Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label poetry. Show all posts
Showing posts with label poetry. Show all posts

Tuesday, January 9, 2024

On The Way To Mandalay

 


ဗြိတိသျှ ဝတ္ထုရေးဆရာ၊ ကဗျာဆရာ စာပေနိုဘယ်ဆုရှင် ရုဒ်ယတ် ကပ္ပလင်(၁၈၆၅-၁၉၃၆) က ၁၈၉၀ ပြည့်နှစ်တွင် ရေးဖွဲ့ခဲ့သော ထင်ရှားသော ကဗျာတစ်ပုဒ်ဖြစ်သည်။ ကဗျာဆရာ၏ ငယ်ဘဝကို အိန္ဒိယ၌ ဖြတ်သန်းခဲ့သည်။ ထို့ကြောင့် ဗမာပြည်နှင့် သိကျွမ်းရင်းနှီးသည်။


ဤ "မန္တလေးဆီသို့" ကဗျာကို ၁၈၉၂ ခုနှစ်တွင် ထုတ်ဝေခဲ့သော   Barrack-room Ballads ကဗျာစာအုပ်မှ ထုတ်နုတ်ထားသည်။ မူရင်းကဗျာခေါင်းစဥ်မှာ "မန္တလေး" သာဖြစ်သည်။ မန္တလေးဆီသို့ ခေါင်းစဥ်ဖြင့်လည်း လူသိများသည်။ ကဗျာတွင် ဗမာပြည်ရောက် ဗြိတိသျှအရှေ့ဖက်စွန်းစစ်သားတစ်ဦးက ဗြိတိန်မှနေ၍ ဗမာပြည် မင်းနေပြည်တော်၌ ချစ်ကျွမ်းဝင်ခဲ့သော သူ့ချစ်သူ ဗမာမလေးကို လွမ်းဆွတ်တမ်းတနေသော မေတ္တာဇာတ်လမ်းကို ဗမာပြည်၏ ရေမြေသဘာဝပေါ်လွင်အောင် ဖွဲ့ဆိုထားသည်။ 

On The Way To Mandalay


By the old Moulmein Pagoda, lookin' lazy at the sea,

There's a Burma girl (broad) a-settin', and I know she thinks o' me;

For the wind is in the palm-trees, and the temple-bells they say:

"Come you back, you British soldier; come you back to Mandalay!"

    Come you back to Mandalay,

    Where the old Flotilla lay:

    Can't you 'ear their paddles chunkin' from Rangoon to Mandalay?

    On the road to Mandalay,

    Where the flyin'-fishes play,

    An' the dawn comes up like thunder outer China 'crost the Bay!


'Er petticoat was yaller an' 'er little cap was green,
An' 'er name was Supi-yaw-lat — jes' the same as Theebaw's Queen,
An' I seed her first a-smokin' of a whackin' white cheroot,
An' a-wastin' Christian kisses on an 'eathen idol's foot:
    Bloomin' idol made o'mud —
    Wot they called the Great Gawd Budd —
    Plucky lot she cared for idols when I kissed 'er where she stud!
    On the road to Mandalay . . .


When the mist was on the rice-fields an' the sun was droppin' slow,
She'd git 'er little banjo an' she'd sing "~Kulla-lo-lo!~"
With 'er arm upon my shoulder an' 'er cheek agin' my cheek
We useter watch the steamers an' the ~hathis~ pilin' teak.
    Elephints a-pilin' teak
    In the sludgy, squdgy creek,
    Where the silence 'ung that 'eavy you was 'arf afraid to speak!
    On the road to Mandalay . . .


But that's all shove be'ind me — long ago an' fur away,
An' there ain't no 'busses runnin' from the Bank to Mandalay;
An' I'm learnin' 'ere in London what the ten-year soldier tells:
"If you've 'eard the East a-callin', you won't never 'eed naught else."
    No! you won't 'eed nothin' else
    But them spicy garlic smells,
    An' the sunshine an' the palm-trees an' the tinkly temple-bells;
    On the road to Mandalay . . .


I am sick o' wastin' leather on these gritty pavin'-stones,
An' the blasted Henglish drizzle wakes the fever in my bones;
Tho' I walks with fifty 'ousemaids outer Chelsea to the Strand,
An' they talks a lot o' lovin', but wot do they understand?
    Beefy face an' grubby 'and —
    Law! wot do they understand?
    I've a neater, sweeter maiden in a cleaner, greener land!
    On the road to Mandalay . . .


Ship me somewheres east of Suez, where the best is like the worst,
Where there aren't no Ten Commandments an' a man can raise a thirst;
For the temple-bells are callin', an' it's there that I would be —
By the old Moulmein Pagoda, looking lazy at the sea;
    On the road to Mandalay,
    Where the old Flotilla lay,
    With our sick beneath the awnings when we went to Mandalay!
    On the road to Mandalay,
    Where the flyin'-fishes play,
    An' the dawn comes up like thunder outer China 'crost the Bay!

By Rudyard Kipling







Sunday, September 17, 2023

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ

 

နှိုးစက်ခေါင်းလောင်း (သို့) "မိုး" ကဗျာ


လစ်ဗျားကဗျာဆရာ မုန်တိုင်းကြောင့် မသေဆုံးမီ Derna မြို့ ရေလွှမ်းမိုးမှုအန္တရာယ်ကို သတိပေးခဲ့တဲ့ ကဗျာအကြောင်း။

မကြာမီ တိုက်ခတ်သွားတဲ့ ဒယ်နီယဲလ်မုန်တိုင်းကြောင့် မြေထဲပင်လယ်ကမ်းစပ်ရှိ ဒရ်နာဆိပ်ကမ်းမြို့ တစ်ခုလုံးပျက်စီးသွားကာ အနိဋ္ဌာရုံဖြစ်သွားရတဲ့ သဘာဝဘေးအန္တရာယ်ကို လစ်ဗျားနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးထကြွလှုပ်ရှားသူ ကဗျာဆရာ မုစ်တာဖာ အလ် တရာဘေလ်ဆီ (Mustafa al-Trabelsi) က ကဗျာတစ်ပိုဒ်ဖြင့် သတိပေးနှိုးဆော်ခဲ့တယ်။ သူကဗျာရေးဖွဲ့ပြီးနောက် ရက်ပိုင်းတွင် ဘေးအန္တရာယ်ကျရောက်လာတာဖြစ်တယ်။ 


ပိုပြီးတော့ ရင်နာစရာကောင်းတာက ရေလွှမ်းမိုးမှုအတွင်း သေဆုံးသွားတဲ့သူတွေထဲမှာ ကဗျာဆရာ Mustafa al-Trabelsi လည်း ပါဝင်ပါတယ်။ သူရေးဖွဲ့ခဲ့တဲ့ The Rain ကဗျာကို ဆိုရှယ်မီဒီပေါ်မှာ ဒရ်နာမြို့နဲ့ လစ်ဗျားနိုင်ငံတဝှမ်း လူတိုင်းက နာကျင်မှုတဖက်ဖက်နဲ့ မျှဝေနေကြတယ်။ ကဗျာဆရာဟာ ကဗျာမရေးမီ ရက်ပိုင်းအလို စက်တင်ဘာ ၆ ရက်တွင် ရေကြီးမှုအန္တရာယ်နှင့် ဆည်တာတမံများရဲ့ အခြေအနေတို့ကို ဆွေးနွေးရန် Derna House of Culture တွင် တွေ့ဆုံပွဲ တက်ရောက်ခဲ့တယ်။ ကဗျာဆရာရဲ့ အချက်ပေးသံကို အာဏာပိုင်တွေက မကြားယောင် ဟန်ဆောင်ခဲ့တဲ့အတွက် ယခုလို ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ ဝမ်းနည်းပူဆွေးသံ၊ သားပျောက်သမီးပျောက် မိသားစုပျောက် အသံတွေ ပြန်လည်ရိုက်ဟည်းသွားတာလို့ မြို့ခံအချို့က ဆိုပါတယ်။ 


သူ့ကဗျာက ခပ်တိုတိုလေးပါ။ ဒါပေမဲ့ နက်ရှိုင်းတယ်။ အာဏာပိုင်နဲ့ တိုင်းသူပြည်သားအတွက် သတင်းစကားဖြစ်တယ်။ ဖတ်ကြည့်ရအောင်......


မိုး


ဖော်ထုတ်ပေးတယ်လေ

ရွဲရွဲစိုနေတဲ့လမ်းတွေ

လိမ်လည်လှည်ဖျားခဲ့တဲ့ ကန်တရိုက်တာနဲ့

မအောင်မြင်တဲ့ တိုင်းပြည်ကိုပေါ့လေ။


အရာရာကို ဆေးကြောပေးတယ်

ကျေးငှက်တွေရဲ့ တောင်ပံအစ

ကြောင်တွေရဲ့ အမွေးအထိပေါ့။


ဆင်းရဲသားတွေကို သတိရစေတယ်

သူတို့ရဲ့ မခိုင်ခံတဲ့ခေါင်မိုးတွေနဲ့

အဝတ်စုတ်တွေကိုပေါ့။


တောင်ကြားချိုင့်တွေကို နိုးထစေတယ်

သူတို့ရဲ့ ပျင်းဖွယ်ဖုန်အုပ်ကို ခါချပေးတယ်

ခြောက်ကပ်နေတဲ့ ကြေးညှော်တွေကိုပေါ့။


မိုးဟာ

ကောင်းမှုကုသိုလ်ရဲ့ သင်္ကေတ

အကူအညီရဲ့ ကတိနဲ့

အချက်ပေးခေါင်းလောင်းပေါ့ကွယ်။


— မုစ်တာဖာ အလ် တရာဘလ်ဆီ

.....


မုန်တိုင်းကျတဲ့ည ၇း၄၄ နာရီတွင် ကဗျာဆရာမုစ်တာဖာဟာ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ “ မြင်ကွင်းတွေက ကြောက်စရာကောင်းတယ်။ ဘေးအန္တရာယ်တစ်ခုအထိ တိုးလာနိုင်တယ်။ ငါတို့က အချက်အလက်မှလွဲလို့ ဘာမှမရှိတဲ့ အကျင့်ပျက်အာဏာရှင်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ ပြင်ဆင်ထားပြီးလို့ပဲ အတပ်ပြောတယ်။ တကယ်တမ်းတော့ ဘယ်ကိရိယာတန်ဆာပလာမှ မပါရှိဘဲ ကယ်ဆယ်ရေးအဖွဲ့တွေ အနည်းငယ်လောက်သာရှိတယ်။"

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့ အကျပ်အတည်းတိုင်းမှာ၊ ကျရှုံးတဲ့တို့တိုင်းပြည် ပျက်ကွက်နေချိန်မှာ သူတို့ဟာ စစ်မှန်တဲ့ စေတနာနဲ့ ပါဝင်ခဲ့တဲ့ အဖွဲ့အစည်းတွေအဖြစ် သက်သေပြတဲ့ the Scouts၊ the Red Cresent နဲ့ စေတနာ့ဝန်ထမ်းတွေကို ဘုရားသခင်က ကာကွယ်ပေးပါစေ။ ငါတို့ ချစ်တိုင်းပြည်တစ်ဝှမ်းရှိ မိသားစုများကို ဘုရားသခင် ကူညီနိုင်ပါစေ။”

ည ၉း၃၇ နာရီတွင် သူရေးသားခဲ့သည်ကား– “ဤခက်ခဲတဲ့အခြေအနေတွင် ကျွန်ုပ်တို့မှာ တစ်ယောက်ကို တစ်ယောက် အားကိုးရမှာဖြစ်တယ်။ ရေနစ်တဲ့အထိ အတူတူရပ်တည်ကြရအောင်။"

ဒါက ကဗျာဆရာ မုစ်တာဖာ အလ် တရာဘလ်ဆီရဲ့ နောက်ဆုံး ပို့စ်ဖြစ်ပါတယ်။ 

လမ်းတွေပေါ်မှာ အသက်ရှင်နေတဲ့လက္ခဏာတွေကို ရှာဖွေတွေ့ရှိတဲ့အခါ စိတ်လှုပ်ရှားသံတွေနဲ့ အော်ဟစ်လေ့ရှိပေမဲ့ အပျက်အစီးတွေကြားက တိတ်ဆိတ်ငြိမ်သက်မှုတွေ၊ ရွှံ့ထဲက အလောင်းတွေ ရှာဖွေတွေ့ရှိမှုက ရံဖန်ရံခါ နာကျင်စေတယ်လို့ The Rain ကဗျာကို ဘာသာပြန်ခဲ့သူ ကဗျာဆရာ Khaled Mattwa က ဆိုပါတယ်။ 

ဒီဒယ်နီယဲလ်မုန်တိုင်းကြောင်း ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရယ်က ဒရ်နာမြို့ရှိ ဆည်တာတမံ နှစ်လုံး ပေါက်ကွဲမှုကြောင့် အပျက်အစီး၊ အသေအပျောက်များခဲ့ရတယ်လို့ သိရတယ်။ လူပေါင်း ၁၁၀၀၀ ကျော် သေဆုံးကာ ၄ သောင်းကျော်လောက် နေရပ်ပြောင်းရွှေ့ရတယ်။ ၁ သောင်းကျော်လောက် ယခုထိ ပျောက်ဆုံးနေကြောင်း ကနဦးသတင်းများအရ သိရသတဲ့။ 


— လူထုဝဏ္ဏ

(၁၆-၉-၂၀၂၃)


ကိုးကား-

The Guardian News



Monday, August 21, 2023

Aillá Sang Gór (Rohingya Classical Song)


Aillár Sang Gór


Obairé...

