Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, December 31, 2015

Happy New Year 2016


တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုမည် ဆိုလျှင်

တက္ကသိုလ်ဝင်တန်း မြန်မာစာ ဖြေဆိုမည် ဆိုလျှင်

 Written by ဦးကျော်မိုးမြင့် (မြန်မာစာ) 




တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး မကြာမီ ဖြေဆိုကြ ရပါတော့မယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးက နတ်ကြီး လှပါတယ်။ အဖေ၊ အမေ မနေနိုင် အဘိုး၊ အဘွား မနေနိုင်နဲ့ တစ်အိမ်လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ဆိုတာလို အုန်းခြိမ့်ခြိမ့်ညံထဲကပါ။

မြန်မာနိုင်ငံတွင်း ကျင်းပတဲ့ စာမေးပွဲတွေ အထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲက အထင်ရှားဆုံး၊ အကြီးကျယ် အခမ်းနားဆုံးလို့ ဆိုရ လောက်ပေတယ်။

ဒါ ... ဘာ့ကြောင့်လဲဆိုတော့ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးရဲ့ စုစုပေါင်း ရမှတ်တွေက လူတစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေလို့ပါ။ Institute လို့ ခေါ်တဲ့ အဆင့်မြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ ဝင်ဖို့ဆိုတာ တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ စုစုပေါင်း ရမှတ်တွေက ခွဲခြား သတ်မှတ် ကန့်သတ်လိုက်လို့ပါပဲ။

တော်ကြ၊ ထက်ကြ၊ ထူးချွန်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတို့ အဖို့ ဒီအမှတ် ပြိုင်ပွဲကြီးမှာ ပထမဦးဆုံး ဖြေဆိုရမယ့် မြန်မာစာက အရေးအကြီးဆုံး စီးချင်းထိုးရမယ့် ဘာသာရပ်ပါ။ အထက်တန်းစား ဦးနှောက်ပိုင်ရှင်တွေ ဖြစ်ကြလို့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဆိုတဲ့ ဘာသာ ရပ်တွေက ဘယ်သူဝင်ဖြေဖြေ အမှတ် ၈၀ ကျော် ၉၀ ရနေကျပါ။ တချို့များ အမှတ် ၁၀၀ ပြည့်တောင် ရအောင် လက်စွမ်းပြနိုင်ကြပေရဲ့။ အင်္ဂလိပ်စာလည်း အမှတ် ၈၀ ဝန်းကျင်နဲ့ ဂုဏ်ထူး ထွက်နေကြတာပါပဲ။

ကိုယ့်မိခင် ဘာသာဖြစ်တဲ့ မြန်မာစာမှ ဂုဏ်ထူးမထွက်ဘဲ ပြုတ်ကျန်ခဲ့တာ၊ ဂုဏ်ထူး ထွက်ပြန်တော့လည်း ၇၅ မှတ်နဲ့ ကပ်ထွက်တာ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြရော။ ဒီတော့ အထက်က ဆိုခဲ့သလို တခြား ဘာသာရပ်တွေက ၉၀ ကျော် ၁၀၀ ရထားခဲ့ရင် မထောင်းသာပေမယ့် ၈၀ ကျော် လောက် ကလေးတွေနဲ့ ဂုဏ်ထူး ကပ်ထွက်ထားရင်တော့ ဘာသာစုံဂုဏ်ထူး ထွက်နေရင်လည်း မြန်မာစာအမှတ် နိမ့်ကျနေရင် ရည်မှန်းထားတဲ့ Institute အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ မဝင်ရောက် နိုင်တော့ပါဘူး။

လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပါပြီ။
ဒီတော့ မြန်မာစာ ဘာသာရပ်ကို ဘယ်လို လေ့လာရမယ်။ ဘယ်ပုံ ကျက်မှတ်ရမယ်။ ဘယ်နည်း ဖြေဆိုရမယ် ဆိုတာကို ဆွေးနွေး တင်ပြသွားပါမယ်။ မြန်မာစာ အမှတ် မြင့်မြင့်မားမား ရစေချင်လို့ပါ။ ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို ဝင်စေဖို့ပါ။
မေးခွန်းနံပါတ် ၁။(က) မှာ မူရင်း အရေးအသားလို့ ခေါ်တဲ့ စာရှစ်မျိုး၊ စကားသံဖြစ် အင်္ဂါရှစ်မျိုး၊ ဝါစင်္ဂရှစ်မျိုး၊ သဏ္ဌာန်ပြောင်း အက္ခရာ ၁၃ လုံးနဲ့ တခြားတစ်မျိုးမျိုး စုစုပေါင်း ငါးမျိုး မေးလေ့ရှိပါတယ်။ တစ်မျိုးကိုသာ ဖြေဆိုရပါမယ်။ ၅ မှတ် အပြည့်ရနိုင်တဲ့ မေးခွန်းပါ။

မေးခွန်းနံပါတ် ၁။(ခ) သဒ္ဒါဆိုင်ရာ နားလည်မှု ၄ မှတ်နဲ့ မေးခွန်းနံပါတ် ၁။(ဂ) သဒ္ဒါဆိုင်ရာ တတ်ကျွမ်းမှု ၆ မှတ်၊ စုစုပေါင်း ၁၅ မှတ်ဖိုး မေးထားပါတယ်။ (ခ)၊ (ဂ) မေးခွန်းတွေက ဝါစင်္ဂဆိုင်ရာ မေးခွန်းတွေ ဖြစ်လို့ နဝမတန်း သင်ခန်းစာ ကျေညက်ခဲ့ရင် ပြန်ကြည့်စရာတောင် မလိုတဲ့ ပြဋ္ဌာန်းစာ တွေပါ။ ဒါကြောင့်လည်း မြန်မာစာ မေးခွန်း နံပါတ် (၁) ကို အမှတ်ပြည့် ရနေကြတာပါ။

မေးခွန်း ၂။ (က) ဝေါဟာရတွေက ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက စုစုပေါင်း ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ ခေတ်သုံးစကား မဟုတ်တဲ့ ပေါရာဏလို့ ခေါ်တဲ့ ရှေးဟောင်း စကား၊ ပါဠိသက်၊ မွေးစား စကားလုံးတွေကို မေးလေ့ရှိပါတယ်။ ငါးလုံး ရွေးချယ်ပြီး ဖြေဆိုရပါမယ်။ အမှတ်ပြည့် ရကြပါတယ်။

မေးခွန်း ၂။(ခ) ဝေါဟာရ ဝါကျဖွဲ့ထုံး မေးခွန်းတွေကိုလည်းပဲ ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်း စာတွေထဲက ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ခေတ်သုံး စကားများကိုသာ ဝါကျဖွဲ့ ခိုင်း လေ့ရှိပါတယ်။ ဒါမှလည်း ဝါကျဖွဲ့ ဖြေဆိုလို့ အဆင်ပြေမှာပါ။ မေးထားတဲ့ ဝေါဟာရက နာမ်လား၊ နာမဝိသေသနလား၊ ကြိယာလား၊ ကြိယဝိသေသနလား သိဖို့ လိုအပ်သလို နေရာအထားအသို မှန်ကန်ဖို့၊ သဒ္ဒါ မှန်ဖို့လည်း အရေးကြီးပါတယ်။ ဒီဝါကျ ငါးခုကလည်း အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၂။(ဂ) အလင်္ကာ မေးခွန်းကို ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက အရေအတွက် အချိုးကျ ပါဝင်အောင် ရှစ်လုံး မေးပါမယ်။ အလင်္ကာ ၅ မျိုးလုံး စုံအောင်လည်း ထည့်မေးလေ့ရှိပါ တယ်။ သုံးလုံးသာ ရွေးချယ် ဖြေဆိုရပါမယ်။ အလင်္ကာကို နှစ်ဆင့် ဖြေဆိုရပါတယ်။ ဘယ်ပြဋ္ဌာန်းစာထဲက မေးထားတာ၊ ဘယ်သူက ပြောတာ (ရေးဖွဲ့တာ)၊ ဘာအဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ဆက်စပ် သုံးစွဲထားတာ ဖြေဆိုနိုင်ရင် တစ်မှတ်၊ အလင်္ကာ မြောက်ကြောင်း ရေးဖွဲ့နိုင်ရင် တစ်မှတ်ဆိုပြီး အလင်္ကာ တစ်လုံးကို နှစ်မှတ် ပေးထားပါတယ်။ ငါးမျိုးမှန်တော့ ၁၀ မှတ်။ မေးခွန်း အမှတ် (၂) တစ်ခုလုံးရဲ့ ပေးမှတ် ၂၀ ကို အပြည့် ရနေကြတာ တွေ့နေရပါတယ်။

မေးခွန်း ၃။(က) ကဗျာ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ ကဗျာမှတ်စုတို တွေပါ။ ပြဋ္ဌာန်း စာကဗျာ (၁၆) ပုဒ်ထဲက ကဗျာ စာဆိုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကဗျာစာပေနဲ့ ပတ်သက်တာတွေကို ရှစ်မျိုးမေး ပါတယ်။ နှစ်သက်ရာ ငါးမျိုး ရွေးချယ် ဖြေဆိုရပါမယ်။ အမှတ်ပြည့် ၅ မှတ် ရနေကြပါတယ်။

