Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 26, 2021

ရခိုင်၊ ရိုဟင်ဂျာနှင့်အနာဂတ် အာရကန်

 


ရခိုင်၊ ရိုဟင်ဂျာနှင့်အနာဂတ် အာရကန်


အာရကန်ဒေသက ရာစုနှစ်ပေါင်းများစွာ ကိုယ့်ထီးကိုယ့်နန်းနဲ့ နေခဲ့တဲ့အချိန် အာရကန်ပြည်သူတွေကြားမှာ လူမျိုးရေး၊ ဘာသာရေးကြောင့် ပဋိပက္ခမဖြစ်ခဲ့ပေ။ မြောက်ဦး မြိုးရိုးထဲ၌ ဗလီရှိခဲ့၏။ ရှစ်သောင်းဘုရားမှာ ရှိတဲ့ ကျောက်တိုင်စာကို မွတ်စလင်ပညာရှင်တွေက ရေးခဲ့၏။ စစ်တပ်မှာလဲ မွတ်စလင်တွေ ရှိခဲ့ရုံသာမက ဘုရင့်အကြံပေးထဲမှာလဲ မွတ်စလင်တွေရှိခဲ့ကြောင်း သမိုင်းအထောက်အထားအရ သိရတယ်။ ဗမာတွေ သိမ်းပြီးတဲ့နောက် အာရကန်ကို ရခိုင်လို့ ပြောင်းခေါပြီး သမိုင်းအမွေအနစ်တွေကိုပါ ဖျက်ဆီးခဲ့တယ်။ မဟာမြတ်မုနိရုပ်ပွားတော်ကိုလဲ လုယူသွားခဲ့တယ်။ မြောက်ဦးမြို့ ကဝါလောင်မှာ ရှိခဲ့တဲ့ အေဒီ 14 ရာစုက ဆောက်ခဲ့တဲ့ အံ့ဖွယ်ဗလီကို ဗိုလ်ချုပ် ခင်ညွှန့်ရဲ့ ညွှန်ကြားချက်နဲ့ 1992 မှာ ဖျက်ဆီးခဲ့တယ်။ စစ်တွေ ပွိုင့်နဲ့ မနီးမဝေးမှာရှိတဲ့ ဗလီကို မထိန်းသိမ်းပဲ ဖျက်ဆီးစေခဲ့တယ်။ 

ဧပြီလ 24 ရက်နေ့ Western News မှာ နှစ်ပေါင်း 160 ရှိနေပြီ ဖြစ်တဲ့ ဗလီကြီးကို ထိန်းသိမ်းရမယ်လို့ ဖတ်ရတော့ အဲဒီလိုတွေးကြတဲ့ ရခိုင်တွေရဲ့ မွန်မြတ်တဲ့စိတ်ထားအပေါ် ဂုဏ်ယူမိပါတယ်။ ကျေးဇူးတင်မဆုံး ဖြစ်မိပါတယ်။

ရခိုင်နဲ့ရိုဟင်ဂျာတို့မှာ အာရကန်ဒေသရဲ့ အဓိက လူမျိူး နှစ်မျိုးဖြစ်ရုံသာမက ခေတ်အဆက်ဆက် အေးအတူပူအမျှ ငြိမ်းချမ်းစွာ အတူယှဥ်တွဲ နေထိုင်ခဲ့ကြတဲ့ သမိုင်းအထောက်အထားတွေ သမိုင်းစာမျက်နှာတွေမှာ ယနေ့အထိ ဖတ်မဆုံးပါ။ 2012 မှာ တရုတ်ရဲ့ ရွှေဂတ်စ် ပရိုဂျက်အောင်မြင်ရေးအတွက် ဗမာစစ်ခေါင်းဆောင်တွေက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်ဆောင်စေဖို့ RNDP ကို အသုံးချခဲ့တယ်။ ဒေါက်တာအေးမောင်အပါအဝင် ရခိုင်ခေါင်းဆောင်အချို့က ရိုဟင်ဂျာတွေကို ခိုးဝင်ဘင်္ဂလီလို့ စွပ်စွဲပြီး တတိယကမ္ဘာပို့ပေးပါလို့ တောင်းဆိုခဲ့တယ်။ သမ္မတဟောင်း သိန်းစိန်ကလဲ ထိုအတိုင်းပင် တောင်းဆိုခဲ့တယ်။ အဲဒီအကြံအစည် မအောင်မြင်တော့ ဗမာစစ်ခေါင်းဆောင်တွေကို ဒေါက်တာကျော်ရင်လှိုင်ကို အသုံးချပြီး နော်ဝေးနိုင်ငံမှ ဒေါ်လာသန်းချီတဲ့ အကူအညီကို ရယူကာ ရခိုင်-ရိုဟင်ဂျာ သင့်မြတ်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ကမ္ဘာကို လိမ်ညာခဲ့တယ်။