Dukke chúkke rait fuwái, biina soore biilot zai

Fukor beil guá fosímót zargoi batór dahá nái


Ailla giyé hál soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


Girós taito bor gorot, ailla taito sang gorot

Teppér teppér zóror fuçá forer sang gorot


Obairé...

Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.



ဒီရှေး ရိုဟင်ဂျာတေးကျတော့ တောင်သူလယ်သမားတွေဘဝကို ဖော်ကျူးထားတဲ့ တေးဖြစ်ပါတယ်။ ဒီရုပ်သံမှ စာပိုဒ်အချို့ကိုပဲ ကောက်နုတ်ဖော်ပြထားတာဖြစ်ပါတယ်။ တောင်သူလယ်သမားတွေဘဝ ဘယ်လောက်ထိ ညှိုးငယ်စွာဖြတ်သန်းရသလဲဆိုတာကို ဖွဲ့ဆိုထားပါတယ်။ လယ်ပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ထက်အောက်ခွဲခြားဆက်ဆံရေးကို ထင်ဟပ်စေပါတယ်။ 

ဒီတေးတွင် တေးရှင်က လယ်ခင်းယာခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေက ညအချိန်ကို ခက်ခက်ခဲခဲ ကျေ်ာလွားပြီး မနက်စောစော လယ်ကွင်းထဲရောက်ရတာနဲ့ အစပြုပါတယ်။  

Dukké chukké rait fuwai, biina soore biilot zai

Fukor beil guá fosímót zargoi bat órr dahá nái

လယ်လုပ်သားတစ်ယောက်ဟာ ညအချိန်ကို ခက်ခက်ခဲခဲကျော်လွှားပြီး မနက်မိုးလင်းတာနဲ့ လယ်ကွင်းထဲ ဆက်ဆက်ရောက်ရပါတယ်။ 

အရှေ့ဖက်က နေမင်းကြီး အနောက်ဖက်ကို ရောက်နေတယ်။ ဒါပေမဲ့ ထမင်းကျတော့ မမြင်ရသေးဘူး" လို့ ညည်းညူထားပါတယ်။

ဒီစာပိုဒ်မှာ ညအချိန်ကို ဆင်းဆင်းရဲရဲ ဖြတ်ရတယ်ဆိုတာက လယ်လုပ်သားတွေဟာ နေ့အချိန်တွင် အလုပ်ပင်ပန်းတာမို့ ညကျတော့ အဆစ်တွေနာ၊ ဒူးတွေခါးတွေ ညောင်းနာနဲ့ တစ်ကိုယ်လုံး ကိုက်ခဲကာ အိပ်မရဖြစ်နေရတယ်။ တဖက်က မိမိအိမ်ကို စွန့်၍ အလုပ်ရှင်အိမ်မှာ နေရတာမို့ အိမ်ကိုလည်းလွမ်းရတယ်။ မိသားစုတွေကိုလည်းလွမ်းရတယ်။ တခြားကလေးတွေလို ကခုန်ကစားဖို့ အချိန်မရှိဘူးလေ။ ဒါနဲ့ တစ်ညလုံး ဟိုဟိုဒီဒီ စိတ်ရောက်ရင်း ညတာကို ကုန်ဆုံးရတယ်။ ဒါကို rait fuwái အိပ်ရေးပျက်လို့ သုံးနှုန်းထားတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်ခွင်ကို သုတ်ခြေတင် ပြေးရောက်ရတယ်။ အဲဒီမှာ တနေ့ကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ရပြီးတော့ ထမင်းစားရတာလည်း ချိန်မမှန်ပါဘူး။ ညစောင်းမှတဲ့။  လယ်ပိုင်ရှင်က အလုပ်သမားတွေဆီက အလုပ်ပဲလိုချင်ကြတာ။ သူတို့ရဲ့ ဝမ်းရေးအကြောင်းကို ဂရုမစိုက်ဘူး။ ထမင်းပို့ချင်တဲ့အချိန် ပို့ပေါ့။ လယ်ခင်းတွင် အလုပ်လုပ်ရတဲ့ လယ်လုပ်သားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ပေါ်လွင်အောင် ဖွဲ့ဆိုထားတယ်။ 


ဒုတိယ စာပိုဒ်မှာတော့…

Ailla giyé hal soitó, girós giyé sóñg goittó

Foror fuwa ailla boli hotó duk dito


လယ်အလုပ်သမားဟာ လယ်ထွန်ဖို့ အလုပ်ခွင်ဆင်းနေတဲ့အချိန်မှာ ပိုင်ရှင်က သူတို့ကို စောင့်ကြည့်ဖို့အတွက် ရောက်လာကြတယ်။ မိမိရဲ့ သွေးသားမဟုတ်တဲ့အတွက်ကြောင့် အလုပ်ကို ဖိဖိစီးစီးခိုင်းစေတယ်။ 


ဆိုလိုတာက အလုပ်သမားတွေ လယ်ထဲဆင်းပြီး ထွန်ယက်နေချိန်တွင်  အထက်က ပိုင်ရှင်ရဲ့ ဖိအားကလည်း ထမ်းရွက်နေရတယ်။ မိမိရဲ့ သွေးသား မဟုတ်တာကြောင့် စာနာထောက်ထားမှုဆိုလို့ တစ်စုံတစ်ရာ မထားဘဲ စိတ်လိုရာ ခိုင်းစေတယ်။ အလုပ်သမားတွေ ပင်ပန်းနေသလား၊ ဗိုက်ဆာနေသလား ထောက်ထားမှုမရှိဘူးပေါ့။


တတိယအပိုဒ်မှာတော့…

Girós taito bor górot, ailla taito sang górot

Teppér teppér zóror fuçá forer sang górot


လယ်ပိုင်ရှင်က အိမ်ကြီးကြီးမှာ နေပြီးတော့ အလုပ်သမားတွေကိုကျတော့ တဲအိမ်မှာပဲ နေစေတယ်။ တဲခေါင်းမိုးမှ မိုးယိုလို့ အိပ်ရေးပျက်ရတယ်။  

ဒီစာပိုဒ်က လယ်အလုပ်သမားတွေရဲ့ ဘဝသနားဖွယ်ရာတွေရပါတယ်။ လယ်ပိုင်ရှင်က အမိုးအကာ ကောင်းမွန်ခိုင်မာတဲ့ အိမ်ကြီးကြီးမှာ နေပြီးတော့ လယ်လုပ်သားတွေကိုကျတော့ တဲအိမ်တွေမှာနေစေတယ်။ သူ့အိမ်ရဲ့ ဝရန်တာလောက်မှာတောင် နေခွင့်မပြုဘူး။ ခွဲခြားဆက်ဆံကြတယ်။ လယ်လုပ်သားတွေကို ပေးထားတဲ့တဲအိမ်ကလည်း အမိုးအကာ မလုံခြုံပါဘူး။ မိုးရွာရင် အိမ်ထဲ မိုးယိုကျတယ်။ တစ်နေ့ကုန် လယ်၌ ပင်ပန်းအလုပ်လုပ်နေရတဲ့ လယ်လုပ်သားတွေ ညအခါတောင် ချမ်းသာခွင့်မရဘူး။ ဒုက္ခခံရပြန်တော့တယ်။ 

နောက်ဆုံးအပိုဒ်ကတော့ …


Neke muke bat goijjé, Fól gasot lé fól doijjé

Foror fuwa ailla boli taalash nogore.


လယ်ပိုင်ရှင် မိသားစုမှာ သမီးသမက်လာလည်တဲ့အခါ စားပွဲတွေ ခမ်းခမ်းနားနား လုပ်လေ့ရှိတယ်။ ယာခင်းမှာလည်း သစ်လွင်စ အသီးအနှံတွေ ထွက်လာတယ်။  ဒါပေမဲ့ သူတပါး သားဖြစ်တဲ့ လယ်လုပ်သားကို အဲဒီ စားပွဲရွှင်ပွဲတွေမှာ သတိမရကြဘူး။ 


ဒီစာပိုဒ်မှာ ဆင်းရဲလယ်လုပ်သား ရင်ဖွင့်ထားတာက သူတို့ရဲ့ လုပ်အားမှ ဖြစ်ထွန်းလာတဲ့ အသီးအနှံ့တွေကို သစ်လွင်စ သုံးဆောင်ဖျော်ဖြေချိန်တွင် သူတို့ကို သတိမရကြဘူး။ လယ်ပိုင်ရှင်မိသားစုပဲ ဖျော်ဖြေကြတာတယ်။ လယ်ယာမှ အသီးအနံ့စထွက်လာတဲ့အခါ လယ်သမားမိသားစုတွေ ပျော်ပွဲရွှင်ပွဲ၊ မုန့်၊ ထမင်းဖိတ်ကျွေး ပြုလုပ်တဲ့ ဓလေ့ရှိတယ်။ အဲဒီ ပျော်ပွဲရွှင်ပွဲတွေမှာ လယ်လုပ်သားတွေ ပါဝင်ခွင့်မရှိဘူး။ ဆင်းရဲသား လယ်လုပ်သားတွေဟာ သစ္စာရှိရှိ မိမိတာဝန်ကို ကျေပွန်ကြပေမဲ့ လယ်ရှင်သူဌေးတွေကသာ ချမ်းသာခွင့်ကို ပိုင်ဆိုင်ထားတယ်လို့ တညည်းတညူဖွင့်ဆိုထားတာ ဖြစ်ပါတယ်။


ဤအိုက်လ္လာရ် ဆင်ဂေါ်ရ် တေးကဗျာတွင် ဆင်းရဲသား လယ်လုပ်သားတို့ရဲ့ သနားဖွယ်ကောင်းသောဘဝနဲ့ ရိုးရှင်းတဲ့ စိတ်ဓာတ်အပြင် အာရကန်ပြည်ရဲ့ ရိုးရာဓလေ့ကို ကြည်လင်ပြတ်သားစွာ တွေ့မြင်ရပါတယ်။



_လူထုဝဏ္ဏ

(၂၀-၈-၂၀၂၃)





Wednesday, July 19, 2023

ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး


"ဆယ့်နှစ်လရာသီ ရွာသွန်းတဲ့မိုး"


