Diindahání

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Showing posts with label 3rd June. Show all posts
Showing posts with label 3rd June. Show all posts

Friday, June 3, 2022

တရားမျှတမှု မရရှိသေးသော တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု


တရားမျှတမှုမရရှိသေးသော တောင်ကုတ် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု


"တရားမျှတမှုဆိုတာ တိုင်းပြည်တစ်ပြည် သာယာအေးချမ်းရေးအတွက် မဖြစ်မနေ လိုအပ်တဲ့ အရာဖြစ်ပါတယ်။"

                                                —ရိုဟင်းကိန်း

တောင်ကုတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသည် ယနေ့ဆိုလျှင် ၁၀ နှစ်တောင် ပြည့်သွားပါပြီ။ ဘာသာရေး အားထုတ်နေသော အပြစ်မဲ့ မွတ်စလင်ခရီးသည် (၁၀) ဦးကို ဝံသာနုရက္ခိတအဖွဲ့ မည်သော ရခိုင်အကြမ်းဖက်အဖွဲ့က ဦးဆောင်၍ သောင်းကျန်းသူပေါင်း ၃၀၀ ခန့်နှင့် ဝန်းရံကာ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃ ရက် တနင်္ဂနွနေ့ ညနေ ၃ နာရီခန့်တွင် နေ့အလင်းရောင်အောက် တောင်ကုတ်-သံတွဲ လမ်းဆုံ၌ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။သတ်ဖြတ်မှု ဖြစ်ပွားနေချိန်တွင် ရဲနှင့် စစ်သားများသည် မည်သည့် အဟန့်အတားမျှ မပြုဘဲ လူသတ်ပွဲကို ဇာတ်ပွဲကြည့်သလို ရပ်ကြည့်နေသည်ဟု မျက်မြင်သက်သေများက ထွက်ဆိုခဲ့သည်။ တောင်တွင်းကြီးနှင့် မြောင်းမြ ဇာတိဖြစ်သော အဆိုပါ မြန်မာမွတ်စလင် ၁၀ ဦးသည် သံတွဲမှ ရန်ကုန်သို့ ရိုးမသစ္စာယာဉ် "ကားနံပါတ် ၇(ဂ) ၇၈၆၈"ဖြင့် အိမ်ပြန်နေသည့်သူများဖြစ်ကြသည်။ 


ဤမျှ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှုကို ထိုချိန်က ဦးသိန်းစိန်အစိုးရသည် လျစ်လျူရှုခဲ့သည်။ နိုင်ငံတော်အစိုးရက မည်သည့် ဝမ်းနည်းကြောင်း သဝဏ်လွှမှာမှ မပို့ခဲ့ဘူး။ လက်သည် တရားခံများကို ချက်ချင်း ဖော်ထုတ်အရေးယူမည့်အစား ဇွန် ၄ ရက်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် "မွတ်စလင်ကုလား" ဟုသုံးနှုန်း၍ အပြစ်မဲ့ အသတ်ခံရသူများများကို ထိထိပါးပါး နိမ့်ချစော်ကားခဲ့သည်။ ဇွန် ၅ ရက်နေ့တွင် ရန်ကုန်၌ တရားမျှတမှုရရှိရေးအတွက် မွတ်စလင်များက ဆန္ဒပြတောင်းဆိုခဲ့သည်။ အစိုးရ၏ ဘက်လိုက်မှုနှင့် ကိုင်တွယ်မှု မရိုးသားမှုကြောင့် ထိုမီးသည် ရခိုင်ပြည်တစ်ခုလုံး ပျံ့နှံ့သွားကာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ပြောင်းလာခဲ့သည်။ 

အကြက်းဖက် အသတ်ခံရသည့် မွတ်စလင်သာသနာပြုများကို
ကားဖြင့် သံတွဲသို့ သယ်ဆောင်လာပုံ။


ဦးသိန်းစိန်အစိုးရနှင့် မျိုးချစ်နိုင်ငံရေးသမားများက နိုင်ငံရေးအမြတ်ထုတ်ရန် မွတ်စလင် မုန်းတီးရေးကို အသက်သွင်းပေးခဲ့သည်။ မွတ်စလင်များစွာ၏ အသက်၊ အိုးအိမ် ဆုံးရှုံးခံခဲ့ရသည်။ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မှအပ ကျန်မြို့များရှိမွတ်စလင်များကို မိမိတို့နေရပ်မှ မောင်းထုတ်ခဲ့သည်။ ထိုမွတ်စလင်များသည် ယနေ့အထိတိုင် မိမိနေရပ်သို့ ပြန်မလာနိုင်ခဲ့ချေ။ အိုင်ဒီပီ ဒုက္ခသည်စခန်း၌သာ ရှိနေဆဲ။ ရှေးအစိုးရ အဆက်ဆက် ရှိခဲ့သော ရိုဟင်ဂျာ သုတ်သင်ရှင်းလင်းရေး အစီအစဉ် အများစု အောင်မြင်ခဲ့လေသည်။ ထို့ပြင် ပြည်မရှိ မဘသ အကြမ်းဖက်အဖွဲ့၏ လုံဆော်မှုကြောင့် မြန်မာပြည်တစ်ဝန်း မွတ်စလင်များကို ပစ်မှတ်ထား အကြမ်းဖက် တိုက်ခိုက်မှုများ တရစပ်ဖြစ်ပွားခဲ့လေသည်။ မြန်မာပြည်မှာ လူနည်းစု မွတ်စလင်များ အသက်ရှုဖို့ ကြပ်တည်းလာခဲ့သည်။ မွတ်စလင်များသည် ရရာလမ်းကြောင်းမှ အသက်ကယ်ထွက်ပြေးရသည့် အခြေအနေ ရောက်သွားသည်။

အကြမ်းဖက် အသတ်ခံရသော မွတ်စလင်သာသနာပြုများ၏ပုံ။


ဤမျှလောက် ကျယ်ကျယ်ပြန့်ပြန့် အမြစ်တွယ်ခဲ့သော သတ်ဖြတ်မှုတစ်ခုကို နောက်မှာထက်လာသော အစိုးရကလည်း မည်သည့် အရေးတယူ ဖော်ထုတ်အရေးယူမှုမျှ မပြုခဲ့ချေ။ သမ္မတနေရာဖန်တီးရေး၊ ရိုဟင်ဂျာဆန့်ကျင်ရေးနှင့်သာ အချိန်ကုန်ဆုံးခဲ့သည်။