မေးခွန်း ၃။(ခ) ကဗျာ မေးခွန်းရှည် နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေရမှာပါ။ ဂုဏ်ထူး ထွက်စေဖို့ အခရာကျတဲ့ မေးခွန်း ဖြစ်ပါတယ်။ နိဒါန်း စာပိုဒ်မှာ စာရေးသူ၊ ရေးသော ခေတ်၊ ကဗျာ အမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက် စတာတွေ ပြီးပြည့်စုံအောင် ဖော်ပြရပါတယ်။ တစ်မျိုးမျိုး ပြုတ်ကျန်ခဲ့ရင်၊ မှားယွင်း ဖြေဆိုမိရင် စာဆိုရဲ့နာမည်၊ ကဗျာအမျိုးအစားတွေကို ဖော်ပြရာမှာ စာလုံးပေါင်း မှားရင်တော့ အောင်မှတ် မပေးပါဘူး။ နိဂုံးမချုပ်ရင်လည်း အောင်မှတ် မပေးပါဘူး။ စာဆိုရဲ့ ရှုထောင့်က မေးထားတာလား၊ အရေးအဖွဲ့ကို မေးတာလား၊ အကြောင်းအရာကို မေးတာလား မေးခွန်းကို အသေအချာ ဖတ်ပြီးမှ ဖြေဆိုရမှာပါ။ ပို့ချချက်တွေကို အလွတ်ကျက်ပြီး ဖြေတာမျိုးထက် မူရင်း ကဗျာကို အပိုင်ကျက်ထားပြီး၊ မေးထားတဲ့ မေးခွန်းရဲ့ အာဘော်ကို အံဝင်ခွင်ကျ ဖြေဆိုနိုင်သူတွေသာ ဂုဏ်ထူးမှတ် ရကြပါတယ်။ ၂၈ မိနစ် နာရီဝက်ခန့် အချိန်ယူပြီး ဖြေရပါတယ်။

မေးခွန်း ၄။(က) စကားပြေ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ စကားပြေမှတ်စုကို ရှစ်မျိုး မေးပါတယ်။ ငါးခု ရွေးချယ် ဖြေဆိုရပါတယ်။ မေးခွန်း ၃။(က) နဲ့ ၄။(ဂ) က ကဗျာနဲ့ စကားပြေပဲ ကွာသွားတာပါ။ မေးခွန်းပုံစံ လုံးဝနီးပါး တူပါတယ်။ စကားပြေ ပြဋ္ဌာန်းစာ ၁၈ ပုဒ်ထဲကပဲ ထောင့်စုံအောင် မေးမှာပါ။ အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၄။(ခ) စကားပြေ မေးခွန်းရှည် (၂) ပုဒ် မေးပြီး တစ်ပုဒ် ရွေးချယ် ဖြေဆိုရပါမယ်။ မြန်မာစာ ဂုဏ်ထူးထွက်ဖို့အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းဆိုတာ သတိပြုဖွယ်ပါ။ အကြမ်းဖျင်းအားဖြင့် သုတစာပေ တစ်ပုဒ်၊ ရသစာပေ တစ်ပုဒ် အဲသလို ခွဲခြား မေးတတ်ပါတယ်။ နိဒါန်းပိုင်းမှာ စာရေးသူ၊ ရေးသော ခေတ်၊ စာအမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက်တွေကို ပြည့်စုံအောင် ဖော်ပြရပါမယ်။ မူရင်း ပြဋ္ဌာန်းစာတွေကို အသေအချာ ဖတ်ရှုထားရပါ့မယ်။ မေးခွန်းကို သေချာစွာ မဖတ်ဘဲ ကျက်ထားတာတွေကို ရမ်းမဖြေသင့်ပါဘူး။ ၃။(ခ) ကဗျာ မေးခွန်းရှည်မှာတော့ ကဗျာစာကိုးတွေနဲ့ ဖြေရလို့ အမှတ်ရဖို့ အထောက်အပံ့ ဖြစ်တာပေါ့။ ဟောဒီစကားပြေ မေးခွန်းရှည်က အမှတ်ရဖို့ လက်ဝင်ပါတယ်။ ကဗျာရှည်ထက်ပိုပြီးလည်း ရေးရ ဖြေရပါတယ်။ မိနစ် ၃၀ ကျော်၊ ၃၅ မိနစ်ခန့်ကို အချိန်ယူပြီး ဖြေရပါတယ်။ ဒီထက် အချိန်ပို ယူရင်တော့ရမယ့် အမှတ်နဲ့ မတန်ဘူးလို့ ဆိုရမှာပါ။ သတိပြုဖွယ်ပါ။

မေးခွန်း ၅။(က) ရေသည်ပြဇာတ် စကားစပ်မေးခွန်းပါ။ မေးခွန်းထဲမှာ စာပိုဒ်တစ်ပိုဒ် ထည့်ပေးထားပါတယ်။ ဒါကို ဖတ်ရှုပြီး ရေသည်ပြဇာတ် ဘယ်အခန်းက ထုတ်နုတ်ထားတယ်ဆိုတာ ဖြေရပါမယ်။ ဘယ်သူက ပြောနေတာ၊ ဘယ်သူ့ကို ပြောနေတာ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာအကြောင်း နဲ့ စပ်လျဉ်းပြီးပြောတယ်၊ ဘယ်ပုံပြောတယ် ဆိုတာတွေကို ဖြေရတာပါ။ ၇ မှတ်ပေးမှာ ပါ။ အမှတ်ပြည့်ရနိုင်တဲ့ အလွယ်ဆုံး မေးခွန်းလို့ ဆိုရင်တောင်ရမှာပါ။ ဖြေဆိုချိန်ကလည်း အလွန်ကြာလှမှ ၁၀ မိနစ်ပါပဲ။

မေးခွန်း ၅။(ခ) ရေသည်ပြဇာတ် ဇာတ်ကောင်စရိုက်လို့ ခေါ်တဲ့ မေးခွန်းရှည်ပါ။ နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေဆိုရမှာပါ။ ရေသည်ပြဇာတ် စကားစပ်ကို အပိုင်ရထားတဲ့ ကျောင်းသား၊ ကျောင်းသူတို့အဖို့ ကျက်စရာ မလိုတဲ့ မေးခွန်းပါ။ သတိပြုရမှာက ၈ မှတ်တန် မေးခွန်းပါ။ ၁၀ မှတ်တန် မဟုတ်ဘူး။ အချိန်ကို တန်သင့်ရုံသာ အသုံးပြုပါ။

ကလေးတို့ ရေသည်ပြဇာတ်မေးခွန်း ၅(က) (ခ)ကို ဖြေဆိုပြီးချိန်ဟာ နံနက် ၁၁ နာရီ ကွက်တိ ဖြစ်နေသင့်ပါတယ်။ ဒါမှ မေးခွန်း ၆ စာစီစာကုံး ဖြေဆိုချိန် မိနစ် ၅၀၊ ပြန်စစ်ချိန် ၁၀ မိနစ်၊ စုစုပေါင်း တစ်နာရီစာ အချိန် ကျန်ရမှာပါ။ တက္ကသိုလ်ဝင်တန်း စာစီစာကုံးဟာ မိနစ် ၅၀ ခန့်မှ အချိန်ယူ မရေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဂုဏ်ထူးမဖြစ် နိုင်တော့ပါဘူး။ မေးခွန်း ၆ မှာ စာစီစာကုံး သုံးပုဒ် မေးပါတယ်။ သုံးပုဒ်လုံးမှာ အောက်လိုင်းလို့ခေါ်တဲ့ အချက်အလက်တွေ ပေးထားပါတယ်။ မိမိနှစ်သက်ရာ၊ မိမိ ကျွမ်းကျင်ရာ တစ်ပုဒ်ကို ရွေးချယ် ဖြေရမှာပါ။ မေးခွန်း တစ်ခုလုံးရဲ့ အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းပါ။ အမှတ် ၂၀ ပေး ထားတာမို့ ၁၂ မှတ်၊ ၁၄ မှတ်စသည် ရ သင့်ပါတယ်။ ပေးထားတဲ့ ပုံကြမ်းအတိုင်း အစီအစဉ်တကျ ရေးရမှာပါ။ ကလေးတို့ အရည်အချင်းကို အစစ်အမှန် သိစေနိုင်တာ ဒီစာစီစာကုံးပဲလေ။ ဆန့်ထွက်၊ ဖြန့်ကြက်ပြီး အစွမ်းကုန် လက်စွမ်းပြဖို့ မေးခွန်းပါ။ ပေးထားတဲ့ အချက်အလက်တွေချည်း အာရုံစိုက်မနေ ပါနဲ့။ ရဲရဲတွေးပြီး ရဲရဲရေးချ ပစ်လိုက်စမ်းပါ။

အရေးကြီးတဲ့ အချက်ကလေးတွေ ရှိပါသေးတယ်။ မြန်မာစာကို ဖြေဆိုရာမှာ ‘ပင့် ရစ် ဆွဲ ထိုး’ မြန်မာစာ အရေးအသား မှန်ဖို့ မြန်မာစာရေးချ နှစ်မျိုးရှိရာမှ ဝိုက်ချ၊ မောက်ချ မှန်ကန်စွာ သုံးတတ်ဖို့၊ မြန်မာ အက္ခရာတွေကို လက်ရာရစ်ပဲ ရေးသားဖို့၊ (အင်္ဂလိပ် အက္ခရာများကို ရေးသကဲ့သို့ လက်ဝဲရစ် လုံးဝမရေးရပါ။) ရရစ်ရေးလျှင် တစ်ကြိမ်တည်း အပြီး ရေးပါ။ နှစ်ကြိမ်၊ နှစ်ဆင့် မရေးသားရပါဘူး။ လက်ရေး လက်သား သန့်ရှင်းသပ်ရပ်ဖို့လည်း အရေးကြီးပါတယ်။ ဂုဏ်ထူးရှင်တွေအတွက် ဆွေးနွေးတာမို့ သဒ္ဒါ အထားအသို၊ ကတ္တား၊ ဝါစက၊ ကံမှန်ဖို့လည်း အထူးဂရုပြုဖြေဆိုဖို့ လိုပေသပေါ့။

