့သဖြင့် နာမည်ကောင်းရရှိခဲ့သည်။ ဦးဟာဒီးသည် နာမည်ဆိုးနှင့် ကျော်ကြားခဲ့သော ထိုချိန်က လူဆိုးလူမိုက်များ၊ လက်နက်ကိုင်သူပုန် အများအပြားကိုလည်း တရားဥပဒေအောက် သိမ်းသွင်းကာ အညွှန့်ကျိုးသွားစေနိုင်ခဲ့သည်။

ဦးဟာဒီးအတွက် တရားဥပဒေ သာ  အမြတ်နိုးဆုံးဖြစ်သည်။ တရားဥပဒေတံမျဥ်းအား ချိုးဖောက်သူများကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ အရေးယူဆုံးမရာတွင် မိမိအသက်ကိုပင် အမူမထားဘဲ ထိပ်ဆုံးက ပါဝင်ခဲ့သူ သူရသတ္တိရှင် တစ်ဖြစ်သည်။ ရဲအုပ် ဦးဟာဒီးသည် ၁၉၇၈ ခုနှစ်တွင် အလုပ်မှ အငြိမ်းစားယူခဲ့ပြီး ဘူးသီး​တောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မေယုလမ်း၊ အိမ်အမှတ် ၆၉ သို့ ပြောင်း​ရွေ့​နေထိုင်ခဲ့သည်။ ဦးဟာဒီးသည် တိုင်းပြည်နှင့် လူမျိုးတာဝန်များကို ရဲရဲစွမ်းစွမ်း ထမ်းဆောင်ပြီး အသက် ၈၆ နှစ် ၂၀၀၄ ခုနှစ် မေလ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ မိမိ၏နေအိမ်၌ အလ္လာဟ်အမိန့်ခံယူခဲ့လေသည်။


လူထုဝဏ္ဏ
(၁၁-၂-၂၀၂၆)



ကိုးကား -
ဦးရွှေမောင်၏ ဖေ့စ်ပို့စာမျက်နှာ။


Friday, January 16, 2026

အနောက်တံခါးက ကျူးကျော် ရခိုင်ရွာသစ်များ

 
ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)


၂၀၁၈ မှာ မောင်တော ခရီးစဉ်သွားတော့ အင်းဒင်၊ ကြိမ်ချောင်း၊ ကိုးတန်ကောက် စတဲ့ ရွာတွေကို ပြန်ရောက်တယ်။ အဲ့ဒီမှာ ကိုးတန်းကောက်ရွာနားမှာ ရွာသစ်တရွာ တည်နေတာ တွေ့ရတယ်။ ပါလာတဲ့သတင်းထောက်တွေက ကားပေါ်ကဆင်းပြီး စနည်းနာကြတာပေါ့။

သွပ်မိုး ထရံကာ၊ သုံးထပ်သားကာတဲ့ အိမ်ခြေ ၂၀ လောက် အသစ်ဆောက်နေတာ တွေ့တယ်။ ဒီရွာသစ်နဲ့ မနီးမဝေးမှာတော့ မီးရှို့ခံထားရဲ့ မွတ်ဆလင်ရွာတွေ ရှိတယ်။ ဘူဒိုဇာနဲ့ထိုးပြီး ရှင်းလင်းရေးလုပ်နေတာ ရှိတယ်။

ဒီရွာသစ်ထဲ ရောက်လာကြတဲ့လူတွေက ရခိုင်လူမျိုးတွေ၊ ဒါပေမဲ့ မောင်တော စစ်တွေ ရသေ့တောင် ဒေသခံတွေ မဟုတ်ကြဘူး။ ကျနော် ဒါကို သတိထားမိတာက စကားပြောတဲ့ လေသံ။ အဲ့ဒါနဲ့ တွေ့တဲ့လူတွေကို မေးကြည့်တော့ အများစုက သံတွဲ၊ ဆင်ခေါင်းရွာဘက်က လူတွေဖြစ်နေတယ်။ တောင်နဲ့မြောက် အဝေးကြီး။

ဆင်ခေါင်းရွာဆိုတာ ၂၀၂၄ ဇွန်လတုန်းက စစ်တပ်က ဗုံးကြဲလို့ လူ အနည်းဆုံး ၆၀ ကျော် သေဆုံးခဲ့တဲ့ ငါးဖမ်းဇုန်ရှိတဲ့ ရွာကြီး။ တချို့လည်း ဂျိတ္တော၊ လင်းသာဘက်ကလူတွေပါတယ်။ ဂျိတ္တော၊ လင်းသာဆိုတာ သံတွဲ ငပလီနားက ရေလုပ်ငန်းလုပ်ကြတဲ့ ရွာကြီးတွေ။ ရောက်လာတဲ့လူအများစုက ချို့တဲ့ကြတယ်၊ ကလေးတွေကို မေးတော့ အသက် ၇ နှစ် ၈ နှစ်တွေ၊ ကျောင်းမနေဖူးကြဘူး။

ဒီလူတွေ ဘယ်လိုလုပ်ပြီး ဒီနေရာတွေကို ရောက်လာကြတာလဲ။

အစ္စရေး အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းတွေပိုင်တဲ့ မြေနေရာတွေကို ဂျူးတွေက ဝင်စီး၊ မောင်းထုတ်တာကို Fauda ဆိုတဲ့ ဇာတ်ကားထဲ ပထမဆုံး ကြည့်ဖူးတယ်။

ဒီဇာတ်ကားက ၂၀၁၅ တုန်းက စရိုက်ခဲ့တာ။ ဒီဆီးရီးကို အစ္စရေးရဲ့ ဝါဒဖြန့်ချိရေးလို့ ဝေဖန်ကြပါတယ်။ ပြောရရင် ရခိုင်မှာ တကယ့်ပြဿနာတွေ မစသေးတဲ့အချိန်ပေါ့။ အစ္စရေး-ပါလက်စတိုင်းအရေးကလည်း ခုလိုမျိုး ကမ္ဘာ့စာမျက်နှာပေါ် အုံးအုံးကြွက်ကြွက် မဖြစ်သေးဘူး။

ဒီအကြောင်း လိုက်ရှာဖတ်တော့ အဲ့ဒီလူတွေနဲ့ပတ်သက်တဲ့အကြောင်းအရာက အတော်ရှုပ်ရှုပ်ထွေးထွေး ဖတ်ရတယ်။ အစ္စရေးအစိုးရက ခွင့်ပြုထားတဲ့ နယ်မြေလုသူတွေရော၊ ခွင့်မပြုဘဲ ထင်ရားစိုင်းနေတဲ့ နယ်မြေခံတွေရော။ အမျိုးသားရေးသမားတွေက အစိုးရကို အကြပ်ကိုင်တာတွေကြောင့် ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားရေးကြားမှာ ဗျာများနေတာတွေရော စုံလို့။

ဒီ နယ်မြေလုသူတွေဟာ ခုချိန်ထိ အနောက်ဘက်ကမ်းမှာ မထူးတော့တဲ့ သတင်း၊ မထူးတော့တဲ့ အကြောင်းအရာ ဖြစ်နေပါပြီ။ ဘယ်အချိန် သတင်းဖတ်ဖတ် new settlements in west bank ဆိုတဲ့ သတင်းတွေကို အမြဲဖတ်ရဆဲပါပဲ။

ရခိုင် မောင်တောက အပြန် ဒီအကြောင်းကို Forsaken at the ‘western gate’ ဆိုပြီး Frontier Myanmar မှာ ကျနော် ဆောင်းပါးရေးခဲ့ပါတယ်။

ရခိုင်တောင်ပိုင်းက လူတွေကို မြောက်ပိုင်းက ရွာသစ်တွေဆီ ပို့တာက 'အနောက်ဘက်တံခါး ကာကွယ်ရေး' ဆိုတဲ့အဖွဲ့ပါ။ ဒီအဖွဲ့က သံတွဲ၊ ဆင်ခေါင်း၊ ဂျိတ္တော လင်းသာဘက်က ဆင်းရဲချို့တဲ့တဲ့ မိသားစုတွေကို 'အိမ်နေရာပေးမယ်၊ မြေနေရာပေးမယ်၊ စားသောက်စရိတ် ထောက်ပံ့ပေးမယ်' လို့ ကတိပေးပြီး ခေါ်ခဲ့တာ ဖြစ်ပါတယ်။ အများစုက အဲ့ဒီသတင်းကို Viber ကနေတဆင့် သိရတာလို့ ဆိုတယ်။

အဲ့ဒီတုန်းက သိရတဲ့စာရင်းအရ အိမ်ထောင်စု ၅၀ လောက်ရှိမယ်။ ထပ်လည်း လာအုန်းမယ်လို့ သူတို့က ပြောတယ်။ အားလုံး ကတိပေးပြီး ခေါ်လာပေမဲ့ ဒီရောက်တော့ လူအုပ်ကြီး ဒုက္ခရောက်ကြတယ်။ အဓိကကတော့ ဘယ်ကစပြီး လုပ်ကိုင်စားသောက်ရမှန်း မသိကြတာပါ။

ဆန်ပေးတယ်၊ ဆီးပေးတယ်၊ အိမ်ပေးတယ်ဆိုပေမဲ့ ပိုက်ဆံ တပြားမှ မရှိတော့ လှေမဝယ်နိုင်ဘူး။ လှေမရှိတော့ ရေထဲ မဆင်းနိုင်ဘူး။ နောက်ဆုံး လှေရှိရင်တောင် ရေကြောနားမလည်တော့ ဘယ်နေရာမှာ ငါးရတယ်ဆိုတာ မသိဘူး။

ရခိုင်မှာ ရွာမှာနေကြသူအများစုထဲ တော်ရုံလူက တောင်တက် မျှစ်ချိုး၊ ကြိမ်ခုတ်တော့ တတ်ကြတာချည်း။ ဒါပေမဲ့ ဒီလူအုပ်ကြီးဟာ သူ့နောက်မှာ မေယုတောင်ကြောကြီးရှိပေမဲ့ တော မကျွမ်းတော့ ဘယ်နေရာမှာ ထင်းခုတ်ရမယ်ဆိုတာတောင် မသိကြဘူး။

အဲ့ဒီတုန်းက ဝန်ကြီးချုပ် ဦးညီပုကို ကျနော် ဒီကိစ္စမေးပါတယ်။ ဒီလူအုပ်ကြီးကို ခေါ်ချလာတဲ့လူတွေကို ဘယ်သူက ခွင့်ပြုတာလဲဆိုတဲ့ကိစ္စပါ။ ဦးညီပုမှာလည်း တိကျတဲ့အဖြေ မရှိပါဘူး။

နောက်ပိုင်းတော့ ဒီလူအုပ်ကြီး သတင်း မကြားရတော့ပါဘူး။ တချို့လည်း သူ့တို့ဇာတိ ဆင်ခေါင်း ဂျိတ္တော ပြန်သွားကြတယ်လို့ ဆိုတယ်။ တချို့လည်း စစ်တွေမှာ ကျဘမ်းလုပ်နေကြတယ်ဆိုတယ်။

'အနောက်ဘက်တံခါး ကာကွယ်ရေးအဖွဲ့' အတွက်တော့ ဒီစီမံကိန်းက အထ မမြောက်လိုက်တဲ့ စီမံကိန်းတခုလို့ ဆိုမလား မပြောတတ်ပါ။ ဒါပေမဲ့ ဒီ ရခိုင် မိသားစုများစွာကတော့ အမျိုးသားရေး လှုပ်ရှားမှုတခုအောက်မှာ လူမသိ သူမသိ အသုံးချခံလိုက်ရတယ် ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။

မြတ်ကျော်သူ

ဓာတ်ပုံ - ကိုးတန်ကောက်အနီးက ရခိုင်ရွာသစ်။ (၂၀၁၈ ဇန်နဝါရီ ၇)

#January 16, 2029 (Myat Kyaw Thu's FB post)

Thursday, July 10, 2025

ခွဲထွက်ဖို့ ဆိုရာဝယ်

 

ခွဲထွက်ဖို့ ဆိုရာဝယ် 


_ လှစိုးဝေ



မြန်မာနိုင်ငံရှိ စစ်အုပ်စုသည် ပြည်သူများအပေါ် မည်မျှ အထိ ဆိုးသွမ်းရက်စက်လှသည်နှင့် ပြည်သူများက အမျိုးသားညီညွတ်ရေး အစိုးရအား မိမိတို့၏ ပြည်ထောင်စုအစိုးရအဖြစ် ထောက်ခံမှု ပေးနေကြသည် ဆိုသည်ကို နိုင်ငံတကာက သိရှိထားကြပြီး ဖြစ်သည်။

သို့သော် နိုင်ငံတကာက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ရှိ စစ်အုပ်စုနှင့်သာ ဆက်ဆံ နေကြဆဲ ဖြစ်သည်က အထင်အရှားပင် ဖြစ်သည်။