အခင်းဖြစ်ခါစက ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၆ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ၂၀၁၂ ခုနှစ် ဇွန်လ ကတည်းက ဟန်ပြဖွဲ့စည်းခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ၂၀၁၂ ခု ဒီဇင်ဘာလ ၅ ရက်တွင် လူသတ်မှု မမြောက်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။ အဓိကရုဏ်း မီးပျံ့နှံ့သွား၍ ပြည်ပမီဒီယာများက ဝေဖန်ရှုတ်ချလာသောအခါ ကြံဖွတ်အစိုးရသည် အခင်းဖြစ်ပြီး တစ်နှစ်ကြာလာပြီးနောက် သတ်ဖြတ်ပွဲတွင် ပါဝင်ခဲ့သော အကြမ်းဖက်သမားပေါင်း ၃၀၀ ခန့် မှ လူ (၆) ယောက်ကို သံသယာဖြင့်သာ ဖမ်းဆီးခဲ့သည်ဟု ဟန်ဆောင်ခဲ့သည်။ ထိုသို့ ထုတ်ပြန်ခဲ့သော်လည်း မည်သည့် အပြစ်ပေးစီရင်ခဲ့သည်မရှိချေ။ မြန်မာပြည်မှ မည်သည့်တက်ကြွလှုပ်ရှားသူများက ထိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲ၏ ပွင့်လင်းမြင်သာသော တရားမျှတမှုရရှိရေးအတွက် အသံထုတ်ခဲ့သည်ဟူ၍လည်း မရှိခဲ့ချေ။

ဤ အကြမ်းဖက်သတ်ဖြတ်ပွဲသည် လူ ၁၀ ယောက်၏ အသက်နှင့် အစပြုခဲ့သော်လည်း သိန်းပေါင်းများစွာ၏ အသက်အိုးအိမ်တို့ကို ဖျက်ဆီးပစ်ခဲ့သည်။ ဘဝပေါင်းများစွာ နလန်မထူနိုင်အောင် ရိုက်ချိုးခဲ့သည်။ မြန်မာ့ပြည်သူတို့၏ စိတ်ဓာတ်ကို မွတ်စလင်မုန်းတီးလာအောင် ပြောင်းလဲပေးခဲ့သည်။ မြန်မာ့နိုင်ငံရေးကို မျိုးချစ်အသွင်တမျိုးပြောင်းစေခဲ့သည်။ မွတ်စလင်ကြောက်စိတ် ခေါင်းစဉ်တပ်၍ လူနည်းစုမွတ်စလင်ကို ရှင်းပစ်ခဲ့သည်။

ဤဖြစ်ရပ်များသည် အသေးအဖွဲ့လော။ မွတ်စလင်ဖြစ်သည်နှင့် မည်သူနှင့်မျှ မဆိုင်သလို လျစ်လျူရှုနေလျှင် သမိုင်းတွင်ခဲ့သော ဧရာမအမည်းစက် ပယ်ပျောက်မည်မဟုတ်ချေ။ မြန်မာပြည်က လူနည်းစု မွတ်စလင်များသည် တောင်ကုတ်အကြမ်းဖက် သတ်ဖြတ်ပွဲ၏ တရားမျှတသော စီရင်မှုကို တနေ့တချိန် ရရှိမည်ဟု မျှော်လင့်နေသတည်း။


-— လူထုဝဏ္ဏ


#WeRemember3rdJune


Monday, June 6, 2016

တောင်ကုတ်အကြမ်းဖက်မှု အဓိကတရားခံများ လွတ်မြောက်နေဆဲ


တောင်ကုတ်အကြမ်းဖက်မှု အဓိကတရားခံများ လွတ်မြောက်နေဆဲ

----------------------------------------------------------------------

တောင်ကုတ်မြို့မှာ ခရီးသွားပြည်သူ ( အစ္စလာမ်ဘာသာဝင် ) ၁၀ ဦး နေ့လည်နေ့ခင်းအချိန်မှာ ရက်ရက် စက်စက် အသတ်ခံခဲ့ရမှုရဲ့ အဓိက တရားခံတွေ ယနေ့ချိန်ထိလွတ်မြောက်နေဆဲပဲဖြစ်ပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

တောင်ကုတ်အကြမ်းဖက်မှုဟာ ကျောက်နီမော်ရွာမှာ မသီတာထွေး အသတ်ခံရတဲ့ မှူးခင်းဓါတ်ပုံရိုက်သူနှစ် ဦးက မသီတာထွေးရဲ့ ရုပ်အလောင်းကို မြင်မကောင်းအောင် computer နဲ့ photoshop လုပ်ပြီး ဘာသာရေး လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် လုပ်ကြံလီဆယ်ဝါဒဖြန့်ရာက အစပြုခဲ့တာပါ။ ဓါတ်ပုံကို photoshop လုပ်သူနှစ်ဦးမှာ ကျောက်နီမော်ရွာ / ရခိုင်စုရပ်ကွက်နေ မူလတန်းပြဆရာ ဦးကျော်သန်း ( မာန်အောင်မြို့ ဇာတိ ) ရဲ့သား ဓါတ်ပုံဆရာ ကိုခိုင်မြတ်အောင် ဆိုသူနဲ့ ကျောက်နီမော်ရွာ / စံပြရပ်ကွက် / အထက်တန်းကျောင်းရှေ့နေထိုင်သူ ဓါတ်ပုံဆရာ မောင်မောင်ဦး ဆိုသူတို့ဖြစ်ပါတယ်။

သူတို့နှစ်ယောက်က မသီတာထွေးရဲ့ ရုပ်အလောင်းဓါတ်ပုံကို ရခိုင်တွေမြင်ရင် သွေးဆူလွယ်အောင်ရည်ရွယ်ပြီး computer နဲ့ photoshop လုပ်ခဲ့ကြကာ ကျောက်နီမော်ရွာမှာ လက်ရှိအိမ်ထောင်ကျနေတဲ့ ပေါက်တောမြို့နယ် ဇာတိ ကျူရှင်ဆရာ ဦးအောင်ဇံဝေ က ယင်းဓါတ်ပုံတွေကို ရမ်းဗြဲမြို့ အင်တာနက်ကဖေးက online တခွင်ဖြန့်ဝေခဲ့ပြီး ရခိုင်မျိုးချစ်ကွန်ယက်များနဲ့ ချိတ်ဆက်ခဲ့ပါတယ်။
အောင်ဇံဝေ ရမ်းဗြဲမြို့က ပြန်လာပြီး တောင်ကုတ်မြို့ကို ညတွင်းချင်း ခရီးဆက်ခဲ့ပါတယ်။

