Wednesday, May 27, 2026
မြန်မာ့ကျောင်းဝတ်စုံ “အဖြူအစိမ်း” နောက်ကွယ်က လူသိနည်းတဲ့ သမိုင်း
Monday, April 14, 2025
လူမျိုး ၁၀၁ ပါး
လူမျိုး ၁၀၁ ပါး
(၁)
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း ဒုတိယပိုင်း
၁။ ဗြဟ္မာသက် - မြန်မာသက် - မြန်မာကြီး - မြန်မာ - မြန်မာ
၂။ ရခိုင် - ရခိုင် - မြန်မာငယ် - ရခိုင် - ရခိုင်
၃။ ထားဝယ် - ထားဝယ် - ထားဝယ် - ထားဝယ်
၄။ ပြရယ် - ပြော့ - ပရယ် - မြုံ - ဘရသ်
၅။ တောင်သူ - တောင်သူ - တောင်သူ - တောင်သူ
၆။ မြုံသက် - ပြူသက် - ပြူ - ပြော့
၇။ ကမ်းယံ - ကမ်းယံ - ကမ်းယံ - ကမ်းယံ
မြန်မာကြီးဆိုသည်ကား ရခိုင်။
မြန်မာငယ်ဆိုသည်ကား ပြူ။
သက်မျိုး ၃ စားကွဲပြားသည်။
ကူးရေတာ လွဲနေပါက ကျွန်တော့တာဝန်သာဖြစ်ပါသည်။
(၂)
(ဝီကီပီးဒီးယား မှ)
မြန်မာ ၇-မျိုး
ကမ်းယံ
တောင်သူ (တောင်သား)
ထားဝယ်
ပြော့
ဘရသီ
မြန်မာ
ရခိုင်တို့ ဖြစ်ကြသည်။
(၃)
လူမျိုး ၁၀၁ ပါး (lumyochit)
မြန်မသတ္တ (၇)၊ မွန်လေးဝ (၄)၊ ရှမ်းသုံးဆယ် (၃၀)၊ခြောက်ဆယ်ကုလား (၆၀) လူမျိုးတရာ့တပါး။
မြန်မာ(၇)မျိုး
၁။ မြန်မာ၊ ၂။ ရခိုင်၊ ၃။ ပရယ်၊ ၄။ တောင်သူ၊ ၅။ ပြူ (ပျူ)၊ ၆။ ကမ်းယံ၊ ၇။ ယောတမျိုး။
(၄)
လူမျိုး ၁၀၁ ပါး (ပုဂံမူ) လည်း ရှိသေးတယ်။
(၅)
ကမ်းယံလူမျိုး
ကိုးကား မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
ဒေါက်တာတင့်ဆွေ
Monday, June 19, 2023
ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း ပေါ်ပေါက်လာခြင်း
ကိုလိုနီခေတ် ပညာရေးစနစ်နှင့် အာရကန် မဟာမေဒင် အူရဒူကျောင်း
ကိုနီခေတ်မတိုင်မီ အာရကန်ပြည်တွင် မက်သပ်ကျောင်းပညာရေး (Maktab Education)နှင့် ဘုန်းကြီးကျောင်းပညာရေး (Monastic Education) ထွန်းကားလျက်ရှိခဲ့တယ်။ မက်သပ်ကျောင်းပညာရေးမှာကျတော့ ဟဖိဇ်ခါနာ၊ အခြေခံသာသနာ့ပညာတွေ အကျုံးဝင်တယ်ပေါ့။ အဆင့်မြင့်ဘာသာရေးပညာသင်ကြားတဲ့ ကျောင်းတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ လက်ချိုးရေတွက်လောက်အောင်ပေါ့။ ဒီစာသင်ကျောင်းတွေမှာ ဘာသာရေးကိုအခြေခံတဲ့စာတွေ၊ လောကနီတိလောက်ပဲ သင်ကြားပေးတာဖြစ်တယ်။ လောကဓာတ်ဆိုင်ရာ ဘာသာရပ်တွေ မရှိခဲ့ဘူး။
မဟာမေဒင်ကျောင်းအကြောင်း မပြောမီ ဦးစွာ အနောက်တိုင်းပညာရေးစနစ် ဗမာပြည်မှာ ဘယ်လို မိတ်ဆက်လာခဲ့သလဲဆိုတာ အကျဉ်းမျှပြောပါရစေ။ ၁၈၂၄ ခုတွင် အာရကန်ပြည်နှင့် တနင်္သာရီကို အင်္ဂလိပ်တွေက ကျူးကျော်သိမ်းပိုက်ခဲ့တယ်။ သူတို့က အုပ်ချုပ်ရေး၊ အာဏာတည်မြဲရေး၊ ဥပဒေစိုးမိုးရေးတွေ ခိုင်မြဲလာအောင် အစီအစဉ်တကျ အဆင့်ဆင့် လုပ်လာကြတာပေါ့။ ၁၈၆၈ ခုနှစ်တွင် ဗမာပြည်ဆိုင်ရာ မဟာမင်းကြီး ဆာ့အာသာပီးယား (Sir Arthur Phayre) က အိန္ဒိယဗဟိုအစိုးရရဲ့ ညွှန်ကြားချက်အရ မြန်မာ့ပညာရေးစနစ်နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာတစ်ခု ပြုစုခဲ့တယ်။ သူက ဒေသန္တရပညာရေးစနစ်တွေနဲ့ ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးစနစ်ကို သင်ကြားစေချင်ခဲ့တယ်။ ဒီဒေသတွေရှိ ရှေးရိုးစဉ်လာ ပညာရေးစနစ်တွေဟာ လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူတယ်လို့ သူမမြင်ဘူး။ ဒါနဲ့ ၁၈၆၄-၁၈၆၅ ခုမှာ အချက် ၅ ချက်ပါတဲ့ ပညာရေးမူဝါဒတစ်ခုကို ချမှတ်အတည်ပြုခဲ့တယ်။
၁။ အခြေခံမူလတန်းပညာရေးဟာ လူထုကြားတွင် ပျံ့နှံ့စေရေးအတွက် ဒေသန္တရတိုင်းရင်းဘာသာစကားကို သင်ကြားရေးကြားခံအဖြစ်အသုံးပြုရန်၊
၂။ မူလတန်းပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖတ်ခြင်းနှင့် ရေးခြင်းအပြင် အခြေခံဂဏန်းသင်္ချာ၊ မြေတိုင်းတာခြင်း၊ ပထဝီဝင်၊ နက္ခတ္တဗေဒနှင့် ကမ္ဘာ့သမိုင်းအကျဉ်းများပါဝင်ရန်၊
၃။ ပညာရေးစနစ်သစ် သင်ကြားရန် ယခင်ကျောင်းများကို အသုံးပြုရန်၊
၄။ ယင်းကဲ့သို့ ဘာသာရပ်များကိုသင်ကြားရန်အတွက် ဘုန်းကြီးများကို မိတ်ဆင်ပေးရန်အလို့ငှာ
(က) သူတို့အား မြန်မာဘာသာစာအုပ်များဖြင့် ပံ့ပိုးရန်
(ခ) အရည်အချင်းပြည့်မီသော မြန်မာစာပြဆရာများ ခန့်အပ်ကာ သင်ကြားမှုကို ရံဖန်ရံခါ ကြီးကြပ်ကြည့်ရှူရန်
၅။ တစ်လလျှင် ရူပီး ၃၉ ဖြင့် မြန်မာစာပြဆရာလေးဦးလျှင် ဒါရိုက်တာတစ်ဦး ခန့်အပ်ရန်
စတဲ့ အချက် ၅ ချက်ပါဝင်ခဲ့တယ်။
ဆာ့အာသာပီယားရဲ့ မူဝါဒက ဒေသန္တရပညာရေး(Vernacular Education)ကို ဘုန်းကြီးကျောင်းပညာရေးနှင့် လိုက်လျောညီထြွေဖစ်အောင် ကြိုးပမ်းခဲ့တယ်။ ဒါပေမဲ့ အနောက်တိုင်းပညာရေးစနစ်ရဲ့ ခေတ်မီနည်းလမ်းတွေနဲ့ ဘာသာရေးကျောင်းပညာရေးဟာ အင်မတန် ကွာခြားလှတယ်။ တခြားစီးဖြစ်နေတယ်။
ဒီစနစ်ကို အသက်သွင်းရန် ၁၈၆၆ ခုတွင် ဆာ့အာသာပီးယားက မစ္စတာ ဂျီ၊ အပ်ခ်ျ၊ ဟော့ (Mr. G.H Hough)ကို လူထုပညာရေးသင်ကြားမှုအတွက် ပထမဆုံးညွှန်ကြားရေးမှူးအဖြစ်ခန့်အပ်ခဲ့တယ်။ သူရဲ့ကျန်းမာရေးအခြေအနေ ဆိုးဝါးမှုကြောင့် ဒီဇင်ဘာလ ၆ ရက်တွင် မစ္စတာ ပီ၊ ဟိုဒင် (Mr. P. Horden)ကို တာဝန်လွဲပေးကာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမဲ့ အာသာရဲ့ ပညာရေးမူဝါဒသစ်ဟာ အောင်မြင်မှု မရခဲ့ဘူး။ အကြောင်းကား ဘာသာရေးကျောင်းတွေက အနောက်တိုင်းပညာရပ်တွေကို လက်မခံဘူး။ သူချမှတ်ပေးတဲ့အစီအစဉ်တွေကို မလိုက်နာခဲ့ကြချေ။
