ဗွီဖို့စ်အမှုထမ်း ဝါဂျီအုလ္လာ အာရ်ကာနီ (၁၉၁၉-၁၉၈၈)
![]() |
| ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost. |
![]() |
| ဝါဂျီအုလ္လာအာရ်ကာနီက Irwin ထံ ရေးသားခဲ့သည့်စာ မူရင်းပုံ။ Burmese Outpost. |
ရန်ကုန် ဇန်နဝါရီလ ၉၊
ပြည်ထောင်စု မြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသား ညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က ပြည်ထောင်စုသား အချင်းချင်း သွေးစည်းညီညွတ်ရေး၊ ချစ်ကြည်ရေး၊ ဘာသာပေါင်းစုံပေါင်းသင်းဆက်ဆံ နေထိုင်ရေး၊ လူမျိုး ပေါင်းစုံ ချစ်ကြည်ရေး၊ တဦးနှင့်တဦး နားလည်ချစ်ခင်မှုရရှိရေးနှင့် ပြည်ထောင်စုကြီး၏အကျိုးကို သစ္စာရှိစွာဖြင့် ထိန်းသိမ်းနိုင်ရေးတို့ကိုရည်ရွယ်၍ ပြည်ထောင်စု တခုလုံး၏ အကျိုးကို မျှော်ကိုးကာ ယခု ၁၉၆၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်မည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပွဲသဘင်ကြီးသို့ အခြား လူမျိုးစုများနည်းတူ ရိုဟင်ဂျာလူမျိုးစုမှလည်း ကိုယ်စားလှယ် (၁၀) ဦးခန့် ဖိတ်ခေါ်ေစလိုကြောင်း။
မေယုခရိုင်မှ ကိုယ်စားလှယ် (၁၀) ဦးကို ဖိတ်ခေါ်ရန် မတတ်နိုင်ပါက မိမိတို့ ဌာနချုပ်မှတဆင့် ရန်ကုန်မြို့မှ ကိုယ်စားလှယ် (၅) ဦးကို ဖိတ်ခေါပြီး ကျန် (၅) ဦးကို မေ ယုခရိုင်မှ ဖိတ်ခေါ်စေလိုကြောင်း၊ ရန်ကုန်မြို့မှ တက် ရောက် ပါဝင်မည့် ကိုယ်စားလှယ်(၅) ဦး၏ အသုံးစရိတ် များကို ဤဌာနချုပ်မှ တာဝန်ယူမည်ဖြစ်ကြောင်းဖြင့် ယ နေ့ပြည်ထောင်စုမြန်မာနိုင်ငံ ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေး (ရမည) အဖွဲ့ဌာနချုပ်က တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနတာဝန်ခံ ဗိုလ်မှူးကြီး စောမြင့်ထံသို့ ယနေ့ ပန်ကြားလွှာတစောင် ပေးပို့လိုက်ကြောင်း သိရှိရ၏။
(မူရင်းသတင်းစာအတိုင်း ကူးယူဖော်ပြထားသည်။)
ကိုးကား-
တော်လှန်ရေးကောင်စီခေတ်၊ လုပ်သားသတင်းစာ (၁၀-၁-၁၉၆၄)မှ မန္တလေးမြို့တွင် ကျင်းပမည့် (၁၇) ကြိမ်မြောက် ပြည်ထောင်စုနေ့သို့ ရိုဟင်ဂျာကိုယ်စားလှယ် တက်ခွင့် တောင်းဆိုသည့်သတင်း။
အင်္ဂလိပ် သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ
အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ ခုက မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်စာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။
ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့သွားအောင် ဒွန်တွဲကြိုးပမ်းဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေသရဲ့ နာမည်နာမတွေ ပြောင်းပေးလေ့ရှိကြတယ်။
ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသန္တရနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ပြောင်းလဲခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ အင်္ဂလိပ်ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးနှုန်းေခါ်ဝေါ်ကြတယ်။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခွဲခြားခြားဖော်ပြဖို့အတွက် အစ္စလာမ်ဘာသာဝင်ကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။
ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။ အဆောက်အဦးတွေကိုတောင် သူတို့ရဲ့ ဗိသုကာလက်ရာအတိုင်း ဆောက်လုပ်ခဲ့တာ ယနေ့အချိန်အထိ မြန်မာပြည်အနှံ့တွေ့ရှိနေရဆဲပါပဲ။
အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊ အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။
ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြားစာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။
ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။
—©RohangKing
#Unicode
အင်္ဂလိပ်သန်းခေါင်စာရင်းမှတ်တမ်းမှာ ရိုဟင်ဂျာ ဆိုတဲ့နာမည် ဘယ်လို ပျောက်နေသလဲ
အင်္ဂလိပ်ကိုလိုနီခေတ်မှာ အဲ့ဒီ -နာမည် ဘာကြောင့် ပျောက်ကွယ်နေခဲ့သလဲ။ ၁၇၉၉ က မှတ်တမ်းတွေမှာတောင် ရိုဟင်ဂျာဆိုတဲ့ နာမည်ရှိနေတယ်။ ကိုလိုနီနောက်ပိုင်း မှတ်တမ်းတွေမှာလည်း ရိုဟင်ဂျာ ဆိုတဲ့ နာမည်ရှိနေတယ်။ ဗြိတိသျှသန်းခေါင်းစာရင်းမှာကျတော့ ဘယ်လို ပျောက်နေသလဲ။
ဒီမေးခွန်းရဲ့ အဖြေက သမိုင်းလေ့လာသူတိုင်း အတပ်သိကြတယ်။ ဒီလိုဖြစ်ရခြင်းရဲ့ နောက်ကွယ်က အခြေအနေ နှစ်ရပ်ရှိတယ်။ ပထမတစ်ချက်ကတော့ အနောက်တိုင်းယဉ်ကျေးမှုနဲ့ အင်္ဂလိပ်ဘာသာစကား ပျံ့နှံ့အောင် ဆောင်ရွက်ခဲ့တဲ့ ဗြိတိသျှတို့ရဲ့ ပေါ်လစီ ဖြစ်တယ်။ ဗြိတိသျှတွေဟာ နယ်မြေတွေ ကျူးကျော်သိမ်းပိုက်တာနဲ့ တစ်ပြိုင်တည်း သူတို့ရဲ့ စာပေယဉ်ကျေးမှု၊ ဘာသာစကားတွေကိုပါ ပျံ့နှံ့အောင် ဒွန်တွဲဆောင်ရွက်ခဲ့တယ်။ လက်အောက်ခံသိမ်းထားတဲ့ နိုင်ငံတွေရဲ့ ရုံးသုံးစကားတွေ၊ နေရာဒေရဲ့ နာမည်တွေ ပြောင်းပေးလိုက်ကြတယ်။
