Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label ရိုသမိုင်း. Show all posts
Showing posts with label ရိုသမိုင်း. Show all posts

Thursday, October 23, 2025

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)

 

ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)



ဝါဂျီအုလ္လာ အာရ်ကာနီသည် V-Force အမှုထမ်း၊ စကားပြန်၊ ရုံးစာရေး၊ ရိုဟင်ဂျာအရေးလှုပ်ရှားသူ၊ တော်လှန်ရေးသမားစသည်ဖြင့် ထင်ရှားသည့် ရိုဟင်ဂျာတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာကို ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ မောင်တောမြို့နယ်၊ ချီရာတန်ကျေးရွာတွင် မွေးဖွားခဲ့သည်။  ဖခင်မှာ မလဝီ အဗ်ဒူရာဟ်မာန် ဖြစ်သည်။ ဖခင်မှာ သူတော်စင် ဖကီးရ်မလဝီ (မော်လာနာ အဗ်ဒူဂျဗ္ဗာရ်၊ ဘော်လီဘာဇား)ကို အလွန်ကြည်ညိုသူတစ်ဦးဖြစ်သည်။

ဝါဂျီအုလ္လာသည် ဒုတိယကမ္ဘာစစ်မတိုင်မီက ဆယ်တန်းအောင်မြင်ခဲ့သည်။ ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၄၂ နောက်ပိုင်းတွင် အင်္ဂလိပ်တို့က ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ရန် ရိုဟင်ဂျာအရံတပ် V-Force ဖွဲ့စည်းခဲ့ရာ သူသည် အာရကန်တွင် ရာဇဝတ်မှု ကျူးလွန်နေသည့် ဖက်ဆစ်ဂျပန်ကို မုန်းတီးသဖြင့် V Force တွင် ဝင်ရောက်အမှူးထမ်းခဲ့သည်။ သူသည် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်သောကြောင့် အင်္ဂလိပ်အရာရှိများ၏ ဘာသာပြန်အဖြစ် ခန့်အပ်ခံရသည်။ အင်္ဂလိပ် ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း(Anthony Irwin)၏ စကားပြန်လုပ်ခဲ့ကြောင်း ဗိုလ်မှူး အန်တိုနီ အီရ်ဝင်း ရေးသားခဲ့သည့်  "Burmese Outpost" စာအုပ်တွင် ဝါဇီအုလ္လာ၏ အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး၊ စာရေးဆရာထံ ပေးပို့ခဲ့သည့် သူ၏စာတစ်စောင်ကိုလည်း ဖော်ပြခဲ့သည်။ ဗိုလ်မှူး အီရ်ဝင်းသည် ဘူးသီးတောင်မြို့မှ ဆယ်ခိုင်ရွာသူကြီး အဒူစလာမ် ဒူဘာချီ ၏ ပုံတူပန်းချီတစ်ခုကိုလည်း ထိုစာအုပ်တွင် ဖော်ပြခဲ့သည်။

၁၉၄၅-၁၄၆ ခုတွင် အင်္ဂလိပ်ဗိုလ်မှူး အရ်ဝင်းထံ ရေးသားခဲ့သော ပေးစာများတွင် သူ၏ မြန်မာ့နိုင်ငံရေး သဘောထားအမြင်နှင့် ယုံကြည်ချက်ကို တွေ့ရှိရသည်။ မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များ၏ အခြေအနေ ဆိုးဝါးလာနေပုံကို သူစိုးရိမ်စိတ် ဖြစ်လာသည်။ "ဗမာလူမျိုးတွေက မွတ်စလင်တွေကို ဗမာနိုင်ငံမှာ မနေစေချင်ဘူး။ ငါတို့ကို ဗမာပြည်ကနေ အင်အားသုံးပြီးတော့ မောင်းထုတ်ဖို့ သူတို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ ကျွန်တော်တို့ လူမျိုးအားလုံး အမြင့်ဆုံးမှ အနိမ့်ဆုံးအထိ အဓိက ရင်ဆိုင်နေရတဲ့ ပြဿနာက ဗမာလူမျိုးများ၏ ကျူးကျော်တိုက်ခိုက်မှုရန်များပင် ဖြစ်တယ်" ဟု မြန်မာပြည်ရှိ မွတ်စလင်များခံစားနေရသည့် ခွဲခြားဆက်ဆံမှု၊ မုန်းတီးမှုတို့ကို မီးမောင်းထိုးပြခဲ့သည်။ ဤပြသနာကို ဖြေရှင်းနိုင်ရန် " ဖွဲ့စည်းပုံဥပဒေနှင့်အညီ မွတ်စလင်တွေကို သီးခြားနယ်မြေဒေသတစ်ခု သတ်မှတ်ပေးရန် လိုအပ်ကြောင်း" သူ ယုံကြည်သည်။ ထို့အပြင် နောက်ဆုံး အာရကန်ကင်ပိန်း ကာလတွင် ဗိုလ်မှူးချုပ် ဖီးလစ် က မွတ်စလင်တို့ကို သီးခြားနယ်မြေတစ်ခု သတ်မှတ်ပေးမည်ဟု ကတိပေးခဲ့ကြောင်း သူထောက်ပြခဲ့သည်။

ဗြိတိသျှအရာရှိများ၏ ဘာသာပြန်အဖြစ် တာဝန်ထမ်းဆောင်နေစဥ် ဆရာ ဝါဂျီအုလ္လာသည် ဒေသခံ ရိုဟင်ဂျာများကို တတ်နိုင်သလောက် အကူအညီပေးခဲ့သည်။ တစ်ခါက ဗြိတိသျှအရာရှိတစ်ဦးသည် ဂျပန်သူလျှို့ဟု သံသယရှိသူတစ်ဦးအား စစ်ဆေးမေးမြန်းစဉ် ထိုလူသည် ဂျပန်စစ်သားများကို မြင်ခဲ့သည်ဟု ထွက်ဆိုလျှင် ပြင်းပြင်းထန်ထန် အရေးယူခံရမည်ဖြစ်သည်။ ဝါဂျီအုလ္လာသည် ထိုလူ၏ အဖြေက "တွေ့ခဲ့တယ်" ဖြစ်လိမ့်မည်ဟု ထင်မိသည်။ ထို့ကြောင့် ထိုလူကို ကယ်တင်လို၍ သူသည် ရိုဟင်ဂျာစကားဖြင့် ဗြိတိသျှအရာရှိက သူ့အား တောင်ထိပ်ကနေ ခုန်ချနိုင်သလားဟု မေးနေသည်ဟု မေးမြန်းခဲ့သည်။ ထိုလူကြီးက "အင်း...အင်း" ဟု မနိုင်ကြောင်း ပြန်ဖြေခဲ့သည်။ ဗြိတိသျှအရာရှိက ထိုလူသည် ဂျပန်စစ်သားသူတစ်ဦးတစ်ယောက်ကိုမျှ မမြင်ခဲ့ဟု ထင်မှတ်သွားပြီး ထိုလူကြီးအား လွှတ်ပေးခဲ့သည်။
ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost.


ဒုတိယကမ္ဘာစစ်အပြီးတွင် ဝါဂျီအုလ္လာသည် ကာလကတ္တားတက္ကသိုလ်သို့ တက်ရောက် ပညာသင်ယူခဲ့သည်။ တက္ကသိုလ်၌ ပညာသင်နေစဥ်ကာလတွင် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးခေါင်းဆောင် ရှိက်(ခ်) မူဂျီဘုရ် ရာဟ်မာန် စသော အိန္ဒိယကျွန်းဆွယ်၏ အနာဂတ်ခေါင်းဆောင်များစွာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ နိုင်ငံရေးအမြော်အမြင်၊ နိုင်ငံရေးယုံကြည်ချက်တို့ကို ဖလှယ်ခွင့်ရရှိခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် မြန်မာ့တပ်မတော်လက်အောက် စစ်ဝန်ထမ်း ဟုခေါ်သည့်  BTF တပ် (Burma Territorial Force)၏ လူမဆန်သော ရက်စက်ယုတ်မာမှုများကြောင့် အာရကန်တိုင်းမှ ရိုဟင်ဂျာ မွတ်စလင် မိသားစုများစွာ အရှေ့ပါကစ္စတန်သို့ အသက်လု ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှာ ဝါဂျီအုလ္လာ၏ မိသားစုလည်း ပါခဲ့သည်။ နတ်မြစ်ဝ ရှင်မဖြူကျွန်း၌ ဘဒေါရ်မိုက္ကန် သို့မဟုတ် ဂူလာဟု ခေါ်သော ကျေးရွာတစ်ရွာရှိခဲ့သည်။ ၎င်းနေရာသည် အာရကန်တိုင်းနှင့် စစ်တကောင်းကြား ကုန်သွယ်ရေး အချုပ်အချာကျသည် နေရာတစ်ခုဖြစ်ခဲ့သည်။ ဝါဂျီအုလ္လာ၏ မိသားစုသည် ထိုဒေသတွင် ရွေ့ပြောင်းခိုလှုံခဲ့သည်။ ဝါဂျီအုလ္လာနှင့် ၎င်း၏ညီ ဟာဗီဘုလ္လာတို့သည် အရှေ့ပါကစ္စတန် (ယနေ့ ဘင်္ဂလားဒေ့ရှ်) ၌ ဒုက္ခသည်အဖြစ်ရှိနေစဥ် တက်နာ့ဖ်တွင် ဒေသခံ ဘင်္ဂလီရခိုင်နှင့် ဒေသခံ ဘင်္ဂလီမွတ်စလင် အုပ်စုတို့အကြား  အားပြိုင်မှု၊ အထက်စီးမှုကို ပုံမှန်ဖြစ်အောင် ညှိနှိုင်းပေးရာတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာသည် ငယ်စဥ်ကပင် ရဲစွမ်းသတ္တိရှိသူ၊ မျိုးချစ်စိတ် ထက်သန်သူ တစ်ဦးဖြစ်သည်။ အာရကန်တွင် ဖြစ်နေသည့် အစိုးရ၏ မတရားနှိပ်ကွပ်မှု၊ ခွဲခြားဆက်ဆံမှုတို့မှ ရိုဟင်ဂျာလူမျိုးတို့ကို ကယ်တင်ရန် အနုနည်းဖြင့် ကြိုးပမ်းခဲ့သည်။ သို့သော် အောင်မြင်မှု မရရှိသဖြင့် လက်နက်ကိုင် တော်လှန်ရေးလမ်းကို ရွေးချယ်ကာ ခေါင်းဆောင်ကြီး ဂျာဖောရ်ကာဝါလ်၏ တော်လှန်ရေးအဖွဲ့တွင် ဝင်ရောက်ခဲ့သည်။ သူသည် V force တွင် အမှုထမ်းပြီး စစ်ရေးအတွေ့အကြုံ၊ မြေပြင်အတွေ့အကြုံနှင့် ရင့်ကျက်သူဖြစ်သဖြင့် တော်လှန်ရေးအဖွဲ့တွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မူဂျာဟစ်ကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဝါဂျီအုလ္လာတို့ မိသားစုသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက သူတို့ကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင် မြန်မာဗဟိုအစိုးရ၏ ကြားဝင်ဆောင်ရွက်မှုကြောင့် သူတို့ကို ပြန်လက်ခံခဲ့သည်။ မယုနယ်ခြားခရိုင်  အုပ်ချုပ်ရေးကာလအတွင်း သူသည် မေယုရာရှစ် (ခ) ဘမောင်နှင့်အတူ စိတ်ပညာရေးရာ ရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော် သူအား ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီး ဦးဘမောင်အား မေယုရဲအုပ်အဖြစ် ခန့်အပ်ခဲ့သည်။

ဝါဂျီအုလ္လာသည် နေဝင်းအစိုးရ မဆလခေတ်တွင် စစ်အာဏာရှင်နှင့် မတရားမှု ဖိနှိပ်မှုကို ခုခံတော်လှန်ရန် ဆရာကြီး ဆုလ်တာန် ခေါင်းဆောင်သော ရိုဟင်ဂျာ လွတ်လပ်ရေးတပ် (Rohingya Independence Force) ၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ထို့နောက် မြေအောက်ပုန်းတောခိုကာ စစ်အာဏာရှင်ကို ရဲရဲဝံ့ဝံ့ ခုခံတော်လှန်ခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် သူသည် အာရကန်သမိုင်းအသင်း (Arakan Historical Society) ၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၈ ခုဒုက္ခသည်များအရေးပေါ်ပေါက်ခဲ့ရာ အကြမ်းဖက်စစ်ဆင်ရေး၏ သရုပ်မှန်နှင့် ဒုက္ခသည်များ၏ ဆိုးဝါးသောအခြေအနေကို ကမ္ဘာသိအောင် လှုပ်ရှားရာတွင်လည်း တက်တက်ကြွကြွ ပါဝင်ခဲ့သည်။

ဝါဂျီအုလ္လာ အာရ်ကာနီသည် မြန်မာ့လူထုနှင့် တိုင်းပြည်အပေါ် အဓမ္မတရား စိုးမိုးလာသည့်အခါတိုင်း မိမိ၏အသက်၊ မိမိ၏ ဘဝကို အမှုမထားဘဲ အဓမ္မကို တော်လှန်ခြင်းသည် မိမိ၏ တာဝန်အဖြစ်ခံယူကာ ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့သည်။ မိမိ၏ လူမျိုးနှင့်တိုင်းပြည်တာဝန်ကို ကိုယ်စွမ်းဉာဏ်စွမ်း ဆောင်ရွက်ကာ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အသက် ၆၉ နှစ်တွင် ကွယ်လွန်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် သူ၏ ဝိညာဉ်အား ထာဝရငြိမ်းချမ်းမှုကို ချီးမြှင့်တော်မူပါစေ။


— လူထုဝဏ္ဏ
(၂၁-၁၀-၂၀၂၅)




ကိုးကား-
၁။ AFK Jilani, (1999). The Rohingyas of Arakan: Their quest for justice.
၂။ Anthony Irwin, (1945). Burmese Outpost.
၃။ Greg Constantaine, (2025). Ek Khaale.