ထူးချွန်ထက်မြက်တဲ့ မြန်မာစာ ဂုဏ်ထူးရှင်များ ဖြစ်ကြပါစေ။

Monday, December 28, 2015

Rape Against Rohingys Muslim Women In Burma

Rape Against Rohingys Muslim Women In Burma

By Gchit Salam / IslamYc
“The authority is using the tactic of rape as a weapon against Rohingyas Muslims in the State of Arakan (Burma/Myanmar). This has been going on from 2012 until the people were driven out from their land,” said an aid worker of Maungdaw whose name was not mentioned.
Some cases of rape against Rohingya Muslimahs (women) that happened recently and recorded in the report mentioned. Earlier, hundreds of Rohingya Muslimahs (women) who are still teenagers, have become victims of the savagery of the Buddhist Burmese forces, they are deprived of their honour amidst the sufferings as a result of the violence committed by the Buddhist ethnics of Arakan in their villages.
In some cases, the local said, “Security forces entered the village during the night to check out the list of families where those forces raped the Rohingya women in the houses as there were no more men in the houses.”
One father of Rohingyas said, my daugher Amina (not the real name), was gang raped by the soldiers in the village of Pandaung Pin (Nawlborna) in Maungdaw until she met her death, police sent us her dead body on the next morning. We can’t forget that morning, we were confused how to give her the last shower (bath/shower before dead body is buried).” Two week later, the father also disappeared. In some cases, police and Rakhine Buddhists raped the girl in front of their families.
In other cases, Burmese military is imprisoning Rohingya women from the Arakhan region and using them as sex slaves. “Please help us. If you can help us escape from here you will go to jannah (heaven),” one woman said.
“Many military men come, we can’t breathe. If we stay like this we will go to hell.” Another 18-year-old Rohingya woman I met who escaped from Rakhine state said, she was one of the women who was raped twice by police, but finally, a policeman helped her to escape form Rakahine state.
I tried to speak to her in Rakhine language, the woman replied, “Don’t speak Rakhine with me any more, I am Muslim and was a prisoner there.”Her intended meaning of what she was to say. she felt clear, these women are being raped, and they don’t have to say it explicitly for anyone to understand what’s taking place.
However, there is no report of how their conditions are on the international Media.
The Rohingya Muslims are killed while their houses are all burned down, and the Masjids (Mosques – place of worship) are also burned down, their properties are seized and the Muslimahs (women) are raped.
Strangely, the Burmese Government appears incapable in facing the brutality of its forces and citizens. According to an elder of Maungdaw, the Government is deliberately committing a systematic ethnic cleansing to make the Muslim Rohingya community run away from their land.
Posted-Gchit Salam
Edit- Yee Yee Mom
photo (Google)

SourceIslamyc.com

Wednesday, December 23, 2015

No Sec 1 student intake for 7 schools next year

No Sec 1 student intake for 7 schools next year

File photo of students after receiving their PSLE results. (Photo: Channel 8 News)
SINGAPORE: Seven secondary schools were not posted any Secondary 1 students for 2016 after the 2015 Secondary One Posting Exercise, the Ministry of Education (MOE) said in a media statement on Wednesday (Dec 23). 
The seven schools are: Balestier Hill Secondary School, Henderson Secondary School, MacPherson Secondary School, North View Secondary School, Pioneer Secondary School, Siglap Secondary School and Si Ling Secondary School.
MOE said this is due to falling cohort sizes, which resulted in fewer students being posted to some secondary schools. The schools are said to not have sufficient demand in their area to open classes.
The Education Ministry added that it is looking into the possibility of merging a number of schools with a low enrolment with another school, so schools will be able to provide a wide range of educational programmes and co-curricular activities for their students. More details will be provided in early 2016, MOE said. 
About 38,600 students were posted to secondary schools based on merit and their choice in the 2015 posting exercise. Students will begin classes on Jan 4, 2016, MOE said. 
- CNA/dl

Monday, December 21, 2015

ရခိုင်အရေးနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပု၏ အမြင်

ရခိုင်အရေးနှင့်ပတ်သက်၍ NLD ဗဟိုအလုပ်အမှုဆောင် ဦးညီပု၏ အမြင်

ရခိုင် , NLD , ဗဟိုအလုပ်အမှုဆောင် , ဦးညီပု
ဦးညီပု။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင် နေတဲ့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ မူဝါဒ၊ ဖြေရှင်းပေးရမယ့် စိန်ခေါ်မှုတွေနဲ့ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားရင်ကြားစေ့ နိုင်ရေးတို့ကို  NLD  ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ် ရခိုင်တိုင်းရင်းသားတဦးလည်း ဖြစ်တဲ့ ဦးညီပုကို ဧရာဝတီ ကော်ပီအယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဦးညီပုဟာ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၅ ရွေး ကောက် ပွဲ မှာ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် တဦးကို ပြည်နယ်မှာ ဆင်းပြိုင်ခိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက် တစုံတရာ ရှိပုံရပါတယ်။
မေး။    ။ NLD  အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပါဝင်ဆောင်ရွက် ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။    ။ လုပ်ရမှာတွေက အများကြီးပဲ။ ပြဿနာတွေက လည်း အများကြီး ရှိတယ်လေ။ ဆိုတဲ့အခါကျတော့ လုပ်ရမှာတွေက အများကြီးပဲ။
မေး။    ။ ရခိုင်ပြည်နယ်က အင်မတန် ဆင်းရဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ သင်္ဘော တွေကပ်နိုင်ဖို့ ဆိပ်ခံကောင်းကောင်းမရှိဘူး။ ပညာရေးနိမ့်ကျနေတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ ကျန်းမာရေးဆိုရင် လည်း ဒီအတိုင်းပဲ။ တချို့လူငယ်တွေအရက်စွဲနေကြတယ်။ ဒါတွေကိုဖြေရှင်းဖို့ ဘယ်လို စဉ်စားထားတာတွေ ရှိလဲ။
ဖြေ။    ။ စဉ်းတော့ စဉ်းစားထားပါတယ်။ အခု ကတော့ စဉ်းစားထားတုန်းလောက်ပဲ ရှိသေးတာပေါ့။ ဘာလုပ်မယ်ဆို တာ ပြောဖို့ကတော့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။
မေး။    ။ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကိုဖြေရှင်းဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။    ။ အားလုံး သိတဲ့အတိုင်းပဲလေ။ လူမျိုးရေး၊ အမျိုးသားရေးဆိုတဲ့ ကိစ္စမျိုးတွေက အခက်အခဲတွေပေါ့။ စိန်ခေါ်မှုတွေပေါ့။ ဒါမျိုးတွေ ဖြေရှင်းရမှာပါ။
မေး။    ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ယူမှာလား။
ဖြေ။    ။ ဒါတွေကတော့ ယူရမှာပေါ့ဗျာ။ နိုင်ငံတကာအကူအညီ မရဘဲနဲ့တော့ ဘယ်လိုလုပ်သွားလုပ်နိုင်မလဲ။
မေး။    ။ ရခိုင်မြေပေါ်မှာလုပ်နေတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားတာရှိပါသလဲ။
ဖြေ။    ။ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ပြန်ပြီး တော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း အများကြီး ရှိမှာပေါ့။
မေး။    ။ NLD ပါတီကရခိုင်ပြည်နယ်အတွက် ဘယ်လို မူဝါဒမျိုးချမှတ်ထားတာရှိလဲ။
ဖြေ။    ။ အဲလို မူဝါဒမျိုး မရှိသေးပါဘူး။
မေး။    ။ အနိုင်ရ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘယ်လိုရင်ကြားစေ့ရေးတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။    ။ ဒါတွေက စောစောကပြောသလို ကျနော်တို့ စဉ်းစားထားတာတွေတော့ အများကြီး ရှိပါတယ်။ အဖွဲ့ချုပ် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို မဖြစ်မနေ လုပ်မှာပါ။ ဆွေးနွေးညှိနှိုင်း တာတွေလုပ်မယ် လို့ပြောထားပြီးသားပါ။ လုပ်လည်း လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လုပ်မှာပါ။
မေး။    ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို NLD က ယူမှာလား၊ ရခိုင်ပါတီတွေကို ပေးမှာလား။
ဖြေ။    ။ အဲဒါကလည်း ဒီချိန်ခါမှာ မပြောနိုင်သေးပါဘူး။ စောစောက ပြောသလို ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိရဦးမှာပါ။
မေး။    ။ အန်ကယ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဘာပြောချင်ပါသလဲ။
ဖြေ။    ။ ဒီကိစ္စကလည်း အခုချိန်မှာ ဘာမှပြောလို့မရသေးပါဘူး။
 မေး။    ။ NLD က တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရလို့ သမ္မတလုပ် အစိုးရဖွဲ့နိုင်မှာဖြစ်ပေမယ့်ရခိုင် ပြည်နယ် လွှတ်တော်မှာ ရခိုင်ပါတီက ပိုများနေတဲ့အခါ နိုင်ငံရေးအရ ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။    ။ အခုချိန်မှာကချမှတ်ထားတာတွေ၊ ဆုံးဖြတ် ထားတာတွေ မရှိသေးဘူးလေ။ ညှိနှိုင်းမှုတွေမလုပ် ရသေးတဲ့ အခါပြောဖို့ တော်တော်ခက်နေတယ်။
မေး။    ။ NLD အစိုးရ တက်လာရင် ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေရဲ့အတွက် ဘယ်လို ဆောင်ရွက်ပေးသွား မလဲ။ လူနည်းစု ပြဿနာအပေါ်မှာ ဘယ်လို စဉ်းစားထားလဲ။
ဖြေ။    ။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပြော နေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ လည်း ကိုက်ညီတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ကိုယ်ဒေသမှာလည်း တဖက်နဲ့တဖက် ပြေပြေ လည်လည်ဖြစ် အောင် အချင်းချင်းညှိနှိုင်းရမှာပေါ့။