ဒါနဲ့ ဗမာပြည်မှာလဲ လူမျိုး အများစုရဲ့ နာမည်၊ ဒေသနာမည်၊ လမ်းပန်းနာမည်တွေကို အင်္ဂလိပ်ဟန်နဲ့ ခေါ်ခဲ့ကြတာ အလုံးအသိပါပဲ။ ဒီအတိုင်းပဲ ရိုဟင်ဂျာ ဆိုတဲ့နာမည်ကလဲ အဲ့ဒီကိုလိုနီပေါ်လစီရဲ့ ဓားစားခံဖြစ်သွားခဲ့တာပဲ။ ဒါက ဒီနာမယ် တစ်ခုတည်း မဟုတ်ဘူး။ သူတို့လက်အောင်ရောက်နေတဲ့ ကိုလိုနီနယ်မြေ တိုင်းမှာ ကျင့်သုံးခဲ့တဲ့မူ တစ်ခုဖြစ်တယ်။ မြန်မာပြည်မှာလည်း အများကြီးပြောင်းလဲခဲ့တာ ရှိတယ်။ အဲဒီတုန်းက ရခိုင်ပြည်ရဲ့နာမည်ကို အနောက်နိုင်ငံသားတွေက အာရကန်နဲ့ပဲ သိတာများတယ်။ အင်္ဂလိပ်တို့ကလည်း အာရကန် လို့ပဲ ခေါ်ကြတာကိုး။ ဒီတော့ အာရကန်ပြည်သူတွေကို အာရကာနိစ် လို့ သူတို့ဟန်နဲ့ သုံးနှုန်းခဲ့တယ်။ အင်းဝသားတွေကိုလည်း ဗားမစ်လို့ သုံးကြတယ်မဟုတ်လား။ အိန္ဒိယက ပြည်သူတွေကိုလည်း "ဘားရတီ၊ ဟင်ဒိုစ်တာနီ" လို့မသုံးဘဲ အိန္ဒိယန်လို့ အင်္ဂလိပ်မူနဲ့ သုံးကြတာပါ။ အာရကန်မှာလည်း ဒီမူကို သုံးခဲ့တာပေါ့။ ပြီးတော့ အာရကန်ပြည်ရှိ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဝင်တွေကို ခွဲခြား ဖော်ပြဖို့အတွက် အိစ္စလာမ်ဘာသာကို မိုဟာမေဒင်၊ မွတ်စလင် ဟုလည်းကောင်း၊ ဗုဒ္ဓဘာသာဝင်တွေကို ဗုဒိစ် ဟုလည်းကောင်း ခွဲခြားသုံးနှုန်းကြတာ ဖြစ်တယ်။
ဒုတိယအချက်ကတော့ ကိုလိုနီအစိုးရက မဟာဗျူဟာအဖြစ်သုံးခဲ့တဲ့ Divide and Rule Policy ပါပဲ။ တိုင်းပြည်တစ်ပြည်ရဲ့အင်အားဖြစ်တဲ့ ပြည်သူ့စည်းလုံးညီညွှတ်မှုကို ပျက်ပြားသွားအောင် ကြံစည်ပြီးတော့ အုပ်ချုပ်တဲ့စနစ်တစ်ခုပေါ့။ ဒါမှသာလျှင် သူတို့ရဲ့ မတရားအုပ်ချုပ်ရေးဟာ အသက်ရှည်တော့တာ။ ဒီပေါ်လစီကို မသိတသိ ထည့်သွင်းလိုက်လို့ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အိုင်ဒန်တီတီ ကိုပါ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားအောင် မွဲနှောက်လိုက်တာပါပဲ။ အရာကိစ္စတိုင်းမှာ အင်္ဂလိပ်မူ၊ အင်္ဂလိပ်ဟန်တွေကို ထိုးသွင်းပေးလိုက်တာပါပဲ။ နိုင်ငံသားတွေရဲ့ နာမည်တွေ၊ တိုင်းပြည်တွေရဲ့ အမည်နာမတွေကို သူတို့အလိုအတိုင်း မှည့်ခေါ်ခဲ့တယ်။
အဲ့လို စနစ်ဆိုးတွေရဲ့ ကြားညှပ်ခံရသော ရိုဟင်ဂျာတို့လည်း နစ်နာခဲ့တာချည်းပဲ။ သူတို့ ခေါ်နေကျ နာမည်ကို မခေါ်ဘဲ အင်္ဂလိပ်ဟန်နဲ့ အာရ်ကာနိစ်လို့ ပြင်လိုက်တယ်။ အဲ့မှာတစ်ခါ ထပ်ပြီး ခွဲခြားလာအောင် အာရ်ကာနိစ် မိုဟာမေဒင်၊ မူစလင်၊ အာရ်ကာနိစ် ဗုဒ္ဓီစ်၊ မော့ဂ် တို့ ခေါ်ဝေါ် ကွဲပြားလာတယ်။ ဒီလောက်နဲ့ မဝသေးဘူး။ ပြန်တစ်ခါ ထပ်ခွဲတယ်။ အိန္ဒီယန်တို့၊ စစ်တကောင်နီယန်တို့၊ ပါထန်၊ ဘီဟာရီတို့ စသည်ဖြင့် အာရ်ကန်ပြည်ရဲ့ စည်းလုံးညီညွတ်မှုတည်းဟူသော အားအင်ကို စနစ်တကျ ရိုက်ချိုးခဲ့တယ်။
