မော်လနာ ဖော်ယာဇုလ်အစ္စလာမ် သခင် (ရမသွေ့) (၁၉၃၈-၂၀၀၇)
၏ အတ္ထုပ္ပတ္ထိအကျဉ်း
بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيم
B i s m i l l a h H i r r a h m a n i r R a h i m
သဗ်လိဂ်လှုပ်ရှားမှုနှင့် သူတော်စင်တို့မြေ
ကိယာမတ် ရှင်ပြန်ထမည့်နေ့ တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ဒွိနိယာလောကမှ သူတော်စင်များ လည်း တဖြည်းဖြည်း ကွယ်ပျောက်လာနေပြီ။ ယင်းသည် မျက်မှောက်လောက၌ ဘောရ်ကော်တ် မင်္ဂလာ ဆုတ်ယုတ်စေပြီး အမိုက်အမှောင်ခေတ် လွှမ်းမိုးလာမှုနှင့် ဘေဒါအာတ်ဓလေ့ယုတ် ခေတ်စားလာ နိုင်မည့် အကြောင်းအရင်း တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ် (၁၄) ခု အနက် တစ်ချိန်က အီစ္စလာမ်သာသနာယဉ်ကျေးမှု ထွန်းကား ပြောင်ဝင်းခဲ့သည့် အာရ်ကာန်ပြည်၏ ထင်ရှားသော မြို့တစ်မြို့ ဖြစ်သော ဘူးသီးတောင်မြို့နယ်၏ ဂုဏ်ကျော် ထင်ပေါ်ရွာတစ်ရွာမှာ တောင်ဘာဇား (ဘူးသီးတောင်မြို့မှ အရှေ့ဘက် ကိုးမိုင်ခန့် အကွာတွင် တည်ရှိသည်) မည်၏။
ယင်းရွာရှိ သာသနာ့ အာလေမ်ပညာရှင် နှစ်ပါးဖြစ်သော ပီရ် မော်လနာ မူဇာဖ္ပောရ်(ရမသွ) သခင် (၁၉၂၇-၂၀၀၆) နှင့် အမီရ် မော်လနာ ဖော်ယာဇုလ်အစ္စလာမ်(ရမသွ) သခင် တို့သည် ဦးနှင့်ပဲ့သဖွယ် လက်ဝဲလက်ယာ တစ်ဦး တစ်နေရာစီမှနေ၍ ဒိန်သာသနာ့ အကျိုး၊ အမျိုးအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သည်။ ပီရ် မော်လနာ မူဇာပ္ပောရ်(ရမသွ) သခင်၏ ဘဝ အတ္တုပ္ပတ္တိအကျဉ်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုဖော်ပြသွားမည့် ကျန်တစ်ပါးမှာ အထင်ဇေယျ၊ ပညာဂုဏ်ထူးချွန် မွန်မြတ်သော၊ သဗ်လိဂ် သာသနာပြုလမ်းစဉ် ကို ထထကြွကြွ ရှေ့ဆောင်လှုပ်ရှားခဲ့ပြီး “ဘော်ရ် အာမီရ်ဆာပ်" ဟု ကင်ပွန်းတပ်ခြင်းခံရသူ၊ မိမိပညာအလင်းဖြင့် အာလိမ်ကျောင်းသားကောင်း ရတနာပေါင်းများစွာ မွေးထုတ်ပေးခဲ့သော ဒါရုလ်အုလုမ် တောင်ဘာဇား၏ အုပ်ချုပ်ရေးမှူးဟောင်း၊ အများပြည်သူ ချစ်ခင်လေးစားအပ်သော သူတော်စင်သူတော်မြတ် အာလိမ်ပညာရှင် တစ်ပါးဖြစ်သော အာမီရ် မော်လာနာ ဖော်ယဇုလ်အစ္စလာမ်(ရမသွ) သခင်ပင် ဖြစ်လေသည်။

အာရ်ကာန်ပြည်တွင် မိမိ၏ အမျိုး၊ ဘာသာ၊ သာသနာ တိုးတက် ဖွံ့ဖြိုးလာစေရေးကို ဘဝရည်မှန်းချက် ချမှတ်ကာ ဦးဆောင်လှုပ်ရှားခဲ့သူများ ခေတ်ကာလအလိုက် ပေါ်ပေါက်ခဲ့သည်။ တစ်ချို့က ပီရ်ပညာဖြင့် လည်းကောင်း၊ သာသနာ့ပညာဖြင့် လည်းကောင်း၊ ပြုပြင်ပြောင်းလဲရေး လမ်းစဉ် သဗ်လိဂ်ဂျမအာသ်ဖြင့် လည်းကောင်း၊ လောကဓာတ် ပညာဖြင့်၎င်း၊ နိုင်ငံရေးအားဖြင့်၎င်း လက်လှမ်းမီရာ လမ်းမှတဆင့် အာရ်ကာန်ပြည်သူ ပြည်သားများ၏ အာတိတ် ကျန်ရစ်စေရေးနှင့် အနာဂတ်သာယာ ချော့မော့စေရေး အတွက် ကမ်းကုန်အောင် ကြိုးပမ်းခဲ့သည်။ မြင့်မြတ်လွတ်လပ်၍ အေးချမ်းသာယာသော လူ့ဘောင် အဖွဲ့အစည်းတစ်ခုအဖြစ် သမိုင်းဝင် မော်ကွန်းတင်နိုင်ရန် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ သွေးချွေးများကို ပေးဆပ်စတေခဲ့သည်။ ထိုကဲ့သို့သော် ပုဂ္ဂိုလ်ထူးများတွင် မော်လနာ ဖော်ယဇုလ်အစ္စလာမ်(ရမသွ) သည်လည်း တစ်ပါး အပါအဝင်ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် မော်လာနာ အီလီယာစ်(ရမသွ)၏ လမ်းစဉ်ကို မိမိ၏ ဘဝပန်းတိုင်အဖြစ် လည်းကောင်း၊ မိမိတာဝန်ဝတ္တရားအဖြစ် လည်းကောင်း ခံယူခဲ့သူလည်းဖြစ်သည်။ ရွာတိုင်းရွာတိုင်း၊ မြို့ပြည်ကျေးလက် မကျန် ကိုယ်ကျိုးစွန့် အနစ်နာခံ သွားသွား၍ အစ္စလာမ် သာသနာ ထွန်းကားစေခြင်း အလို့ငှာ မဆုတ်မနစ် အားထုတ်ခဲ့သည်။ မိမိ၏ မွန်မြတ်သော သတင်းစင်မှု၊ မေတ္တာတရားဖြင့် ကာဖွေရ် ငြင်းပယ်သူတို့၏ ရန်ငြိုးမှုကို လည်းကောင်း၊ အမုန်းတရားကို အချစ်စစ်ဖြင့် လည်းကောင်း ချေပအောင်နိုင်ခဲ့သည်။ ကလေမာဟ်တော်၏ ဟော့ခ် ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားအတွက် အမျိုးမျိုးသော နှိပ်စက်မှု၊ ရက်စက်မှုတို့ကို သည်းခံမျိုသိပ်ခဲ့သည်။ ဤသို့ ပုဂ္ဂိုလ်ထူးများသည် အာရ်ကာန်မြေပေါ်တွင် နည်းလှသည် မဟုတ်ချေ။ အချိန်အခါလိုက် ခေတ်ကာလအလိုက် မွေးထုတ်ပေးခဲ့သည်။ ဤမြေသည် သွေးစုပ်မြေဟု တင်စားခဲ့ရသော်လည်း အမျိုး၊ သာသနာ၊ တိုင်းပြည် အကျိုးပြု သားကောင်းရတနာတွေ မွေးထုတ်ခဲ့ခြင်းမှာ ဝန်မလေးခဲ့ချေ။ မည်သို့ပင် ဖြစ်စေကာမူ အာရ်ကာန်မြေပေါ်တွင် သဗ်လိဂ် လမ်းစဥ် ကို ရှေ့ဆောင် ထွန်းကားစေခဲ့သူတို့တွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်သုံးဦး၏ အမည်သည် မဏိုဋ်သဖွယ် ထိပ်ဆုံးမှ တောက်ပြောင်နေသည်။

(၁) မော်လနာ မိုဟမ္မဒ်ဆွာလေ (ရန်ကုန်) ၊ ဖာရဲခ် မုဇာဟေရေ့ အုလုမ် ဆဟာရန်ပူရ်၊ [မေလ (၆)ရက်၊ ၂၀၀၅ ခု မန္တလေး၌ကွယ်]
(၂) မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် (ပန်းတောပြင်၊ မောင်းတော)၊
(၃) မော်လနာ ဖော်ယာဇုလ်အစ္စလာမ် (တောင်ဘာဇား)
မော်လနာ မိုဟမ္မဒ်ဆွာလေသခင်သည် ပြည်မတွင်လည်းကောင်း၊ မော်လနာ အဗ္ဗဒူလ်ကုဒ္ဒုစ် ဆာပ်သည် မောင်တော်မြို့နယ် တစ်ခုလုံးတွင်လည်းကောင်း၊ မော်လနာ ဖော်ယာဇုလ်အစ္စလာမ် ဆာပ်သည် ဘူးသီးတောင်မြို့နယ်တွင်လည်းကောင်း၊ အသီးသီး သာသနာပြုလုပ်ငန်းများကို နောက်မဆုတ်မတမ်း ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ စစ်တွေမြို့တွင်မူ မော်လနာ ရှားဖူဒ္ဒိန်းဆာဘ်ကလည်း အပတ်တကုတ် အားထုတ်ခဲ့သည်မှာ မော်ကွန်းတင်ရလောက်အောင် ဖြစ်သည်။
အလ္လာဟ်အသျှင်မြတ်က ထိုသူတော်စင်တို့ကို ယင်းမွန်မြတ်သော လုပ်ငန်းအတွက်သာလျှင် ရွေးချယ်ခဲ့ သည်ဟု ထင်မှတ်ရသည်။ သူတို့ ပြုခဲ့သမျှလောက် သာသနာ့လုပ်ငန်းများကို နမူနာပြရန်တောင် ခဲယဉ်းလှသည်။ ပညာတတ် နည်းပါးသွားသော အာရ်ကာန်ပြည်ကြီးသည် သဗ်လိဂ်လမ်းစဉ်၏ ရောင်ဝါအောက်၌ အထူးပင် ထွန်းလင်း စည်ကားလာခဲ့လေသည်။
ငယ်ဘဝနှင့် ပညာတော်သင်
သခင်သည် အခြေခံပညာကို ဖောင်တော်ပြင်ကျေးရွာ စာသင်ကျောင်းတွင် သင်ယူခဲ့သည်။ ငယ်စဉ်ကပင် ပညာကို ကြိုးစားသူဖြစ်သည်။ ဖခင်သည် သားကို အာလိမ်ပညာရှင်တစ်ပါး ဖြစ်စေလိုသည်။ ထို့ကြောင့် နီးစပ်ရာ အစ္စလာမ်သာသနာ့ အာရဗီစာသင်ကျောင်းတွင် အပ်နှံခဲ့သည်။ ဉာဏ်ရည်ထက်သန်သော ကျောင်းသားတစ်ဦးဖြစ်သဖြင့် ဆရာသခင်တို့၏ ချီးကျုးဂုဏ်ပြုခြင်းကို အမြဲတစေခံရသည်။ အမီရ်ဆာပ်၏ ငယ်ဆရာသခင်မှာ ၁၉၃၉ ခုနှစ်တွင် မူရာတ်အာဘာတ်မှ ဖာဇေလ်ဘွဲ့ရ မော်လနာ မူဟမ္မဒ်အဟ်မတ် (၁၉၂၁-၂၀၀၄)၊ ဖသာအာလီရွာ ဘူးသီးတောင် (မတ်လ ၂၀၀၄ ခု၊ မော်ဒီနာမြို့၌ ကွယ်) ထံတွင် ဆည်းကပ်သင်ယူခဲ့သည်။ ထို့နောက် ၁၉၄၆ ခုတွင် ဒါရုလ်အုလုမ် တောင်ဘာဇား အထက်တန်းကျောင်း၌ ပညာဆည်းပူးခဲ့ပြန်သည်။ ထိုကျောင်း၌ ပညာသင်ပြခဲ့သည့် အထက်တန်း ဆရာဂုရုများမှာ မော်လနာ မုဖ်သီ မူဟမ္မဒ်ဟူစိန်း (ဘူးသီးတောင်)၊ မော်လနာ နော်ဂျူမုဒ္ဒိန်း (ဘူးသီးတောင်)တို့ဖြစ်ကြသည်။
မော်လနာ ဖော်ယာဇုလ်အီစ္စလာမ်သခင်၏ ဖခင် ဟာဂျီ ဆော်ယော့ဒူရ် ရာဟာမာန်သည် အကျင့်သီတင်း အလွန်ကောင်းမွန်၍ ပညာတတ်လူတန်းစား ဖြစ်သည်။ ဇာတိမှာ ဘူးသီးတောင်မြို့နယ်၊ တောင်ဘာဇား ကျေးရွာဖြစ်သည်။ ပညာကို အမြတ်အနိုးထားသည်။ ပညာရှိကို ခုံမင်သည်။ ထို့ကြောင့် မိမိ၏ သား (၅) ယောက်တို့အား ‘ပညာဟူသည် မြတ်ရွှေအိုး’ တည်းဟူသော ပညာ့အမွေ ချီးမြှင့်တော်မူခဲ့သည်။
အာမီရ်အဟ်မတ်၏ မျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာပြီး အာမီရ် မျိုးနွယ်စုဟု လူသိများသည်။ ချမ်းသာသော လယ်ပိုင်ရှင်မျိုးရိုး (ဦးကြီးမျိုးရိုး)ဟု ယနေ့တိုင် ဘုန်းဂုဏ်ကျော်ကြားလှသည်။
မော်လနာ ဖော်ယာဇုလ်အစ္စလာမ် သခင်ကို ခရစ်နှစ် ၁၉၃၈ ခုခန့်တွင် တောင်ဘာဇားရှိ အဘ ဟာဂျီ ဆော်ယောဒူရ် ရာဟာမာန်၏ အိမ်၌ မယ်တော် ဒေါ်မုစ်တာဖာခါတွန်မှ ဖွားမြင်သန့်စင်ခဲ့သည်။ အမီရ်ဆာပ်သခင်သည် မွေးချင်း (၁၂) ယောက်အနက် ဒုတိယမြောက်သားဖြစ်သည်။ အာမီရ်ဆာပ်သခင်၏ ညီအစ်ကိုများမှာ-
(၁) မော်လနာ အဗ္ဗဒူရှုက္ကုရ် ( ညီမောင် ဖော်ယာဇုလ်အစ္စလာမ်၏ နောက်ဆုံး နမာဇ်ဂျနေဇာ ရှေ့ဆောင်ဝတ်ပြုသူ)
(၂) မော်လနာ ဖော်ယာဇုလ်အစ္စလာမ်
(၃) မော်လနာ အဟ်မတ်ကော်ဘီရ်
(၄) ဆရာဝန် ဖော်ယာဇုဒ္ဒိန်း
(၅) မော်လနာ မူဟမ္မဒ်အီဗြာဟီမ်း
(၆) မိုဟာမ္မဒ်အီလီယာစ်
(၇) ဦးဂျာဖော်ရ်အဟ်မတ် တို့ဖြစ်ကြသည်။
အာမီရ်ဆာပ် သခင်၏ ညီမအစ်မ တို့မှာ-
(၁) ဒေါ်ဟာဆီနာ့ခါတွန်
(၂) ဒေါ်မူဟ်ဆဲနာ့ခါတွန်
(၃) ဒေါ်ဆားဂျေဒါခါတွန်
(၄) ဒေါ်ရှားကဲရာခါတွန်
(၅) ဒေါ်ဆွာဘေရာ့ခါတွန် တို့ဖြစ်ကြသည်။