ပြည် တက္ကသိုလ် ကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား

ပြည် တက္ကသိုလ် ကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွား

ပြည်တက္ကသိုလ်, န၀ဒေးတံတား, ပြည်မြို့, ကျောင်းသူ
ပြည် တက္ကသိုလ် (ဓာတ်ပုံ- ကောင်းမြတ်မင်း/ဧရာဝတီ)
ပြည် တက္ကသိုလ်က ကျောင်းသူ တဦး နဝဒေး တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှု တခု ဖြစ်ပွားခဲ့ပါတယ်။
အဆုံးစီရင်သွားတဲ့ ကျောင်းသူဟာ အသက် ၂၃ နှစ်အရွယ်ရှိ ပြည် တက္ကသိုလ် ရုက္ခဗေဒ ဘာသာ မဟာသိပ္ပံတန်း တက်ရောက်နေ တဲ့ မစုမေသွင် လို့ သိရပြီး အချစ်ရေး အဆင်မပြေလို့ ဒီဇင်ဘာ ၁၆ ရက်က အခုလို အဆုံးစီရင်သွားတာလို့ ပြည် တက္ကသိုလ် အသိုင်း အဝိုင်းက ပြောဆိုကြပါတယ်။
အဲဒီ ပြည် တက္ကသိုလ် ကျောင်းသူလေးနဲ့ ပတ်သက်ဆက်နွယ်တဲ့ နောက်ဆက်တွဲ သတင်းတွေက စိတ်မကောင်းစရာ သတင်းတွေကြားရသလို သူပညာသင်ယူခဲ့တဲ့ တက္ကသိုလ် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတခုလို့ ပြောဆိုနေကြတာတွေကိုလည်း ကြားသိရပါတယ်။
အခု ဖြစ်ရပ်နဲ့ပတ်သက်ပြီး တခြားသော ကျောင်းသူ ကျောင်းသားတွေ အတုယူ မှားမှာကို စိုးရိမ်နေကြတယ်လို့ ပြည် တက္ကသိုလ် ဆရာ ဆရာမ အသိုင်းအဝိုင်းမှာတော့ ပြောဆိုနေကြပါတယ်။
ကွယ်လွန်သူ မစုမေသွင် ရဲ့ ပညာရေးအပေါ်ထားတဲ့ စိတ်ဓာတ်နဲ့ ကြိုးစားမှုတွေအပေါ် ပြည် တက္ကသိုလ် ရုက္ခဗေဒက ဆရာ၊ ဆရာမ တွေက လေးစား ချီးကျူးပေမယ့် အခုလို အချစ်ရေးနဲ့ ပတ်သက်လို့ ဖြေရှင်းသွားတဲ့ လုပ်ရပ်အပေါ်မှာတော့ ကျောင်းတွင်း က ကျောင်းသား ကျောင်းသူတွေ အတုယူ မမှားမိစေဖို့ ဆုံးမပြောဆိုနေရတယ်လို့ ရုက္ခဗေဒဋ္ဌာန ပါမောက္ခ ဒေါ်မီမီမြင့်ရှိန် က ပြော ပြ ပါတယ်။
ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က“ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံတိုင်း အခုလို ဆုံးဖြတ်ချက် မမှားမိစေဖို့ ဆုံးမပြောဆိုနေရတယ်။ ရည်းစား မထားနဲ့လို့ မတားပါဘူး။ သို့ပေမယ့် ဘဝပျက်တဲ့အထိ အသက်သေတဲ့အထိ ဖြစ်ရလောက်အောင် မမိုက်မဲစေချင်ဘူး”လို့ ဧရာဝတီ ကို ပြောဆိုပါတယ်။
ပြည်တက္ကသိုလ် ရုက္ခဗေဒဌာနရဲ့ မဟာတန်း ဒုတိယနှစ်မှာ ပညာသင်ကြားနေသူ ၂ ဦးသာရှိတဲ့ အထဲက အနေအထိုင် ရိုးအေးပြီး စာတော်သူ ကျောင်းသူတဦးဖြစ်တဲ့ မစုမေသွင်သေဆုံးမှုက ဒီဌာနအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတခုဖြစ်တယ်လို့လည်း ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က ပြောပါတယ်။
“ဒီလို M.Sc တက်ရဖို့ တော်ရုံ အရည်အချင်းနဲ့ မရဘူး။ ဌာနတခုလုံးမှာ မဟာတန်းကျောင်းသား ၂ ယောက်ပဲ ရှိတဲ့အထဲက တယောက်က အခုလိုဖြစ်သွားတော့ တိုင်းပြည်အတွက်ရော ပြည်တက္ကသိုလ် ရုက္ခဗေဒဌာန အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တခုပါ။ မိဘတွေ အတွက်ဆိုရင် ပြောမနေပါနဲ့တော့”လို့ ဒေါ်မီမီမြင့်ရှိန်က ဆိုပါတယ်။
မစုမေသွင်ဟာ လာမယ့် ၂၀၁၆ ခုနှစ် မေလမှာ မဟာတန်းကျောင်းပြီးမှာဖြစ်လို့ မကြာတော့တဲ့ လပိုင်းအတွင်း ပြည်တက္ကသိုလ်က ကျောင်းဆရာမ တယောက် ဖြစ်လာမယ့် သူလို့လည်း သိရပါတယ်။
မစုမေသွင်ရဲ့မိသားစု စီးပွားရေးကလည်း အတော်အတန် အဆင်ပြေကြသလို ပညာရေးနဲ့ ပတ်သက်လို့ နှစ်စဉ်ဆုတံဆိပ်တွေ ရရှိထားသူဖြစ်ပြီး မဟာဘွဲ့အတွက် လက်ရှိသူရေးသားနေတဲ့ M.Sc (Botany) Thesis ကို ဒီဇင်ဘာလ ၂၁ ရက်မှာ စတင် စစ်ဆေးမှာ ဖြစ်တယ်လို့ မစုမေသွင်ရဲ့ Supervisor လည်းဖြစ် ကျောင်းတွင်း အုပ်ထိန်းသူလည်းဖြစ်တဲ့ ဒေါက်တာ ဒေါ်လွင်လွင်မြင့်က ဧရာဝတီ ကို ပြောပြပါတယ်။
“သူ့ရဲ့ Thesis Area က ပြည်မြို့ မှော်ဇာဘက်က အပင်တွေကို Collect လုပ်တာလည်းပြီးပြီ။ စာလည်း နိုင်နင်းတယ်။ အခု ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သူ့ရဲ့Thesis ကို စစ်တော့မှာ။ ကလေးက စာတော်တယ်။ အနေအထိုင် ရိုးအေးတယ်။ အကျင့်စာရိတ္တနဲ့ ပတ်သက်လို့ ပြောစရာ မရှိဘူး”လို့လည်း ဒေါက်တာ ဒေါ်လွင်လွင်မြင့်က ပြောပါတယ်။
အဲဒီလို စီးပွားရေးလည်း အဆင်ပြေ၊ ပညာရေးလည်း အဆင်ပြေပေမယ့် မစုမေသွင်တယောက် အချစ်ရေးမှာတော့ ပြဿနာတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။
“တီချယ်တို့ သူ့ကောင်လေးကို စုမေသွင် ဆုံးပြီး နောက်နေ့မှာ မေးမြန်းကြည့်တော့ သူမဆုံးခင် တရက်အလိုမှာ ဖြတ်တော့မယ်လို့ ပြောခဲ့လိုက်မိတယ်တဲ့။ ဒါပေမယ့် သူတို့အဆင်မပြေဖြစ်တာ ၂ လလောက် ရှိပြီ။ နဝဒေး တံတားပေါ်က ခုန်ချမယ်လို့ သူ့ကောင် လေး နဲ့ သူ့သူငယ်ချင်းတွေကို ပြောတာ ၄ ခါ ၅ ခါ မကတော့ဘူးတဲ့။ သူတကယ် ခုန်ချခဲ့တော့ သူ့သူငယ်ချင်းတွေက သိပ်မထူး ဆန်း သလို ပြောပြကြတယ်”လို့ ပါမောက္ခ ဒေါ်မီမီမြင့်ရှိန်က ပြောပါတယ်။
မစုမေသွင်က အသက် ၂၃ နှစ် ရှိပြီး သူ့ရဲ့ကောင်လေးကတော့ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ ဒုတိယနှစ် ကျောင်းသားလေး တယောက် ဖြစ်ကြောင်း သိရပါတယ်။
ပါမောက္ခ ဒေါ်မီမီရှိန်မြင့်က “နာရေးအိမ်ကို တီချယ်တို့သွားတော့ သူ့အလောင်းစင်နားမှာ သိုက်ပွဲပေးထားတယ်။ သူက သိုက်က လာတာဖြစ်လို့ သိုက်ဆက်ဖြတ်တယ်လို့ ပြောတယ်။ မိဘတွေခမျာ တီချယ်တို့နဲ့တောင် စကားကောင်းကောင်း မပြောနိုင်ရှာပါဘူး။ ၇ နှစ်လောက် ပြည်တက္ကသိုလ်မှာ ကျောင်းတက်လာတဲ့သူဆိုတော့ တီချယ်တို့ဌာန ရုက္ခဗေဒမိသားစုကလည်း လာမယ့်တနင်္လာနေ့ (ဒီဇင်ဘာ ၂၁ ရက်)မှာ ကျောင်းမှာသူ့အတွက် ရက်လည် လုပ်ပေးဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။
မစုဝေသွင် သေဆုံးခဲ့တဲ့နေ့က နဝဒေးတံတားပေါ်ကို သူတယောက်တည်း လမ်းလျှောက်လာပြီး တံတားတိုင် ၂ နဲ့ ၃ ကြားမှာ ခုန်ချခဲ့တာ ဖြစ်တယ်လို့ နဝဒေးတံတား ရဲကင်းက ရဲအုပ် စံရွှေမြင့်က ပြောပြပါတယ်။
“တံတားပေါ်ကို ပြည်-ရန်ကုန် လမ်းဘက်ကနေ တယောက်တည်း တက်လာတယ်။ ပြီးတော့ တိုင် ၂ နဲ့ ၃ ကြားရောက်တော့ ခုန်ချ တယ်။ ပတ်ကင်းလှည့်နေတဲ့ ကျနော်တို့ဆီက ရဲဘော်က လှမ်းမြင်လိုက်တယ်။ သူ့ဟာသူ ခုန်ချသွားတာပါ။ တားဖို့အချိန် မမီလိုက် ဘူး။ သူခုန်ချတဲ့ နေရာမှာ သူ့အိတ်လေးကို ထားခဲ့လို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာသိပြီး ဆက်သွယ်ရတာ။ စုံစမ်းကြည့်တော့ သူ့ကောင်လေးနဲ့ အဆင်မပြေလို့ ဖြစ်တယ်ဆိုတာလောက်ပဲ သိရတယ်”လို့ ရဲအုပ်စံရွှေမြင့်က ပြောပါတယ်။
မစုမေသွင်ရဲ့ ကျောင်းမှတ်တမ်းတွေအရ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ကျောင်းသားတွေ ပြည်တက္ကသိုလ်ကို လာရောက်ချိန်မှာ ကျောင်းထဲကနေ နဖူးစီးကိုစီးပြီး ပထမဆုံးထွက်ခဲ့တဲ့ ကျောင်းသူတဦး ဖြစ်တယ်လို့ သိရပြီး ဖခင်နဲ့ဆိုင်ကယ်စီးရင်း စကားများလို့ ဆိုင်ကယ်ပေါ်က ခုန်ချတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