လွတ်လပ်သာယာတဲ့ ကောင်းကင်အောက်မှာ

ကျွန်သပေါက်ဘဝ မကျွတ်သေးတဲ့ပြည်

အာဇာနည်စဉ်လာ မပျောက်သေးဘဲ

အသက်လေးဇီဝန် ဆက်တိုက်ကြွေနေတဲ့မြေ

မျိုးချစ်ပွေငမိုက်သားတွေရဲ့ ပယောဂစွေ

ချာချာလည်ပတ်နေတဲ့ သွေးယိုလွန်ဆွဲပွဲ 

ဆယ့်ကိုးမည်းဇူလိုင်မိုး လရက်တိုင်းမှာကွယ်

ဘဝင်ဆိုင်းအုံ့မှိုင်းမှိုင်း ရွာသွန်းနေတဲ့ပြည်

သွေးဆွေးနံ့သန်းတဲ့ ရာဇဝင်စာမျက်နှာကြီးတွေ 

ပြောက်ကျိပြောက်ကျား အလောင်းပန်းချီနဲ့ခြယ် 

ဒဿဂီရီမင်းထလုပ်လို့ မိုးကူးလည်မစဲ

မျက်ရည်ချိန်ကြီးလွှမ်းလို့ ရုန်းမထွက်အောင်ပ

အဓမ္မကိုဖီဆန်ရင်း ဇာနည်ဘွဲ့နဲ့နစ်ကြလေတဲ့။


— ရိုးချေ

(၁၉ ဇူလိုင်၊ ၂၀၂၃)


 ပုံ- ၁၉၄၇ ခု အူရ်ဒူသတင်းစာတစ်ခုတွင် ဖော်ပြထားတဲ့ "ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ခေါင်းဆောင်ကြီးများ လုပ်ကြံခံရတဲ့" သတင်း

Sunday, June 25, 2023

ရှေးစကားရွှေအလား (၉)

 


ရှေးစကားရွှေအလား (၉)


Fañs khora ye Morot, fañs khora ye Miyala

Háñzi finí beçi, thonthon mónthon beça.


ဤ တိုတောင်းသည့် ရှေးဆိုရိုးလင်္ကာသည် အလွန်တန်ဖိုးရှိသော ရိုဟင်ဂျာတို့၏ အစဉ်အလာ ရိုးရာဝတ်စားဆင်ယင်ပုံနှင့် အမျိုးသား၊ အမျိုးသမီးတို့၏ ဂုဏ်ကိုဖော်ကြူးထားခြင်းဖြစ်သည်။ လင်္ကာတိုက်ရိုက်အဓိပ္ပာယ်ကား

" အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသား၊ အဝတ်အင်္ဂါ (၅) ခုနှင့် အမျိုးသမီး၊ လှပဆင်ယင် အမျိုးသမီး ကျက်သရေဆောင်၊ ထွားထွားကျိုင်းကျိုင်း အရပ်အမောင်းကောင်း ယောက်ျားမြတ်သည်ပင်" ဟူ၍ ဖြစ်သည်။

ဝတ်စားဆင်ယင်ပုံနှင့် ပတ်သတ်၍ ရိုဟင်ဂျာတို့က Fañs khora ဟု သုံးကြသည်။ အဝတ်အစား အင်္ဂါရပ် ငါးခု ဆိုလိုခြင်းဖြစ်သည်။ အမျိုးသားရော အမျိုးသမီးပါ အဝတ်အစားမှာ အင်္ဂါရပ် ငါးခုစီ ရှိသည်။ ရှေးရိုးစဉ်လာ ရိုဟင်ဂျာရိုးရာအဝတ်အစားဆိုလျှင် ဤအင်္ဂါရပ် ၅ ခုနှင့် ပြည့်စုံရမည်။ 

အမျိုးသားများ၏ အဝတ်အစား အင်္ဂါရပ်ငါးခုမှာ 

၁) အင်္ကျင်္ီ (ဘာဇူ)၊ 

၂) ပုဆိုး (ဟိုင်းလော့)၊ 

၃) ဦးထုပ် (တိက္ကာ)၊ 

၄) ခေါင်းပေါင်း  (ဖော်ရီ)၊ 

၅) အပြင်ခံအင်္ကျီ (ဆော့ဒေါရီယား) တို့ဖြစ်ကြသည်။ 

အမျိုးသမီးများ၏ အဝတ်အစား အင်္ဂါရပ် ငါးခုမှာ 

၁) အင်္ကျီ(ဆူလိ)၊ 

၂) ထဘီ (ထားမီ)၊ 

၃) ရင်ဖုံးချာ (ဘုခ်ဘောန်)၊ 

၄) ခေါင်းခြုံပုဝါ (နုမ္မာလ်)၊ 

၅) တဘက် (ဆာဒ္ဒေါရ်)တို့ဖြစ်ကြသည်။ 

ယနေ့ခေတ်တွင် ဆာဒ္ဒေါရ် အစား ဘိုရ်ခါ ဝတ်ဆင်ကြသည်။ ဘုခ်ဘောန် အသုံးက ပျောက်ကွယ်သွားသည်။ ခေတ်အလျောက် အပြောင်းအလဲများ ရှိနေသော်လည်း Fañs Khora စကားအသုံးက ရှိနေဆဲဖြစ်သည်။ ရိုဟင်ဂျာမင်္ဂလာဆောင်ပွဲများမှာ သတို့သားမိဘက သတိုးသမီးကိုလည်းကောင်း၊ သတို့သမီးမိဘက သတို့သမီးကိုလည်းကောင်း အပြန်အလှန် Fañs khora ပေးရလေ့ရှိသည်။ 

ထိုကဲ့သို့ အဝတ်အစား ပြည့်ပြည့်စုံစုံ ဝတ်ဆင်ကာ အလှအပအဆောင်အယောင်ကြောင့် ကျက်သရေရှိသော မိန်းမ(ကတော်) ဖြစ်လာကြောင်း၊ အမျိုးသားများသည် အဝတ်အစား ပြည့်စုံရသည့်အပြင် အရပ်အမောင်း ထွားထွားကျိုင်းကျိုင်းဖြင့် ယောက်ျားကောင်း ဖြစ်လာကြောင်း ရှေးရိုဟင်ဂျာတို့၏ သဘောထားအမြင်ကို လင်္ကာတစ်ပိုဒ်ဖြင့် သီကုံးထားခြင်းဖြစ်သည်။ 

ရှေးရိုးစဉ်လာ ရိုဟင်ဂျာ အမွေအနှစ်များကို ရှာဖွေဖော်ထုတ်၍ ရိုဟင်ဂျာ စာပေယဉ်ကျေးမှုအနုပညာတို့ကို ထိန်းသိမ်းကြပါစို့။ (ရိုဟင်ဂျာရိုးရာဝတ်စားဆင်ပုံကို အောက်ပါဆောင်းပါးတွင် အသေးစိတ် ဖတ်ရှူလေ့လာနိုင်ပါသည်)

- ရိုဟင်လေ

(၂၆ - ၆ - ၂၀၂၃)

Click Here to Read ရိုဟင်ဂျာဝတ်စားဆင်ယင်ပုံ


Tuesday, May 2, 2023

ပူရ်နီစန္ဒြာ (Purni Sandra )

 


ပူရ်နီစန္ဒြာ Purni Sandra (လပြည့်စန္ဒာ)


ဒီ ပူရ်နီစန္ဒြာ ကဗျာဟာ မြောက်ဦးခေတ် နန်းတွင်းစာဆိုတော် အာလာဝလ်က ရေးဖွဲ့ခဲ့တဲ့ ပဒုမ္မာဝတီ လက်ရှည်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ သတိုးမင်းတရားရဲ့ ဂုဏ်တော်ဘွဲ့ ကဗျာတစ်ပုဒ် ဖြစ်တယ်။

ကဗျာဆိုလိုရင်းကတော့-

  • စာဆိုအာလာဝလ်က ကဗျာအစတွင် ဆလိမ်ရှားမင်းရဲ့ မင်းမျိုးမင်းဆက်တွေ ပျက်စီးခံရပြီးနောက် နရပတိကြီး နန်းတက်လာခဲ့တဲ့အကြောင်းနဲ့ အစပြုထားတယ်။
  • နရပတိကြီး စိုးစံခဲ့တဲ့ကာလက အလွန့်ကို ပျော်ရွှင်ဖွယ်ကောင်းခဲ့တယ်။ အဲဒီနေ့ရက်တွေကို နှိုင်းယှဥ်ပြစရာတောင် မရှိဘူးလို့ စာဆိုက တအံ့တသြ ဖော်ပြခဲ့တယ်။ အဲဒီ သာယာပျော်ရွှင်တဲ့ အခိုက်အတန်လေးကို ခေတ်ပျက်က ပျက်စီးယူဆောင်သွားခဲ့လေတယ်။

  • နရပတေးကြီးမှာ သားတော် တစ်ပါးနဲ့ သမီးတော်တစ်ပါး ဖွားတော်မူခဲ့တယ်။ သူတို့ရဲ့ အိမ်ထောင်ရေးရာလည်း အလွန်သာယာခဲ့တယ်။ အဲဒီသားတော်ဟာ နောင်တွင် နန်းဦးနန်းကိုင်ထိန်း မင်းတစ်ပါးဖြစ်လာမယ့် နိမိတ်ကောင်းရှိတယ်။

  • ခမည်းတော် နတ်ရွာစံတဲ့အခါ သားတော် နန်းတက်ကာ အရိုက်အရာ ဆက်ခံခဲ့တယ်။ နတ်မင်းကြီးတောင် သူ့ကို မြင်လို့ တရှက်တကိုးဖြစ်ရလောက်အောင် ဘုံဂုဏ်မြင့်မြတ်သူ ဖြစ်တယ်။

  • နာမတော်ကတော့ သတိုးမင်းတရားတဲ့။ ရုပ်နဲ့ဂုဏ်နဲ့ ပြိုင်ဘက်ကင်းတယ်။ ဉာဏ်ပညာ ထူးကဲတဲ့အပြင် ဘုန်းကံကလည်း အံ့ဖွယ်လောက်အောင် ကောင်းလှတယ်။

  • လှပတဲ့သူ့မျက်နှာတော်ကို ရှုမြင်ရသူ ရွှင်လန်းစေတယ်။ လပြည့်ညက စန္ဒာနဲ့ ခွဲခြားလို့မရနိုင်လောက်အောင် လှပတဲ့ရုပ်ရည်ကျက်သရေပိုင်ရှင်လို့ စာဆိုက စာပန်းချီနဲ့ ဖော်ကျူးထားတယ်။


ဒီကဗျာမှာ စာဆိုတော်အာလာဝလ်က အာရကန်နန်းတွင်း ရာဇဝင်အကြောင်းအရာတစ်ခုကို စပ်ဆိုထားတာတွေ့ရပါတယ်။ တတိယမြောက်ဦးခေတ် ဆလိမ်ရှားခေါ်  မင်းရာဇာကြီး (၁၅၅၇-၁၆၁၂) နောက်ပိုင်း မြောက်ဦးနန်းဆက် မတည်မငြိမ်ဖြစ်လာခဲ့တယ်။ သူ့ကိုငါသတ် ငါသာလျှင် မင်းမြတ် ဆိုတဲ့အယူနဲ့ လုပ်ကြံသတ်ဖြတ်မှုတွေ များလာတော့ အုပ်ချုပ်ရေးယန္တရားက ပပျက်လာခဲ့တယ်။ ဒါက မြောက်ဦးနိုင်ငံတော် ဆုံးရှုံးရမယ့် နိမိတ်ပေါ့။ အဲ့ဒီကြားက နရပတိမင်းရဲ့အရိုက်အရာကို ဆက်ခံခဲ့တဲ့ သတိုးမင်းတရား (နႏ်းသက် ၁၆၄၅-၁၆၅၂)ရဲ့ ဂုဏ်တော်ဘွဲ့လင်္ကာကို စပ်ဆိုထားခြင်း ဖြစ်တယ်။ မြောက်ဦးနန်းခေါ် မြို့ဟောင်းဟာ ၁၇၈၄ ခု မဟာသမ္မတရာဇာလက်ထက်မှာ ကျဆုံးခဲ့လေတယ်။