ကျောက်နီမော်ရွာမှ အစွန်းရောက်မျိုးချစ် အောင်ဇံဝေ / ဓါတ်ပုံဆရာခိုင်မြတ်အောင် နှင့် ကျောက်နီမော် / စံပြရပ်ကွက်မှ ဦးဘဟိန်းရဲ့သား မြသောင်း ဆိုသူတို့ ၃ ဦးက တောင်ကုတ်မြို့မှာ "ဝံသာနုရက္ခိတ " အဖွဲ့ ( ခေါ် ) ဘာသာခြားမုန်းတီးရေး အစွန်းရောက်အဖွဲ့နဲ့  တွေ့ဆုံပူးပေါင်းပြီး မွတ်ဆလင်မ်ဆန့်ကျင်ရေးတွေ အကြီးအကျယ် လုပ်ခဲ့ပါတော့တယ်။တောင်ကုတ်မြို့ပေါ်နေရာအနှံ့မှာ ဓါတ်ပုံဆရာ ခိုင်မြတ်အောင်နဲ့  ဓါတ်ပုံဆရာ မောင်မောင်ဦး တို့နှစ်ဦး photoshop လုပ်ထားတဲ့ မြင်မကောင်းတဲ့ မသီတာထွေးရဲ့ ဓါတ်ပုံတွေကို မော်တော်ဆိပ် ( လှေဆိပ် ) / ကွမ်းယာဆိုင် / ကားဂိတ် / လ္ဖက်ရည်ဆိုင် / ရဲစခန်းရှေ့ / စစ်တပ်ရှေ့ နေရာအနှံ့မှာ လိုက်ကပ်ခဲ့ကြတယ်။

ယခင်ကတည်းက ဘာသာခြားမုန်းတီးရေးစိတ်ဓါတ်တွေ အစွန်းရောက်နေတဲ့ တောင်ကုတ်မြို့သားတွေဟာ ဓါတ်ပုံဆရာ အောင်ဇံဝေနဲ့ ဓါတ်ပုံဆရာခိုင်မြတ်အောင် တို့ရဲ့ မွတ်ဆလင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေကြောင့်: တောင်ကုတ်တစ်မြို့လုံးသွေးဆူနေကြပါပြီ။မွတ်ဆလင်မ်မြင်ရင် မည်သည့်အပြစ်မှမရှိပါပဲ ပြသနာရှာ အကြမ်းဖက်ချင်လောက်အောင် သွေးဆူနေကြပါပြီ။

အဲ့လို့ အချိန်မျိုးမှာ မွတ်ဆလင်မ်ခရီးသွား ၁၀ ဦးက သံတွဲမြို့မှ တာင်ကုတ်ကို ခရီးနှင်လာခဲ့ပါတယ်။ တောင်ကုတ်ကတစ်ဆင့် မိမိနေရပ် ရန်ကုန်ကို ပြန်မလို့ပါ။

ခရီးသွားမွတ်ဆလင်မ်ဆယ်ဦး သံတွဲကနေ တောင်ကုတ်ကိုသွားတော့ ရဲအောင်လံ အမြန်ယာဉ်ကို မစီးပဲ ဒီပြင်ကားစီးသောကြောင့် သံတွဲ ရဲအောင်လံကားဂိတ်မှူး ရဲအောင်လံကျော်ကျော် ( သံတွဲအကြမ်းဖက်ခေါင်းဆောင် ) က တောင်ကုတ်ကို မွတ်ဆလင်မ် ၁၀ ဦး လာနေကြောင်း " ဝံသာနု ရက္ခိတ " အဖွဲ့ ( တောင်ကုတ်အဖွဲ့ ) ကို သတင်းပို့လိုက်ပါတယ်။
( ယင်းအချိန်က ရဲအောင်လံကျော်ကျော်ဟာ အကြမ်းဖက်ရေးတွေအတွက် တောင်ကုတ်မြို့က ခရိုနီမှောင်ခိုရာဇာ ဦးကျောက်တောင်ဆီက ငွေကျပ် သိန်း ၇၀၀ ပထမအရစ်အဖြစ်ရထားပြီးခါစအချိန်ပါ )
တောင်ကုတ်မြို့က ရခိုင်တွေဟာ အောင်ဇံဝေ တို့ရဲ့ မွတ်ဆလင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေကြောင့် လုံးဝ သွေးဆူနေတဲ့အချိန်မှာ ရဲအောင်လံကျော်ကျော်ရဲ့ ကြိုတင်သတင်းပေးမှုကြောင့် တောင်ကုတ်မြို့က အကြမ်းဖက်သမားတွေဟာ အကြမ်းဖက်မယ့် Plan ကို စနစ်တကျ စီစဉ်ထားလိုက်ကြပါတယ်။

( ခရိုနီမှောင်ခိုရာဇာ ဦးကျောက်တောင်ဆီမှ အကြမ်းရေးအတွက် ရရှိထားတဲ့ စပွန်ဆာ ငွေထဲမှ တချို့ကို ရဲအောင်လံကျော်ကျော်က ဝံသာနု ရက္ခိတ အဖွဲ့ကို ပေးခဲ့ရတယ်။အကြမ်းမဖက်မီ တိရိစ္ဆာန်ဆေးကုဆရာဝန် ဦးအေးမောင် ( ယခု ANP ဥက္ကဌ ) နှင့် ရခိုင်အစွန်းရောက် ခေါင်းဆောင်ပိုင်းတချို့ တောင်ကုတ်မြို့မှာ လျှို့ဝှက် အစည်းအဝေးပြုလုပ်ခဲ့တယ်။ စပွန်ဆာငွေတွေကို တောင်ကုတ် ရက္ခိတအဖွဲ့ကို ပေးအပ်ခဲ့ကြပြန်တယ်။

မွတ်ဆလင်မ် ခရီးသွား ၁၀ ဦးပါလာတဲ့ကားဟာ တောင်ကုတ်အဝေးပြေးဂိတ်ဝင်းထဲကို ဆိုက်ရောက်ရောက်ချင်း တောင်ကုတ်ဂိတ်မှူးက အန္တရာယ်ရှိတယ် ချက်ချင်းထွက်သွားပါလို့ တိုးတိုးလေးပြောခဲ့ပါတယ်။ဒရိုင်ဘာက ချက်ချင်းပြန်ထွက်တယ်ဆိုပေမယ့် တောင်ကုတ်မြို့အထွက်မှာ ကားရှေ့ဆက်သွားမရအောင် သစ်တုံးများ / ခဲလုံးကြီးများ လမ်းတစ်လျှောက်ချထားပြီးဖြစ်ပါတယ်။မြို့အပြင်မှာ စိတ်ကြိုက်အကြမ်းဖက်ဖို့ ရည်ရွယ်ခဲ့တာပါ။ဒါဟာ တောင်ကုတ်အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်ခဲ့တဲ့ Plan ပါ။
ကားရှေ့ဆက်မောင်းမရတော့ အောင်ဇံဝေ အပါအဝင် တောင်ကုတ်မြို့က မိန်းမ / ယောက်ျား လူ ၅၀၀ ဦး ခန့်က ကားပေါ်ပါလာတဲူ့ မွတ်ဆလင်မ်ခရီးသွား ၁၀ ဦးကို ကားပေါ်တက်ပြီးရဲဒင်း/ ဓါး တွေနဲ့ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ ခုတ်ကြပါတော့တယ်။မွတ်ဆလင်မ် ခရီးသွားပြည်သူ ၁၀ ဦးရဲ့ ဦးခေါင်းက ဦးဏှောက်တွေကို ခုတ်ဖြတ်ယူပြီး ကုလားဦးဏှောက်တွေရမယ်လို့ အော်ဟစ်ကာ ကားပေါ်က ပစ်လွှင့်ပြကြပါတယ်။ရက်ရက်စက်စက်အသတ်ခံနေရတဲ့ မွတ်ဆလင်မ် ၁၀ ဦး ရဲ့ ပါးစပ်တွေမှာ အမျိုးသမီးဝတ် အတွင်းခံတွေ လူမဆန်တဲ့ အမျိုးယုတ်တို့ပီပီ အတင်းထိုးထည့်ခဲ့ကြတယ်။