Sunday, December 20, 2015

Jeremy Corbyn Invites Donald Trump To Finsbury Park Mosque; Says Bernie Sanders Can Still Beat Hillary; Calls For UK To Stop Following US Into War

Jeremy Corbyn Invites Donald Trump To Finsbury Park Mosque; Says Bernie Sanders Can Still Beat Hillary; Calls For UK To Stop Following US Into War

 15 hours ago | Updated 1 hour ago
  • Paul Waugh Executive Editor, Politics, The Huffington Post UK
CHRIS GORMAN FOR HUFFPOSTUK
Jeremy Corbyn has thrown down the gauntlet to Donald Trump, inviting him to Finsbury Park Mosque in London to show him how “multicultural, multifaith” Britain works.
In an interview with HuffPostUK to mark his first 100 days in post, the Labour leader said that he did not want to ban Trump from entering the country, but would prefer to show him personally what life was like in the UK.
He also signals that he wants to end to the US-UK ‘special relationship’, arguing it is time for Britain to have a 'more independent foreign policy' and to stop following the US in wars overseas.
Corbyn declares that Bernie Sanders can 'of course' still win the Democratic Party nomination, and says that even if he doesn’t, he will have pushed Hillary Clinton into adopting more radical positions on taxing the rich.
In the first instalment of our interview, the Labour leader also talks frankly about the pressures of leadership and his profile in the media.
He also talks of his dismay at the applause and cheering of MPs at the end of the Commons Syria vote, after Shadow Foreign Secretary Hilary Benn made his passionate speech backing military intervention.
"Sorry, we were voting to send bombers in to bomb targets, putting servicemen and women at risk, civilians at risk, you can’t cheer when you’re going to war. That is 1914 Jingoism, that is past," he told HuffPostUK.
“What I was appalled by was the end of that debate, with mainly Conservative MPs waving their order papers around, clapping and cheering."
And, ahead of the BBC’s Sports Personality of the Year Award, he urges boxing champion Tyson Fury to meet him to have a ‘chat’ about his views on women and homosexuals.
A UK Parliamentary petition calling for Trump to be banned from entering Britain on grounds of ‘hate speech’ had amassed a record half a million signatures.
Corbyn says he would not want to ban the Republican contender for President, but instead invites him to take a tour of his constituency – including Finsbury Park Mosque.
“I wouldn’t ban him from coming to the UK,” he said. “If Donald Trump wants to come to Britain, absolutely fine, he can come and join me in Finsbury Park mosque.
“And then he can come to the synagogue afterwards. We can have a chat there. We’d go around. We manage to have a coherent, multifaith, multicultural society in London, in Birmingham, in Leicester, all parts of this country. He’s welcome to come and see. He might learn something.”
Mr Corbyn this month attended a rally of solidarity outside the mosque after it suffered an attempted arson attack in the wake of the Paris terror outrage.
Finsbury Park mosque was once host to Abu Hamza, the cleric who was extradited to the US and in January sentenced to life in prison after being convicted on terror charges. Since police raided it in 2003, its leadership was reclaimed and a brand new board of trustees and imams installed.
Referring to the Democratic race for President, Corbyn refused to rule out Sanders coming out on top.
“He’s still got a chance, of course he has. I don’t know what the outcome is going to be. I would guess that Hillary will probably win it in the end.
“But participating changes the debate. His challenging of the inequalities in the USA, of the corporate relief and fat cats compared to the working people, he’s standing up for public services as opposed to private services, I think has changed the debate.
“So whoever wins the Democratic nomination, some of what Bernie has been saying is going to end up being incorporated into that Democratic programme.
"So it might be that there’s going to be a real debate in the Presidential election, which is about the general direction the country takes. I hope that’s the case. And I’m very impressed by the numbers that Bernie is getting to his rallies and meetings and as he apparently was impressed by ours, in a much smaller country.”
Asked if he wants to end the ‘special relationship’ between Britain and the US, Corbyn replies: “I am concerned that for the past 60 years we’ve essentially followed the US foreign policy all around the world.
“And with the exception of Vietnam war, in most cases we’ve got involved in either overtly or covertly supporting the USA.
“Not all cases, but particularly Afghanistan, Iraq, Libya, Syria. I think we’ve got to think about this, think about our interventions and think about where we go on these matters.”
Asked if that meant he was effectively auditioning for the Hugh Grant role in the movie ‘Love Actually’ – where a British Prime Minister stands up to an American President in Downing Street – Corbyn smiled.
“I’ll watch it over Christmas. In general you get a lot further if you listen to people, by politeness and respect. I don’t shout, I listen then I talk.”

Friday, December 18, 2015

Ar Nou Óiyúm Síra (ပြန်မခွဲတော့ဘူး)




Ar Nou Óiyúm Síra


Mone nohoór táitou duré,
Fool or dóil bóni feth fure.
Hala faár beráiya razdán ór hañsé,
feth furani lattát asé.
Mone hoór fuintóu abas tuáñrár,
No funídde boóddin órgai, tou...
Ek din ek niyác ó foórai nofarí,
Arakanor meçi.....

Ethaimot fúçe ki cúndor sambafúl,
Háiñr círe raatkarani ar bossáfúl.
Oliddá seága óroir kétir,
Fini kúwa bóra biínná nací.
Roñgginna nozora kuñrá kuñrá,
Aalá cúndór Arakanor zaga.
Cúndór bafí fúrai nofarí,
O razdánor cóki....

Fíri ailé gaiyúm fúañti,
Óñla gittor rosomi.
Élai duli hát noiddum eri,
Mugot loi baza bací.

Bóribo zohóm vukor furani,
Hala faárot zodi wafes aiyí.
Ek din ek niyáic o foórai nófari,
Arakanor meçi....
Nou óiyúm síra, ebar pakka....

By Kuwáiccójjá

Maáni [Glossary]
1. Aalá          = အလွန်။ အတိ။
2. baza bací = လေမှုတ်တူရိယာတစ်မျိုး။
3. boóddin   = ရက်ပေါင်းများစွာ။
3. Bóribo      = ပြည့်လိမ့်မည်။
4. cóki          = သူငယ်ချင်း (မိန်းကလေး)။
5. círe           = ပျံ့နှံ့သည်။
6. duré         = ဝေးကွာသည်။
7. feth furani = လွမ်းဆွတ်နာကျင်သည်။
8. Fini kúwa = မြူ။
9. Fool        = အရှူး။
10. Fúçe     = ဖူးပွင့်သည်။
11. Háiñr    = အမွှေးအကြိုင်။
12. Hala faár = မှိုင်းညို့သော တောင်တန်း။
13. kuñrá   = လယ်ကွင်း။
14. lattát    = ဆက်တိုက်။
15. nozora = မြင်ကွင်း။
16. Óroi      = နှမ်း။
17.Óliddá   = အဝါရောင်။
18. Óñla     = ရိုဟင်ဂျာ ရိုးရာတေးတစ်မျိုး။
19. Razdán = နန်းတော်။
20. Roñgginna = အရောင်စုံခြယ်ထားသော။
21. rosómi     = ဓလေ့ထုံးစံ။
22. síra       = ခွဲခွာသည်။
23. vuk       = ရင်တော်။
24. zohóm = အနာဒဏ်ရာ။

Thursday, December 17, 2015

၉/၁၁ လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ

(၉/၁၁ လိမ်လည်မှုကြီး နှင့် နောက်ကွယ်က ဖြစ်ရပ်မှန်များ)


ကမ္ဘာ့ အကြမ်းဖက်အဖွဲ့အစည်းတွေ အပေါ် မျက်စိဒေါက်ထောက် ကြည့်နေကြတဲ့ အနောက်နိုင်ငံက လေ့လာစူးစမ်းသူတွေဟာ ကမ္ဘာ့ ကုန်သွယ် ရေးစင်တာနဲ့ ပင်တဂွန်တို့အပေါ် တိုက်ခိုက်တဲ့ဖြစ် ရပ်ကို လေ့လာဆန်းစစ်ကြည့်ကြပြီး ချက်ချင်းပဲ ဒီလုပ်ရပ်ဟာ အိုစာမာ ဘင်လာဒင်နဲ့ အလ်ကိုင်ဒါတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ပယ်ချခဲ့ကြပါတယ်

ဒါပေမဲ့ ဇီယွန်ဝါဒီ (ဂျူး-အစ္စရေးလ်) တွေချုပ်ကိုင်ထားတဲ့ မီဒီယာလောကဟာ ဒီလိုဆန်းစစ်တွေ့ရှိတဲ့အချက်တွေကို မျက်ကွယ်ပြုခဲ့တဲ့အပြင် ဖုံးကွယ် ဖာထေးပြီး အလိမ် အညာ လုပ်ဇာတ်တွေ ကိုသာ ဖန်တီး ၀ါဒဖြန့်ခဲ့ပါတယ်။ အရှင်းဆုံး တွေ့ရှိချက်တစ်ခုကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုအတွက် လိုအပ်တဲ့ကျွမ်း ကျင်မှုတွေ၊ နည်းပညာတွေဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါမှာ မရှိဘူးဆိုတဲ့အချက်ပါပဲ။