* စာဆိုတော်က  သတိုးမင်းတရားရဲ့ ဂုဏ်တော်ဖွဲ့ကလက်ာမှာ သတိုးမင်းတရားကို နရပတိရဲ့ သားတော်အဖြစ်ဖော်ပြခဲ့တယ်။ စာဆိုတော်ရဲ့ အခြားလက်ာတစ်ပုဒ်မှာ သတိုးမင်းကို နရပတိမင်းရဲ့တူတော်ရင်းလို့ ဖော်ပြထားတာတွေ့ရပါတယ်။


_ လူထုဝဏ္ဏ


Ref: Patmavati By Alaol

Saturday, March 25, 2023

မိန်းလိုက်ဖိ.... မချေ

 


မိန်းလိုက်ဖိ.... မချေ


မျဉ်းပြိုင်နှစ်ခု 

အတူတူ ခရီးနှင်ကေလဲ့သော့်

ဆုံဖို့အမှတ်ကား မဟိမနား


ဟုတ်ယင့်… ငါ့ရို့လျှောက်ခစွာလမ်းက 

မျဉ်းပြိုင်မဟုတ်

တစ်နိရာစီက နိပီးကေ

ကန့်လန့်ဖြတ် ဦးတည်လာခစွာ

ထောင့်ဖြတ်မျဉ်း နှစ်ခုဝေ


အမှတ်တစ်ခုမာ 

အိပ်မက်မိုးတိမ် တကွက်ကွက်နဲ့

မေတ္တာရီရွာသွန်း လုလု

တနားချေ ဆုံခပနာ

ဖြတ်ထွက်လားခရေ 

မျဉ်းချေနှစ်ခုဖြိုက်နိယင့်


နီပူတိုက်ချေလို့

မိုးတိမ်လိပ်ပျောက်ရေခါ

ဦးတည်ချက်ကိုယ်စီနန့်

ကျိန်စာသင့် ရာဟုလမ်းပိုင်

လှမ်းမမီအောင် ဝီးလို့ဝီးလို့ လားနီဗျာယ်။


ဆုံမှတ်ချေမာ လန်းဆန်းခစွာ အချိန်ချေတိကို

ခွန်အားအဖြိုက် ထုတ်သုံးပနာ

ကံကကြမ္မာလားလမ်းကို လက်ခံပီးလိုက်ဖိဝေ

မချေ… မပိုင်ဆိုင်ရေ အိပ်မက်ဘောက်သာနန့်

အရာ တဆာဆာ မမျှော်လိုက်ကတ်ဖိ

သဲပြင်မာ လီတိုက်လို့ ပျောက်လားခရေ

ဝတ္တုချေပိုင် မိန်းလိုက်ဖိဝေ…



ရိုးချေ

(၁၄-၃-၂၀၂၃)





Wednesday, January 4, 2023

Añáré Sinno dic Alok



 Añáré Sinno dic Alok

—————————--—

Kii...!

   Añár sinno búzai

   añàr zuban bodoli

Añar rosómór gírá faldai

tor tale tale tal ditam


   Ah...

   Foror górót sarak zolai 

   añár sarak nifáitám bolé


Añr foranor bahol bodolibár nái

Añr zobinor rosí síríbar nái


Añí morilé lekídíc añr kuwalot

Añi Ruwaingá boli sinnodic alok.


—RK


#RK_PoetryCollection


Wednesday, August 31, 2022

အဆုံးသတ်ကတ်မေ

 



အဆုံးသတ်ကတ်မေ


မိတ်ဆွေ…

ပိန်းရွက်ပိုင်ယားရေ အယင်က ရန်ငြိုးမီးစာတိ၊ 

တမာသီးထက်ခါးရေ အမုန်းတံလျှပ်တိ

ရုပ်ရှင်ထက် ဖန်တီးမှုဆန်ရေ လုပ်ကြံမှိုင်းတိ၊ 

သွီးနဲ့အရောင်ခြယ်ရေ ဖြူမည်း ခွဲခြားမှုတိ

အရာ မရင်ဆိုင်စိဂဲ့… အဆုံးသတ်ကတ်မေ။


ဟုတ်ယင့်…

ငါရို့ တစ်ဖက်ကို တစ်ဖက် မုန်းစော်လဲ ဟုတ်ယင့်

ငါရို့ အချင်းချင်း တိုက်ကတ်စော်လဲ ဟုတ်ယင့်

သွီးချောင်းတိကို အလီလီ ဖြတ်ကျော်ရခစော်လဲ ဟုတ်ယင့်


ယကေလေ့…

ငါရို့က ကျောင်းတစ်ကျောင်းမာ တတူတူ စာသင်ရေ

မြို့တစ်မြို့မာ အိမ်အိမ်ချင်းကပ်လို့ နိန်ထိုင်ရေ

ဈီးတစ်ဈီးက တတူတူ ဝယ်ယူသုံးကတ်တေ

လောင်းချေတစ်စင်းမာ အတူတူ လားရေလာရေ

ဝါကျွတ်ပွဲဈီးတိမာ ဖူတိန္နာရို့ လားပျော်ရေ

အီးဒ်ပွဲတိမာ မောင်ချေမိချေရို့ စားပျော်ရေ

ငါရို့မြီမာ ချစ်စိတ်က မုန်းစိတ်ထက် တဝအားကြီးရေ

အယင်ခါက မုန်းရီတိ ပလင်းသွင်းပနာ မြှပ်ပစ်လိုက်ကတ်မေ။


ဇာလောက်ပင်ခွဲခွဲ မယုမြစ်ရီနန့် စိုင်းဒေါင်မြစ်ရီ

သွီးထိုးရေသူတိရာ ညောင်းလို့ညောင်းလီ

ငါရို့က စားပွဲတစ်ခုမာ ထိုင်စားရေ ရခိုင်ပြေသားတိဝေ

မာမူနန့်အခင် ဒါဒီနန့်အဘင်သျှင် အချေခါက

ပုံပြင်ချေတိကို အတူတူထိုင်လို့ ပြောနိန်ယင့်။


မျိုးမတူ ရုပ်မတူစွာကို အရာခွင့်ကောင်းယူဖို့ မပျင်ဂေ့

တောအရက်တစ်ပိုင်းနဲ့ ငုတ်ပေါ်မှာ ထိုင်ပနာ ငိုလီဖိ

လားဖိ…လားဖိ… ဝိုင်း မျိုးချစ်တစ္ဆီတိ လားဖိ

ငါ့ရို့မြီမာ ဘုန်းကြီးကျောင်းနန့် ဗလီကျောင်း ဒွေးညီနောင်…

ရောင်စုံပန်းချီပိုင် သာစွလှရေ ငါရို့ရခိုင်ပြေသားတိဝေ။ 



15-8-2022


Tuesday, June 14, 2022

ရိုဟင်ဂျာတွေရဲ့ အတိနာဒုက္ခအပေါ် နိုင်ငံအသီးသီးမှ သီဆိုခဲ့သော သီချင်းများ



အဆိုတော် Mohin Abudullah သီဆိုခဲ့သောသီချင်း



2. I lost My Country
















Joy Manobotar Joy


Ami Rohingyar Meye


Arakana maa boinor izzot





Oh Rohingya



Manobata Firedao


Wednesday, January 19, 2022

သြော်လီ ရိုဟင်ဂျာသားချော့တေး



 ရိုဟင်ဂျာသားချော့တေး 

လူမျိုးတိုင်းမှာ သူ့နည်းသူဟန်နဲ့ သားချော့တေး ဆိုတာရှိတယ်။ ကလေးတွေရှိတော့ ကလေးတွေကို ချော့သိပ်ရတာကိုး။ ဒါနဲ့ မိခင်တွေက သားလေး နားဝင်ချိုအောင်၊ လိမ္မာလာအောင် စကားတွေဖွဲ့ကာ တေးသီချင်းပုံစံနဲ့ ဆိုပြရတယ်။ ဒီကနေ သားချော့တေးဖြစ်လာတာပေါ့။ သားချော့တေးကို မူလဖန်တီးတဲ့ ကလောင်ရှင်မှာ မိခင်တွေပဲဖြစ်ပါတယ်။ သားချော့တေးဟာ အပြောသာရှိတဲ့ တေးဖြစ်ပါတယ်။ နောက်မှ မိမိတို့ရဲ့ အစဉ်အလာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းရန် စာတွေနဲ့ မှတ်တမ်းတင် ထိန်းသိမ်းလာကြတာ ဖြစ်ပါတယ်။


ဒီဆောင်းပါးမှာ ရိုဟင်ဂျာသားချော့တေးကို မိတ်ဆက်ပေးပါမယ်။ သားချော့တေးကို ရိုဟင်ဂျာတွေက အော်လီလို့ခေါ်ပါတယ်။ အော်လီရဲ့ တိုက်ရိုက်အဓိပ္ပာယ်မှာ "သိပ်ချော့ခြင်း"ဖြစ်တယ်။ သားကို သိပ်ချော့တာကို အော်လီဒေ လို့ ခေါ်ကြတယ်။ ဒီ ဪလီသားချော့တေးကတော့ အညာဖြစ်ဖြစ်၊ မြို့ပြဖြစ်ဖြစ် သားလေးမီးလေးတွေ ရှိရင် ဆိုကြတာပဲ။ တစ်ခုထူးခြားတာက ဒီဪလီသားချော့တေးကို နှုတ်တက်ဆောင်ပြီးတော့ ရွတ်ဆိုစရာမလိုပါဘူး။ ငယ်ငယ်တုန်းက ကိုယ့်မိခင်က ညီငယ်နှမငယ်တွေကို သိပ်ချော့တဲ့အခါ ကြားရာကနေ တတ်လာကြတာပဲ။ မိမိကိုယ်တိုင် မိခင်လောင်းဘဝ ရောက်တဲ့အခါမှာတော့ ဟော့ဒီ မှတ်မိသလောက်ကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေအောင် တခြားစကားအဖွဲ့တွေနဲ့ ဆက်ပြီးတော့ ဆိုပြတာဖြစ်ပါတယ်။ အများအားဖြင့်    အတွေးထဲရောက်တာကို ကောက်ဆိုပြလိုက်တတ်တယ်။


Taa Taa, Taa Taa


Taa Taa, Taa Taa

Nanarór barit zaa

Naniye diyé Hoñla mula

Duwarot bocí háa

Nanaye dilé lorir gúta

Híkai híkai háa


Tor nanattú tiyan foicá

Hoduun asé saa.