Tuesday, November 15, 2022

ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း

 


ရိုဟင်ဂျာကိုယ်စားလှယ် ၁၀ဦး ပြည်ထောင်စုနေ့တက်ခွင့်ပြုရန် ပန်ကြားခြင်း



ရန်ကုန် ဇန်နဝါရီလ ၉၊

ပြည်ထောင်စု မြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသား ညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က ပြည်ထောင်စုသား အချင်းချင်း သွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရေး၊  ဘာသာပေါင်းစုံပေါင်းသင်းဆက်ဆံ နေထိုင်ရေး၊ လူမျိုး ပေါင်းစုံ ချစ်ကြည်ရေး၊ တဦးနှင့်တဦး နားလည်ချစ်ခင်မှုရရှိရေးနှင့် ပြည်ထောင်စုကြီး၏အကျိုးကို သစ္စာရှိစွာဖြင့် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပြည်ထောင်စု တခုလုံး၏ အကျိုးကို မျှော်ကိုးကာ ယခု ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသဘင်ကြီးသို့ အခြား လူမျိုးစုများနည်းတူ ရိုဟင်ဂျာလူမျိုးစုမှလည်း ကိုယ်စားလှယ် (၁၀) ဦးခန့် ဖိတ်ခေါ်ေစလိုကြောင်း။ 

မေယုခရိုင်မှ ကိုယ်စားလှယ် (၁၀) ဦးကို ဖိတ်ခေါ်ရန် မတတ်နိုင်ပါက မိမိတို့ ဌာနချုပ်မှတဆင့် ရန်ကုန်မြို့မှ ကိုယ်စားလှယ် (၅) ဦးကို ဖိတ်ခေါပြီး ကျန် (၅) ဦးကို မေ ယုခရိုင်မှ ဖိတ်ခေါ်စေလိုကြောင်း၊ ရန်ကုန်မြို့မှ တက် ရောက် ပါဝင်မည့် ကိုယ်စားလှယ်(၅) ဦး၏ အသုံးစရိတ် များကို ဤဌာနချုပ်မှ တာဝန်ယူမည်ဖြစ်ကြောင်းဖြင့် ယ နေ့ပြည်ထောင်စုမြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောမြင့်ထံသို့ ယနေ့ ပန်ကြားလွှာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ၏။

(မူရင်းသတင်းစာအတိုင်း ကူးယူဖော်ပြထားသည်။)


ကိုးကား-

တော်လှန်ရေးကောင်စီခေတ်၊ လုပ်သားသတင်းစာ (၁၀-၁-၁၉၆၄)မှ မန္တလေးမြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့သို့ ရိုဟင်ဂျာကိုယ်စားလှယ် တက်ခွင့် တောင်းဆိုသည့်သတင်း။ 


Saturday, July 3, 2021

အင်္ဂလိပ် သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ် သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ ခုက မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်စာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့သွားအောင် ဒွန်တွဲကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေသရဲ့ နာမည်နာမတွေ ပြောင်းပေးလေ့ရှိကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသန္တရနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ပြောင်းလဲခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ အင်္ဂလိပ်ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးနှုန်းေခါ်ဝေါ်ကြတယ်။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခွဲခြားခြားဖော်ပြဖို့အတွက် အစ္စလာမ်ဘာသာဝင်ကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ အဆောက်အဦးတွေကိုတောင် သူတို့ရဲ့ ဗိသုကာလက်ရာအတိုင်း ဆောက်လုပ်ခဲ့တာ ယနေ့အချိန်အထိ မြန်မာပြည်အနှံ့တွေ့ရှိနေရဆဲပါပဲ။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြားစာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။


—©RohangKing


#Unicode

အင်္ဂလိပ်သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ


အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ က မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်းစာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။

ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့အောင် ဒွန်တွဲဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေရဲ့ နာမည်တွေ ပြောင်းပေးလိုက်ကြတယ်။ 

ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း  အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ သူတို့ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးကြတာပါ။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြား ဖော်ပြဖို့အတွက် အိစ္စလာမ်ဘာသာကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။ 

ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ 

အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊  အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရ်ကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။ 

ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြား စာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။ 

ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။

—©RK








Tuesday, November 3, 2020

ဓညဝတီခေတ်က ရွိုင်ဂျာစကား



ဓညဝတီခေတ်က ရွိုင်ဂျာစကား


သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။


ယခု ရခိုင်ပြည်နယ်ခေါ် အာရ်ကာန်မှာ ထင်းရှားခဲ့တဲ့ခေတ် ၄ ခေတ် (ဓည၀တီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြေက်ဦးခေတ်) ရှိခဲ့တာကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အာရ်ကာန်ဆိုတဲ့ အခေါ်အဝေါ်ဟာလည်း အာရဗ် အခေါ်အဝေါ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများကဆိုပါတယ်။

အာရ်ကာန်နိုင်ငံတော်ကြီးရဲ့ ဖော်ပြပါ ခေတ် ၄ ခေတ်လုံးမှာ အာရဗ်၊ ပါရှန်၊ မဂို၊ ဟိန္ဒူ၊ ဘင်္ဂလီ လူမျိုးများနဲ့၎င်းတို့ရဲ့ ယဉ်ကျေးမှုများ၊ အခေါ်အဝေါ် အသုံးအနှုန်းများကို သမိုင်းမှတ်တမ်းများ၌ ယနေ့တိုင် ထင်ထင်ရှားရှားတွေ့ရှိရပါတယ်။ ရိုဟင်ဂျာအမည်ကို အာရ်ကာန်နိုင်ငံတော်ကြီးမှာ အစောဦးဆုံး အခြေချနေထိုင်ခဲ့တဲ့ အာရဗ်လူမျိုးက မည့်ခေါ်ခဲ့တယ်လို့ဆိုပါတယ်။



၂၀၀၈ ခုနှစ်မှာ အမျိုးသားစာပေဆုရရှိတဲ့ စာရေးဆရာ (နာမည်ကျော် ဗေဒင်ဆရာကြီး) ဒေါက်တာ ဒဂုန် ရေးသားခဲ့တဲ့ “ရာဇ၀င်ထဲမှာပုဏ္ဏား” ဆိုတဲ့စာအုပ်မှာ ရိုဟင်ဂျာစကား (ဆရာကြီးစာအုပ်မှာ ရွိုင်ဂျာစကားလို့ရေးထားတယ်) ကို အကျယ်တ၀န်း ရေးသားဖော်ပြထားပါတယ်။ ဆရာကြီးရဲ့ စာအုပ်ပြုစုရေးမှာ အချိန် ၂ နှစ် ကြာပါတယ်၊ ကျမ်းကိုးကျမ်းကား ၂၀၀ ကျော် ၃၀၀ နီးပါးလောက်ရှိတယ်လို့ဆိုပါတယ်။ ဤစာအုပ်ပြုစုခြင်းဟာ ဆရာကြီးရဲ့ ဘ၀တလျှောက်မှာ ဂုဏ်သိက္ခာအရှိဆုံး အလုပ်တခုလို့ဆိုပါတယ်။ ဆရာကြီး ဒေါက်တာ ဒဂုန် မှတ်တမ်းတင်ခဲ့တဲ့ “ပုဏ္ဏား” စကားဟာ ဓည၀တီခေတ်မှာ ရွိုင်ဂျာတို့ ပြောတဲ့စကားဖြစ်ကြောင့် အတိအလင်းရေးသားထားပါတယ်။ ၎င်း ရွိုင်ဂျာစကား အသုံးအနှုန်း အခေါ်အဝေါ်များကို ဆရာကြီးရဲ့စာအုပ်မှာ အသေးစိတ် ခွဲခြမ်းစိတ်ဖြာစွာဘဲ ရေးသားဖော်ပြထားပါတယ်။

ယနေ့ ရိုဟင်ဂျာလူမျိုးပြောတဲ့စကား အသုံးအနှုန်း အခေါ်အဝေါ်များနဲ့ ဆရာကြီးရဲ့ စာအုပ်မှာရေးသားဖော်ပြထားတဲ့ ဓည၀တီခေတ်က ပုဏ္ဏားတို့ပြောတဲ့စကား အခေါ်အဝေါ် အသုံးအနှုန်းများနဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ စာအုပ်မျက်နှာဖုံးနဲ့ စကားအသုံးအနှုန်း ခွဲခြမ်းစိတ်ဖြာထားပုံကို ပူးတွဲတင်ပေးလိုက်ပါတယ်၊ လေ့လာကြည့်ပါ။
.

Arif Kassim
01-11-2020

(ကူးယူဖော်ပြသည်။)

Friday, February 14, 2020

အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ


ပုံ (၁) အင်းဒင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးပြီးညနေခင်းက ရခိုင်ရွာလမ်းကြားမှာ ဒူးထောက် ရိုက်ထားတဲ့ဓါတ်ပုံ။ 

အင်းဒင်အစုလိုက်သတ်ဖြတ်ပွဲ (၂၀၁၇ စက်တင်ဘာလ ၂ ရက်)


၂၀၁၇ ခု သြဂုတ်လ ၂၅ ရက် နောက်ပိုင်း မောင်တောမြို့နယ် တစ်ခုလုံးတွင် နယ်မြေရှင်းလင်းရေး ခေါင်းစဥ်ဖြင့် စစ်တပ်နှင့် အစွန်းရောက်ပူးပေါင်းအဖွဲ့တို့က အုပ်စုလိုက်သတ်ဖြတ်မှုများ၊ ရွာတန်းလိုက် မီးရှို့မှုများနှင့် အဖွဲ့လိုက် မုဒိမ်းမှုများကို ရက်ရက်စက်စက် ကျူးလွန်ခဲ့သည်ကို အားလုံးအသိဖြစ်သည်။ 

နယ်မြေရှင်းလင်းရေးကလည်း မြက်ပင်မကျန်၊ ကျူငုတ်မကျန် သတ်ဖြတ်မီးရှို့ရှင်းလင်းခဲ့သည့် အလွန်ကြောက်စရာကောင်းသည့် လူသတ်ပွဲကြီးဖြစ်သည်။ ရိုင်းကားကား ဟောလီဝုတ်ရုပ်ရှင် ကြည့်ရှုသလိုပင်ဖြစ်သည်။ ထိုနယ်မြေရှင်းလင်းသည့်အဖွဲ့ထဲတွင် စစ်တပ်၊ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက် ရခိုင်နတလအုပ်စု စသည်တို့ ပါဝင်သည်။ သေနတ်၊ လက်နက်ခဲယဥ်းအပြည့်နှင့် အစွန်းရောက်သမားလက်ထဲမှာ ဓါးလှံအစုံကိုင်ဆောင်လျက် တစ်ရွာပြီးတစ်ရွာပြီး ရှင်းလင်းခဲ့သည်။ တွေ့သမျှ ရွာသူရွာသားတွေကို အပြစ်ရှိရှိမရှိရှိ မစိစစ်ဘဲ ကြင်နာမဲ့ သတ်ဖြတ်ခဲ့သည်။ အသက်ကယ်ထွက်ပြေးနေသည့်လူများကို သေနတ်နှင့် ပစ်သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ရွာထဲမိသောလူကို ခုတ်ဖြတ်သတ်ခဲ့သည်။ ပြီးနောက် ရွာသားများအားလုံး ရွာမှ ထွက်ပြေးသွားသောအခါ ရွာမှာရှိသမျှ အိမ်အားလုံးမှ အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကာ နောက်ဆုံးတွင် ရွာကို မီးရှို့ပစ်ခဲ့သည်။ အစွန်းရောက်သမားများအတွက် ပွဲကျသလို ဒိုင်နာကားကြီးများနှင့် သူထက်ငါသာ တစ်ရွာပြီးတစ်ရွာ လုယက်ပျက်စီးမီးရှို့ခဲ့သည်။

ထိုနယ်မြေရှင်းပွဲ၏ အုပ်လိုက်စုလိုက် သတ်ဖြတ်ပွဲများအနက် တစ်ခုကို ဤဆောင်းပါးတွင် ဖော်ပြသွားမည်ဖြစ်သည်။ ထိုအုပ်လိုက်စုလိုက် သတ်ဖြတ်မှုက အင်းဒင်လူသတ်ပွဲပင် ဖြစ်သည်။