အိုစာမာဘင် လာဒင် ကိုယ်တိုင်ကလည်း အလ်ဂျဇီးရား ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့ သူ့ရဲ့ ဗွီဒီယို တိပ်ခွေမှာ “ ဒီတိုက်ခိုက်မှုမှာ ကျုပ်ပါဝင် ပတ်သက် မှုမရှိဘူး။ တိုက်ခိုက်တာကို သိတောင်မသိဘူး။ ဒါဟာ အမေရိကန် ပြည်ထောင်စုက ဖုံးကွယ်ထား တဲ့ လျှို့ဝှက်ကြံစည်မှုပဲ။ ခေတ်သစ်ခရူးဆိတ်ကို ဖန်တီးလိုက်တာပဲ” လို့ငြင်းပယ်ပြောကြားခဲ့ပါတယ်။

၉/၁၁ ဖြစ်ရပ်မှန် အချက်အလက်တွေကို ပြင်သစ်နဲ့ အမေရိကန်က ပညာရှင်တွေဟာ အစွမ်း ကုန်ကြိုးစား ဖော်ထုတ်ခဲ့ကြပါတယ်။ Brigham တက္ကသိုလ်က ရူပဗေဒပညာရှင် Steven E.Jones နဲ့ ပိသုကာပညာရှင်တို့ ပူးပေါင်းတင်သွင်းတဲ့ ၉/၁၁ သီအိုရီမှာ “တာဝါနှစ်ခုဟာ လေယာဉ်တိုက်တာ ခံရတာကြောင့် ပြိုကျသွားတာ မဟုတ်ပါဘူး။ အဆောက်အအုံထဲမှာ အဆောက်အဦးဖြိုချတဲ့ နည်း စနစ်ကို စနစ်တကျထည့်သွင်းထားပြီး ချိန်ကိုက်ဖြို ချဖျက်ဆီးပစ်တာပါ။ WTC ဟာ မီးလောင်ရုံနဲ့ပြိုကျသွားမယ့် တည်ဆောက်ပုံမျိုးမဟုတ်ပါဘူး။ အဲဒီမှာ thermite ဒါမှမဟုတ် nanothermite တစ်ခုခုထည့်သွင်း ဖြိုချတာသာ ဖြစ်နိုင်ပါတယ်” လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျုန်းစ်ကို အမေရိကန်အစိုးရရဲ့ဖိအားပေးမှုကြောင့် Brigham တက္ကသိုလ် ကနေ ပင်စင်ပေးလိုက်တယ်။ ဒါပေမဲ့ဂျုန်းစ်ကတော့ Scholars for ၉/၁၁ Truth & Justice အဖွဲ့ကိုဖွဲ့ပြီး ဆက်လက် သုတေသနလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လေ့လာတွေရှိချက်တွေကို အင်တာနက် ၀ဘ်ဆိုက်မှာကော ဒီဗွီဒီ အခွေနဲ့ပါ အထောက်အထားတွေနဲ့ ဖော်ထုတ်တင်ပြခဲ့ပါတယ်။

ဒါဆိုရင် လက်သည်အမှန်၊ တရားခံ အစစ်က ဘယ်သူများပါလိမ့်။ ဒါကို မီဒီယာတွေက ဘာကြောင့် ဖုံးကွယ်ထားရသလဲ။ အမေရိကန် အစိုးရက ဒါကိုမသိဘူးလား။ စသဖြင့် ထပ်ဆင့်မေးခွန်းတွေ မေးစရာရှိပါတယ်။

ဟုတ်ပါတယ်၊ လေ့လာချက်တွေအရ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်တရားခံဟာ သမ္မတ ဘုရှ်အစိုးရ ကိုယ်တိုင်ဖြစ်နေတာပါပဲ၊ ဘာကြောင့်လဲဆိုတော့ ဘင်လာဒင်၊ အလ်ကိုင်ဒါနဲ့ အာဖဂန်ကို တိုက်ခိုက် ဖို့အတွက် အကောင်းဆုံး အကြောင်းပြချက်တစ်ခု ရှာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ အစိုးရက တိုက်ခိုက် လုပ်ဆောင်ခဲ့တာ မဟုတ်ရင်တောင်မှ အမေရိကန်ကို ပြန်ပြီးချုပ်ကိုင်ထားတဲ့ ဇီယွန်ဝါဒီ (ဂျူး-အစ္စရေးလ်)တွေကနေ အစ္စလာမ်ကမ္ဘာကို နာမည်ဆိုးရစေဖို့နဲ့ စစ်သွေးကြွှနေတဲ့ သမ္မတဘုရှ်ကို မီးလောင်ရာလေပင့်ပေးပြီး မွတ်စလင်နိုင်ငံတွေကို တိုက်ခိုက်နိုင်ဖို့ အခွင့်အရေး ဖန်တီးပေးလိုက်တာပဲလို့ လေ့လာသူတွေက တင်ပြလာကြပါတယ်။

အမေရိကန်အစိုးရဟာ ကိုယ်တိုင်လုပ်ခဲ့တာ မဟုတ်ရင်တောင် ဒီလိုလုပ်ခဲ့တဲ့လုပ်ရပ်ကို ကြိုသိပြီး အလိုပါဖြစ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေပါတယ်။ ထင်ရှားကျော်ကြားတဲ့ လေ့လာဆန်းစစ်သူတစ်ဦးဖြစ်တဲ့ တယ်ရီမေဆန်ရဲ့ “အန္တရယ် ကြီးမားတဲ့ လိမ်လည်မှုကြီးနဲ့ ကြောက်မက်ဖွယ်ရာ လှည့်ဖျားမှု ” ဆိုတဲ့ စာအုပ်ဟာလည်း ဈေးကွက်ကို ရောက်လာပြီး ၂ နာရီအတွင်းမှာပဲ ပထမအကြိမ် ရိုက်နှိပ်ထုတ်ဝေမှုက ပြိုက်ခနဲ ကုန်သွားခဲ့ပါတယ်။ စာရေးသူရဲ့ သက်သေအထောက်အထားတွေကို ဖတ်ရသူတိုင်းဟာ စက်တင်ဘာ ၁၁ တိုက်ခိုက်မှု ကိစ္စက အမေရိကန်နဲ့ မီဒီယာ လောကရဲ့ ၀ါဒဖြန့်မှု တွေဟာ ရာနှုန်းပြည့် လိမ်လည်မှုသာဖြစ်တယ်လို့ တွေ့ရှိလာခဲ့ကြပါတယ်။

ဒါဟာ အမေရိကန်နိုင်ငံရဲ့အတွင်းတော်လှန် ပုန်ကန်မှုတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်၊ အဆင့်မြင့် စစ်ဖက်အရာရှိတွေအနေနဲ့ နိုင်ငံ့ခေါင်းဆောင်သမ္မတ ဘုရှ်ကို သူ့ရဲ့ ပေါ်လစီပြောင်းလဲစေဖို့ အကြပ်ကိုင်လိုတဲ့ ရည်ရွယ်ချက် တစ်ခုလည်းပါပါတယ်။ ကမ္ဘာ ကြီးက အံ့သြခဲ့ရပါတယ်၊ ကမ္ဘာပျက်လောက် အောင်ပွက်လောရိုက်ခဲ့ပေမယ့် အမေရိကန်ထောက် လှမ်းရေး အေဂျင်စီတွေက ဒီတိုက်ခိုက်မှုသတင်းကို ကြိုတင်သတင်းမရခဲ့ဘူး လို့ဆိုကြတယ်၊ ဒီလိုပြောကြသူတွေဟာ သူတစ်ပါးနိုင်ငံတွေ ကြုံတွေ့လာနိုင်တဲ့ အကြမ်းဖက်မှု ဘေးအန္တရာယ်တွေကိုတော့ ကြိုတင်သတင်းပေးနိုင်တယ်ဆိုတာ အံ့သြစရာပါပဲ။

စာရေးသူက ဘယ်လိုလှစ်ပြခဲ့သလဲဆို တော့ “ ဖြစ်ပျက်ခဲ့သမျှတို့သည် ထောက်လှမ်းရေး အေဂျင်စီတို့ရှေ့မှောက်တွင် ဖြစ်ပျက်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် ၄င်းတို့ ကိုယ်တိုင်က ယင်း ကိစ္စကို လုပ်ကြံ ဆောင်ရွက်ခဲ့ကြသောကြောင့် ဖြစ်သည်။ လုပ်ဆောင်သူများသည် ထိုအဆောက်အအုံထဲရှိ အလုပ်သမားများကို ကြိုတင်သတင်းပေးကာ တတ်နိုင်သမျှ အနည်းဆုံးပျက်စီးဆုံးရှုံး သေကြေမှုဖြစ်စေရန် ဖြစ်သည်။ ထို့ကြောင့်ပင် ယင်းကိစ္စဖြစ်သောအချိန်တွင် ၀န်ထမ်းဦးရေ အလွန်နည်းလေသည်။ အမှန်မှာ ကုန်သွယ်ရေးစင်တာတွင် ၀န်ထမ်းဦးရေ လေးငါးသောင်းခန့်ရှိလေသည်။ ” (ထိုနေ့တွင် ဂျူးလူမျိုးတစ်ယောက်မျှ အလုပ်မဆင်းကြချေ။)