သခင်သည် အခြေခံပညာကို ဖောင်တော်ပြင်ကျေးရွာ စာသင်ကျောင်းတွင် သင်ယူခဲ့သည်။ ငယ်စဉ်ကပင် ပညာကို ကြိုးစားသူဖြစ်သည်။ ဖခင်သည် သားကို အာလိမ်ပညာရှင်တစ်ပါး ဖြစ်စေလိုသည်။ ထို့ကြောင့် နီးစပ်ရာ အစ္စလာမ်သာသနာ့ အာရဗီစာသင်ကျောင်းတွင် အပ်နှံခဲ့သည်။ ဉာဏ်ရည်ထက်သန်သော ကျောင်းသားတစ်ဦးဖြစ်သဖြင့် ဆရာသခင်တို့၏ ချီးကျုးဂုဏ်ပြုခြင်းကို အမြဲတစေခံရသည်။ အမီရ်ဆာပ်၏ ငယ်ဆရာသခင်မှာ ၁၉၃၉ ခုနှစ်တွင် မူရာတ်အာဘာတ်မှ ဖာဇေလ်ဘွဲ့ရ မော်လနာ မူဟမ္မဒ်အဟ်မတ် (၁၉၂၁-၂၀၀၄)၊ ဖသာအာလီရွာ ဘူးသီးတောင် (မတ်လ ၂၀၀၄ ခု၊ မော်ဒီနာမြို့၌ ကွယ်) ထံတွင် ဆည်းကပ်သင်ယူခဲ့သည်။ ထို့နောက် ၁၉၄၆ ခုတွင် ဒါရုလ်အုလုမ် တောင်ဘာဇား အထက်တန်းကျောင်း၌ ပညာဆည်းပူးခဲ့ပြန်သည်။ ထိုကျောင်း၌ ပညာသင်ပြခဲ့သည့် အထက်တန်း ဆရာဂုရုများမှာ မော်လနာ မုဖ်သီ မူဟမ္မဒ်ဟူစိန်း (ဘူးသီးတောင်)၊ မော်လနာ နော်ဂျူမုဒ္ဒိန်း (ဘူးသီးတောင်)တို့ဖြစ်ကြသည်။
မော်လနာ ဖော်ယာဇုလ်အစ္စလာမ်၏ အတန်းဖော်အတန်းဖက်အချို့မှာ
(၁) မော်လနာ ပီရ် မုဇာပ္ပောရ်အဟ်မဒ်
(၂) မော်လနာ မူဟမ္မဒ်အရ်ဖာန်
(၃) မော်လနာ အာဘုလ်ဖောဇော်လ်
(၄) မော်လနာ အဗ္ဗဒူရောဟီမ်း စသည်တို့ဖြစ်သည်။
အာရ်ကာန်ပြည်တွင် ပညာဆည်းပူးခဲ့ပြီးနောက် အာမီရ်ဆာပ်သည် ၁၉၄၇ ခုနှစ်တွင် ရန်ကုန်သို့ သွားရောက်ပြီး အာရဗီတက္ကသိုလ် ဒါရုလ်အုလုမ် တာမွေ၌ ပညာဆက်လက် သင်ယူခဲ့သည်။ ထိုကျောင်း၌ နေလိုလလို တောက်ပခဲ့သည့် ဆရာမြတ်တို့မှာ ရှေ့ခ်ဟုလ်ဟာဒီစ် မော်လနာ ဘရှီးရ်အုလ္လာ မူဇေဟ့ရီ၊ မော်လနာ ဟာဂျီနူရ်အုလ္လာဟ် စသည်တို့ဖြစ်သည်။ မော်လနာသည် အခြေခံပညာကို မြန်မာအင်္ဂလိပ်ဖြင့် သင်ယူခဲ့သဖြင့် ရန်ကုန်၌ ပညာသင်ရာတွင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့သည် မရှိချေ။
သခင်၏ ရုပ်ရည်သွင်ပြင်မှာ ခန္ဓာကိုယ် ပိန်းပါး၍ အရပ်အမောင်း ရှည်သည်။ အသားရေ ဖြူဖွေးသည်။ မေးစေ့၌ ပါးသော မုတ်ဆိတ်တော်ရှိ၏။ မျက်နှာမှာ ဝေရွှင်စန္ဒာကဲ့သို့ အမြဲဝင်းပနေ၏။ ခြေလှမ်းမြန်မြန် လမ်းလျှောက်နိုင်၏။
အိန္ဒိယနိုင်ငံသို့ ပညာတော်သင်ခရီး
အိန္ဒိယသို့ သွားရောက်ပညာသင်နိုင်မှသာလျှင် ပညာငတ်စတုံးမည်ဟု တွေးတောကြံဆပြီး အိန္ဒိယနိုင်ငံသို့ ပညာသွားသင် ခရီးထွက်ရန် ဝတ်ထုပ်ပြင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံ၊ ယူပီပြည်နယ်ရှိ ဆဟ်ရာန်ပူရ် အာရဗီတက္ကသိုလ် (Jamia Mazahir Uloom Saharanpur(est:1866), Uttar Pradesh, India)၌ တက်ရောက်ကာ အဆင့်မြင့်ပညာ သင်ယူခဲ့သည်။ ၁၉၅၄ ခုနှစ်တွင် ၎င်းတက္ကသိုလ်မှ ဖာဇေလ်ဘွဲ့ ရယူခဲ့သည်။
အာမီရ်ဆာပ်သည် အလွန်လုံ့လဝီရိယရှိစွာ သင်ယူမှု၊ စွန္နတ်တော်နှင့် ရှော်ရီယာတ် တရားတော်ကို ကိုယ်နှင့်မကွာ ကျင့်ကြံမှု၊ အကျင့်စာရိတ္တ မွန်မြတ်မှု စသည်တို့ကြောင့် မူဇွာဟာရ် အာရဗီတက္ကသိုလ်ကဲ့သို့ ထင်ရှားကျော်ကြားသည့် တက္ကသိုလ်၌ပင် အကောင်းဆုံး အဆင့်များဖြင့် အောင်ပန်းဆွတ်ခူးနိုင်ခဲ့သည်။ အာမီရ်ဆာပ်၏ အတန်းဖော် မော်လနာ အဗ္ဗဒူလ်ဟာမီတ် ရန်ကုန် (နိုဝင်ဘာ၊ ၁၉၉၉ ခု)က ပြောပြခဲ့သည်မှာ အလ္လာဟ်သျှင်မြတ်က မော်လနာ ဖော်ယာဇုလ်အစ္စလာမ်အား ပျူငှာယဉ်ကျေးသည့် အကျင့်စာရိတ္တများ ချီးမြှင့်ခဲ့သည်။ ၎င်းကဲ့သို့ ပုဂ္ဂိုလ်မြတ် ကျွန်တော်မြင်ဖူးသည်မှာ နည်းပါးလှ၏။
Ulaa ikal aabayi forgini bimislihim, Iza jamatuna ya garirul al mojami uo.
[ arabi ]
“သူတို့သည် ကျွန်ုပ်တို့၏ ဘိုးဘေးတို့ဖြစ်ကြသည်။ အစုအဝေးထဲမှ သူတို့ကဲ့သို့ ပုဂ္ဂိုလ်များ ယူလာပါ" ဟု လင်္ကာပုဒ်ကို ရွတ်ဆိုပြီး ချီးမွမ်းခဲ့လေသည်။
အကြင်သူ၏ ဂုဏ်သတင်းကို အခြားပုဂ္ဂိုလ်မြတ်များက ချီးမွမ်းနေလျှင် ၎င်းသူသည် မုချ ပုဂ္ဂိုလ်မြတ် ဖြစ်ရပါလိမ့်မည်။ ဤအကြောင်းကြောင့် အာမီရ်ဆာပ်ကြီးသည် ဒိုရာဟာဒီစ်တန်းတွင် ပထမအဆင့် ဆွတ်ခူးပြီး မိမိ အမိမြေ၏ ဂုဏ်ရောင် တောက်ပစေခဲ့သည်။ မူဇာဟီရ်တက္ကသိုလ် သမိုင်း အတွဲ (၂)၊ စာမျက်နှာ (၁၆၉) တွင် “၁၃၇၄ ခု ဟိဂျရီ/ ၁၉၅၄ ခု ပညာသင်နှစ်တွင် ဒိုရာဟာဒီးစ်တန်း၌ ကျောင်းသား (၅၉) ယောက်ရှိရာ မော်လနာ ဖော်ယာဇုလ်အစ္စလာမ် အာရ်ကာနီ (ဘ) ဟာဂျီ ဆော်ယော်ဒုရ် ရာဟာမာန်သည် နံပါတ် (၁) ပထမအဆင့် ရရှိခဲ့သည်။ ၎င်းကို ရူပီငွေ (၁၅) ရူပီနှင့်တကွ အောက်ဖော်ပြပါ စာအုပ်များ ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ စာအုပ်များက-
(က) ဒေါရ် ဖော်ရာယတ်
(ခ) မဒါရဲက်
(ဂ) မီခ်ျကွာသ် ရှော်ရီဖ်
(ဃ) မူဆော်လ်ဆေလားသ်
(င) အဆွာအေ ပိုက်ရွီ
(စ) အာကာယေတ် အုလုမာ ဒီယောဗောန်"
ဒိုရာဟဒ္ဒီးစ်တန်း၏ အတန်းဖော်ကျောင်းသား (၅၉) ယောက်အနက် ဗမာပြည်မှ ကျောင်းသားများမှာ-
(၁) မော်လနာ မူဟမ္မဒ်ဇာကဲရ် ဗမာ
(၂) မော်လနာ အဗ္ဗဒူရ်ရာဟာမာန် ဗမာ
(၃) မော်လနာ အဗ္ဗဒူလ်ဟာမီတ် ရန်ကုန်
(၄) မော်လနာ အဗ္ဗဒူရှူက္ကုရ် ဗမာ