အင်းဒင်ကျေးရွာစုသည် မောင်တောတောင်းပိုင်းအစွန်းတွင် တည်ရှိ၍ အင်းဒင်ရိုဟင်ဂျာရွာ၊ အင်းဒင်ရခိုင်ရွာ၊ ပဲရုံနတလရွာ တို့နှင့်ဖွဲ့စည်းထားသည်။ လူဦးရေ ၆၀၀၀ ခန့်ရှိသည်။ ၂၀၁၇ ခု သြဂုတ်လ ၃၀ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့များသည် ရခိုင်ရွာနှင့် နတလရွာရှိ ရွာသားများနှင့် တွေ့ဆုံကာ နယ်မြေရှင်းလင်းပွဲတွင် ပူးပေါင်းပါဝင်ရန်၊ ဤဒေသတွင် အေးအေးချမ်းချမ်း နေထိုင်ဖို့ငြား ကုလားကိုမောင်းထုတ်ရန် လိုအပ်ကြောင်း၊ မည်သို့မည်ပုံ စစ်ဆင်ရမည်ဖြစ်ကြောင်း စသည်ဖြင့် အသေးစိတ်ဟောပြောကာ ဘီးလူးစိတ် မြင့်တင်ပေးခဲ့သည်။ အရံတပ်ဖွဲ့များ ဖွဲ့စည်းပေးခဲ့သည်။ အင်းဒင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်မှာ ခမရ ၃၃၊ အမှတ် ၈ ပြည်သူ့စစ်တပ်ဖွဲ့နှင့် အစွန်းရောက်ရခိုင်နတလတို့ ဖြစ်ကြသည်။

ထို့နောက် ညနေပိုင်းတွင် ရိုဟင်ဂျာရွာများကို ဝန်းရံပိတ်ဆို့ကာ နယ်မြေရှင်းလင်းရေး ခေါ် လူသတ်ပွဲကြီး စတင်ခဲ့သည်။ လုံခြူံရေးတပ်ဖွဲ့အချို့က ရွာကို အဘက်ဘက်မှ ဝန်းရံထား၍ သေနတ်များ မိုးခြိမ့်နေသကဲ့သို့ ဗရမ်းဗတားဖောက်လျက်သည်။ ရခိုင်သား၊ နတလ နှင့် တခြားလုံခြုံရေးတပ်အချို့မှာ ရွာထဲကိုဝင်၍ တွေ့သမျှလူကို ဆွဲထုတ်ဖမ်းဆီး သတ်ဖြတ်ခဲ့သည်။ ရွာသားများက ကြောက်လန့်၍ ရရာပေါက်လမ်းမှ အသက်ကယ်ထွက်ပြေးခဲ့ရသည်။ သေတဲ့လူကသေ၊ ပြေးတဲ့လူကပြေး တစ်ဦးကိုတစ်ဦးလှည့်မကြည့်နိုင်သည့် အခြေအနေပင်တည်း။

ရွာသားများသည် ရွာကထွက်ပြေး၍ နီးစပ်ရာ ကမ်းခြေတွင် စုပုံလျက်ရှိနေသည်။ တစ်ချို့က ပင်လယ်ကိုကူး၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခိုလှုံရန် ပြင်ဆင်နေကြသည်။ အမှတ် (၈) လုံခြုံရေးပူးပေါင်းအဖွဲ့က ရွာကိုလည်း မီးရှို့ဖျက်ဆီးလိုက်တော့ ရွာပြန်စရာအိမ် မရှိတော့ချေ။ စက်တင်ဘာလ ၁ ရက်နေ့တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ကမ်းခြေဘက်တွင် ဟိုတစ်စု ဒီတစ်စု စုပုံနေသော ကိုးရာမဲ့ ရွာသူရွာသားများကို ဝန်းရံပစ်ခတ်ခဲ့သည်။ လူအချို့ ဒဏ်ရာရခဲ့သည်။ အနောက်ဘက်တွင် ပင်လယ်ကြီး၊ အရှေ့ဘက်မှာ လူသတ်ဘီလူးရိုင်းများက ပိတ်ဆို့ထားသဖြင့် ထွက်ပြေးစရာ လမ်းမရှိချေ။ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့က လူအုပ်ထဲမှ အမျိုးသမီး၊ အမျိုးသား လူ ၅၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။  ထိုလူထဲမှ လူ ၁၀ ယောက်ကို တစ်ဖန် ခွဲထုတ်ကာ စာသင်ကျောင်းတစ်ဆောင်တွင် ချုပ်နှောင်ထားခဲ့သည်။

ပုံ(၂) အင်းဒင်ရွာသား ၁၀ ယောက်ကို ပဲရုံသင်္ချိုင်းကို ခေါ်သွားပြီး။

အဆိုပါ အင်းဒင်ရွာသား ၁၀ ဦးက ငါးဖမ်းသမားများ၊ ငါးရောင်းသူများ၊ စတိုးဆိုင်ရှင်များ၊ ကျောင်းသားများဖြစ်ကြပြီး အစ္စလာမ်ဘာသာရေး ဗလီဆရာတစ်ယောက်လည်း ပါဝင်သည်။ ညအချိန် ဦးတည်ဘက်မဲ့ ရွာမှ ထွက်ပြေးလာရသဖြင့် သူတို့အချို့မှာ အဝတ်အစားတောင် လုံလုံခြုံခြုံ မရှိခဲ့ချေ။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သူတို့ကို အဝတ်အစားအချို့လည်း ပေးခဲ့သည်။ ညစာလည်း ကျွေးခဲ့သည်ဟု သက်သေထွက်ဆိုသူအချို့က ဆိုသည်။

စက်တင်ဘာလ ၂ ရက် နံနက် ၈ နာရီခန့်တွင် သူတို့ကို လုံခြုံရေးပူးပေါင်းအဖွဲ့က အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ ခေါ်ဆောင်သွားခဲ့သည်။ လုံခြုံရေးနောက်တွင် အင်းဒင်ရခိုင်သား အေးထွန်း ဦးဆောင်သော ရခိုင်နှင့် နတလ အစွန်းရောက်အုပ်စုတစ်စုလည်း ဓါး၊ တုတ်၊ လှံ ကိုင်ဆောင်ကာ လိုက်ပါသွားသည်။ ပဲရုံသုသာန်အနီး တောင်ကုန်းနှစ်ခုကြား လျှိုအတွင်း သူတို့ကို ကျင်းတစ်ခုတူးခဲ့စေသည်။ ကျင်းတူး၍ပြီးစီးစဥ် တပ်မတော်သားတွေက  အစွန်းရောက်ရခိုင်သားအချို့ကို ခေါ်ကာ ကျင်းထဲဆင်းလျက်ရှိသော လူတို့ကို တိုက်ခိုက်ခိုင်းလေသည်။ သတ်ဖြတ်ခိုင်းခဲ့ရာမှာ ပထမဦးဆုံး အစ္စလာမ်ဘာသာရေးဆရာ အဗ္ဗဒုလ်မာလိက်၏ ခေါင်းကို ရခိုင်သားတစ်ယောက်က ခုတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။ စိတ်ကျေနပ်အောင် ရက်ရက်စက်စက် တိုက်ခိုက်ပြီးနောက် လုံခြုံရေးသမားများက သေနတ်ပစ် သတ်ဖြတ်ခဲ့လေသည်။
ပုံ(၃) သတ်ဖြတ်ပြီးနောက် ရိုက်ကူးထားသည့် ဓါတ်ပုံ။

သတ်ဖြတ်ခံရသူ အင်းဒင်ရွာသား ၁၀ ဦးမှာ -
၁) အာဘူလု (၁၇ နှစ်)(ဆယ်တန်းကျောင်းသား) 
၂) ရော်ရှိတ်အမတ် (၁၈ နှစ်) ဆယ်တန်းကျောင်းသား
၃) အာဘုလ်ဟာရှိမ် (25) ဆိုင်သည်
၄) နူရ်မိုဟာမတ် (၂၉) လယ်သမား၊ ငါးဖမ်းသမား
၅) အဗ္ဗဒုလ်မာလိက် (၃၀) ဗလီဆရာ
၆) ဒိလ်မိုဟာမတ် (၃၅) ငါးဖမ်းသမား
၇) ချိုကောတ်အုလ္လာ (၃၅) ငါးဖမ်းသမား
၈) ဟာဖီဇူ (၄၀) လယ်သမား၊ ငါးဖမ်းသမား
၉) အဗ္ဗဒုလ်မာဂျိတ် (၄၅) ကုန်စိမ်းဆိုင်သည်
၁၀) ရှားကဲရ်အမတ် (၄၅) ငါးဖမ်းသမား
တို့ဖြစ်ကြသည်။

ပုံ(၄) ဒီဇင်ဘာလ ၁၉ ရက် နေ့လည်တွင် ပဲရုံသင်္ချိုင်းကုန်းမှ ထူးဖော်ရရှိသည့် အရိုးစုများ။


ဤသို့ဖြင့် မျိုးညံမျိုးယုတ်လက်ချကြောင့် အပြစ်မဲ့ ပြည်သူ ဆယ်ဦး ရက်ရက်စက်စက် မတရားအသတ်ခံခဲ့ရလေသည်။ အကယ်၍မျှ ထိုလူတို့မှာ အပြစ်ရှိသည်ဆိုပါစို့ ထိုလူတို့ကို ရဲစခန်းသို့ အပ်ရမည်မဟုတ်လော။ တရားဥပဒေအတိုင်း စီရင်ရမည်မဟုတ်လော။

ပုံ(၅) ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။

ဤမူခင်းကို ရိုက်တာ သတင်းထောက် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦးတို့က သက်သေအထောက်အထားဓာတ်ပုံနှင့်တကွ ဖော်ထုတ်ရာမှ သတင်းမှန်ကို ဖုံးကွယ်လို့မရဘဲ နိုင်ငံတကာအထိ သတင်းပြန့်နှံ့သွားခဲ့သည်။ နိုင်ငံတကာက လူသားမျိုးနွယ်စုအပေါ် ကြောက်မက်ဖွယ်ကျူးလွန်မှုတစ်ခုဟု လက်ညှိုးထိုး စောင့်ကြည့်လာသောအခါ တပ်မတော်နှင့် စုကြည်အစိုးရက သတင်းထောက်နှစ်ဦးကို နိုင်ငံတော် လျှို့ဝှက်ချက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ လိမ်လည်အမှုဆောင်ကာ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၈ ခု စက်တင်ဘာ ၃ ရက်နေ့က သူတို့ကို အကြောင်းမဲ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်လိုက်သည်။ ၂၀၁၉ မေလ ၇ ရက်တွင် သမ္မတဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တပ်မတော်က ဗိုလ်ချုပ်ကြီး ဦးအေးဝင်း ဦးဆောင်သော ဟန်ပြစုံစမ်းရေး ကော်မရှင်အဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့သည်။ ၂၀၁၈ ခု ဇန်နဝါရီလ ၁၀ ရက်တွင် အင်းဒင်လူသတ်မှုကို လုံခြုံရေးအဖွဲ့နှင့် ဒေသခံ ရခိုင်နှင့်နတလတို့က ပူးပေါင်း သတ်ဖြတ်ခဲ့ကြောင်း၊ ပျောက်ဆုံးနေတဲ့ ဦးမောင်နီ၏ လက်စားချေခဲ့ကြောင်း၊ ထို အင်းဒင်ရွာသား ၁၀ ယောက်သည် အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိကြောင်း၊ ပြစ်မှုကျူးလွန်သူကို အရေးယူမည်ဖြစ် ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကာ နိုင်ငံတကာကို ဗန်းပြရန် ကြိုးပမ်းခဲ့သည်။ ထူးခြားချက်က ရခိုင်ပြည်နယ်တွင် အပြစ်မဲ့ပြည်သူများကို စစ်တပ်က အစုလိုက်သတ်ဖြတ်ခဲ့သည်ကို တပ်မတော်ကိုယ်တိုင် ဝန်ခံခဲ့သည့် ပထမဆုံးအခင်း ဖြစ်သည်။ 

၂၀၁၈ ဧပြီလတွင် အင်းဒင်အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့သည့် တပ်မတော် အရာရှိနဲ့ စစ်သည် ၇ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း တစ်နှစ်မပြည့်မီ ထောင်ကနေ လွှတ်သွားပြီဟု အကျဥ်းဦးစီး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေက သတင်းစာရှင်းလင်းခဲ့သည်။

အင်းဒင်အစုလိုက်သတ်ဖြတ်မှုတွင် အပြစ်မဲ့ ရွာသား ၁၀ ၏ ကြောက်မက်ဖွယ် သတ်ဖြတ်မှုသာကို ရိုက်တာသတင်းထောက်၏ အကူအညီဖြင့် ဖော်ထုတ်နိုင်ခဲ့သော်လည်း လုံခြုံရေးလူသတ်သမား၏ ဓါးစာခံဖြစ်ခဲ့သည့် အခြား ရွာသား ၅၀ ခန့် မတရားသတ်ဖြတ်ခံရသည်ကိုကား ဘယ်မီဒီယာကမှ ပြောဆိုရေးသားခြင်း မရှိချေ။


— လူထုဝဏ္ဏ
(ဇန္နဝါရီ ၁၂၊ ၂၀၂၀)