ဒီလိုနဲ့ ရိုဟင်ဂျာ ဆိုတဲ့ နာမည်ဟာ အဲ့ဒီခေတ်က အင်္ဂလိပ်မှတ်တမ်းမှာပဲ ပျောက်နေတာ ဖြစ်တယ်။ အဲ့ခေတ်မှာ ဒေသခံတွေက ရေးသားခဲ့တဲ့ တခြား စာအုပ်စာပေတွေ၊ ကဗျာ၊ တေးသီချင်းတွေမှာကား ရှိနေသေးတယ်။ အူရ်ဒူစာနဲ့ ရေးထားတဲ့ သမိုင်းတွေမှတ်တမ်းတွေရှိတယ်။ အဲ့ဒီမှာကြည့်ပါ။ ရိုဟင်ဂျာနာမည်ဟာ ထင်ထင်ရှားရှား တွေ့ရပါလိမ့်မယ်။ အထူးအဆန်းလို့ ထင်နေတဲ့ ဒီနာမည်က ဒေသခံတွေ ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ နာမည်တစ်ခု ဖြစ်တယ်။ ပြီးတော့ ရွာနာမည်၊ ဒေသနာမည် တွေလဲ ယနေ့ထက်ထိ ရှိနေတယ်။
ရိုဟင်ဂျာ မရှိဘူးလို့ စွပ်စွဲနေတဲ့ သူတချို့က အထက်ဖော်ပြပါ အချက်အလက်တွေကိုလည်း မစဉ်းစားသင့်ဘူးလား။ ဗြိတိသျှ သန်းခေါင်စာရင်းမှာ မပါလို့ ရိုဟင်ဂျာမရှိဘူး မျက်စိပိတ်ယုံလိုက်ရင် သမိုင်းမသိသူ ဒါမှမဟုတ် မသိချင်သူ ဒါမှမဟုတ် သိလျက်နဲ့ ဖုံးကွယ်ထားသူသာ ဖြစ်သွားလိမ့်မယ်။ အမှန်တရားကို မြတ်နိုးရင်တော့ နက်နက်နဲနဲ စူးစမ်းလေ့လာကြည့်ပြီးတော့မှ မှတ်ချက်ပေးသင့်တယ်။
—©RK
သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။
![]() |
| ပုံ (၁) အင်းဒင်ရွာသား ၁၀ ယောက်ကို ဖမ်းဆီးပြီးညနေခင်းက ရခိုင်ရွာလမ်းကြားမှာ ဒူးထောက် ရိုက်ထားတဲ့ဓါတ်ပုံ။ |
![]() |
| ပုံ(၂) အင်းဒင်ရွာသား ၁၀ ယောက်ကို ပဲရုံသင်္ချိုင်းကို ခေါ်သွားပြီး။ |
![]() |
| ပုံ(၄) ဒီဇင်ဘာလ ၁၉ ရက် နေ့လည်တွင် ပဲရုံသင်္ချိုင်းကုန်းမှ ထူးဖော်ရရှိသည့် အရိုးစုများ။ |
![]() |
| ပုံ(၅) ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ |
စစ်တပ်ရဲ့ ကျူးကျော်သိမ်းပိုက်ခံခဲ့ရတဲ့ ရှေးဟောင်း ဗဒေါရ်မောကာမ် ဝတ်ပြုကျောင်းတော်
ဗဒေါရ်မောကာမ်သည် အာရကန်ပြည်၏ ရှေးဟောင်းမွတ်စလင်သမိုင်းအမွေအနှစ်ထဲမှ တစ်ခုဖြစ်သည်။ စစ်တပ်နှင့် မသမာသူအုပ်စုတို့၏ မတရားကျူးကျော် သိမ်းပိုက်ခြင်းကို ခံနေရသော ထင်ထင်ရှားရှား သမိုင်းသက်သေ တစ်ခုလည်းဖြစ်သည်။ ယနေ့ ရခိုင်တို့က နတ်ကွန်း၊ ဗုဒ္ဓမော်ရှင်မနတ် စသည့် ဗုဒ္ဓမြတ်စွာဘုရားနှင့် ဆက်နွယ်သော ပါးစပ်လုပ်ဇာတ်လုပ်ကြံသမိုင်းများ ဖန်တီးကာ သမိုင်းမှန်ကို ဖုံးကွယ်ရန် ကြိုးစားလျက်ရှိသည်။