အဲ့ဒါကြောင့် အင်္ဂလိပ်အစိုးရက ထောက်ပံ့ကြေးစနစ်(Grant In Aid)ပါဝင်တဲ့ ဘာသာရေးလွမ်းမိုးမှုကင်းတဲ့ Secular Education စနစ်တစ်ခုကို ရှာဖွေခဲ့တယ်။ ဒီတော့ အိန္ဒိယမှာ ကျင့်သုံးနေတဲ့ ကိုလိုနီပညာရေး မက္ကောလေးစနစ် (Macaulay Scheme)ကို မြန်မာပြည်တွင် အသက်သွင်းပေးခဲ့တယ်။ ဒီအိန္ဒိယဘုရင်ခံချုပ် မက္ကောလေးရဲ့ မူဝါဒကျတော့ အရှေ့တိုင်းပညာရေးကို ဦးစာပေးမယ့်အစား အနောက်တိုင်းပညာကို ဦးစားပေးခြင်းဖြစ်တယ်။ အုပ်စိုးသူတွေနဲ့ အုပ်ချုပ်ခံလူထုကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်ဖို့ အင်္ဂလိပ်လိုကျွမ်းကျင်ပြီး အင်္ဂလိပ်တွေနဲ့ ကိုယ်စိတ်သဘောထားတူညီတဲ့ စာရေးစာချီ လူတန်းစားတစ်ရပ်ကို မွေးထုတ်ပေးရန်သာဖြစ်တယ်။
ဒီပညာရေးမူဝါဒမှာတော့ ကျောင်းအလိုက် အဆင့်တွေခွဲလျက် ဆရာ၊ ကျောင်းသုံးပရိဘောဂ၊ ကျောင်းအသုံးစရိတ် စတာတွေအတွက် အထောက်အပံ့ကြေးတွေ ပေးကြတယ်။
ဒီပညာရေးအစီအစဉ်သစ်က အဆင့်ပြေခဲ့တယ်။ တဖြေးဖြေး ဘာသာရေးကျောင်းတွေ ဒေသန္တရမူလတန်းကျောင်းတွေ (Vernacular School) ဖြစ်လာခဲ့တယ်။ ခရစ်ယာန်မစ်ရှင်နာရီဘုန်းကြီးကျောင်းတွေ အင်ဂလိုမူလတန်းကျောင်းဖြစ်လာခဲ့တယ်။ ၁၉၂၀ ခု ဒီဇင်ဘာလမှာ ရန်ကုန်တက္ကသိုလ် ဖြစ်ဖော်လာခဲ့တ်။ ဒါဆို ပြည်စုံသွားပြီပေါ့။
ကဲ… ရခိုင်ပြည်ရှိ မဟာမေဒင်အူရဒူကျောင်းတွေကလည်းပဲ အင်္ဂလိပ်အစိုးရရဲ့ ပညာရေးစနစ်သစ်ကနေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။ ဒေသန္တရပညာရေးစနစ်သစ်ကို အာရကန်ပြည်ရှိ မွတ်စလင်တွေနေထိုင်တဲ့ဒေသမှာ အကောင်အထည်ဖော်နေချိန်မှာ အဲဒီဒေသတွေမှာ မက်သပ်ကျောင်းပညာရေးစနစ် ထွန်းကားနေတာဖြစ်တယ်။ မက်သပ်ကျောင်းတွေမှာ သင်ကြားတဲ့ သာသနာ့ပညာရပ်တွေ၊ ကျမ်းစာတွေဟာ အာရဗီစာ၊ အူရဒူစာနဲ့ သင်ကြတယ်။ မက်သပ်ကျောင်းထွက်တွေကျတော့ အူရဒူနဲ့ အရေးအဖတ် အဆင်ပြေကြတယ်။ တစ်ဖက် အိန္ဒိယက ပညာသင်လာတဲ့ ပညာတတ်တွေလည်း များပြားတယ်။
ဒီတော့ အင်္ဂလိပ်အစိုးရက ပညာရေးစနစ်သစ်ကို ကမ်းလှမ်းလာတဲ့အခါ အာရကန်မွတ်စလင်တွေက အူရဒူစာကို လက်ခံတာများကြတယ်။ ဗမာစာကို ထောက်ခံတဲ့ အုပ်စုတွေလည်းရှိခဲ့တယ်။ ဒါပေမဲ့ အင်္ဂလိပ်အစိုးရက မက်သပ်ကျောင်းပညာရေးစနစ်နှင့် ယှဉ်တွဲပြီးတော့ အနောက်တိုင်းပညာရေးကို သင်ကြားစေချင်တယ်။ ဒါနဲ့ မက်သပ်ကျောင်းတွေမှာ သုံးတဲ့ အူရဒူစာကို သင်ကြားရေးကြားခံအဖြစ် သတ်မှတ်ပေးခဲ့တယ်။ အိန္ဒိယမှ မဟာမေဒင်ကျောင်းတွေမှာ ပို့ချတဲ့ သင်ရိုးတွေကို အူရဒူကျောင်းတွေမှာ မိတ်ဆက်ပေးခဲ့တယ်။ အဲ့ဒီကျောင်းများကို ဗဟိုပညာမင်းကြီးကပဲ ကြီးကြပ်တယ်။ အဆင့်တွေအနေနဲ့ မူလတန်းအခြေခံအဆင့်မှာ ၂ တန်း၊ အထက်မူလတန်းအဆင့်မှာ ၁တန်းကနေ ၄ တန်း အထိပါဝင်တယ်။ အလယ်တန်းဆင့်မှာတော့ ၅တန်းကနေ ဆယ်တန်းအထိ ပါဝင်ခဲ့တယ်။ ဒီလိုနဲ့ အူရဒူကျောင်းတွေ ပေါ်ပေါက်လာခဲ့တာဖြစ်တယ်။