ကိုးကား
၁) ဘီဘီစီ| ရိုက်တာ သတင်းထောက်တွေ ဖော်ထုတ်ခဲ့တဲ့ အင်းဒင်သတ်ဖြတ်မှု (၅ စက်တင်ဘာ ၂၀၁၈)

၂) ဘီဘီစီ| အင်းဒင်ရွာ လူသတ်မှု - ထောင် ၁ နှစ် မပြည့်ခင်ကို တပ်မတော်သားတွေ စောလွတ်ခဲ့ (၂၇ မေ ၂၀၁၉)

Monday, December 23, 2019

ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ ရှေးဟောင်း ဗဒေါရ်မောကာမ်ကျောင်းတော်

စစ်တပ်ရဲ့ ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ ရှေးဟောင်း ဗဒေါရ်မောကာမ် ဝတ်ပြုကျောင်းတော်










ဗဒေါရ်မောကာမ်သည် အာရကန်ပြည်၏ ရှေးဟောင်းမွတ်စလင်သမိုင်းအမွေအနှစ်ထဲမှ တစ်ခုဖြစ်သည်။ စစ်တပ်နှင့် မသမာသူအုပ်စုတို့၏ မတရားကျူးကျော် သိမ်းပိုက်ခြင်းကို ခံနေရသော ထင်ထင်ရှားရှား သမိုင်းသက်သေ တစ်ခုလည်းဖြစ်သည်။ ယနေ့ ရခိုင်တို့က နတ်ကွန်း၊ ဗုဒ္ဓမော်ရှင်မနတ် စသည့် ဗုဒ္ဓမြတ်စွာဘုရားနှင့် ဆက်နွယ်သော ပါးစပ်လုပ်ဇာတ်လုပ်ကြံသမိုင်းများ ဖန်တီးကာ သမိုင်းမှန်ကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။ 

ဗဒေါရ်မောကာမ်သည် သူတော်စင် ဗဒေါရ်သြဠီယာ၏ ဝတ်ပြုရာ ကျောင်းသင်္ခဏ်းဖြစ်သည်။ သူတော်စင် ဗဒေါရ်သြဠီယာ၏အမည်ရင်းမှာ ဗဒေါရုဒ္ဒိန်း ဖြစ်သည်။ အချို့မှတ်တမ်းများတွင် ရှားဗဒေါရ်အုဒ္ဒိန်း ဟုလည်း အဆိုကွဲရှိသည်။ ဗဒေါရ်မောကာမ်အဓိပ္ပာယ်မှာ ဗဒေါရ်၏ တရားထိုင်ရာနေရာဟု အဓိပ္ပယ်ရသည်။ ထိုကျောင်းသင်္ခဏ်းကို ၁၇၂၇ ခုတွင် ကုန်သည်ညီနောင်နှစ်ဦးက ဗလီဝတ်ပြုကျောင်းအဖြစ် မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။  ဗဒေါရုဒ္ဒိန်းသည် အလွန်ထင်ရှားခဲ့သော ပီရ်သူတော်စင်တစ်ပါးဖြစ်ခဲ့သည်။ ပင်လယ်စောင့် ပီရ်တစ်ပါးဟု ယုံကြည်ကြသည်။ ပီရ် ဗဒေါရုဒ္ဒိန်း၏ ကျောင်းသင်္ခဏ်းများသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း စသည့် ပင်လယ်ကမ်းရိုးတန်းတလျှောက်ဒေသများတွင် တွေ့ရှိရသည်။ ပီရ်ဗဒေါရုဒိန်း၏ ဘုန်းတန်ခိုး ကြီးမားသည့် ပုံပြင်များ ယနေ့အထိ လူတို့ကပြောဆိုလေ့ရှိသည်။ ဗဒေါရ်သြဠိယာသည် ရေပေါ််က လမ်းလျှောက်နိုင်သည်... ပင်လယ်သတ္တဝါကြီး ကျောပေါ်စီးလို့ ခရီးသွားလာတတ်သည်... သူလမ်းလျှောက်ရာ ကမ်းခြေတစ်လျှောက် ကျောက်တုံးများ ပေါ်လေ့ရှိခဲ့သည်... စသည့်  သူ၏ဂုဏ်ဘွဲ့များ ပုံပြင်သဖွယ် ယနေ့အထိထင်ရှားသည်။ 

ဗဒေါမောကာမ်ကျောင်းတော်၏ သမိုင်းအကြောင်းကို သမိုင်းသုတေသီပညာရှင်များ၏ မှတ်တမ်းများတွင် အောက်ပါအတိုင်းတွေ့ရသည်။ 

ဗဒေါမိုကာမ်ကို ခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် မွတ်စလင်များက သူတို့၏ ထင်ရှားသော သူတော်စင်သခင်ကြီး Badr Auliah အား ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ၁၈၇၆ ခုနှစ်က အာရကန်တိုင်း ဒုတိယကော်မရှင်နာ ဗိုလ်မှူးကြီး Nelson Davies က ရခိုင်ပြည်နယ်ကော်မရှင်နာအဖွဲ့ရုံးတွင် သိမ်းဆည်းထားသော မှတ်တမ်းတစ်ခုကို Dr. Emil Forchhammer အား ငှားရမ်းပေးခဲ့သည်။ ထိုမှတ်တမ်းတွင် ပါရှိသော ဗဒေါမောကာမ်ကျောင်းတော်အကြောင်းကို ကောက်နုတ်ကာ သူ၏စာအုပ် Reports on the Antiquities of Arakan (1891-2) တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။  


"အက္ကိယာပ်ကျွန်း၏ တောင်ဘက်စွန်း၊ ပင်လယ်အော်အရှေ့ဘက်ကမ်းနီးတွင် ကျောက်အုတ်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံအစုတစ်ခုရှိသည်။ ယင်းအနက်မှ တစ်ခုမှာ အိန္ဒိယဗလီတစ်ခု၏ ဗိသုကာလက်ရာနှင့် ဆင်တူပြီး၊ အခြားတစ်ခုမှာ ကျောက်ဆောင်ပေါ်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဂူတစ်ခုဖြစ်ကာ ယခင်က သူတော်စင်၏ ဝတ်ပြုသီတင်းသုံးရာနေရာဖြစ်သည်။ ဤအဆောက်အအုံများ တည်ရှိရာနေရာကို Budder Mokan ဟုခေါ်ဆိုပြီး 'Budder' ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ သူတော်စင်သြဠီယာတစ်ပါး၏ အမည်ဖြစ်ပြီး 'mokan' ဆိုသည်မှာ နေထိုင်ရာနေရာကို ဆိုလိုသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ခန့်က စစ်တကောင်းမှ ကုန်သည်ညီနောင်နှစ်ဦး ဖြစ်သော မာနိခ် (Manick) နှင့် ချာန် (Chan) တို့သည် Cape Negrais မှ နနွင်းများတင်ဆောင်လာသော သင်္ဘောဖြင့် ပြန်လာစဉ် ရေတင်ယူရန် အက္ကိယာပ်သို့ ဝင်ရောက်ခဲ့ပြီး သူတို့၏သင်္ဘောကို Buddermokan ကျောက်တန်းများအနီးတွင် ဆိုက်ကပ်ခဲ့သည်။ ထို့ကျောက်ဆောင်၏ အနီးမှ ရေတင်ယူပြီးနောက် ညနေပိုင်းတွင် မာနိခ်က အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်တွင် သူတော်စင် ဗဒေါရ်သြဠီယာက သူတို့ ရေခပ်ယူခဲ့သောနေရာတွင် ကျောင်းသင်္ခဏ်းဂူ တစ်လုံး ဆောက်လုပ်ပေးရန် အလိုရှိကြောင်း မိန့်ကြားခဲ့သည်။ သူ့မှာ အဆိုပါအလိုဆန္ဒဖြည့်ဆည်းပေးရန် ငွေအသပြာမရှိကြောင်း ဖြေကြားခဲ့သည်။  ဗဒေါရ်သြဠီယာက မာနိခ်၏ နနွင်းအားလုံး ရွှေဖြစ်စေဟု ဆုပေးကာ ကျောင်းသင်္ခဏ်းဂူ ဆောက်လုပ်ရန် အားထုတ်သင့်ကြောင့် အိပ်မက်ပေးသည်။ မနက်မိုလင်း၍ မာနိခ်က သူ၏ နနွင်းများကို စစ်ဆေးကြည့်သောအခါ အမှန်တကယ်ပင် နနွင်းများသည် ရွှေအဖြစ်ပြောင်းလဲနေကြောင်း တွေ့ရှိရသည်။ မာနိက်သည် သူ့အစ်ကို ချာန်ကို အိပ်မက်နှင့် ရွှေအကြောင်းပြောပြ တိုင်ပင်ကာ ဂူကျောင်းသင်္ခဏ်းကို ဆောက်လုပ်ခဲ့သည်။ ထိုဂူအနီးတွင် ကန်ကြီးတစ်ကန်ကိုလည်း တူးဖော်ပေးခဲ့သည်။  

အက္ကိယာပ်၏ ဒုတိယကော်မရှင်နာရုံးမှာ ၁၈၃၄ ခုနှစ်တွင် ပါရှားဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်စာများအရ၊ စစ်တကောင်းခရိုင် ကော်မရှင်နာ မစ္စတာ ဝီလီယံ ဒမ်ပီယာနှင့် အာရကန်တိုင်း ကော်မရှင်နာ မစ္စတာ တီ၊ ဒစ်ကင်ဆန်တို့က ၁၈၂၅ ခုနှစ်က ဗြိတိသျှအစိုးရ၏ အမှူးထမ်းကောင်းအဖြစ် ဂုဏ်ပြုသောအားဖြင့် ဗဒေါမော်ကာမ်အုပ်စု၏ သူကြီးဖြစ်သူ ဟူစိန်းအာလီကို ဗဒေါမောကာမ်ကျောင်းတော်၏ ဒါယကာအဖြစ် တာဝန်ပေးအပ်ချီးမြှင့်ခဲ့သည်။ ကျောင်းတော်၏ အလှူငွေများကိုလည်း ကောက်ခံ သုံးစွဲခွင့်ပြုခဲ့သည်ဟု ဖော်ပြထားပါသည်။

၁၈၄၉ ခုနှစ်တွင် အက္ကိယာပ်မြို့၏ ခုံရုံးတရားသူကြီး မစ္စတာ အာရ်၊စီ၊ရိတ်က ဟူစိန်းအာလီအား ဗဒေါမောကာမ်ကျောင်းတော်ကို တာဝန်ယူကြီးကြပ်ရန် ညွှန်ကြားခဲ့ပြီး သူတော်စင်ဖကီးရ်အမျိုးသမီးတစ်ဦးဖြစ်သူ မမင်းအုန်းအား အဆောက်အဦတစ်ခု တည်ဆောက်ခွင့်ပြုခဲ့သည်။ ထိုမှတ်တမ်းအရ လက်ရှိ အင်္ဂတေအဆောက်အဦကို သူမက ၁၈၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသည် ရေကန်ကိုလည်း ပြန်လည်တူးဖော်ပေးခဲ့သည်။

"ဆောက်လုပ်ရေးနှင့် ရေကန်ပြန်လည်တူးဖော်ပေးရေးလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရူပီငွေ ၂၀၀၀ ခန့် ကုန်ကျခဲ့သည်။ ဟူစိန်းအာလီ ကွယ်လွန်ပြီးနောက် ၎င်း၏သား အဗ္ဗဒူလာက ဆက်လက်တာဝန်ယူခဲ့သည်။ အဗ္ဗဒူလာ ကွယ်လွန်သောအခါ သူ့ညီမ မမိုရာဇမာလ် (ရှေ့နေအဗ္ဗဒူလ်မာရိန်၏ ဇနီး) က တာဝန်ကို ဆက်ခံခဲ့သည်။ ထို့နောက် ရှေ့နေအဗ္ဗဒူလ်မာရိန်သည် သူ့မိန်းမကိုယ်စား တာဝန်ယူခဲ့သည်။"

"ပုံတွင် အဆောက်အဦများ၏ အပြင်ဘက် ယေဘုယျပုံစံကို တွေ့ရှိရသည်။ အတွင်းပိုင်းမှာ အလွန်ရိုးရှင်းပြီး စတုရန်းပုံ (သို့မဟုတ်) စတုဂံအခန်းတစ်ခုသာရှိသည်။ တကယ်တော့ ဂူနှစ်ခုရှိသည်။ တစ်ခုမှာ ကျောက်ဆောင်ထိပ်ပေါ်တွင် တည်ရှိပြီး (ပုံတွင်ကြည့်ပါ) မြောက်ဘက်နှင့် တောင်ဘက်တွင် ဝင်ပေါက်ရှိသည်။ မုခ်ခုံးသည် ခုံးပြီး အတွင်းခန်းလည်း အလားတူပင်ဖြစ်သည်။ ဂူ၏ အပြင်ဘက် အရွယ်အစားမှာ အကျယ် ၈ ပေ ၃ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ အမြင့် ၈ ပေ ၆ လက်မရှိသည်။ အတွင်းခန်းသည် ၇ ပေ x ၅ ပေ ၈ လက်မ၊ အမြင့် ၆ ပေ ၅ လက်မရှိပြီး ကိုယ်ထည်မှာ ကျောက်နှင့်အုတ်များကို အင်္ဂတေသရွတ်သုတ်ထားသည်။ တန်ဆာဆင် အခြယ်အသ လက်ရာများ မရှိချေ။  