- Osin , Oli


မြန်မာဘာသာပြန်

တာတာ တာတာ

တာတာ  တာတာ

ဖိုးဖိုးအိမ်ကို အလည်သွားမယ်

ဖွားဖွားကြီးက ပေါက်ပေါက်ဆုပ်တွေ ထုတ်ကျွေးမယ်

အိမ်ပေါက်ဝမှာ အဝစားကွယ်။

 

ဖိုးဖိုးကြီးက တောင်ဝှေးနဲ့ တို့ကာတို့ကာ စရင်

တရှိုက်ရှိုက် ဖြဲငိုရင်း အဝတုတ်ခဲ့ကွယ်။


ဖိုးဖိုးကြီးမှာ ပိုက်ဆံအကြွေစေ့

ဘယ်လောက်များလဲ ကြည့်ပါကွယ်။


ဒီသားချော့တေးရဲ့ ဖွဲ့ဆိုပုံကလည်း ပုံသေကျတယ်။ တစ်ချို့ကျတော့ ပုံမမှန်တာလည်း တွေ့ရတယ်။ အထူးသဖြင့် ရှေးကျတဲ့ သားချော့တေးတွေဟာ ပုံသေကာရန်နဲ့ ဖွဲ့ဆိုလေ့ရှိပါတယ်။ အင်္ဂါရပ်ကတော့ ချော့မော့ညင်သာတဲ့ မြည်သံတစ်သံနဲ့ အစချီရတယ်။ ဒါကတော့ မဖြစ်မနေပါရတဲ့ အချက်ပဲ။ ရှေးသားချော့တေးတွေမှာ ပါဝင်လေ့ရှိတဲ့ စာသားအင်္ဂါရပ် သုံးချက်တွေ့ရတယ်။ သူတို့က သားသမီးတွေ စကားကြွယ်ပြီး လိမ္မာလာအောင် အဓိကထား ထည့်သွင်းပေးတာပေါ့။ ကာရန်ချိတ်တယ်။ အသွား နားဝင်ချိုတယ်။ ပညာသားလည်းပါတယ်။ 

အခုလေ့လာနေတဲ့သားချော့တေးမှာလည်း စကားလုံး ၄-၃ နဲ့ သပ်သပ်ရပ်ရပ် ကာရန်ချိတ်ထားတာ တွေ့ရပါမယ်။ အပိုဒ်တိုင်းရဲ့ ပိုဒ်ဆုံးကာရန်လည်း တူတယ်။ အသွားလည်း ချော့တာပေါ့။ 

ဒီတေးကဗျာရဲ့ ဆိုပုံကတော့ ငိုကြွေးပူဆာနေတဲ့ ရင်သွေးငယ်ကို အငိုတိတ်အောင် သိပ်ချော့ပေးနေတာပေါ့။ ဒီသားချော့တေးဆိုနေတုန်းမှာ အမေဖြစ်သူက ရင်သွေးငယ်ရဲ့လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး တာတာ၊ တာတာ မြည်သံပြုရင်း လက်ခုပ်တီးတဲ့သဏ္ဍာန် လုပ်ရပါတယ်။ ခပ်ပျော့ပျော့ပေါ့နော်။ စာသားမှာတော့ အဘိုးအဘွားအိမ်ကို အလည် အပတ်သွားတာ၊ ထန်းလျက်ရည်နဲ့ လုပ်ထားတဲ့ စားစရာတွေစားတာ၊ ရင်သွေးငယ်ကို သွေးဆောင်ကာ ပညာဘက်ကို ယိမ်းယိုင်အောင်လုပ်တာ စတာတွေကို စိတ်ဝင်းစားဖွယ်တွေ့ရတယ်။ ပြီးတော့ အဘိုးအိုနဲ့ မြေး ယုယုယယ ချစ်စဖွယ် စတာနောက်တာ သဘာဝကိုလဲတွေ့ရတယ်။ 

မြေးတွေအပေါ်ထားရှိတဲ့ အဘိုးအဘွားရဲ့ မေတ္တာတရားက အင်မတန် ကြည်နူးဖွယ်ရာကောင်းလှတယ်။ Natir lá Háñti móré ဆိုရိုးအတိုင်း တစ်ယောက်ကိုတစ်ယောက် အသည်းခိုက်အောင် ချစ်ခင်ကြတယ်။ ဒီတော့ ဒီအဘိုးအဘွားအိမ် အလည်သွားတယ်ဆိုတာ ရင်ခုန်စရာ အခါသမယတစ်ခုပါပဲ။ အဘိုးအိမ်ကို အလည်သွားပါ့မယ် လို့ ဒီသားချော့တေးက ဆိုပါတယ်။ အဘွားက ထုတ်ကျွေးမယ်႕ ပေါက်ပေါက်ဆုပ်တွေလဲ အဝစားရမှာပေါ့။ ဒီီီနေရာမွာတော့ အဲ့ဒီခေတ်က Hoñlá mulá ဆိိုတဲ့ ထင်ရှားတဲ့ ပေါက်ဆုပ်မုန်႔ကို တွေ့ရတယ်။ ထန်းလျက်နဲ့ ပေါက်ပေါက်ကို ဆုပ်ပြီးတော့ လုပ်တဲ့ မုန့်ချိုမို့ ကလေးတွေရဲ့ အသည်းစွဲပေါ့။ 

ဖိုးဖိုးမှာ ကြွေပြားစေ့ ဘယ်လောက်များလဲ ကြည့်ခိုင်းတာက ရင်သွေးငယ်ကို ပညာလဲသင်ပေးနေတာလို့ ယူဆနိုင်ပါတယ်။ မိခင်ဖြစ်သူက ကြွေးစေ့တွေနဲ့ ရင်သွေးငယ်ကို တစ်၊ နှစ်၊ သုံး၊ လေး ... စသည်ဖြင့် လက်ချိုးရေတွက်ပြလေ့ရှိတယ်။ ပြီးတော့ ပြန်မေးတယ်။ ရင်သွေးက သုံး ဒါမှမဟုတ် လေး စသည်ဖြင့် ပြန်ဖြေတာပေါ့။ မမှတ်မိရင် မိခင်ဖြစ်သူက ပြန်အတွက်ပေါ်ပေးတယ်။ ဒီနဲ့ သားအမိ ပျော်ရွှင်ဖွယ်ရာ စကားတမ်းတစ်ပွဲလဲ ဖန်တီးလိုက်တာပါပဲ။ 

ဒီတေးဟာ ရှေးကျတဲ့တေးတစ်ပုဒ်ဆိုတာ ထင်ရှားတယ်။ ငွေစက္ကူတွေမပေါ်ခင် ပြားစေ့ သုံးတဲ့ခေတ်ကလို့ ဆိုနိုင်ပါတယ်။ ရှေးအညာဒေသရဲ့ ပတ်ဝန်းကျင်အခြေအနေ၊ လူနေမူအဆင့်အတန်း၊ လူတို့ရဲ့ စိတ်နေစိတ်ထားတွေကိုလဲ တွေ့ရပါတယ်။


Poem reference : The Art Garden Rohingya


Sunday, January 2, 2022

Paribanur Hoñlá

Shah Shuja and his beloved by Govardhan in 1632.


Paribanur Hoñlá


(1)

Dhuyā—
Doriyat dupailí Pariré
Háy! Háy! Dukkhé mori ré.

Keen gorí gaibó oi dukkér bibaron.
Ze hale óiló sé Parir moron.
Keene dukkór kotá boyan gorí ré.
Doriyat dupailí Pariré—

Bojerbáji duniya ze húde beṛá jal.
Kharakari maramari ar jeto janjal.
Misá rajyo misá dhón misá ṭiñyā khori ré. Doriyat dupaili Pariré—

Baró Banglar badcá Suja rajyor uor nái. Bapor dinnya taktór lagi korilá laṛái.
Mār peçor bhái je oiló kalo poran bairí ré. Doriyat dupailí Pariré—

Bháiyé sailó bháiyer lou misá rajyer lagi. Garib guinya becí bálá jará khái magi.
Kiyor rajya kiyor dhón kiyer ṭiyañ kori ré. Doriyat dupailí Pariré—

Laṛáité háçíyá Suja hoiló perecani.
Paribar loiya sónge korila melāni.
Dhón daulot kissu kissu nilá sónge kori ré. Doriyat dupailí Pariré—

Suja badcár awrot Paribanu nam.
Sadigañté āsí tará Bodorér mokam.
Bohut khorát dilá cúná bórí borí ré.
Doriyat dupailí Pariré—

Paik póhól bála také gasót bahá bañdhí.
Badcár powá decé dece gúre kandi kandi. Cúk nái konó kait podé póde óri ré.
Doriyat dupailí Pariré—(1—30)

(2)

Nosífór lekhá kobú nā jai kogon.
Sadigañ sáṛite badcá koriló monon.
Dahin mikkyá ailó tará hátir uor soriré.
Doriyat dupailí Pariré—

Majé boiccé Suja badcá bamé Parijan. 
Jene boiccé dunó kainya punnimacír sān.
Dhire dhire zai tará murár ponth dóri re. Doriyat dupailí Parire—

Murár ponth dóri tará dahin mikkyá zai.
Pin pin pin sári Parir bayare urai.
Cunaki badola koto pore jori jori ré.
Doriyat dupailí Pariré—

Parir hátót lal bakhri mazé mazé lekhá.
Jhumká mala kanot Parir sān bolakṭa beñkhā.
Paṛailya mā bhoine āsi sailó nayan bóri re.
Doriyat dupailí Parīré—

Hátir uẏor haodá ze cúnate toiyar.
Parir surot sogé dháñdha lagai zar.
Kono huripari ei ponth gáṛagari ré.
Doriyat dupailí Pariré—

Kon digdi konḍe jaibo náire ṭhikána.
Kiyó dilo ponth dekhái keyo koré maná. Dhire dhire zai tará murái ponth dhóri re. Doriyat dupailí Pariré—

Keyo bole amar barít aiyó Parijan.
Tulsí malár bhát diyum sáloin nanan.
Sañciboror pān ar diyum batta bóri re. Doriyat dupailí Pariré—

Keyo bole dahin mikká na zaiyó ar.
Salar muyot saindya baighyá lesoré ghúrár.
Sé ponthé gile baighyá kháibó dori dhori ré.
Doriyat dupailí Pariré—

Boro baro doironya paiba gile tar por.
Doñr doñr asé kumyír hángór.
Kone dibo tuáráré doironya par kori ré. Doriyat dupailí Pariré—

Perabon asé séthai nanan sapór bahá.
Ek bar ḍóñsilé ar poraner nái acá.
Fáidá ki paiba tuañrá húdahúdi mori ré.
Doriyat dupailí Pariré—

No jaó nā jaó Pari Rocóngyár decé.
Dón daulot háráiba jan diba céce.
Sé mikya nā jaiyó Pari muṛár ponth dorí re.
Doriyat dupailí Pariré—

No jao no jaó Pari Murungyar thaiñ. 
Maincór gusto khái tará hízai hízái.
Ek pao jaite ar añí maná kori ré.
Doriyat dupailí Pariré—

Pochím mikkyá no jaiyó saigóror pare.
Añár kothá monot raikkhyo koi bare bare. Hármmadyára loiya jaibo golat bañdhí dóri re.
Doriyat dupailí Pariré—(1—52)

---

(3)

Nā fúnilo kotá badcá nā manilá maná.
Nahí sine ponth tará begór ṭhikana.
Dhire dhire zargói tabú hátir upor soríre. 
Doriyat dupailí Pariré—

Teró din teró rait bhoromna koríyá.
Samne pailó Suja badcá beman doriya.
Kuleté poriya dheu kore gaṛágari re. 
Doriyat dupailí Pariré—

Ākách patal badcá báfe bare bar.
Ehon doriya añái kiye koribe par.
Sónkoṭe paṛilám ekhón upái ki kori ré.
Doriyat dupailí Pariré—

Eirupé tin din gujariya jai.
Sairdine Rocáñgyá ek ahiló tothai.
Badcár abastá sé jainlo bála gorí ré. 
Doriyat dupailí Pariré—

Ér songe badcájada ki kam korilo.
Rosañgó cóhoré ahí dakhil hoilo.
Sóñgbát paiya raja kohé toṛatoṛi ré.
Doriyat dupailí Pariré—

Baró Bañglar badcá Suja ailó añár thāiñ. 
Tān sónge hóibó ehón bicóm laṛái.
Cáṭ kori sáji lo Rosáñg nagori ré.
Doriyat dupailí Pariré—

Poreté janilá raja Suja badcár hál.
Dec sáṛi rajyo sári pontór kangal.
Nosifór ducé tan bái hoiyé bairí ré.
Doriyat dupailí Pariré—

Rajar songeté tān dustí toiló céce.
Gór bari sári Suja roiló Rosañg decé. 
Tarpore ki hóiló keene boyan kori ré. 
Doriyat dupailí Pariré—(1—32)

---

(4)

Duniyaité jainya báire lalosé poriya.
Manúcé manúcór buke bíndhe súri diya. Dudinya duniya khúdá diyé duk bóri re.
Doriyat dupailí Pariré—