အင်္ဂလိပ်လက်ထက်က ဗမာပြည်ရဲ့ မဟာမေဒင်အူရဒူကျောင်းနဲ့ ပတ်သက်လို့ သမိုင်းမှတ်တမ်းတွေမှာ ထင်ထင်ရှားရှားရှိနေတယ်။ ၁၉၁၇ ခု RB Smart ရဲ့ Gazetteer of Akyab၊ အူရဒူကျောင်းများ ပိုဒ်ခွဲခေါင်းစဉ်အောက်တွင် "ကိုလိုနီခေတ် ၁၈၉၄ ခုနှစ်တွင် ကျောင်းသူကျောင်းသား ယောက်ျား ၃၃၀ ယောက်နှင့် မိန်းကလေး ၄၅ ယောက်ရှိသော အူရဒူကျောင်း ၉ ကျောင်းသာရှိခဲ့သည်။ ထိုကျောင်းများသည် ထိုအချိန်က မြန်မာကျောင်းများ၏ ဒု-စစ်ဆေးရေးမှူး၏ ကြီးကြပ်မှုအောက်တွင် ရှိခဲ့သည်။ မဟာမေဒင်ကျောင်းများအတွက် အထူးဒုတိယစစ်ဆေးရေးမှူးတစ်ဦးခန့်အပ်ခြင်းကား စစ်တွေခရိုင်ရှိ မဟာမေဒင်ပညာရေးကို တွန်းအားဖြစ်စေခဲ့သည်။
၁၉၀၂ ခုနှစ်တွင် ကျောင်းပေါင်း ၇၂ ကျောင်းရှိလာပြီး ကျောင်းသား ၁၄၇၄ ယောက်နှင့် ကျောင်းသူ ၁၀၄ ယောက် အသီးသီး တက်ရောက်ခဲ့ကြသည်။ ထို့နောက် မဟာမေဒင်ပညာရေးသည် နောက်ကြောင်းတပြန် ဆုတ်ယုတ်လာခဲ့သည်။ အကြောင်းမူကား ပြည်နယ်တစ်ခုလုံးကို တာဝန်ခံသည့် ဒု-စစ်ဆေးရေးမှူးသည် လမ်းပန်းဆက်သွယ်ရေးမကောင်းသော ခရိုင်ဒေသများကို လျစ်လျူရှုကာ ခရီးသွားလာရေး အဆင်ပြေသည့် အခြားဒေသများသို့သာ အချိန်ကုန်ခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ရလဒ်မှာ ၁၉၁၂ ခုအထိ မဟာမေဒင်ကျောင်းများနှင့် ကျောင်းသားဦးရေသည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာခဲ့သည်။ ထို့ကြောင့် ရခိုင်ပြည်နယ် မဟောမဒန်ကျောင်းများအတွက် ဒု-စစ်ဆေးရေးမှူးတစ်ဦး သီးသန့် ခန့်အပ်ခဲ့ရသည်။ ဤအရာရှိအား ခန့်အပ်ခြင်းဖြင့် မဟောမဒင်ပညာရေးကို ဘဝအသစ်ပေးအပ်ခဲ့သည်။ ချက်ချင်းပင် ကျောင်းပေါင်း ၆၈ ကျောင်းရှိလာပြီး ကျောင်းသားကျောင်းသူ ၁၈၄၉ ယောက်နှင့် ၁၇၉ ယောက် အသီးသီး တက်ရောက်ကြသည်။ ၁၉၁၂ ခုတွင် မောင်တောနှင့် ဖွေဒါတွင် District Cess Mahamedan စာသင်ကျောင်း နှစ်ခုကိုလည်း တည်ထောင်နိုင်ခဲ့သည်။ နောက်ပိုင်းတွင် ထိုကျောင်းကို ကောင်းတုတ်(Kaungdauk)သို့ ပြောင်းရွေ့ပြီး ယင်းနေရာတွင် ကျောင်းဆောင်အသစ်တစ်ဆောင်ကို ရူပီးငွေ ၁၅၀၀ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။ ထိုဆောက်လုပ်စရိတ်တွင် ရွာသားများက ရူပီး ၃၀၀ လှူဒါန်းခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ကျောင်းသား ၁၀၅၅ ဦး ရှိသည့် ပုဂ္ဂလိကကျောင်း ၁၈၇ ကျောင်း ရှိပြီး ၁၉၁၃ ခုတွင် စုံစမ်းရေးအဖွဲ့၏ အစီရင်ခံစာအရ ကျောင်းပေါင်း ၁၇၅ ကျောင်း ရှိပြီး ကျောင်းသားကျောင်းသူ ၂၈၃၉ ဦး ရှိကြောင်း သိရသည်။" ဟု ၁၈၉၄ မှ ၁၉၁၃ ခုအထိ အင်္ဂလိပ်လက်အောက် မဟာမေဒင်ကျောင်းများနှင့် ကိုယ်ထူကိုယ်ထ ပုဂ္ဂလိကကျောင်းများ၏အခြေအနေကို အသေးစိတ်ဖော်ထားသည်။
၁၉၂၀ ပထမကျောင်းသားသပိတ် နောက်ပိုင်း အင်္ဂလိပ်ပညာရေးကို ဆန့်ကျင်ကာ အမျိုးသားကျောင်းတွေ ထူထောင်လာတဲ့အခါ ဒီအူရဒူကျောင်းတွေဟာ တဖြည်းဖြည်း အားပျော့လာခဲ့တယ်။ ပုဂ္ဂလိကကျောင်းများ ပို၍ အားကောင်းလာခဲ့တယ်။ ပုဂ္ဂလိကကျောင်းအချို့ကို တစ်ပြည်လုံးစံစနစ်အတိုင်း အမျိုးသားကျောင်းအဖြစ် ပြောင်းလဲကာ မြန်မာစာကို ဦးစာပေးသင်ကြားပေးလာတယ်။ အချို့ပုဂ္ဂလိကကျောင်းတွေမှာ ယနေ့တွေ့ရှိနေရတဲ့ မဒ်ရာဆာကျောင်းများအဖြစ် အသွင်းပြောင်းလာခဲ့လေတယ်။