ဒုတိယဂူကိုလည်း အလားတူတည်ဆောက်ထားသည်။  ကြမ်းပြင်မှာ ကျောက်သားချောဖြစ်ပြီး တောင်ဘက်ဝင်ပေါက်ဆီသို့ အနည်းငယ်စောင်းနေသည်။ ယခင်ဂူထက်ပင် သိသိသာသာ သေးငယ်သည်။  

ပင်မ ဗလီသည် ကြမ်းမြင့်ပေါ်တွင် တည်ရှိပြီး အုတ်နှင့်ကျောက်များကို လှေကားခံ၍ တက်ရောက်နိုင်သည်။ ဗလီ၏အရှေ့မျက်နှာစာသည် ၂၈ ပေ ၆ လက်မ၊ တောင်ဘက်အလျား ၂၆ ပေ ၆ လက်မရှိပြီး အတွင်းခန်းသည် အလျား ၁၆ ပေ ၉ လက်မ၊ အကျယ် ၁၃ ပေရှိသည်။ မျက်နှာကြက်ပိုင်းသည် ခုံးဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အနောက်ဘက်တွင် နံရံအတွင်းသို့ ထိုးဝင်နေသော အဖျားချွန်ခုံးပုံ မေဟ်ရဘ်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် နံရံကပ်တိုင်ငယ် တစ်လုံးရှိသည်။ ယင်းအပေါ်တွင် စာလုံးကြီးကြီးနှင့် ရေးထိုးထားသော ပါရှန်စာကြောင်းရှိသည်။ ပါရှန်စာဖြင့် ဂရံမှတ်တမ်းတစ်ခုလည်း ချိတ်ဆွဲထားသည်။  

ထိုနေရာနှင့်ကပ်လျက်ရှိသော ကျောက်ဆောင်များကြားတွင် အုတ်ခုံးငယ်တစ်ခုဖြင့် စတုဂံပုံစံရှိသည့် ဝတ်ပြုခန်းငယ်တစ်ခုကို ထည့်သွင်းတည်ဆောက်ထားသည်။ အဆောက်အဦအားလုံးသည် အခြေအနေကောင်းမွန်စွာတည်ရှိနေသည်။ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ကျောက်ဆောင်များကို ဤအဆောက်အဦများဖြင့် ဖုံးလွှမ်းထားသည်မှာ စိတ်ဝင်စားဖွယ်ရှုခင်းတစ်ခုပင်ဖြစ်သည်။  

ပင်မ ဗလီဝတ်ပြုကျောင်းသည်  အိန္ဒိယဗလီလက်ရာနှင့် အာရကန်လက်ရာကို အကောင်းဆုံးပေါင်းစပ်ထားသည့် စံပြလက်ရာတစ်ခုဖြစ်ပေသည်။




လူထုဝဏ္ဏ

စာညွှန်း- အက္ကိယာပ် = စစ်တွေ​

            - အာရကန် = ရခိုင်ပြည်နယ်

ကိုးကား

- Reports on the Antiquities of Arakan (1891-2)|Dr. Emil Forchhammer 




Wednesday, November 13, 2019

အလယ်သံကျော် အာရကာနစ်မွတ်စလင် ညီလာခံ

 


အလယ်သံကျော် အာရကာနစ်မွတ်စလင် ညီလာခံ


၁၉၄၈ ခု နောက်ပိုင်းတွင် BTF (Battalion of Territorial Force) နှင့် ကွန်မြူနစ်ပါတီတို့က ရိုဟင်ဂျာလူမျိုးကို အမျိုးမျိုး နှိပ်ကွပ် သောင်းကျန်းလာသောအခါ တော်လှန်ရေးခေါင်းဆောင် ဗိုလ်ကာဆိမ့်က ရခိုင်တိုင်း မွတ်စလင်ညီလာခံ တစ်ရပ်ကို ကျင်းပရန် စီစဥ်ခဲ့သည်။ ညီလာခံကို မောင်တောမြို့နယ် မြောက်ပိုင်း အလယ်သံကျော်၌ ၁၉၅၁ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ ညီလာခံတွင် အာရကန်တိုင်း အရပ်ရပ်မှ ရိုဟင်ဂျာ ခေါင်းဆောင်များကို ဖိတ်ခေါ်ခဲ့သည်။ ထိုအလယ်သံကျော်ညီလာခံတွင် ကျင်းပသော အာရကန်မွတ်စလင်ညီလာခံ၌  ဦးဇော်ဟီးရ်အမတ်ကို အထွေထွေ အတွင်းရေးမှူး အဖြစ်လည်းကောင်း၊ ဆွာလေအဟ်မတ် (ဥဒေါင်း) ကို ဥက္ကဌအဖြစ်လည်းကောင်း၊ ဗိုလ်ကာဆိမ့်ကို သေနပတိအဖြစ်လည်းကောင်း၊ ဦးနာဇီရ်အမတ်ကို အတိုင်အပင်အဖြစ်လည်းကောင်း ရွေးချယ်တင်မြောက်ခဲ့သည်။

အလယ်သံကျော်ညီလာခံမှ အချက် (၁၃) ခုကို တညီတညွတ်တည်း ဆုံးဖြတ်ကာ မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက် မူရင်းကို အောက်ပါလိင့်မှ ဒေါင်းယူဖတ်ရှူပါ။ 






Sunday, September 15, 2019

ဒု-ရဲမှူးကြီး ဦးကျော်ဇောအောင်

ပုံ- ဒုရဲမှူးကြီး ဦးကျော်ဇောအောင်  

ဒု-ရဲမှူးကြီး ဦးကျော်ဇောအောင်


|- လူထုဝဏ္ဏ|


ရိုဟင်ဂျာလူမျိုးတစ်ဦးဖြစ်သူ ဦးကျော်ဇောအောင် (ခ) ဦးဘော်နီအာမီးန် သည် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဒုတိယရဲမှူးကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုခေတ်က ရဲမင်းကြီး ဦးကျော်ဇောအောင်ဟု ကျော်ကြားခဲ့သူဖြစ်သည်။ ရိုဟင်ဂျာလူမျိုးထဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အမြင့်ဆုံးရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ 

 ဦးကျော်ဇောအောင် သည် ဘူးသီးတောင်မြို့နယ်မှ မြို့နယ်သမ၀ါယမဦးစီးမှူး ဦးထွန်းစိန် (ကွယ်လွန်) ၏ ညီအရင်းဖြစ်ပြီး၊ Rohingya Blogger/Rohingya Today တည်ထောင်သူ ဦးဘစိန်၏ ဦးလေးအရင်း ဖြစ်သည်။ ရိုနေဆန်းလွင်နှင့် ကိုဇေအဏ္ဏ၀ါတို့၏ အဖိုးလည်းဖြစ်သည်။  

 ၎င်းသည် မောင်တောမြို့နယ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ မောင်တောမြို့နယ် ရဲတပ်ဖွဲ့ဝင်၊ အထူးသတင်းတပ်ဖွဲ့၊ ၀န်ကြီးများရုံး၊ ကျိုင်းတုံ၊ မန္တလေး၊ ကျောက်ဖြူ၊ မြောင်းမြ၊ ပခုက္ကူ၊ မကွေး စသည့်မြို့များတွင် ရာထူးအဆင့်ဆင့်ဖြင့် နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ 

 မြန်မာနိုင်ငံ အမျိုးသားထောက်လှမ်းရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့ပြီး၊ ရန်ကုန်မြို့ အင်းစိန် စီအိုင်ဒီ (CID) ထောက်လှမ်းရေး ဌာနချုပ်တွင်လည်း ဒုတိယရဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

 ဒုတိယရဲမှူးကြီး ဦးကျော်ဇောအောင်ကို ထောက်လှမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူအပါအ၀င် အခြားနိုင်ငံများစွာသို့ လေ့လာရေးခရီးများအဖြစ် နိုင်ငံတော်က စေလွှတ်ခဲ့သည်။ 

 ၎င်းသည် ဒုတိယလုံခြုံရေးမှူး၊ လုံခြုံရေးမှူး၊ အမှုစစ်အရာရှိ၊ ဒုတိယကြီးကြပ်ရေးမှူး၊ ၀န်ထောက်၊ တိုင်းရဲတပ်ဖွဲ့ ရုံးအဖွဲ့မှူး၊ သင်တန်းမှူး စသည့် အဆင့်ဆင့် ရာထူး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်။ 

 ဦးကျော်ဇောအောင်သည် တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း မိမိလူမျိုး၏ အမျိုးသားရေးတာဝန် အမျိုးမျိုးကိုလည်း ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းနှင့်အတူ ဦးလှမောင်၊ ဦးချစ်လွင်၊ ဦးဘထွန်း၊ ဦးဘမြိုင် စသည်ပုဂ္ဂုလ်ထူးတို့က အမျိုးသားရေးကို လက်တွဲဆောင်ရွက်ခဲ့ကြသည်။ 

 ရိုဟင်ဂျာကျောင်းသား/သူများအတွက် စကောလာရှစ် (ပညာသင်ထောက်ပံ့ကြေး) အစီအစဉ်ကို စတင်ခဲ့သူများတွင် ဦးကျော်ဇောအောင်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ 

 မန္တလေးရဲသိပ္ပံတွင် ဒုတိယကျောင်းအုပ်ကြီး ရာထူးဖြင့် ထမ်းဆောင်ရင်း ကွယ်လွန်သွားခဲ့သည်။ ၎င်း၏ ရုပ်အလောင်းကို မန္တလေးမြို့ရှိ အုတ်ရှစ်ကုန်း သင်္ချိုင်းတွင် မြေမြှုပ်သဂြိုဟ်ထားသည်။ 

ကွယ်လွန်ချိန်တွင် သမီး (၃) ယောက်နှင့် သား (၂) ယောက် တို့ ချန်ရစ်ခဲ့လေသည်။


ဒု-ရဲမှူးကြီး၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဂုဏ်ထူးဂုဏ်မြတ်ကြောင်းကို ရိုဟင်ဂျာ ပုဂ္ဂိုလ်ထူးများက အောက်ပါအတိုင်း မှတ်ချက်ပေးသည်။

(က)

“He was my political mentor. From 1967 to 1971, I was as a family member of him. At that time he was at the Insein CID HQ as at second in change. The first men was U Shwe Thaing who is also a Muslim Kaman from Kyauk Pyu. As friend of my father, I also visited frequently U Shwe Thaing House also. From U Kyaw Zaw Aung I had able to learn many things about Burmese political set up and administration set up and from U Shwe Thaing I had able to learn about history, leader ships and activities of Rakhine armed groups. I was lucky enough to get both of them. I will never forget both of them.”

                   -Aman Ullah (သမိုင်းသုတေသီ)


(ခ)

“I heard about him since my young age. He may be my father's jr. officer as Imam Hussain (USA). But his wife was my school mate at Buthidaung State High School. All are my relatives. I love and respect all of them. I called Mr.Yusuf Sab as Dada as my dad regarded him as his uncle. U Shwe Bin (Ali Johar) was also his relative.”