လူ အင်အား ၅၀၀ ဦး ခန့်ကို သာမန် ခရီး သွားပြည်သူတွေက မရှု့မလှ မသက်တွေ ပေးဆပ်ခဲ့ရပါတော့တယ်။ရခိုင်ပြည်နယ် ရဲ့ ရာဇဝင် စရိုင်းခဲ့ပါတော့တယ်။
တောင်ကုတ်မှာ မွတ်ဆလင်မ် ၁၀ ဦးအကြမ်းဖက်ခံရမှုဟာ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုများရဲ့ နိဒါန်းဖြစ်ခဲ့ပါတော့တယ်။
ဒီအကြမ်းဖက်မှုကို လှုံ့ဆော်ခဲ့တဲ့အပြင် အကြမ်းဖက်မှုမှာ ပါဝင် ပါတ်သက်ခဲ့တဲ့ အောင်ဇံဝေ /ဓါတ်ပုံဆရာခိုင်မြတ်အောင် နဲ့ မြသောင်းတို့အဖွဲ့ဟာ အကြမ်းဖက်ပြီးတဲ့ည ညတွင်းချင်းပဲ ကျောက်နီမော်ကို အရောက်ပြန်သွားခဲ့ပါတယ်။
မင်းမဲ့တိုင်းပြည် / တရားဥပဒေမဲ့တဲ့တိုင်းပြည်မှာ ရာဇဝင်ရိုင်းလွန်းတဲ့ တောင်ကုတ်အကြမ်းဖက်မှုကို အစွန်းရောက်ရခိုင်တွေ ရက်ရက်စက်စက် ကျူးလွန်ခွင့်ရခဲ့ကြပါတယ်။အဓိက တရားခံ အောင်ဇံဝေ ( ကျောက်နီမော်ရွာ - ရခိုင်စုရပ်ကွက်) ရယ် /မူလတန်းပြဆရာ ဦးကျော်သန်း ရဲ့သား ဓါတ်ပုံဆရာ ခိုင်မြတ်အောင်( ကျောက်နီမော်ရွာ -ရခိုင်စုရပ်ကွက် ) ရယ် /ဦးဘဟိန်းရဲ့သား မြသောင်း ( ကျောက်နီမော် / စံပြရပ်ကွက်ရယ် ) သံတွဲမြို့မှ အကြမ်းဖက်ခေါင်းဆောင် ရဲအောင်လံကျော်ကျော် ရယ် ဒီ ၄ ဦးက အဓိက တရားခံတွေပါ။

သို့သော် တောင်ကုတ်အကြမ်းဖက်မှုတရားခံတွေကို ဟန်ပြ လိုက်လံဖမ်းဆီးတာမှာ ဒီ ၃ ဦ်းကို ချန်လှပ်ထားခဲ့ပြီး ယနေ့တိုင် အဓိက တရားခံ ၄ ဦးက လွတ်မြောက်နေဆဲပါ။

အောင်ဇံဝေ / ခိုင်မြတ်အောင် / မြသောင်း နဲ့ ခိုင်မြတ်အောင်တို့ ၃ ဦးဟာ ယနေ့တိုင် ကျောက်နီမော်ရွာမှာ အေးအေးလူလူ နေထိုင်ဆဲပါ။ မြန်မာနိုင်ငံရဲ့ ဥပဒေဟာ ၎င်းတရားခံ ၄ ဦးကို ယနေ့တိုင် အရေးမယူနိုင်သေးပါ။
၅ / ၆ / ၂၀၁၂ နေ့ နိုင်ငံပိုင် အစိုးရသတင်းစာက တောင်ကုတ်မြို့တွင် မူဆလင်ကုလား ၁၀ အသတ်ခံရခြင်းရယ်လို့  အားမနာပ ရိုင်းပျစော်ကားစွာ ရေးသားဖော်ပြခဲ့ပြန်ပါတယ်။

အပုချေ ( မာန်အောင်ကျွန်း )

ဓါတ်ပုံ ။ ။ ကျူရှင်ဆရာ အောင်ဇံဝေ နှင့် မြသောင်း
အကြမ်းဖက်သမား အောင်ဇံဝေ ရဲ့ facebook အကောင့် link ကို ဖော်ပြပေးလိုက်ပါတယ်။

https://m.facebook.com/story.php?story_fbid=210580719306490&substory_index=0&id=100010636905066


Friday, July 13, 2012

မြန်မာမွတ်စလင်နှင့် မျိုးချစ်မဟာဝါဒ

၁၉၈၈ ခု၊ မန္တလေးတွင် မြန်မာမွတ်စလင်များ ဆန္ဒပြနေပုံ။


စိတ်ကူးထဲက အပိုင်းအစများ

— Kay Te Zat O


– ဗမာ့သမိုင်းမှာ နိုင်ငံ့ကောင်းကျိုးအတွက် သစ္စာရှိရှိ ပထမဆုံး လက်နက်နဲ့ ငြိမ်းချမ်းရေးလဲခဲ့တာ မွတ်စလင်မ်တွေပါ။ (မွတ်စလင်မ်ဆိုတာ အစ္စလာမ်ဘာသာကိုယ်းကွယ်သူတိုင်းကို ခေါ်ပါတယ်။)


– လက်နက်ရှိစဉ်တုန်းကတော့ အချော့သတ်နဲ့ ပေါင်းပြီး လက်နက်မဲ့သွားတဲ့အခါ နည်းမျိုးစုံနဲ့ ၀ိုင်းဖိကာ လူမျိုးတစ်ခုလုံး ပျောက်ကွယ်သွားအောင် စနစ်တကျ လုပ်နေတာကို သံဝေဂ ယူစရာပါ။…


– ဗမာပြည်မှာ ကိုယ်းကွယ်ရာမတူရင် ရန်သူလို့သတ်မှတ်ပြီး ကိုယ်းကွယ်ရာတူတဲ့ တိုင်းရင်းသားတွေကိုတော့ မဟာဝါဒတစ်ခုအောက်ကို ဘာသာရေးမှိုင်းတွေတိုက်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အတင်းသွပ်သွင်းနေခဲ့တာ ဟိုးတုန်းကတည်းကပါ။

