Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, December 1, 2015

ဆယ်တန်းမအောင် အိမ်ထောင်မပြု ဂတိပြုထားသူ ၈၁ နှစ် အရောက်တွင် ၄၆ ကြိမ်မြောက် စာမေးပွဲ ဖြေဆိုသော်လည်း မအောင်မြင်

ဆယ်တန်းမအောင် အိမ်ထောင်မပြု ဂတိပြုထားသူ ၈၁ နှစ် အရောက်တွင် ၄၆ ကြိမ်မြောက် စာမေးပွဲ ဖြေဆိုသော်လည်း မအောင်မြင်

( ဓာတ်ပုံ - စာမေးပွဲ ဖြေဆိုနေသော အဖိုးကြီး/ အတွဲ (၂)၊ အမှတ် (၁) နိရဉ္စရာဂျာနယ်ပါ သတင်း) 
 

ရန်ကုန်၊ ဇူလိုင် ၎

ဆယ်တန်းမအောင်လျှင်မိန်းမယူ/ အိမ်ထောင် မပြုဟု ဂတိပြု ကျိန်ဆိုထားသူ အိန္ဒိယ နိုင်ငံမှ အသက် (၈၁) နှစ် အရွယ် အဖိုးကြီး တစ်ဦးသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၄၆ ကြိမ်တိတိ ဖြေဆိုသော်လည်း အောင်မြင်ခြင်း မရှိဘဲ ကျရှုံးခဲ့ သည်ဟု သိရသည်။

၎င်းအဖိုးကြီး၏ အမည်မှာ Shiv Charan Yadav ဖြစ်ပြီး ဘာသာရပ် တစ်ခုတွင်သာ ရမှတ် ၃၄ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး ကျန်ဘာသာများတွင် ကျရှုံးခဲ့သည်ဟုThe Daily mail online သတင်းတွင် ဖော်ပြသည်။ 

လူမှုသိပ္ပံ ဘာသာရပ်တွင် အမှတ် ၁၀၀ တွင် ၃၄ မှတ်ဖြင့် အောင်မြင်ခဲ့ပြီး တစ်ခြား ဘာသာရပ် အလိုက် သူရရှိခဲ့သော ရမှတ်များမှာ ဟိန္ဒီဘာသာတွင် သုံးမှတ်၊ အင်္ဂလိပ်စာတွင် သုည၊ သင်္ချာဘာသာရပ်တွင် ၉ မှတ်၊ သက္ကတ (သင်္သကရိုက်) ဘာသာရပ်တွင် ၇မှတ် ရရှိခဲ့သည်ဟု သိရသည်။ 

၂၀၁၄ ခုနှစ် - လွန်ခဲ့သော နှစ်က ဖြေဆိုခဲ့သည့် စာမေးပွဲတွင်မူ ဘာသာရပ်တိုင်းတွင် ကျရှုံးခဲ့သည်ဟုသိရသည်။ 

၎င်းအဖိုးကြီး Yadav သည် သူငယ်ငယ်က ဆယ်တန်း မအောင်လျှင် အိမ်ထောင်မပြုဟု သူ့ကိုယ်သူ ကျိန်ဆိုထားသည့် ကတိအတိုင်း တက္ကသိုလ်ဝင်တန်းကို တစ်နှစ်ပြီး တစ်နှစ် ၀င်ရောက် ဖြေဆိုခဲ့ရာ ၂၀၁၅ ခုနှစ် တွင် ၀င်ရောက် ဖြစ်ဆိုခဲ့သော ဆယ်တန်းစာမေးပွဲမှာ ၄၆ ကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ 

၂၀၁၅ ဇွန်လ ၁၀ ရက်က အိန္ဒိယ နိုင်ငံ ရာဂျာစ်တန် ပြည်နယ်တွင် ဆယ်တန်းအောင်စာရင်းကို ထုတ်ပြန်ရာ သတင်းသမား အများအပြားနှင့် ဒေသခံအများအပြားက ယင်းအဖိုးကြီးနေထိုင်ရာ အိမ်သို့ စုဝေးရောက်ရှိခဲ့ကြသည်။

အသက် ၈၁ နှစ် ရောက်ရှိနေပြီ ဖြစ်သဖြင့် အိမ်ထောင်ပြု၍လည်း ဖြစ်နိုင်တော့မည် မဟုတ်၍ မည်သည့်အတွက်ကြောင့် ဆယ်တန်းစာ မေးပွဲကို ဆက်လက် ၀င်ရောက် ဖြေဆိုနေပါသလဲဟုမေးမြန်းခဲ့ကြရာ အဖိုးကြီးက “ မိမိမှာ အိမ်ထောင်ပြုရန်မျှော်လင့်ချက် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါကြောင်း၊ သို့သော် ကမ္ဘာတွင် ဂရင်းနစ် မှတ်တမ်း စာရင်း ၀င်နိုင်သူ တစ်ဦးဖြစ်အောင် စာမေးပွဲကို ဆက်လက် ဖြေဆိုသွားမည်” ဟု ပြောကြားခဲ့သည်။ 

၎င်းပြင် သူက မိမိမှာ မေးခွန်းများကို သိသော်လည်း အသက်အရွယ်ကြီးရင့်လာသဖြင့် မှတ်ဥာဏ်မကောင်းတော့၍ ဆယ်တန်းအောင်ရန် ဖြေဆိုနိုင်တော့မည် မဟုတ်ကြောင်း ပြောကြားသည်။ 

No comments:

Post a Comment