ဆိုလိုချင်သည်က တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ ၏ နိုင်ငံရေး ရည်မှန်းချက်များသည် ရှင်းလင်း ပြတ်သားဖို့ လိုအပ်လာသည်။ ခွဲထွက်ချင်သည်လား သို့မဟုတ် ဖက်ဒရယ် ပြည်ထောင်စုထဲတွင်ပင် နေချင်ကြသည်လား ဆိုသည့် ရပ်တည်ချက်ကို မကြာမီ  တိတိကျကျ ဆုံးဖြတ် သတ်မှတ်ရတော့မည် ဖြစ်သည်။

လက်ရှိ အနေအထား အတိုင်းပင် ဆွေးနွေးရမည် ဆိုက နိုင်ငံတနိုင်ငံမှ ခွဲထွက်ဖို့ နယ်မြေများ သိမ်းယူပြီးသည်နှင့် စစ်အုပ်စုထံမှ ခွဲထွက်ဖို့ တောင်းဆိုမည်၊ ခွင့်ပြုမည်လည်း မဟုတ်၊ ခွင့်မပြုဟု ဆိုက ကိုယ့်သဘောနှင့် ကိုယ် လွတ်လပ်ရေး ကြေညာမည်။

ဤနေရာတွင် ‌အောက်တွင် ဖေါ်ပြမည့် အချက်များကို သိနေရမည် ဖြစ်သည်၊ ထိုအချက်များကို တိုင်းရင်းသား တော်လှန်ရေး အဖွဲများ၏ ခေါင်းဆောင်ပိုင်းက မသိပဲ နေကြမည် မဟုတ်၊ ကောင်းစွာ သုံးသပ်ထားပြီး ဖြစ်သည်၊ သို့သော် တိုင်းရင်းသား ပြည်သူများက အလွယ်တကူ လုပ်၍ ရလိမ့်မည်ဟု ယူဆကောင်း ယူဆနေကြမည် ဖြစ်၍ အတန်ငယ် ရှင်းလင်းလိုပေသည်။

နိုင်ငံတစ်နိုင်ငံကနေ ခွဲထွက်ဖို့ဆိုသည်က ရှုပ်ထွေး‌လွန်းလှ‌သော ကိစ္စရပ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာဥပဒေအရ တိကျသေချာသည့် သတ်မှတ်ချက်များ မရှိသော်လည်း အောက်ပါအချက်များက အဓိကကျလာသည်။

* ပြည်သူလူထု၏ ဆန္ဒ (Self-Determination)
   * ပြည်သူလူထု၏ မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (right to self-determination) ဆိုသည်က နိုင်ငံတကာ ဥပဒေ ၏ အခြေခံမူတစ်ခု ဖြစ်သည်။

ဤနေရာတွင် လွတ်လပ်ရေးရဖို့ တစ်ခုတည်းသော နည်းလမ်းဟု မဆိုလို။ ကိုယ်ပိုင်အုပ်ချုပ်ခွင့် (autonomy)၊ ဖက်ဒရယ်စနစ် (federation) အစရှိသည် တို့လည်း ပါဝင်နိုင်သည်။

"ပြင်ပမှ " မိမိကံကြမ္မာကို မိမိဖန်တီးခွင့် (External Self-Determination) ဆိုသည်က ကိုလိုနီနယ်မြေတွေလိုမျိုး ပြင်းထန်စွာ ဖိနှိပ်ခံရသည့် အခြေအနေများ၊ သို့မဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အရမ်းဆိုးရွားနေသည့် အခြေအနေများတွင်သာ ခွဲထွက်ခွင့်ကို အသိအမှတ်ပြုကြလေ့ ရှိသည်။

* နိုင်ငံအသိအမှတ်ပြုခံရမှု (Recognition of Statehood)
   * နိုင်ငံသစ်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် နိုင်ငံတကာ၏ အသိအမှတ်ပြုခံရဖို့သည် မရှိမဖြစ်လိုအပ်‌ နေသည်။ ဤသည်က နိုင်ငံသစ်၏ အချုပ်အခြာအာဏာ (sovereignty)နှင့် နိုင်ငံတကာဆက်ဆံရေးမှာ ပါဝင်နိုင်မှုကို အထောက်အကူပြုနေသည့်အတွက်ကြောင့် ဖြစ်သည်။

   * နိုင်ငံသစ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရဖို့ အဓိကလိုအပ်ချက် ၄ ခု ရှိနေသည်။
     * အမြဲတမ်းနေထိုင်မည့် လူဦးရေ (Permanent population)
     * သတ်မှတ်ထားသည့် နယ်မြေ (Defined territory)
     * အစိုးရ (Government) -  နယ်မြေကို ထိန်းချုပ်နိုင်ပြီး ပြည်သူကို အုပ်ချုပ်နိုင်စွမ်းရှိမည့် အစိုးရ။
     * အခြားနိုင်ငံများနှင့် ဆက်ဆံရေး တည်ဆောက်နိုင်စွမ်း
* လက်ရှိနိုင်ငံ၏ သဘောတူညီမှု တို့ ဖြစ်သည်။

   * နိုင်ငံတစ်နိုင်ငံမှ ခွဲထွက်နိုင်ဖို့ အအောင်မြင်ဆုံးနှင့် ငြိမ်းချမ်းသည့် နည်းလမ်းသည်က လက်ရှိနိုင်ငံ၏ သဘောတူညီမှု ရရှိဖို့  ဖြစ်သည်။ ဥပမာ- ရီဖရန်ဒမ်မှ တဆင့် ပြည်သူလူထု၏ ဆန္ဒကို ကောက်ယူပြီး ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်တာမျိုး ဖြစ်သည်။

နိုင်ငံတကာဥပဒေသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ နယ်မြေပိုင်နက် တည်တံ့ခိုင်မြဲရေးကို အလေးထားသည့်အတွက် အကြမ်းဖက်မှုနှင့် ခွဲထွက်ဖို့ ကြိုးပမ်းသည်ကို နိုင်ငံတကာက လက်မခံ တတ်ကြ။

သို့သော် သမိုင်းကြောင်းအရ ပြင်းထန်တဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုများ (ဥပမာ- ကိုလိုနီပြုခံထားရခြင်း၊ လူမျိုးတုံးသတ်ဖြတ်ခံရခြင်း)ကြောင့် ခွဲထွက်ဖို့ တောင်းဆိုမှုတွေဟာ နိုင်ငံတကာမှာ ပိုပြီး အသိအမှတ်ပြုခံရနိုင်ခြေရှိသည်။

အထက်ပါ အချက်များသည် အခြေခံလိုအပ်ချက်များ ဖြစ်နေသော်လည်း လက်ရှိတွင် နိုင်ငံရေးအခြေအနေ၊ နိုင်ငံတကာ၏ ထောက်ခံမှုနှင့်  လက်ရှိနိုင်ငံ၏ တုံ့ပြန်မှုများက အရေးကြီးနေသည်။

နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲထွက်လိုက်ပြီဟု ကြေညာလိုက်ယုံ ဖြင့် နိုင်ငံဖြစ်မလာ၊ နယ်မြေပိုင်ဆိုင်မှု တိုးပွားလာပြီး ခြံစည်းရိုးခတ်အတွင်း ပစ္စည်းများ ထုခွဲ ရောင်းချတာ မျိုး ကလွဲ၍ ဒုံရင်း ဒုံရင်းသာ ဖြစ်လိမ့်မည်။

လက်ရှိတွင်ပင် နိုင်ငံတကာသည် စစ်အုပ်စုနှင့် ဆက်ဆံနေကြ၍ ၎င်းတို့ကို ကျော်ပြီး အသိအမှတ်ပြုကြမည် မဟုတ်၊ ဥပမာ တိုင်ဝမ် ကို ကြည့်မည်ဆိုက နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ဗာတီကန်ကသာ အသိအမှတ်ပြုထားသည်။ ၁၁ နိုင်ငံသည်လည်း ဝေးကွာလှသော လက်တင် အမေရိကား၊ ‌အာဖရိကနှင့် သမုဒ္ဒရာများရှိ ကျွန်းနိုင်ငံငယ်လေးများသာ ဖြစ်သည်။

နိုင်ငံအများစုက မိခင်နိုင်ငံနှင့် ဆက်ဆံမှသာ အကျိုး ပိုရှိလိမ့်မည်ကို သိထား၍ အသိအမှတ် ပြုရဲကြမည် မဟုတ်၊ ဥပမာ ဘင်္ဂလား‌‌ဒေ့ရှ်သည် အာရက္ခနိုင်ငံအား အသိအမှတ် ပြုချင်သော်လည်း စစ်အုပ်စု၏ သံတမန် အဆက်ဖြတ်ခံရမည်ကို သိနေ၍ လုပ်ရဲလိမ့်မည် မဟုတ်၊ အိန္ဒိယ အဖို့ ပို၍ပင် ဝေးပေသေးသည်။

အလားတူပင် တရုတ်နှင့် ထိစပ်နေသော ဒေသများသည်လည်း အသိအမှတ် ပြုခံရလိမ့်မည် မဟုတ်၊ ကုလသမဂ္ဂ တွင် နိုင်ငံအဖြစ် ဝင်ခွင့်ရဖို့ ဆိုသည်က အိမ်မက်ထဲတွင် ပင် ရှိနေဦးမည်သာ ဖြစ်သည်။

မြန်မာအရေးတွင် ဒေသတခုထဲတွင် လူမျိူးစု တမျိုး တည်း ရှိနေကြသည် မဟုတ်၊ ရခိုင်ပြည်တွင် ချင်း၊ ဗမာ၊ ရိုဟင်ဂျာများ ရှိနေကြသလို၊ ရှမ်းပြည်တွင်လည်း ကချင်၊ တအာင်း၊ ကရင်နီ၊ ပအို့ အစရှိသဖြင့် အမျိုးမျိုး ကွဲထွက်နေသည်၊ ၎င်းတို့အားလုံး၏ သဘောတူညီချက် ရဖို့ မလွယ်။ ဖက်ဒရယ်ပင် ခွင့်မပြုသည့် စစ်အုပ်စုမှလည်း နိုင်ငံတကာမှ နိုင်ငံအဖြစ် အသိအမှတ် မပြုသရွေ့ ကာလပတ်လုံး  ပြန်၍ သိမ်းပိုက်နိုင်ဖို့ အမြဲလို ကြိုးစား‌နေမည်သာ ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များကိုလည်း အပြည်ပြည် ဆိုင်ရာမှ စစ်ဘုရင် warlords များ အဖြစ်သာ သဘောထားနေကြမည် ဖြစ်သည်။

ဤသည်ကို တိုင်းရင်းသားအားလုံး သိထားသင့်သည့် အချက်များပင် ဖြစ်သည်။

ထို့အတွက် စစ်အာဏာရှင်များအား နေပြည်တော်မှ အရင် မောင်းထုတ်ပြီး ဗိုလ်ချုပ် သဘောတူ လက်မှတ် ရေးထိုးထားသည့် ပင်လုံစာချုပ်ကို အခြေခံကာ လူထု ကိုယ်စားပြုခံရသည့် အစိုးရမျိုးနှင့် စေ့စပ်ဆွေးနွေးကြရမည်သာ ဖြစ်သည်၊ မိမိတို့နှင့်အတူ ဆိုးတူကောင်းဖက် လက်တွဲ တိုက်ပွဲဝင်လာသူများကို တန်းတူရည်တူ ဆက်ဆံကြမည်သာ ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံသည် တိုင်းရင်းသားများ၏ ဆန္ဒ ကို မသိပဲ နေမည်မဟုတ်၊ စစ်အုပ်စုအတွက် အကြောင်းပြချက် ကောင်းကောင်းဖြင့် အာဏာသိမ်းခံရမည် စိုး၍ workaround policy ဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံခေါ်ယူ၍ သဘောထား တီးခေါက်နေခြင်းသာ ဖြစ်သည်။

ယခု ဖြစ်နေပုံသည် လွတ်လပ်ရေးရပြီးကထဲက ဖက်ဆစ် ဝါဒ ရိုက်သွင်းခံထားရသော စစ်တပ်၏ တိုင်းရင်းသား များအပေါ် နှစ်ပေါင်း ၇၀ ကျော်ကျူးလွန်ခဲ့သော ပြစ်မှု များအတွက် အမျိုးသား ညီညွတ်ရေး အစိုးရအား အညိုးထား ဆက်ဆံနေကြသလို ဖြစ်နေသည်ဟု NUG မှ တာဝန်ရှိသူ တဦးက ငြည်းတွားခဲ့ဖူးသည်။

ထိုသို့ အညိုးထားနေကြမည့်အစား ပြည်ထောင်စု ညွှန်ပေါင်း ဗဟိုအစိုးရ ပုံစံမျိုးနှင့် တန်းတူရည်တူ ဖွဲ့စည်းကာ ကျောချင်းကပ်၊ ရင်ချင်းကပ် ရှိနေမည် ဆိုက နိုင်ငံတကာ၏ လေးစားမှု ရရှိမည့်အပြင် တရုတ်၏ စစ်ဘုရင်များအလား သဘောထားကာ ဟိုအဖွဲ့ ခေါ် ဒီအဖွဲ့ ခေါ် ချော့လိုက် ချောက်လိုက် အလုပ်ခံရတော့မည် မဟုတ်၊ အားလုံးသည် ပြည်ထောင်စု ကိုယ်စားပြု အစိုးရအနေဖြင့် တန်းတူရည်တူ ဆွေးနွေးခွင့်ရလာမည် ဖြစ်သည်။

ထိုသို့ ဖြစ်လာမည်ကို စစ်အုပ်စုအဖို့ အကြောက်ဆုံးပင် ဖြစ်သည်၊ ရန်သူ၏ အကြောက်ဆုံး လက်နက်သည် လေယာဉ်ပစ် လက်နက်များ ပိုင်ဆိုင်သွားမည့် အရေး မဟုတ်။

တိုင်းရင်းသား ပြည်သူများ ဓါးတောင်ကို ကျော်ကာ မီးပင်လယ်ကို ဖြတ်မည်အထိ စိတ်ပိုင်းဖြတ်ပြီး တစုတစည်းတည်း ညီညွတ်လာကြမည့်အရေးကို အာဏာရှင် မှန်သမျှ သေမလောက် ကြောက်ရွံ့ခဲ့ကြသည်ချည်းသာ ဖြစ်သည်။ ထို့အတွက်လည်း နည်းမျိုးစုံ သွေးခွဲခြင်း၊ ဖိနှိပ်ခြင်းများဖြင့် ကာကွယ်ရစမြဲလည်း ဖြစ်သည်။

ရန်သူ အကြောက်ဆုံး လက်နက်ကို ထုတ်သုံးဖို့ အဘယ်ကြောင့် တွေဝေနေကြရသနည်း။

ပြည်သူတို့၏ စည်းလုံး ညီညွတ်မှု အားဖြင့် ဆင်နွဲနေသော ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!