(၅) မော်လနာ အဗ္ဗဒူလ်ဝါဟာဘ် ဗမာ
(၆) မော်လနာ နူရ်မူဟမ္မဒ် အာရ်ကာနီ
(၇) မော်လနာ အဗ္ဗဒူလ်လော်တီဖ် ဗမာ
(၈) မော်လနာ မူဟမ္မဒ်ယူနုစ် ဗမာ
(၉) မော်လနာ အာဘူလ်ဖော်ဇော်လ် ဗမာ
(၁၀) မော်လနာ အူဘိုက်ဒုလ္လာ ဗမာ
(၁၁) မော်လနာ ရော်ရှိတ်အဟ်မတ် အာရ်ကာနီ
(၁၂) မော်လနာ မူဟာမွတ် ဗမာ
(၁၃) မော်လာနာ ကဘီရ်အဟ်မတ် ဗမာ
(၁၄) မော်လနာ နဇီးရ်ရာဟာမာန် ဗမာ
(၁၅) မော်လနာ ဖယာဇုလ်ကဘီရ် အာရ်ကာနီ
(၁၆) မော်လနာ အဗ္ဗဒုလ်မူဂျီဒ် စစ်တွေ
(၁၇) မော်လနာ နူရ်မူဟာမတ် ဗမာ စသည်တို့ ဖော်ပြထားပါသည်။
{ကိုးကား-မူဇာဟေ့ရီ အတွဲ (၂)၊ စာမျက်နှာ (၁၆၈)}
အမိမြေသို့ ပြန်
အာမီရ်ဆာပ်ကြီးသည် ၁၉၅၅ ခုနှစ်တွင် မိမိ၏ ချက်ကြွေဌာနီ ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာ၍ သင်ပြမှုနှင့် သာသနာပြု (သဗ်လိဂ်) လုပ်ငန်းခွင်တွင် မွေ့လျော်ခဲ့သည်။ အာမီရ်ဆာပ်ကြီးသည် ငယ်စဉ်ဘဝတွင် ပညာသင်ယူခဲ့သည့် ကျောင်း၌ နည်းပြဆရာအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ နောက်ဆုံးအချိန်အထိ ထိုကျောင်း၌ပင် တာဝန်ထမ်းဆောင်လျက်ရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တိုင် အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ကျောင်းအုပ်ကြီး ဖြစ်လာခဲ့သည်။ အကြောင်းမှာ အုပ်ချုပ်ရေးမှူးဟောင်း (ကျောင်း တည်ထောင်သူ) မော်လနာ မုဖ်သီ မူဟာမ္မဒ်ဟူစိန်းသည် ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့သို့ ဟီဂျရတ်ခရီး ထွက်ခွာခဲ့သည်။ အုပ်ချုပ်ရေးမှူးရာထူးလပ်နေ၍ အာမီရ် ဆာပ်ကြီးမှအပ အခြား ထားတိုက်တန်သည့် ကျေပွန်နိုင်မည့်သူ မရှိသဖြင့် အာမီရ်ဆာပ်ကြီးသည် ကျောင်း၏ အုပ်ချုပ်ရေးတာဝန်ကို ဆက်ခံခဲ့ရသည်။ သခင်သည် ကျောင်း၏ စည်းစနစ်ကို အိန္ဒိယနိုင်ငံရှိ အစ္စလာမ်သာသနာ့ ပညာသင်ကျောင်း၏ စည်းစနစ်ကဲ့သို့ ပြုပြင်ပြောင်းလဲပေးခဲ့သည်။ ပညာရည်မြင့်တင်ရေးနှင့် အရေအသွေး ကောင်းမွန်သော အာလိမ်ပညာရှင်များ ပေါ်ပေါက်စေရေးအတွက် ဘာသာရပ် သင်ရိုးများကို တိုးချဲ့ သင်ပြခဲ့သည်။ အာမီရ်ဆာပ်ကြီး၏ နောက်ဆုံး ထွက်သက်အထိ ယင်းအုပ်ကြီး တာဝန်နှင့် ဟာဒီးစ် ပါမောက္ခ “ရှေ့ခ်ဟုလ် ဟာဒီးစ်” အဖြစ် ဆောင်ရွက်ခဲ့သည်။

အမီရ်ဆာပ်သခင် အိန္ဒိယ၌ ပညာသင်နေသည့် ကာလသည် အိန္ဒိယတွင် သဗ်လိဂ် ဂျမအသ် ခေတ်စားနေသော ကာလဖြစ်သည်။ သဗ်လိဂ် ဂျမာအသ်သည် အစ္စလာမ်နှင့် ဘဝပြုပြင်ရေး လမ်းစဉ်တစ်ခုဖြစ်သည်။ ဘာသာရေး အသိပညာကင်းမဲ့၍ ဘာသာရေး အယူသေးနေသူများ၊ ယုတ်မာနေသူများ၊ လမ်းမှားလမ်းမှောင်၌ ကျရောက်နေသူများ စသည်တို့ကို အလ္လဟ်အမိန့်တော်အတိုင်း ရှာရီယာတ် စည်းအတွင်း ကျင့်ကြံနေထိုင်ရန်၊ တမန်တော်မြတ်(စွ)၏ စူနွတ်တော်များကို မိမိ၏ ရတနာလည်ရွဲ ကျင့်ဝတ်အဖြစ် လိုက်နာရန် ကျမ်းမြတ် ကုရ်အာန်နှင့် ဟာဒ္ဒီးတော်၏ လမ်းညွှန်ချက်အတိုင်း မိမိဘဝကို ဖြတ်သန်းနိုင်စေရန် လမ်းမှန်ဘက်သို့ ဖိတ်ခေါ်သင်ပြ အသိပညာပေးသော သာသနာပြုလမ်းစဉ် တစ်ခုပင်ဖြစ်သည်။ အမီရ်ဆာပ်သခင်သည် အိန္ဒိယ၌ ပညာသင်ယူနေစဉ် ထိုလမ်းစဉ်နှင့် ရင်းနှီးလာခဲ့သည်။ အာမီရ်ဆာပ်သည် ဆရာဂုရုတို့၏ လမ်းညွှန်ဆုံးမချက်အရ အိန္ဒိယ နေဇာမိုဒ္ဒိန်း မရ်ကာစ်ချုပ်မှ ပထမဦးဆုံး အလ္လာဟ်လမ်း ထွက်ခဲ့သည်။ ပညာတတ် နည်းပါးလွန်းလှသော အာရ်ကာန်ပြည်၌ အစ္စလာမ်သာသနာ အဓွန့်ရှည်ရှင်သန်စေရန်နှင့် ဘာသာရေး အယူသေးမှုများကို သုတ်သင် ပပျောက်နိုင်စေရန် သဗ်လိဂ် လမ်းစဉ်သည် အထိရောက်ဆုံးဖြစ်လိမ့်မည်ဟု စိတ်၌ စွဲမှတ်ထားသည်။ ကျောင်းပိတ်ရက်တိုင်းတွင် ဇာတိမြေသို့ပြန်မသွားဘဲ အလ္လဟ်လမ်းထွက်ပြီး သဗ်လိဂ် ဂျမာအသ်၏ လုပ်ထုံးလုပ်နည်း စည်းမျဉ်း စည်းကမ်းများကို လေ့လာ သင်ယူခဲ့သည်။
အမိမြေသို့ ရောက်ရောက်ချင်း ရှေ့သာသနာပြုဆရာများက မိတ်တိုမိတ်တို လုပ်ဆောင်နေသည့် ဂျာမာအသ် လမ်းစဉ်သို့ မိမိကိုယ်တိုင် ပူးပေါင်းပါဝင်ကာ နေ့ည မရပ်မနား ကြိုးပမ်းအားထုတ်ရင်း တဟုန်းတိုး အရှိန်မြင့်တင် ပျံ့နှံ့ပေးနိုင်ခဲ့သည်။ မော်လာနာ ဇိုင်နုလ်အာဘေဒ္ဒိန်း ၊ မောင်တော ပန်းတောပြင် ဇာတိသည် မောင်တော မရ်ကာစ်ချုပ်၏ ပထမဆုံး ပထမဆုံးအာမီရ် ဖြစ်သည်။ နောင်တွင် ရခိုင်ပြည်၏ အာမီရ်ချုပ်ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုတွင် မော်လနာ ဇိုင်နုလ် အာဘေဒ္ဒိန်း သခင်က ဘူးသီးတောင်သို့ သျှိလ္လာ ဂျာမအတ်နှင့် ခရီးထွက်၍ မြို့လုံးကျွတ် ဆွေးနွေးပွဲ၌ ဘူးသီးတောင် မရ်ကာစ်အတွက် အမီရ်တစ်ဦး ရွေးချယ်ရာ တက်ရောက်လာသော လူထု၏ တခဲနက် ထောက်ခံ မဲပေးမှုဖြင့် မော်လနာ ဖော်ယာဇူလ်အစ္စလာမ်သခင်အား ရွေးချယ်တင်မြှောက်ခဲ့သည်။ Moulana Zainul Abedin ကွယ်လွန်ပြီးနောက် မော်လနာ အဗ္ဗဒူကုဒ္ဒူစ်သည် ရခိုင်ပြည်၏ အမီရ်ချုပ် ဖြစ်လာခဲ့သည်။ အဗ္ဗဒူကုဒ္ဒူစ်သခင် ကွယ်လွန်ပြီးနောက် မော်လာနာ ဖော်ယာဇုလ်အီစ္စလာမ်သည် အာရ်ကာန်ပြည်၏ အာမီရ်ချုပ် ဖြစ်လာလေသည်။ အာရ်ကာန်ပြည်တွင် သဗ်လိဂ်လုပ်ငန်း စတင်ချိန်ကာလတွင် ဝေဖန်မှုများ အမျိုးမျိုးပေါ်ပေါက်ခဲ့သည်။ သို့သော် အမီရ်ဆာပ်သခင်ကဲ့သို့ သူတော်စင်တို့၏ ကြိုးပမ်းမှုသည် အများပြည်သူ လက်ခံလာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဘေဒအာတ် ဓလေ့ယုတ် အများစုကို အမြစ်တုံးအောင် ပပျောက်နိုင်ခဲ့ပြီး အမှားအမှောင် ကင်းမဲ့၍ စစ်မှန်သော အစ္စလာမ် သာသနာသည် အိမ်တိုင်းအိမ်တိုင်း ရောက်စေခဲ့သည်။ သာသနာ့ အားထုတ်မှုတွင် သီးသန့် အမျိုးသမီးများပါဝင်နိုင်စေသော မစ်သုရာသ် လှုပ်ရှားမှုကို အစ္စလာမ်တရားတော်နှင့်အညီ စည်းကမ်းစည်းမျဉ်းများ ချက်မှတ်ပြီး ကြိုးပမ်းခဲ့သည်။ ဘဝနောက်ဆုံးအချိန်အထိ သဗ်လိဂ်နှင့် သာလိမ်မှတဆင့် အစ္စလာမ်သာသနာ ပျံ့နှံ့အောင် ကြိုးပမ်းခဲ့လေသည်။
တစ်မူခြားသော ပင်ကိုယ်စရိုက်များ
“အမီရ် = မောင်မင်း ချက်ပြုတ်တာဝန်ကျနေတာလား။
၁။ အမီရ်ဆာပ်ကြီးသည် စကားကို အသံတိုးတိုးတိတ်တိတ် ညင်သာစွာ ပြောလေ့ရှိသည်။ စကားပြောဆိုရာတွင် ပြတ်သားသည်။ ရဲရင့်သည်။ တိုတိုနှင့် လိုရင်း ရှင်းပြတတ်သည်။ အမှန်တရားကို ဖွင့်ဟရာတွင် ရွံ့ရှာခြင်း အလျင်းမရှိ ထိထိရောက်ရောက် ပြောတတ်သည်။ အပြောအစွမ်း နှုတ်ရေး အားသန် သည်။ လက်တွေ့ကျကျ ဆုံးမသင်ပြသည်။ လက်အောက်ငယ်သားတို့ကို သနားညှာတာတတ်၏။
(တစ်နေ့သော်အခါ အာမီရ်ဆာပ်ကြီးသည် မောင်းတော မရ်ကောစ်၌ ဒိုရ် ဂျာမာတ်ဖြင့် တရား အားထုတ်နေရာ ကဲရ်မောစ်(ချက်ပြုတ်) တာဝန်ကျနေသော ဂျာမာတ်ဖော်တစ်ဦး၏ အနားသို့ ချဉ်းကပ်၍ ဤသို့ ပြောဆိုခဲ့သည်။
“အမီရ် = မောင်မင်း ချက်ပြုတ်တာဝန်ကျနေတာလား။
အဖော် = ဟုတ်ပါတယ်၊ ဆရာကြီး။
အမီရ် = မိမိက ကူပါရစေ။
အဖော် = ရပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ်။ အလုပ်ကတော့ သိပ်မများပါဘူး။ ကျနော်တစ်ယောက်တည်းဆိုရင် ခဏလေးနဲ့ ပြီးကုန်မှာပါ။
အမီရ် = မောင်မင်း ပြင်နေသော ကြက်တွင် အဘယ်အပိုင်းသည် စားပိုင်သည်၊ အဘယ်အပိုင်း စားမပိုင်သည်ကို သိ၏လော့။"
ဟူ၍ အစိတ်အပိုင်းများကို တစ်ခုစီလက်ညိုးထိုးပြကာ စားသုံးရန် ပိုင်ကြောင်း၊ မပိုင်ကြောင်း ရှင်းပြပေးသည်။
ဤသည်မှာအာမီရ်ဆာပ်၏ လက်တွေ့ကျကျ သင်ပြမှု နမှုနာ တစ်ခုပင် ဖြစ်သည်။)
၂။ မရေမတွက်နိုင်အောင် လမ်းမှား၌ ကျရောက်နေသည့် လူများကို အဆင့်အတန်း၊ အသားအရောင် မခွဲခြားဘဲ ဒိန်းသာသနာ့လမ်းမှန်သို့ ရောက်အောင် ပို့ဆောင်ခဲ့သည်။ မည်မျှပင် ဩဇာဣကတိ ကြီးမားသူဖြစ်စေ၊ မည်မျှပင် ရိုင်းစိုင်း မိုက်မဲသူဖြစ်စေ အာမီရ်ဆာပ်သခင်နှင့် နှုတ်ဆက် စကားစမြည် ပြောဆိုလျှင် ထိုသူတို့၏ စိတ်နူးညံ့သွားတတ်သည်။ ဤသည်မှာ ဆရာသခင်၏ အထူး နှလုံးသားစွမ်းရည် ဟုပင် မှတ်ယူနိုင်သည်။ ထိုသို့သော် ဥဒါဟရုဏ်များကို ပုဂ္ဂိုလ် စာရင်း အသီးစိတ် ဖော်ပြမည်ဆိုလျှင် သီးခြားစာအုပ် တစ်အုပ်တောင် ဖြစ်သွားပါမည်။ ပုဂ္ဂိုလ်ရေး ထိခိုက်မည်ကို စိုးရိမ်လျက် မည်သူတစ်ဦး တစ်ယောက်၏ ဥပမာကိုမှ ထုတ်ဖော်ပြခြင်း မရှိချေ။
၃။ တစ်နေ့သော် အမီရ်ဆာပ်သခင်သည် ဟာဂျီ ဆော်ယဒ်အာခ်ဘောရ် (သခင်၏ ယောက်ဖတော်စပ်သူ)နှင့် တောင်ဘာဇားဈေးကြီးသို့ ဈေးပြုသွားရာ အိတ်ထဲမှ ဈေးပြုငွေများကို ဆိုင်ရှင်အား ရေတွက်ခြင်းမရှိဘဲ လက်ဆုပ်ပြီး ပေးလေ့ရှိသည်။ ဆိုင်ရှင်သည် တဖန် မိမိလိုလားသော ပိုက်ဆံကိုနှုတ်ယူပြီး ကျန်သည့်ငွေကို ပြန်အံလေ့ရှိသည်။ အာမီရ်ဆာပ်ကြီးသည် တစ်စုံတစ်ခု ဝယ်ယူရာ၌ ရေတွက်၍ ပိုက်ဆံပေးသည်မရှိပါ။ မိမိ့အိတ်မှ ငွေကိုထုတ်ယူ၍ ပေးလေ့ရှိသည်။ ဆိုင်ရှင်ကသာ ငွေဖြတ်ယူ၍ ပိုငွေကို ပြန်ပေးသည်ကို ဟာဂျီနှင့်အတူ ဂျမအတ်ထွက်ခဲ့သော သူက ဟာဂျီထံမှ ကြားရသည်ဟု ပြောပြခဲ့သည်။ ဤ အမီရ်ဆာပ်၏အပြုအမူစရိုက်သည် အခြားသူများထံမှလည်း မကြာခဏ ကြားရလေ့ရှိသည်။ အမီရ်ဆာပ်သခင်၏ သူတစ်ပါးအပေါ် ယုံကြည်လွယ်သော သူတော်စင်တို့၏ စိတ်နူးစိတ်ကောင်းပင် ဖြစ်ပေသည်။