Ek din Paribanu dumáhlár góré.
Khócomór kañsé bocí roñg tomacá kore. 
Cóto dukkó badcá tokón gelá je pasori ré.
Doriyat dupailí Pariré—

Rosoñgyár raja tokón sei ponth diya.
Hábá khaitó jaito achil hátité soríyá.
Atikkyá dekilo ei oporup cúndóri re.
Doriyat dupailí Pariré—

Cúndori parir tokón dulé nagór not.
Mon monura dilo ura dekiyá súrót.
Hátir uporé raja jai gaṛágaçi ré.
Doriyat dupailí Pariré—

Búkalúyé bhát sai tirasiyé paní.
Paníré pailé nondi buke loi ṭhāni.
Acéké báfe ze keene boñcya purno korí ré.
Doriyat dupailí Pariré—

Acékér mon jainya baricár dhól.
Parir lagiya raja hoilo pagol.
Nosífor ducé Sujar dusto hoiló óri re. 
Doriyat dupailí Pariré—(1—24)

---

(5)

Ādiguri kothá Suja jokón funilo.
Kandiya Parir kañsé koité lagiló.
Donú soké paní tan pore jóri jori ré.
Doriyat dupailí Pariré—

Dec nái rajyo nái ná achíl dukh.
Bora raikkyó tuñí añar e je khailyá buk.
Tuáñré sáriẏa añi keene poran dóri re. 
Doriyat dupailí Pariré—

Sujar kandone Parir buk pháçi jai.
Dukker upore duk dilo je Allah.
Rosañgyár raja hoiló kalo poranor bairí re. 
Doriyat dupailí Pariré—

Kanda-kaçiya pore mon korí tiir.
Poñwaittá raittya tará hoiló bahír.
Pisé phirí nahí sai sole toratori ré.
Doriyat dupailí Pariré—

Saigoror pare ailó badcá Parijan.
Donu koinyar lagi tarár jorilo noyan.
Duniyar dukkhó ar n sóilo saríre.
Doriyat dupailí Pariré—

Mas dhóré Rosáñgyá bái coñço ekkán nao.
Badcá bule tuáñar naogán moré aji dao.
Songé loiya jaiyúm añi tuñár e torí ré.
Doriyat dupailí Pariré—

Rosáñgyár háte Pari diló cúnár háñr.
Suja badcá majhí hoiyá sé naugán bār.
Protóm juwaror paní aiyér hu hu kori ré. 
Doriyat dupailí Pariré—

Beman doriyar mazé noiya ek majhí. 
Awrote loiya sónge páṛi diyé aji.
Dheue jen dake tane gujori gujori ré. 
Doriyat dupailí Pariré—

Badcár mukher paní pori roiló sāi.
Maz doriyai sole Suja nougán bāi bāi.
Hát nahí sole oñgo kape tórtori ré.
Doriyat dupailí Pariré—

Puwáiyá giló rait hóilo biyán.
Kondé jargói noiya majhi náiré geyan.
Praṇ uricé tān cihri cihri ré.
Doriyat dupailí Pariré—

Mone mone porí loiló Pojorór nomaz.
Badcá bule fún Pari akeri dekhá aj.
Dheuer bari kái loilo goragaçi ré.
Doriyat dupailí Pariré—

Asmane uçiló súroj—borón tar lal.
Parir muk sai Suja diló ek pál.
Ooré deká náisé gelo ar sé chotho torí re. 
Doriyat dupailí Pariré—

Dupilo dupilo nougán—Suja Parijan.
Doriyar mazé háy diló ré poraṇ.
Morane ó roiló tará buk jorajori ré.
Doriyat dupailí Pariré—
Háy háy dukkhe mori ré!(1—53)

---

Lekóya - Ausin Cayér

Footnote

1. Adiguri: From the beginning
2. Kháilya: empty 
3. Poháiẏá: Dawn breaking
4. Donu: both
5. N soilo: Cannot bear
6. Jaiyom: I will go
7. Bāhār: To row, to navigate
8. Aiyér: Is coming
9. Aorate: Wife
10. Gujori gujori: Humming, making a murmuring sound
11. Biyan: Dawn
12. Kondé jargói: Where will it go
13. Giyān: Knowledge, sense
14. Phójorér: Of the Fajr, the dawn prayer
15. Phál: A strike, a blow - likely meaning a look or a glance filled with emotion)


Burmese Translation 

ပါရီမင်းသမီးငိုချင်း

(၁)

သံပြိုင် -
ပါရီမင်းသမီး ပင်လယ်ပြင်မှာ နစ်မြှုပ်သွားတယ်လေ 
အို...အို... သောကကြောင့် သေရတော့မယ်။
ဒီဝမ်းနည်းစရာဖြစ်ရပ်ကို ဘယ်လို စပ်ဆိုပြရမလဲ။
ပါရီမင်းသမီး ဘယ်နှယ် သေဆုံးရှာတာလဲ။
ဝမ်းနည်းခြင်းရဲ့စကားကိုဘယ်လို ပြောပြရမလဲ။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ မင်းသမီးလေး-

ကမ္ဘာကြီးဟာ လှည့်စားမှုတွေချည်းပါပဲ။
သတ်ဖြတ်မှု၊ခိုက်ရန်တွေနဲ့ အရှုပ်တော်ပုံတွေပဲ။
မုသားနန်းစည်းစိမ်၊ မမြဲသော ငွေကြေးဥစ္စာပဲလေ
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ ပါရီမင်းသမီးလေး-

ဘင်္ဂလား ၁၂ ပြည်ထောင် ရှုဂျာမင်း၊ သူ့တိုင်းက ဇမ္ဗူကျော်တယ်။
ခမည်းတော်ရဲ့နန်းရာကို ဆက်ခံဖို့ စစ်တိုက်ခဲ့တယ်။
သက်လိုရန်သူက တစ်ဝမ်းဖွား နောင်တော်ရင်းချာပါ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ မင်းသမီးလေး-

အစ်ကိုက ညီတော်ရဲ့ အသက်ကိုရွယ်၊ မုသားနန်းစည်းစိမ်အဖို့ကွယ်။
တောင်းရမ်းစားတဲ့သူဆင်းရဲတွေက ပိုမြတ်သတဲ့။
ဘာကြောင့်နန်းဘုံ၊ ဘယ်ကြောင့် ဥစ္စာငွေကြေးကွဲ့။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

စစ်ရှုံးနိမ့်ပြီး ရှုဂျာမင်း စိတ်ပျက်ခဲ့ရရှာ
မိသားစုကိုခေါ်ပြီး ထွက်ပြေးဖို့ စိတ်ပြင်ထား။
ပစ္စည်းဥစ္စာအချို့လဲ အတူယူဆောင်ခဲ့တယ်လေ။ 
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ရှုဂျာမင်းရဲ့ ကြင်ရာတော် ပါရီဘာနုလို့ခေါ်တယ်။
သူတို့ စစ်ဂရာမ်၊ ဘဒေါ့မာကာမ်ကို ကြွလာခဲ့။
ရွှေငွေရတနာတွေ ကျီကျီထန်ထန် လှူဒါန်းခဲ့တယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ကျေးငှက်တွေ သစ်မြင့်သိုက်ပေါ်မှာ လုံခြုံတယ်။
ဘုရင်သားတော် တိုင်းတကာလှည့်လို့ ငိုကြွေးနေ။
ဘယ်လိုမှ စိတ်မလုံ၊ခြေလှမ်းတိုင်း ရန်သူချည်းပဲ။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-(၁-၃၀)

---

(၂)

ကံကြမ္မာကို ဘယ်တော့မှ ပယ်ဖျက်လို့မရဘူး။
စစ်ဂရာမ်ကနေ မင်းသား ထွက်ခွာဖို့စိတ်လုံးချ
တောင်ဘက်ကို ဆင်တော်စီးပြီး ထွက်လာခဲ့တယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ မင်းသမီးလေး-

အလယ်မှာ ရှုဂျာမင်း၊ ဘယ်ဘက်မှာ ပါရီမင်းသမီး။
ညာဘက်မှာ လပြည့်ဝန်းပမာ သမီးတော်နှစ်ပါးကွယ်။
သူတို့ တဖြည်းဖြည်း တောလမ်းမှ ခရီးဆက်လေတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

တောလမ်းမှ သူတို့ တောင်ဘက်ကို သွားနေကြတယ်။
လေပြေညင်းက နတ်သမီးရဲ့ ပါးလွှားတဲ့တဘက်ကို လှုပ်ခါလျက်လေ။
ရွှေစငွေစတွေ အသော့် ကြွေကျလို့နေ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မင်းသမီးရဲ့လက်တော်မှာ ရတနာလက်ဆွဲအိတ်၊ အလယ်မှာ စာကြောင်းထိုးထားတယ်။
နားထွင်းနှင့် ပုတီးလည်ဆွဲမှာ လစန္ဒစောင်းတွယ်လျက်။
တိုင်းသူပြည်သားတွေ ဝိုင်းဝန်းလို့ မျက်စိမလဲနိုင်အောင် ကြည့်ရှုခဲ့။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဆင်ပေါ်က ဟော်ဒါခုံတော် ရွှေနဲ့လုပ်ထားတယ်။ နမင်းသမီးရဲ့အလှတော် မျက်လုံးဆွဲကပ်စေတယ်။ ကောင်းကင်က နတ်သမီးတွေ ဒီလမ်းမှာ ရွှင်မြူးသလိုပဲ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဘယ်စခန်း ဘယ်ဆီ သွားရမှန်းမသိ။
လူအချို့က လမ်းညွှန်ပြလို့ အချို့က တားမြစ်ခဲ့။ 
တောလမ်းမှ တဖြည်းဖြည်း မြန်းနေကြတယ်လေ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

အချို့က "ပါရီမယ်တော် ကျွန်တော့်အိမ်ကိုကြွပါ"။
တုလ်ချီမာလထမင်းနဲ့ဟင်းလျာစံ ဆက်သအံ့။
ကွမ်းတော်လဲဆက်အံ့၊ ကွမ်းအစ်လဲ ဖြည့်ပေးအံ့။  ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

တချို့က "တောင်ဘက်ကို မသွားပါနဲ့တော့"။
တောထဲမှာကျားသစ်တွေ ကျက်စားတယ်။ 
အဲဒီလမ်းတိုင်းသွားရင် ကျားဖမ်းစားလိမ့်မယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

အဲဒီအလွန် ကြီးမားတဲ့ မြစ်ကြီးတွေတွေ့လိမ့်မယ်။ ကြီးမားတဲ့မိကျောင်းတွေ ငါးမန်းတွေရှိတယ်။
ဘယ်သူက မင်းသားမြတ်ကို မြစ်ကူးပေးမှာလဲ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

အဲဒီတောမြိုင်ထဲမှာ မြွေအမျိုးစုံရှိတယ်။
တစ်ခါကိုက်ရင်အသက်မရှင်နိုင်တော့ဘူး။
အသက်ပေးရရင် အသင့်မင်းတို့ဘာအကျိုးနပ်မှာလဲ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

"ပါရီမင်းသမီး ရိုဟင်းသားတွေရဲ့တိုင်းကို မကြွပါနဲ့" 
ပစ္စည်းဥစ္စာမက အသက်တောင်ဆုံးရှုံးနိုင်တယ်။
တောလမ်းကိုမှီပြီး ထိုဘက်မသွားပါနဲ့။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

"ပါရီဘုရင်မ လူရိုင်းတို့ရဲ့နေရာကို မသွားပါနဲ့" 
သူတို့တွေလူသားအသားကို မီးကင်စားကြတယ်။
တစ်လှမ်းတောင်မတိုးပါနဲ့လို့ ကျွန်တော်တားပါတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

