Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, April 28, 2021

သမိုင်းဝင် ပလုတ်တောင်ဗလီကြီး

 


သမိုင်းဝင် ပလုတ်တောင်ဗလီကြီး

စစ်တွေမြို့ ရဲနွယ်စုရပ်ကွက်ရှိ လောကနန္ဒစေတီ တောင်ဘက်က ၁၈၇၀ ပြည့်နှစ်က တည်ဆောက်ခဲ့သည့် သက်တမ်း ၁၈၀ ခန့်ရှိ ပလုတ်တောင်ဗလီကြီး ဖြစ်သည်။ ၂၀၁၂ ခုနှစ် အဓိကရုဏ်းတွင် ရခိုင်အစွန်းရောက်အဖွဲ့များက သမိုင်းဝင် ပလုတ်တောင်ဗလီကြီး အပါအဝင် အနီးအနား ပတ်ဝန်းကျင်ရှိ မွတ်စလင် အိမ်ခြေများကိုပါ ဖျက်ဆီးချေမွပစ်ခဲ့သည်။ မွတ်စလင်များကို IDP စခန်းသို့ မောင်းထုတ်ခဲ့သည်။ 

ပလုတ်တောင်ဗလီကြီးသည် ၁၈ ရာစု အနုပညာလက်ရာနှင့် တင့်တယ်နေ၏။ ရိုဟင်ဂျာတို့၏ ထိုခေတ် ချီးကျူးဂုဏ်ယူလောက်ဖွယ် အနုပညာယဥ်ကျေးမှုနှင့် ဗိသုကာလက်ရာများကို သက်သေထူနေသည်။ ရိုဟင်ဂျာသမိုင်းကို ဖျက်ဆီးလိုသော အစွန်းရောက်အဖွဲ့များက ရည်ရွယ်ရှိရှိ ဖျက်ဆီးလိုက်ခြင်းဖြစ်ပေသည်။ 


 





ဓါတ်ပုံ- 


No comments:

Post a Comment