၎။ တခါသော် အမီရ်ဆာပ်သခင်သည် ဂျမအတ် ခေါ် အလ္လာဟ်လမ်း ထွက်နေချိန် မောင်းတောမြို့ မရ်ကောစ်တွင် သီတင်းသုံးနေစဉ် ညည့်သန်းခေါင်ယံ၌ သဟဂ်ျဂျူသ် နမာဇ် ဝတ်မပြုမီ အပြင်ထွက်ပြီး တစ်နာရီ၊ တစ်နာရီခွဲ ကြာမှ ပလီထဲသို့ ပြန်လာသည်ကို ဂျမအာတ်ဖော်တစ်ဦးက ရိပ်စားမိခဲ့သည်။ နောက်တစ်ညတွင်လည်း သခင်သည် ပထမညအတိုင်း အချိန်ကြာမှ ပြန်လာသည် တွေ့ရသည်။ တတိယညည့်တွင် သခင်သည် ဗလီမှ ထွက်သွားသောအခါ ဂျမအာတ်ဖော်ကလည်း သိလိုစိတ်ဖြင့် နောက်မှ တကွယ်ကွယ် လိုက်သွားခဲ့သည်။ သူ မြင်တွေ့ရသည်မှာ စိတ်တောင်မကူးခဲ့သော အထူးအခြားပါတကား။ “သခင်သည် ဗလီရေကန်မှ ရေအိုးဖြင့် ရေခပ်ယူကာ ညစ်ပေနေသည့် အိမ်သာသန့်စင်ခန်းများကို တဆိတ်ဆိတ် သန့်ရှင်းရေး လုပ်နေသည်”ကို မြင်၍ အံ့မဆုံး ဖြစ်ခဲ့ရသည်။ ဤမျှ မစချီကဲ ဘုန်းဂုဏ်မြင့်မြတ်သော ပုဂ္ဂိုလ်က မနှစ်မြို့ဖွယ်ကောင်းသော အိမ်သာသန့်ရှင်းရေးကိုပင် လက်အောက်ငယ်သားတို့ စိတ်ချမ်းသာရာ သန့်ရှင်းပေးနိုင်ခြင်းသည် သာမန် နိဝါတတရားမဟုတ်နိုင်၊ ထူးခြား ကဲလွန်သော နိဝါတ တရားဟုပင် ဆိုရပေမည်။
၅။ အာမီရ်ဆာပ်သည် တစ်လတွင် တစ်ခါ ဆံပင်ညှပ်သည့် အလေ့အထရှိသည်။
ထူးထူးခြားခြား ကေရာမတ် အချို့
(၁) အာမီရ်ဆာဘ်သည် ပါကိစ္စတန်နိုင်ငံ၌ ဘာသာရေးအားထုတ်နေစဉ် တစ်နေ့တွင် ရုခ်ဌာနသို့ သွားရ၏။ ၎င်းင်းဂျမအတ်တွင် ကုန်သည်ကြီး အဗ္ဗဒူဆလာမ်လည်း အတူပါရှိ၏။ ရုခ်မှာမူ အတန်ဝေးလွန်းလှသည်။ သွားရင်းသွားရင်း လူနေရွာနှင့် ဝေးလှသော မြစ်ကမ်းနားသို့ ရောက်လေသည်။ အချိန်ကလည်း နေဝင်မိုးချုပ်ချိန်စပြုလာသည်။ မြစ်တစ်ဖက်သွားရမည်ဖြစ်သည်။ သို့သော် မြစ်ထဲ မနီးမဝေးတွင် မည်သည့် လှေ၊ သင်္ဘော၊ ကတိုး ကိုမှ မမြင်ရချေ။ အာမီရ်ဆာဘ်သည် အလွန်ပူပန်သောကရောက်နေသည်။ ထိုသို့ မြစ်ကမ်းနား ဟိုးကြည့်ဒီကြည့် လုပ်နေချိန်တွင် ရုတ်တရက် လှေတစ်စီးရောက်လာ၍ လှေသမားက “အရှင်တို့ လှေပေါ်တက်လော့၊ မြစ်တဖက်သို့ ကူးပေးပါရစေ” ဟုဆိုသော် ဂျမအတ်သားတို့အားလုံးလည်း လှေတက်သွား၏။ ထို့နောက် တဖက်ကမ်းသို့ရောက်သောအခါ အမီရ်ဆာပ်က လှေသမားကို “အသင် မည်သူနည်း”ဟု မေးရာ မည်သည့် အဖြေမပေးဘဲ ဆိတ်ဆိတ်နေ၏။ တဖန် ငွေအချို့ကို ဆုအဖြစ်ပေးသည်ကိုလည်း လက်မခံခဲ့ချေ။ “အသင့် အလုပ်ကို စိတ်ပါလက်ပါသာ လုပ်ပါလော့” ဟု အားပေးစကားပြောကာ မြန်စွာ ထွက်သွားလေ၏။ ထိုလှေသည် အားလုံး၏ မျက်စိရှေ့၌ပင် ပျေက်ကွယ်သွားလေ၏။ ဤသည်မှာ အာမိရ်ဆာပ်၏ ကေရာမတ်တော် တစ်ခုဖြစ်သည်။
(၂) မော်လနာ ဆာအာတ်က ပြောကြားခဲ့သည်မှာ “တစ်ခါက တောင်ဘာဇား၏ နယ်မြေမှူးအား တစ်စုံတစ်ယောက်က အာမီရ်ဆာပ်နှင့် ပတ်သတ်၍ မဟုတ်မမှန် သတင်းပေးခဲ့သည်။ ထိုအကြောင်းအရာနှင့် စပ်လျဉ်း၍ အာမီရ်ဆာပ်ကို ဖမ်းဆီးစစ်ဆေးရန် နယ်မြေမှူးကိုယ်တိုင် ရဲဘော်အချို့နှင့်အတူ ထွက်လာခဲ့သည်။ မဒရာဆာနှင့် စခန်းမှာ အနည်းငယ်ဝေးလှသဖြင့် လမ်းဝက်ရှိ လက်ဖက်ရည်ဆိုင်တွင် အတန်ငယ်နားကာ လက်ဖက်ရည်သောက်ရင်း ရပ်လူကြီးများနှင့် စကားပြောနေရာ ပူလောင်ပြင်းပြ လက်ဖက်ရည်ခွက်သည် ရုတ်တရက် လက်မှ ဖြုတ်ကျ၍ ခြေတဖက် ပူလောင်သွား၏။ နယ်မြေမှူးသည် ထိုအဖြစ်အပျက်ကို နိမိတ်ဆိုးဟု ယူဆကာ မဒရာဆာသို့ ရှေ့ဆက်မသွားဘဲ ပြန်ခဲ့လေသည်။
တစ်ပတ်နှစ်ပတ်ကြာပြီးနောက် ပြန်တခါ ရဲဘော်နှင့်တကွ အာမီရ်ဆာပ်ကို ဖမ်းရန် မဒ်ရာဆာသို့ရောက်လာ၏။ မဒ်ရာဆာ၏ အဝင်ဂိတ်နားတွင် ခလုတ်တိုက်မိ၍ ခြေ၌ ဝါးခြမ်းတစ်ခု စိုက်ဝင်သွား၏။ ထိုနေ့တွင် အလွန်စိုးရိမ်းမကင်းဖြစ်လျက် အာမီရ်ဆာပ်အား ခေါ်ယူတောင်းပန်ပြီးလျှင် ပြန်သွားလေသည်။
(၃) ဟာဂျီ ဆော်ယဒူအက္ကဘော်ရ်(တောင်ဘာဇားကျေးရွာအုပ်စု နရိမ်းချောင်း)၏ ဆင့်ပြန်ချက်မှာ တစ်ခါက အာမီရ်ဆာပ်သည် ရမ်ဇာန်လတွင် မိမိ၏ သျှိလ္လာ အားထုတ်ရန် ဖက်တော်သားတို့နှင့်အတူ ထွက်ခွာသွားရာ စစ်တွေမြို့သို့ ရောက်လေ၏။ ယင်းအချိန်တွင် ရန်ကုန်သို့ မွတ်စလင်တို့ သွားခွင့်မရှိပါ။ ထို့ကြောင့် လေယာဉ်လက်မှတ်ရရန်အတွက် ခက်ခဲနေသည်။ လာလမ်းအတိုင်းပြန်ရမည့် အခြေအနေဖြစ်နေသည်။ အာမီရ်ဆာပ်သည် အောင်မင်္ဂလာရပ်ကွက် ဗလီကြီး၌ နားကာ ဂျမာအတ်၏ လုပ်တုံးလုပ်နည်းများကို ဆောင်ရွက်၏။ အာမီရ်ဆာပ်၏ မျက်နှာမှာ အလွန်သောကရောက်ပုံပေါ်၏။ စုပေါင်း ဒိုအာတောင်းကြခဲ့သည်။ မနက်မိုးသောက်သောအခါ သက်ဆိုင်အာဏာပိုင်တစ်ဦး ဗလီတံခါးဝသို့ ကားစီးလျက် ရောက်လာ၍ အာမီရ်ဆာပ်ကြီး ဘယ်မှာလဲ လို့ မေးလာတယ်။ သွားတွေ့တဲ့အခါ အာမီရ်ဆာပ်ကြီးအတွက် လေယာဉ်လက်မှတ် စီစဉ်လို့ပြီပါပြီဆိုကာ လေယာဉ်လက်မှတ်များကို ထုတ်ပေးကာ ပြန်သွားလေ၏။ ဤသို့ မမျှော်လင့်ဘဲ လေယာဉ်လက်မှတ်ရရှိခြင်းကာ မည်သူမည်ဝါ စီစဉ်ပေးခြင်းကို မသိရချေ။ ဤဟာကား ကေရာမတ်တစ်ခုသာဖြစ်သည်။