"အနောက်ဘက် ပင်လယ်ကမ်းခြေကို မသွားပါနဲ့" 
ကျွန်တော့်စကားကိုမှတ်ထားပါ၊ ထပ်ခါထပ်ခါပြောပါရစေ။
ပင်လယ်ဓားပြက လည်ပင်းမှာကြိုးစွပ်လို့ ခေါ်သွားလိမ့်မယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-(၁-၅၂)

---

(၃)

ပြောစကားမနာယူ၊ တားမြစ်ချက် သဘောမတွေ့ဘူး ရှုဂျာမင်းရာ။
လမ်းလည်းမသိ၊ ပန်းတိုင်လည်းမရှိကွယ်။
သို့ပေမယ့် ဆင်တော်ပေါ်စီး တရွေ့ရွေ့ ခရီးဆက်လေတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဆယ့်သုံးရက် ဆယ့်သုံးည ခရီးဆက်ပြီးနောက်။
ရှုဂျာမင်းက ကြီးမားလှတဲ့ ပင်လယ်ဆီ ရောက်လေတယ်။
လှိုင်းလုံးကြီးတွေက ကမ်းခြေကိုရိုက်ခတ်နေတယ်။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မိုးနဲ့ မြေကြီးမဆုံး မင်းကြီးက အကြိမ်ကြိမ် စဉ်းစားတယ်။
ဒီလိုကြီးမားတဲ့ပင်လယ်ကိုဘယ်သူက ကူးပေးမှာလဲ။ ဒုက္ခရောက်လို့ ဘာဆက်လုပ်ရမှန်းမတွေးတတ်ဘူး။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဒီလိုနည်းနဲ့ပဲ သုံးရက်ကျော်လွန်းသွားတယ်။
စတုတ္ထမြောက်နေ့မှာရိုဟင်းသားတစ်ယောက် အဲဒီကိုရောက်လာတယ်။
မင်းကြီးရဲ့အကြောင်းကို သူကောင်းကောင်းကြီး သိသွားတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မင်းသားက သူနဲ့အတူ ဘာလုပ်လိုက်ပြီလဲ။
ရိုဟင်းမြို့တော်ကို အရောက်ပြီး ကြွရောက်ခဲ့တယ်။ ဒီသတင်းကြားတော့ ရိုဟင်းမင်းက မြန်မြန်ဆန်ဆန် မိန့်တယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

"ဘင်္ဂလား၏ ဆူလတန်ရှုဂျာဘုရင် ငါ့တိုင်းကိုရောက်လာတယ်။
သူနဲ့အခု ပြင်းထန်တဲ့စစ်ပွဲ ဆင်နွှဲရလိမ့်မယ်။
ရိုဟင်းမြို့သားတို့ ချက်ချင်းပြင်ဆင်ကြလော
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

နောက်မှသိရတာက ရှုဂျာမင်းရဲ့အကြောင်းမှန်
နန်းဖျောက်၊ တိုင်းဖျောက် ခြွေခြုံဘဝရောက်နေ။
အကုသိုလ်ကြောင့် နောင်တော်က ရန်သူဖြစ်သွားတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

နောက်ဆုံးမှာ ရှုဂျာမင်းနဲ့ ရိုဟင်းမင်းမှာ မိတ်ဆွေဖြစ်ခဲ့တယ်။ 
ကိုယ်တိုင်းကိုယ့်နန်းစွန့်ပြီး ရှုဂျာမင်း ရိုဟင်းတိုင်းမှာနေလေတယ်။
အဲဒီနောက်ဖြစ်ခဲ့တဲ့အကြောင်း ဘယ်လိုရှင်းပြရမလဲ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-(၁-၃၂)

---

(၄)

ကမ္ဘာကြီးဟာ လောဘတဏှာနဲ့ပြည့်နေတယ်။
လူလူချင်းပဲ ရင်ဘတ်ကို ဓားနဲ့ထိုးတတ်တယ်။ 
နှစ်ရက်တာ ဒီကမ္ဘာကို ဘုရားသခင်က ဒုက္ခနဲ့ ဖြည့်ထားတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

တစ်နေ့မှာ ပါရီဘာနုက စံအိမ်ရှေ့လေသာဆောင်မှာ။
ခင်ပွန်းသည်နှင့် စကားပြော ပျော်မွေ့နေချိန်ဝယ်။ 
ရှုဂျာမင်းက ဒုက္ခပင်လယ်ကိုမေ့ပစ်လိုက်ပေါ့။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

အဲဒီတုန်း ရိုဟင်းမင်းက ဒီလမ်းအတိုင်း။
လေညင်းတော်ခံရန် ဆင်တော်စီး သွားနေတယ်။
မတော်တဆ အံ့လောက်ဖွယ်ကောင်းတဲ့ မင်းသမီးကို တွေ့တော်မူတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ရှုမဝအလှတရားရှင် ပါရီရဲ့ နှာခေါင်းမှာ နတ်သမီးနားတောင်းဆင်လို့။
အနှိုင်းမဲ့အလှရှင်မင်းသမီးကို တွေ့ရတော့ စိတ်ဆန္ဒငှက် မထိန်းနိုင်တော့ဘူး။
ဆင်တော်ပေါ်မှာရိုဟင်းမင်းက ချစ်ရူးလိမ့်ကျလျက်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဆာလောင်သူက ထမင်းလိုချင်တယ်၊ ရေငတ်သူက ရေလိုချင်တယ်။
ရေကိုရတဲ့အခါ ရက်မက်ကြီးရင်ခွင်က ဆွဲခေါ်တတ်တယ်။ 
တပ်မက်မှုက ဆန္ဒကို ဘယ်နှယ်ဖြည့်ရမလဲ တွေးနေတတ်တယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

တပ်မက်မှုရဲ့စိတ်ကိုသိစေ ရေကြီးတဲ့ မိုးရာသီအလား။ 
ပါရီမင်းသမီးအဖို့ ရိုဟင်းမင်း ရူးသွပ်သွားတယ်။
ကံကြမ္မာအပြစ်ကြောင့် ရှုဂျာမင်းရဲ့ဆွေတော် ရန်သူဖြစ်သွားတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-(၁-၂၄)

---

(၅)

အကြောင်းစုံကို ရှုဂျာမင်း သိရှိတဲ့အခါ။
ငိုကြွေးရင်းပါရီသမီးဆီကိုသွားပြီး တိုင်ပင်တယ်။
သူ့မျက်လုံးအစုံက မျက်ရည် ဖြိုင်ဖြိုင်စီးနေတယ်။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ထီးမရှိ၊ နန်းမရှိ၊ ဒါပေမဲ့ ဒုက္ခမရှိခဲ့ဘူး။
ငါ့ရဲ့ရင်ဘတ်ကို အသင်မက ပြည့်ဝအောင်ထားခဲ့တယ်။
အသင်မကိုစွန့်ခွာပြီး ငါဘယ်လို အသက်ရှင်နိုင်မလဲ။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ရှုဂျာမင်းရဲ့ငိုကြွေးသံက နတ်သမီးရဲ့ရင်ဘတ်ကို ခွဲထွက်စေတယ်။
ဒုက္ခအပေါ်ဒုက္ခ အလ္လာဟ်အရှင်မြတ်ပေးလေတယ်။
ရိုဟင်းမင်းက အသက်ရန်သူဖြစ်လာတယ်။ 
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ငိုကြွေးပြီးနောက် စိတ်ကို ခိုင်မာအောင်ထိန်းတယ်။ သန်းခေါင်ညံ သူတို့တွေ ထွက်သွားကြလေတယ်။
နောက်ပြန်မလှည့်ရက်ဘူး၊မြန်မြန် သွားနေကြတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မင်းနဲ့ ပါရီမင်းသမီး ပင်လယ်ကမ်းခြေကိုရောက်လာတော့။
သမီးတော်နှစ်ပါးအတွက် သူတို့မျက်ရည်တွေ စမ်းစမွး ကျခဲ့တယ်။
ဒီကမ္ဘာ့ဒုက္ခတွေ ကိုယ်ခန္ဓာက မခံနိုင်တော့ဘူး။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

"ရိုဟင်းသားတစ်ဦး ငါးဖမ်းတဲ့လှေလေးတစ်စင်းနဲ့ကွယ်။
မင်းသားက"မင်းရဲ့လှေလေးကို ဒီနေ့ငါ့ကိုပေးပါ"
"မင်းရဲ့ဒီလှေလေးနဲ့အတူ ငါလိုက်သွားမယ်"။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ရိုဟင်းသားလက်ထဲ မင်းသမီးက ရွှေလည်ဆွဲပေးတယ်။
ရှုဂျာမင်းက လှေသမားဖြစ်ပြီး လှေကိုမောင်းတယ်။
အစဦးဖျားရေက ဟူးဟူးမြည်သံနဲ့ပေါ့။ 
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ဧရာမပင်လယ်ထဲမှာ လှေသမားအသစ်။ 
ကြင်ရာတော်ကိုခေါ်ပြီး ဒီနေ့ထွက်ခွာတယ်။
လှိုင်းလုံးတွေက သူ့ကိုတကျယ်ကျယ်မြည်သံနဲ့ ခေါ်နေသလိုပဲ။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မင်းသားရဲ့မျက်နှာကို နတ်သမီးက ငေးကြည့်နေတယ်။ 
ပင်လယ်အလယ်မှာရှုဂျာက လှေကိုတက်မောင်းနေတယ်။
လက်တွေမလှုပ်ရှားနိုင်၊ကိုယ်ခန္ဓာတွေ တုန်ရီနေတယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

ညဉ့်ကုန်သွားပြီး အာရုဏ်လင်းလာတယ်။
ဘယ်ကိုသွားရမှန်း လှေသမားအသစ်က မသိဘူး။
သူ့အသက်က လွတ်ထွက်သွားသလို ခံစားရတယ်။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

စိတ်ထဲမှာ မိုးသောက်ဝတ်ပြုချိန်ကို အောက်မေ့တယ်။
မင်းသားက"ပါရီရေ၊ ဒီနေ့က နောက်ဆုံးအကြိမ်မြင်ရခြင်းပါ"ပဲ။
လှိုင်းလုံးကြီးလည်း လှေနဲ့တိုက်လို့ တလိမ့်တကျကွယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

မိုးကောင်းကင်မှာ နေမင်းထွက်လာတယ် - သူ့အရောင်က နီရဲရဲ။
နတ်သမီးရဲ့မျက်နှာကိုရှုဂျာက နောက်ဆုံးတစ်ရိပ် ငေးကြည့်လို့ နှစ်ယောက်အတူ ခုန်ချတယ်။
အို...ဒီလှေလေးနဲ့အတူ ပျောက်ကွယ်သွားတယ်။ ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး-

လှေလေး နစ်မြုပ်သွားတယ် - ရှုဂျာနဲ့ ပါရီမယ်။ ပင်လယ်အလယ်မှာအို... အသက်စွန့်လိုက်ရတယ်။ သေခြင်းမှာတောင် သူတို့ရင်ဘတ်ချင်းကပ်လျက်ကွယ်။
ပင်လယ်ပြင်မှာနစ်မြှုပ်သွားခဲ့ နတ်သမီးလေး- အို...အို... သောကကြောင့် သေရလိမ့်မယ်! (၁-၅၃)


စုစည်းတင်ပြ - RohangKing 










































Wednesday, February 24, 2021

ဒါလ် (နတ်တေး)

 


ဒါလ် (နတ်တေး)


ဒါလ်တေးများမှာ ရှေးကျတဲ့ ရိုဟင်ဂျာတေးတစ်မျိုး ဖြစ်ပါတယ်။ ဒီတေးကို နတ်ကပွဲတွေမှာ တွေ့ရှိရတာ ဖြစ်တယ်။  ဂိုဏ်းဆရာတွေကပဲ ကိုယ်တိုင်ဖွဲ့ဆိုတာဖြစ်တယ်။ ဒါလ်တေးအကြောင်း မဖော်ပြမီ နားလည်ရလွယ်ကူအောင် နတ်ကပွဲအကြောင်း နည်းနည်း မိတ်ဆက်ပေးပါရစေ။ 