ဗဒေါရ်မောကာမ်သည် သူတော်စင် ဗဒေါရ်သြဠီယာ၏ ဝတ်ပြုရာ ကျောင်းသင်္ခဏ်းဖြစ်သည်။ သူတော်စင် ဗဒေါရ်သြဠီယာ၏အမည်ရင်းမှာ ဗဒေါရုဒ္ဒိန်း ဖြစ်သည်။ အချို့မှတ်တမ်းများတွင် ရှားဗဒေါရ်အုဒ္ဒိန်း ဟုလည်း အဆိုကွဲရှိသည်။ ဗဒေါရ်မောကာမ်အဓိပ္ပာယ်မှာ ဗဒေါရ်၏ တရားထိုင်ရာနေရာဟု အဓိပ္ပယ်ရသည်။ ထိုကျောင်းသင်္ခဏ်းကို ၁၇၂၇ ခုတွင် ကုန်သည်ညီနောင်နှစ်ဦးက ဗလီဝတ်ပြုကျောင်းအဖြစ် မွမ်းမံဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ဗဒေါရုဒ္ဒိန်းသည် အလွန်ထင်ရှားခဲ့သော ပီရ်သူတော်စင်တစ်ပါးဖြစ်ခဲ့သည်။ ပင်လယ်စောင့် ပီရ်တစ်ပါးဟု ယုံကြည်ကြသည်။ ပီရ် ဗဒေါရုဒ္ဒိန်း၏ ကျောင်းသင်္ခဏ်းများသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း စသည့် ပင်လယ်ကမ်းရိုးတန်းတလျှောက်ဒေသများတွင် တွေ့ရှိရသည်။ ပီရ်ဗဒေါရုဒိန်း၏ ဘုန်းတန်ခိုး ကြီးမားသည့် ပုံပြင်များ ယနေ့အထိ လူတို့ကပြောဆိုလေ့ရှိသည်။ ဗဒေါရ်သြဠိယာသည် ရေပေါ််က လမ်းလျှောက်နိုင်သည်... ပင်လယ်သတ္တဝါကြီး ကျောပေါ်စီးလို့ ခရီးသွားလာတတ်သည်... သူလမ်းလျှောက်ရာ ကမ်းခြေတစ်လျှောက် ကျောက်တုံးများ ပေါ်လေ့ရှိခဲ့သည်... စသည့် သူ၏ဂုဏ်ဘွဲ့များ ပုံပြင်သဖွယ် ယနေ့အထိထင်ရှားသည်။
ဗဒေါမောကာမ်ကျောင်းတော်၏ သမိုင်းအကြောင်းကို သမိုင်းသုတေသီပညာရှင်များ၏ မှတ်တမ်းများတွင် အောက်ပါအတိုင်းတွေ့ရသည်။
ဗဒေါမိုကာမ်ကို ခရစ်နှစ် ၁၇၅၆ ခုနှစ်တွင် မွတ်စလင်များက သူတို့၏ ထင်ရှားသော သူတော်စင်သခင်ကြီး Badr Auliah အား ဂုဏ်ပြုသောအားဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုသည်။ ၁၈၇၆ ခုနှစ်က အာရကန်တိုင်း ဒုတိယကော်မရှင်နာ ဗိုလ်မှူးကြီး Nelson Davies က ရခိုင်ပြည်နယ်ကော်မရှင်နာအဖွဲ့ရုံးတွင် သိမ်းဆည်းထားသော မှတ်တမ်းတစ်ခုကို Dr. Emil Forchhammer အား ငှားရမ်းပေးခဲ့သည်။ ထိုမှတ်တမ်းတွင် ပါရှိသော ဗဒေါမောကာမ်ကျောင်းတော်အကြောင်းကို ကောက်နုတ်ကာ သူ၏စာအုပ် Reports on the Antiquities of Arakan (1891-2) တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
"အက္ကိယာပ်ကျွန်း၏ တောင်ဘက်စွန်း၊ ပင်လယ်အော်အရှေ့ဘက်ကမ်းနီးတွင် ကျောက်အုတ်များဖြင့် တည်ဆောက်ထားသော အဆောက်အအုံအစုတစ်ခုရှိသည်။ ယင်းအနက်မှ တစ်ခုမှာ အိန္ဒိယဗလီတစ်ခု၏ ဗိသုကာလက်ရာနှင့် ဆင်တူပြီး၊ အခြားတစ်ခုမှာ ကျောက်ဆောင်ပေါ်တွင် ကျောက်တုံးများဖြင့် တည်ဆောက်ထားသော ဂူတစ်ခုဖြစ်ကာ ယခင်က သူတော်စင်၏ ဝတ်ပြုသီတင်းသုံးရာနေရာဖြစ်သည်။ ဤအဆောက်အအုံများ တည်ရှိရာနေရာကို Budder Mokan ဟုခေါ်ဆိုပြီး 'Budder' ဆိုသည်မှာ အစ္စလာမ်ဘာသာ၏ သူတော်စင်သြဠီယာတစ်ပါး၏ အမည်ဖြစ်ပြီး 'mokan' ဆိုသည်မှာ နေထိုင်ရာနေရာကို