Thursday, August 15, 2024

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"

 



"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား"


လူသေအလောင်းပုံ ရာချီထဲမှာ အသက်ငင်နေသူ အမျိုးသမီးတစ်ဦး၏တောင်းပန်သံ၊ ညည်းသံဖြစ်ပါသည်။ လွန်ခဲ့သော ဩဂုတ်လ ၅ ရက်နေ့၊ မောင်တောမြို့ပေါ်က အသက်လုထွက်ပြေးလာခဲ့သော ရိုဟင်ဂျာများ စုဝေးခိုလှုံရာ ခြံစည်းရိုးအနီး နတ်မြစ်ကမ်းစပ်တွင် ဖြစ်သည်။ 

မိမိ၏ရပ်ရွာတွင် ရှော့တိုက်ဒုံးများ၊ ဒရုန်းဗုံးများဖြင့် တရစပ် တိုက်ခိုက်ခံနေရ၍ ရပ်ရွာထဲ၌ အသက်ရှင် နေနိုင်ရန် အခွင့်အလမ်း နည်းပါးနေသဖြင့် မြို့ပေါ်က ရိုဟင်ဂျာများသည် လယ်ဟာပြင်နေရာလည်း ဖြစ်၊ အခြေအနေမဟန်ခဲ့လျှင် တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံကို ချက်ချင်းကူးနိုင်ရန် အဆင်ပြေမည့် နေရာလည်းဖြစ်သည့် ကမ်းစပ်နေရာလေးမှာ အသက်လုပြေးလာကာ စုဝေးနေခဲ့ခြင်း ဖြစ်သည်။

အသက်ရှင်သန်ခွင့်ရရေး ရည်မှန်းချက်ဖြင့် ထွက်လာခဲ့သော်လည်း အသက်အန္တရယ်ကင်းမည်ဟု ယုံကြည်ခဲ့သော နေရာသည်ပင် သူတို့အတွက် လူသတ်ကွင်း ဖြစ်လာခဲ့၏။

ညနေ ၅ နာရီခွဲခန့်၌ မြောက်အရပ် ရွှေဇားကျေးရွာမှ ပျံသန်းလာခဲ့သော ဒရုန်းတစ်စင်းသည် လူစုလူဝေးတို့၏ အပေါ်၌ ဝဲနေရာ လူအုပ်စုသည် လှုပ်လှုပ်ရွရွ ဖြစ်လာခဲ့သည်။ ထိုဒရုန်း မြောက်အရပ်သို့ ပြန်သွားပြီး ခဏအကြာမှာပင် နောက်ထပ် ဒရုန်းနှစ်စင်း ရောက်လာခဲ့၏။ လူတိုင်း၏မျက်နှာသည် ကြောက်ရွံ့မှုဖြင့် ဖုံးလွှမ်းနေပြီ။ ရင်တဒိတ်ဒိတ်။ 

"ဒိုင်း... ဒုန်း.... ဒုန်း... ဒိုင်း" 

ပေါက်ကွဲသံများ အဆက်မပြတ်။ လူအုပ်သည် ဝရုန်းသုန်းကား။ ဟိုပြေးသည်ပြေး။ ဦးတည်ရာမဲ့။ အချို့သည် ကုန်းဘက်သို့ ပြေးထွက်။ အချို့သည် မြစ်ရေထဲသို့ ခုန်ချ။ အချို့မှာ ပြေးခွင့်မသာဘဲ အခင်းနေရာမှာတင် လဲကျလူးလိမ့်နေလျက်။ မိဘက သားသမီး မရှာအား။ သားသမီးက မိဘ မရှာအား။ ပြေးချင်တာ ပြေးသွား။ ဘယ်သူဘယ်ရောက်နေမှန်းမသိ။ တကယ်ပင် ကမ္ဘာပျက်သည့်အလား။

ဒရုန်း နောက်ထပ်ဘယ်နှစင်း ရောက်လာခဲ့သလဲ။ ပေါက်ကွဲသံများ ဘာလို့ မနားတမ်း ဟိန်းနေတာပါလိမ့်။

သေနတ်ပစ်ခတ်သံများရော ဘယ်အရပ်က ထွက်လာတာပါလိမ့်။

အမိုးအကာ မရှိသောနေရာ။ ထောင်ချီသော အရပ်သားသက်သက် လာစုဝေးခဲ့သောနေရာ။ သည်လိုနေရာမျိုးကို တစ်ခုခု ပစ်ခတ်ဖို့ ဘယ်လက်နက်ကိုင်အဖွဲ့ဖြစ်ဖြစ် ရှောင်ရှားမည်ဟု ယုံကြည်ခဲ့သော်ငြားလည်း လက်တွေ့မှာ ဖြစ်မလာခဲ့ပေ။ 

ဘေးကင်းမည့်ဟု ရွေးချယ်ခဲ့သော ထိုနေရာသည်ပင် ယခုတော့ ပေါက်ကွဲသံ၊ လူအုပ် အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံများဖြင့် ပြည့်နှက်နေလေ၏။ အော်သံများထဲတွင် ''လူထောင်ချီ ပါသွားပြီဟေ့။....  ငါ့အမေ အသတ်ခံလိုက်ရပြီ။....  ဟိုလူ့မိသားစု အကုန် ထိကုန်ပြီကွာ။....  ငါ့မိသားစု ရှာမရတော့ဘူး။" စသော စသော အသံများ။ နားမချမ်းဖွယ်ပင်။

နေမင်းသည် နတ်မြစ်ကို ကျောခိုင်း၍ အနောက်ဘက်သို့ တိမ်မြုပ်သွား၏။ အမှောင်ထုဖုံးလွှမ်းနေသည့် ထိုနေရာတစ်ဝိုက်မှာမူ​ပေါက်ကွဲသံ၊ အော်သံ၊ ဟစ်သံ၊ ငိုသံ၊ ညည်းသံတို့မှာ အချိန်အတော်ကြာကြာပင် မတိတ်မဆိတ် ဆူညံလို့နေခဲ့၏။


(၂) 

အချိန်ကား ည ၃ နာရီ။ ပေါက်ကွဲသံများ မကြားရသော်လည်း ငိုသံနှင့်ညည်းသံတို့မှာမူ ကြားနေရဆဲပင်။ ပင်လယ်ကမ်းစပ်နား ခြံစည်းရိုးတစ်ဝိုက်က လူများ၏ တိုးတိုးတိတ်တိတ်နှင့် ပြောဆို​နေသံကိုလည်း အမှောင်ထုက ဖုံးလွှမ်းနိုင်စွမ်းမရှိ။ အချို့က လက်နက်ထိမှန်၍ ခန္ဓာကိုယ် ပုံပန်းပျက်သွားသော မိမိ၏မိသားစုဝင်များအနီးတွင် ယိုင်လဲ ငိုကြွေးလျက်။ အချို့ကမူ မသေဘဲ အသက်ငင်နေသူကို ဘာအကူအညီမှ မပေးနိုင်၍ ဖက်ထားရင်း ငိုကြွေးလျက်။ အချို့ကမူ ဒဏ်ရာရ မိသားစုဝင်များကို စက်လှေပေါ်တင်ပေးနိုင်ရန် ဟိုပြေးသည်ပြေးလုပ်နေလျက်။ 

ရဟိမ်းတို့မိသားစုသည် ကံကောင်းထောက်မစွာ အသက်ဆုံးရှုံးမှု မဖြစ်ခဲ့သော်လည်း သည်မွေးမြေမှာ မနက်ဖြန်အထိ နေထိုင်ရန်မှာ အသက်အာမခံချက်မရှိကြောင်း ခံစားလာ၏။ ထို့ကြောင့် ရက်မကူးဘဲ သည်ညမှာပင် တစ်ဘက်နိုင်ငံသို့ ကူးသွားနိုင်ရန် လှေငယ်တစ်စီး စီစဉ်လိုက်သည်။ 

ည ၃ နာရီခွဲသို့ရောက်လျှင် ရဟိမ်းတို့မိသားစုသည် ညအမှောင်ထုတွင် ကမ်းစပ်ကို ရင်တဒိတ်ဒိတ်နှင့် ရောက်လို့လာခဲ့သည်။ ကမ်းစပ်ကိုလာရာ လမ်းတစ်လျှောက်မှာ လူသေအလောင်းများ ထူထပ်နေလျက်။ လူသေအလောင်များကြားတွင် မသေဘဲ အသက်ငင်နေသူများ။ 

- "ကျွန်မကို ရေ နဲနဲလောက် တိုက်ပါလား"

- "သားရေ ဘယ်ရောက်နေတာလဲ... အမေ သေတော့မယ်"

- "အို့... အား ... အင်း...'' စသော အကူအညီတောင်းသံ၊ ညည်းနေသံတို့ကို ကြားရသော်လည်း ရဟိမ်းတို့မှာ လှည့်မကြည့်အားပေ။ သည်နေရာလေးကို ရနိုင်သမျှ​ခပ်မြန်မြန် ကျော်ဖြတ်ခဲ့ရလေ၏။

ရခိုင်သုသာန်အလွန် ပုစွန်ကန်တာတစ်ခုကို ကျော်ဖြတ်နေခိုက် ခြေချစရာ နေရာမရှိ။ တာတစ်လျှောက် လူသေအလောင်းများသာ ပြည့်နှက်နေ၏။ ရဟိမ်းတို့သည် ထိုတာကို​ဖြတ်၍လာနေချိန် လူသေအလောင်းများကို တစ်ခါတစ်ခါ နင်း၍ ဖြတ်နေရသည်။ ထိုအချိန်တွင် တာပေါ်မှာ လဲလျောင်းနေသော အမျိုးသမီး​ကြီးတစ်ဦးသည် အတော်အားယူ၍ပြောသော အသံမျိုးဖြင့် - 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူ၍ ပြောလိုက်သည်ကို ကြားရလျှင် ရဟိမ်း၏ နှလုံးသားမှာ တစ်စစီအက်ကွဲသွားလေ၏။

သို့သော်လည်း ရဟိမ်းသည် မိသားစုနှင့်အတူ လှေဆိုက်နေရာ ကမ်းစပ်သို့သာ အမြန်သွားရတော့မည်။ နတ်မြစ်ရေပြင်မှ ရောင်ပြန်ဟပ်နေ​သော အလင်းကိုသာ အားကိုး၍ လျှောက်လာရတော့သည့်အခါ မိမိ၏ ခန္ဓကိုယ်ပင် မနည်းပြန်ထိန်းနေရသည်။ ထိုအခိုက်မျိုးမှာ မည်သူ့ကို ရဟိမ်းကူညီနိုင်မည်နည်း။ နောက်ပြီး လက်နက်ကြီးများ မည်သည့်အချိန်၌ လာပေါက်ကွဲမည်ကိုလည်း မည်သူမှ မသိနိုင်။ အလွန်ပင် အန္တရာယ်များနေသော နေရာလေးမှာ ရဟိမ်းတို့မိသားစု ကြာကြာမနေချင်တော့ပေ။

သုသာန်အလွန်က ပုစွန်ကန်တာမှ လျှောက်လာကာ ရဟိမ်းတို့သည် ခြံစည်းရိုးအထိ ရောက်လာသည်။ ခြံစည်းရိုးကိုကျော်လျှင် ကမ်းစပ်ကို ရောက်သည်ပင်။

ကမ်းစပ်ကို ဖြတ်ပြီး လှေပေါ် တက်ထိုင်ပြီးမှသာ ရဟိမ်းတို့ ခဏလောက် စိတ်သက်သာရလေသည်။ သို့သော် ရဟိမ်း၏နားထဲတွင်မူ... 