အာရကန်ပြည်ရဲ့ ပညာရေးတိုးတက်လာအောင် ကြိုးပမ်းခဲ့သူတွေထဲမှာ မွတ်စလင်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါလှတယ်။ အဲလိုပညာရေးတိုးတက်အောင် ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံတွဲက ဦးဘရှင် ဆိုရင် ဗမာတစ်ပြည်လုံးအသိ မော်ကွန်းဝင် ပုဂ္ဂိုလ်ပါပဲ။ စစ်တွေမြို့က ဆရာကြီး ဦးဇိုင်နောဒ္ဒိန်း၊ စစ်တွေအမျိုးသားကျောင်းအုပ်ဖြစ်တယ်။ သမိုင်းသုတေသီ ခါလိလုရ်ရာမာန်၊ စစ်တွေခရိုင်မဟာမေဒင်ဆရာဖြစ်သင်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီးဖြစ်တယ်။ ကျောက်တောမှ အဒူရာမာန်ကာဇီ၊ ဘူးသီးတောင်မှ အတွင်းဝန် အဒူဂဖါး၊ ဘော်လီနယ်မှ ဦးအာမီရ်အာလီမျာ၊ မောင်တောမှ မြို့ဝန် အူမောမျာ စတဲ့သမိုင်းဝင်ပုဂ္ဂိုလ်ထူးတွေရဲ့ ကိုယ်ကျိုးမဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ ရခိုင်ပြည်အနှံ့အပြား၌ သမိုင်းသက်သေအဖြစ် ထိန်ထိန်ဝါဝါ တောက်ပလျက်ရှိနေပါတယ်။
ရင်နာစရာအကြောင်းကတော့ အာရကန်မွတ်စလင်တွေရဲ့ ဒီမက်သပ်ကျောင်းပညာရေးစနစ်အကြောင်း၊ အူရဒူကျောင်းတွေအကြောင်း မြန်မာ့သမိုင်းရေးဆရာတွေက မသိကျွန်ပြုကာ တမင်တကာ လျစ်လျူရှူ ဖုံးဖိထားတယ်။ ကိုလိုခေတ်က ဗမာစာသင်ကျောင်း(တိုင်းရင်းဘာသာတွေနဲ့ သင်ကြားတဲ့ကျောင်း)၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင်ကျောင်း၊ ခရစ်ယာန်သာသနာပြုကျောင်း၊ အလွတ်ကျောင်း(အစိုးရကျောင်း)တွေ အကြောင်းကိုပဲ ဂုဏ်ယူလျက် ရေးသားဖော်ပြတာ တွေ့ရတယ်။ သာသနာပြုခရစ်ယာန်ကျောင်းတွေအကြောင်းတောင် အားတက်သရောထုတ်ဖော်ရေးသားကြပေမဲ့ မဟာမေဒင်ကျောင်းတွေအကြောင်း ရေးသားဖော်ပြဖို့ မင်ဆီခန်း လက်နည်းကြတယ်။ အာရကန်ပြည်ရဲ့ ဘယ်သမိုင်းမှာမဆို မွတ်စလင်တွေကို ဘေးဖယ်ထားရင် မှန်ကန်ပြည့်စုံတဲ့သမိုင်း ဘယ်တော့မှရရှိနိုင်မှာ မဟုတ်ဘူး။ ဘယ်လိုပင်ဖြစ်စေ သမိုင်းဆိုတာ ပျောက်ရိုးမရှိပေ။ ချီးကျူးဂုဏ်တင်ခြင်း၊ ကဲ့ရဲရှုတ်ချခြင်းက အရေးမကြီးဘူး၊ အဟုတ်ကိုအဟုတ်အတိုင်း၊ အရှိကိုအရှိအတိုင်း ကျင့်ဝတ်ပီပီ ရိုးသားစွာရေးသားလျက် နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်းဖို့သာ အရေးကြီးပေသတည်း။
_ လူထုဝဏ္ဏ
(၃-၆-၂၀၂၃)
ကိုးကား-
- RB Smart's Gazetteer of Akyab 1917, P 216-217
- The Beginning of Karen Education in Irrawaddy Division During the British Colonial Period (Naw Say Say Pwe)
- History of Myanmar Education Department, U Than Oo 1999 P. 24. 25
- Report on the Administration of Burma 1911 1912, p. 204.