ဆိုလိုသည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ ခန့်က စစ်တကောင်းမှ ကုန်သည်ညီနောင်နှစ်ဦး ဖြစ်သော မာနိခ် (Manick) နှင့် ချာန် (Chan) တို့သည် Cape Negrais မှ နနွင်းများတင်ဆောင်လာသော သင်္ဘောဖြင့် ပြန်လာစဉ် ရေတင်ယူရန် အက္ကိယာပ်သို့ ဝင်ရောက်ခဲ့ပြီး သူတို့၏သင်္ဘောကို Buddermokan ကျောက်တန်းများအနီးတွင် ဆိုက်ကပ်ခဲ့သည်။ ထို့ကျောက်ဆောင်၏ အနီးမှ ရေတင်ယူပြီးနောက် ညနေပိုင်းတွင် မာနိခ်က အိပ်မက်တစ်ခု မက်ခဲ့သည်။ အိပ်မက်တွင် သူတော်စင် ဗဒေါရ်သြဠီယာက သူတို့ ရေခပ်ယူခဲ့သောနေရာတွင် ကျောင်းသင်္ခဏ်းဂူ တစ်လုံး ဆောက်လုပ်ပေးရန် အလိုရှိကြောင်း မိန့်ကြားခဲ့သည်။ သူ့မှာ အဆိုပါအလိုဆန္ဒဖြည့်ဆည်းပေးရန် ငွေအသပြာမရှိကြောင်း ဖြေကြားခဲ့သည်။ ဗဒေါရ်သြဠီယာက မာနိခ်၏ နနွင်းအားလုံး ရွှေဖြစ်စေဟု ဆုပေးကာ ကျောင်းသင်္ခဏ်းဂူ ဆောက်လုပ်ရန် အားထုတ်သင့်ကြောင့် အိပ်မက်ပေးသည်။ မနက်မိုလင်း၍ မာနိခ်က သူ၏ နနွင်းများကို စစ်ဆေးကြည့်သောအခါ အမှန်တကယ်ပင် နနွင်းများသည် ရွှေအဖြစ်ပြောင်းလဲနေကြောင်း တွေ့ရှိရသည်။ မာနိက်သည် သူ့အစ်ကို ချာန်ကို အိပ်မက်နှင့် ရွှေအကြောင်းပြောပြ တိုင်ပင်ကာ ဂူကျောင်းသင်္ခဏ်းကို ဆောက်လုပ်ခဲ့သည်။ ထိုဂူအနီးတွင် ကန်ကြီးတစ်ကန်ကိုလည်း တူးဖော်ပေးခဲ့သည်။
အက္ကိယာပ်၏ ဒုတိယကော်မရှင်နာရုံးမှာ ၁၈၃၄ ခုနှစ်တွင် ပါရှားဘာသာဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့်စာများအရ၊ စစ်တကောင်းခရိုင် ကော်မရှင်နာ မစ္စတာ ဝီလီယံ ဒမ်ပီယာနှင့် အာရကန်တိုင်း ကော်မရှင်နာ မစ္စတာ တီ၊ ဒစ်ကင်ဆန်တို့က ၁၈၂၅ ခုနှစ်က ဗြိတိသျှအစိုးရ၏ အမှူးထမ်းကောင်းအဖြစ် ဂုဏ်ပြုသောအားဖြင့် ဗဒေါမော်ကာမ်အုပ်စု၏ သူကြီးဖြစ်သူ ဟူစိန်းအာလီကို ဗဒေါမောကာမ်ကျောင်းတော်၏ ဒါယကာအဖြစ် တာဝန်ပေးအပ်ချီးမြှင့်ခဲ့သည်။ ကျောင်းတော်၏ အလှူငွေများကိုလည်း ကောက်ခံ သုံးစွဲခွင့်ပြုခဲ့သည်ဟု ဖော်ပြထားပါသည်။
၁၈၄၉ ခုနှစ်တွင် အက္ကိယာပ်မြို့၏ ခုံရုံးတရားသူကြီး မစ္စတာ အာရ်၊စီ၊ရိတ်က ဟူစိန်းအာလီအား ဗဒေါမောကာမ်ကျောင်းတော်ကို တာဝန်ယူကြီးကြပ်ရန် ညွှန်ကြားခဲ့ပြီး သူတော်စင်ဖကီးရ်အမျိုးသမီးတစ်ဦးဖြစ်သူ မမင်းအုန်းအား အဆောက်အဦတစ်ခု တည်ဆောက်ခွင့်ပြုခဲ့သည်။ ထိုမှတ်တမ်းအရ လက်ရှိ အင်္ဂတေအဆောက်အဦကို သူမက ၁၈၄၉ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူမသည် ရေကန်ကိုလည်း ပြန်လည်တူးဖော်ပေးခဲ့သည်။