                  -Saya Gyi Abul Foyas (AFK. Jilani)


(ဂ)

“He is boni Amin.
သူရဲ့ ကဗာရ်က အုတ်ရှစ်ကုန် ကဘာရ်စတန် တွင် ယနေ့တိုင်ရှိနေသည်။

                  -
ခိုဖြူရှင် ဓားသမား

(ဃ)

“ကျွန်တော့်မှာ ရေးစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဆောင်းပါးရှည်ရေးဖို့ ဒေတာတွေ စုနေပါတယ်။ ရိုဟင်ဂျာကျောင်းသားတွေကို စကောလာရှစ် စတာမှာ ဖိုးလေး ဦးကျော်ဇောအောင်လည်း ပါခဲ့တယ်။”

                   -ရိုနေဆန်းလွင် (Rohingya Blogger)


(င)

ဦးကျော်ဇော်အောင်သည် အမျိုးသားရေးကိုလည်း တဖက်တလမ်းမှ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်၊ သူနဲ့လက်တွဲဆောင်ရွက်ခဲ့သူများမှာ တက္ကသိုလ်ဖက်မှ ဦးလှမောင်၊ ဦးချစ်လွင်၊ ဦးဘထွန်း၊ ဦးဘမြိုင်တို့ကို မှတ်မိသည်။

                    -ရဲလွင်


(စ)

ကျနော့် ဒါဒါ(အဘိုး)အရင်း ... ဦးကျော်ဇောအောင် ... သူ့ခေတ်သူ့အခါမှာ တော်တော် လေးစားဖို့ကောင်းတဲ့ ရဲတပ်ဖွဲ့ဝင် ... လာဘ်လုံးဝမစားဘူး ... လက်ရှိ ရဲတပ်ဖွဲ့ဝင် အရာရှိအတော်များများ ကျနော့်အဘိုး တပည့်တွေများပါတယ် ... အဲဒီခေတ်မှာ သူ့အဆင့်က ရဲ ဒုတိုင်းမှူး နဲ့ အဆင့်တူပါပဲ။

                 - စိုင်းဇေယျအောင်

အထက်တွင် ဒု-ရဲမှူးကြီး၏ ဂုဏ်သတင်းအချို့ကိုသာ စာဖတ်ပရိတ်သတ်တို့ ဖတ်ရှုနိုင်အောင် ဖော်ပြပေးခြင်းဖြစ်သည်။  နိုင်ငံနှင့် လူမျိုးအတွက် လူအား၊ ဉာဏ်အားနှင့် စွန့်စားခဲ့သော ဒု-ရဲမှူးကြီး၏  စေတနာသည် အစားမထိုးနိုင်လောက်အောင်  ကြီးမားလွန်းလှပေသည်။


--------------------------------------------------


ကိုးကား-


ရိုနေဆန်းလွင်- FB post

May 15, 2016

https://mobile.facebook.com/photo.php?fbid=1346809115335661&id=100000197551298&set=a.793018904048021&source=48


Friday, August 17, 2018

SHOBU: A Legendary Singer of Rohingya [1950-2009]

Rohingya Patriotic Singer Shobu



🎤 ရိုဟင်ဂျာ မျိုးချစ် အဆိုတော် ရှော့ဘူ [၁၉၅၀-၂၀၀၉]🎤

🎼 ရေးသား-------- လူထုဝဏ္ဏ |

ရိုဟင်ဂျာတေးဂီတသည် မည်သည့်အချိန်အခါသာမညက စတင်ပေါ်ပေါက်ခဲ့သည်ကို တိကျသိချာစွာ ဖော်ပြရန် ခဲယဉ်းပေသည်။ အေဒီ ၁၇ ရာစုမှာပင် ရိုတေးဂီတသည် ဘုရင့်နန်းတော်တွင်း အတီးအမှုတ်အဖြစ် တီးခတ်ခဲ့ရသည့်အဆင့်ထိ ပြောင်မြောက်ခဲ့သည်ကို သမိုင်းစာမျက်နှာတွင် ထင်ထင်ရှားရှား တွေ့ရသည်။

ကိုလိုနီခေတ် နောက်ပိုင်းကာလတွင် အမျိုးသားအဆိုတော်ကြီး ဇာဖော်ရ်ကာဝါလ် ကဲ့သို့သော် မျိုးချစ် အနုပညာရှင်များပေါ်ပေါက်ခဲ့သည်။ လွတ်လပ်ရေးပြီးခေတ် ရိုဟင်ဂျာ အမျိုးသားတေးဂီတလောက၌  ထင်ရှားပြောင်မြောက်သော အဆိုတော်များ ပေါ်ပေါက်ခဲ့သည်။ ထိုထဲတွင် ရှောဘီရ်အဟ်မတ် [Shobbir Ahmad] ဆိုတဲ့ မျိုးချစ်စိတ် ထက်သန်သည့် လူငယ်တစ်ဦးက တစ်မူထူးခြားပေစွ။ (အဆိုတော် ရှားလောမ် သည်လည်း ရှော့ဘူ နှင့် ခေတ်ပြိုင်ဖြစ်သည်။ သူ့အကြောင်းကို နောက် ပို့စ်တစ်ခုဖြင့် တင်ပြသွားပါမည်။) သူ၏ တေးလင်္ကာအစွမ်းသည် ရိုဟင်ဂျာတို့၏ စိတ်နှလုံးသားကို  အပိုင်စီးခဲ့လေသည်။ အမျိုးသားစိတ်ဓာတ် ပြန်လည်နိုးထလာစေခဲ့သည်။ သူ့ တေးသွားသည် ဗဟုသုတပေါကြွယ်သည်။ ခေတ်ကာလ အခြေအနေနှင့်  ပြေပြစ်အစပ်တည့်သည်။ ဇာတိစိတ်ဇာတိမာန် ထင်ဟပ်နေသည်။ ဤအကြောင်းအရာများသည် သူ့တေးသီချင်းကို ရိုဟင်ဂျာတို့၏ အသည်းစွဲ ဖြစ်ခဲ့ရသည်။ သူ၏ အံ့မဆုံး နားဝင်မဝ တေးသီချင်းများက အာရ်ကာန်ပြည် ဝေဟင်ကောင်းကင် တစ်ခုလုံး ပဲ့တင်ရိုက်ခဲ့သည်။  စိတ်ခိုင်တဲ့ သူတွေကိုတောင် ဖယောင်းတိုင်လို ပျော့ပျောင်းစေကာ မျက်ရည်လည်ရွဲစေခဲ့သည်။ နောင်တွင် အဆိုတော် ‘ရှော့ဘူ’ ဟု ကျော်ကြားလာခဲ့သည်။

ရိုဟင်ဂျာ အမျိုးသား ဂန္တဝင် အဆိုတော် ရှော့ဘူသည် ၁၉၅၀ ခုခန့်လောက်တွင် မောင်းတောမြို့နယ် ရှီခ်ဒါရ်ဖာရာ (မြို့မကညင်တန်း) ကျေးရွာ၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ အေဇဟာရ်မျာ ဖြစ်သည်။ အလယ်တန်း အဆင့်အထိ ပညာသင်နိုင်ခဲ့သည်။ မျိုးခြားခွဲခြားဆက်ဆံမှု၊ အာဏာပိုင်အဖွဲ့အစည်း၏ ရေရှည် ဖိနှိပ်မှုအောက် ကြီးပြင်းလာခဲ့ရသည်။ တဖက်အသိုင်းအဝိုင်း၏ ဖိနှိပ်မှုကို ကိုယ်တိုင် ခံစားခဲ့ရသည်။ မိမိငယ်ရွယ်ကပင် ရင့်ကျက်လာခဲ့သော အဆိုအတီးအမှုတ် ဝါသနာသည် သူ့ခါးသီးသော ခံစားချက်ကို ဖော်ထုတ်မျှဝေရန် သော့ချက်တစ်ခုဖြစ်လာခဲ့သည်။

သူသည် မိမိ၏ အနုပညာအစွမ်းဖြင့် အမျိုးသားရေး၊ နိုင်ငံရေး၊ ဝေဖန်ရေးနှင့် သာသနာရေး တေးသီချင်း အမျိုးမျိုးကို ကိုယ်တိုင်ရေးဖွဲ့၊ ကိုယ်တိုင်သီဆိုကာ မိမိတို့ရဲ့ မွေးရာပါအခွင့်အရေးတို့ လှိုင်းကြီးကြမ်းခတ် မြေနုကမ်းပြိုသလို တဖြေးဖြေး သိမ်းဆည်းပျက်ဆီးနေသည်ကို လက်တွဲ မထိန်းသိမ်းဘဲ မြူးထူးပျော်ပါးမှု၌ မွေ့လျော်နေသည့် သူတို့ကို မျိုးချစ်စိတ်၊ ပြည်ချစ်စိတ်၊ ဇာတိစိတ် ဇာတိမာန်ကို နိုးဆော်ပေးခဲ့သည်။

သူ၏ အဖိုးမဖြတ်နိုင်သော တေးသီချင်းများတွင် တမင်မျိုးခွဲ နှိပ်စက်နေသော ထိုခေတ်အစိုးရအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့မှုကြောင့် အကြိမ်ကြိမ် ခြိမ့်ခြောက်မှု ခံခဲ့ရသည်။ ငွေဒဏ်၊ ထောင်ဒဏ်လည်း ခံခဲ့ရသည်။ သို့သော် သူသည် ဖိနှိပ်သူတို့၏ ရှေ့တွင်ဒူးမတောက်ခဲ့ပေ။ ဆက်လက်ကြိုးပမ်းခဲ့သည်။ နောက်ဆုံး ၁၉၈၀ ပြည့်နှစ်တွင် သူ၏ အလွန်တရာချစ်မြတ်သော အမိမြေ အာရ်ကာန်ပြည်မှ ထာဝရ ထွက်ပြေးခဲ့ရသည်။

ဆော်ဒီအာရေဗီးယားနိုင်ငံသို့ ခိုလှုံခဲ့သော်လည်း သူ၏ စိတ်နှလုံးသည် အာရ်ကာန်ပြည်၌သာ ကျန်ရစ်နေသည်။ သူ့အမျိုးသားတို့သည် အမိပြည်၌ ရက်စက်ဖိနှိပ်မှုကျော့ကွင်း မိနေသည်ကို မျက်ဝါးထင်ထင် ခံစားလျက် ရင်နာနေဆဲဖြစ်သည်။ ထို့ကြောင့် ထိုင်မနေသာ သူ၏ အနုပညာစွမ်းရည်ကို ဗမာစစ်အစိုးရ၏ ဖိနှိပ်မှု စက်ကွင်းတွင် ကျရောက်နေသော ရိုဟင်ဂျာတစ်မျိုးသားလုံးအတွက် ဆက်လက် အသုံးချခဲ့သည်။ ရပ်ဝေးနယ်ခြားမှနေပြီ ဇာတိမြေ၏ လွမ်းဆွတ်မှုဖြင့် လွမ်းချင်းများစွာကို ရေးဖွဲ့သီဆိုခဲ့သည်။ 


ရှော့ဘူသည် ရိုဟင်ဂျာဇာတ်ပွဲ ပြသရာတွင် အဓိက ပါဝင်သရုပ်ခဲ့သော အမျိုးသားအဆိုတော်တစ်ဦးဖြစ်သည်။ မောင်းတောဘူးသီးတောင်၌ တလည်လည်ပြသခဲ့သော ပြပွဲများတွင် သူနှင့် သူ့အပေါင်းအဖော် လူငယ်တစ်ချို့က ရိုဟင်ဂျာတို့၏ လူမဆန်သော အခြေအနေကိုလည်းကောင်း၊ ရှေးရိုဟင်ဂျာတို့၏ ဘုန်းမီးနေလ ထွန်းပခဲ့သည့် အခြေအနေကိုလည်းကောင်း မီးမောင်းထိုးပြခဲ့သည်။ အမျိုးသာဘာ၊ စာပေ ယဉ်ကျေးမှုကိုလည်း အပတ်တကုတ် ဖော်ထုတ်ပေးခဲ့သည်။

သူသည် မျိုးချစ်စိတ် ထက်သန်သည်နှင့်အမျှ သူ၏ အလွမ်း သီချင်းများနှင့်  သိန်းသောင်းများစွာသော ရိုဟင်ဂျာများ၏ စိတ်ထဲ နေရာယူနိုင်ခဲ့သည်။ ရိုဟင်ဂျာ တော်လှန်ရေး လှုပ်ရှားမှုတွင်လည်း သူ့ တေးသီချင်းများ အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်။

“Allahr bondah Rosullor Ummot…”



“Arakanor Meri Hírajohar…..”

https://m.youtube.com/results?q=Arkanor%20medi%20hirajuhar&sm=3



 “Rohingya bái age Uozo…, Rohingya bái age uozo, zodi Arakan faitosou…” 

“Nirole fori gúm roilá Rohingya Bài, Nofá Nuksàn nobafila…”


“Age Nobuzilám…” 




Añra Rohingya zati  စသော သီချင်းများသည် ယနေ့ထက်ထိ ထိပ်ဆုံးကပင် လိုက်နေသည်။ ရှော့ဘူ တေးသီချင်းများကို Shóbu Collections မှ နားဆင်တော်မူပါ။ 

ရှော့ဘူသည် အလွန်ခင်ခင်မင်နေတတ်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ဘဝ၏ အချိန်အများစုကို မိမိလူမျိုးကောင်းစားရေးအတွက် တေးသီချင်းများ၊ ကဗျာလင်္ကာများ ဖွဲ့ဆိုပြီး အမျိုးတာဝန်ကျေခဲ့သည်။

သူ၏ တေးသီချင်းများသည် အသံတိတ် အဖိနှိပ်ဆုံးခံ ခိုရာမဲ့ ရိုဟင်ဂျာလူမျိုးအတွက် နိုးထခိုလှုံရာဖြစ်သည်။ သူသည် ရှေးခေတ်စားခဲ့သော ဘာတ္တာလီတေးမျိုးမှ ခေတ်မီ ရိုဟင်ဂျာဂါနာ လှုပ်ရှားမှုကို ဦးဆောင် သီဆိုခဲ့သည်။ ရှော့ဘူသည် တေးလင်္ကာဉာဏ်ထက်မြက်သည် သာမက  ဂီတတေးလုံးတွင်လည်း အလွန်အစွမ်းတက် သည်။ မယ်ဒလင်တီးရာတွင် လူလွန်ဟုပင် ယနေ့ဂီတပညာရှင်များက ဆိုစမှတ်ပြုကြသည်။ “ရှော့ဘူလောက် မယ်ဒလင်ကျွမ်းကျင်သူ အာရ်ကာန်တွင် မပေါ်သေး”ဟု တအံ့တဩ ပြောကြသည့်အထိ ထူးချွန်သူဖြစ်သည်။