– လ၀ကတွေဟာ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားတွေ ထုတ်ပေးရေးမှာ ကိုယ်းကွယ်သည့်ဘာသာ ဗုဒ္ဓဖြစ်နေပါက လွယ်လွယ်ကူကူ အချိန်မဆိုင်းဘဲ ထုတ်ပေးလေ့ရှိပြီး၊ မတူကွဲပြားတဲ့ ဘာသာတရားတွေဆိုရင်တော့ အချိန်ဆွဲထားလေ့ ရှိပါတယ်။


– ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍတွေမှာ ဗုဒ္ဓဘာသာဝင်တွေကိုသာ ပါဝင်စေချင်ပြီး မွတ်စလင်မ်များကို စိတ်ဓာတ်ပိုင်း၊ ခန္ဓာပိုင်းတွေ အဘက်ဘက်မှာ ကျဆင်းသွားအောင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတယ်ဆိုတာ ပေါ်လွင်ပါတယ်။


– မြန်မာမွတ်စလင်မ်တွေသာ သီးခြားရှိနေတဲ့ နယ်တွေမှာ ဒေသဖွံ့ဖြိုးရေးတွေအတွက် လစ်လျူရှုခံခဲ့ရတာတွေဟာ အလွန့်အလွန်ကို များလှပါတယ်။ ဥပမာတစ်ခုပြောရရင် ယင်းတော်ရွာဆိုတာ ကုန်းဘောင်မင်းဆက်တွေရဲ့ နန်းတွင်း သစ္စာတော်စောင့် အမှုတော်ထမ်း မြန်မာမွတ်စလင်မ်များရဲ့ အဆက်အနွယ်တွေသာ သီးသန့်နေထိုင်ခဲ့တဲ့ ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်က ပျော်ဘွယ်မြို့ တစ်စိတ်စာရှိတဲ့ ဧရာမရွာကြီး တစ်ခုဖြစ်ပါတယ်။ အနီးအပါးက ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရှိတဲ့ ရွာတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်ညီးနေတဲ့အချိန်မှာ ယင်းတော်ရွာသား အများစုကတော့ ဖယောင်းတိုင်မီး၊ တတ်နိုင်သူတွေကတော့ တစ်ရာမီး (၀လူမျိုးများ ညနေ ၆-၁၀ အတွင်း ပေးထားတဲ့ မီးတစ်ပွင့် တစ်နေ့ ၁၀၀ ပေးရတဲ့မီး) တွေနဲ့ နေထိုင်ခဲ့ရတာ အခု ဒီမိုကရေစီသမ္မတဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)ခေတ်အထိပါ။

– တချိန်က မြန်မာ့လက်ရွေးစင်တွေဖြစ်ခဲ့တဲ့ မျိုးလှိုင်ဝင်းတို့ သန်းတိုးအောင်တို့နဲ့အတူ တောင်ငူမြို့က ဗုဒ္ဓဘာသာကိုယ်းကွယ်သူ ခေါင်းတိုက်ကောင်းတဲ့ ကိုဝင်းအောင်က နိုင်ငံ့လက်ရွေးစင်ဖြစ်နေချိန်မှာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်တွေတိုင်းမှာ သူ့ထက်သာအောင် နေရာယူနိုင်ခဲ့ပေမဲ့ မွတ်စလင်မ်ဖြစ်နေလို့ တိုင်းလက်ရွေးဆိုတာထက် မပိုတဲ့အဆင့်သာရောက်ခဲ့ပြီး အခန့်မသင့်လို့ ထောင်ထဲကိုတောင် (၅-ည)အမှုနဲ့ နှစ်ပေါင်း(၂၀)ကျော်လောက် စီရင်ချက်ချကာ အပို့ခံလိုက်ရပါတယ်။


– မြန်မာမွတ်စလင်မ်တွေဟာ စစ်တပ်မှာဆိုရင် ဗိုလ်လောင်းအရွေးခံခွင့်မရှိဘူး၊ အစိုးရဌာနဆိုင်ရာတွေမှာ ညွှန်မှူးထက်ပိုတဲ့အဆင့်ကို မရကြဘူး။ အများအားဖြင့် အောက်တန်းစား ရာထူးတွေမှာပဲ မျှောထားခံရတယ်။ မြန်မာမွတ်စလင်မ်စစ်စစ်တွေ ဖြစ်ပါရဲ့နဲ့ မှတ်ပုံတင်တွေ မရှိကြဘူး။ အခုထိ မြန်မာပြည်မှာရှိနေတဲ့ အစ္စလာမ်ဘာသာကိုယ်းကွယ်သူ မြန်မာမွတ်စလင်မ်များ၏ (၁၀%) လောက်သာ မှတ်ပုံတင်ရှိကြပါတယ်။ ထုတ်ပေးရတဲ့သူတွေဆိုရင်လဲ မြန်မာနိုင်ငံသားလို့ အသိအမှတ်မပြုချင်တာကြောင့် နိုင်ငံရပ်ခြား တစ်ခုခုရဲ့ သွေးနှောသူလို့ သမုတ်လေ့ရှိပါတယ်။


မြန်မာပြည်ကို ဦးဆုံးဝင်ရောက်ခဲ့တဲ့ကတည်းက ပါရှိလာတဲ့ မြန်မာမွတ်စလင်တို့သာ သီးသန့်တည်ရှိတဲ့ အထက်အညာမြေက ကုန်းဘောင်မင်း နန်းစိုက်တဲ့ မြေထူးနယ်သား မြန်မာမွတ်စလင်မ်တွေတောင် နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်မှာ ထည့်သွင်းဖော်ပြခံနေရတာက သက်သေတစ်ခုပါ။


မဖြစ်မနေ သေရေးရှင်ရေးအတွက် ပြည်ပမှာ ဆေးသွားကုရမဲ့သူတွေဆိုရင် နိုင်ငံကူးလက်မှတ် တစ်စောင်ရဖို့ ငွေကို အဆမတန် ပုံပေးပြီး မှတ်ပုံတင် လုပ်ရပါတယ်။ သိန်းပေါင်းများစွာကို ပုံအောပေးပြီး ဗုဒ္ဓဘာသာဝင်တွေ ကြိုက်သလောက် ယူလို့ရတဲ့အချိန်မှာ မွတ်စလင်မ်တွေအတွက် ရွှေထက်တန်ဖိုးထားရတဲ့ အဖိုးတန်ပစ္စည်းတစ်ခုလို ဖြစ်လာရပါတယ်။


– ကျောင်းတွေတက်လဲ မှတ်ပုံတင်မရှိလို့ ဘွဲ့မရသူတွေက များလာတယ်။ အိမ်ထောင်စုဇယားတွေ လက်ဝယ်ထုတ်မပေးထားဘူး။ လက်ဝယ်ရှိထားသူတွေလဲ အကြောင်း မတိုက်ဆိုင်လို့ ပျောက်သွားရင် ငွေကို သိန်းချီပေးပြီးမှ ပြန်ထုတ်ယူလို့ရတယ်။ မတတ်နိုင်သူတွေ မထုတ်ကြတော့ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ အိမ်ထောင်စုဇယားတွေ ရှိပါရဲ့နဲ့ တစ်မြို့မှ တစ်မြို့ကို ရွှေ့ပြောင်းဖို့ အလွန့်အလွန်ကို ခက်ခဲနေရတယ်။