စာရေးဆရာက မေးခွန်းတွေအများကြီး ထုတ်ခဲ့တယ်။ အဲဒီမေးခွန်းတွေက သူ့ရဲ့စွပ်စွဲချက်ကို အားဖြည့်ပေးထားတယ်။ ဥပမာ- သမ္မတ ဘုရှ်ဟာ တစ်နေ့လုံး စစ်ဌာနချုပ်မှာ ပုန်းအောင်းနေခဲ့တယ်။ မိမိရဲ့ကိုယ်စားလှယ်ကို ကာကွယ်ရေးဌာနကိုစေလွှတ်ထားခဲ့တယ်။ စာရေးသူက - “ အမှန်သော်ကား လျှို့ဝှက်မှုသော့ချက် အားလုံးသည် အကြမ်းဖက်သမား (ဒီနေရာမှာ WTC ကိုအမှန်တကယ် ဖျက်ဆီးခဲ့သူတို့ကို ရည်ညွှန်းသည်။) တို့၏ လက်ထဲတွင် ရောက်ရှိနေပြီးဖြစ်သည်။ ထိုအချက်ဖြင့် နျူကလီးယားဗုံးကိုပင် ဖောက်ခွဲနိုင်သည်။ စစ်တပ် ကို ကြိုက်သည့် လမ်းညွန်မှုပေးနိုင်သည်။ ထို့ကြောင့်ပင် သမ္မတ ဘုရှ်သည် စစ်ဌာနချုပ်တွင် လမ်းသလားနေခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့်ဖောက် ခွဲမှုကို တားဆီးနိုင်ရန်ဖြစ်သည်။ ” လို့ မှတ်ချက်ပြု ထားတယ်။ ဒီ့အပြင် “ ထိုနေ့တွင် အိမ်ဖြူတော်၊မီးလောင်ပေါက်ကွဲခဲ့သေးသည်။ သို့သော်ထိုအဖြစ် အပျက်ကို ဖုံးအုပ်ထားခဲ့ကြသည်။ ” လို့လည်းဖော် ထုတ်ရေးသားခဲ့တယ်။

၂၀၀၂ခုနှစ် မေလ ၁၉ ရက်နေ့ထုတ် (လက်ခနောင်းမှ ထုတ်ဝေသော) “ရာရှ်သရီယား ဆဟာရာ” အူရဒူစာစောင်မှာလည်း ကမ္ဘာ့ သတင်း တွေကို ကိုးကားပြီး ဒီလိုရေးထားပါတယ်။ “ အမေရိကန် အစိုးရဘက်က သူတို့ သည် စက်တင်ဘာ (၁၁) တိုက်ခိုက်မှုသတင်းပေး ချက်ကို တိုက်ခိုက်မှုမဖြစ်မီအလျင် ရရှိခဲ့ပြီးဖြစ်သည်။” တဲ့။

အမေရိကန်တစ်နိုင်ငံလုံး ဆူညံပွက်လောရိုက်ခဲ့တယ်။ ဒီဝန်ခံချက်နောက်ပိုင်းမှာ အမေရိကန် အုပ်ချုပ်သူတွေနဲ့ အတိုက်အခိုက်ခံရသူတွေဟာ နောက်ပိုင်းမှာ ဒီဖြစ်ရပ်ရဲ့တာဝန်ရှိသူတွေဟာ အစိုးရကိုယ်တိုင်ဖြစ်တာကို ၀န်ခံခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို သတင်းအားလုံးကို ဇီယွန်ဝါဒီ (ဂျူး) ပိုင်မီဒီယာ တွေက ဖုံးအုပ်ထားခဲ့တဲ့အတွက် ကမ္ဘာသူကမ္ဘာသားတွေဟာ မသိခဲ့ကြရဘူး။

အမေရိကန်သမိုင်းမှာ လွတ်လပ်တဲ့ပြင်ပပညာရှင်တွေနဲ့ စုံစမ်းလေ့လာသူ တွေရဲ့ကြိုးပမ်းအားထုတ် မှုကြောင့် ဒီလိုကိစ္စရပ်ပေါင်း များစွာကို ဖြေရှင်းနိုင်ခဲ့တယ်။ နိုင်ငံကိုကိုင်လှုပ်လောက်တဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ဖူးတယ်။ ဒီတစ်ခေါက်လည်း အမေရိကန် စုံစမ်းထောက်လှမ်းသူတွေရဲ့ မဆုတ်မနစ်ကြိုးပမ်း အားထုတ်မှုကြောင့် စက်တင်ဘာ (၁၁) ဖြစ်ရပ်မှန်ဟာ ဘူးပေါ်သလို ပေါ်ခဲ့တယ်။ ကျော်ကြားတဲ့အမေရိကန် စူးစမ်းလေ့လာသူ စာရေးဆရာများဖြစ်ကြတဲ့ မစ္စတာလောရင့်စ်နဲ့ မစ္စတာဂျိုးအဲလစ်ရဲ့မျက်မှောက် ကြီးကြပ်ကွပ်ကဲမှုနဲ့ စစ်ဆေးရေးအဖွဲ့ တစ်ခုလုံးဟာ စက်တင်ဘာ ၁၁ ရဲ့ ဖြစ်ရပ်ရှုထောင့် အားလုံးကို လေ့လာဆန်းစစ်ခဲ့ကြတယ်။ အဲဒီလေ့ လာဆန်းစစ်မှုရဲ့ အနှစ်ချုပ်ကတော့- “ လေယာဉ်ပျံကို ပြန်ပေးဆွဲတဲ့ စွပ်စွဲချက် ကို အာရဗ်တို့အပေါ် ပြစ်တင်ပုံချခဲ့ခြင်းဟာ လေးနက်ပြီး အန္တရာယ်ကြီးမားလှတဲ့ လုပ်ကြံမှုရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တယ်။ ရှေးယခင်ကလည်း ပြုလုပ်ခဲ့ဖူးတယ်။ စုံစမ်းလေ့လာတဲ့အဖွဲ့ဟာ ပြန်ပေးဆွဲခံရ တဲ့လေယာဉ်ရဲ့ ခရီးသည် စာရင်းနဲ့တိုက်ခိုက်သူတွေရဲ့ အမည်စာရင်းအားလုံးကို ရိုက်နှိပ်ထားခဲ့တယ်။

လေယာဉ်ပျံကို ပြန်ပေးဆွဲတယ်လို့ စွပ်စွဲခံရတဲ့ အာရဗ်လူငယ်တွေရဲ့ အမည်ဟာ အဲဒီစာရင်း ထဲမှာ မပါတာကို သိရင် ကမ္ဘာ ကြီးက အံ့သြမှာအမှန်ပါပဲ။ အားလုံးပဲ မှတ်မိကြမလားတော့မသိဘူး၊ အမေရိကန် နိုင်ငံမှာ မကြာခဏ လေယာဉ်ပျံပေးဆွဲခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့တယ်။ အမေရိကန်အစိုးရဟာ ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ အဲဒီအန္တရာယ်ကို ဘယ်လိုကာကွယ်တားဆီးရ မလဲဆိုတာကို တိုင်ပင်ဆွေးနွေးခဲ့ကြတယ်။ ပင်တဂွန်က လေယာဉ်ဆောက်တဲ့ ကုမ္ပဏီကြီးနှစ်ခုကို ဒီတာဝန်ပေးအပ်ခဲ့ တယ်။ သူတို့အနေနဲ့ မြေပြင်ကနေတောင် လေယာဉ်တွေကို ထိန်းချုပ် ကိုင်တွယ်နိုင်တဲ့ စနစ်ကို ရှာကြံတီထွင်ဖို့ ဖြစ်တယ်။ ဒါကြောင့် အဲဒီကုမ္ပဏီတွေဟာ အဲဒီစနစ်ကို တီထွင်ခဲ့ကြတယ်။ နောက်တော့ အဲဒီအချက်ကို လျှို့ဝှက် ထားကြတယ်။ လေယာဉ်မောင်းသူကိုတောင် အသိမပေးခဲ့ဘူး။ လေယာဉ်ပေါ်မှာ တီးတိုးပြောတဲ့ စကားကိုတောင် မြေပြင်ကနေကြားနိုင် တယ်။ ဒီတီထွင်မှုဟာ လေယာဉ်ရဲ့ မူလအစီအစဉ် တစ်ခုလုံးကို တောင်ဖျက်ဆီးနိုင်တယ်။ ဘယ်နေရာမှာမ ဆိုလေယာဉ်ကို ဆင်းသက်စေနိုင်တယ်။ အဲဒီလိုလုပ်ခဲ့ရင် လေယာဉ်မောင်းသူတောင် ဘာမှမလုပ်နိုင်ဘူး။ အဲဒီ အချက်တွေကို လေယာဉ်ကုမ္ပဏီရဲ့တာဝန်ရှိသူတွေကိုလည်း အသိမပေးဘဲ လျှို့ဝှက်ထားခဲ့ကြတယ်။ အဲဒီစနစ်ရဲ့အတိုကောက် ကို JPLS လို့ခေါ်တယ်”

ထောက်လှမ်းရေး လေယာဉ်တွေ မောင်းသူမပါဘဲ မောင်းနှင်သလိုပေါ့။ ဒီစနစ်နဲ့ လေယာဉ်ကို ထိန်းချုပ်ပြီး စက်တင်ဘာ ၁၁ တိုက်ခိုက်မှုကိုစီ စဉ်ခဲ့တာပါပဲ။ အမေရိကန်ပညာရှင် မစ္စတာဂျိုး အဲလစ်က “ ဒီစနစ်ရဲ့ ရည်ရွယ်ချက်က လေယာဉ် ပျံတွေ ပြန်ပေးဆွဲခံရခြင်းက ကယ်တင်ကာကွယ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ ချက်ချင်းပဲအ စိုးရစစ်တပ်နဲ့ မာဖီးယားဂိုဏ်းတွေဟာ ဒီစနစ်ကို သူတို့ရဲ့ရည်ရွယ် ချက်ဖြည့်ဆည်းဖို့ စဉ်းစားလာခဲ့ကြတယ်။ ကမ္ဘာကို စိုးမိုးရေးနဲ့ ကမ္ဘာကြီးရဲ့အစီအစဉ်ကို မိမိတို့စိတ်ကြိုက် ချယ်လှယ်လိုကြတဲ့အတွက်ကြောင့်ပါပဲ”လို့ ကောက်ချက်ချခဲ့ပါတယ်။