နိုင်ငံခြားခရီးများနှင့် ခွဲခွာနှုတ်ခွန်းဆက်
ဤမျှတိုတောင်းသော ဘဝခရီးတွင် မြောက်များစွာသော ဆာငတ်သူတို့ကို ပညာပျားရည်ဖြင့် ဝဖြိုးစေခဲ့သည်။ သဗ်လိဂ်လမ်းစဉ်ဖြင့် ဘာသာရေးမှ လွဲချော်နေ သောသူတို့၏ ဘဝကို သာယာလှပသော ဘဝအဖြစ် ပြုပြင်ပြောင်းလဲစေခဲ့သည်။ အာမီရ်ဆာပ်ကြီး၏ တပည့်တော်များမှာ ပါကစ္စတန်၊ အိန္ဒိယ၊ မလေးရှား၊ ဆော်ဒီ အာရေဗီယား၊ ထိုင်း၊ တရုတ် စသည့် နိုင်ငံပေါင်းများစွာတွင် ရာနှင့်ချီသော တပည့်တော်များရှိနေသည်။
⊙ ပြီးပါပြီ ⊙
ကိုးကား

ဗမာပြည်သည် အစ္စလာမ်ဘာသာရေး ကျင့်ကြံ ပြုလုပ်ရန် အလွန်းအလွန် တင်းကျပ်သည့် ပြည်တစ်ခုဖြစ် သည်။ အထူးသဖြင့် ရခိုင်ပြည်က အစ္စလာမ်ဘာသာဝင်တွေအတွက် ကန့်သတ်ချက်မျိုးစုံနှင့် ရင်ဆိုင်ရသည်။ ဟဂ်ျခရီးတော်သွားခြင်းသည် တစ်နည်းအားဖြင့် ဘေးဒုက္ခကို ဖိတ်ခေါ်လိုက်ခြင်းမျိုးပင်ဖြစ်သည်။ ထိုသို့သော် အချိန်မျိုးတွင် အာမိရ်ဆာဘ်သည် မိမိ၏ သက်တမ်းတစ်လျှောက်တွင် ဟဂ်ျခရီးတော် ၁၀ ကြိမ် သွားနိုင်ခဲ့ သည်။ တကယ်တော့ အာမိရ်ဆာဘ်သည် ထိုမျှလောက် ဥစ္စာဓန ကုံကြွယ်သူ မဟုတ်ပေ။ စားဝတ်နေရေးပြေလည်သည်မျှသာ။ သို့ပေမယ့် ၁၀ ကြိမ် ဟဂ်ျပြုနိုင်ခြင်းသည် သူ၏ဘုန်းတော်ကြောင့်သာ ဖြစ်လိမ့်မယ်ဟု ခန့်မှန်းနိုင်သည်။
အာဏာပိုင်တွေဘက်ကလဲ မည်သည့်ကန့်သတ်ချက်မျှ မရှိ။ တခြားသူတွေ တစ်ကြိမ်ဟဂ်ျပြုတော်မူလျှင် ပြန်တကြိမ်သွားရန် ခဲယဉ်းလှတယ်။ သို့သော် အာမီရ်ဆာပ်အတွက်မူ မည်သည့် ကန့်သတ်ချုပ်ချယ်မှုမှ မရှိ ဆန္ဒရှိသလောက် ပြုနိုင်ခဲ့လေသည်။
“Mann Lahu Lowla, Falaa Kulli”
(အာရေဗီအဆိုအမိန့်ကို အင်္ဂလိပ်အက္ခရာနှင့် အသံထွက်အတိုင်းရေးသားခြင်း)
အဓိပ္ပာယ်-
(အကြင်သူသည် အသျှင်မြတ်အားရရှိပါလျှင် သူသည် အရာအားလုံးကို ရရှိခြင်းပင်ဖြစ်သည်။)
ဆိုသည့်အတိုင်း သူတော်စင်ကောင်းတို့အတွက် အရာဟူသမျှဟာ အခန့်သင့်ဖြစ်သည်။
အာမီရ်ဆာပ်ကြီးသည် ဘဝတစ်လျှောက်လုံးကို သာသနာ့ ကြိုးပမ်း အားထုတ်မှု၊ ဟဂ်ျနှင့် အုမ္မရာ ရည်ရွယ်ချက်ဖြင့် ကမ္ဘာအနှံ့အပြားသို့ ခရီးနင်းခဲ့သည်။ ဆော်ဒီအရေဗီးယား၊ ပါကစ္စတန်၊ အိန္ဒိယ၊ အီဂျစ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများသို့ ခရီးထွက်၍ သာသနာ့တာဝန်များ ကျေပွန်ခဲ့သည်။ အာမီရ်ဆာပ်သခင်၏ ထင်ရှားသော သာသနာ့အလို့ငှာ အလ္လာဟ်လမ်းထွက်ခဲ့သည့် ထင်ရှားသော နိုင်ငံခြားခရီးစဉ်အချို့ကို ဖော်ပြပေးပါမည်။
၁၉၇၇ ခုခန့်တွင် နိုင်ငံခြားသို့ သာသနာ့ခရီးထွက်ရန် သခင်၏ ဦးလေးအရင်း ဆိုဖီရော်ရှိတ်၊ အဗ္ဗဒူစလာမ်၊ မိုဟာမတ်ယာကုပ် တို့နှင့်အတူ နိုင်ငံတော်၏ ဥပဒေနှင့်အညီ အရှေ့ပါကစ္စတန်ရှိ စစ်တကောင်းမြို့သို့ ထွက်ခွာသွားသည်။ စစ်တကောင်းမြို့မှ နောက်ထပ် သုံးသျှိလ္လာထွက်မည့် ပုဂ္ဂိုလ် နှစ်ဦးနှင့် ပေါင်းကာ ရေလမ်းဖြင့် ပါကစ္စတန်နိုင်ငံ ရိုက်ဝန်မြို့သို့ ထွက်ခွာသည်။ ရိုက်ဝန်မြို့ သာသနာ့ သဗ်လိဂ်ဌာနချုပ်သို့ ရောက်ပြီး တာဝန်ခံလူကြီးမင်းတို့၏ ဆုံးဖြတ်ချက်အတိုင်း သုံးသျှိလ္လာ(လေးလ) ကိုယ်စိတ်ပါ အားထုတ်ခဲ့သည်။ ထို့နောက် အဖော်သုံးယောက်နှင့်တကွ အမိပြည်အာရ်ကာန်သို့ ပြန်ရောက်လာခဲ့သည်။
တဖန် ၁၉၉၇ ခုတွင် အာမီရ်ဆာပ်သခင်သည် ဆွယေဒူလ် အာခ်ဘော်ရ် (နရိမ်းချောင်း)၊ မိုဟာမ္မတ် စော်လိမ် (ဘူးသီးတောင်) တို့နှင့်အတူ နိုင်ငံခြားသို့ ဆာလာနာ သျှိလ္လာ (တစ်နှစ်) သာသနာ့အားထုတ်ရန် မောင်တောမြို့ ကညင်းတန်း (ရှိခ်ဒါရ်ပါရာ) မရ်ကောစ်သို့ ထွက်ခွာလာခဲ့သည်။ ရှိခ်ဒါရ်ပါရာ မရ်ကောစ်၌ လစဉ် အစည်းအဝေးမှ အာမီရ်ဆာပ်တို့အတွက် နိုင်ငံ ခြောက်နိုင်ငံကို ‘ရူခ်’ အဖြစ် ဆုံးဖြတ်ခဲ့သည်။ (၁) ဗမာပြည်၊ (၂) ထိုင်း၊ (၃) ဆော်ဒီအာရေဗီးယား၊ (၄) ပါကစ္စတန်၊ (၅) အိန္ဒိယ၊ (၆) ဘင်္ဂလားဒေ့ရှ် အသီးသီးတို့၌ ဆာလာနာ သျှီလ္လာ အားထုတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အာမီရ်ဆာပ်တို့ အဖွဲ့သည် မောင်တောမှ ဘူးသီးတောင်၊ ဘူးသီးတောင်မှ စစ်တွေ၊ စစ်တွေမှ ရန်ကုန် မရ်ကာစ်အသီးသီး တရားအားထုတ်ရင်း ရန်ကုန်သို့ ရောက်ရှိသွားခဲ့သည်။ ရန်ကုန်၌ မြန်မာပြည် အာမီရ်ချုပ် မော်လနာ မိုဟာမတ် ဆွာလေ သခင်နှင့်အတူ တစ် သျှီလ္လာ အားထုတ်ခဲ့သည်။ ထို့မှတဆင့် ထိုင်းနိုင်ငံသို့ ရောက်ကာ မရ်ကာစ်ချုပ်မှ တဆင့် နေရာအသီးသီး တရားအားထုတ်ခဲ့သည်။ အာမီရ်ဆာပ်သခင်သည် ထိုင်းငံသား အစ္စလာမ်ဘာသာဝင်တို့၏ အလွန်ပင် မြူးမြူးထူးထူး ကြိုဆိုခြင်းကို ခံခဲ့ရသည်။ ထိုမှတဆင့် မက္ကာရွှေမြို့တော်သို့ ရောက်ကာ မက္ကာရောက်မြန်မာနိုင်ငံသား အယောက်၄၀ ရှိသော အဖွဲ့ကို ဖွဲ့ကာ ဇီလ်ဟဂ်ျဂ်ျလ ၏ ၈ ရက်တွင် မီနာ၌ ဟဂ်ျဝတ်ပြုရန် သွားရောက်ခဲ့သည်။ ဟဂ်ျအပြီး မက္ကာမြို့၌ တစ် သျှီလ္လာ အားထုတ်ကာ အဖော်နှင့်တကွ ပါကစ္စတန်နိုင်ငံ ရိုက်ဝန် မရ်ကာစ်ချုပ်သို့ ရောက်ရှိခဲ့သည်။ ယင်း၌ သျှိလ္လာအချို့တိုင် အားထုတ်ကာ အိန္ဒိယနိုင်ငံ နေဇာမိုဒ္ဒိန်း မရ်ကာစ်ချုပ်၌ ပြောင်းလာခဲ့သည်။ နေဇာမိုဒ္ဒိန်း မရ်ကာစ်ရှိ တာဝန်ခံတို့၏ လမ်းညွှန်းချက်ဖြင့် (၁)ကာန်ဒလား (၂)ဆာဟရာန်ပူရ် (၃) ဂင်ဂိုအ (၄) မူဇာပ်ပေါ်ရ်နဂေါ်ရ် (၅) ဂူဂျရာတ် (၆)မူရာတ်အာဘာတ် (၇) ဒေယောဝန် (၈) အာလီဂေါ်ရ် (၉) သာနဘုန် (၁၀) ကာလကတ္တား စသော ဒေသများတွင် သာသနာ့အားထုတ်ကာ တဖန် ပါကစ္စတန် ရိုက်ဝန် မရ်ကာစ်သို့ ရောက်လာသည်။ လအတန် ပါကစ္စတန်သို့ သီတင်းသုံးပြီးနောက် ပြန်တစ်ခါ အိန္ဒိယသို့ သွားရောက်ခဲ့သယ်။ အိန္ဒိယမှတဆင့် ဘင်္ဂလားဒေ့ရ်ှသို့ အပြည်ပြည်ဆိုင်ရာ သဗ်လိဂ် အစည်းအရုံး( ထောင်ဂီ အခ်ျထမာ) နှစ်ပတ်လည် စုဝေးဟောပြောပွဲသို့ တက်ရောက်ခဲ့သည်။ ယင်းမှ ရန်ကုန်သို့ ပြန်လည် ဆိုက်ရောက်လာခဲ့သည်။ ဤခရီးစဉ်သည် ၁၄ လကြာခဲ့လေသည်။
၂၀၀၀ ပြည့်နှစ်တွင် ပြန်တစ်ခါ ဘာသာရေးအားထုတ်မှုအလို့ငှာ နိုင်ငံခြားခရီးစဉ်စတင်ခဲ့သည်။ ရှေးနည်းအတိုင်း ရန်ကုန်၊ ဆော်ဒီ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရ်ှနိုင်ငံများသို့ တနှစ်ကျော်ကျော် သီတင်းသုံးခဲ့သည်။ ဤသို့ဖြင့် အာမီရ်ဆာပ်သခင် မိမိဘဝတလျှောက် များစွာသောနိုင်ငံများသို့ သာသနာ့အလို့ငှာ ခရီးထွက်၍ သီတင်းသုံးခဲ့သည်။
အာမီရ်ဆာပ်သခင်အား ပြုစုကုသပေးသည့် ဆရာဝန်မှာ ဆရာဝန်ယာကုဗ် ဖြစ်သည်။ သခင်နှင့်အတူ နောက်ဆုံး ထွက်သက်အထိ နေခဲ့သည်။
အလ္လာဟ် (ဆဟတ)နှင့် တမန်တော်မြတ်(စွ)အား ကြောက်ချစ် အမိန့်နာခံမှု၏ အကျိုးကျေးဇူး နှင့် ဖီဆန်မှု၏ မဟာဆိုးကျိုးများကို ရောက်လေရာအရပ်၌ ပို့ချပေးရင်း နိဗ္ဗာန်သွားရာ ငြမ်းထူတော်မူခဲ့သည်။ အမီရ်ဆာပ်သခင်သည် သဗ်လိဂ်လမ်းစဉ်နှင့် ပတ်သက်သော စာအုပ်များကိုလည်း ရေးသားခဲ့သည်။
“လူ့ပြည်လောက၊ လူ့ပြည်ရွာမှာ၊ အိုရနာရ၊ သေရတော့မည်၊ မှန်ပေသည် တည်း။” ဆရာဇော်ဂျီက လင်္ကာဖြင့် သတိပေးသွားသည်မဟုတ်လော့။ မရဏ…မရဏ…မရဏတရားသည် မည်သူကိုမျှ မလွှတ်။
كل نفس ذاءكت الموت
သက်ရှိတိုင်း မရဏတရား၏ အရသာကို မုချ မြိန်ရှာရမည်။ (ကျမ်းတော် ကုရ်အာန်)
အာမီရ်ဆာပ်ကြီး(ရမသွ)သည် သာသနာ့တာဝန်အသီးသီးကို နောက်ဆုံး ထွက်သက်အထိ ကျေပွန်ရင်း ၉၉ ပါးသော ရောဂါနှင့် သက်တော် ( ၆၉ )နှစ်တွင် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ စနေနေ့ နံနက် ၁၁း၀၀ နာရီ ၃၅ မိနစ် (မြန်မာနှစ်၊ ဝါခေါင်လ ၁၄ ရက်၊ ၁၃၆၉/ ဟိဂျရီနှစ် ၁၄၂၈ ခု၊ ရဂျဗ်လ ၁၂ ရက် )တွင် မိမိနေအိမ် တောင်ဘာဇားကျေးရွာ၌ အလ္လာဟ်သျှင်မြတ်၏ အမိန့်တော်ခံယူခဲ့ရှာသည်။ (အိန္နာ လိလ္လာဟိ ဝအိန္နာ အီလိုက်ဟိ ရာဂျီအူးန်) အာရ်ကာန်ပြည်မှ ဓူဝံကြယ်သဖွယ် လမ်းပြကြည်တစ်ပွင့် ကြွေလွင့်ခဲ့လေသည်။ အစ်ကိုကြီး မော်လနာ အဗ္ဗဒူရှူက္ကုရ်က နုမာဇ် ဂျာနေဇာ ရှေ့ဆောင် ဝတ်ပြုခဲ့သည်။ ကွယ်လွန်ချိန် သားတော် မော်လနာ မူဟမ္မဒ် ဟာရဲစ်၊ ဂျအိဒ် အာလမ် ဒိန်း တို့ ကျန်ရစ်ခဲ့သည်။ ခမည်းတော်၏ ခြေရာနင်းနေသည်။ အလ္လာဟ် အသျှင်မြတ်တော်သည် အမီရ်ဆာပ်(ရမသွ) သခင်၏ ဂူသင်္ချိုင်းကို နူရ်အလင်း တော်ဖြင့် လင်းလက်ပေးပါစေ…အာမိန်။
![]() |
| ပုံ- အာမီရ်ဆာပ်သခင်၏ မျိုးရိုးစဉ်ဆက်ဇယား |
အာမီရ်ဆာပ် သခင်တွင် သားသမီး (၇)ဦး ထွန်းကားခဲ့သည်။ ၎င်းသားသမီးတို့မှာ-
(၁) မော်လနာ ဟားရဲစ်
(၂) မော်လနာ မိုဟာမွတ်
(၃) မော်လနာ မိုဟာမ္မဒ် အီလီယာစ်
(၄) မော်လနာ မိုဟာမ္မဒ် ယာဟယာဟ်
(၅) မော်လနာ အဗ္ဗဒူလ် မူကီသ်
(၆) ဒေါ်ရူကီးယား
(၇) ဒေါ်ဖာသွေမာဟ် တို့ဖြစ်ကြသည်။
⊙ ပြီးပါပြီ ⊙
ကိုးကား
၁။ အာကာဘေရေ အာရ်ကာန်၊ ရေးသား- ဆရာကြီး မူဟာမတ် ဆီးဒ္ဒီးခ်
၂။ မူဇာဟေ့ရီ သမိုင်း အတွဲ (၂)၊ စာမျက်နှာ (၁၆၈)
၃။ သာစ်ကာရာ အေ ဖော်ယာစ် (ရေးသား- ရှော်ဗ္ဗီရ် အဟ်မတ်)

No comments:
Post a Comment