– ဒါကြောင့်ပဲ ရခိုင်ပြည်မှာလို ဗုဒ္ဓဘာသာဝင် အာဏာပိုင်၊ ပါတီနဲ့ အရပ်သားတွေဟာ မွတ်စလင်မ်တွေအပေါ် အခုလို စနစ်တကျနဲ့ အနိုင်ကျင့် ဖိနှိပ်မှုတွေ ပေါ်ပေါက်လာတဲ့အခါ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တွေမရှိတာကို အကြောင်းပြပြီး နိုင်ငံခြားသားလို့ မွတ်စလင်တွေကို သမုတ်လို့ရတာပေါ့။


အဲ့ဒီနောက်ဆက်တွဲကတော့ ရခိုင်မွတ်စလင်မ်တွေအတွက် နေစရာ မြေဆိုတာ မရှိလို့ ဦးတည်ရာမဲ့နေချိန်မှာ ရခိုင်ဒေသက ဗုဒ္ဓဘာသာဝင်တွေအတွက် အလှူအတန်းတွေကတော့ နေ့စဉ်လိုလို တီဗွီဖန်သားပြင်ပေါ်မှာ နေရာယူထားနိုင်ပါပြီ။


– သူတို့မှာ စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်းနေတဲ့အခိုက် မွတ်စလင်မ်တွေဟာတော့ လူဖြစ်ကြောင်းကိုတောင် သက်သေပြဖို့ အထောက်အထားတွေ မရှိကြတော့တဲ့အခါ ဟိုးမြို့စွန်က မှောင်မဲတဲ့ တောစပ်တွေထဲမှာ ဖျဉ်မိုးကာနဲ့ ရေ၊ မိုး၊ လေဒဏ်တွေကြားမှာ ကလေးငယ်တွေဟာ ကြောက်ရွံ့စိုးထိတ်ရင်း အော်ဟစ် ငတ်ပြတ်နေကြပါပြီ။


– ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတွေ နိုင်ငံတကာကပေးဝေတဲ့ ချောကလက်တွေ၊ ဘီစကစ်တွေကို အစိုးရကတဆင့် ၀၀လင်လင်စားသောက်ပြီး အင်္ကျီအသစ်တွေဝတ်ပြီး ကလေးငယ်တွေ ဘုန်းကြီးကျောင်းတွေထဲမှာ ပြေးလွှားဆော့ကစားနေတဲ့အချိန် မွတ်စလင်မ်တွေကတော့ တစ်ရက်အတွက် မိသားစုတစ်ခုကို ဆန်နို့ဆီဗူးတစ်လုံးတောင် မရရှိတဲ့ဘ၀တွေပါ။ သူတို့ကို လှူဖို့ ဘယ်သူမှ မတတ်နိုင်ဘူး။ ဘယ်သူမှ မကူညီနိုင်ကြဘူး။


– မီဒီယာတွေက ဗုဒ္ဓဘာသာကိုယ်းကွယ်တဲ့ ရခိုင်သတင်းထောက်တွေကို ဖြစ်တဲ့နေရာတွေကို ပို့ပြီး သတင်းယူခိုင်းတယ်။ ၀တ္တရားမစောင့်သိတဲ့ သတင်းထောက်ဟာလဲ ဖြစ်ပျက်နေတဲ့အခြေအနေဆိုတာထက် ခံစားချက်ကိုဦးတည်ပြီး အမှန်ကိုအမှားလုပ်ပြကြတယ်။ ကိုယ်ချင်းစာတရားရှိသူ ဗုဒ္ဓဘာသာဝင်တွေဟာလဲ မီဒီယာတွေရဲ့ သတင်းမှားတွေကို လက်ခံလိုက်ကြတယ်။ နောက်ဆက်တွဲကတော့ အဖြစ်မှန်တွေ ကွယ်ပျောက်ကုန်ပြီး အထောက်အထားတွေ မရှိကြတော့လို့ ကလေး၊ မိန်းမများပါမကျန် အကြမ်းဖက် သောင်းကျန်းသူ နိုင်ငံခြားသားများလို့ ခေါင်းစဉ်တပ်ခြင်း ခံလိုက်ရတယ်။


– လွန်ခဲ့တဲ့ (၂၀၀၁)လောက်က တောင်ငူမှာ ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီးနောက် အိုးအိမ်တွေနဲ့အတူ သက်သေခံလက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ အိမ်ဝိုင်းခြံမြေ ဂရမ်၊ အရေးကြီး စာချုပ်စာတမ်းတွေကိုတောင် မယူနိုင်ဘဲ ဆောက်တည်ရာမဲ့ ထွက်ပြေးခဲ့ကြရတယ်။ နေ့ခင်းမှာ ပေါ်တင် ဗလီတွေ၊ ကျောင်းတွေ၊ ဆိုင်တွေ၊ အိမ်တွေကို မီးရှို့၊ အကြမ်းဖက်၊ လုယက်၊ ဖျက်ဆီး၊ သတ်ဖြတ်ကြတယ်။ ညမှာ အကြမ်းဖက် အစွန်းရောက်ဗုဒ္ဓဘာသာဝင်တွေကို အေးအေးဆေးဆေး နားနေနိုင်အောင် မာရှယ်လော ထုတ်ပေးထားတယ်။ မနက်မိုးလင်းတဲ့အခါ ထိုသူတွေ ရောက်လာပြီးအကြမ်းဖက်ခဲ့ကြတာ လနဲ့ချီအောင်ပါ။


မီးသတ်ကားတွေက မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သူတွေ မီးရှို့နေစဉ် စောင့်ကြပ်ကြည့်ရှုပေးထားတယ်။ တစ်အိမ်လုံး သုံးမရအောင် ပျက်စီးသွားတော့ ဘေးက ဗုဒ္ဓဘာသာဝင်တွေရဲ့အိမ်တွေကို မီးစွဲမလောင်ရအောင် မီးသတ်ကားက စနစ်တကျကို မီးငြှိမ်း ရေဖျန်းပေးပါတယ်။


– သုံးမရတော့ပေမဲ့ မပြိုပျက်သေးဘဲ ကျန်နေသေးတဲ့ မွတ်စလင်မ့်အဆောက်အဦးတွေကိုတော့ စစ်တပ်က ဘယ်သူမှမထွက်နိုင်တဲ့ ညအချိန်မှာ ခက်ခဲ့တဲ့ ဗလီလို အဆောက်အဦးတွေကို ဖျက်ဆီးခြင်း၊ နေ့အချိန်မှာ လွယ်ကူတဲ့ အဆောက်အဦးတွေကို အရပ်ဘက်အဖွဲ့တွေ၊ မီးသတ်တွေ၊ ရဲတွေက ဖြိုချပေးပါတယ်။