RNDP က ရခိုင်တွေ မွတ်စလင်တွေနဲ့ ရောနေဖို့ လုံးဝ မဖြစ်ဘူး။ သီးခြားစီနေရမယ်။ အုတ်တံတိုင်းခြားထားရမယ်လို့ တောင်းဆိုလာခဲ့တယ်။ 2012 ကနေ ယနေ့အထိ IDP ထဲမှာ နေနေရတဲ့ ကမန်တွေနဲ့ရိုဟင်ဂျာတွေဟာ ဗမာစစ်ခေါင်းဆောင်တွေနဲ့ RNDP ရဲ့ ပေါ်လစီတွေကြောင့်ပဲ ဖြစ်တယ်။ ရခိုင်အချို့သာ ထိုသို့ အစွန်းရောက်ကြပြီး အများစုကတော့ မွတ်စလင်တွေနဲ့ ရောနှောနေထိုင်ရေးကို အလေးထားကြတယ်။ 

ကျွန်တော်ကလဲ ဘုန်းကြီးကျောင်းမှာ ကိုရင်တွေနဲ့အတူ ဆော့ကစားရင်း ကြီးပြင်းလာခဲ့တာမို့ ရခိုင်တွေကို ကျွန်တော်တို့ရဲ့ ညီနောင်ပမာ သဘောထားပါတယ်။ 2012 အကြမ်းဖက်မှုမှာ စျေးဟောင်းမောလိပ် (ရိုဟင်ဂျာပါရာ) မှာ နေထိုင်တဲ့ ကျွန်တော့ ညီမနဲ့သူ့မိသားစုကို အိမ်နီးနားချင်း ရခိုင်တွေကဘဲ ကယ်ခဲ့ကြတယ်။ ယနေ့အထိ ရိုဟင်ဂျာတွေကို ကူညီနေတဲ့ရခိုင်တွေ၊ ရိုဟင်တွေနဲ့အတူ အလုပ်လုပ်နေတဲ့ ရခိုင်တွေအများကြီးပါ။ 

ဒီနေ့ ကျွန်တော်က ရသေ့တောင်မြို့ ဆင်ကူးတန်းကျေးရွာမှာ နေတဲ့ ရိုဟင်ဂျာသူငယ်ချင်းတစ်ဦးကို ဖုန်းဆက်တော့ သူက အေအေတပ်သားနှစ်ဦးရဲ့ ယဥ်ကျေးသိမ်မွေ့ပြီး ကရုဏာထားတဲ့အကြောင်းပြောပြတယ်။ "ကျနော်တို့က ထမင်းဟင်းချက်ဖို့ ထင်းလိုတယ်။ ထင်းခုတ်ဖို့ တောထဲသွားတော့ အေအေတပ်သားနှစ်ဦးနဲ့ တွေ့တယ်။ သူတို့က ကျနော့အား အကို အခုအချိန် နေရာတိုင်းမှာ မှိုင်းတွေရှိနိုင်တယ်။ အသက်အန္တရာယ်ရှိတယ်။ တောထဲမသွားကြနဲ့၊ ရွာထဲမှာ အခက်အခဲရှိရင် ဘေးက ရခိုင်ရွာကို အကူအညီတောင်းပါ။ မရရင် ကျနော်တို့က ကူညီနိုင်အောင်ကြိုးစားပေးမယ်။"လို့ ပြောခဲ့တယ်။ တချို့နေရာတွေမှာ အေအေက ရိုဟင်တွေဆီကနေ ဆက်​ကြေးတောင်းတယ်ဆိုတဲ့ သတင်းတွေလဲ ထွက်နေတယ်။ 