- The Annual of Urdu Studies by Tariq Rahman, P. 48
Sunday, August 29, 2021
စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)
စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)
မြန်မာနိုင်ငံသားလူနည်းစုရိုဟင်ဂျာလူမျိုးအပေါ်သတ်ဖြတ်ရှင်းလင်းမှုများ ပြုလုပ်လာသည်မှာ မနက်တစ်နှစ်၊ နှစ်နှစ် အရင်က စတင်ခဲ့သည် မဟုတ်ပေ။ ခေတ်အစဉ်အဆက်၊ အစိုးရအဆက်ဆက် သတ်ဖြတ်ရှင်းလင်းမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ ပြုလုပ်လာခဲ့သည်မှာ ယနေ့အထိပင်ဟုဆိုရပေမည်။ မြန်မာနိုင်ငံတွင်အင်တာနက်ခေတ်စားလာသည်နှင့်တစ်ပြိုင်နက် ဖြစ်ပေါ်ခဲ့သော၂၀၁၂ အရေးအခင်းကစ၍ မြန်မာပြည်သူများက ရိုဟင်ဂျာအရေးကို ရိပ်စားမိသည်ဟု ထင်သည်။ ရှေးခေတ်ကာလက ဖြစ်ပွားခဲ့သော သတ်ဖြတ်ပွဲများ ယနေ့ခေတ်လူငယ်များက သိရှိမည်မဟုတ်ပေ။ အကြောင်းစုံကို ထင်ထင်ပေါ်ပေါ်သိရှိသော ဘာသာခြားသက်ကြီးဝါကြီးများကလည်း မသိကျွန်ပြု ဟန်ဆောင်နေသည်။ ထို့ကြောင့် ရှေးခေတ်တွင် ရိုဟင်ဂျာအပေါ်ကျူးလွန်ခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသောသတ်ဖြတ်ရှင်းလင်းပွဲအနက်တစ်ခုကို တင်ပြပေးပါမည်။အနာဟောင်းကို ကုတ်နေသည်မဟုတ်ဘဲ အဖိနှိပ်ခံ ရိုဟင်ဂျာတို့၏ ရင်းတွင်းခံစားမှုကို မျှဝေခြင်းသာဖြစ်သည်။
![]() |
| The Times 1951 Dec 26. |
ထိုအဖြစ်ဆိုးကာ အခြားမဟုတ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးချင်း ဆင်နွှဲခဲ့သည့် ဘီတီအက်ဖ်စစ်ဆင်ရေး သို့မဟုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲပင် ဖြစ်သည်။ ဤသတ်ဖြတ်ပွဲအကြောင်းကို ဘီတီအက်ဖ် သန္ဓေတည်လာခဲ့သည့် နောက်ခံသမိုင်းမှ စတင်လျှင်ပို၍ ရှင်းလင်းစေမည်ဟု ထင်ပါသည်။
ဗမာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခု ဩဂုတ်လတွင် အမြဲတမ်းမဟုတ်သော လက်နက်ကိုင်တပ်များဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့သည်။ ထိုစဉ်က အစိုးရအတွင်း ကန့်ကွက်မှုများရှိခဲ့သော်လည်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့သည်။ Burma Territorial Force (BTF) နှင့် Auxiliary Union Military Police (AUMP) ဟုအမည်ပေးခဲ့သည်။ ထိုအဖွဲ့ နှစ်ဖွဲ့ကိုပြည်ထဲရေးဝန်ကြီးဌာနမှ တိုက်ရိုက်ကြီးကြပ်ခဲ့သည်။ ထိုချိန်က ပြည်ထဲရေးဝန်ကြီးဌာနကို ဗိုလ်နေဝင်းက ချုပ်ကိုင်ခြင်း ဖြစ်သည်။ ၁၉၄၉ခု ဇန္နဝါရီလအကုန်လောက်တွင် ဗမာနယ်စပ်စောင့်တပ်ဟုအမည်ရသော ဘီတီအက်ဖက် လှုပ်ရှားလာခဲ့သည်။၎င်းကို စစ်ဝန်ထမ်းဟုလည်း ခေါ်ကြသည်။ အဆိုပါတပ်ကို နယ်စပ်တိုင်းရင်းသားလူနည်းစုဒေသများတွင် တာဝန်ထမ်းဆောင်စေသည်။ အသစ် လွတ်လပ်စနိုင်ငံဖြစ်၍ သက်ဆိုင်ရာ ဒေသများမှ တပ်သားများကို စုဆောင်းစေသည်။ ဥပမာ-ကရင်ပြည်နယ်က တပ်ဆိုလျှင် ကရင်များကို စုဆောင်းသည်။ ရခိုင်မှာ ရခိုင်များကိုစုဆောင်းသည်။ ထို့ကြောင့် တပ်တွင် သက်ဆိုင်ရာဒေသ၏ ဒေသခံပြည်သူများသာ အများစုဖြစ်ပြီး သူတို့ကသာ ဦးစီးဦးကိုင်ထားသည်။ မှတ်တမ်းအရဒေသခံ ၉၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ဖော်ပြထားသည်ကိုတွေ့ရသည်။