"ကျွန်မ မသေသေးပါဘူး။ ကျွန်မကို နင်းမသွားပါနဲ့လား" ဟူသော အမျိုးသမီးကြီး၏ အသံမှာ ထပ်ခါထပ်ခါ ပဲ့တင်ထပ်လို့နေလေ၏။ 

မသေသေးပါဘူးဟု အားယူ၍ ပြောခဲ့သော အမျိုးသမီးသည် တစ်စုံတစ်ဦး၏အကူအညီဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံကိုရောက်၍ ဆေးကုသခွင့်ရနေသလား။ တကယ်ပင် မသေဘဲ အသက်ရှင်ခဲ့သလား။ ကူသူပေါ်မလာ၍ လူရာချီတို့နှင့်အတူ ထာဝရအတွက် အိပ်ပျော်သွားခဲ့သလား။ မနက်အထိ အသက်ရှင်၍ မိသားစုဝင်တစ်ဦးဦးနှင့် ပြန်တွေ့ခွင့်ရခဲ့သလား။ 


ရဟိမ်း၏အတွေး၌ ''သလား'' ပေါင်းများစွာ ....။ 


RYanLinn 


[ဩဂုတ်လ ၅ ရက်နေ့၊ အေအေ၏ဒရုန်းလက်နက်၊ ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ၍ နတ်မြစ်ကမ်းစပ်အနီး အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရသည့်ဖြစ်စဉ်ကို ဩဂုတ်လ ၆ ရက်နေ့ မနက် သွားရောက်ရိုက်ကူးခဲ့သည့် ဗီဒီယိုမှတ်တမ်းထဲက တစ်ခုဖြစ်ပါသည်။]



Friday, June 21, 2024

ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄) ကွယ်လွန်

မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်မှူး ဦးချစ်သိန်း (၁၉၆၆-၂၀၂၄)ကွယ်လွန်

ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း ကြိမ်ချောင်း တိုက်နယ်စာတိုက်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော စာတိုက်မှူး ဦးချစ်သိန်းသည် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက် ည ၃း၃၀ နာရီခန့်တွင် ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားကြောင်း သိရှိရသည်။ 

စာတိုက်မှူး ဦးချစ်သိန်း(ခ) ဖောဇလုလ်အဟ်မတ်သည် စံပ္ပာယ်ကုံးကျေးရွာ ဇာတိ ဦးအာရောဖ်သျှောင်ဒရီ၏ ဒုတိယမြောက်သား ဖြစ်သည်။ မကြာမီက ကွယ်လွန်သွားခဲ့သော ဆရာဦးမောင်ဖြူ၏ အစ်ကိုရင်းလည်းဖြစ်သည်။ ယခင်က စစ်တွေ ပြည်နယ်စာတိုက်မှူးဟောင်း၏ သမက်လည်းဖြစ်သည်။ 

၂၀၁၇ တွင် အကြမ်းဖက်စစ်တပ်နှင့် အစွန်းရောက်မျိုးချစ်အဖွဲ့တို့၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် နေရပ်စွန့်ခွာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှတွင် ထွက်ပြေး ခိုလှုံခဲ့ခြင်းဖြစ်သည်။ အမိမြန်မာပြည်သို့ အိမ်ပြန်လာခွင့်မရဘဲ ဒုက္ခသည်စခန်း၌ ကွယ်လွန်သွားရှာသည်။ 

စာတိုက်မှူး ဦးချစ်သိန်းသည် နှစ်ပေါင်း ၃၀ နီးပါး အစိုးရတာဝန်ထမ်းဆောင်ကာ တိုင်းပြည်နှင့်ပြည်သူအကျိုးကို ရိုသားဖြောင့်မတ်စွာ ဆောင်ရွက်ခဲ့သည်။

စာတိုက်မှူးကွယ်လွန်သည့်အချိန်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက် ချန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၅၈ နှစ် ရှိသည်။ စာတိုက်မှူး ဦးချစ်သိန်း ကွယ်လွန်ခဲ့ခြင်းအပေါ် MDN ဝိုင်းတော်သားများသည် စာတိုက်မှူး ဦးချစ်သိန်း၏ မိသားစုနှင့်ထပ်တူ ဝမ်နည်းကြေကွဲရသည်။

Sunday, June 16, 2024

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ ကွယ်လွန်

မောင်တောမြို့ အမှတ်(၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူ (၁၉၇၀-၂၀၂၄)ကွယ်လွန် 

ဇွန်လ ၁၇ ရက်၊ ၂၀၂၄။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့ အမှတ် (၂) အထက်တန်းကျောင်း၏ ဝါရင့်ကျောင်းဆရာ ဆရာဦးမောင်ဖြူသည် ဇွန်လ ၁၆ ရက် စနေနေ့ ည ၆း၄၀ နာရီခန့်တွင် မောင်တောမြို့ အမှတ် (၂) ရပ်ကွက် ဖေဇီရွာတွင်ရှိသော နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။ 

ဆရာဦးမောင်ဖြူ (ခ) ဖေါ်ယာဇုလ်ကော်ဘိရ်သည် ဦးအာရဖ်ချောင်ဒရီ၏ စတုတ္ထမြောက်သားဖြစ်ပြီး စာတိုက်မှူး ဦးချစ်သိန်း၏ ညီအရင်းဖြစ်သည်။ ဆရာ၏ ဇာတိမှာ မောင်တောမြောက်ပိုင်း စံပ္ပာယ်ကုံးကျေးရွာဖြစ်ပြီး ထင်ရှားသော ကာဇီမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်သည်။ ဆရာဦးမောင်ဖြူ၏ အကြီးဆုံး အစ်ကိုမှာလည်း ကျောင်းဆရာတာဝန် ထမ်းဆောင်နေစဉ်ကာလအတွင်းမှာပင် မီးလောင်မှုတစ်ခု၌ အသက်ဆုံးရှုံးခဲ့ရသူဖြစ်သည်။ ဆရာ၏ ညီအစ်ကို အားလုံးမှာ အစိုးရဝန်ထမ်းများဖြစ်ကြပြီး ကျရာတာဝန်ကို သစ္စာရှိရှိ ကျေပွန်ခဲ့သူများဖြစ်သည်။ 

ဆရာဦးမောင်ဖြူသည် တောင်ပြိုအလယ်တန်းကျောင်း၊ ကြိမ်ချောင်းအထက်တန်းကျောင်း၊ မောင်တော အထကကျောင်း စသော ကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မောင်တော အမှတ် (၂) အထက်တန်းကျောင်းတွင် နှစ်ပေါင်း ၂၀ ခန့် နှစ်ရှည် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ကွယ်လွန်သည့်အချိန်အထိ ထောင်ပေါင်းများစွာသော ပညာရည်ထူးချွန်သည့် ကျောင်းသားကျောင်းသူများကို မွေးထုတ်ပေးခဲ့သော ကျေးဇူးရှင်လည်းဖြစ်သည်။

လက်ရှိတိုက်ပွဲကာလအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့်  ကျန်းမာရေးဌာန ဆေးရုံဆေးခႏ်းများ ပိတ်ထားခံရမှုစသော အခက်အခဲများကြောင့် ပုံမှန်ဆေးကူးသခံယူခွင့်မရရှိ၍ ကံမကောင်းစွာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း မောင်တောမြို့ခံ ဆရာ၏ တပည့်အရင်းတစ်ဦးက ပြောသည်။

ဆရာဦးမောင်ဖြူ ကွယ်လွန်သည့်အချိန်တွင် အသက် ၅၄ နှစ်ရှိပြီး သား ၂ ယောက်နှင့် သမီး ၁ ယောက် ချန်ရစ်ခဲ့သည်။ ဆရာ့တပည့်အပေါင်းများနှင့် ချစ်သောဆွေမျိုးမိတ်သင်္ဂဟများသည် အချိန်စောစွာ ကြွေလွင့်ခဲ့ရသော ချစ်ဆရာအတွက် ဝမ်းနည်းကြေကွဲရပါသည်။ ဆရာ ဆောင်ရွက်ခဲ့သမျှ ကောင်းမှုစေတနာများကြောင့် တမန်လွန်ဘဝတွင် မြင့်မြတ်သောအစား ရရှိတော်မူပါစေ။ 

ဆရာ၏ ဂျနာဇာနမာစ် ဝတ်ပြုမှုကို မနက်ဖြန် ၂၀၂၄ ခု ဇွန်လ ၁၇ ရက် တနင်္လာနေ့ နံနက် ၁၀ နာရီတွင် မောင်တောမြို့၊ အမှတ်(၂) ရပ်ကွက်၊ ဖေဇီရွာ ဗလီကြီးသင်္ချိုင်းတွင် ဝတ်ပြုပြီး နောက်ဆုံး နှုတ်ခွန်းဆက်သမည်ဖြစ်ပါကြောင်း အသိပေးအပ်လိုပါသည်။

Tuesday, February 13, 2024

ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး ဓားထိုးသတ်ဖြတ်ခံရ


ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးအောင်ဇော်ဝင်း၏ ဇနီး မိမိ၏ ဟိုတယ်အတွင်း၌ ဓားထိုးသတ်ဖြတ်ခံရ


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ Esperado Hotel တွင် ယင်းဟိုတယ် ပိုင်ရှင်၏ ဇနီးဖြစ်သူ ဓါးဖြင့် ထိုးသတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာ လမ်းထောင့်ရှိ Esperado Hotel ၏ (၃)လွှာရှိ အခန်းတွင် ယနေ့ ဖေဖော်ဝါရီ (၁၃) ရက် နံနက် အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ ဒေါ်သန်းသန်းဦး (ခ)ဟာဂျီမ မိုင်မွန်နာဘီအား နံနက် (၈) နာရီအချိန်ခွဲ အချိန်ခန့်က ဟိုတယ် (၃) လွှာရှိ အခန်းအတွင်း၌ ကျောပြင် ဓါးဒဏ်ရာ (၅)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ပျံ့နှံ့နေသည့်သတင်းများအရ သိရသည်။ ဒေါ်သန်းသန်းဦးသည် ရှိုင်းဆောက်လုပ်ရေးနှင့် Eperado ဟိုတယ်၏  မန်နေဂျင် ဒါရိုက်တာလည်းဖြစ်သည်။ 

သေဆုံးသူ၏ သားဖြစ်သူမှ မိခင်ဖြစ်သူအခန်းအတွင်းမှထွက်မလာ၍ ဖုန်းခေါ်ရာ မကိုင်သဖြင့် အခန်းတံခါးအားဖွင့်၍ ဝင်ရောက်ကြည့်ရှုရာ မိခင်ဖြစ်သူမှာ ဓါးဒဏ်ရာများဖြင့် ကြမ်းပြင်တွင် လဲကျအသက် ဆုံးရှုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ Hotel ရှိ CCTV မှတ်တမ်းများအား ပြန်လည်စစ်ဆေးကြည့်ရာ ပြစ်မှုကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ကျူးလွန်သူမှာ လွန်ခဲ့သည့် (၃) လဝန်းကျင်က အလုပ်ထုတ်ခံခဲ့ရသည့် ယင်းဟိုတယ်မှ ဝန်ထမ်းဟောင်း ဖြစ်သည်ဟု ယူဆရကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ Hotel တာဝန်ရှိသူများထံ ဆက်သွယ်စုံစမ်းရန် ကြိုးစားကြည့်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

အသက်ဆုံးရှုံးခဲ့ရသူ ဦးမိုဟာမ္မဒ်အယုဖ် (ခ) ဦးမောင်စိန်၏ သမီးကြီး အသက် (၅၈) နှစ်အရွယ်ရှိ ဒေါ်သန်းသန်းဦး (ခ) ဟာဂျီမမိုင်မွန်နာဘီအား ယနေ့ ဖေဖော်ဝါရီ (၁၃)ရက်၊ ညနေပိုင်းတွင် ရေဝေးကဗရ်စဿန်၌ ဂျနာဇတ်ဆွလာသ်ဝတ်ပြုပြီး ဒဖ်နာပြုလုပ်မညိုဖြစ်ကြောင်း နီးစပ်ရာမွတ်စ်လင်မ် အသိုင်းအဝိုင်းများထံမှ သိရသည်။


#crd:

Friday, February 9, 2024

တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး

 