 ရှော့ဘူသည် ဘဝနောက်ဆုံးအချိန်တွင် ဆီးချိုရောဂါခံစားခဲ့ပြီး မကွယ်လွန်မီတစ်နှစ်တိုင် ကျောက်ကပ်ပျက်စီးသွား၍ ကိုယ်တွင်းမှ ရေပိုအညစ်အကြေးထုတ်ဖယ်သန့်စင်သော ကုသမှု ( Dialysis )  ကိုခံယူခဲ့ရသည်။ ရောဂါပြင်းထန်မှုကြောင့် ကျောက်ကပ်နှစ်ခုစလုံး ပျက်စီးသွားခဲ့သည်ဟု ဆရာဝန်က ဆိုသည်။ ဆေးရုံတင်၍ နှစ်ပတ်ခန့်ရှိရာ နောက်ဆုံးထွက်ခွာမယ့်အချိန်ရောက်လာခဲ့သည်။

ရိုဟင်ဂျာ ဂန္တဝင် မျိုးချစ်အဆိုတော် ရှော့ဘူသည် မိမိအနုပညာတေးဂီတအစွမ်းဖြင့် အမျိုးသားတာဝန်ကို ကျေပွန်ရင်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက် နံနက် (၉း၂၀) ခန့်တွင် ဆော်ဒီအာရေဗီးယားနိုင်ငံ၊ ဂျဒ္ဒဟ်မြို့ရှိ ဘုရင် အဗ္ဗုဒူလ်အာဇီးဇ် ဆေးရုံကြီး [ King Abdul Aziz University Hospital in Jeddah ] ၌ အလ္လာဟ်အမိန့်ခံယူသွားရှာလေသည်။ ကွယ်လွန်သည့်အချိန်တွင် သူ့အသက် (၅၉)နှစ်သာ ရှိခဲ့သည်။ သူ၏ အနှိုင်းမဲ့ ကြိုးပမ်းမှုနှင့် အတိုင်းမဲ့ အနုပညာစွမ်းရည်သည် ရိုဟင်ဂျာသမိုင်းတွင် စာမျက်နှာတစ်ခု တွင်ခဲ့လေသတည်း။ 



ကိုးကား-

Kaladan Press Article:
Arakanese Rohingya patriotic singer dies by Tin Soe.
Published: 24 November 2009

Note: If you have any information. about Shóbu, please write to us in the comments box. 



Wednesday, December 20, 2017

မော်လာနာ ဆွေဒူလ်အာမိန် (ခရိုင် ဓမ္မသတ်ချုပ်)



ဟဒ္ဒီစ်ပါမောက္ခ မော်လနာ ဆွေဒူလ်အာမိန် [၁၉၂၈-၂၀၁၄]

ရေးသား ✴ လူထုဝဏ္ဏ| ထူးချွန်ထင်ရှား ရိုဟင်ဂျာ |

မော်လနာ၏ အမည်ရင်းမှာ ဆွေဒူလ်အာမိန် ဖြစ်သည်။ ဖခင်မှာ ဦးရှားကဲရ်မိုဟာမတ် (ခ) လာလု ဖြစ်သည်။  မောင်းတောမြို့နယ်၊ မောဏ်ဒေါ့မ [ မောင်နှမ] ကျေးရွာ ဇာတိ ဖြစ်သည်။ [မောဏ်ဓော့မာ အမည်ရလာခြင်းမှာ ၎င်းရွာနားရှိ တောင်စွယ် နှစ်ခုကို အစွဲပြုခြင်း ဖြစ်သည်ဟု ယူဆကြသည်။ ရိုဟင်ဂျာ သမိုင်း၊ ဒဏ္ဍာရီအရ ၎င်း တောင်ထိပ်တွင် ဟာနီဖာမင်း နှင့် ကာယာပူရီ ဘုရင်မ၏ ဂူရှိသည်ဟု ယုံကြယ်ကြသည်။ အင်္ဂလိပိလို ယင်းတောင်ထိပ်ကို Mount Tomb ဟု ခေါ်ရာမှ မောဏ်ဓော့မာ ဖြစ်လာခြင်းဖြစ်သည်။ ၁၉၆၀ နောက်ပိုင်း တွင် ဗမာနာမယ်ပြောင်းနေချိန်၌ ‘ မောင်နှမ’ ဖြစ်လာရသည်_ ရိုသုတ] မိုဟာဒ္ဒေစ်ဆာပ် သခင်သည် ၁၉၅၆ ခုနှစ်တွင် ဂျာမီယာ အာရ်ှရောဖီယာ၊ လာဟိုမြို့မှ ဖာဇေလ် ဘွဲ့ ရရှိခဲ့သည်။ ( ဂျာမီယာ အာရ်ှရောဖီယာ တက္ကသိုလ်ကို ဟဂျရသ် မော်လနာ မိုဟမ္မဒ် ဟူစိန် (ရဟ) ဟလီဖာ တာနဝီ ဆာပ် က ၁၉၅၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။) 

မိုဟဒ္ဒီးစ်ဘွဲ့ရရှိပြီးနောက် အမိမြေ အာရ်ကာန်သို့ ပြန်ရောက်လာလေသည်။ ၁၉၅၇ ခုနှစ်မှ စ၍ မဒ်ရာဆာ အာလီယာ ရှီလ်ဒါဖာရာ တွင် သင်ကြားပို့ချမှု စတင်ခဲ့သည်။ ၎င်းနောက် အခြားကျောင်း တစ်ကျောင်းတွင် ပြောင်းရွှေ့ ပညာပို့ချခဲ့သည်။ ၁၉၈၀ ပြည့်နှစ်ခန့်တွင် မိုဟဒ္ဒေစ်ဆာပ် သခင်သည် မင်္ဂလာကြီး (ဖေရင်ဖြူ) အာရဗီကျောင်း၏ ကျောင်းအုပ်နှင့် ရှေ့ခ်အုလ် ဟာဒီးစ် (Sheik ul Haddis) ဖြစ်လာခဲ့သည်။ ထို ရာထူးနှင့် ၁၉၈၅ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ 

မိုဟဒ္ဒေစ်ဆာပ်သခင်နှင့် ခေတ်ပြိုင် သာသနာ့ပညာရှင်များမှာ မော်လနာ အဘူလ်ဟူစိန် ၊ အာရောပ်ရှား ရွာ ဇာတိ (မဒ်ရဆာဟ် သရ်ဆိန္ဒာ ၊ ကရာချီ ဘွဲ့ရ)၊ မော်လနာ အဗ္ဗဒူလ် ဟာကိမ် ၊ ကူဝါလ်ဘီလ် ဇာတိ၊ မော်လနာ မိုဟာမ္မဒ် အာမိန်၊ ဆာလီပြင်ရင် ဇာတိ၊ မော်လနာ မူနီရ် ဆာပ် စသည်တို့ ဖြစ်ကြသည်။ 

၁၉၈၅ ခုနှစ်တွင် မိုဟဒ္ဒေစ်ဆာပ်သခင်သည် မိမိ၏ ဇာတိမောင်နှမကျေးရွာ၌ မဒ်ရာဆာ သောဝ်ဟီးဒီယား အမည်ဖြင့် အာရဗီကျောင်း တစ်ကျောင်း ထူထောင်ခဲ့လေသည်။ ၎င်း ကျောင်းတွင် ဒိုရာအေ ဟာဒီးစ်တန်း အထိ သင်ကြားပို့ချသည်။ မိုဟဒ္ဒေစ်ဆာပ်သခင်၏ သားသမီးများမှာ ဆရာ ဒိန်းမိုဟမ္မဒ် (လောကဓာတ် ပညာသင်)၊ မော်လနာ နူရ်မိုဟမ္မဒ်၊ အဲရ်ဖာန် (စိတ္တဇဝေဒနာရှင်) နှင့် သမက်တော် ရှော်ဟီးဒ် မော်လနာ ဟူစိန်းအဟ်မဒ် (ဘ) မော်လနာ မဂ်ဘူလ်အဟ်မဒ် (ရေတွင်းပြင်ဇာတိ၊ နယ်မြေ (၅) ငါးခူးရ စခန်း၌ စွပ်စွဲခံ အကျယ်ချုပ် ဖမ်းဆီးထားစဉ် ကွပ်မျက်ခံရခြင်း(ရှဟီးဒ်) ဖြစ်သည်) တို့ဖြစ်ကြသည်။ 

 ဆရာကြီးမြတ်သခင်တို့ နှုတ်ပါးစပ်မှ မိုဟဒ္ဒေစ်ဆာပ်သခင်၏ ချီးမွမ်းစကား

ဟဇရသ် မဒ်နီ သခင်၏ တပည့်တော် ဒါရုလ်အူလုမ် တက္ကသိုလ်၊ ကရာချီမြို့ ၏ ဟဒီးစ်ပြဆရာ မော်လနာ ဂူလာမ် မိုဟမ္မဒ် ဆာပ် သခင်သည် ၁၉၈၉ ခုနှစ်တွင် စာသင်ခန်းတွင် စာပြနေချိန်၌ မိန့်ဆိုသည်မှာ “ အို…ဗမာနိုင်ငံက ကျောင်းသားတွေ၊ အသင်တို့ သည်မှာ အဘယ်ကြောင့် ရောက်လာရသလဲ! ခပ်သိမ်းသော ပညာကို ဆွေဒူလ်အာမိန်က ယူဆောင်သွားခဲ့ပြီ။” တဆက်တည်း မိန့်တော်မူသည်မှာ-

“ဒါရုလ်အူလုမ် အာရဗီ တက္ကသိုလ်မှ ဘွဲ့ရရှိပြီး ကျွန်ုပ်အား ဂျာမီယာ အရ်ှရောဖီယား ၌ ဂျလာလိုင်န်ကျမ်း၊ ဟေဒါယာကျမ်း စသည့် တို့ကို ပို့ချရန် ခန့်အပ်လေသည်။ 

စာသင်ခန်းတွင် ဗမာပြည်မှ ကျောင်းသားတစ်ဦးကို မြင်တွေ့ရ၏။ ၎င်းမှာ အရပ်အမင်း သိပ်မမြင့်လှချေ။ ဒါပေမဲ့ သူ့ ဉာဏ်ရည်ကား မိုးထိအောင် ပါရမီရှင် တစ်ပါးတည်း။ သူ့၏ ဥာဏ်ကောင်း မြင့်မြတ်မှု၊ ကြိုးစားအားထုတ်မှုကို ငါ ကိုယ်တိုင်ပင် အံ့ဩမိသည်။ သူကား အခြားမဟုတ်၊ မင်းတို့ပြည်မှ ဆွေဒူလ်အာမိန် ပင်ဖြစ်သည်။ ဆွေဒူလ်အမိန်သည် ဒိုရာဟာဒီးစ်တန်းကို ဂျာမီယာ အရ်ှရဖီယား၌ သင်ယူခဲ့သည်။ နှစ်ဆုံး စာမေးပွဲတွင် အဆင့်(၁) ဖြင့် အောင်မြင်သဖြင့်ေ7ရွှတံဆိပ် ချီးမြှင့်ခြင်းခံရသည်။ အစိုးရထံမှလည်း ဗမာပြည်အပြန် ရထား လက်မှတ်နှင့် ခရီးစရိတ်ကို ဆုနှင်း ဂုဏ်ပြုခဲ့သည်။” 

ဆက်လက်ပြီး ပြောပြခဲ့သည်မှာ “ဒါရူလ်အုလုမ် ကရာချီ၏ လက်ရှိ နာဇေမ် (ညွှန်ကြားရေးမှူး)၊ ဟာဒီးစ် ကျမ်းပြဆရာကြီး မော်လနာ ရှောမ်ရှူဟောခ် ဂျော်လာလ် အာဘာဒီနှင့် ဆွေဒူလ်အာမိန်တို့မှာ အတန်းဖော် ကျောင်းနေဖက် သူငယ်ချင်းများဖြစ်ကြပါတယ်။ သူတို့သည် ငါထံမှ ဂျလာလိုင်န်ကျမ်းနှင့် ဟေဒါယာကျမ်း တို့ကို သင်ယူခဲ့တယ်။ အကယ်၍ ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် အလ္လာဟ် အရှင်တော်မြတ်က ကျွန်တော်ကို “အို… ဂူလာမ် မိုဟမ္မဒ်၊ သင် ဘာတွေယူဆောင်လာသလဲ” ဟု မေးမြန်းတော်မူခဲ့လျှင် ငါသည် ဆွေဒူလ်အာမိန်နှင့် ရှောမ်ရှူဟောခ် တို့ကို ပြသတော်မူမည်။” 

မိုဟဒ္ဒေစ်ဆာပ် သခင်သည် စိတ်ပညာနှင့် ဒဿနိကဗေဒတွင် အလွန်ပင် ကျွမ်းကျင်နားလည်သူ ဖြစ်သည်။ သခင်သည်  " سبحانه مااعظم شانه" နှင့် ပတ်သက်၍ နှစ်ဝက်တိုင်တိုင် ရှင်းပြကောင်း ရှင်းပြနိုင်သူဖြစ် သည်။ သမုဒ္ဒရာသဖွယ် ပညာ စီးဆင်းသော၊ ရွှေတိုက်တော်ကြီးသဖွယ် သိုလှောင်ထားသော ပညာရှင် တစ်ပါးဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုဟဒ္ဒေစ်ဆာပ် သခင်ထက် ကျော်ကြားသော ဒဿနိ   ကဗေဒ ပညာရှင် ရှိမည်ဟု မထင်မိပါ။ 