အာရကန်ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ရခိုင်နဲ့ရိုဟင်ဂျာတွေ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ခြင်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ရခိုင်အစွန်းရောက်တချို့က ယူဆသလို သီးခြားစီနေထိုင်ခြင်းဖြင့် ကျနော်တို့ကြားမှာ သံသယတိုးလာနိုင်တယ်။ 2012 မတိုင်မီအခြေအနေနဲ့ 2012 နောက်ပိုင်းအခြေအနေတွေကို နှိုင်းယှဥ်းကြည့်ကြပါ။ 2012 နောက်ပိုင်း ပိုပြီးဆုတ်ယုတ်လာတာတွေ့ရတယ်။ ဗမာစစ်ခေါင်ဆောင်အလိုကျ သွေးခွဲနေရင် ကျနော်တို့က အာရကန်ဒေသကို ဖွံ့ဖြိုးအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ ညီညွတ်မှုကြောင့် တကမ္ဘာလုံးက အကူအညီတွေပါ ကျနော်တို့ထံရောက်လာနိုင်တယ်။ 

ရခိုင့်နန်းထဲအထိ ဗလီဆောက်ခဲ့တာကို မဘသဘုန်းကြီးတွေက အဆိုးမြင်ကြပေမဲ့ တကယ်တော့ ရခိုင့်နန်းတွင်းထဲ ဗလီရှိနေခြင်းက ရခိုင်တွေရဲ့ မွန်မြတ်တဲ့ စိတ်နေသဘောထားကိုကမ္ဘာ့အလယ်မှာ ဂုဏ်ယူနိုင်တဲ့ အချက်ပါ။ ရှေ့ဟောင်းအမွေအနစ်တွေကို လူမျိုးဘာသာမခွဲခြားဘဲ ဘုရားပုထိုးဖြစ်ဖြစ်၊ ဗလီ၊ မဒရဆာဖြစ်ဖြစ် ထိန်းသိမ်းခြင်းဟာ ကမ္ဘာက ချီးမွမ်းမဆုံးဖြစ်မဲ့ ဇာတိဂုဏ်ပဲဖြစ်တယ်။ အဲဒီလို ထိန်းသိမ်းခြင်းဖြင့် နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသွားဦးရေများစွာလဲ ရခိုင်ဒေသသို့ ရောက်ရှိလာမှာ ဖြစ်တယ်။ 

ရခိုင်အစွန်းရောက်အချို့က ရိုဟင်ဂျာကို ဘင်္ဂလီလို့ခေါ်စေလိုပေမဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလီလို့ ပြောခြင်းက အာရကန်ဒေသအတွက် အင်မတန်အန္တရာယ်ရှိပါတယ်။ အဲသလို ခေါ်ခြင်းကြောင့် ကမ္ဘာကိုပါ စိန်ခေါ်ရာရောက်ပြီး ရခိုင်ပြည်နဲ့ အာရကန်ဒေသ ဆိုတဲ့ အခေါ်အဝေါ်လဲ အငြင်းပွားစရာ ဖြစ်သွားနိုင်တယ်။ 

အချုပ်အားဖြင့် ကျနော်တို့ရဲ့ အာရကန်တိုးတက်ရေးအတွက် အတိတ်ကအ​ငြင်းပွားစရာကိစ္စတွေမှာ ဗမာစစ်ခေါင်းဆောင်တွေရဲ့ ပယောဂမကင်းကြောင့်ကို ရခိုင်နဲ့ရိုဟင်ဂျာ နှစ်ဘက်စလုံးက လက်ခံပြီး international standard နဲ့အညီ တန်းတူညီမျှရေးကို ဦးတည်သင့်ပါတယ်။ ရခိုင်-ရိုဟင်ဂျာ ညီညွတ်ရေးဟာ အာရကန်ဒေသရဲ့ ဖွံဖြိုးတိုးတက်မှုဆိုတာကို အာရကန်ပြည်သူတိုင်း နှလုံးသွင်းသင့်တယ်။ ရခိုင်နဲ့ရိုဟင်ဂျာနှစ်ဘက်စလုံးမှာ သဘောထားတင်းမာတဲ့ ခေါင်းဆောင်တွေရှိခဲ့တယ်။ ကျနော်တို့မှာ သဘောကြီးတဲ့ လူငယ်ခေါင်းဆောင်တွေလိုပါတယ်။ 