"ဆောက်လုပ်ရေးနှင့် ရေကန်ပြန်လည်တူးဖော်ပေးရေးလုပ်ငန်းစဉ်တစ်ခုလုံးအတွက် ရူပီငွေ ၂၀၀၀ ခန့် ကုန်ကျခဲ့သည်။ ဟူစိန်းအာလီ ကွယ်လွန်ပြီးနောက် ၎င်း၏သား အဗ္ဗဒူလာက ဆက်လက်တာဝန်ယူခဲ့သည်။ အဗ္ဗဒူလာ ကွယ်လွန်သောအခါ သူ့ညီမ မမိုရာဇမာလ် (ရှေ့နေအဗ္ဗဒူလ်မာရိန်၏ ဇနီး) က တာဝန်ကို ဆက်ခံခဲ့သည်။ ထို့နောက် ရှေ့နေအဗ္ဗဒူလ်မာရိန်သည် သူ့မိန်းမကိုယ်စား တာဝန်ယူခဲ့သည်။"
"ပုံတွင် အဆောက်အဦများ၏ အပြင်ဘက် ယေဘုယျပုံစံကို တွေ့ရှိရသည်။ အတွင်းပိုင်းမှာ အလွန်ရိုးရှင်းပြီး စတုရန်းပုံ (သို့မဟုတ်) စတုဂံအခန်းတစ်ခုသာရှိသည်။ တကယ်တော့ ဂူနှစ်ခုရှိသည်။ တစ်ခုမှာ ကျောက်ဆောင်ထိပ်ပေါ်တွင် တည်ရှိပြီး (ပုံတွင်ကြည့်ပါ) မြောက်ဘက်နှင့် တောင်ဘက်တွင် ဝင်ပေါက်ရှိသည်။ မုခ်ခုံးသည် ခုံးပြီး အတွင်းခန်းလည်း အလားတူပင်ဖြစ်သည်။ ဂူ၏ အပြင်ဘက် အရွယ်အစားမှာ အကျယ် ၈ ပေ ၃ လက်မ၊ အလျား ၁၁ ပေ ၆ လက်မ၊ အမြင့် ၈ ပေ ၆ လက်မရှိသည်။ အတွင်းခန်းသည် ၇ ပေ x ၅ ပေ ၈ လက်မ၊ အမြင့် ၆ ပေ ၅ လက်မရှိပြီး ကိုယ်ထည်မှာ ကျောက်နှင့်အုတ်များကို အင်္ဂတေသရွတ်သုတ်ထားသည်။ တန်ဆာဆင် အခြယ်အသ လက်ရာများ မရှိချေ။
ဒုတိယဂူကိုလည်း အလားတူတည်ဆောက်ထားသည်။ ကြမ်းပြင်မှာ ကျောက်သားချောဖြစ်ပြီး တောင်ဘက်ဝင်ပေါက်ဆီသို့ အနည်းငယ်စောင်းနေသည်။ ယခင်ဂူထက်ပင် သိသိသာသာ သေးငယ်သည်။
ပင်မ ဗလီသည် ကြမ်းမြင့်ပေါ်တွင် တည်ရှိပြီး အုတ်နှင့်ကျောက်များကို လှေကားခံ၍ တက်ရောက်နိုင်သည်။ ဗလီ၏အရှေ့မျက်နှာစာသည် ၂၈ ပေ ၆ လက်မ၊ တောင်ဘက်အလျား ၂၆ ပေ ၆ လက်မရှိပြီး အတွင်းခန်းသည် အလျား ၁၆ ပေ ၉ လက်မ၊ အကျယ် ၁၃ ပေရှိသည်။ မျက်နှာကြက်ပိုင်းသည် ခုံးဝိုင်းပုံသဏ္ဍာန်ဖြစ်ပြီး အနောက်ဘက်တွင် နံရံအတွင်းသို့ ထိုးဝင်နေသော အဖျားချွန်ခုံးပုံ မေဟ်ရဘ်နှင့် ဘေးတစ်ဖက်တစ်ချက်စီတွင် နံရံကပ်တိုင်ငယ် တစ်လုံးရှိသည်။ ယင်းအပေါ်တွင် စာလုံးကြီးကြီးနှင့် ရေးထိုးထားသော ပါရှန်စာကြောင်းရှိသည်။ ပါရှန်စာဖြင့် ဂရံမှတ်တမ်းတစ်ခုလည်း ချိတ်ဆွဲထားသည်။
ထိုနေရာနှင့်ကပ်လျက်ရှိသော ကျောက်ဆောင်များကြားတွင် အုတ်ခုံးငယ်တစ်ခုဖြင့် စတုဂံပုံစံရှိသည့် ဝတ်ပြုခန်းငယ်တစ်ခုကို ထည့်သွင်းတည်ဆောက်ထားသည်။ အဆောက်အဦအားလုံးသည် အခြေအနေကောင်းမွန်စွာတည်ရှိနေသည်။ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ကျောက်ဆောင်များကို ဤအဆောက်အဦများဖြင့် ဖုံးလွှမ်းထားသည်မှာ စိတ်ဝင်စားဖွယ်ရှုခင်းတစ်ခုပင်ဖြစ်သည်။
ပင်မ ဗလီဝတ်ပြုကျောင်းသည် အိန္ဒိယဗလီလက်ရာနှင့် အာရကန်လက်ရာကို အကောင်းဆုံးပေါင်းစပ်ထားသည့် စံပြလက်ရာတစ်ခုဖြစ်ပေသည်။