![]() |
| The Times 1949, Feb 2. |
အစိုးရလည်းအသစ်၊ အုပ်ချုပ်ရေးလည်း ကျပ်ပြည့်တင်းပြည့် မလည်ပတ်နိုက်သေးသည့်ကာလမှာ နိုင်ငံဘဏ္ဌာရေးလည်း မကြွယ်တကြွယ်လောက်သာ ရှိခဲ့သည်။ တပ်အသစ် ဖွဲ့စည်းထားသော်လည်း ဖဆပလ အစိုးရက ပုံမှန်လစာငွေ မထုတ်ပေးနိုင်ခဲ့ချေ။ ဘီတီအက်ဖ် တပ်သားများကို ဥပဒေဘောင်ထက် ကျော်လွန်၍ အခွင့်အဏာပေးထားခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် လက်နက်အား အာဏာစက်အားကို အလွဲသုံးစားခွင့်ရနိုင်သည့် စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့တပ်တွင် လူဆိုးလူမိုက်များအလုံးအရင်း ဝင်လာခဲ့ကြသည်။
ထိုအချိန် ရခိုင်ဒေသ အခြေအနေက နောက်တစ်မျိုး။ မုန်တိုင်းစဲ၍ ငြိမ်သက်နေသည့်အလား။ နိုင်ငံရေး၊လူမျိုးရေး ပယောဂကြောင့် ရခိုင်-ရိုဟင်ဂျာလူမျိုးရေးပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၁၀နှစ်တောင် မစေ့သေးသည့်ကာလဖြစ်သည်။ လူမျိုးရေး ရန်ငြိုးများ နှစ်ဖက်အုပ်စု၏ စိတ်ထဲ၌ ကိန်းအောင်းလျက်ရှိနေသေး။ သွေးစီးသံယို ဖြစ်ရပ်များတွင် ပါဝင်သူများ၊ မီးထိုးနောက်ထောက် ကြိုးကိုင်ခဲ့သူများ အသက်ရှင်ရှိနေသေးသည်။ဤသို့သော် နူးညံ့သည့်အချိန်၌ ဘီတီအက်ဖ် အရိုင်းတပ်ကို ရခိုင်ဒေသသို့ စေလွှတ်ခြင်းက တိုက်ဆိုင်မှုမဖြစ်နိုင်ချေ။ စနစ်တကျ ကြံစည်မှုဟု ရိုဟင်ဂျာသမိုင်းပညာရှင်များကသုံးသပ်ကြသည်။
DOWNLOAD A FULL COPY
ဆက်လက်ပြီး အောက်ပါလိင့်ကို ဒေါင်းဆွဲ၍ ဖတ်ရှူပါ။
စစ်ဝန်ထမ်း ခေါ် ဘီတီအက်ဖ် စစ်ဆင်ရေး (၁၉၄၉-၁၉၅၁)
— လူထုဝဏ္ဏ
Monday, December 14, 2020
Sayagyi Alhajj Moulana Ziyabul Hoque
ဆရာကြီး အာလ်ဟဂ်ျ အီမာမ် ဇီယာအုလ်ယာခ် (ရဟ)
[၁၉၂၆-၂၀၂၀]
စစ်တွေမြို့၏ အထင်ကရ အာလင်မ်ပညာရှင် ဆရာကြီး မော်လာနာ ဇီယာဘွလ်ဟောက် သည် ၂၀-၁-၁၉၂၆ ခု တနင်္လာနေ့တွင် ကျောက်တော်၌ ဖွားမြင်ခဲ့သည်။ ဖခင်မှာ ကာဇီ အိုဘိုက်ဒူလ္လာဖြစ်သည်။ ဆရာကြီးသည် ရခိုင်ဘုရင်လက်ထက် အလွန်ထူးချွန် ကျော်ကြားခဲ့သည့် ရွှေဓားကာဇီ၏ မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ အာရကန်ပြည်မှ စာဆိုတော်၏ မျိုးဆက်လည်း ဖြစ်သည်။ ဆရာကြီးသည် သာသနာ့ပညာကို အိန္ဒိယ မဇ်ဟဲရ် အာရဗီတက္ကသိုလ်မှ သင်ယူခဲ့သည်။ မိမိဇာတိမြေသို့ ပြန်လာ၍ ပြည်သူ့အကျိုး၊ သာသနာ့အကျိုး၊ နိုင်ငံအကျိုးတို့ကို ဘဝသက်တမ်းတလျှောက် ထမ်းရွက်သယ်ပိုးခဲ့သည်။