တောင်ပြိုတိုက်ပွဲနှင့် ဝါဒဖြန့်အကွက်ကြီး


၂၀၂၄ ခု ဖေဖော်ဝါရီလ ၆ ရက် နေ့မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်စခန်းနှစ်ခု ကျသွားခဲ့တဲ့ သတင်းကတော့ နောက်ထပ် တော်လှန်ရေး အောင်ပွဲတစ်လှမ်းပါပဲ။ တစ်ပြည်လုံးရဲ့ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်အုပ်စု ယိုယွင်းပျက်စီးလာနေတာကို တစ်ဆက်တည်း ကြားနေရလို့ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ ဒါပေမဲ့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချသလို အကြမ်းဖက်စစ်ကောင်စီကို ချေမုန်းနေတာနှင့်တစ်ပြိုင်တည်း လူမျိုးမတူဘာသာမတူ အဖိနှိပ်ခံရိုဟင်ဂျာကိုပါ ရန်သူလိုသဘောထားကာ ထည့်ညှပ်ချေမုန်းလိုချင်တဲ့ စိတ်ဓာတ်ကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ 

အာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတစ်ခု ရရှိဖို့အတွက် ပြည်သူအားလုံး အသက်နဲ့ ဘဝနဲ့ရင်းနှီးပြီး တိုက်ပွဲဝင်နေတဲ့ကာလမှာ ဒီလိုမျိုး မဟုတ်မမှန် သွေးတိုးလှုံဆော်မှုဟာ ဖြောင့်မှန်တဲ့လမ်းစဉ်မဟုတ်ဘူးလို့ ယူဆပါတယ်။ ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲများ ဖြစ်လာကတည်းကစလို့ ရခိုင်စသော အခြားလူမျိုးများနည်းတူ ရိုဟင်ဂျာလူမျိုးတွေကလည်း တိုက်ပွဲဘေးဒဏ်တွေကို ခါးခါးသီးသီး ခံနေရပါတယ်။ အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့ရိုဟင်ဂျာများက အသက်ပေါင်းများစွာပေးဆပ်နေရတယ်။ ဒါပေမဲ့ အင်မတန် ခက်ခဲတဲ့အချိန်တစ်ခုကို ပြည်သူအားလုံး တညီတညွှတ် ရဲရဲရင့်ရင့် ဖြတ်သန်းနေရတာပဲလို့ ခံယူပါတယ်။ အေးအတူ၊ ပူအမျှပေါ့။

ဖေဖော်ဝါရီလ (၇) ရက် ရက်စွဲပါ အေအေတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် ရိုဟင်ဂျာတွေအပေါ် အမြင်ကပ် ထပ်မံအမုန်းတရားဖွားလာအောင် တမင်စွပ်စွဲထားခြင်းတွေကိုတော့ အတိအလင်း တွေ့နေရတယ်။ ဒါကတော့ မရိုးသားဘူးလို့ ပြောလိုပါတယ်။ 

- ဒီသတင်းထုတ်ပြန်ချက်မှာတော့ ပထမဆုံး ထောက်ပြချင်တဲ့အချက်ကတော့ "ဘင်္ဂလီလက်နက်ကိုင်အဖွဲ့" လို့ သုံးနှုန်းသွားတဲ့ အသုံးပါပဲ။

ဒါကတော့ တစ်နေ့ထက်တစ်နေ့ အင်အားကြီးထွားနေတဲ့ အေအေတပ်တော်က အသာစီးရနေချိန်မှာ တစ်ဖက်လူမျိုးကို တမင်နှိပ်နှိမ့်သုံးနှုန်းနေတာက အင်မတန် စိတ်ဓာတ်အောက်တန်းကျနေတယ်လို့ ပြောလို့ရပါတယ်။ ဒါက ရိုဟင်ဂျာလူမျိုးရဲ့ မွေးရာပါ အိုင်ဒင်းတီတီကို စော်ကားရာ ရောက်တာမို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ လူမျိုးတစ်မျိုးက မခံယူလိုတဲ့ နာမည်တစ်ခုကို ပြန်လည်အသက်သွင်းလာအောင် ကြိုးပမ်းခြင်းက မီဒီယာကျင့်ဝတ်နဲ့လဲ မညီညွတ်သလို ကျော့သားရင်သား မခွဲခြားဘဲ အဓမ္မကို တော်လှန်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှုလဲ မဟုတ်ပါဘူး။ နိုင်ငံတကာဥပဒေနဲ့လဲ ဆန့်ကျင်ရာရောက်တယ်။ အစွန့်ရောက်မျိုးချစ်စိတ်ဓာတ်သန်လာပြီလားလို့ တွေးစရာ။ အကြမ်းဖက်စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဘယ်ခွာခြားနေလို့လဲ။ 

- တောင်ပြိုတိုက်ပွဲမှာ ရိုဟင်ဂျာလက်နက်ကိုင်တပ်တွေဟာ စကစနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်က အခြေအမြစ်မရှိတဲ့ စွပ်စွဲချက် သက်သက်ပါပဲ။

ဒါက ရိုဟင်ဂျာတွေကို ကမ္ဘာအလယ်တွင် မျက်နှာပျက်အောင် ကြံစည်ချက်တစ်ခုပဲလို့ ပြောနိုင်တယ်။ ၂၀၁၆-၁၇ မျိုးတုန်းသတ်ဖြတ်မှုတွင် ရိုဟင်ဂျာ တစ်သိန်းကျော် သေကျေပျက်စီးရတဲ့အပြင် တစ်သန်းခန့် ဒုက္ခသည်ဘဝရောက်အောင် ပို့ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီအုပ်စု၊ ခေတ်အဆက်ဆက် အမျိုးဘာသာသာနာ ခေါင်းစဉ်ဖြင့် ခွဲခြားဆက်ဆံလာခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုကို ရိုဟင်ဂျာတွေက ထောက်ခံနေတယ်ဆိုတာ ယုတ္တိရှိပါမလား။ နွေဦးတော်လှန်ရေး တကျော့ပြန်တိုက်ပွဲတွေမှာ နေ့နဲ့ည သေပေးနေရတဲ့ အပြစ်မဲ့ရိုဟင်ဂျာတွေရဲ့ မျက်နှာကို မထောက်မထားဘဲ လက်နက်ကိုင်အဖွဲ့တွေက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းတယ်ဆိုတာ ယုံစရာလား။ ဘယ်လိုအခြေမျိုးမှ ရောက်နေသည်ဖြစ်စေ ရိုဟင်ဂျာလူမျိုးတွေဟာ အကြမ်းဖက်စစ်အုပ်ကို ရန်သူလို့ပဲ ထာဝရတော်လှန်သွားမှာဖြစ်တယ်။ ရိုဟင်ဂျာတွေ လက်နက်ကိုင်နေရတာက အဓမ္မစစ်အုပ်စုကို တော်လှန်ဖို့သက်သက်ပါပဲ။ အဲဒီအကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းတိုက်တယ်ဆိုတဲ့ စွပ်စွဲချက်က မြန်မာပြည်သူတွေရဲ့ စိတ်ထဲမှာ ရိုဟင်ဂျာတွေကို တမင်အောက်ကျစေချင်တဲ့ အကြံအစည်လို့ ယူဆပါတယ်။

- စကစနယ်ခြားစောင့်စခန်းရဲ့ အနီးအနားမှာ သူတို့စခန်း တစ်ခု ရှိလို့ ပူးပေါင်းတယ်၊ အပေးအယူရှိတယ်လို့ အတပ်ပြောနိုင်ပါမလား။

အဲဒီလို ဘူးသီးတောင်၊ ကျောက်တော၊ ပုဏ္ဍားကျွန်းစတဲ့ ရခိုင်ပြည်နေရာအနှံ့အပြားတွင် စကစတပ်စခန်းတွေနဲ့ မနီးမဝေး ဓားလွယ်ခုတ်တွင် အေအေတပ်စခန်းတွေလဲ မနည်းရှိနေတာကိုး။ ဒါက ထူးထူးခြားခြား မဟုတ်ပါဘူးလေ။ ဒီလို နီးနီးကပ်ကပ် ရှိနေရုံနဲ့ ပူးပေါင်းတယ်လို့ သတ်မှတ်နိုင်ပါမလား။

- ဘင်္ဂလားဘက်ကို ထွက်ပြေးရာတွင် အကူအညီရရှိရေးအတွက် တာကာငွေ ၁၀ သန်း ဖို့ လက်နက်အရာင်းအဝယ်လုပ်တယ်လို့ စွပ်စွဲမှုကလည်း ရယ်စရာပြက်လုံးကြီးတစ်ခုပါပဲ။ တောင်ပြိုစခန်းတွေဟာ နယ်စပ်မျဉ်းပေါ်မှာ တည်ရှိနေတာဖြစ်တယ်။ အဲဒီစခန်းတွေမှာ တာဝန်ကျနေတဲ့ စကစဝန်ထမ်းတွေက ဟင်းစား ဆီဆန်ဆားတွေကိုတောင် ဘင်္ဂလားဖက်က မှာယူစားသောက်ကြတာများတယ်။ နယ်စပ်ကို ဘယ်လို ဖြတ်သွားရတယ်ဆိုတာကို သူတို့လောက် ဘယ်သူမှ မသိဘူး။ နယ်စပ်ဖြတ်ထွက်ပြေးနိုင်အောင် လက်နက်အရောင်းအဝေး လုပ်စရာလိုလို့လား။ အကြမ်းဖက် စကစ နယ်ခြားစောင့်ရဲတွေ ခြံစည်းရိုးတစ်ဖက်က ခုန်ချလိုက်ရုံနဲ့ တခြားဖက်ကို ရောက်သွားလောက်တဲ့ အခြေအနေမျိုးပါပဲဟာ။  ဒါကို လက်နက်ရောင်းလို့ ဘင်္ဂလားဖက်ကို ထွက်ပြေးတာလို့ ဂျင်းထည့်ရကောင်းလား။ ဒါက ကလေးဆန်တဲ့ အကွက်ပါပဲ။

- ARA ဆိုတဲ့ လက်နက်ကိုင်တွေရဲ့ စခန်းတစ်ခုက အနီးအနားမှာ ရှိနေတယ်လို့ ပြောသေးတယ်။ လူတွေကျတော့ ဘင်္ဂလားဖက်က ဝင်လာတယ်လို့လဲ တစ်ခါ ပြောသေးတယ်။ စကားရှေ့နောက် မညီသလိုပါပဲ။ နောက်ထပ် ဘယ်သူဘယ်သူတွေကိုပါ ထည့်စွက်ချင်တာလဲ မသိဘူး။ 

- ပြီးတော့ စခန်းထဲကနေ အကြမ်းဖက် နယ်ခြားစောင့်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ တိုက်ခိုက်တယ်။ လက်နက်အချို့ သယ်သွားတယ်လို့ အသံထွက်နေတဲ့ကိစ္စကတော့ အေအေ ဝက်ဆိုဒ်က ပြောင်းပြန်လဲလို့ သတင်းမှန် ဖုံးဖိထားရုံ သက်သက်ပါပဲ။ တကယ်တော့ ကျနော်တို့ လေ့လာသိရှိသလောက် ဖြစ်စဉ်က ဒီလိုပါပဲ။ 

အဲဒီနယ်စပ်ဒေသတလျှောက်ဟာ ရိုဟင်ဂျာလက်နက်ကိုင်တစ်ချို့ လှုပ်ရှားနေတဲ့ နေရာဖြစ်တယ်။ ၄ ရက်နေ့ အေအေက စခန်းကို ပိတ်ဆို့တိုက်ခိုက်နေတဲ့အချိန်မှာ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ရိုဟင်ဂျာလက်နကိုင်တစ်ချို့ကလည်း ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်စခန်းကို တစ်ဖက်က ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ ဘယ်သူတိုက်တိုက် ဘုံရန်သူဖြစ်တဲ့ စကစကို အမြစ်ဖြတ်ချေမုန်းနိုင်ရင်ပြီးရော့ဆိုတဲ့ ဆန္ဒနဲ့ပေါ့။ အဲ့လိုတိုက်ခိုက်ခဲ့ပြီး စခန်းကျသွားတဲ့အခါ သူတို့ရှင်းလင်းနိုင်ခဲ့တဲ့ဖက်ကနေ တွေ့ရှိသမျှ လက်နက်ခဲယမ်းအကြွင်းအကျန်ကို သူတို့ သိမ်းဆည်းယူဆောင်သွားခဲ့တယ်။ ဒါကို အေအေက မကျေနပ်လို့ ARA လက်နက်သိုလှောင်ထားတဲ့ နေရာတစ်ခုကို အင်းအားအပြည့်အဝနဲ့ ပြန်လည်တိုက်ခိုက်တယ်။ အဲဒီမှာ တွေ့ရှိသမျှ လက်နက်ခဲယမ်းတွေနဲ့ သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း AA က သိမ်းယူခဲ့တယ်။ 