လူမျိုးရေး ဘာသာရေးမုန်းတီးမှုက ကျနော်တို့အတွက် အဆိပ်အတောက်သာ ဖြစ်ကြောင့် သိထားတဲ့လူငယ်တွေ၊ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ခြင်းမူကို လက်ကိုင်ထားတဲ့ လူငယ်တွေက အာရကန်ဒေသအား ဦးဆောင်မှသာ ကျနော်တို့က အချိန်တိုအတွင်း တိုးတက်လာနိုင်တယ်။ မကြာခင် R2P ဝင်ရောက်ဖွယ်ရှိနေတော့ ရခိုင်နဲ့ရိုဟင်ဂျာတွေဟာ ညီနောင်တွေဖြစ်ကြောင်း ပြသဖို့လိုပါတယ်။ အဲဒီလို မလုပ်နိုင်ရင်တော့ အာရကန်ဟာ ရွှေရည်စိမ် ရခိုင်ပြည်အဆင့်နဲ့သာ ကျန်ရစ်ပါလိမ့်မယ်။


#Zawgyi

ရခိုင္၊ ႐ိုဟင္ဂ်ာႏွင့္အနာဂတ္ အာရကန္
=====================

အာရကန္ေဒသက ရာစုႏွစ္ေပါင္းမ်ားစြာ ကိုယ့္ထီးကိုယ့္နန္းနဲ႔ ေနခဲ့တဲ့အခ်ိန္ အာရကန္ျပည္သူေတြၾကားမွာ လူမ်ိဳးေရး၊ ဘာသာေရးေၾကာင့္ ပဋိပကၡမျဖစ္ခဲ့ေပ။ ေျမာက္ဦး ၿမိဳး႐ိုးထဲ၌ ဗလီရွိခဲ့၏။ ရွစ္ေသာင္းဘုရားမွာ ရွိတဲ့ ေက်ာက္တိုင္စာကို မြတ္စလင္ပညာရွင္ေတြက ေရးခဲ့၏။ စစ္တပ္မွာလဲ မြတ္စလင္ေတြ ရွိခဲ့႐ုံသာမက ဘုရင့္အႀကံေပးထဲမွာလဲ မြတ္စလင္ေတြရွိခဲ့ေၾကာင္း သမိုင္းအေထာက္အထားအရ သိရတယ္။ ဗမာေတြ သိမ္းၿပီးတဲ့ေနာက္ အာရကန္ကို ရခိုင္လို႔ ေျပာင္းေခၚၿပီး သမိုင္းအေမြအနစ္ေတြကိုပါ ဖ်က္ဆီးခဲ့တယ္။ မဟာျမတ္မုနိ႐ုပ္ပြားေတာ္ကိုလဲ လုယူသြားခဲ့တယ္။ ေျမာက္ဦးၿမိဳ႕ ကဝါေလာင္မွာ ရွိခဲ့တဲ့ ေအဒီ 14 ရာစုက ေဆာက္ခဲ့တဲ့ အံ့ဖြယ္ဗလီကို ဗိုလ္ခ်ဳပ္ ခင္ၫႊန္႔ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ 1992 မွာ ဖ်က္ဆီးခဲ့တယ္။ စစ္ေတြ ပြိဳင့္နဲ႔ မနီးမေဝးမွာရွိတဲ့ ဗလီကို မထိန္းသိမ္းပဲ ဖ်က္ဆီးေစခဲ့တယ္။ 

ဧၿပီလ 24 ရက္ေန႔ Western News မွာ ႏွစ္ေပါင္း 160 ရွိေနၿပီ ျဖစ္တဲ့ ဗလီႀကီးကို ထိန္းသိမ္းရမယ္လို႔ ဖတ္ရေတာ့ အဲဒီလိုေတြးၾကတဲ့ ရခိုင္ေတြရဲ႕ မြန္ျမတ္တဲ့စိတ္ထားအေပၚ ဂုဏ္ယူမိပါတယ္။ ေက်းဇူးတင္မဆုံး ျဖစ္မိပါတယ္။