လူထုဝဏ္ဏ
စာညွှန်း- အက္ကိယာပ် = စစ်တွေ
- အာရကန် = ရခိုင်ပြည်နယ်
ကိုးကား
- Reports on the Antiquities of Arakan (1891-2)|Dr. Emil Forchhammer
အလယ်သံကျော် အာရကာနစ်မွတ်စလင် ညီလာခံ
“He was my political mentor. From 1967 to 1971, I was as a family member of him. At that time he was at the Insein CID HQ as at second in change. The first men was U Shwe Thaing who is also a Muslim Kaman from Kyauk Pyu. As friend of my father, I also visited frequently U Shwe Thaing House also. From U Kyaw Zaw Aung I had able to learn many things about Burmese political set up and administration set up and from U Shwe Thaing I had able to learn about history, leader ships and activities of Rakhine armed groups. I was lucky enough to get both of them. I will never forget both of them.”
“I heard about him since my young age. He may be my father's jr. officer as Imam Hussain (USA). But his wife was my school mate at Buthidaung State High School. All are my relatives. I love and respect all of them. I called Mr.Yusuf Sab as Dada as my dad regarded him as his uncle. U Shwe Bin (Ali Johar) was also his relative.”
“He is boni Amin.
သူရဲ့ ကဗာရ်က အုတ်ရှစ်ကုန် ကဘာရ်စတန် တွင် ယနေ့တိုင်ရှိနေသည်။”
“ကျွန်တော့်မှာ ရေးစရာတွေ အများကြီး ကျန်နေပါသေးတယ်။ ဆောင်းပါးရှည်ရေးဖို့ ဒေတာတွေ စုနေပါတယ်။ ရိုဟင်ဂျာကျောင်းသားတွေကို စကောလာရှစ် စတာမှာ ဖိုးလေး ဦးကျော်ဇောအောင်လည်း ပါခဲ့တယ်။”
“ဦးကျော်ဇော်အောင်သည် အမျိုးသားရေးကိုလည်း တဖက်တလမ်းမှ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်၊ သူနဲ့လက်တွဲဆောင်ရွက်ခဲ့သူများမှာ တက္ကသိုလ်ဖက်မှ ဦးလှမောင်၊ ဦးချစ်လွင်၊ ဦးဘထွန်း၊ ဦးဘမြိုင်တို့ကို မှတ်မိသည်။”
“ကျနော့် ဒါဒါ(အဘိုး)အရင်း ... ဦးကျော်ဇောအောင် ... သူ့ခေတ်သူ့အခါမှာ တော်တော် လေးစားဖို့ကောင်းတဲ့ ရဲတပ်ဖွဲ့ဝင် ... လာဘ်လုံးဝမစားဘူး ... လက်ရှိ ရဲတပ်ဖွဲ့ဝင် အရာရှိအတော်များများ ကျနော့်အဘိုး တပည့်တွေများပါတယ် ... အဲဒီခေတ်မှာ သူ့အဆင့်က ရဲ ဒုတိုင်းမှူး နဲ့ အဆင့်တူပါပဲ။”
![]() |
| Rohingya Patriotic Singer Shobu |