မှတ်မိပါသေးတယ်။ အခုမရှိတော့တဲ့ တပင်ရွှေထီးခေတ်ကတည်းက တည်ထားတဲ့ တောင်ငူခေတ် သမိုင်းဝင်ဗလီတစ်လုံဖြစ်တဲ့ အုပ်ရိုးထု (၂) ပေခွဲလောက်အထူ၊ အမြင့်ပေ(၂၀)၊ အကျယ် ပေ (၇၀) ပတ်လည်လောက်ရှိတဲ့ တောင်ငူခေတ် ရှေးလက်ယာမြောက် “ဟံသာဗလီ”ကြီးကို နေ့ခင်းပိုင်း အရပ်သားတွေက ၀ိုင်းဝန်းပြီး မှန်တွေ၊ အတွင်းပရိဘောဂတွေကို ဖျက်ဆီးခဲ့ပြီး ထင်တွေပုံပြီး မီးရှို့ခဲ့ပါတယ်။ သုံးရက်ကြာတော့ ညခင်းပိုင်း မာရှယ်လောထုတ်ထားချိန်မှာ စစ်သားတွေ တပ်ရင်းလိုက် ၀င်ရောက်ပြီး ဗလီတစ်ခုလုံးကို ပြိုကျအောင် ဖြိုဖျက်ကြပါတယ်။ ဘေးပတ်ဝန်းကျင်တွေကတော့ အသံကြားတယ်၊ မြင်ရတယ်ဆိုပေမဲ့ ဘာမှ လှုပ်မရကြပါဘူး။ ဒီလိုပါပဲ အိမ်တွေ ပျက်စီး မီးလောင်သွားတဲ့မွတ်စလင်မ်တွေဟာ မိမိတို့ရဲ့ အရေးကြီး စာရွက်စာတမ်းတွေကို ဘာမှ အရမယူနိုင်ခဲ့တာကြောင့် အခုထိကို နေထိုင်ရေးတွေမှာ အခက်အခဲတွေ့နေကြဆဲပေါ့။


– တကယ်တော့ ပြည်တွင်းမှာ ကိုယ်းကွယ်ရာဘာသာ ယေဘုယျအားဖြင့် လေးမျိုးရှိတယ်လို့ အသိအမှတ်ပြုထားပေမဲ့ ဗုဒ္ဓဘာသာပြီးရင် ဒုတိယမြောက် ကိုယ်းကွယ်မှုအများဆုံးလို့ ဆိုနိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာရှိရှိနဲ့ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ခဲ့တာကို မြန်မာပြည် တည်ထောင်စဉ်ကတည်းက အခုချိန်ထိ ကြည့်ပါက သာဓကတွေ အများကြီး တွေ့နိုင်တယ်ဆိုတာ ငြင်းလို့ မရပါ။ အာဇာနည် ကိုးဦးမှာ မွတ်စလင်မ် နှစ်ဦးကနေ သုံးဦးအထိပါဝင်ခဲ့တယ်ဆိုတာတွေ၊ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်ကို တော်လှန်ခဲ့သူတွေရဲ့ နဘေးမှာ သေဒဏ်ပေးခံခဲ့ရတဲ့ မွတ်စလင်မ်တွေ ဘုရင့်ခေတ်မှာ တိုင်းပြည်ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်ခဲ့သူတွေကတော့ ဖုံးကွယ်လို့မရတဲ့ သမိုင်းတွေပါ။ (ဒါတွေကို အရင်က ကျနော် တင်ပြခဲ့ဖူးပါတယ်။)


အခုတော့ ဒီသမိုင်းတွေကိုလဲ စနစ်တကျ ဖျောက်ဖျက်ဖို့ ရှေးရှေးကတည်းကရှိခဲ့တဲ့ မြန်မာမွတ်စလင်မ်သင်္ချိုင်းတွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊ ရှေးဟောင်းဗလီတွေကို သင်္ဃန်းဝတ်ဟန်ဆောင်ပြီး ဖျက်ဆီးတာတွေ၊ ဘာသာရေးကျောင်းတွေကို ၀င်စီးတာတွေ၊ ရှေးမွတ်စလင်မ်အိမ်တွေကို ၀င်လုတာတွေ၊ မြန်မာမွတ်စလင်မ်တွေကို အကြမ်းဖက်နေတာတွေ၊ မွတ်စလင်မ်ဆန့်ကျင်ရေးတွေကို မီဒီယာမျိုးစုံအသုံးပြုပြီး လုပ်ဆောင်နေတာတွေ၊ ဖျက်ခံလိုက်ရတဲ့ အစ္စလာမ် ဘာသာရေးအဆောက်အဦးမြေနေရာတွေအပေါ်မှာ ဘုရားတည် ကျောင်းဆောက်ထားတာတွေ စုံအောင်ကို ဖြစ်ပျက်လာခဲ့တာ အခုဆို ရခိုင်ပြည်က အကြမ်းဖက် လုယက် သတ်ဖြတ်မှုတွေဟာ ကမ္ဘာကကို လက်တွေ့သိမြင်ခဲ့ရလို့ မြန်မာ့သမိုင်းရဲ့ ပုံရိပ်တွေဟာ ပြည်တွင်းအကြမ်းဖက်မှုတွေကြောင့် သွေးသံတရဲရဲနဲ့ စိုထိုင်းထိုင်းဖြစ်ကာ လွယ်လွယ်နဲ့ ခြောက်သွေ့နိုင်တော့မယ် မထင်ပါဘူး။


– အာဇာနည်ကိုးဦးထဲက အသက်အကြီးဆုံးလဲဖြစ်၊ အဲ့ဒီခေတ်က ပါလီမန်အတွင်းဝန်တွေရဲ့ အလေးထားရတဲ့ ပညာရှိ နိုင်ငံတော် အကြံပေး ခေါင်းဆောင်ကြီးလို့တောင် ပြောလို့ရတဲ့ ဦးရာဇတ်ကို ဗိုလ်ချုပ်အောင်ဆန်းက လူမျိုးစုတွေရဲ့ လက်နက်ကိုင်တပ်ဖွဲ့ငယ်တွေ ဖွဲ့စည်းစဉ်အချိန်မှာ မြန်မာမွတ်စလင်မ်တွေကိုလဲ ဖွဲ့စည်းဖို့ တိုက်တွန်းတဲ့အချိန်မှာ “မွတ်စလင်မ်ဆိုတာ လူမျိုးတစ်ခု မဟုတ်ပါဘူး၊ ကိုယ်းကွယ်ရာ ဘာသာတရားပဲ မတူတာကလွဲလို့ အားလုံးဟာ တသားတည်းပါ၊ လူမျိုးစု တပ်ဖွဲ့တွေမှာ မွတ်စလင်မ်တွေရှိခဲ့ရင် သူတို့မိခင်တပ်က ပေးအပ်တဲ့တာဝန်အတိုင်းပဲ ထမ်းဆောင်ပါလိမ့်မယ်၊ တိုင်းပြည်မှာ အဖွဲ့တွေ အုပ်စုတွေ သိပ်များရင် မကောင်းပါဘူး”လို့ ဦးရာဇတ်က ရှင်းရှင်းလင်းလင်းကို ပြန်ပြောခဲ့တာဟာ မြန်မာမွတ်စလင်မ်တွေအားလုံးကို ကိုယ်စားပြုခဲ့ပါတယ်။