ရခိုင္နဲ႔႐ိုဟင္ဂ်ာတို႔မွာ အာရကန္ေဒသရဲ႕ အဓိက လူမ်ိဴး ႏွစ္မ်ိဳးျဖစ္႐ုံသာမက ေခတ္အဆက္ဆက္ ေအးအတူပူအမွ် ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲ ေနထိုင္ခဲ့ၾကတဲ့ သမိုင္းအေထာက္အထားေတြ သမိုင္းစာမ်က္ႏွာေတြမွာ ယေန႔အထိ ဖတ္မဆုံးပါ။ 2012 မွာ တ႐ုတ္ရဲ႕ ေ႐ႊဂတ္စ္ ပ႐ိုဂ်က္ေအာင္ျမင္ေရးအတြက္ ဗမာစစ္ေခါင္းေဆာင္ေတြက လူမ်ိဳးေရး၊ ဘာသာေရး ပဋိပကၡအသြင္ေဆာင္ေစဖို႔ RNDP ကို အသုံးခ်ခဲ့တယ္။

ေဒါက္တာေအးေမာင္အပါအဝင္ ရခိုင္ေခါင္းေဆာင္အခ်ိဳ႕က ႐ိုဟင္ဂ်ာေတြကို ခိုးဝင္ဘဂၤလီလို႔ စြပ္စြဲၿပီး တတိယကမာၻပို႔ေပးပါလို႔ ေတာင္းဆိုခဲ့တယ္။ သမၼတေဟာင္း သိန္းစိန္ကလဲ ထိုအတိုင္းပင္ ေတာင္းဆိုခဲ့တယ္။ အဲဒီအႀကံအစည္ မေအာင္ျမင္ေတာ့ ဗမာစစ္ေခါင္းေဆာင္ေတြကို ေဒါက္တာေက်ာ္ရင္လႈိင္ကို အသုံးခ်ၿပီး ေနာ္ေဝးႏိုင္ငံမွ ေဒၚလာသန္းခ်ီတဲ့ အကူအညီကို ရယူကာ ရခိုင္-႐ိုဟင္ဂ်ာ သင့္ျမတ္ေရးအတြက္ လုပ္ေဆာင္ေနတယ္လို႔ ကမာၻကို လိမ္ညာခဲ့တယ္။

RNDP က ရခိုင္ေတြ မြတ္စလင္ေတြနဲ႔ ေရာေနဖို႔ လုံးဝ မျဖစ္ဘူး။ သီးျခားစီေနရမယ္။ အုတ္တံတိုင္းျခားထားရမယ္လို႔ ေတာင္းဆိုလာခဲ့တယ္။ 2012 ကေန ယေန႔အထိ IDP ထဲမွာ ေနေနရတဲ့ ကမန္ေတြနဲ႔႐ိုဟင္ဂ်ာေတြဟာ ဗမာစစ္ေခါင္းေဆာင္ေတြနဲ႔ RNDP ရဲ႕ ေပၚလစီေတြေၾကာင့္ပဲ ျဖစ္တယ္။ ရခိုင္အခ်ိဳ႕သာ ထိုသို႔ အစြန္းေရာက္ၾကၿပီး အမ်ားစုကေတာ့ မြတ္စလင္ေတြနဲ႔ ေရာေႏွာေနထိုင္ေရးကို အေလးထားၾကတယ္။ 

ကြၽန္ေတာ္ကလဲ ဘုန္းႀကီးေက်ာင္းမွာ ကိုရင္ေတြနဲ႔အတူ ေဆာ့ကစားရင္း ႀကီးျပင္းလာခဲ့တာမို႔ ရခိုင္ေတြကို ကြၽန္ေတာ္တို႔ရဲ႕ ညီေနာင္ပမာ သေဘာထားပါတယ္။ 2012 အၾကမ္းဖက္မႈမွာ ေစ်းေဟာင္းေမာလိပ္ (႐ိုဟင္ဂ်ာပါရာ) မွာ ေနထိုင္တဲ့ ကြၽန္ေတာ့ ညီမနဲ႔သူ႔မိသားစုကို အိမ္နီးနားခ်င္း ရခိုင္ေတြကဘဲ ကယ္ခဲ့ၾကတယ္။ ယေန႔အထိ ႐ိုဟင္ဂ်ာေတြကို ကူညီေနတဲ့ရခိုင္ေတြ၊ ႐ိုဟင္ေတြနဲ႔အတူ အလုပ္လုပ္ေနတဲ့ ရခိုင္ေတြအမ်ားႀကီးပါ။ 