ဆေးပညာမထွန်းကားမီ ရှေးရိုဟင်ဂျာတို့က မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်းရလာတဲ့ ဆေးမြီးတိုများ၊ တိုင်းရင်းဆေးများကို အသုံးပြုကာ ရောဂါဘယ ကုသခဲ့ကြတယ်။ အချို့ရောဂါများကိုမူ စုန်း၊ နတ်၊ မကောင်းဆိုးဝါးကြောင့် ဖြစ်တယ်လို့ ယူဆကြတယ်။ နတ်ပူးတယ်၊ မှော်ဝင်စားတယ်၊ ဆေးခပ်ခံရတယ် စသည်ဖြင့်ပေါ့။ အဓိကအားဖြင့် စိတ်ဝေဒနာရှင်တွေဆိုရင် ဆေးခပ်ခံရတယ်လို့ ဒဲ့ပြောတာပဲ။ ဒီလိုမျိုးရောဂါတွေကို တိုင်းရင်းဆေးတွေနဲ့ မနိုင်တော့ ဘိုဣဒေါလို့ ခေါ်တဲ့ ပယောဂဆရာ၊ ဂိုဏ်းဆရာ၊ အောက်လမ်းဆရာတို့နဲ့ ကုသတာ အဲဒီခေတ်မှာ ခေတ်စားခဲ့တယ်။ သူခေတ်နဲ့သူပေါ့။ တစ်ညလုံ ဗုံသံတညံညံနဲ့ နတ်ပွဲတွေလုပ်ကြလေ့ရှိခဲ့တယ်။ 

အဲဒီဂိုဏ်းဆရာတို့က အောက်လမ်းပညာနဲ့ ဆေးမိခံသူကို ဆေးဖြေတယ်။ ကိုယ်လုံအကာ ထိုးပေးတယ်။ အောက်လမ်းနည်းတွေက အဆောင်တွေမန်းမှုတ်ပေးတာ၊ ဘုရားစာတွေကို အပြန်ရွတ်တာရေးတာ၊ ကိန်းကဏန်းတွေကို ဇယားသွင်းတာ၊ အံဌ် ခေါ်တဲ့ နတ်ပွဲ တည်တာ စတဲ့ နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြတယ်။ ယနေ့ခေတ်မှာတော့ လူတွေရဲ့ အသိဉာဏ်တရား တိုးတက်လာပြီ။ အောက်လမ်းပညာတွေဟာ သင့်လျော်မှန်ကန်တဲ့နည်းလမ်း မဟုတ်ကြောင်း သိလာကြတယ်။ မယုံကြတော့ဘူး။ ဒါနဲ့ အောက်လမ်းကုသနည်းတွေလည်း ပျောက်ကွယ်လာနေတယ်။ နည်းနည်းပါးပါး ရှိတဲ့ဟာလည်း အလိမ်စားပဲ များတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အံဌ် လို့ခေါ်တဲ့ နတ်ပွဲကနေ ဂါစနာစ် လို့ခေါ်တဲ့ နတ်အကတွေ၊ ဒါလ် လို့ခေါ်တဲ့ နတ်တေးတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဘယ်ချိန်က စပေါ်ခဲ့တာတော့ တိတိကျကျ ပြောဖို့ခက်တယ်။ ဒီဓလေ့တွေဟာ နတ်ကိုးကွယ်မှုကနေတဆင့် ကူးဆက်လာတယ်လို့ ခန့်မှန်းနိုင်တယ်။ 

နတ်ပွဲတွင် ဘိုဣဒေါ (ဂိုဏ်းဆရာ)နဲ့ ဂါစ(နတ်ကဆရာ) ဆိုလို့ အဓိက နှစ်ဦးပါဝင်တယ်။ နတ်တေးကို ဂါစက နတ်အက ကတဲ့အခါ တေးလုံးခတ်ပေးနေတဲ့ ဂိုဏ်းဆရာနဲ့ အပြန်အလှန် အချီအချညီ သီဆိုရတာ ဖြစ်ပါတယ်။ အချီပိုဒ်ကို ဂိုဏ်းဆရာက ဆိုရတယ်။ နတ်ကဆရာက ကရင်းခုန်ရင်း အချပိုဒ်တွေကို သီဆိုတယ်။ ဒါလ်ေတးမှာ စာပိုဒ်အရေအတွက်ကတော့ အထိအကျ မရှိပါဘူး။ မူရင်းဒါလ်တေးကိုပင် နေရာနဲ့အခြေအနေအလိုက် စာသားတွေဖြည့်စွက်ကာ သီဆိုကြတာများတယ်။ 

ဒါလ်တေးတွင် ဆုတောင်းစကားတွေ၊ ဆရာတပည့်အချေအတင် စကားဝှက်တွေ၊ စုန်းနတ်တို့ကို ခြိမ်းခြောက်စကား၊ အသနားခံစကားတွေ ပါရှိတတ်တယ်။ ဒီနတ်တေးကို ဂိုဏ်းဆရာနဲ့တပည့် အချင်းချင်း ဆက်သွယ်တဲ့ ကိရိယာအဖြစ်အသုံးပြုကြတယ်။ ဘေးလူတွေ နားမလည်နိုင်အောင် စကားဝှက်များကို အသုံးပြုကြပါတယ်။  ဒီစကားဝှက်တွေကြောင့် နတ်တေးကို လူတိုင်း မှတ်သားထားဖို့ မလွယ်ကူချေ။ အသွားေကာင်းပေမဲ့ အချို့တေးစာသားတွေ မပီမပြင် စကားဝှက်တွေကြောင့် နားလည်းရခက်ခဲလို့ တေးကဗျာချစ်ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု သိပ်မကောင်းလှပေ။ 

ဒါလ်တေးတွေဟာ အောက်လမ်းသမား အသိုင်းအဝိုင်းမှာ တစ်ဦးကနေတစ်ဦး သင်ယူခြင်းဖြင့် ယနေ့အထိ ခရီးပေါက်လာခြင်း ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တို့ လေ့လာနိုင်အောင် "ခုဒါဘောရော ထူနာဒေါရော့" အမည်ရှိတဲ့ ဒါလ်တေးတစ်ပိုဒ်ကို အောက်တွင်ဖော်ပြပေးလိုက်တယ်။



"Khúda boro Thuna doro"


(Mui Gura goillum hazar Salam, tuañr murobbir uore)  ××Boiddo××

Bissimillá forí ré Allah, ban thuna de harido

Khúda boro thuna doro, Allah raham goille ré

Bissimillá forí re, hari fillúm gun é ré


(Allah ye fare insaane nofare, tuañre zanai dibolla)  ××Boiddo××

Allahr keramoti loiyaré, gojjúm sárhar lé

O Allah ré. o Rosul le, tuñi de rahám goilla ré

Allahr keramotir gune, ban thuna de haittum Le


(Enaye bari amotor saiye bíra ré gori bolla)  ××Boiddo××

Házir e maillo cotká salan, bíra barir bítoré

Hala kurá oinor kune, oñcár dinór beil tiké 

Allahr keramotir fozólé, ban hariza hán hán Le


— Dhal | Osin Shayer



စာပိုဒ်တိုင်းတွင် ပထမအချီကို ဂိုဏ်းဆရာ ××Boiddo×× က ဆိုရပြီး ကျန်ပါဒတွေကို ဂါစ နတ်ကဆရာက သီဆိုရသည်။ 


— လူထုဝဏ္ဏ

(၂-၁၁-၂၀၂၀)



Monday, July 27, 2020

သနားဖို့ကောင်းတဲ့ ကုဋေရှစ်ဆယ်သူဌေးသား



 'ကုဋေရှစ်ဆယ်သူဌေးသားက သိပ်သနားဖို့ကောင်းတယ်နော်ဆရာမ''

မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့်

ကျွန်တော်သိတယ်...


''နင်ကဘာသနားတာလဲ''


''နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်

သူက ဘာမဟုတ်တာလုပ်လို့လဲ''


ဆရာမ မျက်လုံးပြူးပြီးကြည့်တယ်

ဘာမှမပြောသေးဘူး


''သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်

လူတွေကကျေးဇူးတရားနားမလည်ကြဘူးနော်''


''သူကပညာမှမတတ်တာ''


''ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ

သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး

မခိုးရကောင်းမှန်းသိလို့ မလုရကောင်းမှန်း 

သိလို့တောင်းစားတာလေ ဘာလို့ဝိုင်းရိုက်တာလဲ''


''အဲ့ဒါ''


''သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ

အမြင်ကတ်တာ...

သူတို့လည်းပညာမဲ့လောက်တယ် . .

ပညာတင်မကဘူး နှလုံးသားလည်းမဲ့လောက်တယ်''


'ဘာ''


''သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို

အကောင်းပြောတာလား မကောင်းပြောတာလား''


''ဟို...မကောင်းပြောတာလေသားရဲ့''


''ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့''


''ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ''


''နှလုံးသားမဲ့တာကျတော့ရော...

စာနာစိတ်မဲ့တာကျတော့ရော...

မြေနိမ့်ရာလှံစိုက်တာကျတော့ရော...

ကူညီရကောင်းမှန်းမသိတာကျတော့ရော....''


''ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား''


''ဆရာမ ဒီမှာကြည့်''


''နင် နင် ရိုင်းလှချည်လား''


''သားဘာရိုင်းလို့လဲ''


''နင်ငါ့ကို ဘာလို့လက်ခလယ်ထောင်ပြတာလဲ''


''လက်ခလယ်က ဘာဖြစ်လို့လဲ''


'နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပို့မယ်''


''သားပေးချင်တဲ့ ဥပမာက အဲ့ဒါ . .!

သားဘယ်လိုရှင်းပြရှင်းပြဆရာမ လက်ခံမှာ 

မဟုတ်တော့ဘူး

သားလက်ခလယ်မှာမှဲ့ပါတယ်...

ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်

တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်... 

ဒါပေမယ့်ပြသူမှာပိုတာဝန်ရှိတယ်... 

ဒီကဗျာလည်းဒီလိုပဲ''


''ဘာဆိုင်လို့လဲ''


''ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေး

ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင်

တင်မထားဘူး... ဆရာမဘယ်လိုမြင်လဲမသိဘူး...

သားကတော့ ဒီလိုပဲမြင်တယ်''


''သားထပ်မေးမယ်

ပညာမဲ့တာနဲ့

စာနာစိတ်မဲ့တာ

ဘယ်ဟာပိုဆိုးလဲ''


 #Credit - တာရာမင်းဝေ

Monday, November 2, 2015

Dhéñr Abas (မောင်းထောင်းသံ)




Dhéñr Abas

by Rohang Lay

Fátiyá dúrusór age age,
dhéñr abas fotti góré.
Farar bubu dhéñr fataye,
fuwa keñlot loi follók .
Siyon hoóñlá mugót raké,
uçá lama tale tale.
Dúb---dub, dúb---dub,
dhéñr abas fotti góre.

Gurir roñge dúb zuri,
saloin loi boi matá dórí.
Soidár agé hát foólótdi,
aillát di tulé húñcíyárí.
Dhéñr matá gáconít bazé,
vela rocór tale súre.
Dúb---dub, dúb---dub,
dhéñ abas fotti góré.

Gura fuwain fool óizagói,
dhéñr sorár moza loi.
Kila dóri fatat bōi,
kuíñrór sourér dúb-dub hoi.
Ek zonor age ek zone boiyé,
firár acá mone mone.
Dúb---dub, dúb---dub,
dhéñr abas fotti góré.

Abas fúní dada ye,
fusár gorér ki óiye.
Hoiñssa dadi juwab de,
hoi faróné Fátiya de.
Gotobaror fiçár monote,
leccúa aiyé gale gale.
Dúb---dub, dúb---dub,
dhéñr abas fotti góré.
✏✏✏✏✏✏✏✏✏✏✏✏✏✏