– အခုတော့ လက်နက်မရှိတဲ့ မွတ်စလင်မ်တွေကို နိုင်ငံအနှံ့မှာ ဖိနှိပ်မှုတွေဟာ အလွန့်အလွန်ကို အတင့်ရဲလာကြပါပြီ။ ဘယ်လောက်ထိ မတွေးဝံ့စရာတွေကို တွေ့လိုက်မိလဲဆိုရင် “ဒါ မင်းတို့နိုင်ငံမဟုတ်ဘူး ကိုယ့်နိုင်ငံ ကိုယ်ပြန်ကြ”တဲ့၊ “မွတ်စလင်မ်တစ်ယောက်ကို သတ်နိုင်ရင် ငွေငါးသိန်းပေးမယ်၊ မွတ်စလင်မ်မတစ်ယောက်ကို မုဒိမ်းကျင့်နိုင်ရင် ငွေသုံးသိန်းပေးမယ်”တဲ့။


– ပိုဆိုးလာတာက မြန်မာမွတ်စလင်မ်မိန်းကလေးတွေရဲ့ အွန်လိုင်းပေါ်က ဓာတ်ပုံတွေကို အသုံးချပြီး အမေနှစ်မ မစာနာတဲ့ စကားလုံးတွေနဲ့ ခိုင်းနှိုင်းလာတာတွေ၊ မွတ်စလင်မ်မိန်းကလေးတွေကို မုဒိန်းကျင့်ထားတဲ့ ဓာတ်ပုံတွေကို ပြထားတာတွေဟာ ဟိုတုန်းက စစ်ခွေးလို့ခေါ်တဲ့ ရုရှားရောက် ပြည်သူ့ဘဏ္ဍာအချောင်စားပြီး တိုင်းပြည်ဖျက်နေတဲ့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေတည်ထောင်တဲ့ Myanmar express ဆိုဒ်လောက်ကသာ လုပ်ခဲ့ကြပေမဲ့ အခုတော့ ဗုဒ္ဓဘာသာကိုယ်းကွယ်သူ မြန်မာလို့ခေါ်တဲ့ မိန်းမ၊ ယောက်ျားအများစုကပါ တပျော်တပါးကြီး ပါဝင်လာတာကို တွေ့နေရပါပြီ။ (သိချင်ရင် group တော်တော်များများမှာ ၀င်ကြည့်ပါ။)


– ဘာသာရေးကို ရှေ့တန်းတင်လာရာက မဟာအမျိုးသားရေး ၀ါဒတွေ လွှမ်းခြုံလာပြီး အတွေးတွေကို လွှမ်းခြုံသွားလို့ အရာရာတိုင်းမှာ အရှိကို အရှိအတိုင်း မမြင်နိုင်ကြတော့ဘဲ အမှောင်ခေတ် တိုင်းပြည် ပျက်သုန်းရေးကို နောက်ပြန်ဆွဲ ဦးတည်လို့ လာနေပါပြီ။ တောင်ကုတ်မြို့က ဖြစ်ပေါ်ခဲ့တဲ့ကိစ္စတွေမှာဆိုရင် ဗုဒ္ဓဘာသာကိုယ်းကွယ်သူတွေရဲ့ အောင်ပွဲခံပုံရိပ်ဟာ မြန်မာ့သမိုင်းကို အောက်တန်းကျစေခဲ့ပါတယ်။


– အခုဆို သမိုင်းထဲမှာ ဘယ်တုန်းကမှ ကောင်းကွက်မရှိခဲ့ဘဲ အခုချိန်ထိကို သိက္ခာအဖတ်ဆယ်မရတဲ့ စစ်တပ်က စစ်ခွေးတွေကို ဗုဒ္ဓဘာသာကိုယ်းကွယ်သူ အများစုက အဖေလို ကိုယ်းကွယ်နေကြပါပြီ။ အမေလို တန်ဖိုးထားခဲ့တဲ့ ကမ္ဘာရှားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ဆဲရေးတိုင်းထွာလာကြပါပြီ။


– သမိုင်းတွေကို လူမျိုးတစ်စုက ဖျောက်ဖျက်ခဲ့မယ်ဆိုရင်တောင် ကမ္ဘာကြီးကတော့ မမေ့လောက်ပါဘူး။ မဟာဝါဒတွေကို ရှေ့တန်းတင်ခဲ့ကြသူတွေ ကမ္ဘာတည်သရွေ့ သမိုင်းဆိုးနေကြတယ်ဆိုတာကိုတော့ ဟစ်တလာကိုသာ ကြည့်ပြီး သံဝေဂ ယူလိုက်ကြပါ။


– နောက်ဆုံး ပြောချင်တာကတော့ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ မြန်မာမွတ်စလင်မ်ဟာ မြန်မာမွတ်စလင်မ်ပါပဲ။ သမိုင်းဖျောက်မယ်ဆိုရင် မမျှော်လင့်တဲ့ သမိုင်းတွေလဲ ပျောက်တတ်သလို ဖျက်မရတဲ့ အမှားတွေနဲ့လဲ ကြုံတွေ့တတ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တိုင်းဟာ ဘယ်တော့မှ မကျူးကျော်ပါဘူး။ သည်းခံပါတယ်။ သာသနာ့သမိုင်းမှာ ဖြစ်ပျက်ခဲ့သမျှသော စစ်ပွဲတိုင်းဟာ ခံစစ်တွေဆိုတာကို သိစေလိုပါတယ်။


မှတ်ချက်။ စိတ်ကူးအပိုင်းအစများအား အချိန်ဆင်းရဲသားတစ်ယောက်အနေနဲ့ ရေးသားထားရခြင်းကြောင့် အမှားအယွင်း၊ မဆီလျော်မှုတွေ ပါမယ်ဆိုရင် ကြိုက်သလိုသာ ပြင်ဖတ်ကြတော့ဗျာ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ အားရပါးရ comments များနဲ့ ဆဲကြဆိုကြပြီး ဇာတိပြတာကိုလဲ မငြိုငြင်ကြဖို့ မြန်မာလူမျိုး အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ ကြားဝင်တောင်းပန်ပေးပါတယ်။ 



လေးစားစွာဖြင့်-

ခေဋီဈက်အို

(၁၄-၆-၂၀၁၂)


(ကူးယူဖော်ပြ)