ဒီေန႔ ကြၽန္ေတာ္က ရေသ့ေတာင္ၿမိဳ႕ ဆင္ကူးတန္းေက်း႐ြာမွာ ေနတဲ့ ႐ိုဟင္ဂ်ာသူငယ္ခ်င္းတစ္ဦးကို ဖုန္းဆက္ေတာ့ သူက ေအေအတပ္သားႏွစ္ဦးရဲ႕ ယဥ္ေက်းသိမ္ေမြ႕ၿပီး က႐ုဏာထားတဲ့အေၾကာင္းေျပာျပတယ္။ "က်ေနာ္တို႔က ထမင္းဟင္းခ်က္ဖို႔ ထင္းလိုတယ္။ ထင္းခုတ္ဖို႔ ေတာထဲသြားေတာ့ ေအေအတပ္သားႏွစ္ဦးနဲ႔ ေတြ႕တယ္။ သူတို႔က က်ေနာ့အား အကို အခုအခ်ိန္ ေနရာတိုင္းမွာ မႈိင္းေတြရွိႏိုင္တယ္။ အသက္အႏၲရာယ္ရွိတယ္။ ေတာထဲမသြားၾကနဲ႔၊ ႐ြာထဲမွာ အခက္အခဲရွိရင္ ေဘးက ရခိုင္႐ြာကို အကူအညီေတာင္းပါ။ မရရင္ က်ေနာ္တို႔က ကူညီႏိုင္ေအာင္ႀကိဳးစားေပးမယ္။"လို႔ ေျပာခဲ့တယ္။ တခ်ိဳ႕ေနရာေတြမွာ ေအေအက ႐ိုဟင္ေတြဆီကေန ဆက္​ေၾကးေတာင္းတယ္ဆိုတဲ့ သတင္းေတြလဲ ထြက္ေနတယ္။ 

အာရကန္ေဒသရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈဟာ ရခိုင္နဲ႔႐ိုဟင္ဂ်ာေတြ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ျခင္းနဲ႔ တိုက္႐ိုက္အခ်ိဳးက်ပါတယ္။ ရခိုင္အစြန္းေရာက္တခ်ိဳ႕က ယူဆသလို သီးျခားစီေနထိုင္ျခင္းျဖင့္ က်ေနာ္တို႔ၾကားမွာ သံသယတိုးလာႏိုင္တယ္။ 2012 မတိုင္မီအေျခအေနနဲ႔ 2012 ေနာက္ပိုင္းအေျခအေနေတြကို ႏႈိင္းယွဥ္းၾကည့္ၾကပါ။ 2012 ေနာက္ပိုင္း ပိုၿပီးဆုတ္ယုတ္လာတာေတြ႕ရတယ္။ ဗမာစစ္ေခါင္ေဆာင္အလိုက် ေသြးခြဲေနရင္ က်ေနာ္တို႔က အာရကန္ေဒသကို ဖြံ႕ၿဖိဳးေအာင္ လုပ္ႏိုင္မွာမဟုတ္ဘူး။ က်ေနာ္တို႔ရဲ႕ ညီၫြတ္မႈေၾကာင့္ တကမာၻလုံးက အကူအညီေတြပါ က်ေနာ္တို႔ထံေရာက္လာႏိုင္တယ္။ 

ရခိုင့္နန္းထဲအထိ ဗလီေဆာက္ခဲ့တာကို မဘသဘုန္းႀကီးေတြက အဆိုးျမင္ၾကေပမဲ့ တကယ္ေတာ့ ရခိုင့္နန္းတြင္းထဲ ဗလီရွိေနျခင္းက ရခိုင္ေတြရဲ႕ မြန္ျမတ္တဲ့ စိတ္ေနသေဘာထားကိုကမာၻ႔အလယ္မွာ ဂုဏ္ယူႏိုင္တဲ့ အခ်က္ပါ။ ေရွ႕ေဟာင္းအေမြအနစ္ေတြကို လူမ်ိဳးဘာသာမခြဲျခားဘဲ ဘုရားပုထိုးျဖစ္ျဖစ္၊ ဗလီ၊ မဒရဆာျဖစ္ျဖစ္ ထိန္းသိမ္းျခင္းဟာ ကမာၻက ခ်ီးမြမ္းမဆုံးျဖစ္မဲ့ ဇာတိဂုဏ္ပဲျဖစ္တယ္။ အဲဒီလို ထိန္းသိမ္းျခင္းျဖင့္ ႏိုင္ငံတကာမွ ကမာၻလွည့္ခရီးသြားဦးေရမ်ားစြာလဲ ရခိုင္ေဒသသို႔ ေရာက္ရွိလာမွာ ျဖစ္တယ္။ 