ဒီဖြစ်စဉ်ကို အခွင့်ကောင်းယူပြီးတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချဖို့ အကွက်ဆင်တာပဲဖြစ်တယ်။ တကယ်တော့ ဒါတွေက  အဖွဲ့တစ်ဖွဲ့ရဲ့ လှုပ်ရှားမှုလုပ်ငန်းစဉ်မှာ နောက်တစ်ဖွဲ့က အလိုမတုဘဲ ဝင်စွက်ဖက်မှုကြောင့် မလိုအပ်တဲ့ ပြဿနာတွေ တက်လာရတာလို့သာ မြင်ပါတယ်။ ဘယ်အဖွဲ့ပင် ဖြစ်ပါစေ စစ်ကျင့်ဝတ်၊ စစ်စည်းဘောင်တွေကို လိုက်နာဖို့ အရေးကြီးတယ်။ အချင်းချင်း ရန်သူလို သဘောမထားကာ အားချင်းမပြိုင်ဘဲ ဘုံရန်သူဖြစ်တဲ့ အကြမ်းဖက်စစ်အုပ်စုကိုပဲ တော်လှန်မြစ်လှန်ပစ်တာ အလေးထားသင့်ပါတယ်။  

အေအေတပ်တော်ရဲ့ သဘောထားကို လေ့လာသိရှိသလောက် ရှင်းရှင်းပြောရမယ်ဆိုရင် ရခိုင်ပြည်မှာ တခြား ဘယ်လက်နက်ကိုင်အဖွဲ့တွေမှ ရပ်တည်နေတာကို သူတို့ မလိုလားဘူး။ နည်းအမျိုးမျိုးနဲ့ ရှင်းလင်းပြိုကွဲဖို့ပဲ ကြိုးစားတာပဲ တွေ့ရတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် အေအေ သဘောထားကြည့်မယ်ဆိုရင်လည်းပဲ တန်းတူဆက်ဆံတာ မမြင်ရဘူး။ ရိုဟင်ဂျာလူမျိုးကို မတတ်နိုင်တဲ့အဆုံး ဒုတိယလူတန်းစားအဖြစ်ပဲ မြင်နေကြတယ်။ တတ်နိုင်ရင်တော့ အကြမ်းဖက်စစ်ကောင်စီလို မျိုးတုန်းသတ်ပစ်ချင်တဲ့ သဘောမျိုးလား မသိဘူး။ ဒါတွေက ရည်ရှည်ငြိမ်းချမ်းရေးကိုဖော်ဆောင်မယ့် တော်လှန်ရေးရဲ့ နိမိတ်ကောင်း မဟုတ်ပါဘူးလို့ ပြောချင်တယ်။ 

နောက်ဆုံးပြောချင်တာကတော့ ရခိုင်ပြည် ငြိမ်းချမ်းရေးလေပြည် ဖော်ဆောင်ဖို့အတွက် အတူတကွနေထိုင်တဲ့ လူမျိုးစုအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ် လျှောက်လှမ်းမှာသာ မျှော်လင့်နေတဲ့အိပ်မက် ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ တော်လှန်နေတဲ့ အုပ်စုတွေကလည်း ကျော့သားရင်သားမခွဲခြားဘဲ ရဲရဲစွမ်းစွမ်း လက်တွဲဆောင်ရွက်နိုင်ဖို့အရေးကြီးတယ်။ အခုလိုမျိုး လူမျိုးတစ်မျိုး ထိခိုက်နစ်နာအောင် မကောင်းတဲ့အမုန်းတိုက်သတင်းတွေဖြန့်ကာ လူမျိုးတစ်စုကို လျစ်လျူရှု ဘေးဖယ်ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဖော်ဆောင်ရေးဆိုတာက အလှမ်းဝေးလို့သာနေလိမ့်မယ်။ လူမျိုးပေါင်းစုံအတူတကွ အေးအေးချမ်းချမ်းနေထိုင်ရေးက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပင်တည်း။ 

#နတ်မျက်စိ

(၉-၀၂-၂၀၂၄)

Tuesday, January 9, 2024

On The Way To Mandalay

 


ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။


ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 

On The Way To Mandalay


By the old Moulmein Pagoda, lookin' lazy at the sea,

There's a Burma girl (broad) a-settin', and I know she thinks o' me;

For the wind is in the palm-trees, and the temple-bells they say:

"Come you back, you British soldier; come you back to Mandalay!"

    Come you back to Mandalay,

    Where the old Flotilla lay:

    Can't you 'ear their paddles chunkin' from Rangoon to Mandalay?

    On the road to Mandalay,

    Where the flyin'-fishes play,

    An' the dawn comes up like thunder outer China 'crost the Bay!


'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .


When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .


But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .


I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .


Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!

By Rudyard Kipling







Thursday, December 28, 2023

နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


နတ်သံကွင်းတိုက်ပွဲတွင် အသက်ပေးသွားသော ရဲဘော် သတ္တိ (ခ) ဟဖိဇ်မုဟမ္မဒ် ဟဘီဘုလ္လာဟ်


" ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ

တော်လှန်ရေးအပေါ် ရိုးသားပါ

အမြတ်ထုတ်သူတွေများလို့"

                       — ရဲဘော်ဟဘီဘုလ္လာဟ်

ရဲဘော်သတ္တိက မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေးအယူအဆကို သူရဲ့ Facebook စာမျက်နှာမှာ အခုလိုပဲ တင်ထားခဲ့ပါတယ်။

၂၀၂၃ ခု၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ ပဲခူးတိုင်းဒေသ၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ (ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘုလ္လာဟ်ဟာ အဓမ္မဝါဒီ အကြမ်းဖက်စစ်ကောင်စီကို ရဲရဲရင့်ရင့်တိုက်ခိုက်ရင်း တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စလင်မ်ပီသစွာနဲ့ အသက်ကို ပေးလှူပြီး တော်လှန်ရေးသမိုင်းမှာ မော်ကွန်းရေးထိုးသွားခဲ့ပါတယ်။ ရဲဘော်သတ္တိဟာ ဟဖိဇ်ကုရ်အာန် တစ်ဦးလည်းဖြစ်ပါတယ်။ 

တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့အတူ မြန်မာမွတ်စလင်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကို လက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိခဲဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာ ရှေ့တန်းကတိုက်ပွဲနေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

သူရဲကောင်းတစ်ဦးအနေနဲ့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီရဲဘော်သတ္တိရဲ့ စကားဟာ လူထုတစ်ရပ်လုံးအတွက် အင်မတန်တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူရဲ့တော်လှန်ရေး အယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။ 

အခုလို အသက်ပေးသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စလင်မ်ရဲဘော်တွေ နေရာအသီးသီးမှာ ရှိနေကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်ကတည်းကရော၊ တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကို ခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။


Crd

Tuesday, August 29, 2023

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ

 

ဦးနုအစိုးရက ရိုဟင်ဂျာအရေးကို ဘယ်လိုဖြေရှင်းခဲ့သလဲ 


" ဒီပြသနာကို ၁၈ လအတွင်း ဖြေရှင်းပေးဖို့ ကျမတို့ကို မျှော်လင့်တာက နည်းနည်း ယုတ္တိမတန်ပါဘူး။ .... ရခိုင်ပြည်နယ်က ဒီအရေးဟာ ဆယ်စုနှစ်များစွာကတည်းက ရှိလာခဲ့တာပါ။ ကိုလိုနီခေတ်မတိုင်ခင်ကပင် ဒီပြသနာ ရှိနေတယ်။ .... "

အထက်ပါစကားဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ပြောကြားခဲ့တဲ့ Asian News International နဲ့ အင်တာဗျူးတစ်ခုကနေ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။။ 

ဒေါ်စု ပြောလိုတာက ဒီရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်မတိုင်ခင်ကပင် ရှိလာခဲ့တဲ့ ပြဿနာဖြစ်တယ်။ ယခင်အစိုးရတွေက မဖြေရှင်းပေးခဲ့လို့ ယနေ့ထိ သက်ဆိုးရှည်လာတာ…လို့ ယခင်အစိုးရတွေကို အပြစ်တင်ပုံချတာပဲ ယူဆတယ်။ တကယ်တမ်းတော့ ဒေါ်စုရဲ့ ဒီမှတ်ချက်စကားက ကျပ်ပြည့် မှန်ကန်မှုမရှိဘူးဗျာ။ စစ်အာဏာရှင်တွေကို အကာအကွယ်ပေးနေသလို ဖြစ်နေတယ်။ ရိုဟင်ဂျာတွေကို မတရားနှိပ်စက်ချုပ်ချယ်နေတဲ့ပြဿနာက တကြော့ပြန်ဖြစ်လာတဲ့ ပြဿနာဖြစ်တယ်။ အရင်က ရခိုင်ပြည်အရေးကို နိုင်ငံတော်အဆင့်  မျှမျှတတဖြေရှင်းပေးခဲ့တဲ့ အစိုးရလဲ ရှိခဲ့တယ်ဆိုတာ ဒေါ်စုကြည် မေ့လျော့နေသလို ထင်ရပါတယ်။ အဲ့ဒီခေတ်က ခေါင်းဆောင်တွေရဲ့ ကြိုးပမ်းဖြေရှင်းပေးမှုကြောင့် ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခဟာ လုံးဝဖြေရှင်းသွားခဲ့ပြီး ရခိုင်ပြည်ဟာ နိဗ္ဗာန်လောကလို အေးချမ်းသာယာသွားခဲ့ဖူးတယ်။ အဲဒါကို စာဖတ်ပရိသတ်တွေသိအောင် နည်းနည်းတင်ပြပါရစေ။ 

မြန်မာပြည် လွတ်လပ်ရေးရရှိခဲ့တဲ့အခါ လွတ်လပ်ရေးကြေညာစာတမ်းမှာ ဒီဗမာပြည်ဟာ လူတစ်စုတစ်ယောက်ရဲ့ အမွေဆိုင်ပစ္စည်း မဟုတ်ကြောင်း၊ ဒီပြည်အတွင်း မှီတင်းနေထိုင်တဲ့ ပြည်သူပြည်သားတို့ရဲ့ စုပေါင်းမြေဖြစ်ကြောင်း၊ တောင်တန်း မြေပြန့် မခွဲခြားဘဲ အားလုံးခွင့်တူတန်းတူညီမျှဖြစ်ကြောင်း ကြေညာခဲ့တယ်လေ။ ဒါပေမဲ့ နောက်ပိုင်းကာလမှာ ဘာသာရေးနဲ့ ရုပ်ရည်အသားအရောင်ကို အခြေခံ၍  ခွဲခြားအုပ်ချုပ်မှုတွေရှိလာခဲ့တယ်။ ၁၉၄၉ ခု ရခိုင်အများစုနဲ့ ဖွဲ့စည်းထားတဲ့ နယ်စပ်စောင့်တပ် BTF (စစ်ဝန်ထမ်း)ကို ဖွဲ့စည်းပြီး နယ်စပ်ဒေသကို ထိန်းသိမ်းလာတဲ့အခါ ရခိုင်ပြည်မှာ ယခင် လူမျိုးရေးပဋိပက္ခ (၁၉၄၂) အငွေ့အသက်ကြောင့် နယ်စပ်စောင့်တပ်က ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံ ညှဥ်းပမ်းနှိပ်စက်လာခဲ့ကြတယ်။ နိုင်ကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေ၊ နှိပ်စက်မှုတွေ တဖြေးဖြေး အရှိန်မြင့်လာခဲ့တယ်။ ဘာသာရေးကို အကြောင်းပြု၍ အစိုးရက ရခိုင်နဲ့ ရိုဟင်ဂျာကို တန်းတူသဘောမထားဘဲ ခွဲခွဲခြားခြား ဆက်ဆံလာတဲ့အခါ ရိုဟင်ဂျာအမျိုးသားအချို့က မခံမရပ်နိုင်ဘဲ ရရာလက်နက်ဆွဲကိုင်ကာ တော်လှန်ခဲ့ကြတယ်။ မတရား ဖိနှိပ်မှုများလာရင် ဆန့်ကျင်တော်လှန်ရေးက ရှိစမြဲပဲ။ ဒါက ဓမ္မတာတစ်ခုဖြစ်တယ်။ 

မတရားမှုကို ဆန့်ကျင်တဲ့ ရိုဟင်ဂျာအမျိုးသားလက်နက်ကိုင် တော်လှန်ရေးဟာ အစိုးရအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာခဲ့တယ်။ ဦးနုအစိုးရက တပ်မတော်အင်အားနဲ့ ပြန်တိုက်ချေတယ်။ အောင်မြင်မှုတော့ ရရှိခဲ့တယ်။ ဒါပေမဲ့ အမြစ်ပြတ်သွားအောင် လုပ်ဖို့က မလွယ်ဘူး။ တစ်ဘက်က နှိမ်နင်းရင် တခြားတစ်ဘက်က ပြောက်ကျားတိုက်ပွဲတွေ ပြန်ပေါ်လာတော့တယ်။ ဒါ့အပြင် ရခိုင်ပြည်ရဲ့ အဓိကလူမျိုးစုနှစ်စုဖြစ်တဲ့ ရခိုင်နှင့် ရိုဟင်ဂျာ အကြားသင့်မြတ်မှုမရှိတာကလဲ အခါမသင့် ပဋိပက္ခတွေ ဖြစ်ပေါ်လာနိုင်စရာရှိတယ်။ ပုစိပုစိ ပြသနာတွေ အနည်းအများ ဖြစ်တာလည်း ရှိခဲ့တယ်။ 