လေယာဉ်တိုင်းမှာ ထိကိုင်လိုက်ရုံ နဲ့ လေယာဉ် ပြန်ပေးဆွဲခံရတဲ့ သတင်းပေးနိုင်တဲ့ ကိရိယာ ပါရှိပါတယ်။ စက်တင်ဘာ ၁၁ ရက်မှာလေယာဉ် ၄ စီးစလုံး ဘယ်လေယာဉ်မှ ပြန်ပေးဆွဲခံရတဲ့ သတင်းမပေးခဲ့ဘူး။ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းက တစ်ခုပဲ ရှိတယ်။ အဲဒီ လေယာဉ်တွေမှာရှိတဲ့အချက်ပေး ကိရိယာတွေကို အဝေးထိန်းကိရိယာနဲ့ အသုံးပြုလို့ မရအောင်လုပ်ခဲ့လို့ပဲ။ အဲဒီအချိန်က လေယာဉ်ပေါ်မှာ အနည်းဆုံးခရီးသည် ၇၀ နဲ့ ၈၀ အထိပါရှိတယ်။ အဲဒီခရီးသည်တွေဟာ မိမိတို့ရဲ့သေမင်းကို ဒီလိုပဲ ထိုင်ကြည့်နေခဲ့တယ်ဆိုတာ ဖြစ်နိုင်ရဲ့လား။ လှုပ်ရှားမှုမရှိ၊ အသံပြုခြင်းမရှိ၊ အော်သံမရှိ၊ တိုးလျှိုး တောင်းပန်သံမရှိ၊ လေယာဉ် တစ်စီးလုံးဘာမှ မဖြစ်သလိုပဲ။

လေယာဉ် ၄ စီးထဲက ၂ စီးရဲ့ဘလက်ဘောက်စ် ၂ ခုကို ရရှိခဲ့တယ်။ ၂ ခုစလုံးကို စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘာအသံမှမကြားရဘူး။ ၂ ခုစလုံး ပြောင်သလင်းခါနေတယ်။ လေယာဉ်ပေါ်မှာရှိတဲ့ သူတွေအားလုံး ဆွံ့အနေကြလို့လား။ လေဖြတ်နေ ကြလို့လား။ အဲဒီ ဘလက်ဘောက်စ်ကိုလည်း အဝေးထိန်းကိရိယာနဲ့ သုံးမရအောင်လုပ်ထားလို့သာ ဖြစ်မယ်။ တစ်ခါ လေယာဉ် ပြန်ပေးဆွဲခဲ့သူအကြမ်း ဖက်သမားတွေဟာ အာရဗ်များဖြစ်တယ်လို့ ဒုတိယ မျှော်စင်ပျက်စီးပြီး ၂၄ မိနစ်အကြာမှာ အမေရိကန် အစိုးရတာဝန်ရှိသူတွေက ထုတ်ဖော်ကြေညာခဲ့တယ်။ အဲဒါကိုလည်း ဆန်းစစ်ကြည့်သင့်တယ်။

အဲဒီလုပ်ရပ်ရဲ့တာဝန်ရှိသူဟာ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒဟ်ဖြစ်တယ်တဲ့။ အာရဗ်လို့ စွပ်စွဲခြင်းကလည်း ပြန်ပေးဆွဲသူတစ်ဦးရဲ့ ကားထဲမှာ အာရဗီဘာသာနဲ့ လေယာဉ်မောင်းလမ်းညွှန် စာအုပ်တစ်အုပ်ကိုတွေ့ရလို့တဲ့။ လေယာဉ်မောင်း စာအုပ်ဖတ်ပြီး ဘိုးရင်း လေယာဉ်ကြီးကို မောင်းနှင်လို့ရနိုင်ပါသလား။

လေယာဉ် အသေးစားမောင်းသူနဲ့၊ အဲယား ဘတ်စ် လေယာဉ်မောင်းသူ၊ ဘိုးရင်း ၇၂၇ မောင်း သူတို့ကိုယ်တိုင်က စက်တင်ဘာ ၁၁ ရက်နေ့က လေယာဉ်မောင်းသလို လေယာဉ်မောင်းကျွမ်းကျင် သူတွေတောင် မမောင်းနိုင်ဘူးလို့ ဆိုထားကြတယ်။ အာရဗ်လူငယ်တွေဟာ လေယာဉ်မောင်းစာအုပ်ဖတ်ပြီး ဘယ်နေရာမှာ ဘယ်သူတွေနဲ့ ဘယ်လိုများ ဒီလေယာဉ်ကြီးတွေ မောင်းတာ သင်ခဲ့ကြပါသလဲ။ လောရင့်စ်က “ ကျွန်တော်ဟာ လေယာဉ်လေးစီးစလုံးရဲ့ ခရီးသည်စာရင်းသွင်း ထားချက်ကို လေ့လာခဲ့ရာမှာ အာရဗ်နာမည်တစ် ခုမှမတွေ့ခဲ့ရပါဘူး” လို့ ပြောခဲ့ပါတယ်။ သူကပဲဖြစ်ရပ်ပြီးတဲ့ နောက်နှစ်ရက်မှာခရီးသည်အားလုံးရဲ့ စာရင်းကို ဖျောက်ဖျက်ခဲ့ကြတယ်လို့ ဆိုထားပြန်တယ်။ လေယာဉ်ကုမ္ပဏီ တွေက ခရီးသည်တွေရဲ့ စာရင်းဟာ လေယာဉ်ပျံနဲ့တကွလောင်ကျွမ်းသွားခဲ့တယ်လို့ ဆိုကြတယ်။ ရယ်စရာကောင်းတာကတော့ စာရင်းမှတ်တမ်းဟာ လေကြာင်းလိုင်းနဲ့ လေယာဉ်ကွင်းမှာ ရှိရမယ့်အစား လေယာဉ်ပျံ ပေါ်မှာ ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။

မစ္စတာမာရှယ်က ၂၄ နာရီတောင် မပြည့်ခင် မျှော်စင်ရဲ့ပြိုကျပျက်စီးသွားတဲ့ အပျက်အစီးတွေ ကို ဖယ်ရှားပစ်ဖို့ ကန်ထရိုက် ပေးလိုက်ရတဲ့အကြောင်းရင်းဟာ ဘာလဲ လို့ မေးခွန်းထုတ်ခဲ့တယ်။ ဒါ့အပြင်အချိန်မဆွဲဘဲ အရည်ဖျော်ပစ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကလည်း ပါလိုက်သေးတယ်။ အပျက်အစီးတွေကို စုံစမ်းစစ်ဆေးခြင်း ဘာတစ်ခုမှ မလုပ်ခဲ့ကြဘူး။

“ အမေရိကန်တွေကိုယ်တိုင်က ကိုယ့်နိုင်ငံ ကိုယ်ပျက်စီးအောင် ဘယ်လိုလုပ်မှာလဲ ” လို့ တချို့ ကပြောကြတယ်။ အဲဒီသူတွေအနေနဲ့ အမေရိကန် စာရေးဆရာ James Bomford ၏ Body of Sectrets ဆိုတဲ့စာအုပ်ကို လေ့လာကြည့်သင့်ပါတယ်။ အဲဒီစာအုပ်ထဲမှာ စာရေးသူက “အမေရိကန်နိုင်ငံ မှာ နိုင်ငံရဲ့ပေါ်လစီကို မိမိတို့ စိတ်တိုင်းကျပြုလုပ်ဖို့ နဲ့ချယ်လှယ်နိုင်ဖို့ ဘာမဆို လုပ်နိုင်တဲ့ အင်အားစု တွေရှိတယ်။ အတိတ်မှာ ဂျွန်အက်ဖ်ကနေဒီရဲ့ခေတ်က စီအိုင်အေဟာ လုပ်ခဲ့ပြီးဖြစ်တယ်။ သူတို့ဟာ ကျူးဘားနိုင်ငံကို တိုက်ခိုက်ဖို့ အကြံအစည်တွေပြုလုပ်ပြီး ပင်တဂွန်ရဲ့သဘောတူညီချက်ကို ယူခဲ့ကြတယ်။ ဒါပေမယ့် အဲဒီအကြံအစည်တွေကို ကနေဒီထံ တင်ပြလာတဲ့ အခါကျတော့ သူက ပယ်ချတယ်။ အဲဒီငြင်းပယ်မှုရဲ့ ရလဒ်ကတော့ ကနေဒီလုပ်ကြံ ခံရခြင်းပဲဖြစ်တယ်။ အဲဒီအကြံအစည်က အမေရိကန်အနေနဲ့ ကိုယ့်နှာခေါင်းကို ကိုယ်တိုင်လှီးဖြတ်ပြီး ကျူးဘားအပေါ် တိုက်ခိုက်ဖို့ဖြစ်တယ်။

အကြံအစည်က အမေရိကန်တပ်သားတွေကို ရှပ်ဝတ်စုံတွေဝတ်ပေးပြီး အမေရိကန်လေယာဉ် တွေကို တိုက်ခိုက်စေမယ်။ လေယာဉ်အချို့ကို ပစ်ချဖျက်စီးခံလိုက်မယ်။ စစ်သင်္ဘောအချို့လည်း နစ်မြုပ်ခံလိုက်မယ်။ အဲဒါကိုအကြောင်းပြုပြီး ကျူး ဘားအပေါ်တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။ အဲဒီလိုနဲ့ စစ်စတင်ဖို့ကြံစည်ခဲ့ကြတယ် ” အကြံပက်စက်လွန်းပါပေ့။

အဲဒီလိုပဲ စက်တင်ဘာ ၁၁ လုပ်ဇာတ် ဟာလည်း အစ္စလာမ်နဲ့မွတ်စလင်ကမ္ဘာကို နာမည် ဖျက်ဖို့၊ အိုစာမာဘင်လာဒင်နဲ့ အလ်ကိုင်ဒါကို ဦးတည်ချက် လုပ်ပြီး အာဖဂန်ကို ကျူးကျော်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

Credit to.   Malboro King