ဆရာကြီးသည် စစ်တွေမြို့၊ Soduro Bor Mosit အမည်ရ သမိုင်းဝင် ရှေးဟောင်း မြို့မ ဗလီကြီး၏ အီမာမ်ဆွာပ်ကြီး (Imam uz Zaman)၊ အီစ္စလာမ်သာသနာရေးကောင်စီ ပြည်နယ် ဓမ္မသတ်မှူးနှင့် ဒု-ဥက္ကဌဟောင်း၊ ဂျမီယာ အာလီယာ ကျောင်းတော်ကြီး (ဖောက်တော်လီ - နာဇီ)၏ ကျောင်းအုပ်ကြီးဟောင်းနှင့် ဥက္ကဌ၊ ကျောက်တော် ဒါရူလ်အူလုမ်၏ နာယက စသည်ဖြင့် ရာထူးတာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့သည်။ အမျိုးသားရေးနှင့် နိုင်ငံရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

ဆရာကြီးသည် ဗမာစကား အပြင် အာရ်ဗီ၊ အူရ်ဒူ၊ အင်္ဂလိပ်၊ မလေး နှင့် ဘင်္ဂလား စသော ဘာသာစကားများစွာကို ကျွမ်းကျွမ်းကျင်ကျင် ရေးဖတ်ပြောတတ်သည်။ အုရ်ဒူဘာသာစကားသည် ဆရာကြီး၏ အိမ်သုံး ဘာသာစကားကဲ့သို့ အသုံးများလေသည်။
စစ်တွေမြို့နယ်၏ အသက်အကြီးဆုံး အာလိမ်နှင့် အထူးချွန်ဆုံး သာသနာ့ပညာရှင် တစ်ပါးဖြစ်သည့် ဆရာကြီး အာလ်ဟဂ်ျ အီမာမ် ဇီယာအုလ်ယာခ် (ရဟ)သည် စစ်တွေမြို့ လမ်းမကြီးရှိ မြို့မဂျာမေဗလီကြီးတွင် နှစ်ပေါင်းများစွာ အီမာမ်ရှေ့ဆောင်ဆရာအဖြစ် ခေသ်မော်လုပ်ရင်း ၁၆-၁၁-၂ဝ၂ဝ နေ့ ည ၁၂ နာရီကျော်တွင် မော်လိပ် ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော် ခံယူသွားလေသည်။ ဆရာကြီးသည် ကွယ်လွန်သည့် အချိန်တွင် သက်တော် ၉၄ နှစ်ရှိပြီ ဖြစ်ပြီး ဇနီးနှင့် သားသမီး၊ မြေးမြစ်တီး တို့နှင့် ညီငယ် မော်လနာ မိုက်ဘူလ်ဟောက်အပါအဝင် တပည့်ပေါင်းများစွာ ကျန်ရစ်ခဲ့သည်။
ဆရာကြီးကွယ်လွန်သွားသည်ကို ကြား၍ တပည့်ဖြစ်သူ အဗ္ဗဒူလ်မာဘူသ်က သီဆိုခဲ့သော ညည်းချင်းကို နားဆင်ကြည့်ပါ။
(နတ်မျက်စိ)
Ref: Al-Arakani
Tuesday, November 3, 2020
ဓညဝတီခေတ်က ရွိုင်ဂျာစကား
ဓညဝတီခေတ်က ရွိုင်ဂျာစကား
သမိုင်းမှတ်တမ်းများအရ ဘီစီ (၃၃၂၅) မှ အေဒီ (၃၂၇) အထိ ထွန်းကားခဲ့တဲ့ ဓည၀တီခေတ်မှာ ရွိုင်ဂျာ (ရိုဟင်ဂျာ) စကားကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းမှာ ရိုဟင်ဂျာလူမျိုးကို နိုင်ငံသားအဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသားအဖြစ်သော်လည်းကောင်း အသိအမှတ်မပြုလိုတဲ့ မြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်က ရိုဟင်ဂျာ သမိုင်းမှတ်တမ်း အထောက်အထားများကို ပပျောက်အောင် အစဉ်တစိုက် ရှင်းလင်းလေ့ရှိပါတယ်။
Tuesday, July 18, 2017
မော်လာနာ အဗ္ဗဒုလ်ကုဒ္ဒူစ် သို့မဟုတ် လမ်းပြဓူဝံ
![]() |
| ပျက်စီးခံခဲ့ရသော မရ်ကစ်၏ အနောက်ဘက် မြင်ကွင်း။ |
READ MORE:
1. Moulana Phir Muzaffor
2. Moulana Abdu Zobbar (a) Foir Molovi
3. Amir Moulana Foyazul Islam
မော်လာနာ အဗ္ဗဒုလ်ကုဒ္ဒူစ် [၁၉၁၅- ၂၀၀၀] (ရဟမသွ)
![]() |
| သိမ်းဆည်းခံခဲ့ရသော ရှေးဟောင်း မရ်ကစ်ပလီဝတ်ပြုကျောင်းတော်။ |
ကိုးကား ⏩(၁) အာကာဗေရ် အေ အာရ်ကာန် [အာရကန်ပြည်၏ ပုဂ္ဂိုလ်ထူးများ] စာအုပ်| ရေးသား- အဟ်မတ် ဆီဒ္ဒီခ်။
