အဲဒီတုန်းက နောက်ပြသနာတစ်ချက်က ရခိုင်အမျိုးသားတွေက သီးခြားပြည်နယ်လိုချင်ကြတယ်။ အစိုးရက ရခိုင်နဲ့ ဗမာ တစ်မျိုးတည်း၊ သီးခြားပြည်နယ် ပေးစရာမလိုဘူး၊ အချင်းချင်း စိတ်ဝမ်းမကွဲချင်ဘူးလို့ တုန့်ပြန်ကြတယ်။ အဲဒါကို ရိုဟင်ဂျာတွေကလည်း စိုးရိမ်ကြတာပေါ့။ လူမျိုးတစ်စုကို အမည်စွဲ၍ ရခိုင်ပြည်နယ်လို့ သီးခြားအမည်တွင်ပေးလိုက်ရင် ရိုဟင်ဂျာတွေက မတရားခံရမယ်။ ခွဲခြားနှိပ်စက်လာမယ်။ အနိုင်ကျင့်ခံရမယ်။ ဒါနဲ့ ရိုဟင်ဂျာတွေက ပြည်မနဲ့ပဲ ပေါင်းနေချင်ကြတယ်။ ဒါက အစိုးရအတွက်တော့ ခေါင်းခဲတဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခုပေါ့။ 

ဒီတော့ ဦးနုအစိုးရက ရခိုင်ပြည်အရေးမှာ အချက်သုံးချက်တွေ့လာတယ်။

(၁) လူမျိုးစု နှစ်စုအချင်းချင်း သင့်မြတ်မှု မရှိခြင်း

(၂) လက်နက်ကိုင်အဖွဲ့များ အုံကြွလာခြင်း

(၃) သီးခြားပြည်နယ် တောင်းဆိုမှုအပေါ် သဘောထားကွဲပြားခြင်း

စတဲ့ဟာတွေ ဖြစ်တယ်။ 

ဦးနုအစိုးရက အချိန်ဆွဲပြီး စုံစမ်းရေးကော်မရှင်တွေ အမျိုးမျိုးဖွဲ့စည်းကာ ပြဿနာရဲ့ ထိရောက်တဲ့အဖြေတစ်ခု ရှာဖွေဖို့ ကြိုးစားလာခဲ့တယ်။ လွှတ်တော်ထဲမှာ အချေအတင်ဆွေးနွေးကြတယ်။ ၁၉၄၉ ခု ဇူလိုင်လ ၃၀ ရက်မှာ ရခိုင်တိုင်းမင်းကြီးကို သဘာပတိအဖြစ်ထား၍ ရခိုင်အမျိုးသား ၃ ဦးနဲ့ ရိုဟင်ဂျာအမျိုးသား ၃ ဦး ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီးတော့ ကွင်းဆင်းလေ့လာစေခဲ့တယ်။ ၁၉၅၀ ပြည့်နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကိုယ်တိုင်လည်း ရခိုင်ပြည်မြောက်ပိုင်းသို့ ခရီးထွက်ကာ လေ့လာခဲ့တယ်။ နှစ်ဖက်အသိုင်းအဝိုင်း လူကြီးမိဘတွေနဲ့ တွေဆုံခဲ့တယ်။ ဒါတွေကနေ တစ်ဖက်နဲ့တစ်ဖက် အယုံအကြည် ကင်းမဲ့နေခြင်း၊ ခွဲခြားဆက်ဆံရေး အားသန်နေခြင်း၊ တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းတို့ဟာ ပြဿနာရဲ့ မူလဇာတ်မြစ်ဆိုတာ တွေ့ရှိလာတော့တယ်။  

ဒီနေရာမှာ တစ်ခု သိထားရမှာက အဲဒီတုန်းက အခုလို ရိုဟင်ဂျာတွေရဲ့ နိုင်ငံသားအခွင့်အရေးကို ရုတ်သိမ်းမခံရသေးဘူး။ ဘယ်တိုင်းရင်းသားအုပ်စုကမှ ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ကြဘူး။  နိုင်ငံသား ရုတ်သိမ်းခံရတာက စစ်အာဏာရှင်အစိုးရ လက်ထက်ကဖြစ်တယ်။   

ကဲ့... ဒါနဲ့ ဦးနုအစိုးရရဲ့ ပထမခြေလှမ်းအဖြစ် ရိုဟင်ဂျာတွေကို မြန်မာ့ပြည်ထောင်စုသား တိုင်းရင်းသား တစ်စုအနေနဲ့ တန်းတူအခွင့်အရေးတွေ မပိုမေလျာ့ အတူတူခံစားခွင့်ရှိကြောင်း ကြေညာခဲ့တယ်။ ၁၉၅၄ ခု စက်တင်ဘာလ ၂၅ ရက် ညနေ ၈ နာရီ နိုင်ငံတော်အသံလွင့်ဌာနမှ ဝန်ကြီးချုပ်ဦးနုက "....စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုသားများမှာ များသောအားဖြင့် ရိုဟင်ဂျာအမျိုးသားများဖြစ်ကြပြီး မွတ်စလင်(မ်) များ ဖြစ်ကြပါတယ်" လို့ သူတို့ရဲ့အခွင့်အရေးဆိုင်ရာ မိန်းခွန်းပြောကြားခဲ့တယ်။

အလားတူ ၁၉၅၉ ခု အောက်တိုဘာလ ၃-၄ ရက်တွင် နိုင်ငံတော်ဒုဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ဦးဘဆွေကလည်း "ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် ကဲ့သို့ပင် ရိုဟင်ဂျာလူမျိုးများသည်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး ဖြစ်ကြသည်" လို့ ရိုဟင်ဂျာလူမျိုး၏ အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီခြေလှမ်းက ရခိုင်ပြည်ရဲ့ ပူခြိုက်ခြိုက်အခြေအနေမှာ လေပြည်ယူဆောင်လာခဲ့တယ်။

ဒုတိယခြေလှမ်းအနေနဲ့ ၁၉၆၁ ခု မေလ ၁ ရက်နေ့မှာ အစိုးရကဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့မယု​ဒေသကို ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ ပြီးတော့ တိုင်းရင်းသားတစ်စုအနေနဲ့  ရထိုက်ရသင့်တဲ့ အခွင့်အရေးတွေမှာ ချွက်ယွင်းနေတဲ့ဟာတွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့တယ်။ ကျောင်းသုံးပြဌာန်းစာအုပ်တွေမှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း(၁၉၆၄)၊ ၁၉၆၁ ခုနှစ် မေလ ၁၅ ရက်မှာ ရိုဟင်ဂျာဘာသာစကားနဲ့  ဗမာ့အသံကနေ ရေဒီယိုအသံလွင့်ခြင်း၊ အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ တန်းတူညီမျှ အလုပ်ခန့်ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာ ရိုးရာယဥ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်း စတဲ့ အခွင့်အရေးတွေကို ဘယ်ကန့်ကွက်မှုတစ်မတ်တစ်စေ့မှ မရှိဘဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။ 

အစိုးရရဲ့ ဒီဗျူဟာကျကျဖြေရှင်းချက်က ဘယ်လောက်အထိ ထိရောက်ခဲ့သလဲဆိုရင် မီးတဟုန်းဟုန်း တောက်နေတဲ့ ရခိုင်ပြည်ကြီးဟာ ငြိမ်သက်သွားပြီးတော့ လုံးဝအေးချမ်းသာယာ သွားခဲ့တယ်။ ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ (မူဂျာဟစ် = စစ်သူရဲ )တွေမှာလဲ လက်နက်ကိုင်ထားစရာ အကြောင်းမရှိတော့ဘူး။ တိုင်းပြည်က အေးချမ်းသွားပြီလေ။ ဒီတော့ လက်နက်ကိုင်အဖွဲ့တွေကလည်း ၁၉၆၁ ခု ဇူလိုင်လ ၄ ရက်မှာ တစ်သုတ်၊ ၁၉၆၁ ခု နိုဝင်ဘာလ ၁၅ ရက်မှာတစ်သုတ် ဦးစီးချုပ်ဗိုလ်မှူးချုပ်အောင်ကြီး၊ ဒုဗိုလ်မှူးကြီးကျော်စိုး၊ ရခိုင်တပ်ပေါင်းစုမှူးချုပ် ဒုဗိုလ်မှူးကြီးရဲခေါင်နဲ့ ဒုတပ်ရင်းမှူးဗိုလ်မှူးအံ့ကြွယ်၊ ဗိုလ်မှူးကြီး စောမြင့်၊ ဗိုလ်မှူးကြီ သန်းဖေစတဲ့ တပ်မတော်အရာရှိကြီးတွေလက်အောက်တွင် အေးအေးချမ်းချမ်း လက်နက်ချကာ အလင်းဝင်လာခဲ့ကြတယ်။ လက်နက်ချအခမ်းအနားတွေကို အုတ်အုတ်ကြားကြား ကျင်းပခဲ့တယ်။ လက်နက်ကိုင်အဖွဲ့လည်း မရှိတော့ဘူး။ စစ်ပွဲစစ်မက်တွေလည်း နိဂုံးချုပ်ခဲ့လေပြီ။ အနောက်ဝေဟင်ကောင်းကင်မှာ လေပြည်တွေ သန်းလာခဲ့တယ်။ တပ်မတော်ရဲ့ မြဝတီမဂ္ဂဇင်း၊ ခေတ်ရေးစာစောင်၊ မြန်မာ့အလင်း၊ ကြေးမုံသတင်းစာတွေမှာ "မေယုနယ်မှာလေ ဘယ်လိုအခြေ ရှိပါလိမ့်"၊ "မေယုနယ်ခြားခရိုင် အေးချမ်းလေပြီ" စတဲ့ ဆောင်းပါးတွေ၊ ဗိုလ်ချုပ်အောင်ကြီးက "ကျွန်တော်ဖြေရှင်းခဲ့ရသော ရိုဟင်ဂျာပြသနာ" စတဲ့အောင်ပွဲခံ ဆောင်းပါးတွေ၊ မောင်သံလွင်ရဲ့ "ရခိုင်ကုလား သို့မဟုတ် ရိုဝန်ဂါ"(၁၉၆၀) စတဲ့ဆောင်းပါးတွေ မြန်မာ့စာနယ်ဇင်းစာမျက်နှာတွေမှာ ဝေဆာလာခဲ့တယ်။  ဒီလိုနည်းနဲ့ ဦးနုအစိုးရနဲ့ ခေါင်းဆောင်ကြီးတွေက ရိုဟင်ဂျာအရေးကို ဥပဒေဘောင်အတွင်းကနေ အောင်အောင်မြင်မြင် စနစ်တကျ ဖြေရှင်းပေးခဲ့တယ်။

ဒီငြိမ်သက်ပြေလည်ခဲ့တဲ့ ပြနာ ဘယ်လိုပြန်ပေါ်လာသလဲဆိုရင် ကြိုးကိုင်ရှင် စစ်အုပ်စုရဲ့ ကျေးဇူးကြောင့်ပေါ့။