ရခိုင္အစြန္းေရာက္အခ်ိဳ႕က ႐ိုဟင္ဂ်ာကို ဘဂၤလီလို႔ေခၚေစလိုေပမဲ့ ႐ိုဟင္ဂ်ာေတြကို ဘဂၤလီလို႔ ေျပာျခင္းက အာရကန္ေဒသအတြက္ အင္မတန္အႏၲရာယ္ရွိပါတယ္။ အဲသလို ေခၚျခင္းေၾကာင့္ ကမာၻကိုပါ စိန္ေခၚရာေရာက္ၿပီး ရခိုင္ျပည္နဲ႔ အာရကန္ေဒသ ဆိုတဲ့ အေခၚအေဝၚလဲ အျငင္းပြားစရာ ျဖစ္သြားႏိုင္တယ္။ 

အခ်ဳပ္အားျဖင့္ က်ေနာ္တို႔ရဲ႕ အာရကန္တိုးတက္ေရးအတြက္ အတိတ္ကအ​ျငင္းပြားစရာကိစၥေတြမွာ ဗမာစစ္ေခါင္းေဆာင္ေတြရဲ႕ ပေယာဂမကင္းေၾကာင့္ကို ရခိုင္နဲ႔႐ိုဟင္ဂ်ာ ႏွစ္ဘက္စလုံးက လက္ခံၿပီး international standard နဲ႔အညီ တန္းတူညီမွ်ေရးကို ဦးတည္သင့္ပါတယ္။ ရခိုင္-႐ိုဟင္ဂ်ာ ညီၫြတ္ေရးဟာ အာရကန္ေဒသရဲ႕ ဖြံၿဖိဳးတိုးတက္မႈဆိုတာကို အာရကန္ျပည္သူတိုင္း ႏွလုံးသြင္းသင့္တယ္။ ရခိုင္နဲ႔႐ိုဟင္ဂ်ာႏွစ္ဘက္စလုံးမွာ သေဘာထားတင္းမာတဲ့ ေခါင္းေဆာင္ေတြရွိခဲ့တယ္။ က်ေနာ္တို႔မွာ သေဘာႀကီးတဲ့ လူငယ္ေခါင္းေဆာင္ေတြလိုပါတယ္။ 

လူမ်ိဳးေရး ဘာသာေရးမုန္းတီးမႈက က်ေနာ္တို႔အတြက္ အဆိပ္အေတာက္သာ ျဖစ္ေၾကာင့္ သိထားတဲ့လူငယ္ေတြ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ျခင္းမူကို လက္ကိုင္ထားတဲ့ လူငယ္ေတြက အာရကန္ေဒသအား ဦးေဆာင္မွသာ က်ေနာ္တို႔က အခ်ိန္တိုအတြင္း တိုးတက္လာႏိုင္တယ္။ မၾကာခင္ R2P ဝင္ေရာက္ဖြယ္ရွိေနေတာ့ ရခိုင္နဲ႔႐ိုဟင္ဂ်ာေတြဟာ ညီေနာင္ေတြျဖစ္ေၾကာင္း ျပသဖို႔လိုပါတယ္။ အဲဒီလို မလုပ္ႏိုင္ရင္ေတာ့ အာရကန္ဟာ ေ႐ႊရည္စိမ္ ရခိုင္ျပည္အဆင့္နဲ႔သာ က်န္ရစ္ပါလိမ့္မယ္။

ဓါတ်ပုံ - အမိုးပွင့်ထောင်ထဲမှရိုဟင်ဂျာကလေးငယ်များ(ဝဲဘက်)၊ စစ်ဘေးရှောင်ရခိုင်ကလေးငယ်များ (ညာဘက်)

https://aungaungsittwe.com/mm/archives/3941

#ရိုဟင်ဂျာ
#ရခိုင်
#အာရကန်
#WhatsHappeningInMyanmar

ေအာင္ေအာင္ - စစ္ေတြ
(26 April 2021)