ဘုန်းတော်များ

သခင်သည် တစ်ခါက စာသင်ခန်း၌ စာပို့ချနေချိန်တွင် တပည့်တို့အား ပြောကြားသည်မှာ- “အလ္လာဟ်ရှင်တော်မြတ်က ငါ့အား အရာ သုံးခုကို ချီးမြှင့်တော်မူသည်။ ယင်းမှာ (၁) မိုနာဇရာ ခေါ် ထိပ်တိုက် စကားထိုး ပညာရည်လု ပြိုင်ပွဲ (Educational Debate) ဖြစ်သည်။ ပညာရည်လု စကားထိုး ပြိုင်ပွဲတွင် တစ်ဖက်သား ပြိုင်ဖက်ကို ရှုံးနိမ့်စေရန် ငါ့ရဲ့ လက်ဝဲဘက် အလုပ်တစ်ခုသာ။ (၂) အသံကျယ်လောင်စွာဖြင့် သင်ပြ ပို့ချနိုင်ခြင်း။ အသံချဲ့စက်ပမာ သံကျယ်ကျယ် ပို့ချနိုင်သည်။ (၃) လျင်မြန်စွာ လမ်းလျှောက်နိုင်စွမ်း၊ တစ်ချိန်က ရှိခ်ဒါရ်ပါရာ၌ စာသင်ပြနေချိန်တွင် မောင်နှမကျေးရွာမှ ကညင်းတန်းကျေးရွာ (၁၁မိုင်)ကို ခြေလျင် သွား၍ စာသင်ပြသည်။” ဟု ကိုယ့်ကိုယ်ကို ချီးမွှမ်းပြောဆိုခဲ့သည်။  

မိုဟဒ္ဒေစ်ဆာပ် သခင်မှာ ရုက္ခဗေဒလဲ အသိကဲလွန်လှသည်။ တောတောင်၌ ပေါက်သည့် မြောက်မြားစွာသော သစ်ပင်ပန်းပင်များ၏ အသီးအပန်းများ အမျိုးအစားကို လည်းကောင်း၊ အသုံးဝင်ပုံကို လည်းကောင်း အထွေထွေ အသိပညာများနှင့် ကျွမ်းဝင်သိရှိသည်။ တစ်ခါက မိုဟဒ္ဒေစ်ဆာပ် သခင်၏ သမီးတော်ကို ဟူစိန်အဟ်မဒ်အား လက်ထပ်ပေးလိုသောအခါ သခင်သည် ဟူစိန်အဟ်မတ်၏ ဖခင်နှင့် တွေ့ဆုံရာ ပြုံးရွှင် ဟာသနောက်ပြောတတ်သဖြင့် စကားပြောရင်း “အဆွေ၊ အသင်က ကျွန်ုပ်နှင့် စာပေဘက်တွင် ပြိုင်ဝံ့မည် မဟုတ်၊ ဒါကြောင့် ဒေသိယ အသိပညာဖြင့် ပြိုင်ကြစို့" ဟုနောက်ပြောင်ခဲ့ဖူးသည်ကို ထိုအနားတွင်ရှိခဲ့သော ပုဂ္ဂိုလ်တစ်ဦးက ပြောပြခဲ့သည်။ 

မိုဟာဒ္ဒေစ်ဆာပ် သခင်သည် ဟာဖေဇ် အေ ကုရ်အာန်တစ်ဦး မဟုတ်ပေ။ သို့သော် ဟာဖဲဇ် ကုရ်အာန် တစ်ဦးကဲ့သို့ ကုရ်အာန်ကျမ်းကို နှုတ်ကျက်ရသည်။ မဒ်ရာဆာ မူဟမ္မဒီယား ကျောင်း၌ ပီရ် မော်လနာ မူဟမ္မဒ် ယူဆုဖ် က သရာဝီ ရှေ့ဆောင်ဝတ်ပြုနေစဉ် ဆာပ်၏ သား နိုရ်မိုဟမ္မဒ် က ကြားနားနေစဉ် တစ်နေရာ၌ မှားနေကြောင်း ထင်၍ လုက်မာ ဖြည့်စွက်ပေးခဲ့သည်။ သို့သော် နောက်တွင် စုံစမ်းခဲ့သောအခါ ငါသာ မှားကြောင်း၊ စာသားတူ အာယာတ်တော်ဖြစ်ကြောင်း တွေ့ရသောအခါ ပြန်လည် ရှေ့ဆောင်အား ပြောပြခဲ့သည်ဟု သခင်ကိုယ်တိုင်က တပည့်များကို စာပို့ချနေစဉ် ဝန်ခံပြောပြခဲ့ဖူးသည်။ သခင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ကြောင်း မိမိပင် မှားသည်ဖြစ်စေ ဝန်ခံရာတွင် ဝန်မလေးကြောင်း ပေါ်လွင်နေပါသည်။ 



သခင်၏ တပည့်တော် နှစ်ပါး

သခင်၏ တသက်တာ စာပေပို့ချမှုမှ မရေမတွက်နိုင်သော တပည့်တော် အာလင်မ် ပညာရှင်များ ပေါ်ထွန်းခဲ့သည်။ ယင်းထဲမှ အာရ်ကာန်ပြည်၌ နေလိုလလို တောက်ပခဲ့သည့် တပည့်တော် နှစ်ပါးမှာ-
၁) မော်လနာ ဟူစိန်အဟ်မတ်
၂) မော်လနာ အေခ်ဘာလ် ဟူဆောင်း တို့ဖြစ်သည်။

မော်လနာ ဟူစိန်အဟ်မတ်သည် သခင်၏ သမက်တော် ဖြစ်သည်ကို ရှေးက ဖော်ပြ ပြီးပါပြီ။ ကူဝါရ်ဘီလ် ခေတ်သစ် အာရဗီကျောင်း၏ အမှုဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မော်လနာ အေခ်ဘာလ် ဟူဆောင်း မှာ ငါးခူးရ ဇာတိဖြစ်ပြီး ကျော်ကြားထင်ရှားသော မုဖ်သီ ဓမ္မသတ် ပညာရှင်တစ်ပါးဖြစ်ပါသည်။ 

နိုင်ငံ့တာဝန် သယ်ပိုးခြင်း

မိုဟဒ္ဒေစ် ဆာပ်သခင်သည် မောင်တောခရိုင် အိုလမာ အဖွဲ့ချုပ် အတွင်းရေးမှူး၊ ခရိုင် ဓမ္မသတ်ချုပ် အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ သာသနာ့ အမှုပေါင်းများစွာကို စီရင်ဆောင်ရွက်ခဲ့သည်။ 


၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ၏ ကတိသစ္စာပြုသည် အချက်များကို ယုံကြည်ကာ မောင်းတော-ဘူးသီးတောင် မဲဆန္ဒနယ်များ၌ ကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်ခဲ့သည်။ ဆုံးရှူံးခဲ့ရသော အခွင့်အရေး ရပိုင်ခွင့်များကို ပေးဆပ်မည်ဟု ကန့်လန်ကတိပြုလာသဖြင့် “လှမ်းသည့်ကြိုးကို မြဲမြံစွာကိုင်၍ မဆုတ်မနစ် မိမိတို့ အခွင့်အရေးများကို ရယူကြစို့” ခေါင်းစဉ်ဖြင့် လူထုဟောပြောကာ မဲဆွယ်ခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးသည် အဏာရလာသောအခါ ကတိပေးခဲ့သည့်အတိုင်း မဆောင်ရွက်ပဲ နောက်နည်းခဲ့သည်။ ၂၀၁၂ တွင် အဓိကရုဏ်းပေါ်လာပြီး အာဏာရအစိုးရက ကတိအားလုံး ပျက်ခဲ့သည်။ သခင်က အလွန် ဝမ်းနည်းမဆုံးဖြစ်၍ ငါသည်သာ ကိုယ့်လူမျိုးနဲ့ သစ္စာဖောက်ခဲ့သလော့ ဟု ယူကျုံးမရ ဖြစ်ခဲ့သည်။ ထို စိတ်ဝေဒနာသည် ကျန်းမာရေး ထိခိုက်လာကာ နေဝင်လေသည်။

၂၀၁၂ အဓိကရုဏ်းကြောင့် စိတ်ဝမ်းကွဲသွားသည့် လူမျိုးစုကို သဟဇာတ ဖြစ်လာစေရန် ဘာသာပေါင်းစုံ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း မိမိနောက်ဆုံး ထွက်သက်တိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။  


ဒွိနီယာလောက နှုတ်ခွန်းဆက်သ


မိုဟဒ္ဒေစ် ဆာပ်သခင်သည် နိုင်ငံ့တာဝန်၊ သာသနာ့တာဝန်၊ အမျိုးတာဝန် အသီးသီးကို ကြည်ဖြူစွာ ထမ်းဆောင်ရင်း ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၄) ရက်၊ တနင်္ဂနွေနေ့ ညနေ ၄း၃၀ တွင် မိမိနေအိမ် ကျီးကန်ပြင်အုပ်စု၊ မောင်ဓော့မ (မောင်နှမ) ကျေးရွာ၌ အလ္လာဟ်အမိန့် ခံယူသွားလေသတည်း။
[အိန္နာ့ လိလ္လာဟိ ဝအိန္နာ အီလိုင်ဟိ ရာဂျီအုန်း]

သခင်၏ ဂျနဇာ၌ အနယ်နယ်အရပ်ရပ်မှ လူပေါင်း တစ်သိန်း နီးပါး တက်ရောက်ခဲ့သည်။ သခင်အား နောက်ဆုံး ကြည့်ရှုနှုတ်ခွန်းဆက်သရန် လာကြသော လူအပေါင်းတို့ သွားလာရေး လွယ်ကူစေရန် ဘူးသီးတောင်-မောင်တော-ကြိမ်ချောင်း လမ်းမရှိ အဝင်အထွက်စစ်ဆေးဂိတ်များကိုပင် အာဏာပိုင်များက တစ်နေ့လုံး ဖွင့်ပေးခဲ့သည်။ အစစ်အဆေးမခံပဲ လူသူသွားလာနိုင်ခဲ့ကြသည်။ သခင်ကို ရိုဟင်ဂျာလူထု သာမက ဘာသာခြားလူမျိုးခြား၊ အာဏာပိုင်များကပင် လေးစားကြည်ညိုကြောင်း သက်သေပြခဲ့လေသည်။ 

မိုဟဒ္ဒေစ် ဆာပ်သခင် ကွယ်လွန်ပြီးနောက် အာရ်ကာန်ပြည်၏ အောက်မေ့သတိရဖွယ် လွမ်းချင်း၊ ညည်းချင်း အမျိုးမျိုးကို သီဆိုခဲ့ကြသည်။ အောက်တွင် ဖော်ပြထားသည့် ညည်းချင်း (ဇာရီ) ကို နူရ်ဟူစိန်း ကာဝါလ် သီဆိုခဲ့ခြင်းဖြစ်ပါသည်။ ဖတ်ရှူခံစားကြည့်ပါ…



💥 Dinor Sarag Luwai giyé 💥

Singer:  Noor Hussein Kawal
Zat:        Kawali, Zari

Har hañsé zai buzaitám moi aññárar sintar kahání,
Muhaddes sab moron baáde notun furani,
dinor sarag gelgói hore aiyer hañdani.

Moñgdómár bilot accíl gór, fúno o bái sintar hóbor.
Natton séle Dizemborot fundóro tarík rowani,
Muhaddes sab moron baáde notun furani…

Forát accíl dini elóm, zaga zaga maijjíl kodom,
Íbar dikka tuwai sailé kul Arakanot faibaní,
Muhaddes sab moron baáde notun furani…

Elóm ór dorot accíl, dini hekmot gorát accíl, 
Hádis forat linot fura zibon diló kurbani,
Muhaddes sab moron baáde notun furani…

Zar hátere batti zoillé, házar házar alem neollé, 
Fura decót lagi bainyain sarag aiccíl nurani,
Muhaddes sab moron baáde notun furani…

Accíl kibír-borai sára, cágirít neollé fara fara,
Adob, lehas, usul, torika, gorat acíl zubani, 
Muhaddes sab moron baáde notun furani…

Becá barik forá forí, Tirmizi Muslim Bukhári,
Fura zibon diyat accíl Hádis óro boiyani,
Muhaddes sab moron baáde notun furani…

Alem, mufti, muhaddes bánai, nobir foóri diyé berái,
Matár uoré bicí asé, zibar diya nicáni,
Muhaddes sab moron baáde notun furani…

Arakane haner guzóri, muhaddes sab ór nam dóri,
Loo zaiya loo aiya furaizar surgór faní,
Muhaddes sab moron baáde notun furani…

Foitto hamot óito zabin, muhaddes sab Sayedul Amin,
Farar halot ki oibode Allah tuáñr mehérbani,
Muhaddes sab moron baáde notun furani…

Luwai giyé nuror bátti, duwa aiyér kolób ottí, 
Dinor usila yé Allah kobor goric nurani,
Muhaddes sab moron baáde notun furani…

dinor sarag gelgói horé aiyér hañdani.

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

ဆက်လက် တည်းဖြတ်ဖော်ပြပေးပါမည်။