အာဏာရှင်ဗိုလ်နေဝင်းက တိုင်းပြည်အာဏာကို မတရားသိမ်းလိုက်တဲ့အခါ အာဏာအဓွန့်ရှည် တည်မြဲရေးအတွက် လမ်းစတွေ စဥ်းစားလာတယ်။ မတရားတဲ့အာဏာ ချုပ်ကိုင်ထားဖို့အတွက် တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင်တော့ လုပ်ရမှာလေ။ သွေးခွဲအုပ်ချုပ်ရေးက ထိရောက်တယ်။ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေကို လိုက်လံဖမ်းဆီး ထောင်ချတယ်။ သူက လူမျိုးရေးဘာသာရေးကို အခြေခံတဲ့ အင်မတန် ထိရှလွယ်တဲ့ အနာဟောင်းကို ဆားခတ်လာခဲ့တယ်။ အေးချမ်းနေတဲ့ ရခိုင်ပြည်နယ်ကို ပြန်လည် အမုန်းလှိုင်း ခတ်ပေးတယ်။ ရိုဟင်ဂျာတွေကို ပစ်မှတ်ထား နှိပ်စက်လာခဲ့တယ်။ ရခိုင်-ရိုဟင်ဂျာ သဟဇာတကို ပျက်ပယ်သွားအောင်၊ အချင်းချင်းအမုန်းအာဃာတာပွားလာအောင် လုပ်ကြံသမိုင်း ဂျင်းပုပ်တွေနဲ့ ပြန်လည်အသက်သွင်းပေးခဲ့တယ်။ ရိုဟင်ဂျာကို သတ်မှတ်ပေးခဲ့တဲ့ မေယုနယ်ခြားခရိုင် အုပ်ချုပ်ရေးကို ပြန်လည်ရုတ်သိမ်းခဲ့တယ်။ ချက်ချင်းတူး ချက်ချင်းသောက် သလိုတော့ မဟုတ်ဘူး။ အချိန်ကြာဆွဲ စီမံကိန်းတွေ စနစ်တကျချမှတ်ပြီးတော့ နည်းဗျူဟာမျိုးစုံနဲ့ ဖိနှိပ်လာခဲ့တယ်။ ၁၉၇၈ မတိုင်ခင်မှာ သူကတောင် ရိုဟင်ဂျာတွေကို နိုင်ငံခြားသားလို့ မယူဆခဲ့ဘူး။ ရိုဟင်ဂျာ ဆိုတဲ့နာမည်လည်း ပြဿနာ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ၁၉၇၈ ခု ဒုက္ခသည်များ ပြန်လည်လက်ခံရာတွင် လက်ခံရေးပုံစံမှာ လူမျိုးနာမည်ကို ရိုဟင်ဂျာလို့ အတိအလင်း ဖော်ပြထားခဲ့တယ်။ လူမျိုးရေးဘာသာရေးဖက်ကိုပဲ မီးမွေးလေပင့်ပေးခဲ့တာလောက်ပါပဲ။ ကုလားကို နှိမ်နေတာဆိုတော့ ဒီစီမံကိန်းမှာ သူ့ရဲ့ ဂျင်းမိတဲ့ ပြည်သူတွေလည်း ရှိခဲ့ရာ ထောက်ခံအားပေးမှုလည်း ရရှိခဲ့တာပေါ့။ ဆက်လက်၍ မတရားဥပဒေအမျိုးမျိုးဖွဲ့ပြီး ရိုဟင်ဂျာတွေရဲ့ တရားဝင်ရရှိခဲ့တဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို တစ်ဆင့်ပြီးတစ်ဆင့်၊ တစ်ခုပြီးတစ်ခု အာဏာရှင်ယုတ်ဆန်ဆန် မတရားပြန်လည်လုယူခဲ့တယ်။ လူမျိုးစုစာရင်း ၁၃၅ မျိုးလို့ ကိုယ့်မြင်းကိုယ်စိုင်းသလို သူတို့စိတ်လိုရာပြုစုပြဌာန်းပြီး ရိုဟင်ဂျာလူမျိုးကို ဖယ်ထုတ်ခဲ့တယ်။ အမျိုးသားရေးမျိုးချစ်တုတ်ကို အသုံးပြုပြီး ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲအောင် ကလိမ်ကကျစ် ဝါဒဖြန့်ခဲ့တယ်။ ၁၉၈၂ ဥပဒေကို ဖွဲ့စည်းပြီး ဒီလူတွေဟာ နိုင်ငံခြားသားတွေ၊ နယ်မြေလုနေတာ ဆိုတဲ့ ဝါဒမှိုင်းတိုက်ပေးခဲ့တယ်။ အစအစမှာတော့ ကုလား၊ ရခိုင်ကုလား ဆိုပြီး နှိပ်ကွပ်ခဲ့ရာ စစ်တကောင်းသား၊ ခေါတော ဆိုလို့တစ်မျိုး၊ နောက်ပိုင်းမှာ ဘင်္ဂလီ မှ ဘင်္ဂလီကုလား မှ ခိုးဝင်ဘင်္ဂလီ အထိ အောက်ကျစေတဲ့ နာမည်တွေ အဆင့်ဆင့် သုံးလာခဲ့တယ်။ ဒီလို ယုတ်မာတဲ့နည်းနဲ့ ယခင်အစိုးရ ခေါင်းဆောင်တွေက သွေးချွေးကုန်ခမ်း ကြိုးပမ်းဖြေရှင်းပေးခဲ့တဲ့ ရိုဟင်ဂျာအရေးကို တဖန်မီးစလောင်စေခဲ့သတဲ့။

ဒီနေရာမှာ စွပ်စွဲချက်တစ်ချက်နှစ်ချက်ကို သံသယကင်းအောင် ထောက်ပြပေးချင်တယ်။ ပထမအချက်က အာဏာရှင်နေဝင်းရဲ့ ယုတ်မာမှုတွေကို တစ်ချို့ မွတ်စလင်မုန်းတီးတဲ့ အစွန်းရောက်မျိုးချစ်တွေက ကျေးဇူးတင်ကြတယ်။ အမျိုးကို ကယ်တင်ပေးတယ်လို့ ယူဆကြတယ်။ ဝမ်းနည်းစရာ။ တကယ်တော့ မျိုးချစ်တစ်ဖက်ကန်းတွေမှာ မြင်နိုင်စွမ်း အားနည်းနေတာဖြစ်တယ်။

တကယ်လို့ ရိုဟင်ဂျာတွေကို ဒီပြည်ဖွား မဟုတ်လို့ အာဏာရှင်အုပ်စုက နင်ထုတ်ချင်တာဆိုရင် ၁၉၇၈ ခုမှာ မတရားနှိပ်စက်မှုကြောင့် ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်လာစရာအကြောင်းမရှိဘူးလေ။ ကိုယ့်ပြည်က မဟုတ်တဲ့ လူတစ်စုကို ဘယ်နိုင်ငံတကာ စကားမှနားမထောင်တဲ့ အာဏာရှင်က အလကားခေါ်လာမှာ မဟုတ်ဘူး။ အဲ့တုန်းကလဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ပဲ လက်ခံခဲ့တာကိုး။ စစ်ခေါင်းဆောင် ဗိုလ်ခင်ညွှန့် ကိုယ်တိုင် သူ့စာအုပ် ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ" မှာ ဝန်ခံရေးသားခဲ့တယ်။ အာဏာရှင်ရဲ့ ရည်ရွယ်ချက်ကတော့ ပြည်သူလူထုရဲ့ အာရုံလွဲရန် တိုင်းပြည် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်ကာ အာဏာချုပ်ကိုင်ထားရေးသာ အဓိက ဖြစ်တယ်။ ဒါကို နားမလည်မိလို့ စစ်အုပ်စုရဲ့ အဓမ္မ အာဏာသိမ်းမှုကို မြန်မာပြည်သူတွေက ထပ်တလဲလဲ ခံနေရတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဓါးစားခံဖြစ်နေရတာမဟုတ်လား။ ထောင်နဲ့ မြေကြီး နေရာမလပ် ဖြစ်နေတယ်။

ဒုတိယအချက်က မျိုးချစ်တွေ ဂျင်းထည့်တဲ့ အစ္စလာမစ်နိုင်ငံအဖြစ်နဲ့ ခွဲထွက်ရေး ဖြစ်တယ်။ တကယ်လို့ ရိုဟင်ဂျာ လက်နက်ကိုင်တွေက ခွဲထွက်ဖို့ တော်လှန်တာ ဖြစ်မယ်ဆိုခဲ့ရင် အလင်းပြန်ဝင်စရာ အကြောင်း မရှိပါဘူး။ ဘယ်လို အခွင့်အရေးတွေ ပေးပေး အလုံးအရင်း လက်နက်ချမှာတော့ မဟုတ်ဘူးလေ။ မတရားမှုကို တွန်းလှန်တော်လှန်ဖို့အတွက်သာ လက်နက်ကိုင်ကြတာဖြစ်လို့ တန်းတူညီမျှမှု ရရှိသွားတဲ့အခါ တန်းအလင်းဝင်ကြတာပဲ မဟုတ်ပါလော့။

နောက်တစ်ချက်က ဦးနုက မဲနိုင်ဖို့အတွက် အရှေ့ပါကစ္စတန်က ခေါ်လာတဲ့လူလို့ ပုဇွန်ဦးနှောက်နဲ့ မျိုးချစ်အချို့က စွပ်စွဲတာလည်း တွေ့ရတယ်။ ယုတ္တိမရှိတဲ့စကားပါပဲ။ ဒီနိုင်ငံအတွက် ဦးနုရဲ့ပေးဆပ်မှုလည်း မနည်းလှဘူး။ အဲဒီလို ခေါင်းဆောင်ကြီးတစ်ယောက်က မဲလိုချင်လို့ တိုင်းပြည်ကို သစ္စာဖောက်မှာဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံနိုင်စရာမဟုတ်ပါဘူး။ ယုတ္တိရှိရှိ စဥ်းစားကြည့်ရင်လည်း အဖြေက ပေါ်လွင်ပါတယ်။ မေယုဒေသမှာ ဘယ်ခေတ်က ကြည့်ကြည့် ရခိုင်လူဦးရေက လက်တစ်ဆုပ်စာလောက်ပဲ ရှိတာကိုး။ ဘယ်ရွေးကောက်ပွဲလုပ်လုပ် မူစလင်တွေ ထောက်ခံတဲ့အုပ်စုကပဲ အနိုင်ရမှာလေ။ အဲဒီမှာ လူသွင်းပြီးတော့ အနိုင်ရကောင်းလား။ ဆင်ဆင်ခြင်ခြင် စွပ်စွဲကြပါ မျိုးချစ်ရာ။

ဆက်လက်ပြီးတော့ အာဏာရှင်နေဝင်းရဲ့ ရိုဟင်ဂျာ ချေမုန်းရေး စီမံကိန်းကို နောက်တက်လာခဲ့တဲ့ စစ်ခေါင်းကြီးတွေက သစ္စာရှိရှိ လက်ဆင့်ကမ်း အကောင်အထည်ဖော်ပေးခဲ့တယ်။ ပြည်သူ့ကို အမှန်တရားအမှောင်ချပြီး ဂျင်းချိုချိုနဲ့ နိုးဆွခဲ့တယ်။ ပညာတတ်၊ ပညာမဲ့၊ ဆင်းရဲချမ်းသား လူတန်းစားအလွှာအားလုံး စစ်ဂျင်းမိခံရကာ ရိုဟင်ဂျာတွေရဲ့ ဘဝကို ဝိုင်းဝန်းမောင်းခတ် ရိုက်ချိုးခဲ့လေတယ်။ ဘယ်လောက်အထိ ယုတ်မာလာခဲ့သလဲဆိုရင် တိရိစ္ဆာန် သန်းခေါင်စာရင်းတောင် ကောက်ယူသေးတယ်။ လူမျိုးရေးဘာသာရေး ပဋိပက္ခတွေ တရစပ် ဖြစ်ပေါ်လာအောင် လုံ့ဆော်ခဲ့တယ်။ ၂၀၁၇ ခုမှာ လူမျိုးတုံးသတ်ဖြတ်မှုအထိတောင် လက်လွန်ခဲ့တယ်။ အေးချမ်းသာယာတဲ့ ရခိုင်ပြည်ကြီး ပြန်လည်ငရဲဘုံဖြစ်လာခဲ့တယ်။ ဒါက စစ်အုပ်စုနဲ့ စစ်ကျွန်သပေါက်တို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။

အချုပ်အနေနဲ့ ရိုဟင်ဂျာအရေးဟာ ကိုလိုနီခေတ်ကပင် အမြစ်တွယ်လာခဲ့တာတော့ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက ပျိုးလိုက်တဲ့ ဂျင်းစေ့ရဲ့ ကျေးဇူးကြောင့်သာ အပင်ကြီး ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီပြသနာ ဖြေရှင်းဖို့ဆိုရင် ဘာသာရေး၊ လူမျိုးရေးကို ဘေးဖယ်ထားပြီးတော့ လူသားဆန်ဖို့က အရေးကြီးတယ်။ လူကိုလူလို မြင်ပြီးတော့ ယခင်အစိုးရရဲ့ နည်းဗျူဟာတွေကို စနစ်တကျ ကျင့်သုံးမယ်ဆိုရင် ရခိုင်ပြည်မှာ ငြိမ်းချမ်းရေးရောင်နီ ပြန်လည်ပျိုးပါလိမ့်မယ်သတဲ့။


လူထုဝဏ္ဏ
(၁၃-၇-၂၀၂၃)

ကိုးကား

- ပြည်ထဲရေးဌာနပြန်ထမ်းစာ ၁၉၄၉၊ ဇူလိုင်လ ၃၀ရက်။

- နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု၏ အသံလွင့်မိန့်ခွန်း။

- တပ်မတော်ခေတ်ရေးစာစောင် အတွဲ ၁၂၊ အမှတ် (၆)။

- အေအက်ဖ်ကေ ဂျီလာဏီ၊  အာရကန်ပြည်၏ ရိုဟင်ဂျာလူမျိုး။

- ခင်ညွှန့် ၊ ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘဝ အထွေထွေ။

- နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး၏ မိန့်ခွန်း။

- နှစ် ၃၀ မြန်မာ့အသံ ၊ ဦးကျော်ညိန်း (မာတလိ)၊ စာမျက်နှာ ၇၁။